Pages

13.10.13

ဘော်ဒီမတောင့်လို့ အဖော်အချွတ်ပုံ မပါအောင် ဂရုစိုက်တယ်ဆိုတဲ့ အဆိုတော်

သူမအနေဖြင့် သီချင်းဗီဒီယိုများတွင် အဖော်အချွတ် ပုံရိပ်များ

လုပ်သားပြည်သူများသို့ လုံခြုံရေးအသိပေးနိုးဆော်ခြင်း

ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်း ၁၃.၁၀.၂၀၁၃ရက်နေ့ နံနက် ၀၀၁၅နာရီအချိန် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ စော်ဘွားကြီးကုန်းကားမှတ်တိုင်တွင်
ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း
တစ်လုံးအား ရှင်းလင်းနိုင်ခြင်းနှင့် ၁၃.၁၀.၂၀၁၃ရက်နေ့ ၁၇၄၀နာရီအချိန် သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ယမုံနာလမ်း၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖေါင်းအနီးရပ်ထားသည့် နောက်တွဲယာဉ်အောက်တွင်
တွေ့ရှိသည့် ကြွပ်ကြွပ်အိတ်အမဲဖြင့်ထုပ်ထားသည့် အထုပ်အား ထက်နိုင်အောင်၊ (၁၄)နှစ်၊ (ဘ)ဦးလှထွန်းနှင့် ၀င်းမင်းထွေး၊ (၁၄)နှစ်၊ (ဘ)ဦးနုပိန်တို့မှ ၎င်းအိတ်အတွင်းရှိ နာရီလက်တံအား လှည့်စဉ်
ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ၎င်းလူငယ်(၂)ဦးတွင် (မစိုးရိမ်ရ)သော ဒဏ်ရာများ ရရှိခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းပေါက်ကွဲမှု(၂)ကြိမ်ဖြစ်ပွားခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်း/ခရိုင်/မြို့နယ်များတွင် လုံခြုံရေးတိုးမြှင့်ချထား ဆောင်ရွက်လျက်ရှိပါသည်။
လုပ်သားပြည်သူများအနေဖြင့် ဘူတာများ၊ ကားဝင်းများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လူစည်ကားရာနေရာများနှင့်လမ်းကြိုလမ်းကြားများတွင် မသင်္ကာအထုပ်များတွေ့ရှိပါက ဖွင့်ဖေါက်ခြင်းများ မပြုလုပ်ဘဲ သက်ဆိုင်ရာမြို့နယ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံနှင့် မြို့နယ် ရဲစခန်းများသို့ ချက်ချင်းသတင်းပို့ပေးကြပါရန်နှင့် ရပ်ကွက်
အုပ်ချုပ်ရေးမှူးများမှလည်း မိမိရပ်ကွက်ရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအားဆက်လက် သတင်းပေးပို့ပေးနိုင်ရေး အသိပေး အကြောင်းကြားထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လုပ်သားပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ ပြည်သူများ
အထိတ်တလန့်ဖြစ်အောင်နှင့် ထိခိုက်ဒဏ်ရာရသေစေအောင် အဖျက်အမှောင့်လုပ်ငန်းဖြစ်သည့် ပေါက်ကွဲမှုများဖြစ်ပေါ်အောင် လုပ်ဆောင်နေသူများအား ၀ိုင်းဝန်းကူညီပူးပေါင်းပါဝင်ဖေါ်ထုတ်
ပေးကြပါရန် တိုက်တွန်းနိုးဆော် မေတ္တာရပ်ခံအပ်ပါသည်။

Yangon Police

အင်္ဂလန်အသင်း၏ တိုက်စစ် စွမ်းဆောင်ရည်ကို ရွန်နီ ချီးကျူး

ဝင်ဘလေကွင်းတွင် မွန်တီနီဂရိုကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် အသင်း၏ တိုက်စစ်ပိုင်း

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ်အဖွဲ့တို့၏ သဘောတူညီချက်

၁။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်င
န်းကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စု ၀န်ကြီး

အပ်ဖြားတစ်ထောက်စာဆိုပေမဲ့

အပ်ဖျားတစ်ထောက်စာဆိုပေမယ့် ဆပ်ပြာပူဖောင်းအတွက်တော့ ဘ၀ကို ပျက်စေတယ်။ ဟိုးရှေးရှေးတုန်းကပေါ့။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုသို့ ဟောပြောရှင်းလင်းမှု အတိုက်အခံပါတီ NLD စတင်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရးအတွက်

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အမျိုးသား မော်ဒယ်လ် ဆင်းန်အိုပရီ

ကမ္ဘာကျော်မော်ဒယ်လ် ဆင်းန်အိုပရီ သည် ကမ္ဘာတွင် ဝင်ငွေ အကောင်းဆုံး

ပြည်ထောင်စုလွှတ်တော် နာယက သြစတြီးယား သမ္မတနှင့် သွားရောက်တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် သြစတြီးယားနိုင်ငံ သမ္မတနန်းတော်၌ သြစတြီးယားနိုင်ငံ သမ္မတနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား၏ သတင်းကြေညာချက်အရ သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ဦးဆောင်သည့် အဖွဲ့သည် အောက်တိုဘာ ၁၁ ရက်တွင် သြစတြီးယားနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေး သွားရောက်ရန်အတွက် ဆွစ်ဇာလန်နိုင်ငံမှတစ်ဆင့် လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကာ သြစတြီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကနှင့် အဖွဲ့အား သြစတြီးယားနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌက ပါလီမန် အဆောက်အအုံ ထမင်းစားခန်းမတွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရပြီး ဆက်လက်ပြီး ပြည်ထောင်စုလွှတ်တော် နာယကနှင့် အဖွဲ့ဝင်များသည် သြစတြီးယားနိုင်ငံ လွှတ်တော်အဆောက်အအုံအတွင်း ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

Eleven Media Group

လွှတ်တော်၌ မေးခွန်းမေးမြန်းမှုများကို ဖြေကြားရာတွင် ကျောင်းသားများ အလွတ်ကျက်၍ လာဖြေသည့်ပုံစံ ဖြစ်နေ၍ ပညာရေး ဒုတိယ၀န်ကြီးအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြစ်တင်ပြောကြား

လွှတ်တော်၌ မေးခွန်းမေးမြန်းမှုများကို ဖြေကြားရာတွင် ကျောင်းသားများ အလွတ်ကျက်၍ လာဖြေသည့်ပုံစံ ဖြစ်နေသဖြင့် ပညာရေး ဒုတိယ၀န်ကြီး ဒေါက်တာစန်းလွင်အား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြစ်တင်ပြောကြားသည်။

အောက်တိုဘာ ၁၀ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) လွှတ်တော်ကိုယ်စားလှယ် ဦးနု၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၁) လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးဇော်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဌေးဝင်းတို့၏ ပညာရေးကဏ္ဍနှင့် သက်ဆိုင်သည့် ၀န်ကြီးဌာန၏ စီမံခန့်ခွဲမှု အခြေအနေ၊ ကျောင်းအဆင့် တိုးမြှင့်ပေးရေး၊ ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရေးတို့နှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းမှုများအား ဒုတိယ၀န်ကြီး၏ ပြန်လည်ဖြေကြားချက်ကို လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျောင်းအဆင့် တိုးမြှင့်ရေးနှင့် ပတ်သက်၍ ဒုတိယ၀န်ကြီး ဒေါက်တာစန်းလွင်က "ပညာရေး ၀န်ကြီးဌာနတွင် ကျောင်းများကို အဆင့်တိုးမြှင့်ပေးနိုင်ရန် ပထမဦးစွာ ကျောင်းသားဦးရေ၊ နယ်မြေဒေသ အခြေအနေတို့ကို အသေးစိတ် စိစစ်ပြီး ပညာသင်နှစ် (တစ်) နှစ်လျှင် တစ်ကြိမ်သာ ကျောင်းအဆင့် တိုးမြှင့်ပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါတယ်" ဟု ပြောကြားသည်။

