၁၂.၁၀.၂၀၁၃ရက်နေ့ ၁၅၂၀အချိန် တိုက်ကြီးမြို့နယ်၊ လှိုင်ကျေးရွာအုပ်စု၊
Pages
▼
12.10.13
အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်ဘုရားကြီး ဦးသေဋ္ဌိလ သက်တော် ၉၂ နှစ်တွင် တွေ့ဆုံလျှောက်ထားမေးမြန်းခန်းမှ ဆုံးမစကား
မေး။ ။ ဆရာတော်ဘုရား၊ တပည့်တော်တို့နဲ့တကွ ပရိသတ်များအတွက် ဆုံးမ
စကားလေးတို့ကို မြွက်ကြားတော်မူပါဦး ဘုရား။

ကိုယ့်ခန္ဓာကိုယ်မှာ ဘယ်နေရာလှလဲမပြောတတ်ဘူး အိမ့်ချစ်
လူသန်းပေါင်းခြောက်ဆယ်ထဲ မှာအောင်မြင်ကျော်ကြားတဲ့သူ တစ်
ယောက်ဖြစ်ဖို့ဆိုတာက တကယ်ကို မလွယ်လှတဲ့ကိစ္စရပ်ပါ။
မန္တလေး ကားလောကအတွင်း ကျပ်သိန်းပေါင်း လေးသောင်းဝန်းကျင် လိမ်လည် တိမ်းရှောင်ခဲ့သူမှ အမှတ် (၆) ရဲစခန်း၌ သွားရောက် ၀န်ခံခဲ့ပြီး နာရီပိုင်း အကြာတွင် အာမခံနှင့် ပြန်လည်လွတ်မြောက်
မန္တလေး ကားလောကအတွင်း ကျပ်သိန်းပေါင်း လေးသောင်းဝန်းကျင်ကို လိမ်လည်
တိမ်းရှောင်ခဲ့သူက ချမ်းအေးသာစံမြို့နယ် အတွင်းရှိ အမှတ် (၆) ရဲစခန်း၌
သွားရောက် ၀န်ခံခဲ့ပြီးနောက် နာရီပိုင်း အကြာတွင် အာမခံဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက မန္တလေး ကားလောက အတွင်း၌ ကားဝယ်ရောင်း တစ်ဦးက ငွေကျပ်သိန်းပေါင်း လေးသောင်းဝန်းကျင်ခန့်ကို လိမ်လည်တိမ်းရှောင် သွားခဲ့မှုကြောင့် ကား Show Room ဖွင့်လှစ် ထားသူများနှင့် ၎င်းထံမှ ကားဝယ်ယူထားခဲ့ သူများက အမှတ်(၆) ရဲစခန်းတွင် အမှုဖွင့်လှစ် ခဲ့ကြပြီးရာ အဆိုပါ လိမ်လည် တိမ်းရှောင်ခဲ့သူမှ အောက်တိုဘာ ၁၁ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်က အဆိုပါ စခန်း၌ လာရောက်ဝန်ခံခဲ့ကြောင်း သိရသည်။
ယင်းသို့ ငွေကျပ်သိန်းပေါင်း လေးသောင်း ၀န်းကျင်ခန့် လိမ်လည်တိမ်းရှောင် သွားသူမှာ မန္တလေး ကားလောက အတွင်းမှ ကား Show Room ဖွင့်လှစ်ထားသူများနှင့် ကားဝယ်ရောင်း ပွဲစားများထံသို့ ရန်ကုန်ကုမ္ပဏီ တစ်ခုနှင့် ချိတ်ဆက်ပြီး ကားအစီးရေ ၄၀၀ ကျော်အတွက် စလစ်၊ အုံနာဘုတ် စသည့် ကညနပိုင်း ဆိုင်ရာ ကိစ္စများကို ပြီးစီးအောင် ဆောင်ရွက်ပေးခြင်း မရှိဘဲ လိမ်လည် တိမ်းရှောင်သွားခဲ့ခြင်း ဖြစ်သည်။
