တယ်လီဖုန်း ကြားဖြတ် နားထောင်တဲ့ စီမံကိန်း မှတ်တမ်း တချို့ကို အမေရိကန် အစိုးရက အများ ပြည်သူ ကြည့်ရှုဖို့ ထုတ်ပြန် ခဲ့ပါတယ်။
သတင်း အချက် ရယူမှုနဲ့ ပတ်သက်ပြီး ပိုပြီး ပွင့်လင်း မြင်သာ ရှိစေလိုကြောင်း အာဏာပိုင်တွေက ပြောကြား ပါတယ်။
ဒါပေမဲ့ ဒီမှတ်တမ်း တွေထဲမှာ အမေရိကန် ထောက်လှမ်းရေးဟောင်း အက်ဒွပ် စနိုဒန် ထုတ်ဖော် လိုက်တဲ့ အထောက်အထား တော်တော်များများ ပါဝင်လာတာ မတွေ့ရပါဘူး။
ဒီအချိန်မှာပဲ အင်တာနက် သုံးစွဲသူတွေ ပြုလုပ်သမျှ စောင့်ကြည့် မှတ်သား နိုင်တဲ့ လျှို့ဝှက် စက်ကိရိယာ အကြောင်းကို မစ္စတာ စနိုဒန် က ဗြိတိန် ထုတ် ဂါးဒီးယန်း သတင်းစာ မှာ နောက်ထပ် ဖွင့်ချလိုက် ပါတယ်။
Pages
▼
ကမ္ဘောဒီးယားအတိုက်အခံပါတီက မဲမသမာမှု သက်သေပြနိုင်ဖို့ ကြိုးစား
ကမ္ဘောဒီးယားနိုင်ငံမှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကကျင်း ပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်မှာ လက်ရှိအာဏာရ အစိုးရအဖွဲ့ကို ဦးဆောင်တဲ့ ၀န်ကြီးချုပ် ဟူစင်ကပဲ ပြန်လည်အနိုင်ရခဲ့တဲ့အတွက် အတိုက်အခံပါတီဖက်က တနိုင်ငံလုံး ဆန္ဒပြမှုကြီးပြုလုပ်သွားဖို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါ တယ်။
အတိုက်အခံပါတီဖြစ်တဲ့ ကမ္ဘောဒီးယား National Rescue Party ကတော့ ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေရှိနေတယ်လို့ စွပ်စွဲထားပြီး ဒီကိစ္စကို နိုင်ငံတကာအနေနဲ့ စုံစမ်းစစ်ဆေးမှု လုပ်ပေးဖို့ တောင်းဆိုတာကို လက်ရှိအစိုးရ အာဏာရပါတီဖြစ်တဲ့ ကမ္ဘောဒီးယား People Party ကတော့ ပယ်ချခဲ့ ပါတယ်။

ဒုက္ခသည်အယောက် ၃၀၀၀၀ ကို နှစ်စဉ်ခေါ်ယူမယ်လို့ ဂရင်းပါတီဆို
သြစတြေးလျနိုင်ငံရှိ ဂရင်းနိုင်ငံရေးပါတီက ပြည်ပကဒုက္ခသည်စခန်းတွေမှာ နေထိုင်နေပြီး ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် တရားဝင်သတ်မှတ်ထားတဲ့ ဒုက္ခသည်အယောက် ၃၀၀၀၀ ကို နှစ်စဉ် လက်ခံသွားမယ်လို့ ကြေညာခဲ့ပါတယ်။
သြစတြေးလျအစိုးရက ခုလောလောဆယ် ပြည်ပက ဒုက္ခသည်အယောက် နှစ်သောင်းကို နှစ်စဉ်လက်ခံနေတာဖြစ်ပြီး ဂရင်းပါတီက သူတို့သာ အစိုးရဖြစ်လာမယ်ဆိုရင် နှစ်စဉ် ဒုက္ခသည်အယောက် သုံးသောင်းလက်ခံမယ်လို့ ပြောလိုက်တာဖြစ်ပါတယ်။
အဓိကအတိုက်အခံပါတီဖြစ်တဲ့ ညွန့်ပေါင်းပါတီကတော့ နှစ်စဉ် ဒုက္ခသည် တစ်သောင်းလေးထောင်ပဲ လက်ခံမယ်လို့ ပြောနေပါတယ်။

သြစီမှာ ဆေးလိပ်အကောက်ခွန် တိုးကောက်မည်
သြစတြေးလျနိုင်ငံမှာတော့ စီးကရက်အပေါ် အခွန်တိုးကောက်ခံဖို့ အတွက် သြစတြေးလျ အစိုးရ က ကြာသပတေးနေ့မှာ ကြေငြာဖို့ရှိပါတယ်။
ဒါဟာ ၀င်ငွေ ၅ ဘီလီယံ ကျော်ရနိုင်ဖို့ အတွက် အစိုးရရဲ့ လုပ်ဆောင်မှုတခုလည်း ဖြစ်ပါတယ်။
အခုယစ်မျိုးခွန် ကောက်ခံမယ့် အခွန်ငွေဟာ တနှစ်ကို ၁၂.၅ ရာခိုင် နှုန်း နှုန်းထား နဲ့ လေးနှစ် အထိ ကောက်ခံ သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ၂၀၁၆ ခုနှစ် အရောက် မှာတော့ အလိပ် ၂၀ ပါတဲ့ ဆေးလိပ် တဗူးကို အခုပေးနေရတဲ့ ဈေးနှုန်းအပြင် ၅ ဒေါ်လာကျော် ပိုပေးရမှာ ဖြစ်ပါတယ်။

ဘရာဇီးလ်တွင် ရေပေးဝေသည့် ပိုက်လိုင်းပေါက်မှုကြောင့် ကလေး တစ်ဦးသေဆုံး
ဇူလိုင်လ (၃၀)ရက်နေ့က အရှိန်ပြင်းစွာ ပန်းထွက်လာသော ရေထုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လာရာ လူအချို့ ဒဏ်ရာများ ရရှိခဲ့သလို အိမ်ခြေ အလုံး(၂၀)မျှ ပျက်စီးခဲ့သည်။
ဘရာဇီးလ် နိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့တွင် ရေပေးဝေသည့် ပိုက်လိုင်းတစ်ခု ပေါက်ထွက်မှု ဖြစ်ပွားရာ ကလေးငယ် တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဇူလိုင်လ (၃၀)ရက်နေ့က အရှိန်ပြင်းစွာ ပန်းထွက်လာသော ရေထုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လာရာ လူအချို့ ဒဏ်ရာများ ရရှိခဲ့သလို အိမ်ခြေ အလုံး(၂၀)မျှ ပျက်စီးခဲ့သည်။ ရေပိုက် ပွင့်ထွက်သွားပြီးနောက် ပန်းထွက်လာသော ရေအားသည် အမြင့်မီတာ (၂၀)မျှထိ တက်သွားခဲ့ကြောင်း မျက်မြင်များက ဆိုသည်။ ကယ်ဆယ်ရေး အဖွဲ့များသည် ခဏအတွင်း ရေကြီးမှုများ ဖြစ်ပေါ်သွားသည့် ကမ်ပိုဂရန်ဒီ အနီးတဝိုက်သို့ ရော်ဘာလှေများ အသုံးပြုပြီး ရောက်ရှိလာခဲ့ကြသည်။

ဂျပန်နိုင်ငံ မှာ အများသုံးတယ်လီဖုန်း
ဂျပန်နိုင်ငံ မှာ အများသုံးတယ်လီဖုန်းရုံ တွေဟာခေတ်ကုန်သွားပါပြီ။ ဒါကြောင့် ဂျပန်နိုင်ငံက ကျောင်းသားတွေက တယ်လီဖုန်းရုံ တွေကို အလှမွေးငါးကန်အဖြစ်ပြောင်းလဲလိုက်ပါတယ်။
Bell Bagan
Bell Bagan
ဘာလီကျွန်းမှ ရိုးရာ စွန်လွှတ်ပွဲတော်
အသွေးအရောင်စုံ၊ ဒီဇိုင်းစုံနှင့် လှပသော စွန်ကြီးများသည် ပွဲတော်၏ ကောင်းကင်ယံတွင် ရောယှက် ပျံသန်းနေကြောင်း သတင်းများက ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ရိုးရာ စွန်လွှတ်ပွဲတော် တစ်ခုကို ကျင်းပခဲ့ကြောင်း သိရှိရသည်။ ဒန်ပါဆာတွင် သောကြာနေ့မှ တနင်္ဂနွေနေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် စွန်အလှလွှတ် ပွဲတော်သည် ဒေသတွင်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို တိုးတက် မြှင့်တင်နိုင်ရန် ရည်စူး လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။ အသွေးအရောင်စုံ၊ ဒီဇိုင်းစုံနှင့် လှပသော စွန်ကြီးများသည် ပွဲတော်၏ ကောင်းကင်ယံတွင် ရောယှက် ပျံသန်းနေကြောင်း သတင်းများက ဆိုသည်။

စစ်ပွဲဇုန် မုဒိမ်းမှုများကို တိုက်ဖျက်ရေး ပူးပေါင်းပါဝင်ကြရန် ဂျိုလီ တိုက်တွန်း
ကုလသမဂ္ဂ နှလုံးလှ သံတမန် တစ်ဦးလည်းဖြစ်သော ဂျိုလီက ရှီဘိုင်ယာရှိ တက္ကသိုလ်တွင် သူမ (၂၀၁၁)ခုနှစ်က ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော In the Land of Blood and Honey ဇာတ်ကားအကြောင်း ထည့်သွင်း ပြောကြားခဲ့. . .
စစ်ပွဲဇုန်များတွင် ဖြစ်ပေါ်နေသည့် မုဒိမ်းမှုများကို တိုက်ဖျက်ရာ၌ တစ်ကမ္ဘာလုံး သူမနှင့်အတူ ပူးပေါင်း ပါဝင်စေလိုကြောင်း အန်ဂျလီနာ ဂျိုလီက တိုက်တွန်းလိုက်သည်။ မိသားစုနှင့်အတူ ဂျပန်သို့ ရောက်ရှိနေသည့် ဟောလီးဝုဒ် ကြယ်ပွင့် ဒါရိုက်တာ၊ မင်းသမီးက တိုကျိုရှိ ကုလသမဂ္ဂ တက္ကသိုလ်တွင် ဟောပြောမှုတစ်ခု ပြုလုပ်ခဲ့ရာ ကျောင်းသူကျောင်းသား လူငယ်များ အနေဖြင့် တစ်ကမ္ဘာလုံးရှိ စစ်ပွဲဇုန်များ၌ မုဒိမ်းမှုများ ပပျောက်ရေးအတွက် တစ်တပ်တစ်အား ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ဖိတ်ခေါ်သွားသည်။
ဘီယာဘူးခွံ၊ ပုလင်းခွံများဖြင့် အလှဆင်ထားသည့် ဟူစတန်မြို့က နေအိမ်
အဆောက်အအုံသည် ပြားနေအောင် ဖြန့်ထားသည့် ဘီယာဘူးခွံများဖြင့် ကပ်၍ လှပအောင် ဒီဇိုင်းဆင်ထားခြင်းဖြစ်
အမေရိကန်နိုင်ငံ၊ ဟူစတန်မြို့ရှိ ဘီယာဘူးခွံများဖြင့် အပြည့်အဝ အလှဆင် တည်ဆောက်ထားသည့် နေအိမ်တစ်လုံးကို ယခုအခါ မြို့၏ အထိမ်းအမှတ် နေရာတစ်ခုအဖြစ် အာဏာပိုင်များက ပြောင်းလဲ သတ်မှတ်လိုက်ပြီ ဖြစ်သည်။ ယခင်ကတည်းက ဘီယာဘူးခွံအိမ်ဟု နာမည်ကြီးသော အဆောက်အအုံသည် လူသိများသော နေရာတစ်ခု ဖြစ်ခဲ့ပြီး ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်တစား လာရောက် ကြည့်ရှုခဲ့ကြသည်။ အဆိုပါ အဆောက်အအုံသည် ပြားနေအောင် ဖြန့်ထားသည့် ဘီယာဘူးခွံများဖြင့် ကပ်၍ လှပအောင် ဒီဇိုင်းဆင်ထားခြင်း ဖြစ်သည်။

သူလျှိုကိစ္စကို သိုသိပ်စွာ လျှိုထားလိုသူ
ဂျာမန်ထောက်လှမ်းရေး အေဂျင်စီများသည် ဂျာမန်ဥပဒေကို အပြည့်အဝ ဦးထိပ်ထား ကြကြောင်း အဓိပတိ၏ ဦးစီးချုပ်က ဆိုသည်။ ဂျာမန် သူလျှိုများသည် အမေရိကန်
သူလျှိုများနှင့် ပူးပေါင်းကြသူများ ဖြစ်၍ အင်တာနက်မှ ၎င်းတို့ကို သတိထား စောင့်ကြည့်မှု ခံရသူများ ဖြစ်ကြောင်း စွပ်စွဲခံရပြီးနောက် ထိခိုက်မှုကို ကန့်သတ်ရန် ကြိုးစားလျက် ရှိသည်ဟု ဆို၏။
သူလျှိုများနှင့် ပူးပေါင်းကြသူများ ဖြစ်၍ အင်တာနက်မှ ၎င်းတို့ကို သတိထား စောင့်ကြည့်မှု ခံရသူများ ဖြစ်ကြောင်း စွပ်စွဲခံရပြီးနောက် ထိခိုက်မှုကို ကန့်သတ်ရန် ကြိုးစားလျက် ရှိသည်ဟု ဆို၏။
30.7.13
၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားအတွက်
၈.၈.၈၈ ကို အစွဲပြုလို့ ၈ လေးလုံး အရေးတော်ပုံလို့ အစွဲပြု ခေါ်ဝေါ်ကြတဲ့
သမိုင်းဝင် အထင်ကရ အဖြစ်အပျက်ကြီး တစ်ခု ဖြစ်ပွားခဲ့တာဟာ အခု ၂၀၁၃ ခုနှစ်
သြဂုတ်လ ၈ ရက်နေ့ဆို ၂၅ နှစ် ပြည့်မြောက် သွားခဲ့ပါပြီ။ ဒါကြောင့် ငွေရတု
အထိမ်းအမှတ်အဖြစ် အခမ်းအနား တစ်ခုကို ၆၊ ၇၊ ၈ ရက်နေ့တွေမှာ
ကျင်းပသွားမယ်လို့ စီစဉ်သူတွေဆီက သိရပါတယ်။
အားလုံး ပါဝင်နိုင်မယ့် ဒီပွဲတော် ကျင်းပဖို့ ရန်ပုံငွေ ရောင်းချပွဲ တစ်ရပ် ကို ပြုလုပ်ရောင်းချမှာ ဖြစ်တယ်လို့ ဆိုတာကြောင့် ၈ လေးလုံး အထိမ်းအမှတ် ပို့စကတ်လေးတွေ၊ T-Shirt လေးတွေ ဝယ်ယူရင်း ပံ့ပိုး ကူညီနိုင်မယ့် နည်းလမ်း

ပိုင်နက် အငြင်းပွားရေပြင်တွင် တရုတ်ကို ချိန်ခွင်လျှာညှိရေး တပ်စခန်းများ ပြောင်းရွှေ့ရန် ဖိလစ်ပိုင် စီစဉ်
ပိုင်နက် အငြင်းပွား ရေပြင်နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ သြဇာ လွှမ်းမိုး
လာမှုကို တန်ပြန် ချိန်ခွင်လျှာ ညှိရန် ဖိလစ်ပိုင်နိုင်ငံက ရေတပ်နှင့် လေတပ်
စခန်းများ ရွှေ့ပြောင်း နေရာချထားရန် စီစဉ်လျက် ရှိသည်ဟု The Straits Times
သတင်းစာက ရေးသား ဖော်ပြသည်။
သရုပ်ဆောင်အလုပ်မှ မကြာမီအနားယူတော့မည်ဟု ဂျွန်နီဒက်ပ် ဆို
နာမည်ကျော် ဟောလိဝုဒ်သရုပ်ဆောင် ဂျွန်နီဒက်ပ်က သရုပ်ဆောင်အလုပ်တွေကနေ
မကြာမီ အနားယူတော့မယ်လို့ ပြောကြားခဲ့ကြောင်း film-news.co.uk မှာ
ဖော်ပြထားပါတယ်။
အသက် ၅၀ အရွယ်ရှိပြီ ဖြစ်ပြီး လက်ရှိအချိန်မှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ ဂျွန်နီဒက်ပ်က သူ့အနေနဲ့ ၂၀၁၅ မတိုင်မီ ရုပ်ရှင်ဇာတ်ကားအချို့မှာ ပါဝင်သရုပ်ဆောင်ဦးမှာ ဖြစ်ပေမယ့် သရုပ်ဆောင် အလုပ်တွေကနေ အနားယူဖို့ စဉ်းစားနေပြီလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

PSY စက်တင်ဘာတွင် အယ်လ်ဘမ်အသစ် ထွက်မည်
အီတလီ အဝေးပြေးယာဉ် တိမ်းမှောက်မှု ၃၈ ဦး သေဆုံး
အီတလီနိုင်ငံ တောင်ပိုင်းတွင် ဘုရားဖူးများကို သယ်ဆောင်လာသော အဝေးပြေးယာဉ်
တစ်စီး လမ်းချော်ကျ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် အနည်းဆုံး ၃၈
ဦး သေဆုံးသွားကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်သူများကို ကိုးကားလျက် AFP သတင်း