ကျောင်းအဆင့် တိုးမြှင့်မှုနှင့်အတူ ပေါ်ထွက်လာသော လစ်လပ်နေရာများအတွက် ဆရာ၊ ဆရာမများ ပြောင်းရွှေ့ရာထူး တိုးပေးရခြင်းတို့ကြောင့် သင်ကြားရေး အစီအစဉ် ထိခိုက်နိုင်သည့်အတွက် တစ်နှစ်လျှင် တစ်ကြိမ်သာ ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မေးခွန်းမေးမြန်းသည့် ကျောင်းများအား အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် မရှိသေးကြောင်း၊ ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန်လည်း သတ်မှတ်ခွဲတမ်း ခွဲဝေပြီး ဖြစ်သဖြင့် အစီအစဉ် မရှိသေးကြောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း ဖွင့်လှစ်ခွင့် ရရှိရေးအတွက် သက်ဆိုင်ရာကျောင်းမှ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အဆင့်များသို့ တရားဝင် လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် တင်ပြထားရန် လိုအပ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

ထိုသို့ ဒုတိယ၀န်ကြီး၏ ဖြေကြားမှုအား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က "ပြောရမှာအားတော့ အားနာတယ်။ ပြောတော့ပြောရမှာပဲ။ ကျောင်းသားတွေ အလွတ်ကျက်ပြီး ဖြေသလို ဖြစ်နေတယ်။ ဒုဝန်ကြီး လာဖြေတာလည်း အလွတ်ကျက်တာကို လာရွတ်ပြသလို ဖြစ်နေတယ်။ ပထမဦးစွာ ဦးနုရဲ့ မေးခွန်းပေါ့။ .....မန္တလေး (၁၁)က ဦးစိုးအောင်၊ ပဲခူး(၂)က ဦးဖိုးဇော်၊ ဧရာဝတီ (၅)က ဒေါက်တာဌေးဝင်း စသည်ဖြင့် ဒေသရဲ့ လိုအပ်ချက်တွေ လိုအပ်ချက်တောင်းတယ်။ တစ်နှစ်မှာ တစ်ကြိမ်ပဲ လုပ်ပါတယ်။ လုပ်ပါ။ တစ်နှစ်တစ်ကြိမ်ပဲ လုပ်ပါ။ ဒါကို မပြောလိုပါဘူး။ ဒါဝန်ကြီးဌာနရဲ့ အလုပ်ပဲ။ သို့သော် မှတ်သားထားရမယ်။ ဒါတက်လာလို့ရှိရင် အမှန်တကယ် လိုအပ်ခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး ရမယ်။ ကိုယ့်မှာလက်တံတွေ ရှိတာပဲ။ မြို့နယ်ပညာရေးမှူးစစ်၊ ခရိုင်ပညာရေးမှူးစစ်၊ တိုင်းပညာရေးမှူးစစ် တကယ်လိုတာလား။ တကယ်လိုတယ်ဆိုရင် မှတ်ထားမယ်။ ဒီနှစ် ဘတ်ဂျက်မမီရင် နောင်နှစ်ဘတ်ဂျက်။ အခု အစိုးရအဖွဲ့ ဘတ်ဂျက်မတင်ရသေးပါဘူး။ RE တောင် မတင်ရသေးဘူး။ ဘတ်ဂျက်ပါအောင် လုပ်လို့ရတာပဲ။ နောက်တစ်ခုကတော့ ဘတ်ဂျက်ကတော့ ပြီးသွားပြီ ထားပါတော့။ ခုနက ပြောသလို အချိန်မရွေး အန္တရာယ်ရှိသော ကိစ္စမျိုး သဘာဝ ဘေးဒဏ်ကြောင့် ဖြစ်ပျက်တဲ့ ကိစ္စမျိုးအတွက် ရန်ပုံငွေရှိဖို့ လိုတယ်။ ၀န်ကြီးဌာနမှာ ရန်ပုံငွေ ရှိရမယ်။ မမျှော်မှန်းနိုင်သော ဘေးဒဏ်ကိစ္စဖြစ်ရင် ချက်ချင်းလုပ်ပေးမယ်။ ၂၄ နာရီအတွင်း လုပ်ပေးမယ်။ ခုနက အန္တရာယ်ရှိတဲ့ကျောင်းဆောင် တကယ်လား။ လက်တွေ့သွားကြည့်။ အန္တရာယ် မရှိအောင် ချက်ချင်းပြင်ပေးမယ်။ အသစ်မဆောက် ပေးနိုင်ရင်တောင် အန္တရာယ် မရှိစေရဘူး။ ဒီလိုတော့ ဖြေဖို့ကောင်းတယ်။ တစ်ကြိမ်လုပ်ပါတယ်။ အဲဒါ ပြီးသွားပါပြီ။ မရှိပါဘူး။ တစ်ကြိမ် လုပ်ပါတယ်။ မရှိပါဘူးဆိုတာ အလွတ်ကျက်ပြီး လာဖြေနေတာနဲ့တူတယ် ဒုဝန်ကြီး။ အဲဒါကြောင့် နောင်လာဖြေတဲ့ အခါမှာ ခုနကလို လုပ်ပါ။ အရင်တစ်ခါ တုန်းကလည်း အရိပ်အမြွက် သင်ပေးလိုက်ပြီးသား ဖြစ်ပါတယ်။ ဟုတ်ပြီနော်။ အဲဒီလိုလေးတွေ။ မိမိရဲ့လုပ်ငန်း စီမံခန့်ခွဲမှုကို နားလည်ပြီးမှ စနစ်တကျ လုပ်ပေးဖို့ လိုတယ်။ လွှတ်တော်ကိုယ်စားလှယ် တွေကလည်း မှတ်သားထားပါ။ ဘတ်ဂျက်မှာထည့်ဖို့ မှတ်သားထားပါ" ဟု ပြောကြားသည်။

