အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အိန္ဒိယသံရုံးရဲ့ ဒုတိယကောင်စစ်ဝန်
ကို ပြုမူ ဆက်ဆံတာကို မကျေနပ်တဲ့အတွက် ကာလကတ္တား (Kolkata) မြို့က လူငယ်တွေဟာ ဒီဇင်ဘာ ၁၉ ရက်နေ့က အမေရိကန်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
Pages
▼
လူကုန်ကူးခံရသည့် ကလေးသူငယ် ၂၂၄ ဦး ကယ်တင်နိုင်
မြန်မာ နိုင်ငံ၌ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလ အတွင်း လူကုန်ကူး
ခံရသူ ၂၄၄ ဦးကို ကယ်တင် နိုင်ခဲ့ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီး
နှိမ်နှင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန် ပြောဆိုသည်။
လူကုန်ကူး ခံရသူများမှ ကယ်တင်နိုင်ခဲ့သူ ၂၄၄ ဦးရှိပြီး အသက် ၁၆ နှစ်အောက် ၃၃ ဦး နှင့် အသက် ၁၈ နှစ်အောက် ၂၅ ဦး
လူကုန်ကူး ခံရသူများမှ ကယ်တင်နိုင်ခဲ့သူ ၂၄၄ ဦးရှိပြီး အသက် ၁၆ နှစ်အောက် ၃၃ ဦး နှင့် အသက် ၁၈ နှစ်အောက် ၂၅ ဦး
စင်ကာပူ အိန္ဒိယရပ်ကွက် ဆူပူမှုတွင် ပါဝင်သူ ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည်
စင်ကာပူနိုင်ငံရှိ အိန္ဒိယ ရပ်ကွက်တွင် ယခုလ အစောပိုင်းက ဖြစ်ပွားခဲ့သော
အကြမ်းဖက် ဆူပူဆန္ဒပြမှုတွင် ပါဝင်သူ ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည် ဖြစ်ကြောင်း စင်ကာပူ အစိုးရ၏ ပြောကြားချက်ကို BBC သတင်းတွင် ဖော်ပြထားသည်။
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ ဒေသခံရွာသူရွာသား(၁၁)ဦးအား ဖမ်းဆီးခေါ်ဆောင်မှု သီပေါမြို့နယ်တွင် ဖြစ်ပွား
ရှမ်းပြည်နယ် သီပေါမြို့နယ် မိုင်းလင်းကျေးရွာအုပ်စု မိုင်းလင်းကျေးရွာနှင့် ဆီဆုံကျေးရွာ၌ နေထိုင်သော ဒေသခံရွာသူ
ရွာသား(၁၁)ဦးအား ရှမ်းပြည်တိုးတက်ရေးနှင့်
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA အဖွဲ့မှ ယနေ့ နေ့လယ် ၁
နာရီခွဲခန့်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ယင်းဒေသခံများထံမှ
သတင်း ရရှိသည်။
ဗိုလ်ချုပ်နဲ့ ဘောလုံး
ဗိုလ်ချုပ်လို့ ပြောလိုက်တာနဲ့ လွတ်လပ်ရေး ယူပေးခဲ့သူ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ကို ပြေးမြင်ကြမယ် ထင်ပါတယ်။
ဗိုလ်ချုပ်က ဗမာတွေရဲ့ စိတ်ဓာတ် ဆိုတာကို ဘောလုံးပွဲနဲ့ နှိုင်းပြီး ပြောသွားခဲ့တာကို အခုလို ဘောလုံးပွဲ ကိစ္စတွေ လူတွေစိတ်ဝင်တစား ရှိချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းစကားလေးတွေကို အမှတ်ရစေဖို့ ပြန် လည် ဖော်ပြပေးလိုက်ပါတယ်။