တစ်ရပ်က ဖော်ပြထား သည်။
မူလတန်းကလေးငယ်များကို အကနည်းစနစ် သင်ကြားပေးသည့် ချယ်ရီကိုးလ်
နယူးကာဆယ်လ်မြို့သည် ချယ်ရီ၏ မွေးရပ်ဇာတိဖြစ်ပြီး ယခုအစီအစဉ်တွင် ဆရာ၊
ဆရာမများက အကူအညီ တောင်းခံသည်ကို ချယ်ရီက ဝမ်းသာအားရ လိုက်လျောကာ
ကလေးငယ်များကို ကြိုတင် အသိမပေးဘဲ လာရောက် ကူညီသွားခြင်း ဖြစ်သည်
စပိန် မီးရထား တိမ်းမှောက်မှု မောင်းသူကို လူသတ်မှုပေါင်း ၇၉ မှုဖြင့် စွဲချက်တင်
စပိန်နိုင်ငံတွင် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်း ဖြစ်ပွားခဲ့သော မီးရထား
လမ်းချော် တိမ်းမှောက်မှုကြီးနှင့် ပတ်သက်၍ အဆိုပါ ရထားကို မောင်းနှင်သူအား
လုပ်ငန်းဆိုင်ရာ မဆင်မခြင်မှုကြောင့် ဖြစ်သော လူသတ်မှု စုစုပေါင်း ၇၉ မှုဖြင့်
စွဲချက်တင်လိုက်ရကြောင်း အာဏာပိုင်များ ၏ ပြောကြားချက်ကို CNN သတင်းဌာနက
ရေးသား ဖော်ပြသည်။
ပူးတွဲ စက်မှုဇုန် ပြန်လည် စတင်ရေး ဆွေးနွေးရန် မြောက်ကိုရီးယား ကို တောင်ကိုရီးယား နောက်ဆုံးအကြိမ် အဆိုပြု
နိုင်ငံရေး တင်းမာမှုများကြောင့် လအတန်ကြာ ပိတ်ပင်ထားခဲ့ ရသော ကေဆောင်း
စက်မှုဇုန် ပြန်လည် စတင် လည်ပတ်နိုင်ရေး အတွက် ဆွေးနွေးရန်
တောင်ကိုရီးယားနိုင်ငံ က မြောက်ကိုရီးယားကို ‘နောက်ဆုံးအကြိမ်’ အဖြစ်
အဆိုပြုလိုက်ကြောင်း The Korean Herald သတင်းစာက ရေးသား ဖော်ပြသည်။
တေးသံရှင်လင်းလင်းနှင့် တွေ့ဆုံခြင်း
သံမဏိလိပ်ပြာ စီးရီး ထွက်ရှိပြီးနောက် ပရိသတ်များ၏ အားပေးမှုနှင့်အ တူ
ဝေဖန်မှုများပါ ကြုံတွေ့ခဲ့ရသော တေးသံရှင်လင်းလင်းနှင့် တွေ့ ဆုံပြီး
ဝေဖန်ခံရသည့် စစ်ဆန့်ကျင်ရေး သီချင်းအကြောင်း၊ ဝေဖန်မှုများအပေါ်
သူ့အမြင်နှင့် သူ၏တစ်ကိုယ်တော် Show ပွဲ အကြောင်းကို The Voice မှ
မေးမြန်းထားခြင်း ဖြစ်သည်။
The Voice ။ ။ သံမဏိလိပ်ပြာစီးရီး ထွက်ပြီးတဲ့ အချိန်မှာ ပရိသတ်တွေဆီက ဘယ်လို ဝေဖန်သံတွေ ကြားရလဲ။
The Voice ။ ။ သံမဏိလိပ်ပြာစီးရီး ထွက်ပြီးတဲ့ အချိန်မှာ ပရိသတ်တွေဆီက ဘယ်လို ဝေဖန်သံတွေ ကြားရလဲ။
မိဘတာဝန်ကိုထမ်းဆောင်ဖို့ မွေးဖွားလာတယ်လို့ဆိုလိုက်တဲ့ ဘရက်ပစ်နဲ့ အိန်ဂျလီနာဂျိုလီ
ဟောလိဝုဒ်ရဲ့ ထင်ပေါ်ကျော်ကြားတဲ့ စုံတွဲတစ်တွဲဖြစ်တဲ့
မင်းသားချောဘရက်ပစ်နဲ့ ညှို့အားပြင်းမင်းသမီး အိန်ဂျလီနာဂျိုလီတို့ကတော့
သူတို့ဟာမိဘတာဝန်တွေကို ထမ်းဆောင်ဖို့ မွေးဖွားလာသူတွေဖြစ်လာတယ်
လို့ယုံကြည်နေကြသူတွေဖြစ်တယ်လို့ အမေရိကန်မဂ္ဂဇင်း OK ကဆိုခဲ့ပါတယ်။
ဘရစ်တနေစပီးယားစ်ရဲ့သီချင်းကို ပြန်ဆိုဆန်းသစ်ခဲ့တဲ့ ကေတီပယ်ရီ
အဆိုကျော် ဘရစ်တနေစပီးယားစ်ရဲ့ ထင်ပေါ်ကျော်ကြားတဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့
Ooh La La! သီချင်းကို အမေရိကန်အဆိုတော် ကေတီပယ်ရီဟာလျှို့ဝှက်
အသံသွင်းထားခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
သူမဟာ အဆိုတော်ဘွန်နီမက်ကီးနဲ့ ပေါင်းဖက်ပြီး အဲဒီသီချင်းရဲ့အဆိုပိုင်းကို
ဆန်းသစ်ပြောင်းလဲထား ကြောင်းဝန်ခံခဲ့ပြီး အသစ်ထွက်ရှိလာမယ့် ဟာသဇာတ်ကား
"Smurfs 2" ဇာတ်ကားမှာ ဇာတ်ဝင်တေး အဖြစ်ထည့်သွင်းထားကြောင်း
ပြောဆိုခဲ့ပါတယ်။
သူမဟာ အဆိုတော်ဘွန်နီမက်ကီးနဲ့ ပေါင်းဖက်ပြီး အဲဒီသီချင်းရဲ့အဆိုပိုင်းကိ
ဥရောပ သမဂ္ဂ ထိပ်တန်း သံတမန် တစ်ယောက် ဖြစ်တဲ့ ကက်သရင်း အက်ရှ်တန်က အီဂျစ် စစ်တပ်က ဖမ်းဆီး ဖြုတ်ချ ခံခဲ့ရသူ သမ္မတဟောင်း မိုဟာမက် မော်စီကို သွားရောက် တွေ့ဆုံခဲ့