Eleven Media Group

ဆီးဂိမ်းဖွင့်ပွဲနှင့်ပိတ်ပွဲတွင် လူအင်အားတစ်သောင်းနှစ်ထောင် သုံးမည်

ကျင်းပတော့မည့်ဆီးဂိမ်းဖွင့်ပွဲနှင့်ပိတ်ပွဲတွင်
စုစုပေါင်းလူအင်အားတစ်သောင်းနှစ်ထောင်သုံးစွဲ

အိန္ဒိယ အရှေ့ ပိုင်း “PHAILIN” မုန်တိုင်း ဝင်ပြီ

တနာရီလေတိုက်နှုန်း ၁၂၅ မိုင်လောက်နဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတခု အိန္ဒိယနိုင်ငံ

မန်ချက်စတာတွင် အလွန်ပျော်ရွှင်နေကြောင်း ဒေးဗစ်ဆေးလ်ဗား ပြောကြား

ရီးယဲမက်ဒရစ်၏ ကမ်းလှမ်းမှုကို ပယ်ချပြီး မန်ချက်စတာစီးတီးနှင့် စာချုပ်သက်တမ်းတိုးခဲ့သည့်

ကော့သောင်းမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

၁၁-၁၀-၂၀၁၃ ရက်နေ့ ၀၈၃၅ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊

တတ်လဲတတ်နိုင်ပါ့ ဂါဂါရယ်

ပေါ့ပ်ဘုရင်မ လေဒီဂါဂါဟာ ရောက်လေရာမှာ စိတ်တိုင်းကျ အိပ်စက်နိုင်ဖို့အတွက်

ကမ္ဘာကျော် ပိုက်ဆံအိတ်များ မြန်မာနိုင်ငံတွင် ထုတ်လုပ်မည်

Coach၊ Gucci၊ DKNY အစရှိသော ကမ္ဘာကျော် အမှတ်တံဆိပ် တန်ဖိုးကြီး ပိုက်ဆံအိတ်များကို

ရေညှိပျံ့သင်း ညောင်ရွှေအင်း အထူးစည်ကားသည်

အုပ်ဆိုင်းဆိုင်း သစ်ပင်တို့၏ နောက်ကွယ်တွင် စိမ်းမြမြ စပါးခင်းကြီးသည် ကျယ်ပြောလာသော

