တစ်နှစ်အတွင်း အများပိုင် ကုမ္ပဏီအရေအတွက် နှစ်ဆကျော် တိုးတက်လာကြောင်း
အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား
ရေးမှူးချုပ် ဦးအောင်နိုင်ဦးက မဇ္ဈိမသို့ ဇန်န၀ါရီလ ၆ ရက်တွင်
ထုတ်ဖော်ပြောကြားလိုက်သည်။
Pages
▼
7.1.14
ပြည်ပသို့ ရော်ဘာတင်ပို့မှု များနေသော်လည်းဝင်ငွေကျဆင်းနေ
လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ရော်ဘာတင်ပို့မှုပမာဏမြ င့်တက်နေသော်လည်း
ဈေး နှုန်းကျဆင်းမှုကြောင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကထက်
ဝင်ငွေကျဆင်းဖွယ်ရှိနေသည်ဟု စီးပွားရေးနှင့် ကူး
သန်းရောင်းဝယ်ရေးဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ အမည်မဖော်လိုသူ
အရာရှိတစ်ဦးက ဇန်န၀ါရီ ၆ ရက်တွင်
Janet Yellen အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌသစ်အဖြစ် အထက်လွှတ်တော် အတည်ပြု
အမေရိကန်အထက်လွှတ်တော်က Janet Yellen ကို အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်ရဲ့
ဥက္ကဋ္ဌသစ်အဖြစ် မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် သူဟာ
ကမ္ဘာ့စီးပွားရေးအသိုင်းအဝိုင်းမှာ လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တွေအနက် တစ်ဦး ဖြစ်လာခဲ့ပါပြီ။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မူးယစ်ဆေးဝါးများ အလွယ်တကူ ၀ယ်ယူရရှိနိုင်မှုကြောင့် လူငယ်များအကြား သုံးစွဲမှုကျယ်ပြန့်နေ
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခုလက်ရှိကာလအထိ မူးယစ်ဆေးဝါးများကို အလွယ်တကူ ၀ယ်ယူရရှိနိုင်မှုကြောင့် လူငယ်လူလတ်ပိုင်းများအကြား ကျယ်ပြန့်စွာ သုံးစွဲလျှက်ရှိနေကြောင်း ခိုင်မာသည့် သတင်းအရင်းမြစ်များမှ စုံစမ်းသိရသည်။
ဗြိတိန်မှာ အိပ်နေတုန်း iPhone Charger ပေါက်ကွဲမှု ဖြစ်ခဲ့
Donna Senior လို့အမည်ရတဲ့ အမျိုးသမီးဟာ ဗြိတိန်နိုင်ငံ၊ Yorkshire မှာ နေထိုင်ပြီး နီးစပ်ရာ ဖုန်းဆိုင်တစ်ခုကနေ iPhone Charger ဝယ်ပါတယ်။ Apple က Officially ထုတ်လုပ်ထားတဲ့ အားသွင်း တုံးတော့ မဟုတ်ပါဘူး။ Revive A1299 USB Charger ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပါကစ္စတန်ကျောင်းသူ မာလာလာတို့ အိန္ဒိယနိုင်ငံ ကျောင်းသားညီလာခံတွင် မိန့်ခွန်းပြောကြားမည်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသမီးများ
ပညာသင်ကြားခွင့်ရရှိရေး လှုပ်ရှားသူ ပါကစ္စတန်ကျောင်းသူ မာလာလာတို့
အိန္ဒိယနိုင်ငံ Pune မြို့၌ ကျင်းပမည့် ကျောင်းသားညီလာခံ၌ ဇန်န၀ါရီ ၁၀
ရက်တွင် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း India Today သတင်းစာ၏ ဖော်ပြချက်အရ
သိရသည်။ ဒေါ်အောင်ဆန်း စုကြည်နှင့် မာလာလာတို့သည် အိန္ဒိယနိုင်ငံ Maharashtra
Institute of Technology က ကြီးမှူး၍ သုံးရက်ကြာ ကျင်းပမည့်