''အခုဖြစ်တဲ့ ကိစ္စက သေချာငွေလိမ်ပြီး တိမ်းရှောင်သွားတာ မဟုတ်ပါဘူး။ လုပ်ငန်း ကိစ္စတွေ လုပ်နေရင်း ငွေမနိုင်ဘဲ ဖြစ်ပြီးတော့ အခုလို ဖြစ်ခဲ့ရတာပါ။ ကျွန်တော်ကြောင့် နစ်နာသွားတဲ့ သူတွေအားလုံးကို အဆင်ပြေအောင် ပြန်လည်ဖြေရှင်း ပေးသွားမှာပါ'' ဟု အာမခံဖြင့် ပြန်လည် လွတ်မြောက်ခဲ့သည့် နားကွင်းကျော်ကြီး (ခ) ကိုကျော်ခိုင်စိုးက ပြောဆိုခဲ့သည်။
''သူက ကားလောကမှာ နာမည်ပျက် မရှိခဲ့ဘူး။ အခုဖြစ်တာကလည်း ငွေမနိုင်လို့ ဖြစ်သွားတယ်လို့ပဲ မြင်ပါတယ်။ သူ့ဆီကနေ ကားသုံးစီး ၀ယ်ထားတာ အုံနာဘုတ် ထုတ်ဖို့ပဲ ကျန်နေတာပါ။ ကားဝယ်တုန်းက အုံနာဘုတ် အတွက် ငွေ ၁၀ သိန်း ချန်ထားပြီးတော့ ၀ယ်ထား လိုက်တယ်။ အခု အုံနာဘုတ် ထုတ်မယ် လုပ်တော့ ကားရောင်းခဲ့တဲ့ ရန်ကုန်ကုမ္ပဏီက အုံနာဘုတ် ယူမယ်ဆိုရင် ငွေ ၁၀ သိန်းအပြင် နောက်ထပ် သိန်း ၂၀ လောက် ထပ်ပြီး တောင်းတယ်။ တကယ်ဆိုရင် အဲဒီကုမ္ပဏီကို ကျန်နေတဲ့ ငွေပမာဏ ပေးသွင်းပြီးရင် ကျွန်တော်တို့ကို စာအုပ်ထုတ်ပေးရမှာ။ ရန်ကုန်ကုမ္ပဏီက သူ့ဆီက အကြွေးရစရာ ရှိတာကို ကျွန်တော်တို့ မန္တလေး ကားလောကက သူတွေကို ငွေပိုတောင်းနေတာ မဖြစ်သင့်ပါဘူး။ ရန်ကုန်ကုမ္ပဏီက မန္တလေး ကားလောကကို အဆင်ပြေအောင် လုပ်မပေးဘဲ ငွေကိုမတရား လိုချင်နေတဲ့ပုံစံ ဖြစ်နေတယ်။ အခု သူဝန်ခံပြီး သွားပြီဆိုတော့ သူချိတ်ဆက် ၀ယ်ယူခဲ့တဲ့ ကုမ္ပဏီနဲ့ ဘယ်လို အဆင်ပြေအောင် ဖြေရှင်းပေးမလဲတော့ မသိဘူး'' ဟု ကားပွဲစား တစ်ဦးက ပြောကြားသည်။
မန္တလေး ကားလောက အတွင်း၌ ငွေကျပ် သိန်းပေါင်း လေးသောင်းဝန်းကျင် လိမ်လည် တိမ်းရှောင်ခဲ့သူမှ အောက်တိုဘာ ၁၁ ရက် တွင် အမှတ် (၆) ရဲစခန်းသို့ လာရောက်ဝန်ခံခဲ့ကာ အဆိုပါ ရဲစခန်းမှ ပုဒ်မ ၄၂၀ လိမ်လည်မှုဖြင့် အမှုဖွင့်ခဲ့ပြီး မွန်းလွဲ ၃ နာရီတွင် အာမခံဖြင့် ပြန်လည် လွတ်မြောက်ခဲ့သည်။
Eleven Media Group

မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင် ရွှေဖြူဟိုတယ်တွင် ဖမ်းမိ
မန္တလေးတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး အရောင်းအဝယ် ပြု လုပ်နေပြီး
ရဲတပ်ဖွဲ့က အလိုရှိနေသည့် မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင် တစ်ဦးဟု ယူဆရသော
ဦးဇော်ဝင်းနိုင်ကို အောက်တိုဘာလ ၁၀ နေ့က မဟာအောင်မြေမြို့နယ်ရှိ
ရွှေဖြူဟိုတယ်တွင် တည်းခိုနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။
