ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

4.3.14

ကူမင်းဘူတာရုံတွင်း တိုက်ခိုက်မှုမသင်္ကာသူအားလုံး တရုတ်ရဲဖမ်းမိ



၎.၃.၂၀၁၄၊ အင်္ဂါနေ့

တရုတ်နိုင်ငံမှာ လူ ၂၉ ဦး သေဆုံးပြီး ၁၄၃ ဦး ဒဏ်ရာရသွားတဲ့ ဓားထိုးမှုတွေကို လုပ်ဆောင်သူတွေလို့ ယူဆရသူ ၃ ဦးကို ဖမ်းဆီးမိထားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘုရင့်နောင်ပွဲရုံထဲက ပြည့်တန်ဆာလုပ်ငန်းများကို လိုက်လံဖမ်းဆီး



မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များ အဓိက ရောင်းဝယ် ဖောက်ကားရာ ရန်ကုန်မြို့တော်ရှိ ဘုရင့်နောင် ပွဲရုံဝင်းအတွင်း ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်မှုများ ရှိသဖြင့် ပူးပေါင်းအဖွဲ့ ဖွဲ့စည်း၍ လိုက်လံဖမ်းဆီး စစ်ဆေးနေရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

၂၆နှစ်အမျိုးသမီး ၁၃နှစ်အရွယ်ကောင်လေးအား မုဒိမ်းကျင့်မှုဖြင့် တရားစွဲခံထားရ



၎.၃.၂၀၁၄၊ အင်္ဂါနေ့

ဒီကေတာမြို့ အလာဘားမားပြည်နယ်နေ လောရန်ဘေကာဆိုသူမှာ ၁၃နှစ်အရွယ်ကောင်လေးအား ဓမ္မာတာကိုလွန်ဆန်ပြီး မုဒိမ်းကျင့်မှုဖြင့်
တရားစွဲဆိုခြင်းကိုခံ ထားရသည်။ အဆိုပါအမျိုးသမီး သည်အာမခံကြေးဒေါ်
လာ၂၀၀၀၀ဖြင့်မော်ဂန်ကောင်တီအကျဉ်းမှသောကြာနေမှစပြီးအပြင်တွင်နေထိုင်ခွင့်ပြုထားသည်။

Apple နှင့် Samsung တို့ အံ့အားသင့်ဖွယ် ဆက်လက်ပူးပေါင်း ဆောင်ရွက်နေကြောင်း နည်းပညာရှင်များဆို


====================================
မူပိုင်ခွင့် ပြဿနာများကြောင့် အမြဲတစေ တရားရင်ဆိုင်လျက်ရှိသည့် ထိပ်တန်းနည်းပညာ ကုမ္ပဏီများဖြစ် သည့် Apple နှင့် Samsung တို့မှာ စီလီကွန်တောင်ကြား၏ အကြီးကျယ်ဆုံး ပူးပေါင်းလုပ်ဆောင်မှုကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း နည်းပညာလေ့လာဆန်းစစ်ရေး အဖွဲ့ဖြစ်သော VLSI က ပြော ကြားသည်။

နေ့အပူချိန်မြင့်တက်လာခြင်းကြောင့် မိုးကြိုးပစ်မည့် အန္တရာယ်ကို သတိထားကြဖို့လို



အနောက်တောင် မုတ်သုံလေ ရာသီဥတု မကျရောက်မီ မိုးဦး၊ လေဦး ကာလအတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ မိုးတိမ်တောင်များ ဖြစ်ပေါ်လာပြီး လေပြင်း တိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့် အန္တရာယ်များ ရှိလာနိုင်ခြင်းကြောင့် သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မတ်လ ၂ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

ဝန်ကြီး ဦးခင်ရီ တိုင်းရင်းသားများ အပေါ် နိုင်ငံရေး အမြတ်ထုတ်ဟု ဆို



4.3.2014

သန်းခေါင်စာရင်း ကောက်ခံမှုကို ခုတုံးလုပ်ပြီး ၀န်ကြီး ဦးခင်ရီက တိုင်းရင်းသားများ အပေါ် နိုင်ငံရေး အမြတ်ထုတ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပလောင် လူမျိုးများက စွပ်စွဲ ပြောဆိုလိုက်သည်။