ဥရောပ သမဂ္ဂ ထိပ်တန်း သံတမန် တစ်ယောက် ဖြစ်တဲ့ ကက်သရင်း အက်ရှ်တန်က အီဂျစ်
စစ်တပ်က ဖမ်းဆီး ဖြုတ်ချ ခံခဲ့ရသူ သမ္မတဟောင်း မိုဟာမက် မော်စီကို သွားရောက်
တွေ့ဆုံခဲ့ပါတယ်။
ဖောင်ဒေးရှင်း အလှူငွေရှာရန် အူစိန်ဘို့ကို မိုဖာရက် စိန်ခေါ်
၂၀၁၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲ မီတာ ၅၀၀၀ နှင့် မီတာ ၁၀၀၀၀ ပြိုင်ပွဲတို့
တွင် နှစ်နှစ်ဆက် ဗိုလ်စွဲခဲ့သည့် မိုဖာရက်သည် တာတို အပြေးဘုရင်
အူစိန်ဘို့အား ၎င်းတို့ တည်ထောင်ထားသည့် လူမှု အကူအညီ ပေးရေး
ဖောင်ဒေးရှင်းများအတွက် အလှူငွေ ရှာဖွေရန် အပြေးပြိုင်ပွဲ တစ်ရပ်
ပြုလုပ်လိုကြောင်း စိန်ခေါ် ကမ်းလှမ်းမှုကို အူစိန်ဘို့က လက်ခံ စဉ်းစားနေပြီ ဖြစ်ကြောင်း Guardian သတင်းစာတွင် ဖော်ပြထား သည်။
နိုင်ငံတ၀န်း ရေလွှမ်းမှု အန္တရာယ် ကြုံနိုင်သည့် ဒေသများ တိုးလာရန်ရှိ
ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသဖြင့် မြန်မာနိုင်ငံ အတွင်း
ရေလွှမ်းမိုးမှု အန္တရာယ်နှင့် ကြုံတွေ့ နိုင်သည့် ဒေသများ
တိုးလာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်များက ယနေ့
ပြောဆိုလိုက်သည်။
ဗိုလ်ချုပ်အောင်ဆန်းကျောင်းနေစဉ်ဘ၀ရေးသားခဲ့သောပါဠိလက်ရေးမူ စာ အုပ် ပြန်လည်ရရှိရေးကော်မတီမှကြေညာ ချက်ထုတ်ပြန်
သတ်မှတ်ထားသောသြဂုတ်၁၀ရက်တွ င် ယူဆောင်သွားသောဗိုလ်ချုပ်လက်ရေးမူစာအုပ်ပြန်မရခဲ့
လျှင်ငြိမ်းချမ်းစွာစုဝေးခွ င့်၊ငြိမ်းချမ်းစွာစီတန်းလှ ည်ခွင့်ဆိုင်ရာဥပဒေပုဒ်မ(၄) အရမြို့နယ်ရဲမှူးထံဆန္ဒထုတ်ေ ဖ်ာခွင့်တင်၍ စီတန်း
လှည့်လည်ဆန္ဒပြမည်ဟု ယနေ့နံနက်(၉)နာရီတွင် ရေနံချောင်းမြို့ NLDရုံးတွင် လက်ရေးမူစာအုပ်ပြန်လည်ရရှိေ ရးကော်မတီမှဆွေးနွေးတိုင် ပင်ပြီးကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်သည်။
လျှင်ငြိမ်းချမ်းစွာစုဝေးခွ
လှည့်လည်ဆန္ဒပြမည်ဟု ယနေ့နံနက်(၉)နာရီတွင် ရေနံချောင်းမြို့ NLDရုံးတွင် လက်ရေးမူစာအုပ်ပြန်လည်ရရှိေ
မလေးရှားသို့ အလုပ်သမားများ စေလွှတ်ရန် ပြန်ခွင့်ပြုပြီ
ပြဿနာများကြောင့် ယာယီရပ်ဆိုင်းထားသည့် မလေးရှားသို့ သွားရောက်
အလုပ်လုပ်ကိုင်လိုသူများ ပို့ဆောင်ရန် ပြန်လည် ခွင့်ပြုလိုက်ပြီဖြစ်ပြီး
အလုပ်သမားကတ် များလည်း လုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
နေပြည်တော်နှင့် ရန်ကုန် ပွဲစဉ်ကို ၀ဏ္ဏသိဒ္ဓိ ကွင်းတွင် ကျင်းပမည်
မြန်မာ နေရှင်နယ်လိဂ် MNL Myanmar 2013 ပြိုင်ပွဲ၏ နောက်ဆုံးအပတ်
ပွဲစဉ်တစ်ပွဲ ဖြစ်သော နေပြည်တော် အက်ဖ်စီနှင့် ရန်ကုန် ယူနိုက်တက်
အသင်းတို့ ယှဉ်ပြိုင် ကစားမည့် ပွဲစဉ်အား ၀ဏ္ဏသိဒ္ဓိ ကွင်းတွင် သြဂုတ်လ
(၄)ရက်နေ့ ညနေ(၆း၀၀)နာရီ ၌ ကျင်းပသွားမည် ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေး
ကော်မတီမှ သတင်းထုတ်ပြန် လိုက်သည်။
Mac Pro ကို အနာဂတ် Desktop ကွန်ပျူတာလို့ ပြောကြတယ်။ ကွန်ပျူတာ လောကမှာ တွေ့နေကျပုံစံ လိုင်းကနေ ခွဲထွက်သွားတာတော့ အမှန်ပဲ
မကြာမီ ကွန်ပျူတာ လောကကို ရောက်လာတော့မယ့် Mac Pro တွေဟာ graphics,
storage, expension, processing power, memory လို့ခေါ်တဲ့ ဂရပ်ဖစ်ပိုင်း၊
သိုလှောင် သိမ်းဆည်းမှု အပိုင်း၊ တိုးချဲ့ တပ်ဆင်နိုင်မှု အပိုင်း၊
လုပ်ဆောင်နိုင်ရည် အပိုင်း၊ ကွန်ပျူတာ မှတ်ဉာဏ် သိမ်းဆည်းနိုင်မှု
အပိုင်းတွေအားလုံး တကယ့် Professional ဆန်ဆန် ထုတ်ထားတာလို့ ဆိုပါတယ်။