“မန္တလေးမှာ မူးယစ်ဆေး အရောင်းအဝယ် အကြီးဆုံးလို ထင်ရတဲ့ ခေါင်းဆောင် တစ်ယောက်တော့ မိသွားပါပြီ။ သူ့ကို မန္တလေးမှာ အဓိက ဖြန့်ဖြူးရောင်းချနေသူ တစ်ယောက်လို့ သတ်မှတ်ထားတယ်။ သူက ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတာပါ” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ အမှုစစ် ရဲအရာရှိတစ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီး မှုခင်းအကူတပ်ဖွဲ့နှင့် နယ်မြေခံ ရဲတပ်ဖွဲ့များ ပူးပေါင်း၍ မဟာအောင်မြေ မြို့နယ်ရှိ ရွှေဖြူဟိုတယ်တွင် တည်းခိုနေသော ဦးဇော်ဝင်းနိုင်ကို စိတ်ကြွ ရူးသွပ်ဆေးပြား ၅၉၅ ပြား အပါအဝင် မူးယစ်ဆေးဝါး ရောင်းရငွေ သိန်း ၁၂၀ ကျပ်ကို ဖမ်းဆီးရမိပြီး ၎င်းနေထိုင်သည့် ချမ်းအေးသာစံ မြို့နယ်ရှိ နေအိမ်ကို ထပ်မံရှာဖွေရာ ကျပ်သိန်း ၂၅၀၀ ကို တွေ့ရှိခဲ့ကြောင်း အမှုစစ် ရဲအရာရှိက ဆိုသည်။
ဦးဇော်ဝင်းနိုင်ကို စစ်ဆေး သိရှိရသည်များမှ တစ်ဆင့် ချမ်းမြသာစည် မြို့နယ်တွင် နေထိုင်သူ နှစ်ဦး၏ အိမ်ကို ဆက်လက်ဝင်ရောက် ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ငါးသောင်းကျော်ကို တွေ့ရှိခဲ့ပြီး ကားများ၊ ဆိုင်ကယ်များ၊ ဟန်းဖုန်းများ၊ ရွှေဗြုံးများ၊ အနီရောင်၊ ခရမ်းရောင် ကျောက် တုံး ၈၉ တုံး၊ ရွှေဖြူအရိုင်းတုံး တစ်တုံး၊ အပြာရောင် ကျောက်ရိုင်းတုံး တစ်တုံး၊ ဆွဲကြိုးများ၊ စိတ်ကြွဆေးပြားများ၊ သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှူးရံး မှတ်တမ်းများအရ သိရသည်။
ဦးဇော်ဝင်းနိုင်၏ ထွက်ဆိုချက်အရ အေးရိပ်ငြိမ်သုသာန် (ယခင်နာ မည်ဟောင်း ကြာနီကန် သုဿာန်) တွင် ဇူလိုင်လ ၃ ရက်နေ့ ညနေ ၅ နာရီ၌ သုဿာန်၏ အနောက်မြောက်ထောင့်ရှိ ဆေးရုံးသုံး ပစ္စည်းများ စွန့်ပစ်သည့် အမှိုက်ပုံးတွင်း ပလပ်စတစ် ထုပ်ထဲရှိ မူးယစ်ဆေးဝါးများကို လွှင့်ပစ်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း၊ သုသာန်အတွင်း ပစ်ခဲ့သည့် အဆိုပါ အထုပ်ထဲတွင် ကာလပေါက်ဈေး ကျပ်သိန်းပေါင်း နှစ်ထောင်ကျော် တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်း အပြားပေါင်း လေးသိန်းကျော် (၄၂၂,၀၀၀ ပြား) ကို စစ်ဆေးတွေ့ရှိရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။
The Voice Weekly

ဖိလစ်ပိုင် မုန်တိုင်း
ဖိလစ်ပိုင်နိုင်ငံသို့