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု ကန်နဲ့ တောင်ကိုရီးယား ရှုတ်ချ


၎.၃.၂၀၁၄၊ အင်္ဂါနေ့

မြောက်ကိုရီးယားနိုင်ငံဟာ တနင်္လာနေ့က နောက်ထပ် ဒုံးကျည်နှစ်စင်း ပစ်လွှတ် စမ်းသပ်ခဲ့တယ်လို့ဆိုပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ သမ္မတကိုယ်တိုင်ကွင်းဆင်းကြည့်မည်ဟုဆို





ရန်ကုန်တိုင်းဒေသကြီးမြို့နယ် များတွင် ရေစီးရေလာကောင်းမွန် ရန် ထိန်းသိမ်းရေးကော်မတီ၏ အစည်းအဝေးအမှတ်စဉ် ၃/၂၀၁၄ ကို မတ်လ ၃ ရက်နေ့တွင် ဒဂုံမြို့ သစ်အရှေ့ပိုင်းမြို့နယ်ရှိကနောင် ခန်းမတွင် ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယ ၀န်ကြီးဦးစိုးတင့်၊လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးခင်ဇော်၊ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးနှင့် ဌာနဆိုင်ရာကော် မတီဝင်လူကြီးများတက်ရောက် ကြောင်း သိရသည်။ 

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ 11th (AMIIM)နှင့် 4th (AMOIM) အစည်းအဝေး များသို့ တက်ရောက်ခဲ့သော အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စား လှယ်များအား လက်ခံ တွေ့ဆုံ




တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမ ဆောင်၌ မြန်မာ နိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပပြုလုပ်သည့် 11th ASEAN Military Intelligence Informal Meeting (AMIIM) နှင့် 4th ASEAN Military Operations Informal Meeting (AMOIM) အစည်းအဝေးများသို့ တက်ရောက်ခဲ့သော အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များအား လက်ခံ တွေ့ဆုံသည်။

နို င်ငံတကာ Event များနှင့် အချိန်ကိုက် လုပ်ဆောင်



Tuesday, March 4, 2014

လူသာချင်းစာနာထောက်ထားမှုကို အလေးထား ဆောင်ရွက်နေတဲ့ အစိုးရကို အခက်အခဲ ဖြစ်အောင်၊ အကျပ်အတည်း ဖြစ်အောင်၊ ပဋိပက္ခတွေ နောက်တစ်ကြိမ် ဖြစ်ပွားလာအောင် သွေးထိုးလှုံ့ဆော်နေတဲ့ ဒီလုပ်ဆောင်ချက်တွေဟာ စနစ်တကျ စီစဉ်ဆောင်ရွက်နေတာ လို့ သုံးသပ်နိုင်တယ်။ 

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဟောပြောပွဲ အမေရိကန် စင်တာတွင် ကျင်းပမည်

၎.၃.၂၀၁၄၊ အင်္ဂါနေ့

မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဟောပြောပွဲကို ရန်ကုန်မြို့ရှိ အမေရိကန် စင်တာတွင် မြန်မာနိုင်ငံရှိ နိုင်ငံရေးနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းမှ အမျိုးသမီး အကျော်အမော်များက ဦးဆောင် ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

BIMSTEC ညီလာခံမှာ အရေးကြီးအချက်တွေ လက်မှတ်ရေးထိုးနိုင်


အရှေ့အာရှနဲ့ တောင်အာရှနိုင်ငံတွေ စုပေါင်းဖွဲ့စည်းထားတဲ့ BIMSTEC ဘင်းစတက် ခေါ် ဘင်္ဂလားပင်လယ်အော်ဒေသ နိုင်ငံတွေရဲ့ တတိယအကြိမ်မြောက် အစည်းအဝေးကို ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့ရာမှာ၊ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံက အကြီးအကဲတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ပွဲများ ဖြစ်ပွားနေမှု အစိုးရကို တစ်ဖက်သတ် အပြစ်တင်၍ မရကြောင်း NCCT ခေါင်းဆောင်အချို့ ပြောကြား