ဗိုလ်ချုပ်က ဗမာတွေရဲ့ စိတ်ဓာတ် ဆိုတာကို ဘောလုံးပွဲနဲ့ နှိုင်းပြီး ပြောသွားခဲ့တာကို အခုလို ဘောလုံးပွဲ ကိစ္စတွေ လူတွေစိတ်ဝင်တစား ရှိချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းစကားလေးတွေကို အမှတ်ရစေဖို့ ပြန် လည် ဖော်ပြပေးလိုက်ပါတယ်။
" ဆန်ခါတင် အကယ်ဒမီစာရင်းဝင် ‘လက်ပံ’ ရုပ်ရှင်ဇာတ်ကားကြီး "
၅၇ကြိမ်မြောက် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲလည်း တဖြည်းဖြည်း
နီးသထက် နီးလာပြီဖြစ် သည်။ ယခုနှစ်အတွက် အကယ်ဒမီစာရင်းဝင် ဆန်ခါတင်ခုနစ်
ကား ရှိခဲ့သည့်အနက် ကယန်းအလှ၊
အမွေခံထိုက်သူဖြစ်ပါစေ၊ မော်ကင်း ဥဒါန်း၊ ဥ၊ အမုန်းမီးတောက်၊ တိမ်
မင်းသမီးရဲ့ဒဏ္ဍာရီဇာတ်ကားတို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သူ၊ ထုတ်လုပ်သူ၊
စက်မှုပိုင်းဆိုင်ရာအတတ်ပညာရှင်တို့၏ ဇာတ်ကားရိုက်ကူးခဲ့စဉ်က အတွေ့
အကြုံများ၊ အကယ်ဒမီအကြို ရင်ခုန်သံများကို အပတ်စဉ်တစ်ပတ် တစ်
ဘိန်းစိုက်ပျိုးထုတ်လုပ်မှု များလာခြင်းနှင့် အခြေခံအကြောင်းအရင်းများ
၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုသည် ၂၆ ရာခိုင်နှုန်း
ကျော်တိုးမြင့်လာခဲ့ပြီး ဘိန်းစိုက်ခင်းများကို ဖျက်ဆီးနိုင်မှုသည်လည်း ၅၂
ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှု
တားဆီးရေးရုံး UNODC ၏ ဒီဇင်ဘာ ၁၈ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်
ပြထားသည်။
တိုင်းပြည်အတွက် အခွန်ဘဏ္ဍာများစွာ နစ်နာခဲ့ရသော ငြိမ်းချမ်းရေး ကားပါမစ်များကို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် စာအိတ်ဖြင့် တိုင်းရင်းသား အဖွဲ့များအား ပေးခဲ့ကြောင်း KNU ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင် ပြောကြား
တိုင်းပြည်အတွက်
အခွန်ဘဏ္ဍာငွေများစွာ နစ်နာခဲ့ရသော ငြိမ်းချမ်းရေး ကားပါမစ်များကို
သမ္မတဦးသိန်းစိန် ကိုယ်တိုင် စာအိတ်ဖြင့် တိုင်းရင်းသား အဖွဲ့များကို
ပေးခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုအလုပ်
အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ဆက်သွယ်ရေးအဆောက်အအုံများ တည်ဆောက်ရန် တယ်လီနောက Vendor ရွေးချယ်
ပြည်တွင်းတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် လိုင်စင်ရကုမ္ပဏီ
တယ်လီနောက လုပ်ငန်းများ အတွက် လိုအပ်သောတာဝါတိုင်နှင့်
အခြေခံအဆောက်အအုံများ တည်ဆောက်ရေးတို့တွင် ပူးပေါင်း လုပ်ကိုင်ရန်