တိုင်ဖွန်းမုန်တိုင်း နာရီ (Nari) ယနေ့ နံနက်အစောပိုင်းက
ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူ ၁၃ ဦးသေဆုံးပြီး ဒေသခံ ၂ သန်းကျော်မှာ
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။
တိုင်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင် အရှေ့ဘက် ကမ်းရိုးတန်းသို့ သောကြောနေ့ည ညဥ့်နက်ပိုင်းတွင် စတင် ချဉ်းကပ်ခဲ့ခြင်းဖြစ်သည်။
PLANET ညနေခင်းသတင်းလွှာ PDF Download: www.planet.com.mm/evening
Planet Myanmar Network

နယ်ကျော်ကားများကို အခွန်ကောက်ခံတော့မည်
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်မော်တော်ယာဉ်များအ တွက် နံပါတ်ပြားများ သတ်မှတ်ပေးပြီးနောက်တွင်နယ်ကျော်ကားများကို အခွန်ကောက်ခံရန်အစီအစဉ်ရေးဆွဲ
လျက်ရှိကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ညွှန်ကြားမှုဦးစီးဌာနကသိရသည်။
ယခုအခါ ယာဉ်နံပါတ်ပြားများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခွဲခြား၍ သတ်မှတ်ပေးထားပြီး ပြည်နယ်အလိုက် သတ်မှတ်ထားသည့် မော်တော်ယာဉ်များအား နယ်ကျော်သွားလာမှုများ ပြုလုပ်ပါက သွားလိုသည့် ပြည်နယ်တွင် အဆိုပါ ပြည်နယ် အစိုးရမှကောက်ခံမည့်အခွန်များကှိုပေးဆောင်စေသည့် စနစ်ဖြစ်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ အခုလုပ်မယ့် စနစ်က နိုင်ငံတကာမှာလည်း ရှိပါတယ်။ အခုထိတော့ ညွှန်ကြားချက်တို့ ထုတ်ပြန်ချက်တို့ မလာသေးဘူး၊ နိုင်ငံတကာ စနစ်အတိုင်းသွားမှာပါ၊ ထုတ်ပြန်ချက်ထွက်ရှိတာနဲ့ တစ်ပြိုင်နက်ကြေညာသွားမှာပါ” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှညွှန်ကြားရေးမှူးဦးသ န်းအောင်ကျော် ကပြောသည်။
လက်ရှိတွင် မော်တော်ယာဉ်များအနေဖြင့်တိုင်း ဒေသကြီးနှင့်ပြည်နယ်အလိုက်သွားလာဖြတ်သန်းမှုတွင် မြို့ဝင်ကြေးအပါအ၀င်အခြားအခွန်များကို မြို့အ၀င်ဂိတ်ပေါက်များ၌ပေးဆောင်ကြရပြီး လက်ရှိတွင် နယ်မြေ ဧရိယာများသတ်မှတ်ကာ ထပ်မံ၍ အခွန်များတိုးလာမည်ဖြစ်သည်။
“ အခွန်ရှိတာတော့ ဘာမှမဖြစ်ပါဘူး။ဒါပေမဲ့ သင့်တင့်တဲ့ အခွန် ဖြစ်ဖို့တော့လိုအပ်တယ်။ဒီအခွန် ကိစ္စက ခရီးသွားလာရေး၊ နိုင်ငံခြား ခရီးသွားဧည့်သည် လည်ပတ်မှုနှုန်းနဲ့ ကုန်ပစ္စည်းတွေစီးဆင်းနေမှု
