2.4.13

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က အမေရိကန် မြို့ကြီးများအား တိုက်ခိုက်မည့် ဒုံးကျည်များ ချထားရေး အစီအစဉ်အား လက်မှတ်ရေးထိုး ခဲ့သည့်အပြင် အိမ်နီးချင်း တောင်ကိုရီးယား နှင့်လည်း စစ်မက် ဖြစ်ပွားသည့် အခြေအနေ အဖြစ် ထုတ်ဖော် ပြောဆိုခဲ့သည်။ နိုင်ငံပိုင် KNCA သတင်း ဌာနက ထုတ်လွှင့် ချက်အရ “တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား မည်သည့် အရေးကိစ္စ မဆိုအား စစ်မက်ဖြစ် ပွားနေသည့် ကာလ အတိုင်း ဆောင်ရွက်သွားမည်”ဟု မြောက်ကိုရီးယား တို့က ဆိုထားပြီး အမေရိကန် မြို့ကြီးများအား တိုက်ခိုက်မည့် အစီအစဉ်ဟု ဖော်ပြထားသော ပုံကြမ်းတစ်ရပ်ကိုလည်း ထုတ်လွှင့်သွားခဲ့သည်။

အဆိုပါ ပုံကြမ်းတွင် တိုက်ခိုက်မည့် ပစ်မှတ်များ အဖြစ် ကယ်လီဖိုးနီးယား၊ နယူးမက္ကဆီကို၊ အရီဇိုးနား၊ တက္ကဆပ်၊ အာကင်ဆတ်၊ အိုကလာဟိုးမား၊ မစ္စစ္စပီ၊ ဂျော်ဂျီယာ၊ အလာဘားမားနှင့် တောင်ကယ်ရိုလိုင်းနား တို့ကို ဖော်ပြထားသည်။ ဖေဖော်ဝါရီလ အတွင်းက မြောက်ကိုရီးယား တို့၏ တတိယ မြောက်နျူ စမ်းသပ်မှုအပြီး ကုလသမဂ္ဂနှင့် အနောက်နိုင်ငံတို့၏ ထပ်မံ၍ ပိတ်ဆို့ အရေးယူမှု ခံရပြီး ကတည်းက တိုက်ခိုက်မှုများ ပြုလုပ်သွားမည့် မြောက်ကိုရီးယားတို့က နေ့စဉ်လိုလို ခြိမ်းခြောက်မှု ပြုခဲ့ကြသည်။

0 comments:

Post a Comment