စင်ကာပူနိုင်ငံအခြေစိုက် Apolo Tower ကို Vendor (ပူးတွဲလုပ်ကိုင်သူ)အဖြစ်
တရား ၀င်ရွေးချယ်လိုက်ကြောင်း ဒီဇင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
ရည်းစားဘ၀မှာ အပျိုစင်ဘ၀ကို ထိန်းသိမ်းခြင်းက ဂုဏ်သိက္ခာ တက်စေတယ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်း
ညီမ ကျောင်းမပြီးခင်က ဆရာဝန်အလုပ်နဲ့ အနုပညာအလုပ်ကို ဘယ်လိုခွဲခြားပြီးလုပ်ခဲ့လဲ။
ဖြေရတာလဲ ခက်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဘွဲ့သာရသွားတယ်။ ဆမလည်း မရခဲ့ပါဘူး။ ကျောင်းမပြီး ခင်ကတော့ ညီမစာကိုပဲ အာရုံထားပြီးလုပ်ခဲ့ပါတယ်။အနုပညာအလုပ်ကိုတော့ လုံးဝမေ့ထားခဲ့ပါတယ်။ အဲဒီအချိန်တော့ လစ်ဟာခဲ့တာပေါ့။ နောက်ပြီး အနုပညာနဲ့ပတ်သက်ပြီး အခွင့်အရေးတွေလည်း အများ ကြီးဆုံးရှုံးခဲ့ရပါတယ်။
ညီမအနေနဲ့ အခုချိန်မှာ နေရာတစ်နေရာရရှိပြီး ပရိသတ်တွေ လက်ခံအားပေးနေခြင်းကို အောင်မြင်မှု လို့ထင်လား။ ဒါကိုရော သာယာမိလား။
ဖြေရတာလဲ ခက်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဘွဲ့သာရသွားတယ်။ ဆမလည်း မရခဲ့ပါဘူး။ ကျောင်းမပြီး ခင်ကတော့ ညီမစာကိုပဲ အာရုံထားပြီးလုပ်ခဲ့ပါတယ်။အနုပညာအလုပ်ကိုတော့ လုံးဝမေ့ထားခဲ့ပါတယ်။ အဲဒီအချိန်တော့ လစ်ဟာခဲ့တာပေါ့။ နောက်ပြီး အနုပညာနဲ့ပတ်သက်ပြီး အခွင့်အရေးတွေလည်း အများ ကြီးဆုံးရှုံးခဲ့ရပါတယ်။
ညီမအနေနဲ့ အခုချိန်မှာ နေရာတစ်နေရာရရှိပြီး ပရိသတ်တွေ လက်ခံအားပေးနေခြင်းကို အောင်မြင်မှု လို့ထင်လား။ ဒါကိုရော သာယာမိလား။
"သန်လျင် ဆုတောင်းပြည့်ပရဟိတဂေဟာသို့ တရုတ်မှ ကျပ် သန်း ၁၂၀ လှူဒါန်း"
သန်လျင်မြို့နယ်ရှိ ဆုတောင်းပြည့်အမျိုးသားပရဟိတ
လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ တရုတ်နိုင်ငံမှ မြန်မာငွေကျပ် သန်း ၁၂၀
နှင့်ဆန်အိပ် ၁၅၀ကို ယနေ့လှူဒါန်းခဲ့သည်။
"သန်လျင်မြို့နယ် ဆုတောင်းပြည့်စာသင်ကျောင်းမှာ ကျောင်းသား ၁၇၀၀ ကျော်ရှိနေပြီး၊ အများစုဟာ တိုင်းဒေသကြီးအသီးသီးက
"သန်လျင်မြို့နယ် ဆုတောင်းပြည့်စာသင်ကျောင်းမှာ ကျောင်းသား ၁၇၀၀ ကျော်ရှိနေပြီး၊ အများစုဟာ တိုင်းဒေသကြီးအသီးသီးက
(၉)မီတာ အမြင့်ရှိသည့် မန်ဒဲလား၏ ရုပ်တု ဖွင့်လှစ်ပြသ
တောင်အာဖရိက နိုင်ငံမှ အထင် ကရ ပုဂ္ဂိုလ်ကြီး နယ်လ်ဆင်မန်ဒဲလား ၏ ဈာပန
အခမ်းအနား ကျင်းပခဲ့ပြီး ၂၄ နာရီ အကြာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ၉ မီတာအမြင့်
