လူတိုင်းလူတိုင်း ဗောက်ထတဲ့ ပြဿနာရှိတတ်ကြပြီး မကြာခဏ ယားယံတာနဲ့ ကုတ်ရတဲ့ သံသရာလည်ပတ်နေတတ်တယ်လို့ အရေပြားအထူးကု ဆရာဝန်တွေက ပြောပါတယ်။ ဗောက်ထတာကို ဂရုမစိုက်ဘဲထားရင် ဗောက်ဖတ်တွေ ထူထပ်လာပါတယ်။ ဒါကြောင့် ယားယံလာပြီး ကုတ်မိတတ် ပါတယ်။ ပြင်းပြင်း ထန်ထန် ကုတ်တာကြောင့်အနာဖြစ်သွားပြီး ရောဂါပိုးတွေ ဝင်ရောက်နိုင်ပါတယ်။ ဒီသံသရာကို ရှောင်ရှားနိုင်အောင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုပါ။
Pages
▼
20.1.14
ဗောက်ထခြင်း (Dandruff)

၃ - ရက် နဲ့ ၁ - ပတ်အတွင်းမှာ ၀က်ခြံ အမာရွတ်တွေ သူ့ အလိုလို ပျောက်သွားနိုင်တဲ့နည်း
ဆယ်ကျော်သက်ရွယ်ကစလို့ ၊ သွေးဆုံး ပြီး နောက် ၃ - နှစ်ခန် တိုင်အောင်
ဟော်မုန်းတွေ ပြောင်းလဲမှု ကြောင့် အမျိုးသား၊ အမျိုးသမီး ၁၀ ဦးမှာ ပျမ်းမျှ
အား ဖြင့် ၉.၉၉ ဦး ခန့်  အနည်း နဲ့ အများ ဆိုသလို ၀က်ခြံ မပေါက်ဖူး တဲ့
သူရယ် လို့ မရှိ ကြပါဘူး။ ကျန် ၀.၀၁ ဦး က တော့ ရှားပါးလွန်းတဲ့ အသားအရေ
ကံထူးရှင် တွေလို့ ဆိုနိုင်ပါတယ်။ အသင့်အတင့် ၀က်ခြံ ပေါက်ပြီး နောက် ၃ -
ရက် နဲ့ ၁ - ပတ် အတွင်းမှာ အမာရွတ်တွေ သူ့ အလိုလို ပျောက်သွား တတ်ပါတယ်။
ဒါပေမယ့် အချို့ အသား အရေ ပိုင်ရှင်တွေ မှာ တော့ ရုပ် အလှ ပျက် လောက်အောင်
ဝက်ခြံအမာရွတ်တွေ စွဲကျန် နေရစ် ခဲ့ရှာတုန်းပါဘဲ။
အမျိုးသမီးအရေး ဆိုတာ ယဉ်ကျေးမှုနဲ့ အလှအပကိုပဲ အာရုံစိုက်ဖို့မဟုတ်ဘူး
WLB အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညို (ဓာတ်ပုံ – ဧရာဝတီ)
မြန်မာ့ တပ်မတော်၏ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် စစ်မှန်သည့် ဒီမိုကရေစီ အစိုးရ မပေါ်ပေါက်မချင်း ရပ်တန့်မည် မဟုတ်ကြောင်း အဓိက ရေးသားထားသည့် “အရေးယူမှုမှ ကင်းလွတ်ခြင်းနှင့် မပြောင်း လဲ သေးသည့် စနစ်များ” ဆိုသည့် အမျိုးသမီးများအဖွဲ့ချုပ် – မြန်မာနိုင်ငံ (WLB) ၏ အစီရင်ခံစာ တစောင်ကို ၂၀၁၄ ခု နှစ်ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ရန်ကုန်နှင့် ထိုင်းနိုင်ငံ ချင်းမိုင် အပါအ၀င် နိုင်ငံတကာတွင် ထုတ်ပြန်မည့် အစီရင်ခံစာ နှင့်ပတ်သက်၍ WLB အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုအား ဧရာဝတီ သတင်းထောက် လင်းသန့်က ချင်းမိုင် မြို့တွင် သီးသန့် တွေ့ဆုံ မေးမြန်းထားသည်။
ကိုရီးယား မမ ၏ ဖက်ရှင်အဆန်းကြောင့် ဒီဇိုင်းကိုပွဲတတ်သူတွေနဲ့ သတင်းထောက်တွေ မျက်လုံးပြူးစေခဲ့
