မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေး သဇင်ဘီစကစ်စက်ရုံလုပ်သားများနှင့် အလုပ်ရှင်တို့ သဘောတူချုပ်ဆိုထားသည့် အလုပ်ရှင်၊အလုပ်သမား သဘောတူစာချုပ်ပါ စည်းကမ်းချက်များကို အလုပ်ရှင်ဖက်က ချိုးဖောက်သည်ဟုဆိုကာ အလုပ်သမားတစ်ရာနီးပါးက ဇန်န၀ါရီလ၂ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
Pages
▼
2.1.14
အခြေခံဥပဒေပြင်ဆင်ရေး သမ္မတ ဦးသိန်းစိန် ထုတ်ဖော်ပြောဆို
လူ့အဖွဲ့အစည်းတရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး
လိုအပ်ချက်များနဲ့ သဟဇာတဖြစ်အောင် အခြေအနေ အချိန်အခါအလိုက် ဖွဲ့စည်းပုံ
အခြေခံ ဥပဒေကို ပြင်ဆင်ရမှာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ထုတ်ဖော် ပြောကြား လိုက်ပါတယ်။
အကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့ပေးဖို့ အစိုးရ ကြေညာ
၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းထောင် အသီးသီးမှာ
ကျခံနေရတဲ့ အကျဉ်းသားတွေ ကို ပြစ်ဒဏ်လျှော့ပေါ့ ပေးသွားမှာဖြစ်တယ်လို့
အစိုးရက နိုင်ငံပိုင် မီဒီယာတွေကနေ ကြေညာလိုက်ပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး၌ ဒီဇင်ဘာ ၃၁ ရက်၌ ယာဉ်တိုက်မှု ရှစ်မှုဖြစ်ပွားပြီး လူလေးဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိ
ရန်ကုန်တိုင်း ဒေသကြီး အတွင်း နှစ်သစ်ကူးနေ့ဖြစ်သော ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၌ ယာဉ်တိုက်မှု ခုနစ်မှု ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များမှာ ဒဂုံမြို့နယ်၊ မြောက်ဥက္က လာပမြို့နယ်၊ ဆိပ်ကမ်းမြို့ နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒေါပုံ၊ တွံတေးမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များမှာ ဒဂုံမြို့နယ်၊ မြောက်ဥက္က လာပမြို့နယ်၊ ဆိပ်ကမ်းမြို့ နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒေါပုံ၊ တွံတေးမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် အတွက် အာကာသအတွင်း ထူးခြားမည့် ဖြစ်စဉ်တစ်ခု
၂၀၁၄ ခုနှစ် မှာတော့ သိဟ် ရာသီအတွင်းမှ လင်းလက်တောက်ပနေတဲ့ ရီဂူးလက်စ်
ကြယ်ဟာ ကျနော်တို့ မြင်ကွင်းမှ ခေတ္တ ခဏ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ များပြားလှတဲ့ ဂြိုဟ်သိမ်၊ ဂြိုဟ်မွှားများဟာ ကမ္ဘာနဲ့ ထိုကြယ်အကြား ဖြတ်သန်းကြမှာဖြစ်လို့ပါဘဲ။
ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲထွက်သွားမည် မဟုတ်ဟု ကေအင်န်ယူမှ ဖဒိုမန်းငြိမ်းမောင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ကတိပြု
ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲထွက်သွားမည် မဟုတ်ကြောင်း ပုသိမ်မြို့တွင် ကျင်းပသည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားတွင် KNU ကရင်အမျိုးသား အစည်းအရုံးမှ ဖဒိုမန်းငြိမ်းမောင်က ကတိပြု ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကို ဖြတ်သွားသော တရုတ်နိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက်ရှိ အချို့နေရာများတွင် လျော်ကြေးမရရှိခြင်းတို့ ရှိနေ