ရှိသည့် မန်ဒဲလား၏ ရုပ်တုကို ဖွင့်လှစ်ပြသခဲ့သည်။ အဆိုပါ
ကြေးရုပ်တုကို တောင်အာဖရိက နိုင်ငံ၏ ပထမဆုံး လူမည်း သမ္မတ အဖြစ်
မန်ဒဲလားကျမ်းသစ္စာ ကျိန်ဆိုခဲ့ သည့် ပရီတိုရီး ယားမြို့ရှိ သမဂ္ဂ
အဆောက်အအုံ၏ မြက်ခင်းပြင်တွင် တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမား က တရားဝင်
ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် ပေါက်တောမြို့မှာ ICRC ကို ကန့်ကွက်ဆန္ဒပြ
ရခိုင်ပြည်နယ်မှာ လူမှုရေးအကူအညီတွေပေးနေတဲ့ နိုင်ငံတကာ ကြက်ခြေနီကော်မတီ
ICRC အဖွဲ့ မြို့ပေါ်ကိုမလာရောက်ဖို့ ပေါက်တောမြို့နယ်
အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ မြို့ခံတစ်ရာနီးပါးလောက် မနေ့က ကန့်ကွက်တောင်းဆိုခဲ့ကြပါတယ်။
ရန်ကုန်၊ မန္တလေး သာသနာ့တက္ကသိုလ် များမှ ၁၉ နှစ်အတွင်း ပါရဂူဘွဲ့ သံဃာငါးပါးထွက်ပေါ်
ရန်ကုန်နှင့် မန္တလေးမြို့တော်များရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်
များမှ ၁၉ နှစ်တာ ကာလအတွင်း Ph.D ပါရဂူဘွဲ့ရှင် ငါးပါး ထွက်ပေါ်လာကြောင်း
နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ် (မန္တလေး) မော်ကွန်းထိန်းရုံး
တာဝန်ရှိသူ ထံမှ သိရသည်။
မိုးထိမိုးမိ ပဋိပက္ခ ၉ ဦး ဒဏ်ရာရ
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာရှိတဲ့ မိုးထိ မိုးမိ တောင်က ရွှေလုပ်သား
၁၀၀ကျော် ဟာ အဲဒီ့ဒေသမှာ လုပ်ကိုင်စားသောက်ခွင့်ပြန်ရရေးအတွက်
ဆန္ဒပြတောင်းဆိုရာမှာ ဒီဇင်ဘာလ ၁၈ရက်နေ့ညက ရဲတွေနဲ့
ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နှစ်ဖက်လုံးက ထိခိုက်မူတွေ ရှိခဲ့ပါတယ်။
ဆန္ဒပြသူတွေဘက်ကတော့ ၉ဦးထက် မနည်း ထိခိုက်ဒဏ်ရာရပြီး ၅ဦးခန့်က
အတွင်းလူနာအဖြစ် ရမည်းသင်းဆေးရုံမှာ ဆေးဝါးကုသခံနေရဆဲလို့ဆိုပါတယ်
ရဲတွေဘက်ကလည်း ထိခိုက်မူတွေရှိတယ်လို့ ပြောပါတယ် မအေးအေးမာက
သတင်းပေးပို့ထားပါတယ်။
ထိုင်း ဝန်ကြီးချုပ် ပြုတ်ကျရေး ဆန္ဒပြပွဲ ပြန်စ
ထိုင်းဝန်ကြီးချုပ် ရင်လတ် ရှင်နာဝပ်(Yingluck Shinawatra) ကိုဖြုတ်ချဖို့
ထပ်ပြီးကြိုးပမ်းတဲ့အနေနဲ့ အတိုက်အခံတွေဟာ ကြာသပတေးနေ့က
ဘန်ကောက်မြို့တော်တလွှားမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူက ၂၅၀၀ ဝန်းကျင်လောက်ရှိပါတယ်။ အရင်တုန်းက လွှတ်တော်ကို
ဖျက်သိမ်းပေးဖို့ နဲ့ ရွေးကောက်ပွဲ အသစ်ကျင်းပပေးပြီး
နိုင်ငံရေးပြဿနာပြေလည်အောင် လုပ်ပေးဖို့ တောင်းဆိုကြတဲ့ လူအုပ်လောက်
မများလှပါဘူး။