နန်းခင်ဇေယျာက ဘာလုပ်ဖို့ သူ့ ဖုန်းနံပတ်၊ လိပ်စာတွေပေးနေတာလဲ

နန်းခင်ဇေယျာက သူ့ အီးမေးလ်လိပ်စာ၊ ဖုန်းနံပတ်တွေကို မျှဝေကာ ဖေ့စ်ဘုတ်စာမျက်နှာက

လစ်ဗျား ဝန်ကြီးချုပ် ပြန်ပေးဆွဲ ခံရခြင်းသည် အာဏာသိမ်းရန် ကြိုးပမ်းခြင်းဖြစ်ဟုဆို

လစ်ဗျား ဝန်ကြီးချုပ် အလီဇီဒန် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်း ခဏတာ ပြန်ပေးဆွဲ

သွေးစုပ်ဖုတ်ကောင် အဖေက သမီးကို သွေးစုပ်၊ စားသောက်

ပါပူဝါ နယူးဂီနီက အမျိုးသားတယောက်ဟာ ၃ နှစ်အရွယ် သူ့ သမီးငယ်ရဲ့ လည်ပင်း ကို

လွှမ်းပိုင်နှင့် တွေ့ဆုံခြင်း

ဟစ်ဟော့ပ် ဂီတလောကတွင် လူငယ် ပရိသတ်များ၏ လက်ခံအားပေးမှုကို ရရှိထားသူ တေးသံရှင် လွှမ်းပိုင်နှင့် တွေ့ဆုံပြီး

တရုတ် ရေနံတင် သင်္ဘောတစ်စင်း မီးလောင်ပေါက်ကွဲ ၍ ခုနစ်ဦး သေဆုံး

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲကျန်း ပြည်နယ် ၊ နင်းဘိုး ကမ်းရိုးတန်း မြို့တွင် အောက်တိုဘာ ၁၂ ရက်

တိုင်ဖုန်းမုန်တိုင်း နရီကြောင့် ဖိလစ်ပိုင် နိုင်ငံသား တစ်သန်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းဒေသကို တိုင်ဖုန်းမုန်တိုင်း နရီ စနေနေ့ နံနက်ပိုင်းတွင်

မုံရွာမှာဆိုက်ကားဆရာများ

မုံရွာမှာ ဆိုက်ကားနင်းတဲ့ ဆိုက်ကားဆရာတွေ ကတော့ နိုင်ငံခြားသား

Juno အာကာသယာဉ် မှ ကမ္ဘာမြေပြင်သို့ ဓာတ်ပုံများ ပထမဆုံး အကြိမ်ပေးပို့

အမေရိကန် အာကာသ အေဂျင်စီ NASA အဖွဲ့မှ Juno အာကာသယာဉ် သည် ကြာသပတေးဂြိုဟ်

ရန်ကုန်တိုင်း သာကေတမြို့နယ်၊ လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲ

ယနေ့ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က ရန်ကုန်တိုင်း သာကေတမြို့နယ်၊ ယမုံနာလမ်းမကြီး မာန်ပြေနှင့်ရန်ပြေအကြား အခွန်လွန်ဈေးအနီးတွင် လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲရာ ကလေးငယ် ၂ ဦး ဒဏ်ရာရရှိသွားကြောင်း သာကေတမြို့နယ် အုပ်ချုပ်ရေးမှုးရုံးမှသိရသည်။ ယင်းအပြင် ယနေ့နံနက် ၁ နာရီခန့်ကလည်း စော်ဘွားကြီးကုန်းအနီး ဘတ်စ်ကာမှတ်တိုင်တွင် လက်လုပ်ဗုံး ၃ လုံးခန့် ပေါက်ကွဲကာ ဘတ်စ်ကားမှတ်တိုင် ပျက်စီးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ရန်ကုန်တိုင်း သာကေတမြို့နယ်၊ လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲ

ယနေ့ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က ရန်ကုန်တိုင်း သာကေတမြို့နယ်၊ ယမုံနာလမ်းမကြီး မာန်ပြေနှင့်ရန်ပြေအကြား အခွန်လွန်ဈေးအနီးတွင် လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲရာ ကလေးငယ် ၂ ဦး ဒဏ်ရာရရှိသွားကြောင်း သာကေတမြို့နယ် အုပ်ချုပ်ရေးမှုးရုံးမှသိရသည်။ ယင်းအပြင် ယနေ့နံနက် ၁ နာရီခန့်ကလည်း စော်ဘွားကြီးကုန်းအနီး ဘတ်စ်ကာမှတ်တိုင်တွင် လက်လုပ်ဗုံး ၃ လုံးခန့် ပေါက်ကွဲကာ ဘတ်စ်ကားမှတ်တိုင် ပျက်စီးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