အပေါ်အများကြီးသက်ရောက်တယ်။ အထူးသဖြင့်ကျွန်တော်တို့လို အဝေးပြေးကားတွေအတွက် ပိုသိသာတယ်” ဟု ရန်ကုန် - မန္တလေး- မုံရွာ ကုန်စည် လှည့်လည်နေသူတစ်ဦးဖြစ်သည့် ကိုထွန်းကျော်က ပြောသည်။
လက်ရှိတွင် မော်တော်ယာဉ် နံပါတ်ပြား ပြုလုပ်မှု အဖြစ် ၁၁.၁၀. ၂၀၁၃ ခုနှစ်အောက်တိုဘာ ၁၁ ရက် စာရင်းဇယားအရ 9F- 8200 သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။
မြတ်မိုးကျော်(မြစ်မခ)
Shwe Myitmakha Media Group
လျက်ရှိကြောင်းစီးပွားရေးနှင့်က
ယခုအခါ ယာဉ်နံပါတ်ပြားများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခွဲခြား၍ သတ်မှတ်ပေးထားပြီး ပြည်နယ်အလိုက် သတ်မှတ်ထားသည့် မော်တော်ယာဉ်များအား နယ်ကျော်သွားလာမှုများ ပြုလုပ်ပါက သွားလိုသည့် ပြည်နယ်တွင် အဆိုပါ ပြည်နယ် အစိုးရမှကောက်ခံမည့်အခွန်များကိ
“ အခုလုပ်မယ့် စနစ်က နိုင်ငံတကာမှာလည်း ရှိပါတယ်။ အခုထိတော့ ညွှန်ကြားချက်တို့ ထုတ်ပြန်ချက်တို့ မလာသေးဘူး၊ နိုင်ငံတကာ စနစ်အတိုင်းသွားမှာပါ၊ ထုတ်ပြန်ချက်ထွက်ရှိတာနဲ့ တစ်ပြိုင်နက်ကြေညာသွားမှာပါ” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ
လက်ရှိတွင် မော်တော်ယာဉ်များအနေဖြင့်တိုင်း
“ အခွန်ရှိတာတော့ ဘာမှမဖြစ်ပါဘူး။ဒါပေမဲ့ သင့်တင့်တဲ့ အခွန် ဖြစ်ဖို့တော့လိုအပ်တယ်။ဒီအခွန် ကိစ္စက ခရီးသွားလာရေး၊ နိုင်ငံခြား ခရီးသွားဧည့်သည် လည်ပတ်မှုနှုန်းနဲ့ ကုန်ပစ္စည်းတွေစီးဆင်းနေမှု
အပေါ်အများကြီးသက်ရောက်တယ်။ အထူးသဖြင့်ကျွန်တော်တို့လို အဝေးပြေးကားတွေအတွက် ပိုသိသာတယ်” ဟု ရန်ကုန် - မန္တလေး- မုံရွာ ကုန်စည် လှည့်လည်နေသူတစ်ဦးဖြစ်သည့် ကိုထွန်းကျော်က ပြောသည်။
လက်ရှိတွင် မော်တော်ယာဉ် နံပါတ်ပြား ပြုလုပ်မှု အဖြစ် ၁၁.၁၀. ၂၀၁၃ ခုနှစ်အောက်တိုဘာ ၁၁ ရက် စာရင်းဇယားအရ 9F- 8200 သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။
မြတ်မိုးကျော်(မြစ်မခ)
Shwe Myitmakha Media Group
တောင်ငူမြို့ တည်းခိုခန်းတွင် ဗုံးပေါက်ကွဲ နှစ်ဦးသေ
တာ့ဂ်ျမဟာရှေ့ အပြုအမူများအတွက် မယ်စကြာဝဠာ တောင်းပန်
အိုလီဗီရာသည် မယ်စကြာဝဠာများ တာဝန်ယူရသည့် အစဉ်အလာအတိုင်း ဖွံ့ဖြိုးရေး
လုပ်ငန်းများ ဆောင်ရွက်ရန် ကမ္ဘာလှည့် သွားလာရင်း ဒေ လီသို့
ရောက်ရှိခဲ့ခြင်း ဖြစ်သည်။