ပြည်ပမှာ တရားဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ ၁၈ သိန်းရှိ
အခုအခါမှာ ထိုင်း၊ မလေးရှား၊ စင်ကာပူ ၊ ဂျပန်၊ ကိုးရီးယားစတဲ့ နိုင်ငံ ၁၅
နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ တရားဝင်မှတ်ပုံတင်ထား သူ
မြန်မာရွှေ့ပြောင်းအလုပ်သမား အားလုံးပေါင်း
၁၈ သိန်းရှိတယ်လို့ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က
ပြောကြားလိုက်ပါတယ်။
ပိုကာချန်ပီယံဘွဲ့ရတဲ့ တင်းနစ်ချန်ပီယံ
တင်းနစ်ပြိုင်ပွဲတွေ နားထားပေမယ့် ကမ္ဘာ့အဆင့်(၁) တင်းနစ်သမား နာဒယ်ကတော့
ချန်ပီယံဆုတစ်ခုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ချက်နိုင်ငံမှာ ကျင်းပခဲ့တဲ့
ဥရောပပိုကာပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်(၁) ပိုကာသမား
နီဂရီယာနူကို အနိုင်ကစားပြီး ဥရောပပိုကာ ချန်ပီယံဘွဲ့ ဆွတ်ခူးခဲ့တာပါ။
အဲဒီပြိုင်ပွဲမှာ အေစီမီလန် တိုက်စစ်မှူးဟောင်း ရှက်ဗ်ချန်ကို၊ နာမည်ကျော်
အီတလီ နှင်းလျှောစီးသမား တွမ်ဘာတို့ ပါဝင်ခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲ
ကျင်းပရေးကော်မတီအဖွဲ့ဝင် ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုလည်း
ပါဝင်ခဲ့ပါတယ်။
မန်ချက်စတာနှစ်သင်း မဆုံတွေ့ခဲ့သည့် ကက်ပီတယ်ဝမ်း ဆီမီးဖိုင်နယ်
ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ် မဲခွဲမှုများ ပြုလုပ်ခဲ့ရာတွင် မန်ချက်စတာနှစ် သင်း ရှောင်လွဲနိုင်ခဲ့သည်။ စတုတ်စီးတီးကို
အနိုင်ရခဲ့သည့် မန်ယူမှာ ဆန်းဒါးလန်း အသင်းနှင့် တွေ့ဆုံနေပြီး ၎င်းတို့အတွက် ၁၃ကြိမ်မြောက် လိဂ်ဖလား ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခြင်းဖြစ်လာခဲ့သည်။
အနိုင်ရခဲ့သည့် မန်ယူမှာ ဆန်းဒါးလန်း အသင်းနှင့် တွေ့ဆုံနေပြီး ၎င်းတို့အတွက် ၁၃ကြိမ်မြောက် လိဂ်ဖလား ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခြင်းဖြစ်လာခဲ့သည်။
ဖွဲ့စည်းပုံပြင်ဆင်ရေး ၈၈ သဘောထား နိုင်ငံရေးအင်အားစု အားလုံးထံသို့ ပို့မည်
ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်း၏သဘောထားကို
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် အခြေခံဥပဒေ လေ့လာသုံးသပ် ရေး
ပူးပေါင်းကော်မတီအပါအ၀င် အခြားသော နိုင်ငံရေးအင်အားစုများအားလုံးထံသို့ ပေးပို့သွားရန် စီစဉ် ထားကြောင်း အကြံပြုစာရေးဆွဲရေးအဖွဲ့ဝင် ဦးဂျင်မီက ဒီဇင်ဘာ ၁၉ရက်တွင် မဇ္ဈိမကိုအတည်ပြုသည်။