Appleကုမ္ပဏီကလည်း သူတို့ နောက်ထုတ်မယ့် ကွန်ပျူတာကို Pro ကွန်ပျူတာလို့
သုံးနှုန်းထား ပါတယ်။
ကုန်းတွင်းအင်တာနက်ဆက်ကြောင်း ပြင်ဆင်ပြီးပါက အမြန်နှုန်းစောင့်ကြည့်မည် ပြန်လည်ကောင်းမွန်လျှင် ရေအောက်ဆက်ကြောင်း ပြုပြင်ရန်မလို
ဇူလိုင် ၂၂ ရက်က စတင်ပြတ်တောက်ခဲ့သည့် Sea Me We 3 ရေအောက်အင်တာနက်ဖိုင်ဘာဆက် ကြောင်း ပြင်ဆင်မှု တွင် ကုန်းတွင်းအင်တာနက်ဆက်ကြောင်းကို ပြင်ဆင်ချိတ်ဆက်နေပြီဖြစ်ရာ ပြင် ဆင်ပြီးပါက အင်တာနက်မြန်နှုန်း ပြန်လည်ကောင်း၊ မကောင်းကို စောင့်ကြည့်သွားမည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြင်ပဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်း က မဇ္ဈိမကို ပြောသည်။
၂၀၁၃ အမျိုးသမီးယူရိုပြိုင်ပွဲတွင် ဂျာမနီအသင်း ခြောက်နှစ်ဆက်တိုက် ဗိုလ်စွဲ
ဆွီဒင်နိုင်ငံ တာ့ဟုမ်းမြို့တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သော ၂၀၁၃
ခုနှစ် အမျိုးသမီးယူရိုပြိုင်ပွဲ၌ လက်ရှိချန်ပီယံ ဂျာမနီအမျိုးသမီးအသင်းက
ခြောက်နှစ်ဆက် တိုက်အဖြစ် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သည်။
ကိုရီးယားစစ်ပွဲ နှစ် ၆၀ ပြည့် စစ်ရေးပြအခမ်အနား မြောက်ကိုရီးယားတွင် ပြုလုပ်
နှစ်(၆၀)ပြည့် ကိုရီးယားကျွန်းဆွယ် စစ်ပွဲ အထိမ်းအမှတ် အခမ်းအနားတွင်
စကက်တိုတိုလေးများ ဝတ်ထားသည့် မြောက်ကိုရီးယား စစ်သမီးတို့သည် ပြုံယမ်းရှိ
ကင်မ်အီလ်ဆွန်း ရင်ပြင်၌ စုရုံး ချီတက်နေကြခြင်း ဖြစ်သည်။
ပရဟိတ ပညာဒါန ပြုလုပ်လိုသူများအား အသိပေးနိုးဆော်ခြင်း
မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်၊
စစ်ဘေးရှောင်စခန်းတွင် မှီတင်းနေထိုင်လျက် ကျောင်းတက် ပညာသင်ကြားနေကြသော
စစ်ဘေးရှောင် ကျောင်းသား/သူများအား အချိန်ပိုင်း လာရောက် သင်ကြား၊ပြသ၊
လမ်းညွှန်ပေးရန် ဆရာ/ဆရာမ လိုအပ်နေသည်ဟု သိရှိရပါသည်။
ထိုင်ဝမ်သီး ဝင်လာ၍ တရုတ်ဆီးသီး ဈေးကျ
စစ်ကိုင်းမြို့နယ်အတွင်း စိုက်ပျိုးမှုများသော တရုတ်ဆီးသီး ထွက်နှုန်း
နည်းပါးသွားသော်လည်း ဈေးကွက်အတွင်းသို့ ထိုင်ဝမ်သီးများ
ဝင်ရောက်လာခြင်းကြောင့် ဈေးကျဆင်း သွားကြောင်း စစ်ကိုင်းမြို့ တရုတ်ဆီးသီး
ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
29.7.13
အီဂျစ်နိုင်ငံ ချောက်ထဲကျလုနီး အခြေအနေမှ ပြန်ဆုတ်ရန် အမေရိကန် တိုက်တွန်း
စစ်တပ် အာဏာ သိမ်းပိုက်မှုကြောင့် မတည်မငြိမ် ဖြစ်လျက်ရှိသည့်
အီဂျစ်နိုင်ငံအနေနှင့် တိုင်းပြည် ချောက်ထဲကျလုဆဲဆဲ ဖြစ်နေသည့်
အနေအထားမျိုးမှ အမြန်ဆုံး နောက်ပြန်လှည့်ရန် အမေရိကန် ပြည်ထောင်စု က
တိုက်တွန်းလိုက်ကြောင်း CNN သတင်းဌာနက ရေးသား ဖော်ပြထား သည်။
အကြမ်းဖက်နှိမ်နင်းရေး ပူးတွဲ စစ်ရေး လေ့ကျင့်ရန် ရုရှားသို့ တရုတ် တပ်ဖွဲ့များ စတင် စေလွှတ်
ရုရှားနိုင်ငံနှင့် ပူးပေါင်းပြီး အကြမ်းဖက် ဆန့်ကျင်ရေး စစ်ရေး
လေ့ကျင့်မှု ပြု လုပ်ရန် တရုတ် တပ်မတော်မှ စစ်သည်များနှင့် လက်နက်များကို
ဇူလိုင်လ ၂၇ ရက်နေ့တွင် ရုရှားနိုင်ငံသို့ စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း
တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနက ရေးသား ဖော်ပြသည်။
အရက်အတုပြုလုပ်သူအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
