ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

29.6.13

၁၁ နှစ်ကျော်ကြာ ကျောင်းမလာတဲ့ ရခိုင်က ဆရာမ ရာထူး တိုးခံရ

ရခိုပြည်နယ် တောင်ကုတ်မြို့နယ် ဘူးရွှေမော်ကျေးရွာ မူလွန်ကျောင်းတွင် တာဝန်ကျနေသော မူလပြ ဆရာမ တစ်ဦးသည် တာဝန်ကျနေသည့် ၁၁ နှစ်ကျော် အချိန်ကာလအတွင်း တစ်ကြိမ် တစ်ခါမျှ ကျောင်း သို့ ရောက်မ လာသော်လည်း ယခုအခါ သူမအား သက်ဆိုင်ရာမှ မူလတန်းဆရာမ အဖြစ်မှ အလယ် တန်းပြ ဆရာမ အဖြစ်သို့ ရာထူး တိုးမြှင့်လိုက်ကြောင်း သတင်း ရရှိသည်။ ဇွန်လ ၂၂ ရက်နေ့က ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ မူလွန်ကျောင်း၊ ဘူးရွှေမော်ကျေးရွာ တောင် ကုတ်မြို့နယ်မှ ပညာရေးမှူးထံသို့ တိုင်ကြားစာ ရေးသားပေးပို့ရာတွင်...

လွန်ခဲ့သော နှစ်က အစ္စရေး နိုင်ငံ၏ စစ်လေယာဉ် များသည် လျှို့ဝှက် စစ်ဆင်ရေး များကို ဆောင်ရွက် ခဲ့ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ပြောကြား ခဲ့သည်။ ဇွန် ၂၇ ရက်က ပြုလုပ်သော အစ္စရေး စစ်ဘက်ဆိုင်ရာ ကျောင်းဆင်းပွဲတွင် နေတန်ယာဟုက မိန့်ခွန်း ပြောကြားရာ၌ ထည့်သွင်း ပြော ကြားခဲ့ကြောင်း သိရသည်။ ထိုသို့ ပြောကြားမှုသည် အစ္စရေး စစ်လေယာဉ်များ အနေဖြင့် ဆီးရီးယား မြေပေါ်သို့ တိုက်ခိုက်ခဲ့မှု များ အား ရည်ညွှန်းကြောင်း သိရသည်။ မေ ၅ ရက်က ဆီးရီးယား နိုင်ငံ မြို့တော်၏...

Facebook ရဲ့ ၁၅ စက္ကန့် ရုပ်သံခြေလှမ်း

ကမ္ဘာ့ နံပါတ် (၁) ဆိုရှယ်ဝက်ဆိုဒ်ဖြစ်တဲ့ Facebook ဟာ တွစ်တာတို့လို သူ့ရန်ဘက်တွေကို အပြိုင်ကြဲဖို့ အတွက် ခြေလှမ်းတလှမ်း ထပ်လှမ်းလိုက်ပြန်ပါပြီ။ အဲဒါကတော့ အရင်နှစ်က ဝယ်ယူထားတဲ့ Instagram မှာ ဗီဒီယို အတိုလေးတွေပါ တင်နိုင်၊ ရှယ်နိုင်တဲ့ အစီအစဉ်ကို အကောင်အထည်ဖော်လိုက်ခြင်းပါပဲ။ Instagram ကို အသုံးပြုသူပေါင်းဟာ သန်း ၁၃ဝ ကျော်ဟာ အခုချိန်ကစပြီးတော့ ၁၅ စက္ကန့် ကြာမြင့်တဲ့ ရုပ်သံဖိုင်/ဗီဒီယိုဖိုင်လေးတွေ တင်နိုင်/ရှယ်နိုင်ပါပြီ။ ဒါဟာ တွစ်တာရဲ့ Vine...

ဂီတသမားဖြစ်ရတာ ဂုဏ်ယူတယ်ဆိုတဲ့ အိမ့်ချစ်

“ကိုယ်တိုင်ရေးပုံတူ” ဆိုတဲ့ တစ်ကိုယ်တော်စီးရီးလည်းထွက်ရှိထားပြီး အတွဲခွေများစွာပရိသတ်အားပေးမှု ကိုရရှိထားတဲ့ တေးသံရှင် အိမ့်ချစ်က ဇွန်လ ၂၇ရက်နေ့မှာ ဖြစ်ပေါ်လာမယ့် ဂီတနေ့အတွက် ဂုဏ်ယူနေ ပါ တယ်။” ဂီတသမားဆိုတာ အသံကောင်း ရုံနဲ့ မရဘူး။ ရုပ်ချောရုံနဲ့မရဘူး။ တခြားလုပ်ငန်းတွေ ကကျောင်း တွေ နဲ့ သင်ယူတတ်မြောက်နိုင်တယ်။ ဂီတသမားက ကိုယ့်မှာပင် ကို အရည်အချင်းရှိရမယ်။ ပါရမီအခံပါရမယ်။ ဒါတွေအားလုံးစုပြီးမှ အောင်မြင်တဲ့သူတစ်ယောက်ဖြစ် တာ။ ပြီးတော့ ဒီလိုလူပေါင်း...

