ပြီးခဲ့တဲ့ သြဂုတ် ၃၀ မှာ အမေရိကန် သမ္မတ အိုဘားမားဟာ ကမ္ဘာ့ စစ်အင်အားကြီး နိုင်ငံ စာရင်းမှာ ပါတဲ့ ပြင်သစ်နဲ့ ဗြိတိန်က ဝန်ကြီးချုပ် အသီးသီးကို ဖုန်းဆက်လို့ ဆွေးနွေးပွဲငယ် တစ်ခု ပြုလုပ်ခဲ့ပါတယ်။
လက်ရှိဆီးရီးယားအရေးနဲ့ ပက်သက်ပြီးတော့ပါ။ အမေရိကန် အိမ်ဖြူတော်လွတ်တော်အဖွဲ့မှ
ဆီးရီးယား အစိုးရဟာ ဓာတု စစ်လက်နက် အသုံးမပြုရ ကမ္ဘာ့ စစ်ဥပဒေ အပြင် အခြားသော ဥပဒေများကိုပါ ချိုးဖောက်ထားတဲ့အတွက် အမေရိကန် နိုင်ငံအတွက် နောက်ထပ် အီရတ်နိုင်ငံတစ်ခု ဖြစ် လာနိုင်တယ်လို့တောင် တင်စားနေကြ ပါတယ်။
ဆီးရီးယား သမ္မတ Bashar Assad ကိုလည်း တားမြစ်မှု အကြိမ်ကြိမ်ပြု လုပ်ပေမယ့် ထူးခြား မလာပါဘူး။ ဓာတု စစ်လက်နက် ဘယ်သူ အသုံးပြုသလဲဆိုတာ သိအောင် ကုလအဖွဲ့ လွတ်၍ စစ်ဆေးခဲ့ရာ မထင်မှတ်စွာပဲ အစိုးရ စစ်တပ်မှ အသုံးပြုနေတာကို သိရှိတွေ့မြင် ခဲ့ကြရပါတယ်။ စစ်နိုင်ရန် ရည်ရွယ်ချက် တစ်ခုတည်းနဲ့ ပြည်တွင်း သူပုန်တွေချေမှုန်းဖို့ ဓာတု လက်နက်အသုံးပြုမှုဟာ ပြည်သူတွေကို ပိုမို အထိနာစေခဲ့ပါတယ်။ ၂၀၁၁ မတ် ကတည်းက စတဲ့ စစ်ပွဲက ပြည်သူပေါင်း ၉သိန်းခွဲကျော်ကို အသက်ဆုံးရှုံးစေခဲ့ပါပြီ။
Read More>>>http://
0 comments:
Post a Comment