၁၃-၇-၂၀၁၃ ရက်နေ့ ၁၇၁၅ အချိန်ခန့်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ရေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝ င်များပါဝင်သော
ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရေးမြို့၊ သီရိခေမာရပ်ကွက်နေ
ကျော်မင်းမင်း(ခ)မင်းမင်း ၏ နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။
လစ်ဗျားတွင် အကျဉ်းသား ၁၂၀၀ ထွက်ပြေး လွတ်မြောက်
လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ရှိ အယ်ကူဖီယာ အကျဉ်းထောင်မှ အကျဉ်းသား ၁၂၀၀
ခန့် ထွက်ပြေး လွတ်မြောက်သွားကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။
Social Media Manager တစ်ယောက်၏တာဝန်
Social Media Manager လို့ခေါ်တဲ့ အလုပ်အကိုင်နဲ့ ရာထူးမျိုးဟာ ကမ္ဘာမှာတင်
မကပဲ မြန်မာပြည်မှာပါ ခေတ်စားလာပြီ ဖြစ်ပါ တယ်။ အားလုံးက ထင်ထားကြပါတယ်။
Facebook သုံးတတ်တိုင်း Social Media Manager ရဲ့  လုပ်ဆောင်ချက်လောက်ကတော့
အလွယ်တကူ လုပ်နိုင်တယ်လို့ ထင်မြင်နေခြင်း ဖြစ်ပါတယ်။ ဒီတော့ တကယ့် Social
Media Manager တစ်ယောက်ရဲ့  အခြေခံ လုပ်ဆောင်ချက် အချို့ ကို ရေးသားမျှဝေ ပေးလိုက် ရပါတယ်။
ပြင်သစ်နိုင်ငံ ကိန်းစ်မြို့တွင် ယူရိုသန်း ၄ဝ တန်ဖိုးရှိ လက်ဝတ် ရတနာ များအား ဓားပြ တိုက်ခံရ
ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း ကိန်းစ်မြို့ရှိ ကားလ်တန် ဟိုတယ်တွင်
ဇူလိုင် ၂၈ ရက်က ကျင်းပသော လက်ဝတ် ရတနာ ပြပွဲ၌ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က
ဝင်ရောက် ဓားပြတိုက်မှု တစ်ခုဖြစ်ပွား ခဲ့ရာ ယူရိုသန်း ၄ဝ (အမေရိကန် ဒေါ်လာ
၅၃ သန်း) တန်ဖိုးရှိ လက်ဝတ် ရတနာများကို ၎င်းတို့ကယူဆောင် သွားခဲ့ကြောင်း
သိရသည်။
ရာသီကြို ပထမဆုံး ရှုံးပွဲတွေ့မှုအပေါ် ဂွါဒီယိုလာ ကာကွယ် ပြောဆို
ဂျာမန် ဆူပါကပ် ပြိုင်ပွဲတွင် ဒေါ့မွန်အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို
အိမ်ကွင်း၌ ဂိုးပြတ် အနိုင် ရရှိသွားမှုအပေါ် ဘိုင်ယန်နည်းပြ ဂွါဒီယိုလာက
အသင်းဘက်မှ ကာကွယ် ပြောဆိုကြောင်း BBC ၌ ဖော်ပြထားသည်။
မြန်မာမိန်းကလေးတစ်ဦးအနေနဲ့ မြန်မာဆန်ဆန်အဝတ်အစားတွေဝတ်တာ မလိုက်ဖက်ဘူးရယ်လို့ မရှိပါဘူး။ အမှန်ပြောရရင် ကိုယ့်မြန်မာ ဝတ်စုံတွေကိုတော့ မပျောက်ပျက်စေချင်ဘူး။(ယုသန္တာတင်)
မေး - မြန်မာဆန်ဆန်ဝတ်စုံလေးတွေကို အများ ဆုံးဝတ်ဆင်လာတာ တွေ့ရတယ်နော်။ မြန်မာ ဝတ်စုံကိုကြိုက်တာလား။
ဖြေ - အင်းဟုတ်တယ်။ အခုလို မြန်မာဆန်ဆန် ပုံစံလေးတွေဝတ်ဆင်ရတာကို ပိုသဘောကျတယ်။ နောက်ပြီးတော့ ယုအဲဒီလိုမျိုးဝတ်တာကို ပရိသတ် ကလည်း လက်ခံအားပေးတယ်။ ကြိုက်နှစ်သက် တယ်။ နောက်တစ်ခုက ယုကိုယ်တိုင်လည်း ကြိုက် လို့ပါ၊
မေး - မြန်မာဝတ်စုံတွေကို ဘယ်အချိန်ကနေစပြီး နှစ်သက်ခဲ့တာလဲ။ ဒီဇိုင်နာနဲ့အပ်ပြီး ဝတ်တာလား။

စိန်လက်စွပ်ကောက်ရသူ အိမ်ယာမဲ့တစ်ဦး ရိုးသားမှုကြောင့် တစ်ပတ်အတွင်း သူဌေးဖြစ်
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မစ်ဆိုရီမြို့တွင် နေထိုင်သူ အိမ်ယာမဲ့
တစ်ဦးသည် ကောက်ရသော စိန်လက်စွပ်ကို ပိုင်ရှင်အားပြန်လည်အပ်နှံ
ခဲ့သည် ဟုသိရသည်။
တစ်ဦးသည် ကောက်ရသော စိန်လက်စွပ်ကို ပိုင်ရှင်အားပြန်လည်အပ်နှံ
ခဲ့သည် ဟုသိရသည်။
ATM စက်များကို ခိုးဖောက်နိုင်ကြောင်း ပြသခဲ့သူ ဟက်ကာ သေဆုံး
ATM စက်များကို မည်သို့ ခိုးဖောက်နိုင်ကြောင်း လက်တွေ့ ပြသနိုင်ခဲ့သည့်