၎.၃.၂၀၁၄၊ အင်္ဂါနေ့

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန် ကြိုးပမ်းနေချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့နှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေမှု အတွက် အစိုးရကို တစ်ဖက်သတ် အပြစ်တင်၍ မရကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောကြားသည်။

တိုင်းရင်းသား မီဒီယာညီလာခံ တောင်ကြီးမြို့မှာ စတင်ကျင်းပ


တိုင်းရင်းသား သတင်းမီဒီယာ အဖွဲ့အစည်းတွေ ၄၀ ကျော် တက်ရောက်နေတဲ့ တိုင်းရင်းသား သတင်းမီဒီယာညီလာခံကို ဒီနေ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

သီလဝါ အများပိုင် ကုမ္ပဏီ ရှယ်ယာများ စရောင်း၊ ဘဏ်အချို့ ရောင်းချနိုင်ခြင်းမရှိ



၎.၃.၂၀၁၄၊ အင်္ဂါနေ့

ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ အကြား စိတ်ဝင်တစား စောင့်ကြည့်နေသည့် မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ဟိုးဒင်းအများပိုင် ကုမ္ပဏီ၏ အစုရှယ်ယာ များကို ယနေ့ (မတ်လ ၃ရက်နေ့) စတင် ရောင်းချနေပြီဟု ဆိုသော်လည်း ဘဏ်အချို့ ရောင်းချနိုင်ခြင်း မရှိသေးကြောင်း ပြည်တွင်းဘဏ် အချို့ထံမှ သိရသည်။

လက်ပံတောင်း တောင်ခြေ နတ်ကွန်းတွင် နတ်များ ပင့်ဖိတ်၍ ကျိန်စာတိုက်ဟုဆို


၎.၃.၂၀၁၄၊ အင်္ဂါနေ့

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းခြင်း မရှိဘဲ လုပ်ကိုင်လျက် ရှိသည့် စီမံကိန်း ကုမ္ပဏီများကို ဝက်မှေးရွာဟောင်း အနီး လက်ပံတောင်း တောင်ခြေရှိ တောင်ကြီးရှင် နတ်နန်းတွင် မတ်လ ၃ ရက်နေ့ နံနက်ပိုင်းက ဒေသခံများက နတ်များ ပင့်ဖိတ်၍ ကျိန်စာ တိုက်ခဲ့သည်ဟု ဝက်မှေးရွာဟောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

အရစ်ကျ ဝယ်ယူနိုင်မည့် အိမ်ရာစီမံကိန်း တည်ဆောက်မည်

၎.၃.၂၀၁၄၊ အင်္ဂါနေ့

အရစ်ကျစနစ်ဖြင့် ရောင်းချမည့် တိုက်ခန်းပေါင်း ၄၀၀ ကျော် ပါဝင်မည့် အိမ်ရာစီမံကိန်း တစ်ခု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စီးပွားရေး တက္ကသိုလ်အနီး အမှတ် (၂) လမ်းမကြီးပေါ်တွင် တည်ဆောက်မည် ဖြစ်ကြောင်း December Construction Co., Ltd. မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အစ္စရေး အကူအညီနှင့် ရှေးဟောင်း ခေါင်းလောင်းများကို သုတေသနပြုမည်


၎.၃.၂၀၁၄၊ အင်္ဂါနေ့

ဘုရားစေတီ ပုထိုးများရှိ ရှေးဟောင်း ခေါင်းလောင်းကြီးများ၏ မှတ်တမ်း သမိုင်းများ ပြန်လည် ဖော်ထုတ်ရေး အတွက် အစ္စရေးနိုင်ငံ ဟိုင်ဖာတက္ကသိုလ်နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး စတင် သုတေသန ပြုနေကြောင်း မြန်မာနိုင်ငံရှိ အစ္စရေး သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