မြန်မာနိုင်ငံကို ဖြတ်သွားသော တရုတ်နိုင်ငံ၏ ရေနံနှင့်
သဘာဝဓာတ်ငွေ့ပိုက်လိုင်း တစ်လျှောက်ရှိ အချို့နေရာများတွင်
လျော်ကြေး မရရှိသည့် ပြဿနာများဖြစ်ပွားနေကြောင်း၊ ပိုက်လိုင်းစီမံကိန်းနှင့်
ပတ်သက်၍ အစိုးရအနေနှင့် ယခုထက်ပို၍ ပွင့်လင်းမြင်သာမှုကို
ပြသင့်ကြောင်း ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ကျင်းပခဲ့သည့်
ဖွံ့ဖြိုးမှုနှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု ဆီသို့
ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဒေသခံတို့ က ပြောကြားသည်။
မလေးရှားတွင် ပိတ်မိနေသည့် မြန်မာအလုပ်သမား ၉၈ ဦးအနက် ၂၁ ဦးအား ပထမဆုံး အသုတ်အဖြစ် ပြန်လွှတ်မည်
မလေးရှားနိုင်ငံတွင် အင်ဒိုနီးရှား အလုပ်သမားများနှင့်
ပြဿနာဖြစ်ပွားခဲ့ပြီး ပုန်းအောင်းနေရသည့် မြန်မာအလုပ်သမား ၉၈ ဦးအနက်
အလုပ်သမား ၂၁ ဦးကိုသာ မြန်မာနိုင်ငံသို့ အရင်ဆုံး ပြန်လွှတ်မည် ဖြစ်ကြောင်း
မလေးရှားနိုင်ငံရှိ အလုပ်သမား သံအရာရှိ ဦးစိုးဝင်းက ဇန်န၀ါရီ ၁ ရက်တွင်
ပြောကြားသည်။
ကန်ဘဲ့ကျေးရွာ ရွာမကြီးတစ်ခုလုံးနီးပါး မီးလောင်ကျွမ်းရသည်မှာ မီးငြှိမ်းသတ်ရန် မီးသတ်ရေစက်မရှိသောကြောင့်ဖြစ်ကြောင်း ဒေသ ခံများ ပြောကြား
ကန်ဘဲ့ကျေးရွာ ရွာမကြီးတစ်ခုလုံးနီးပါး မီးလောင်ကျွမ်းရသည့်အကြောင်းမှာ မီးငြှိမ်းသတ်ရန်
မီးသတ်ရေစက်မ ရှိသောကြောင့် ဖြစ်ကြောင်း ဒေသ ခံများက ပြောကြားခဲ့ကြပြီး
မီးလောင်ကျွမ်းမှုကြောင့် ကျပ်သိန်းပေါင်း သုံးသောင်းကျော် ဆုံးရှုံးခဲ့သည်ဟု
ဒေသခံများ၏ တွက်ချက်မှုအရ သိရသည်။
ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညက မန္တလေးဆေးရုံကြီးအရေးပေါ်ဌာနသို့ လူနာ ၁၇၀ ကျော် ရောက်ရှိခဲ့ရာ ဆိုင်ကယ်တိုက်မှုအပါအ၀င် ထိခိုက်ဒဏ်ရာရလူနာ ၁၀၀ ခန့်ရှိ
ဒီဇင်ဘာ ၃၁ ရက်က မန္တလေးအထွေထွေရော ဂါကုဆေးရုံကြီး အရေးပေါ်ဌာနသို့ လူနာ ၁၇၀ ကျော် လာရောက်ကုသခဲ့ရာ ထိခိုက်ဒဏ်ရာရလူနာ ၁၀၀ ခန့်ပါဝင်ကြောင်း အရေးပေါ်ဌာန မှတ်တမ်းများအရ သိရသည်။
ဒီဇင်ဘာ ၃၁ ရက်တွင် လူနာစုစုပေါင်း ၁၇၇ ယော က် လာရောက်ဆေးကုသခံယူခဲ့ရာ ည ၁၂ နာ ရီကျော် နောက်ပိုင်း၌ အရေးပေါ်ဌာ န ပြင်ပလူနာ ဌာနတွင် ကုသပေးရသည့် လူနာ ၆၅ ယောက်ရှိပြီး ၂၅ ဦးမှာ ဆေးရုံ တက်ရောက် ကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာ ၃၁ ရက်တွင် လူနာစုစုပေါင်း ၁၇၇ ယော က် လာရောက်ဆေးကုသခံယူခဲ့ရာ ည ၁၂ နာ ရီကျော် နောက်ပိုင်း၌ အရေးပေါ်ဌာ န ပြင်ပလူနာ ဌာနတွင် ကုသပေးရသည့် လူနာ ၆၅ ယောက်ရှိပြီး ၂၅ ဦးမှာ ဆေးရုံ တက်ရောက် ကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။
ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်ပွားခဲ့လျှင် နျူကလီးယား ဘေးအန္တရာယ် က ၎င်းကျွန်းဆွယ်ကို ဝါးမျိုပစ် လိမ့်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်
ကိုရီးယား ကျွန်းဆွယ်တွင် စစ်ပွဲ ထပ်မံဖြစ်ပွားခဲ့လျှင် ကြီးမားသည့် နျူကလီးယား ဘေးအန္တရာယ်သည်
၎င်းကျွန်းဆွယ်ကို ဝါးမျိုပစ်လိမ့်မည် ဖြစ်ကြောင်းနှင့် အမေရိကန်
နိုင်ငံသည်လည်း အဆိုပါ ဘေးအန္တရာယ်ကို ကာကွယ်နိုင်စွမ်း ရှိလိမ့်မည်
မဟုတ်ကြောင်း မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ဇန်နဝါရီ ၁ ရက်တွင်
ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
ဖွဲ့စည်းပုံပြင်ဖို့ အကြံပြုချက် ၃ သိန်းကျော်ရ
ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မီတီက ဖွဲ့စည်းပုံ
ထဲက ပြင်ဆင်လိုတာကို အကြံပြုဖို့ ဖိတ်ခေါ်ခဲ့ရာမှာ ဒီဇင်ဘာ ၃၁ ရက်က
နောက်ဆုံးရက်မို့ အခုအကြံပြုချက် စုစုပေါင်း ၃သိန်း ၂သောင်း ၃ ထောင် ကျော် ရှိကြောင်း ၂၀၁၄ ဇန်နဝါရီ ၁ရက် မှာ အဲဒီကော်မီတီက ထုတ်ပြန်ခဲ့ ပါတယ်။
ဝါးပြုန်းတီးမှုနှင့် အတူ မြန်မာ့လက်မှုပညာ ဝါးအချောထည် လုပ်ငန်းများ တိမ်မြုပ်ပျောက်ကွယ် သွားနိုင်
မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တစ်မျိုးဖြစ်သော ဝါးများသည် ယခင်ကထက် ခုတ်ယူရရှိမှု ရှားပါးလာသော အခြေအနေများ မြန်မာနိုင်ငံတွင်
ကြုံတွေ့လာရာ ယင်းပြုန်းတီးမှုနှင့် မြန်မာ့လက်မှုပညာ တစ်ရပ်ဖြစ်သော
ဝါးအချောထည် ပြုလုပ် ရောင်းချမှုသည် တိမ်မြုပ်ပျောက်ကွယ် သွားနိုင်သော
အခြေအနေ ကြုံတွေ့နေရကြောင်း ဝါးအချော ထည် ပြုလုပ်ရောင်းချသူများ ထံမှ
သိရသည်။
၂၀၁၃ ခုနှစ် တစ်နှစ်တာကာလအတွင်း ရန်ကုန် တိုင်းဒေသကြီး ၌ ဖြစ်ပွားခဲ့ သည့် အမှုများ
၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ ၃၁ ရက် တစ်နှစ်တကာကာလအတွင်း
ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့သည့် အမှုများတွင် လူသတ်မှု ၁၃၀၊ ဓားပြမှု
လေးမှု၊ လုယက်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၅၂ မှု၊
ဖောင်ထွင်းမှု ၂၃ မှု၊ တိရိစ္ဆာန်ခိုးမှု တစ်မှုတို့ ဖြစ်ပွားခဲ့ပြီး
တရားစွဲတင်သည့် အမှု ၃၁၆မှု၊ ပိတ်သိမ်းမှု ၁၀ မှုနှင့် လက်ကျန်မှု ၁၇ မှု
ရှိခဲ့ကြောင်း သိရသည်။
ပြည်ပရောက် မြန်မာလုပ်သားများ အခက်အခဲကြုံပါက အေဂျင်စီ၊ ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာ အလုပ်သမား သံအရာရှိတို့ ပူးပေါင်းဖြေရှင်းရန် လိုအပ်
ပြည်ပရောက် မြန်မာအလုပ်သမားများ အခက်အခဲ ကြုံတွေ့ပါက တာဝန်ယူ စေလွှတ်ခဲ့သော အေဂျင်စီ၊
ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အလုပ်သမား သံအရာရှိတို့ ပှုးပေါင်းကာ တာဝန်ယူ
ဖြေရှင်းရေးပေးရေးအတွက် အလုပ်သမားဌာနနှင့် ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု
ပြည်သူရွေးချယ်သည့် အရပ်သားအစိုးရ ပေါ်ပေါက်လာစေရေး ပုဒ်မ ၅၉ (ဃ)နှင့် ၅၉ (စ)အား ပယ်ဖျက်ပေးရန် ဆန္ဒထုတ်ဖော်မည်ဟုဆို