ဒီမိုကရေစီစနစ် အခိုင်အမာ တည်ဆောက်မည်

သမ္မတ ဦးသိန်းစိန် လက်ထက်မှာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအုတ်မြစ်ကို ခိုင်ခိုင်မာ မာဖြစ်အောင်  ဖော်ဆောင်သွားဖို့ သံဓိဌာန်ချထားတယ်လို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ အသိပေးပြောကြားလိုက်ပါတယ်။ ဒီကနေ့ နေပြည်တော် စက်မှုဝန်ကြီးဌာနမှာကျင်းပတဲ့ သတင်း မီဒီယာတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အခုလို ပြောပါတယ်။ "ပထမဆုံး ဒီမိုကရေစီ အစိုးရဖြစ်တဲ့ ဒီအစိုးရဟာ ပြုပြင်စရာတွေ အများကြီးပြုပြင်ရင်းနဲ့ပဲ သူက ၅ နှစ်တာ သက်တမ်းပြီးဆုံး...

မငြိမ်မသက်မှုများ ဖြစ်ပွားနေသော ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ကင်းလှည့်တပ်ဖွဲ့ ဗုံးထောင် တိုက်ခိုက် ခံရ

မငြိမ်မသက်မှုများ ဖြစ်ပွားနေသော ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ကင်းလှည့် တပ်ဖွဲ့အား ဗုံးထောင်တိုက်ခိုက် မှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲမှုသည် တပ်ဖွဲ့ဝင်များ တင်ဆောင်ထားသော ကင်းလှည့် ယာဉ်တစ်စီးသည် ထိုင်းနိုင်ငံ တောင်ပိုင်း ပတ္တနီပြည်နယ်ရှိ ဆည်မြောင်းတစ်ခု ၏လမ်းဘေး မှ ဖြတ်သန်းစဉ် ဒေသစံတော် ချိန် မွန်းလွဲ ၁ နာရီတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြစ်ပွားမှုကြောင့် မည်သူမျှ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရပြီး အဆိုပါ တိုက်ခိုက်မှုသည်...

သေနတ်သံ မထွက်ဘဲ လူတွေ သေနေရတာ(အင်တာဗျူး)

လက်ရှိ အစိုးရ တပ်မတော်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဝင်နေတဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်ဦး (TNLA) ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသခံ လူထုတွေအကြားမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်မှုနဲ့ ထောက်ခံမှုတွေ ရရှိနေပါတယ်။ အင်အား ၁၃၀၀ အထက်မှာ ရှိတယ်လို့ သိရတဲ့ TNLA ဟာ ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ယခင် ၂၀၀၅ ခုနှစ်က အစိုးရထံ လက်နက်အပ်နှံခဲ့တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (PSLA) ထိန်းချုပ်ခဲ့တဲ့ နေရာတွေမှာ ၂၀၁၂ ခုနှစ်မှာ...

စနိုဒန်၏ နိုင်ငံရေး ခိုလှုံခွင့်နှင့် စပ်လျဉ်း၍ အီကွေဒေါနှင့် ရုရှား နိုင်ငံတို့အား အမေရိကန် သတိပေး

အမေရိကန် အမျိုးသား အေဂျင်စီ၏ လျှို့ဝှက် အစီအစဉ်များအား ဖွင့်ချခဲ့သည့် အက်ဒ်ဝပ်စနိုဒန်သည် ရုရှားနိုင်ငံအတွင်း နိုင်ငံရေး ခိုလှုံခွင့် တောင်းခံရန် ဆန္ဒရှိနေကြောင်း ရုရှား အာဏာပိုင် တစ်ဦးက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားသမ္မတဗလာဒီမာပူတင် အနေဖြင့်လည်း စနိုဒန်၏ နိုင်ငံရေးခိုလှုံ ခွင့် တောင်းခံမှုအား စဉ်းစားဆုံးဖြတ်နိုင်ကြောင်း ရုရှားသမ္မတဆိုင်ရာ လူအခွင့် အရေးကောင်စီ မှ ခေါင်းဆောင်တစ်ဦး ဖြစ်သူမီခေးလ် ဖီနိုတော့ဗ်က Interfax သတင်းဌာနသို့ ပြောကြားခဲ့သည်။...

