6.1.17

မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်က ဒေါ်လာသုံးသန်းလှူဒါန်းမည်

မြန်မာနိုင်ငံ၏ အ မျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ် လာသုံးသန်း လှူဒါန်းမည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ဇန်န၀ါရီ ၅ ရက်တွင် သတင်း ထုတ်ပြန်သည်။


ဇန်န၀ါရီ ၅ ရက်က နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ၌ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး လုပ် ငန်းစဉ်အတွက် တရုတ်နိုင်ငံက ငွေ ကြေးထောက်ပံ့မှု အခမ်းအနား ကျင်းပပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက အမေရိ ကန်ဒေါ်လာ တစ်သန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျထံ ပေးအပ်ခြင်းဖြစ်သည်။


တရုတ်နိုင်ငံအနေဖြင့် စုစု ပေါင်း အမေရိကန်ဒေါ်လာ သုံး သန်းလှူဒါန်းမည်ဖြစ်ပြီး ကနဦး အနေဖြင့် အမေရိကန်ဒေါ်လာတစ် သန်းလှူဒါန်းခြင်းဖြစ်ကာ နောက်လာမည့်နှစ်များ၌လည်း ဆက်လက်လှူဒါန်းမည်ဟု ဦးကျော်ဇေယျက ဆိုသည်။

ပြည်တွင်းငြိမ်းချမ်းရေးလုပ် ငန်းစဉ်အတွက် ရရှိလာသော ရန် ပုံငွေများကို စနစ်တကျသုံးစွဲနိုင် ရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံ ငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအ ဖွဲ့ (JCB) ကို ဒီဇင်ဘာ ၂၀ ရက် တွင် နေပြည်တော်၌ တရားဝင်ဖွဲ့ စည်းပြီး အဖွဲ့ဥက္ကဋ္ဌသည် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည် ဖြစ်သည်။

ယင်းအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်က ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အတွက် ရရှိလာသော ရန်ပုံငွေများကို စနစ်တကျနှင့် ထိထိ ရောက်ရောက်အသုံးပြုကာ ပွင့်လင်းမြင်သာမှုရှိရန် ပြောကြားထားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန် ပုံငွေခွဲဝေသုံးစွဲရန် ဦးစားပေးသတ် မှတ်ထားသည့် ကဏ္ဍများမှာ ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးကဏ္ဍ၊ စေ့စပ်ညှိနှိုင်းဆွေးနွေးရေးကဏ္ဍ၊ ငြိမ်းချမ်းရေးအထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနဆိုင်ရာ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကဏ္ဍတို့ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အတွက်ယခင်အစိုးရလက်ထက် ကလည်းတရုတ်နိုင်ငံက လှူဒါန်း မှုအချို့ရှိသော်လည်း ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊နော်ဝေး၊ ဂျပန် စသည့်နိုင်ငံများက အများ ဆုံး ကူညီပေးခဲ့သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment