Pages

7.10.13

ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းအတွက် အရန်ပိုက်လိုင်းအား ဧရာဝတီမြစ်ကို ဖြတ်သန်း၍ ထပ်မံဖောက်လုပ် နေသဖြင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေ

ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းအတွက် အရန်ပိုက်လိုင်းအား ဧရာဝတီမြစ်ကို
 ဖြတ်သန်း၍ ဖောက်လုပ်နေသဖြင့်
 မြစ်ကြောင်း ပြောင်းလဲခြင်း၊ ရေစီးရေလာ
 ပြတ်တောက်ခြင်း စသည့်ဘေးထွက် ဆိုးကျိုးများ ဖြစ်ပေါ်မည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ယာလာပြည်နယ်၌ လမ်းဘေးထောင် ဗုံးပေါက်ကွဲ ထိုင်းစစ်ဘက် တပ်ဖွဲ့ဝင် သုံးဦးဒဏ်ရာရ

ထိုင်းနိုင်ငံတောင်ပိုင်း ယာလာပြည်နယ် မြောင်ခရိုင်၌ အောက်တိုဘာ ၆ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ခန့်က ဗုံးခွဲတိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားခဲ့ပြီး ထိုင်းတပ်ဖွဲ့ဝင်သုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

တရုတ်နယ်စပ် ကချင်ဒုက္ခသည်စခန်း ဆေးဝါးအရေးပေါ်လို

တရုတ်-မြန်မာ နယ်စပ်ရှိ ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ဇိုင်းအောင် (Zai Awng) ကချင်ဒုက္ခသည် စခန်းတွင် လူ ၂၀၀ ကျော် ဖျားနာ၍ ဆေးဝါးများ အရေးပေါ် လိုအပ်နေသည်ဟု စခန်းတာဝန်ခံ ဆရာဆင်ဝါးက The Voice သို့ ပြောကြားသည်။

ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို ရန်ကုန်မြစ်နှင့် ဧရာဝတီမြစ်တွင်း မျှောမည်

အိန္ဒိယနိုင်ငံ ဘုံဘေမြို့တွင် ကွယ်လွန်သွားခဲ့သည့် ကမ္ဘာ့ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာများကို ရန်ကုန်မြစ်နှင့် ဧရာဝတီမြစ်တို့တွင် မျှောသွားမည်ဖြစ်ကြောင်း သိရသည်။

လူကို တွယ်သော မျှော့များ တရုတ်ကဝယ်နေ

အောက်ပိုင်းဒေသ မိုးများသော ဒေသများရှိ ကျေးလက်ဒေသများတွင် မျှော့များ ဖမ်းယူပြီး လူငယ်လူရွယ်များ အပိုဝင်ငွေ ရလျက်ရှိကြောင်း သိရသည်။ မျှော့သည် လယ်မြေများ၊ ဗွက်အိုင်များ၊

ဆန်းဒါးလန်းနှင့် ပွဲစဉ်တွင် ချန်ပီယံတို့၏ အရည်အသွေးကို ပြသနိုင်ခဲ့ဟု ဂျုံးစ်မှတ်ချက်ပြု

ဆန်းဒါးလန်းနှင့် ပွဲစဉ်တွင် မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ချန်ပီယံတို့၏ အရည်အသွေးကို ပြသနိုင်ခဲ့ကြောင်း နောက်ခံလူ ဖီးလ်ဂျုံးစ်က ပြောကြားခဲ့သည်။

အခြေခံပညာ ဖွဲ့စည်းပုံစနစ် (သူငယ်တန်း) KG +4-4-2 အစားပြောင်းလဲ ကျင့်သုံး အကောင်အထည် ဖော်မည့် စနစ်အား ဒုတိယဝန်ကြီး ရှင်းလင်း

လက်ရှိ အခြေခံပညာ ဖွဲ့စည်း ပုံစနစ် (သူငယ်တန်း) KG +4-4-2 အစား ပြောင်းလဲကျင့်သုံး အကောင်အထည် ဖော်မည့် စနစ်အား ရှင်းလင်းဖြေကြားပေးရန် ပထမ အကြိမ်အမျိုးသား လွှတ်တော် အဌမ ပုံမှန် အစည်းအဝေး တတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်(၁၀)မှ အမျိုးသားလွှတ်တော်