အရပ်သား ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် ပုဒ်မ ၅၉ (ဃ)
နှင့် ၅၉ (စ) အား ပယ်ဖျက်ပေးရန် ဇန်န၀ါရီ ၃ ရက် နံနက် ၁၀ နာရီခွဲတွင်
ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ် အတွင်းရှိ ဧမာနွေလ
ဘုရားရှိခိုးကျောင်းမှစ၍ ဆန္ဒထုတ်ဖော်မည့် အကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ရှိ နေရာအနှံ့အပြားတွင် ကရင်နှစ်သစ်ကူး ပွဲတော်များ စည်ကားသိုက်မြိုက်စွာ ကျင်းပ
၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက် ကရင်နှစ်သစ်ကူး ပွဲတော်နေ့တွင် ရန်ကုန်မြို့ရှိ နေရာအနှံ့အပြားတွင် နှစ်သစ်ကူး ပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ ထိုသို့ ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရာတွင် အာလိန်ငါးဆင့် ဘုရားနှင့် အလုံမြို့နယ်ရှိ ကရင်ရွာတွင်လည်း ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်ကို ယခင်နှစ်များနှင့်မတူ ထူးခြားသော အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ရောက်ရှိခဲ့သည့် ပြည်သူများထံမှ အကြံပြုချက်များအနက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁)ပါ နိုင်ငံတော်၏ အခြေခံမူများကို ပြင်ဆင်ရန် အကြံပြုချက်သည် အများဆုံးဖြစ်ဟု ထုတ်ပြန်
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့
ရောက်ရှိခဲ့ သည့် ပြည်သူများထံမှ အကြံပြုချက်များ အနက် ဖွဲ့စည်းပုံ
အခြေခံဥပဒေ အခန်း(၁)ပါ နိုင်ငံတော်၏ အခြေခံမူများကို ပြင်ဆင်ရန်
အကြံပြုချက်သည် အများဆုံးဖြစ်ကြောင်း အဆိုပါ ကော်မတီမှ ဒီဇင်ဘာ ၃၁ ရက်တွင်
ထုတ်ပြန်ခဲ့သည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပြန်လည်စုစည်းပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ရန် ဆွေးနွေးမည်
၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံထားခဲ့ရသော ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များက အနာဂတ် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင်
တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၄ ခုနှစ်
ဇန်န၀ါရီအတွင်း တွေ့ဆုံကာ အဖွဲ့တစ်ခု ဖွဲ့စည်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အမှုရင်ဆိုင်ဆဲ တက်ကြွလှုပ်ရှားသူတချို့ပြန်လွတ်
နိုင်ငံတော်သမ္မတရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အရ
နိုင်ငံရေးအကျဉ်းသားတချို့လည်း ထပ်မံ လွတ်မြောက်လာပါတယ်။ အမှုရင်ဆိုင်နေရဆဲ
လူပေါင်း ၁၀၀ ကျော်တို့ဟာလည်း ချုပ်နှောင်ခံထားရာကနေ
လွတ်မြောက်လာခဲ့ပါတယ်။ နောက်ထပ် အကျဉ်းသားတွေ လွတ်မြောက်ဦးမယ်လို့
လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်တွေကလည်း
မျှော်လင့်နေကြတာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်
ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။