ပြီးခဲ့တဲ့ သတင်းပတ်က တောင်ကိုရီးယားနိုင်ငံ Bucheon မှာကျင်းပခဲ့တဲ့ ကိုရီးယားနိုင်ငံတကာရုပ်ရှင်ဆုပေးပွဲ Puchon International Fantastic Film Festival ပွဲမှာပါ။ အဆိုပါပွဲမှာ အခြားနည်မည်ကျော်တွေထက် လူအများစိတ်ဝင်စားခံခဲ့ ရတဲ့ တောင်ကိုရီးယားမော်ဒယ်လ်မင်းသမီးဖြစ်တဲ့ Yeo Min Jung ဝတ်လာတဲ့ Fashion ဒီဇိုင်းကိုပွဲတတ်သူတွေနဲ့ သတင်းထောက်တွေ မျက်လုံးပြူးစေခဲ့ပါ တယ်။

မမတို့ အတွက်.. အန္တရာယ်ရှိသော ကြက်တောင်ပံများ..
အလှအပကိုကြိုက်နှစ်သက်ကြတဲ့ မမ..တို့ ရေ..
ကြက်တောင်ပံကြော်ကို နေ့ စဉ် ရက်ဆက်စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက်တကယ့်
အန္တရာယ်တခုဆိုတာကို မျှဝေလိုက်တာပါ…
ဒါကတော့ စင်ကာပူက အမျိုးတမီးတဦးရဲ့ ဖြစ်ရပ်မှန် အကြောင်းလေးပါ။
ကြက်တောင်ပံကြော်ကို နေ့ စဉ် ရက်ဆက်စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက်တကယ့်
အန္တရာယ်တခုဆိုတာကို မျှဝေလိုက်တာပါ…
ဒါကတော့ စင်ကာပူက အမျိုးတမီးတဦးရဲ့ ဖြစ်ရပ်မှန် အကြောင်းလေးပါ။
စိတ်ဓာတ်ကျဆင်းမှု ပြဿနာ ဖြေရှင်းခြင်း
စာရေးသူရဲ့  Personal account ထဲက ညီငယ်တွေ၊ မိတ်ဆွေတွေအတော်များများ
တစ်ခါတစ်လေ စိတ်ဓာတ် ကျတယ် ဘာညာနဲ့ လာတိုင်ပင်တာများတော့ ဒီအတွက်
အကောင်းဆုံး ဖြေရှင်းနည်းလေး ပေါ့။
၂၀၁၄ ခုနှစ်မှာ ကြည့်စရာ ဟောလိဝုဒ် ရုပ်ရှင်တွေ
၂၀၁၄ ခုနှစ်မှာ ကြည့်စရာ ဟောလိဝုဒ် ရုပ်ရှင်တွေ ၄၄ ကား ဝန်းကျင် ရှိပါတယ်။ အားလုံး ရိုက်ကူးပြီးသား ဖြစ်ပြီး ရုံတင်ရက်ကို Box office က တရားဝင် ကြေညာထားပြီးသား ဖြစ်ပါတယ်။
အများစုက ထွက်ပြီးသား ရုပ်ရှင်တွေကနေ အဆက်အနေနဲ့ လာတဲ့ ရုပ်ရှင်တွေများပါတယ်။ ဥပမာ Paranormal Acutivity, 300, Captain America, Rio, Spiderman, X-Men, Resident Evil, Hobbit, Night at the Museum, Transformer, How to train Your Dragon, The Expendable, Hunger Games အစရှိသဖြင့် ဇာတ်ကား အများစုက အဆက်များအဖြစ် ပြန်လည် ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ထူးထူးခြားခြား အနေနဲ့ နှစ်အတော်ကြာမှ Robot cop က အဆက်အဖြစ် ပြန်လည် ထွက်ရှိလာခြင်း ဖြစ်ပါတယ်။
ဇာတ်ကား အများစုက အက်ရှင်နဲ့ ခေတ်လွန်ဇာတ်ကားများ ဖြစ်ပြီး ၂၀၁၄ အတွင်း Box Office စံချိန်တင်မယ့် ဇာတ်ကားများစွာ ပါဝင်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရ ပါတယ်။
.