ရင်သား ပေါ်အောင် ဓာတ်ပုံ ရိုက်မိ ၍ နောင် ဓာတ်ပုံ ဘယ်တော့မှ မရိုက်တော့ ဟု ဆိုသည့် မြန်မာ အမျိုးသမီး ဂုဏ်ကို ထိန်းသိမ်း ခဲ့သည့် မြန်မာ မော်လ်ဒယ်

ဂျာနယ် တစ်ခု ရဲ့မျက်နှာ ဖုံး မှာ ပြီးခဲ့တဲ့ လ အတွင်း က ဖော်ပြ ခံရတဲ့ ရင်ဟိုက် ဓာတ်ပုံ ကြောင့် ပ ရိ သတ် တွေ ရဲ့ဝေဖန်မှု ကို ပြင်းပြင်း ထန်ထန် ခံခဲ့ ရတဲ့ မော်ဒယ် မြနှင်းရည်လွင် က လာမယ့်နှစ် က စပြီး ဓာတ်ပုံ မော်ဒယ် အဖြစ် ဆက်ပြီး လုပ်ကိုင် သွားမှာ မဟုတ် တော့ဘူး လို့ မြန်မာ တိုင်းမ် ကို ပြောပါတယ်။

ဟိန္ဒူရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာအရ မယ်တော် အဓိဋ္ဌာန် ပူဇော်ပွဲကျင်းပ

ဟိန္ဒူလူမျိုးတို့၏ ဘာသာရေးပွဲတော်တစ်ခုဖြစ်သော မယ်တော်အဓိဋ္ဌာန်
ပူဇော်ပွဲ(၉ ရက်) အား သီပေါမြို့တွင် (၅.၁၀.၂၀၁၃)ရက်နေ့မှ စတင်ကာ သီပေါမြို့၊ အနောက်ရပ် ဂေါ်ရခါးဟိန္ဒူ ဘုရားကျောင်းတွင် စတင်ကျင်းပ
လျက်ရှိသည်က တွေ့ရသည်။

KIA မှ ခရီးသွား ပြည်သူများနှင့် ရွှေကျင်လုပ်သားများအား ဖမ်းဆီးခေါ် ဆောင်ပြီး ငွေကြေးတောင်းယူမှု ၀ိုင်းမော် - ချီဖွေ ကားလမ်းပေါ်တွင် ဖြစ်ပွား

ကချင်ပြည်နယ် ၀ိုင်းမော် - ချီဖွေသွား ကားလမ်းပေါ်ရှိ ဒွန်ဘန်ကျေးရွာနှင့် မန်ဒေါင်းကျေးရွာကြား ဆွပ်မရာကန် နေရာ၌ အောက်တိုဘာ ၅ ရ က် ညနေ ၄ နာရီခန့်တွင်

မိန်းကလေးတစ်ဦး ညာဘက်လက်တွင် မွေးရာပါ လက်ချောင်းများ မပါရှိသော်လည်း စန္ဒရား တီးခတ်ပြနိုင်

တရုတ် နိုင်ငံမှ ကျန်းကွေကူ အမည်ရှိ မိန်းကလေး တစ်ဦးသည် ညာဘက်လက်တွင် မွေးရာပါ လက်ချောင်းများ မပါရှိသော်လည်း စန္ဒရား တီးခတ် ပြနိုင်မှုကြောင့် ပရိသတ်များကို အံ့အား သင့်စေခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ပွင့်လင်းရာသီရောက်၍ ရွှေဈေး ပြန်တက်နိုင်ဟုဆို

အမေရိကန်အစိုးရ လုပ်ငန်းအချို့ လည်ပတ်မှု ရပ်ဆိုင်းသည့် ဂယက်ကြောင့် ကမ္ဘာ့ရွှေဈေးနှင့် မြန်မာ့ရွှေဈေးမှာ တစ်လအတွင်း အနိမ့်ဆုံးဈေးသို့ ရောက်ရှိသွားရာမှ ပွင့်လင်းရာသီ ရောက်လာသည့် အတွက် ပြန်လည် မြင့်တက်လာဖွယ် ရှိကြောင်း ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။

