ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသား
မျိုးနွယ်စုများအား အကြမ်းဖက် အုပ်စုများမှ အကြောင်းရှာကာ အကြမ်းဖက်မှုများ
ရှိလာသဖြင့် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်
နေကြရကြောင်း သတင်းရရှိသည်။
Pages
▼
9.8.13
ရပ်ဆိုင်းခဲ့သည့် ဗုဒ္ဓဂယာ ခရီးသွား အာမခံကို ယခင်နှုန်းထားအတိုင်း ပြန်လည်ထားရှိခွင့်ပြု
ပြည်ပခရီးသွားရာတွင် ထားရှိရသော ခရီးသွား အာမခံဖြစ်သည့် ဗုဒ္ဓဂယာ
ခရီးသွားအာမခံကို ယခင်သတ်မှတ်ထားသည့် ပရီမီယံ နှုန်းထားအတိုင်း
ပြန်လည်ထား ရှိခွင့် ပြုမည်ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အမေရိကန်၊ တရုတ်၊ သြစတြေးလျ အပါအ၀င် နိုင်ငံတကာသို့ အကူအညီတောင်းခံ
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက်
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာ ရုံးမှတစ်ဆင့် အမေရိကန်၊ တရုတ်၊
သြစတြေးလျနိုင်ငံ အပါအ၀င် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်
သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် ဌာနမှ ဌာနမှူး ရဲမှူးချုပ်စိုးမြိုင်က သြဂုတ် ၈ ရက်
နန်းဖာလုံဈေးအတွင်း ကသည်းသူပုန်မှ ဆက်ကြေးတောင်းသည့် ကိစ္စနှင့် ပတ်သက်၍ ဈေးသူဈေးသားများကို အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ ခေါ်ယူမေးမြန်း
နန်းဖာလုံဈေးတွင် ကသည်းသူပုန်မှ ဆက်ကြေးတောင်းသည့် ကိစ္စနှင့် ပတ်သက်၍
ဈေးသူဈေးသားများကို အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့မှ ဖြစ်စဉ်အမှန်ကို
ခေါ်ယူမေးမြန်း ခဲ့သည်ဟု ဈေးသူဈေးသား များက ပြောကြားခဲ့ကြသည်။
ဟိုတယ်များအား ယခုနှစ်အတွင်း ကြယ်ပွင့်အဆင့် မသတ်မှတ် နိုင်သေးသောကြောင့် ဟိုတယ်များကို စစ်ဆေးပြီး အဆင့်မြှင့်တင်မှုသာ ပြုလုပ်မည်
နိုင်ငံခြားသားများ တည်းခိုနိုင်ရန် အတွက် အဆင့်မီ ဟိုတယ်အခန်းများ
ပိုမိုတိုးတက် လာစေရန် ရည်ရွယ်၍ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း
ဝန်ကြီးဌာနနှင့် ဟိုတယ် လုပ်ငန်းရှင်များ အသင်းက ဟိုတယ်များကို ယခုလအတွင်း
စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရိုဟင်ဂျာနဲ့ ထိုင်းအာဏာပိုင်တွေ အခြေအနေတင်းမာမှုဖြစ်
ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င ခရိုင်အတွင်းက လူဝင်မှုထိန်းသိမ်းရေးစခန်းမှာ
ထိန်းသိမ်းခံရထားရတဲ့ ရိုဟင်ဂျာ တွေက သူ့ရဲ့ ရာမန်ဒန် ဦးပုဒ်ကာလအပြီး
ကျင်းပတဲ့ အစ်ပွဲတော်ကို ကျင်းပ ပြုလုပ်နိုင်ဖို့အတွက်
ထိန်းသိမ်းရေးစခန်းကို ဖျက်စီးပြီး အပြင်ထွက်ဖို့ ကြိုးစားတဲ့အတွက်ကြောင့်
