ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

13.5.16

မြန်မာ နိုင်ငံကို ဆွဲ ဆောင် မှု အ ကောင်း ဆုံးနိုင် ငံ အ ဖြစ် ထိန်း သိမ်း နိုင် ပါက ၂ဝ၂ဝပြည့်နှစ်အတွင်း ထိပ်တန်း အဆင့် နိုင်ငံသို့ ရောက်ရှိရန် ခန့်မှန်းထား

ခရီးသွားကဏ္ဍတွင် မြန်မာနိုင်ငံသည် ဆွဲဆောင်မှု အကောင်းဆုံး နိုင်ငံအဖြစ် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ဆက်လက် ထိန်းသိမ်းနိုင်ပါက ၂ဝ၂ဝပြည့်နှစ်အတွင်း နိုင်ငံပေါင်း ၁ဝဝတွင် ထိပ်တန်းအဆင့် နိုင်ငံသို့ ရောက်ရှိရန် ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနမှ သိရသည်။

သမိုင်းဝင် မြန်မာ့မီးရထားရုံးချုပ်ဟောင်းနေရာတွင် သုံးနှစ်အတွင်း ကြယ်ငါးပွင့်အဆင့်ရှိ Peninsular Hotel ဖွင့်လှစ်မည်

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ သမိုင်းဝင် မြန်မာ့မီးရထားရုံးချုပ်ဟောင်း နေရာအား ရှေးမူမပျက် ပြန်လည်ပြုပြင်၍ ကြယ်ငါးပွင့်အဆင့်ရှိ Peninsular Hotel ကို ၂၀၁၉ ခုနှစ်တွင် အပြီးဖွင့်လှစ်သွားမည် ဖြစ်ကြောင်း Yoma Strategic Holdings Ltd မှ တာဝန်ရှိသူတဦးက News Watch သို့ ပြောသည်။

စီးပွားရေးပိတ်ဆို့မှုကို ထပ်မံတိုးမြှင့်ရေး အမေရိကန် သံအမတ်ကြီး ဝေဖန်ပြောကြားခြင်း မရှိ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်။ ကောင်းထက်/မြန်မာတိုင်း(မ်)
ယခုလကုန်တွင် သက်တမ်းကုန်ဆုံးတော့မည့် အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး
ပိတ်ဆို့မှုများကို ထပ်မံတိုးမြှင့်ရန် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူများက သမ္မတအိုဘားမား
အစိုးရအား တိုက်တွန်းမှုများ ရှိနေသော်လည်း ထွက်ပေါ်လာနိုင်ဖွယ်ရှိသည့် ရလဒ်အပေါ်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက အရိပ်အမြွက်ပြောဆိုခြင်း မရှိခဲ့ပေ။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသစ်၏ ပြည်သူ့အတွက် ပထမရက် ၁၀၀ ကာလအတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က ဘာတွေလုပ်ဆောင်မှာလဲ


လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ အတွက် ပထမ ရက် ၁၀၀ စီမံကိန်း ဦးစားပေးဆောင်ရွက်ရာတွင် ရေလွှမ်းမိုး ခံရနိုင်သည့် နေရာများ၊ ကျေးရွာများအတွက် ရွှေ့ပြောင်းနေထိုင်နိုင်ရေးနေရာများ ကြိုတင် သတ်မှတ်ထားပြီး သဘာဝဘေး အန္တရာယ်ကို အရေးပေါ် တုံ့ပြန်နိုင်ရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ရေးအပါအဝင် သယ်ယူ ပို့ဆောင်ရေးကိစ္စများကိုပါ အဆင်ပြေစေရေး ဆောင်ရွက်သွားမည် ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် သံအမတ်ဟောင်းတစ်ဦးကို ခန့်အပ်သွားဖွယ်ရှိ

အသစ်တိုးချဲ့ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် သံအမတ်ဟောင်းတစ်ဦးကို ခန့်အပ်တာဝန်ပေး သွားဖွယ်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။