ပြည်တွင်းဆန်ဈေး ဆက်ကျဆင်းနိုင်

ရာသီဥတု ဖြစ်စဉ်များနှင့် ဆက်စပ်၍ အချိန်တိုအတွင်း တစ်ရှိန်ထိုး မြင့်တက်ခဲ့သော ပြည်တွင်း ဆန်ဈေးသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စတင်ကျဆင်းခဲ့ရာ လာမည့် စပါးပေါ်ချိန်တွင်လည်း ထပ်မံကျဆင်းလာနိုင်ကြောင်း ပြည်တွင်း ဆန်ကုန်သည် အချို့က သုံးသပ်သည်။

၁၆ မိုင်ဂိတ် တရားမဝင် ကျောက်စိမ်းတုံးများ ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် (၁၆) မိုင်စစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာ ၅ ရက်နေ့က မန္တလေးမှ မူဆယ်သို့သွားမည့် ကိုယ်ပိုင်ယာဉ်တစ်စီးနှင့် ကုန်တင်ယာဉ် သုံးစီးပေါ်မှ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဘယ်လ်ဂျီယံ လူငယ်ခြေတက်လေး တစ်ဦးကို မန်ချက်စတာနှစ်သင်း အပြိုင်ချိတ်ဆက်နေ

မန်ချက်စတာ အခြေစိုက် အသင်းကြီး နှစ်ခုတို့သည် ဘယ်လ်ဂျီယံ တက်သစ်စ လူငယ်လေး တစ်ဦးကို ခေါ်ယူနိုင်ရန် အပြိုင်ကြိုးပမ်းနေကြောင်း သိရှိရသည်။

အစိုးရနှင့် ကေအိုင်အိုဆွေးနွေးပွဲ နှစ်ဖက်တပ်များ နေရာချရေးမြေပုံရေးဆွဲ ဆွေးနွေးမည်

မြစ်ကြီးနား- အောက်တိုဘာ ၈ ရက်မှစတင်၍ ၃ ရက်ကြာပြုလုပ်မည့်အစိုးရနှင့် 
 ကေအိုင်အို ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွင်
 နှစ်ဖက်တပ်များ နေရာချထားရေး
 မြေပုံရေးဆွဲထည့်သွင်းဆွေးနွေး
သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စပိန် နိုင်ငံတွင် ပေ ၃၀ ရှည်သည့် ပြည်ကြီးငါး တစ်ကောင် တွေ့ရှိ

စပိန်နိုင်ငံ ကန်တာဘရီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကမ်းခြေတစ်ခုတွင် Architeuthis Dux မျိုးရင်း အမည်ရှိ ကြီးမားသော ပြည်ကြီးငါး တစ်ကောင်ကို အားလပ်ရက် ခရီး ထွက်သူ များက ယခုရက် သတ္တပတ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

အမေရိကန်၏ အသုံးစရိတ် ဖြတ်တောက် မှုကြောင့် စီးပွားရေး လုပ်ငန်းများ စတင် ထိခိုက်နေ

အမေရိကန် ကွန်ဂရက်မှ အစိုးရ အသုံးစရိတ် ဖြတ်တောက်မှုကြောင့် အစိုးရ ယန္တရားကြီး ရပ်ဆိုင်း ခဲ့ရခြင်းသည် စီးပွားရေး လုပ်ငန်းများတွင် စတင် ထိခိုက်နေပြီ ဖြစ်ကြောင်း အမေရိကန် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ပန်နီ ပရစ်တ်ဇကာက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

အစိုးရဌာနများတွင် ဟောင်းနွမ်းသက်တမ်းလွန်ကားများ အသုံးပြုနေဆဲ

အစိုးရဌာနများတွင် လက်ရှိအသုံးပြုနေသောကားများမှာ ဟောင်းနွမ်း သက်တမ်း လွန်နေပြီဖြစ်ပြီး ယာဉ်အိုယာဉ်ဟောင်းအပ်နှံခြင်းမပြုဘဲ ဆက်လက်အသုံးပြုနေဆဲဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး က ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြောကြားသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အစိုးရနှင့်ကေအိုင်အို ကိုယ်စားလှယ်များ ယနေ့ မြစ်ကြီးနားရောက်မည်