ထိုင်း ရဲတွေက မီးသတ်ပိုက်တွေသုံးပြီးကာကွ ယ် နှိမ်နှင်းခဲ့ရတယ်လို့သိရပါတယ်။
လှည်းကူးမြို့နယ် ကျေးရွာတစ်ရွာရှိ လယ်မြေအချို့တွင် ရေညစ်ညမ်း မှုကြောင့် ကောက်စိုက်သူများတွင် ယားနာများ ဆိုးရွားစွာဖြစ်ပေါ်
လှည်းကူးမြို့နယ်၊ ၀ါးနက်ကုန်းကျေးရွာရှိ စပါးစိုက်ရာ လယ်မြေအချို့တွင်
ယခုလအတွင်း လယ်အတွင်းရှိ ရေညစ်ညမ်း မှုများကြောင့် ကောက်စိုက်သမများ၏
လက်နှင့်ခြေထောက်များတွင် ယားနာများဆိုးရွားစွာ ဖြစ်ပေါ်လျက် ရှိကြောင်း
အဆိုပါ ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ငှက်ဖျား ကာကွယ်ဆေးသစ် စမ်းသပ်အောင်မြင်
ငှက်ဖျားရောဂါ စမ်းသပ်စစ်ဆေးမှုတွေမှာ မိမိဆန္ဒအလျှောက်ပါဝင်သူတွေနဲ့
စမ်းသပ်ကြည့်ခဲ့တဲ့ ကာကွယ်ဆေးတမျိုးဟာ အောင်မြင်မှု ရှိတာတွေ့ ရတယ်လို့
အမေရိကန်သုတေသီတွေက ပြောပါတယ်။ ဒီ ငှက်ဖျားရောဂါ ကာကွယ်ဆေး စိတ်ချရတာကို
အစမ်းသပ်ခံသူတွေရဲ့ ကိုယ်ခံအားစံနစ်မှာ တုန့်ပြန်တာကိုတွေ့ရှိခဲ့ပြီး ကျန်းမာတဲ့ လူကြီးတွေအတွက် ငှက်ဖျားရောဂါကို ကာကွယ်နိုင်တယ်လို့လည်း ပြောပါတယ်။
မြန်မာ့ကျောက်မျက် ဆက်လက် ပိတ်ပင်မှု ထိရောက်နိုင်သလား
မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ တင်သွင်းခွင့်ပိတ်ပင်တားမြစ်ချက်ကို အမေရိကန်ပြည်ထောင်စုက သက်တမ်းဆက်ပြီးတိုးလိုက်တာဟာ
ပါဝင် ပါတ်သက်နေတဲ့ မြန်မာစစ်ဘက်ကို အရေးယူချင်လို့ လုပ်ဆောင်တာ လို့
ပြောပေမယ့် ဒါဟာ ဒွိဟဖြစ်စရာ တခုဖြစ်နေတယ် လို့ မြန်မာ့အရေးလေ့လာ
သုံးသပ်သူတွေက မြင်ပါတယ်။
Eid al-Fitr ပွဲတော်ချိန် ပါကစ္စတန်ဗုံး ၃၀ ကျော်သေ
အစ္စလာမ်ဘာသာဝင်တွေရဲ့ Ramadan ဥပုသ်လ ကုန်ဆုံးချိန်အဖြစ် အိဒ်နေ့
အခမ်းအနားတွေကို ကမ္ဘာတလွှား နေရာ အတော်များများမှာ ကျင်းပကြပါတယ်။
ကမ္ဘာပေါ်မှာ မူဆလင်လူဦးရေ အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံမှာ
ကြာသပတေးနေ့က အိဒ်ပွဲတော်နေ့အဖြစ် ဗလီတွေမှာ ၀တ်ပြု ဆုတောင်းခဲ့ကြတာပါ။
အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ဘာသာရေး နယ်မြေဖြစ်တဲ့ ဆော်ဒီအာရေဗီးယား နိုင်ငံ အပါအ၀င် အရှေ့အလယ်ပိုင်းနဲ့ အာရှဒေသ နိုင်ငံတွေမှာလည်း အိဒ်ပွဲတော်ကို ဆင်နွှဲကြပါတယ်။
ပေါင် ၅၀၀ ရှိတဲ့ ဘိန်းဖြူတွေကို ထိုင်းရဲဖမ်းမိ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဘိန်းဖြူအလေးချိန် ပေါင် ၅၀၀ ဒါမှမဟုတ်
ကီလိုဂရမ် ၂၃၀ လက်ဝယ်ထားရှိမှုနဲ့ လူလေးယောက်ကို ထိုင်းရဲတွေက
ဖမ်းဆီးလိုက်ပါတယ်။
တာဝန်သိပြည်သူ တစ်ဦးရဲ့ သတင်းပေးပို့ချက်ကြောင့် ဟိုတယ်တစ်ခုမှာ တည်းခိုနေတဲ့ အသက် ၃၉ နှစ်အရွယ် ထိုင်းနိုင်ငံသား တစ်ဦးကို ထိုင်းရဲတွေ ဖမ်းဆီးပြီး သူ့ရဲ့ ကားကို ရှာဖွေတဲ့အခါ ပေါင် ၅၀၀ ရှိတဲ့ ဘိန်းဖြူအိတ်အလုံး ၇၀၀ ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