Ref: Hollywood.

ကိုယ်လုပ်နေတဲ့ အလုပ်ကြောင့် အသားအရေကို ပိုဂရုစိုက်ဖြစ်လာတဲ့ ရွှေပိုးအိမ်
အနုပညာရှင်တစ်ယောက်ဖြစ်လာပြီဆိုရင် သာမာန်လူတစ်ယောက်ထက်တော့
ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခြယ်သ၊ ထိန်းသိမ်းရတဲ့အပိုင်းတွေ များလာပါပြီ။
အဲ့ဒီလို အလှအပနဲ့ ပတ်သက်လို့
ထိန်းသိမ်းမှုတွေ ပြုလာကြတဲ့အထဲမှာ ခုနောက်ပိုင်း အနုပညာခြေလှမ်းတွေ
စိပ်လာတဲ့ ရွှေပိုးအိမ်ဆိုတဲ့ ကောင်မလေးတစ်ယောက်လည်း အပါအ၀င်ပါပဲ။ သူမနဲ့
တွေ့ဆုံခိုက် အလှအပဆိုင်ရာ ထိန်းသိမ်းမှုတွေအကြောင်း
မေးမြန်းကြည့်လိုက်တဲ့အခါ သူမက ‘အသားအရေက အရင်ကဆို လုံးဝဂရုမစိုက်ဖြစ်ဘူး။
ပိုမို ငယ်နုစေမည့် အကောင်းဆုံး မျက်နှာလေ့ကျင့်ခန်း
အသက်အရွယ် ရလာတာနဲ့အမျှ မျက်နှာက ကြွက်သားတွေဟာ တဖြည်းဖြည်း လျော့ရဲလာပြီး
အရေးကြောင်းတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ မျက်နှာ လေ့ကျင့်ခန်းတွေကို နေ့စဉ်
လူနေမှုဘဝထဲမှာပဲ ထည့်ပေါင်း ပြုလုပ်ပေးနိုင်ပါတယ်။
ခေါင်းကိုက်ဝေဒနာ ဖြစ်စေရန် လှုံ့ဆော်နိုင်သော အရာများ
သင် ခေါင်းကိုက်တာက အိပ်ရေးမဝတာကြောင့်လား၊ ဒါမှမဟုတ်
အစားမှားတာကြောင့်လား၊ ဒါမှမဟုတ် ဘာကြောင့် ခေါင်းကိုက်ရသလဲ ဆိုတာကို
သိရှိနိုင်အောင် ဖော်ပြ ပေးလိုက်ပါတယ်။
၁။ ခန္ဓာကိုယ်အလေးချိန်
မကြာခင်က လေ့လာမှုတွေအရ အသင့်အတင့် ဝသူတွေ (BMI 30 ခန့်) ဟာ BMI နည်းသူတွေထက် ခေါင်းကိုက်နိုင်ခြေ ၃၅ ရာခိုင်နှုန်း ပိုများကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
၁။ ခန္ဓာကိုယ်အလေးချိန်
မကြာခင်က လေ့လာမှုတွေအရ အသင့်အတင့် ဝသူတွေ (BMI 30 ခန့်) ဟာ BMI နည်းသူတွေထက် ခေါင်းကိုက်နိုင်ခြေ ၃၅ ရာခိုင်နှုန်း ပိုများကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
ကိုယ်ဝန်ဆောင်မိခင် ကို ခင်ပွန်းများမပြောသင့်သောစကားများ
ဖခင်လောင်းတွေအတွက်ရော ၊ အနီးပတ်ဝန်းကျင်က လူတွေအတွက်ပါ လိုက်နာသင့်တယ်
ထင်လို့ ဒါလေးကို တင်ပေးလိုက်ပါတယ်နော်....