လိင်တူချစ်သူ ၂ ဦး အား ဗဟန်းမြို့မရဲစခန်း တွင် စတင်စစ်ဆေးနေပြီဟုဆို



အာရှနိုင်ငံများတွင် လိင်တူဆက်ဆံခြင်းကို လုံးဝခွင့်ပြုထားခြင်းမရှိဘဲ ကမာ့နိုင်ငံ၁၅ နိုင်ငံတွင်သာ လိင်တူလက်ထပ်ခြင်းကို လွတ်လပ်စွာခွင့်ပြုထားပြီး ၁၃နိုင်ငံတွင် ကန့်သတ်ချက်များဖြင့် လိင်တူလက်ထပ်ခြင်းအားခွင့်ပြုထားပါသည်။ လိင်တူ လက်ထပ်ခြင်းကို အမေရိကန်ပြည်ထောင်စု
တွင်ပင်ပြည်နယ်(၁၈)ခုတွင် သာ ခွင့်ပြုထားပြီး ကျန်ပြည်နယ်များတွင်လုံးဝခွင့်ြ့ပုထားခြင်း
မရှိကြောင်းသိရှိပါသည်။

မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည်မြင့်မား


နောက်ဆုံး ရေးသားချိန် 4 မတ်လ 2014 - 

ရန်ကုန် အပါအဝင် မြန်မာနိုင်ငံ အတွင်းရှိ မြို့ကြီး ၁၇ မြို့မှာ အခု မတ်လဆန်း က စလို့ ဒီတပတ် အတွင်းမှာ ခရမ်းလွန် ရောင်ခြည် (Ultra Violet Rays) မြင့်မား လာဖို့ ရှိကြောင်း မိုးလေဝသ နဲ့ ဇလဗေဒ ဌာန မှ ပညာရှင်တွေ က ပြောပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ဘီလ်ဂိတ်မှ ပြန်လည် ရောက်ရှိ


၎.၃.၂၀၁၄၊ အင်္ဂါနေ့

ဖို့ဘ် မဂ္ဂဇင်း၏ ကမ္ဘာ့အချမ်းသာဆုံး လူများ စာရင်းတွင် မိုက်ကရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်မှ ပိုင်ဆိုင်မှု စုစုပေါင်း ၇၆ ဘီလျံဒေါ်လာဖြင့် ကမ္ဘာ့အချမ်းသာဆုံး နေရာကို ပြန်လည် ရောက်ရှိခဲ့သည်။ အနှစ် နှစ်ဆယ်အတွင်း ဘီလ်ဂိတ်မှာ ကမ္ဘာ့အချမ်းသာဆုံး နေရာသို့ ၁၅ ကြိမ် တိုင်တိုင် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဒုတိယ နေရာရှိ ဆက်သွယ်ရေး ကွန်ယက်များ ပိုင်ဆိုင်သူ ကားလို့စ်စလင်းဟီလူ၏ ပိုင်ဆိုင်မှုမှာ ၇၂ ဘီလျံဒေါ်လာ ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးကို သေသေချာချာမလုပ်ဖူးဆိုရင်



၎.၃.၂၀၁၄၊ အင်္ဂါနေ့

မြန်မာနိုင်ငံအတွင်း လက် နက်ကိုင်အဖွဲ့အစည်းအားလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေး ညှိနှိုင်းမှုများဆောင်ရွက်လျက်ရှိရာ၊ အပစ်အခတ်ရပ်စဲရေးကိစ္စကို သေသေချာချာလုပ်ဆောင်မသွား ပါက နိုင်ငံရေးဆွေးနွေးပွဲကိုထိခိုက် နိုင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၅ရက်နေ့က ပြုလုပ်သည့် ခရီး သွားလုပ်ငန်းမဟာစီမံကိန်းအလုပ် ရုံ ဆွေးနွေးပွဲတွင်Myanmar Peace Center မှ ဦးအောင်နိုင်ဦး က ပြောကြားသည်။

အခွံမာသီးကို စားသုံးပါက အသည်းရောဂါကို လျှော့ချနိုင်


အစိမ်းရောင် ဟင်းရွက်၊ နေကြာဆီ၊ အခွံမာသီးနဲ့ ဟင်းနုနယ်ရွက် တွေဟာ အသည်း ရောဂါရဲ့ လက္ခဏာ တွေကို လျှော့ချနိုင်တယ်လို့ လေ့လာမှု အသစ်အရ တွေ့ရှိ ထားပါတယ်။