တာဝန်သိပြည်သူ တစ်ဦးရဲ့ သတင်းပေးပို့ချက်ကြောင့် ဟိုတယ်တစ်ခုမှာ တည်းခိုနေတဲ့ အသက် ၃၉ နှစ်အရွယ် ထိုင်းနိုင်ငံသား တစ်ဦးကို ထိုင်းရဲတွေ ဖမ်းဆီးပြီး သူ့ရဲ့ ကားကို ရှာဖွေတဲ့အခါ ပေါင် ၅၀၀ ရှိတဲ့ ဘိန်းဖြူအိတ်အလုံး ၇၀၀ ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သြစီအစိုးရက ရွှေးကော်ပွဲမှာ အနိုင်ရဖို့ အတော်ကြိုးစားရမှာဖြစ်
သြစတြေးလျ နိုင်ငံက အထွေထွေရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ အစိုးရ ပါတီက
လွှတ်တော်မှာ လိုအပ်တဲ့ ရွေးကောက်ခံမှု အသာရဖို့ အတော့်ကို ကြိုးစား နေရ
ပြီး၊ ဝန်ကြီးချုပ် Kevin Rudd က အကယ်၍ ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ တရက်က
ကျင်းပမယ်ဆိုရင် သူဦးဆောင် နေတဲ့ပါတီဟာ ရှုံးဖို့ သေချာ တယ်လို့ ဆိုပါတယ်။
H7N9 ကြက်ဌက်တုတ်ကွေး လူလူချင်း ကူးစက်နိုင်လို့ဆို
တရုတ်နိုင်ငံ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ H7N9 အမျိုးအစား ကြက်ဌက်တုတ်ကွေး ရောဂါသစ်ဟာ လူလူချင်းကို ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။
H7N9 အမျိုးအစား ကြက်ဌက်တုတ်ကွေးရောဂါသစ်ကို ဒီနှစ် မတ်လတုန်းက တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီးနောက်ပို င်း လူပေါင်း ၁၃၂ ယောက် ကူးစက်ခံရပြီး
H7N9 အမျိုးအစား ကြက်ဌက်တုတ်ကွေးရောဂါသစ်ကို
မီဒီယာ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်မှာ တင်ပေးမယ်
မြန်မာနိုင်ငံက စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ကနေ ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေကြမ်း ကို လွှတ်မှာတင်သွင်းနိုင်ဖို့အတွက် အငြင်းပွားမှုတွေဖြစ်နေချိန် မှာပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကနေပြီး ဒီဥပဒေကြမ်းကို လွှတ်တော်မှာ တင်သွင်းပေးမယ်လို့ ပြောလိုက်ပါတယ်။
အယ်လ်ကိုင်ဒါ အန္တရာယ်ကြောင့် အမေရိကန် သံရုံးများ ပိတ်
အရှေ့ အလယ်ပိုင်းနှင့် အာဖရိကတွင်ရှိသော အမေရိကန် သံရုံးများကို သြဂုတ် ၁ဝ
ရက်အထိ ပိတ်ထား ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အရာရှိများ က
ပြောကြားခဲ့ကြသည်။
ရန်ကုန်တွင် ကျင်းပသည့် ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ်ပွဲသို့ သ၀ဏ်လွှာ ၅၅ ခု ပေးပို့ခဲ့ကြ
ရန်ကုန်မြို့ MCC ခန်းမတွင်ကျင်းပသည့် ရှစ်လေးလုံးအရေးတော်ပုံ
ငွေရတုအထိမ်းအမှတ် အခမ်းအနားသို့ လွှတ်တော်၊ အဖွဲ့အစည်းများ၊ နိုင်ငံရေး
ပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည် ပရောက်
နိုင်ငံရေး အင်အားစုများက သ၀ဏ်လွှာများ ပေးပို့ခဲ့ရာ သြဂုတ် ၈ ရက်တွင်
သ၀ဏ်လွှာစုစု ပေါင်း ၅၅ ခု လက်ခံရရှိခဲ့သည်။
ရှားပါးရောဂါ တစ်မျိုးဖြစ်သည့် ပါးစပ်အတွင်း အသားပို ပေါက်နေသော အမေရိကန် ကလေးငယ်
အမေရိကန်နိုင်ငံ တန်နက်ဆီ ပြည်နယ် နက်ရှ်ဗေးလ်မြို့မှ အသက် (၁၂)ပတ်
အရွယ်ရှိ မိုင်လေးဘူချာနန် ဆိုသူ ကလေးငယ်သည် အင်မတန်မှ ရှားပါးလှသော
ရောဂါတစ်မျိုးဖြစ်သည့် ပါးစပ်အတွင်း အသားပို ပေါက်သည့် ဝေဒနာကို ခံစားရ
လျက်ရှိကြောင်း သိရသည်။ အဆိုပါ အသားပိုသည် ကလေးငယ် ၏ ပါးစပ်အတွင်း ရှိပြီး ၎င်း၏ လည်ချောင်းကို လျှောကျ သွားစေသည်။
ရေဘေးဒုက္ခသည်တွေအတွက် ဒေါ်အောင်ဆန်းစုကြည် ငွေကျပ် ၇၅ သိန်း လှူဒါန်း
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က ရေဘေးဒုက္ခသည်တွေအတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ကျပ်ငွေ ၇၅ သိန်း ဒီကနေ့ လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်အတွက် ငွေလက်ခံရယူခဲ့တဲ့ ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဗဟိုကော်မတီဝင် ဦးစောတင်ဝင်း က RFA ကို အခုလိုပြောပါတယ်။
ကရင်ပြည်နယ်အတွက် ငွေလက်ခံရယူခဲ့တဲ့ ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ခ
လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ် အာဆင်နယ်သို့ ထွက်ခွာရန် တောင်းဆို
လီဗာပူး တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်သည် အသင်းမှ ထွက်ခွာရန် ဆန္ဒရှိသည်ကို
ဗြိတိန် သတင်းစာနှစ်စောင်နှင့် တွေ့ဆုံ မေးမြန်းခန်းများ တွင် အတည်ပြု
ပြောကြားထားသည်။
၈၈ လူထု အရေးတော်ပုံ နှစ်ပတ်လည် နယ်အသီးသီး ကျင်းပ
အလားတူ ဒီကနေ့ကျရောက်တဲ့ ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ၂၅
နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အခမ်းအနားတွေကို အထက်မြန်မာပြည် တလွှားမှာလည်း
ကျင်းပခဲ့ကြပါတယ်။ အထက်မြန်မာပြည် မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ ၈ လေးလုံး
ငွေရတု အခမ်းအနားမှာတော့ - ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံ
တစ်ပါတီအာဏာရှင်စနစ်ကို ဖြုတ်ချခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ကို ပြည်သူ့ဒီမိုကရေစီနေ့အဖြစ်
တရားဝင် သတ်မှတ် ပြဌာန်းပေးဖို့နဲ့ လာမယ့် ပြည်ထောင်စုနေ့ကို
နောက်ဆုံးထားပြီး တိုင်းရင်းသားအားလုံး ပါဝင်တဲ့ ပြည်သူ့ညီလာခံကြီး
ကျင်းပပေးဖို့ အပါအ၀င် မူ ၃ ရပ်ကို ချမှတ်ခဲ့ကြပါတယ်။