အမျိုးသမီး တစ်ဦးဟာ ကိုယ်ဝန် ဆောင်နေ ရချိန်မှာ သာမန် အချိန်မှာထက်
အများကြီး ပင်ပန်း နေတတ် ပါတယ်။ မွေးလာမယ့် ရင်သွေးလေး အတွက် ရင်ခုန်
စိတ်လှုပ်ရှား နေရပေမယ့် တစ်ခါတစ်ရံ စိတ်သွားတိုင်း ကိုယ် မပါတာကြောင့်
အုတ်တွင်းမြို့ ဥယျာဉ်တော်ကျေးရွာတွင် ဂျပန်လုပ် စစ်ကျန်ဗုံးသီးဟောင်း အလုံး ၁၂၀ တွေ့ရှိ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာ၊
ဦးတင်မောင်၏ နေအိမ်နောက်ဖေးတွင် ဇန်န၀ါရီ ၁၈ ရက် နံနက် ၁၁ နာရီခန့်က အိမ်သာကျင်းတူးရာမှ ဂျပန်လုပ် စစ်ကျန်ဗုံးသီး ၁၂၀ လုံးအား တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။
သန္ဓေတားသောအခါ
သန္ဓေတားခြင်း နည်းလမ်းပေါင်း များစွာရှိပါသည်။ မည်သည့်နည်းလမ်းဖြင့် သန္ဓေတားမည်ကို ဆုံးဖြတ်သော အခါ မိမိ၏ ကျန်းမာရေး အခြေအနေ၊ လိင်ဆက်ဆံသည့် အကြိမ်ရေနှင့် ကလေးလိုချင်စိတ်ရှိ/မရှိ စသည့် အချက် မြောက်မြားစွာပေါ် မူတည်၍ ဆုံးဖြတ် ရပါသည်။ သန္ဓေတားနည်း တစ်ခုခုကို ရွေးချယ် တော့မည်ဆိုလျှင် မိမိ ရွေးချယ်မည့် နည်းလမ်းသည် ထိရောက်မှု ရှိရဲ့လားဟု စတင် စဉ်းစားရပါမည်။
၁၉၈၈ ခုနှစ် အရေးအခင်းတွင် အရေးယူခံခဲ့ရသည့် နိုင်ငံ့ဝန်ထမ်းများအား လက်ရှိအစိုးရအနေဖြင့် တစ်စုံတစ်ရာ ဆောင်ရွက်ပေးရန် မရှိကြောင်း ဦးသိန်းညွန့်၏ မေးခွန်းအား အိတ်ပိတ်ဖြေကြား
၁၉၈၈ ခုနှစ် အရေးအခင်းတွင် အရေးယူခံခဲ့ရသည့် နိုင်ငံဝန်ထမ်းများအား
လက်ရှိအစိုးရအနေဖြင့် တစ်စုံတစ်ရာ ဆောင်ရွက်ပေးရန် မရှိကြောင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏မေးခွန်းအား
ကြယ်ပွင့်မပြမေးခွန်းအဖြစ် အိတ်ပိတ်ဖြေကြားခဲ့သည်။
ကိုယ်ဝန် ရှိ/မရှိ ဆီးစစ်ခြင်း နဲ့ သွေးစစ်ခြင်းအကြောင်း သိကောင်းစရာ
ကိုယ်ဝန် ရှိ/မရှိ စစ်ဆေးဖို့ရာ ဆီးစစ်ခြင်းနဲ့ သွေးစစ်ခြင်း ဆိုပြီး နှစ်မျိုးရှိပါတယ်။ စစ်ဆေးမှု နှစ်မျိုးစလုံးက human chorionic gonadotropin (hCG) လို့ခေါ်တဲ့ ဟော်မုန်းတည်ရှိမှုကို ရှာဖွေစစ်ဆေးမှုပါပဲ။ သားအိမ်လွှာမှာ သားလောင်းက သွားကပ်တာနဲ့ များမကြာမီမှာပဲ အချင်းကနေ အဲ့ဒီ့ဟော်မုန်းကို ထုတ်ပါတယ်။ ပြီးတော့ hCG ဟော်မုန်းတွေဟာ သန္ဓေစတည် စတည်တဲ့ရက်အနည်းငယ်အတွင်းမှာပဲ အလျှင်အမြန်ဖြစ်တည်လာပါတော့တယ်။ ဟော်မုန်းတွေ အလျှင်အမြန်ပြောင်းလဲ လာတာကြောင့် သန္ဓေတည်ခြင်းလက္ခဏာအများစု ဖြစ်လာတာပါ။
နိုင်ငံတကာရွှေဈေးမှာ ယခုနှစ်ဆန်းပိုင်းတွင် အကျဈေး၌ရှိနေရာ ပြည်တွင်းရွှေဈေးမှာလည်း အကျဈေး၌ပင် ရှိနေဦးမည်ဟုခန့်မှန်း
ယခင်နှစ် နှစ်ဆန်းပိုင်းက မြင့်တက်မှု ရှိခဲ့သည့် နိုင်ငံတကာရွှေဈေးမှာ ယခုနှစ်ဆန်းပိုင်းတွင် အကျဈေး၌ပင်