ဟက်ကာ တစ်ဦးဖြစ်သူ ဘာနာဘီဂျက်သည် ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့ က
ကွယ်လွန်သွားကြောင်း Guardian သတင်းတွင် ရေးသား ဖော်ပြ ထားသည်။
Nokia Lumia 925
$799
TECH SPECS
Operating System : Windows Phone 8
Processor : 1.5 GHz dual-core, Snapdragon
Display : 4.5-inch AMOLED, 1,280 x 768 pixels
Memory : 1GB RAM, 16GB internal memory
Camera : PureView 8.7 megapixel with optical image stabilization
Battery : 2,000mAh

Apple iPad ပညာရေးအတွက် ပူးပေါင်း ဆောင်ရွက်
လာမည့် ၂၀၁၄ ခုနှစ်တွင် လော့စ်အိန်ဂျလိစ်ဒေသ (LAUSD) အတွင်းရှိ
ကျောင်းများတွင် Apple ကုမ္ပဏီထုတ် iPad တက်ဘလက် လုံးရေ ၆၄၀,၀၀၀ ကို
ကျောင်းသားများ လက်တွင်းသို့ အရောက် ပေးပို့ခြင်းဖြင့် ပညာရေး ဌာနနှင့်
ပူးပေါင်း ဆောင်ရွက်ခွင့် ရရှိထားကြောင်း Apple ကုမ္ပဏီက ထုတ်ပြန်
ကြေညာခဲ့သည်။
မြဝတီမြို့တွင် မြစ်ရေလျှံမှုကြောင် CB ဘဏ် လုပ်ငန်းဝန်ဆောင်မှု များ ခေတ္တယာယီရရှိနိုင်မည်မဟုတ်
မြဝတီမြို့တွင် မြစ်ရေလျှံမှုကြောင့် ဇူလိုင်၃၀ရက် နေ့တွင် CB Bank မြဝတီမြို့ဘဏ်ခွဲ၏ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ခေတ္တ ယာယီရရှိနိုင်မည်မဟုတ်ကြောင်း CB Bank ( Co-operative Bank Ltd. )မှ အသိပေးချက်ထုတ်ပြန်ထားသည်။
ရန်ကုန်နှင့် နေပြည်တော်ပွဲများ ချန်ပီယံ ဖြစ်ရေးအတွက် အရေးပါ
မြန်မာနေရှင်နယ်လိဂ် (MNL) အမှတ်ပေးပြိုင်ပွဲ ပြီးဆုံးရန် နှစ်ပွဲသာ
ကျန်ရှိတော့သည့် အချိန်၌ ယနေ့ ကစားမည့် ရန်ကုန် ယူနိုက်တက်နှင့် နေပြည်တော်
နှစ်သင်းလုံးအတွက် အမှတ်ပေးပွဲစဉ် ၂၁ သည် ချန်ပီယံ ဖြစ်ရေးအတွက်
အရေးကြီးသည့် မိနစ် ၉၀ အချိန် ဖြစ်လာ သည်။
ကမ္ဘောဒီးယားရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် အနိုင်ရရှိမှုအား အတိုက်အခံများ လက်မခံ
ပြီးခဲ့သည့် သီတင်းပတ်ကုန် ရွေးကောက်ပွဲ ရလဒ်များအရ ဝန်ကြီးချုပ် ဟန်ဆန်း
ပြန်လည် အနိုင်ရရှိခဲ့ကြောင်း ကြေညာခဲ့သော်လည်း ယင်းရွေးကောက်ပွဲတွင်
ပုံမှန်မဟုတ်သော ချဉ်းကပ်မှုများ ရှိခဲ့ကြောင်း ကောလာဟလများ
ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့
ရှစ်လေးလုံး ငွေရတုအတွက် ဘာတွေ ဘယ်လို ပြင်ဆင်နေလဲ
သြဂုတ်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့ထိ အားလုံးပါဝင်နိုင်အောင်စီစဥ်နေတဲ့
ရှစ်လေးလုံး ငွေရတု အခမ်း အနားအတွက် ရံပုံငွေနဲ့ လှုံ့ဆော်ရေးအတွက်
စီမံထားတဲ့ တီရှပ်နဲ့ ပို့စ်ကတ်တွေကို နိုင်ငံကျော် အနုပညာ ရှင်တွေ၊
ရုပ်ရှင်သရုပ်ဆောင်တွေက ကူညီရောင်းချပေးသွား မှာဖြစ်ပါတယ်။
ပူးပေါင်းလုပ်ဆောင်မှုတွေမှာ အကောင်းဆုံးဖြစ်စေမယ့် နည်းလမ်း ၅ချက်
ဘ၀မှာ အောင်မြင်မှု ရရှိဖို့ဆိုတာ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ ထောက်ပံ့
ကူညီပေးမှုတွေ အများကြီး လိုအပ်တာ အမှန်ပါ။ ဒီနေရာမှာ အောင်မြင်
ကျော်ကြားတဲ့ လူတိုင်း သူတို့ရဲ့ လက်တွဲဖော် သူငယ်ချင်း မိတ်ဆွေတွေလည်း
ရှိစမြဲ ဖြစ်ပြီး အဲဒီလို ပူးပေါင်း လုပ်ဆောင်မှု တွေကပဲ သူတို့ရဲ့ အောင်
မြင်မှု ခရီးပန်းတိုင်ကို ရောက်ရှိ စေခဲ့တာ
တွေ့နိုင်ပါတယ်။ အခု ကျွန်တော်ပြောမှာကတော့ အပေါင်းအသင်း အပိုင်းမှာ
ကောင်းမွန်စွာ ပေါင်း သင်းပြီး အောင်မြင်မှု လမ်းကြောင်းကို လျှောက်လှမ်း
နိုင်မယ့် နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။