အစိုးရနှင့် ကေအိုင်အို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည့် စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များပါ ၀င်သော နှစ် ဖက်ကိုယ် စားလှယ်အဖွဲ့များ အောက်တိုဘာ ၇ ရက်တွင် မြစ်ကြီး နားမြို့သို့ ရောက်ရှိမည်ဖြစ်သည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းသစ် တရားဝင်မဖွင့် ရသေးသော်လည်း ကုန်သွယ်မှုစတင်နေ

ရွှေတြိဂံနယ်မြေအနီး တရားဝင်ဖွင့်လှစ်ခွင့်မရသေးသော တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် ကြင်ဆန်းကြော့စခန်းမှ ကုန်ပစ္စည်းများ တင်ပို့နေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။

Volkswagen တစ်လီတာကား မိုင် ၇၀၀ ဆီတစ်ဂါလံသာ သုံးမည်

Volkswagen XL1 လို့ အမည်ပေးထားတဲ့ ၂ ယောက်စီးကား ဖြစ်ပါတယ်။ ကမ္ဘာ့ ဆီစား အသက်သာဆုံး ကား အဖြစ် စံချိန်တင်ထားတဲ့ကား ဖြစ် ပါတယ်။

မန္တလေးမြို့တော်တွင် အိမ်၊ ခြံ၊ မြေအခွန် လာရောက် မေးမြန်းသူ များပြားဟုဆို

မန္တလေးမြို့တော်တွင် ပြီးခဲ့သည့် မေလခန့်က စတင်ဖွင့်လှစ်ခဲ့သည့် ပြည်တွင်း အခွန်များဦးစီးဌာန အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံးသို့ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်ဆိုင်ရာ ပေးဆောင်ရမည့် အခွန်ကိစ္စ များနှင့် ပတ်သက်၍ လာရောက် မေးမြန်းမှု ပိုများလာကြောင်း အဆိုပါရုံး တာဝန်ရှိသူထံမှ သိရသည်။

ရုပ်လှစရာမလို အနေလှဖို့သာလို

မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့ ရှင်သန်သင့်တယ်။
ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့
အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။

ကျောင်းကုန်းဖြစ်စဉ်ပြီးနောက် ပဋိပက္ခလုပ်ဆောင်သူများအား ပြင်းထန်စွာအရေးယူမည်ဟု သတိပေး

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန်အတွက် ရဲတပ်ဖွဲ့ဝင်များအား လုံခြုံရေး အထူးတင်းကြပ်ရန် ညွှန်ကြားထားကြောင်းနှင့်ပဋ္ဋိပက္ခဖြစ်ပွားစေရန် လုပ်ဆောင်သူများအား ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံုးမှ သိရှိရသည်။

ကျောင်းကုန်း အဓိကရုဏ်း သံသယရှိသူ ၅ ဦးကို ဖမ်းဆီးစစ်ဆေး

ဧရာဝတီ တိုင်းဒေသကြီး ကျောင်းကုန်း မြို့နယ်တွင် အရွယ်မရောက် သေးသည့် မိန်းကလေးငယ် တဦးကို မုဒိမ်းကျင့် သည်ဆိုသော အမှုဖွင့် တိုင်ကြားချက်နှင့် ပတ်သက်ပြီး မွတ်စလင်နေအိမ် တချို့ ဖျက်ဆီးခံရသည့် အဓိကရုဏ်း တရပ် ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာက သံသယရှိသူ ၅ ဦးကို ဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိသည်။

နောဝှစ်ခ်ျနှင့် ပွဲစဉ်တွင် စွန့်စားဆုံးဖြတ်မှုအချို့ ပြုလုပ်ခဲ့ဟု မော်ရင်ဟိုဝန်ခံ