ဆက်လက်ရှိနေခြင်းကြောင့် နိုင်ငံတကာဈေးနှင့် ဆက်နွှယ်မှုရှိသည့်
ပြည်တွင်းရွှေဈေးမှာ အကျဈေး၌ပင် ရှိနေဦးမည်ဟု ရွှေလုပ်ငန်းရှင်များက
ပြောကြားသည်။
ကမ္ဘာ့အသက်အငယ်ဆုံး မိခင်
ကမ္ဘာ့ အသက် အငယ်ဆုံး ကိုယ်ဝန်ဆောင် ကလေး မွေးခဲ့တဲ့ သူက Peru နိုင်ငံသူ Lina Medina ဖြစ်ပြီး အသက် ၅နှစ်၊ ၇လ၊ ၁၇ရက်နဲ့ သားကလေး မွေးခဲ့တာပါ။ ခုချိန်ထိ အသက် ရှင်နေဆဲ (အသက် ၈၀နှစ်) ရှိနေပါပြီ။ Lina ကရှားရှားပါးပါး Precocious Puberty လို့ခေါ်တဲ့ အခြေအနေ တစ်ခုနဲ့ မွေးဖွားလာ တဲ့သူ တစ်ယောက် ဖြစ်ပြီး အပျိုဝင်ချိန် စောပြီး သူ့ရဲ့ ခန္ဓာကိုယ်က လိင်ပိုင်းဆိုင်ရာ အစိတ်အပိုင်း တွေကလည်း အစောကြီး ဖွံ့ဖြိုးနေ ခဲ့တာပါ။
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကပ်ပလီရွာတွင် ဒေါ်အောင်ဆန်းစုကြည် လူထုတွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး မြစ်ဆုံကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများ ပြောကြားခဲ့
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကပ်ပလီကျေးရွာတွင် ဇန်န၀ါရီ
၁၉ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်
လူထုနှင့် တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး မြစ်ဆုံကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေးကိစ္စများနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။
သိမ်းဆည်းခံလယ်ယာမြေများ ပြန်ရရှိရေး၊ လယ်သမားများအား တရားစွဲထောင်ချမှုများ မပြုလုပ်ရေး ဆန္ဒပြမှုတွင် ဦးဆောင်သူနှစ်ဦးအား ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်
အစိုးရဟောင်းလက်ထက်က သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေး၊ လယ်သမားအရေး
ဆောင်ရွက်နေသူများနှင့် လယ်မြေပြန်လည်ရရှိရန် တောင်းဆိုသော လယ်သမားများအား
တရားစွဲထောင်ချမှုများ မပြုလုပ်ရေးတို့အတွက် လယ်သမား ၅၀၀ ခန့် စုပေါင်း၍
ဆန္ဒပြခဲ့သည့်ဖြစ်စဉ်မှ ဦးဆောင်သူနှစ်ဦးအား ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားပြီဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ နိုင်ငံတကာလေကြောင်းလိုင်း ၂၈ လိုင်းဖြင့် အများဆုံးစံချိန်တင် ပျံသန်းခဲ့
၂၀၁၃ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင် ရာ လေဆိပ်များသို့ နိုင်ငံတကာလေကြောင်း ၂၈ လိုင်းဖြင့် အများဆုံးစံချိန်တင် ပျံသန်းခဲ့ကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်းခရီးစဉ် ပျံသန်းသည့် လေကြောင်းလိုင်း ၁၄ လိုင်းသာ ရှိခဲ့ရာမှ ၂၀၁၂ နှစ်ကုန်ပိုင်းတွင် မူပြည်ပလေကြောင်းလိုင်း ၂၁ လိုင်းအထိ ရှိလာခဲ့သည်။