“ဆုကို ဘာကြောင့် တောင်းကြတာလဲ?”ဆိုတဲ့ မေးခွန်း

လူငယ်လေးတစ်ယောက်က လာမေးသွားတယ်။
“ဆုကို ဘုရားမှာ ဘာကြောင့်တောင်းရတာလဲ”တဲ့။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(ဗဟန်းနယ်မြေ) အချိန်ပိုင်းဘွဲ့လွန်ဒီပလိုမာသင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း

၁။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(ဗဟန်းနယ်မြေ)

တွင် အောက်ဖော်ပြပါ အချိန်
ပိုင်းဘွဲ့လွန်ဒီပလိုမာသင်တန်းကိုဖွင့်လှစ်မည်

ဖြစ်သည်။

သင်တန်းအမည် - Post Graduate Dipaloma in Web Engineering
သင်တန်းကြေး -၃သိန်းကျပ်
သင်တန်းကာလ - ၄၂ပတ်
ဖွင့်လှစ်မည့်ရက် -၂၁-၁၂-၂၀၁၃
လက်ခံသင်ကြားမည့်ဦးရေ- ၃၀ ဦး

၂။သင်တန်းချိန်များမှာ စနေနေ့ နှင့် တနင်္ဂနွေနေ့များတွင် နံနက် ၉:၀၀ နာရီ
မှ ညနေ ၄:၀၀ နာရီအထိသင်ကြားမည်ဖြစ်ပါသည်။ တနင်္လာနေ့မှ သောကြာ
နေ့အထိ ညနေ ၄:၀၀ နာရီမှ ညနေ ၆:၀၀ နာရီအထိ လက်တွေ့ချိန်များ
သတ်မှတ်ပေးပြီး သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

၃။သင်တန်းသားများ၏ ဝင်ခွင့် အရည်အချင်းသတ်မှတ်ချက်များအတိုင်း
လျှောက်ထားနိုင်ပါသည်-
(က) Post Graduate Diploma in Web Engineering သင်တန်းကို ကွန်ပျူ
တာဘာသာရပ်နှင့် ၄င်းနှင့် ဆက်စပ်ဘာသာရပ်ဖြင့်ဘွဲ့ရရှိပြီးသူများလျှောက်
ထားနိုင်သည်။
(ခ)လုပ်ငန်းခွင်မှ ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်း/ဌာန အကြီးအကဲ
၏ ထောက်ခံချက်ဖြင့် လျှောက်ထားခွင့်ပြုမည်။
(ဂ)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

၎။သင်တန်းဝင်ခွင့်စာမေးပွဲကို အောက်ပါအတိုင်းကျင်းပမည်ဖြစ်ပါသည်။
(က)အင်္ဂလိပ်ဘာသာနှင့် ဘာသာရပ်ဆိုင်ရာများအား Online ဖြင့်ဖြေဆိုရ
မည်ဖြစ်ပါသည်။
နေ့ရက် -၂၃-၁၁-၂၀၁၃(စနေနေ့)
အချိန် -နံနက် ၉:၃၀နာရီမှစတင်၍
နေရာ -ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(ဗဟန်းနယ်မြေ)

(ခ)ဝင်ခွင့်စာမေးပွဲအောင်မြင်သူများသာ သင်တန်းတက်ရောက်ခွင့်ရရှိမည်ဖြစ်
ပါသည်။

၅။သင်တန်းဝင်ခွင့်လျှောက်လွှာများကို သတ်မှတ်ပုံစံဖြင့် ရန်ကုန်ကွန်ပျူတာ
တက္ကသိုလ်(ဗဟန်းနယ်မြေ)တွင် ၁၁-၁၁-၂၀၁၃ (တနင်္လာနေ့) နောက်ဆုံး
ထား၍ လျှောက်ထားနိုင်ပါသည်။

၆။အခြားသိရှိလိုသည်များရှိပါက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(ဗဟန်းနယ်
မြေ) ဖုန်း ၀၁-၅၃၇၃၉၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
TechSpace Journal