နောဝှစ်ခ်ျစီးတီးနှင့် ပွဲစဉ်တွင် အသင်း၏ ဗျူဟာ အပြောင်းအလဲ စွန့်စားမှုများ ရှိခဲ့ကြောင်း ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟိုက ဝန်ခံ ပြောကြားလိုက်သည်။

ဦးသန့် ဇာတိမြို့က အပြန်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ကြောင့် မြန်မာကို ကမ္ဘာက သိစေခဲ့သော်လည်း သူ့အကြောင်းကို ကျောင်းသင်ခန်းစာ များတွင် သီးသီးသန့်သန့် ထည့်သွင်း သင်ကြားခြင်း မရှိခဲ့သောကြောင့် ဧရာဝတီတိုင်း ပန်းတနော်မြို့ ဆိုသည်မှာ သူ၏ ဇာတိ ဆိုသည်ကိုပင် မသိသူ များစွာ ရှိနေပါသေးသည်။

လေဖိအားနည်းဆဲလ် INVEST-90W တည်နေရာ update

လေဖိအားနည်းဆဲလ် INVEST-90W သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဘုတ်ပြင်းမြို့ပေါ်မှ ဖြတ်ကာ၊ ဘုတ်ပြင်းမြို့

မိုးစက်ဝိုင်ကို ဝေဖန်မှုတွေ ပြန်သုံးသပ်ပေးရန် ဒေါ်အယ်လ်ခွန်းရီ ပြော

Miss Universe Myanmar 2013 သရဖူဆုရှင် မိုးစက်ဝိုင်အပေါ် အင်တာနက် အွန်လိုင်းတွေမှာ ဝေဖန်ကြ တာတွေ
နဲ့ပတ်သက်ပြီး ပြန်သုံးသပ်ဖို့ ဒေါ်အလ်ခွန်းရီက တိုက်တွန်း ထားပါတယ်။

ကမ္ဘာ့အရှည်ဆုံး ဟိုင်းဝေးလမ်း

Pan-American Highway လို့အမည်ပေးထားပါတယ်။ စုစုပေါင်း အရှည် ကတော့ ၂၉၈၀၀ မိုင် ရှိပါတယ်။

ပလောင်လူမျိုးများဆင်းသက်လာပုံ

မနုဿပညာရှင်တို့က မွန်၊ ၀၊ ပလောင်လူမျိုးတို့သည် ‘မွန်-ခမာ‘ အနွယ်ဖြစ်ပြီး မြန်မာမြေပေါ်တို့ အဦးစောဆုံး ၀င်ရောက်လာကြသည်ဟု လက်ခံကြပါသည်။ မွန်-ခမာအနွယ်သည် ‘မောင်းဂုတ်‘ လူမျိုးနွယ်ကြီးမှ ဆင်းသက်လာသည်ဟု ဆိုသည်။ မောင်းဂုတ် လူမျိုးနွယ်ကြီးမှ ‘သြစတြစ်‘ နှင့် ‘တီဗက်တိုတရုတ်‘ ဟု ကွဲပြားလေသည်။

ကမ္ဘာ့အသက်အငယ်ဆုံး တိရစ္ဆာန်ထိန်း

အသက် ၃ နှစ်ပဲ ရှိသေးတဲ့ သြစတေးလျနိုင်ငံက Charlie Parker လို့ အမည်ရတဲ့ ကလေးငယ်လေး ဖြစ်ပါတယ်။

ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်၊ လှပသော စိတ်ထားနှင့် မြန်မာနှ လုံးသားပိုင်ရှင် Miss Universe Myanmar

Healthy Body ကျန်းမာ သန်စွမ်းသောခန္ဓာကိုယ်၊ Beauty Mind လှပတဲ့စိတ်ထား၊ Myanmar Heart မြန်မာနှလုံးသားဆို တဲ့ ဆောင်ပုဒ်နဲ့အညီ Hello Madam Media Group ကစီစဉ်ပြီး Miss Universe Myanmar 2013 အလှမယ်ကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။

တောင်ကိုရီးယားနှင့် အမေရိကန်ကို မြောက်ကိုရီးယားခြိမ်းခြောက်

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကာကွယ်ရေး မဟာဗျူဟာဆိုင်ရာ ချဉ်းကပ်မှု စာချုပ်သစ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့