၂၀၁၂ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်းခရီးစဉ် ပျံသန်းသည့် လေကြောင်းလိုင်း ၁၄ လိုင်းသာ ရှိခဲ့ရာမှ ၂၀၁၂ နှစ်ကုန်ပိုင်းတွင် မူပြည်ပလေကြောင်းလိုင်း ၂၁ လိုင်းအထိ ရှိလာခဲ့သည်။
အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေမှု များပြားခဲ့သော ညောင်ချောင်းသာကမ်းခြေ ယခုနှစ်တွင် လာရောက်အပန်းဖြေသူ နည်းပါးနေ
၂၀၁၃ ခုနှစ်အတွင်း အနယ်နယ် အရပ်ရပ်မှ လာရောက်အပန်းဖြေမှု များပြားခဲ့သော ဧရာဝတီတိုင်းဒေသကြီး ညောင် တုန်းမြို့နယ်ရှိ
ညောင်ချောင်းသာကမ်းခြေမှာ ယခုနှစ်တွင် လာရောက်အပန်းဖြေသူ
နည်းပါးလျက်ရှိကြောင်း ကမ်းခြေလုံခြုံရေး တာဝန်ကျရဲဝန်ထမ်းများထံမှ
သိရှိရသည်။
ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီမြစ်နှစ်ခုဆုံရာရှိ အင်းဝမြို့ဟောင်းကို ရေတိုက်စားမှုဒဏ် ကာကွယ်ရန် ရေလွှဲလက်တံငါးခု တည်ဆောက်မည်
ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီမြစ်နှစ်ခု ပေါင်းဆုံရာနေရာ အနီးရှိ အင်းဝမြို့ဟောင်း သည် နှစ်စဉ်ရေတိုက်စားမှုဒဏ်ကြောင့်
မြို့ဟောင်းမြောက်ဘက်မျက်နှာတွင် ကမ်းများပြိုလာလျက်ရှိပြီး ယခုအခါ
အင်းဝမြို့ရိုးအနီး ရောက်ရှိနေသောကြောင့် ရေ တိုက်စားမှုဒဏ် ကာကွယ်ရန်အတွက်
ရေလွှဲလက်တံများ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာသာအသီးသီးရဲ့ အနှစ်သာရအကြောင်း သင်ရိုးပြုစုသင်ကြားရေး ဆွေးနွေး
ဘာသာတိုင်းရဲ့ စစ်မှန်တဲ့အနှစ်သာရတွေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ဖို့
သင်ရိုးညွှန်းတန်းပြုစုပြီး ဘာသာရေးကျောင်းတွေမှာ သင်ကြားပေးနိုင်ဖို့
ကြိုးပမ်းသွားမယ်လို့ ဒီနေ့ကျင်းပတဲ့
ဘာသာပေါင်းစုံ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေး
အဖွဲ့ခေါင်းဆောင် ဟာဂျီဦးအေးလွင်က ပြောကြားလိုက်ပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် န၀မပုံမှန် အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုဖွယ်ရှိ
အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား န၀မပုံမှန် အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုဖွယ်ရှိကြောင်း သိရသည်။
အဆိုပါနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ဒေါက်တာအေးမောင်က ၂၀၁၃ ခုနှစ် သြဂုတ် ၈ ရက်တွင် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ဒေါက်တာအေးမောင်က ၂၀၁၃ ခုနှစ် သြဂုတ် ၈ ရက်တွင် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။