အိန္ဒိယကျောင်းသားများ ညီလာခံဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ဘင်္ဂလားရွေးကောက်ပွဲ အာဏာရပါတီ အနိုင်ရကြောင်းကြေညာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ပါလီမန်ရွေးကောက်ပွဲရဲ့
အနိုင်အရှုံးစာရင်း ကြိုတင် ထွက်ပေါ်လာတဲ့ တနင်္လာနေ့ စစ်တမ်းတွေအရ လက်ရှိအာဏာရ
အ၀ါမီလိခ် ပါတီက အနိုင်ရနေတယ်လို့ ဆိုပါတယ်။
တပ်နေရာချထားရေးကိစ္စ အကောင်အထည်ဖော်ရန် သက်ဆိုင်ရာ နယ်မြေတာဝန်ခံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြားခဲ့သည်ဟု KNU ပြောကြား
အစိုးရတပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံးတို့အကြား တပ်နေရာ ချထားရေးများ အကောင်အထည်ဖော် ဆောင်ရွက်ရန်
သက်ဆိုင်ရာနယ်မြေ တာဝန်ခံများကို ညွှန်ကြားမည်ဟု တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု
ကရင်အမျိုးသား အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက
ဇန်န၀ါရီ ၆ ရက်တွင် ပြောကြားသည်။
အချိန်အကန့်အသတ်ဖြင့် တိုင်းပြည်တာဝန် ယူရသောကြောင့် ကျန် ၂၄ လတွင် ပြည်သူများ မြန်မြန်ဆန်ဆန် တိုက်ရိုက်အကျိုး ခံစားရမည့်လုပ်ငန်းနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အုတ်မြစ်ချရမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား
အချိန်အကန့်အသတ်ဖြင့်
တိုင်းပြည်တာဝန် ယူရသောကြောင့် ကျန် ၂၄ လတွင် ပြည်သူများ မြန်မြန်ဆန်ဆန်
တိုက်ရိုက်အကျိုးခံစားရမည့် လုပ်ငန်းနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး
လုပ်ငန်းများ အုတ်မြစ်ချရမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇန်န၀ါရီ ၆
ရက် တွင် နေပြည်တော်ရှိ သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော
ပဉ္စမအကြိမ်မြောက် စီမံကိန်းကော်မရှင်
လန်ပိကျွန်း အနောက်ဘက်တွင် သေဆုံးလျက်တွေ့ရသော ၄၆ ပေအရှည်ရှိ ဝေလငါးကြီးအားအရိုးချရန် တစ်နှစ်ခန့် ကြာမည်ဖြစ်ပြီး မြိတ်တက္ကသိုလ် အဏ္ဏ၀ါသိပ္ပံဌာနမှ သွားရောက်လေ့လာနေ
တနင်္သာရီတိုင်း ဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် အတွင်းရှိ လန်ပိကျွန်းအနောက်ဘက်
လခြမ်းအော်တွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃ ရက်က အရှည် ၁၆ ပေ လုံးပတ် ပေ ၂၀
ကျော်ရှိသော ဝေလငါးကြီးတစ်ကောင် ကမ်းတင်သေဆုံးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ဝေလငါးကြီးအား လန်ပိကျွန်း သစ်တောဌာနတွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက တွေ့ရှိခဲ့ပြီး မြန်မာ့ရေတပ်မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ ဝေလငါးကြီးမှာ အမဖြစ်ပြီး မသေဆုံးမီ က ဝေလငါးကြီး နှစ်ကောင် ညှပ်လျက် လန်ပိကျွန်းတန်းဘက်သို့ ထွက်သွားကြောင်း တံငါသည်တချို့ တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဝေလငါးကြီးအား လန်ပိကျွန်း သစ်တောဌာနတွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက တွေ့ရှိခဲ့ပြီး မြန်မာ့ရေတပ်မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ ဝေလငါးကြီးမှာ အမဖြစ်ပြီး မသေဆုံးမီ က ဝေလငါးကြီး နှစ်ကောင် ညှပ်လျက် လန်ပိကျွန်းတန်းဘက်သို့ ထွက်သွားကြောင်း တံငါသည်တချို့ တွေ့ရှိခဲ့ကြောင်း သိရသည်။
နိုင်ငံရေးပါတီများကို ထောက်ခံရာတွင် မေတ္တာအရ ထောက်ခံခြင်း မဖြစ်သင့်ဟု ကလေးမြို့ခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ် ခရီးစဉ်အဖြစ် ဇန်န၀ါရီ ၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ကလေးမြို့လေဆိပ်သို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။
ကလေးမြို့သို့ ရောက်ရှိ လာသော ဒေါ်အောင်ဆန်း စုကြည်အား ကလေးမြို့လေ ဆိပ်မှ ရှင်းဟုန် ဟိုတယ်သို့ သွားရောက်ရာ လမ်းတစ်လျှောက် လမ်းဘေးဝဲယာမှ ကလေးမြို့၊ ကလေးဝမြို့၊ မော်လိုက်မြို့နှင့် အထက်ချင်းတွင်း ဒေသမှ ဒေသခံများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များက ကြိုဆိုခဲ့သည်ကြသည်။
ကလေးမြို့သို့ ရောက်ရှိ လာသော ဒေါ်အောင်ဆန်း စုကြည်အား ကလေးမြို့လေ ဆိပ်မှ ရှင်းဟုန် ဟိုတယ်သို့ သွားရောက်ရာ လမ်းတစ်လျှောက် လမ်းဘေးဝဲယာမှ ကလေးမြို့၊ ကလေးဝမြို့၊ မော်လိုက်မြို့နှင့် အထက်ချင်းတွင်း ဒေသမှ ဒေသခံများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များက ကြိုဆိုခဲ့သည်ကြသည်။
ဇန်နဝါရီ ၁၉ ရက်နေ့မှာ ၁၄နှစ်ပြည့်မယ့် အကယ်ဒမီ ဆုရှင် ယွန်းယွန်း
မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲ မှာ “တိမ်မင်းသမီး ရဲ့ဒဏ္ဍာရီ” ဇာတ်ကားနဲ့ အထူးဆုကို ရရှိ ပိုင်ဆိုင်ခဲ့တဲ့ ကလေး သရုပ်ဆောင် ယွန်းယွန်းကို အကယ်ဒမီ ဆုရရှိတဲ့ အချိန် မှာ ဖြစ်ပေါ်လာတဲ့ သူ့ရဲ့ခံစားချက်တွေကို မေးကြည့် တော့ “သမီး ဒီလို အခြေ အနေလေးကို တအားမျှော်လင့် တောင့်တခဲ့တာပါ။ တကယ်တမ်း ရောက်လာတော့ သမီး ထင်တာထက် အဆပေါင်း များစွာ သာတဲ့ ပျော်ရွှင်မှု၊ ရင်ခုန်မှုတွေကို ခံစားရပါတယ်။ သမီး ဒီအခြေအနေလေးတွေ ကို တအား ကြိုက်ပါတယ်။ အချိန်တွေကို တအား ဆွဲဆန့်ထားချင်တယ်။
ထိုင်းဆန္ဒပြမှု မြန်မာတွေ သတိရှိကြဖို့ သံရုံးနှိုးဆော်
ထိုင်းနိုင်ငံမှာ လာမယ့် ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ ဘန်ကောက်တမြို့လုံးကို
ပိတ်ဆို့ဆန္ဒပြဖို့ စီစဉ်ထားတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ မှာ
မြန်မာနိုင်ငံသားတွေ မပါဝင်ကြဖို့
တတ်နိုင် သလောက် ဆန္ဒပြနေရာတွေ ကို ရှောင်ရှားပြီးတော့ မိမိတို့လုံခြုံရေးကို
အထူးဂရုစိုက်ကြဖို့ ဘန်ကောက် မြန်မာသံရုံးက ထိုင်းနိုင်ငံမှာရှိ တဲ့
မြန်မာနိုင်ငံသားတွေကို သတိပေး တိုက်တွန်းထားပါတယ်။