ဗိုလ်ချုပ်မှူးကြီးဟောင်း မြေးနဲ့ လုံးဝ မပတ်သက်ကြောင်း မိုးစက်ဝိုင် ရှင်းပြီ

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေး နေရွှေသွေးအောင် (ဖိုးလပြည့်) နဲ့ အတူ Miss Myanmar Universe 2013 ကို တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ

ယာနူဇက်ဂ်ျကို အင်္ဂလန် လက်ရွေးစင် အသင်းအတွက် အလိုရှိနေ

ယာနူဇက်ဂ်ျသည် ဘယ်လ်ဂျီယံတွင် မွေးဖွားသော်လည်း မိဘမျိုးရိုး ဆက်နွယ်မှုများအရ ဘယ်လ်ဂျီယံ၊ အယ်လ်ဘေးနီးယား၊ တူရကီ၊ ဆာဘီးယားနှင့် ကိုဆိုဗိုတို့ကို ကိုယ်စားပြုခွင့် ရှိနေသည်။

ဖလားယူဆောင်ပေးတာပရိသတ်အထင်မလွဲစေလိုပါဆိုတဲ့မိုးစက်ဝိုင်

မြန်မာနိုင်ငံကနေ နှစ်ပေါင်း ၅ဝကျော် မကျင်းပဖြစ်ခဲ့တဲ့ Miss Universe Myanmar ပွဲကို ပထမ ဦးဆုံးအကြိမ်ပြန်ပြီး အောင်မြင်စွာ ကျင်းပပြီးဆုံးတဲ့ အထိမ်းအမှတ်

ဆေးပညာ နိုဘယ်ဆု ဆဲလ်ဇီဝပညာရှင်တွေ ရရှိ

ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ဆဲလ် ဇီဝဗေဒ ပညာရှင် ပါမောက္ခတွေ ဖြစ်ကြတဲ့ အမေရိကန် နိုင်ငံသား James Rothman ၊ Randy Schekman နဲ့ ဂျာမနီဖွား Thomas Sudhof တို့က ပူးတွဲ ရရှိသွားကြပါတယ်။

ကေအင်န်ယူ အဖွဲ့မှ လူသစ် စုဆောင်းလျက်ရှိ

တနင်္သာရီတိုင်း ဒေသကြီး အတွင်း သရက်ချောင်းမြို့နယ် တံခွန်တိုင် ကျေးရွာတွင် သြဂုတ် ၂၆ ရက်က ပြုလုပ်သည့် ရိုးရာ အပ်ချည်ထိုးပွဲ

အီဂျစ်အမျိုးသားနေ့ ဆန္ဒပြမှုများအတွင်း လူ ၅၁ ဦးထက်မနည်း သေဆုံး

တနင်္ဂနွေနေ့က အီဂျစ်စစ်တပ်များ စူးအက်ဇ် တူးမြောင်းကို ဖြတ်ကျော်ကာ အစ္စရေးသို့ ချီတက်ခဲ့သည့် နှစ်ပေါင်း(၄၀)ပြည့် အခမ်းအနားကို ကျင်းပနေချိန်၌ ဆန္ဒပြမှုများ စတင်ခဲ့ပြီး ရဲများ၊ လုံခြုံရေး တပ်ဖွဲ့များနှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည်။

လေတန်ဘိန်းစ်အတွက် ပေါင် ၁၅ သန်းအပြင် ဗလင်စီယာကိုပါ အလိုက်ပေးကမ်းလှမ်းရန် မန်ယူစီစဉ်

မန်ယူအသင်းသည် အဲဗာတန်အသင်းမှ အင်္ဂလန်နောက်ခံလူ လေတန် ဘိန်းစ်အား ခေါ်ယူနိုင်ရန်အတွက်\
 ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းအပြင် တောင်ပံကစားသမား ဗလင်စီယာကိုပါ အလိုက်ပေးကမ်း၍
လာမည့် ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် ကမ်းလှမ်းသွားရန် ပြင်ဆင်နေကြောင်း သိရသည်။