မြန်မာ့ဆန် ဂျပန်အရည်အသွေး စစ်ဆေးမှုများ အောင်မြင်

ရန်ကုန်- နှစ်ပေါင်း ၄၅နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ဂျပန်အစိုးရ စစ်ဆေးရေးအဖွဲ့များ၏ အရည်အသွေးစစ်ဆေးမှု ဆောင်ရွက်ခြင်းများတွင် အောင်မြင်ခဲ့ကြောင်း သတင်း ရရှိသည်။ ဂျပန်နိုင်ငံသို့ပထမဆုံးအကြိမ်အဖြစ် တန်းမြင့်ဆန်တန်ချိန် ငါးထောင်တင်ပို့ရာတွင်ရုပ်ပိုင်းဆိုင်ရာ အသွင်ပြင်ကောင်းခြင်း၊ စားသုံးမှုအရသာကောင်းခြင်း၊ ဓာတုဗေဒဓာတ်ကြွင်းကင်းစင်ခြင်းတို့ကြောင့် ဂျပန်နိုင်ငံ အနေဖြင့် ပိုမိုဝယ်ယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်...

ဗဟိုဘဏ်တွင် ဒုဝန်ကြီးသုံးဦးခန့်အပ်မည်

ရန်ကုန်- မြန်မာနိုင်ငံတော်ဗဟိုဘဏ်အား လွတ်လပ်စွာရပ်တည်ခွင့်ပေးရန် ဖွဲ့စည်းပုံအသစ်အရ ဒုတိယ ၀န်ကြီးသုံးဦး ခန့်အပ်သွားရန်ရှိကြောင်း သတင်းရရှိသည်။ ဗဟိုဘဏ်၏ ဖွဲ့စည်းပုံအရ ဘဏ္ဍာအခွန်ဝန်ကြီး ဌာနမှ ခွဲထွက်ရာတွင် ငွေကြေးလုပ်ငန်းများထိန်းချုပ်ဆောင်ရွက်ရာ၌ လွယ်ကူအဆင်ပြေစေရန် လူဦးရေ တိုးမြှင့်ခန့်ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ညွှန်ချုပ်တွေခန့်လိုက်တာတော့ ပထမခြေလှမ်းပဲ”ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ နိုင်ငံတော်သမ္မတ...

မြန်မာနိုင်ငံသည် အာရှ၏ နောက်ထပ် ကျားတကောင်ဖြစ်သည်

ယုံ၍ ပုံမလောင်းလိုက်ပါနှင့်။ အာရှကျားနိုင်ငံများ၏ စီးပွားရေးစနစ်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးက နည်း နည်းမျှ မတူပါ။ မြန်မာနိုင်ငံ၏စီးပွားရေးကို ယခုတိုင် သယံဇာတအခြေခံစီးပွားရေးစနစ်ဖြင့် လည်ပတ် မောင်းနှင်လျှက်ရှိနေသေးပြီး သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ ကျွန်းသစ်၊ ကျောက်စိမ်း၊ တွင်းထွက်ပစ္စည်းများဖြင့် အခြေခံ လုပ်ကိုင်နေရဆဲ ဖြစ်သည်။ ဤသို့သော အခြေခံ ထွက်ကုန်များသည် ပြီးခဲ့သည့်နှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြား တင်ပို့ရောင်းချမှု၏ ၈၀ ရာခိုင်နှုန်း...

ကမ္ဘာ့ပထမဆုံး လေယာဉ်ပြန်ပေးဆွဲဖြစ်ရပ်မှန်ကို ယခုနှစ်ကုန် စရိုက်မည်

၁၉၅၄ ခုနှစ်က ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံကလေယာဉ်ပြန်ပေးဆွဲတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင် ကို ဒီနှစ်ကုန်ပိုင်း ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှန်ရုပ်ရှင်ကို ဒါရိုက်တာ အဏ်ထော်နီက ရိုက်ကူး ချိန်ခြောက်လသတ်မှတ်ပြီး ရိုက်ကူးစရိတ်တချို့ကို ပြန်ကြားရေးဝန်ကြီး ဌာနဆီတင်ပြတောင်းခံသွားမယ်လို့ ဒါရိုက်တာအဏ်ထော်နီက ဆိုပါတယ်။ ကုန်ကျစရိတ် ကျပ်သိန်းပေါင်း ၃၀၀၀ လောက် ခန့်မှန်းထားတယ် လို့ ပြောပါတယ်။ “ပြန်ကြားရေး ဒု-၀န်ကြီး ဦးပိုက်ထွေးက ဟိုတလောက လာတွေ့တယ်။...

အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီအစည်းအဝေး အမြန်ဆုံး ခေါ်ယူပေး ဖို့ တောင်းဆိုထား

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းဟာ သမ္မတဆီ သ၀ဏ်လွှာ တစ်စောင်ရေးသားပြီး အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီအစည်းအဝေး အမြန်ဆုံး ခေါ်ယူပေး ဖို့ တောင်းဆိုထားတယ်လို့ ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာထုတ်ဖော်ပြောဆိုပါတယ်။ အကြောင်းကတော့ သမ္မတဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီရဲ့ ဆောင် ရွက်ချက်တွေ အနက် တချို့အဖွဲ့တွေနဲ့ ဆွေးနွေးရာမှာ အောင်မြင်တာတွေ ရှိသလို၊ တချို့အဖွဲ့နဲ့...

မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနှင့် အရေးယူခံရသည့် သရုပ်ဆောင်ဘုန်းလျှံ

ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် ဟိန်းထူးလင်း(ခ) ဘုန်းလျှံအား မူးယစ်ဆေးဝါးများလက်ဝယ်ထားရှိ သုံးစွဲမှု ဖြင့် ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ဇွန် ၂၈ ရက်နေ့က မူးယစ်အထူးအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ ယင်း ရုပ်ရှင် သရုပ်ဆောင် ခေတ္တနေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ သာယာဝတီလမ်း ၌ရှိသော Inn တစ်ခုအတွင်းသို့ ၀င်ရောက်ရှာဖွေရာမှ ၎င်း၏ အဖော်ဖြစ်သူ ဦးမောင်ထွန်းလှဆိုသူနှင့်အတူ...

သုဝဏ္ဏဘူမိ (သထုံ) မြို့ဟောင်း တည်နေရာ တူးဖော်မှုကို လာမည့် ပွင့်လင်းရာသီတွင် စတင်မည်

ပထမဆုံး စတင်တူးဖော်မှု ပြုလုပ်မည့် အရက်သမ၊ ၀င်က နေရာများပြမြေပုံ မော်လမြိုင်တွင် ပြုလုပ်ခဲ့သည့် သုဝဏ္ဏဘူမိ အလုပ်ရုံ ဆွေးနွေးပွဲအရ သမိုင်းအစဉ်အလာ ကြီးမားသည့် သုဝဏ္ဏဘူမိမြို့ဟောင်း တည်နေရာ တူးဖော်မှုကို လာမည့်ပွင့်လင်းရာသီတွင် စတင်မည် ဖြစ်ကြောင်း ဇွန် ၂၆ ရက်၌ ဦးကျော်ဦးလွင် (ညွှန်ကြားရေးမှူးချုပ်) က ပြောကြားသည်။ ''ဒီနှစ်ရက်အတွင်းမှာ သမိုင်း၊ ပထ၀ီ ပညာရှင်တွေ ရှေးဟောင်း သုတေသနဆိုင်ရာ ပညာရှင်တွေ ရှာဖွေတွေ့ရှိထားတဲ့ အထောက်အထားတွေ အရ သုဝဏ္ဏဘူမိရဲ့...

facebook က လှမ်းမှာနိုင်တဲ့ Hays ထမင်းဘူး ဝန်ဆောင်မှု

မြန်မာပြည်မှာ ထမင်းဆိုင် တဆိုင်ဆိုင် သို့မဟုတ် အိမ်တအိမ်အိမ်က လပေး ချိုင့်ဆွဲ မှာစားတာမျိုး လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက ရှိနေခဲ့ပေမယ့် အိမ်တိုင်ရာရောက် ထမင်းဘူးပို့ ဝန်ဆောင်မှု လုပ်ငန်းမျိုးကိုတော့ ကိုရီးယား ဇာတ်လမ်းတွဲ တွေထဲမှာပဲ မြင်ဖူးကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့ တဲ့ မေလကမှ အင်တာနက် facebook စာမျက်နှာပေါ်မှာ Heys လို့ အမည်ရတဲ့ အိမ်အရောက် ထမင်းဘူး ဝန်ဆောင်မူ လုပ်ငန်း စာမျက်နှာ တခုကို တွေ့ခဲ့ရပါတယ်။ တနေ့နဲ့ တနေ့ ဟင်းအမယ်မထပ်တဲ့...