အရှိန်မထိန်းနိုင်၍ယာဉ်တိမ်းမှောက်





နေပြည်တော်၊ မတ် ၎

၂၀၁၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၀/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်မှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ နေပြည်တော်မှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်နေ ဦးစိုးညွန့်(၄၅)နှစ်မောင်းနှင်လာသော ၇ဂ/xxxx ဟိုင်းလတ်ဆပ်အပြာရောင်ယာဉ်သည် လမ်းကွေ့တွင်အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံးများအား တိုက်မိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်၏ ဘီးအားလုံးပေါက်၊ ရှေ့လေကာမှန်ကွဲ၊ ဘောနတ်ဖုံးပိန်ချိုင့်၊ ရှေ့ခေါင်းဝဲ/ယာတံခါးမှန်ကွဲ၊ တန်ဘိုးငွေကျပ်(၁၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ စိုးညွန့်အား အမှတ်(၃)လမ်းဆုံအမြန်လမ်း ရဲစခန်း ယာဉ်(ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ထိုင်းတောင်ပိုင်းတွင် မြန်မာအလုပ်သမားများ ရိုက်နှက်ခံရ


၎.၃.၂၀၁၄၊ အင်္ဂါနေ့

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ခိုရတ်မြို့နယ်မှာ မြန်မာနိုင်ငံက လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေ ရိုက်နှက်ခံရပြီး သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေလည်း ဖျက်ဆီးခံခဲ့ရပါတယ်။

ရုရှားတပ်ကို အသုံးပြုပေးရန် ယူကရိန်းသမ္မတ တောင်းဆိုခြင်းဖြစ်ဟုဆို


Tuesday, March 4, 2014 

ယူကရိန်းနိုင်ငံ တရားဥပဒေစိုးမိုးရေးအတွက် ရုရှားစစ်တပ်ကို အသုံးပြုပေးဖို့ အဖြုတ်ချခံရတဲ့ ယူကရိန်းသမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဆီကို စာရေး တောင်းဆိုခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်က ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့က လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာအလုပ်သမားတစ်ထောင်ခန့်ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်စာချုပ်ချုပ်



၎.၃.၂၀၁၄၊ အင်္ဂါနေ့

ထိုင်းနိုင်ငံရှိစက်ရုံအလုပ်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အအေးခန်းစက်ရုံများတွင် ၀င်ရောက်လုပ်ကိုင်နိုင်ရန် မြန်မာ အလုပ်သမားတစ်ထောင်ခန့်က ထိုင်းနိုင်ငံ၏ကုမ္ပဏီလုပ်ငန်းရှင်များ နှင့် တိုက်ရိုက်စာချုပ်ချုပ်ဆိုကြောင်း သိရသည်။

အခွန်မဆောင်သူ လုပ်ငန်းရှင်များကို လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူမည်


ပြည်တွင်းရှိ ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းရှင်များ အခွန်တိမ်းရှောင်ပါက လာမည့် ဘဏ္ဍာနှစ်မှ စတင်၍ နှစ်အကန့်အသတ်မရှိ လုပ်ငန်း ပိတ်သိမ်းသည်အထိ အရေးယူမည် ဖြစ်ကြောင်း အခွန်စိစစ် ကြပ်မတ်ကောက်ခံရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

အင်းလျားဘေး ၃၄ ထပ်မြင့် အဆောက်အဦ ဆောက်တာ ဥပဒေနဲ့ ညီရဲ့လား


၎.၃.၂၀၁၄၊ အင်္ဂါနေ့

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၁၀ ရပ်ကွက် ဦးထွန်းငြိမ်းလမ်းသည် အင်းလျားကန်ဘေးတွင် တည်ရှိပြီး ဆိပ်ငြိမ် ရပ်ကွက်တခုဟု လူသိများခဲ့သည်။ သို့သော် အခန်းပေါင်း ၄၀၀ ကျော် ပါဝင်မည့် ၃၄ ထပ် အဆောက်အဦကြီးတခု လာရောက်ဆောက်လုပ်ရာမှ ရပ်ကွက်နေပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်အတွက် စိုးရိမ်ကြောင့်ကြစရာ ဖြစ်လာနေခဲ့ရသည်။ သူတို့၏ စိုးရိမ်မှုများကို သက်ဆိုင်ရာအာဏာပိုင်များက လျစ်လျူရှုနေခဲ့သည်။

မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ BIMSTEC ဘင်းစတတ် ထိပ်သီးအစည်းအဝေး ညစာစားပွဲ မြင်ကွင်း။




မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ BIMSTEC ဘင်းစတတ် ထိပ်သီးအစည်းအဝေး ညစာစားပွဲ မြင်ကွင်း။

DVB TV News

ခေါက်ဆွဲခြောက် ထုတ်များအား ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော စားသုံးသင့်


အသင့်စား ခေါက်ဆွဲခြောက် ထုတ်များတွင် လူ့ကျန်းမာရေး အတွက် အကျိုးရှိသည့် အမျှင်ဓါတ်၊
ဗီတာမင်ဓါတ်နှင့် သတ္တုဓါတ်များ မပါဝင် သလောက် နည်းပါးပြီး အန္တရာယ် ပေးနိုင်သော သကြားဓါတ်၊ အချိုမှုန့်ဓါတ်နှင့် ဆိုဒီယမ် ဓါတ်များ ပါဝင်မှုနှုန်း မြင့်မားသည့်အတွက် ရေရှည် စားသုံးပါက အ၀လွန်ရောဂါ ရရှိနိုင်သည့် အပြင် ကျန်းမာရေးအား အလွန် ထိခိုက်နိုင်သည်ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ မြင့်ဦးက ဆိုသည်။

ချစ်သူရှိပေမယ့် အိမ်ထောင်ပြုဖို့တော့ လိုပါသေးတယ် ဆိုတဲ့ ချစ်စနိုးဦး


4-3-2014
ချစ်စနိုးဦးက အနုပညာ လှုပ်ရှားမှုအနေ နဲ့နယ်ပွဲတွေမှာ သီချင်းတွေသွား ရောက် ဆိုဖြစ်နေသလို ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ “ခိုနား ခွင့်ပေးပါ” ဗီစီဒီအတွက် စတင်ရိုက် ကူးနေပြီ ဖြစ်တယ် လို့ပြောပြ ခဲ့ပါတယ်။

ဝ နဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ သူရဦးရွှေမန်းနဲ့ တွေ့ဆုံ


4.3.201

"၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင်တွေနဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP က ခေါင်းဆောင်တွေဟာ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို လာရောက်လေ့လာပြီး ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အများစု သန်းခေါင်စာရင်း ကောက်ယူမည့် အစီအစဉ် ကေအိုင်အိုနှင့် ပလောင်အဖွဲ့မှအပ ထောက်ခံဟုဆို

၃.၃.၂၀၁၄၊ တနင်္လာနေ့

၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ လုပ်ဆောင်မည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်ကို ယင်းဆွေးနွေးပွဲသို့ မတက်ရောက်ခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နှင့် ပလောင်ပြည် လွတ်လပ်ရေးတပ်ဦး (PSLF) တို့မှအပ အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ အပါအဝင် တိုင်းရင်းသားအဖွဲ့ ၅၄ ဖွဲ့က ထောက်ခံ လိုက်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

ရခိုင်အဖွဲ့ တိုက်ခိုက်ခံရမှု မြန်မာတဦးအား မလေးရှားရဲဖမ်းဆီး


Tuesday, March 4, 2014

ပြီးခဲ့တဲ့လတုန်းက မလေးရှားနိုင်ငံကို မြန်မာပြည်က ရောက်ရှိခဲ့တဲ့ ရခိုင်ခေါင်းဆောင်တွေကို သေနက်နဲ့ ပစ်ခတ်လုပ်ကြံဖို့ ကြိုးပမ်းမှုမှာ မသင်္ကာသူ မြန်မာနိုင်ငံသားတစ်ဦးကို မလေးရှားရဲတပ်ဖွဲ့ကနေ ဖမ်းဆီးထားပြီဖြစ်ပါတယ်။ အမှုမှန်ပေါ်ပေါက်ရေး နောက်ဆက်တွဲ စုံစမ်းဖော်ထုတ်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ မလေးရှားရဲချုပ်က သတင်းမီဒီယာကိုပြောပါတယ်။ မလေးရှား-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဖော်ထုတ်ပေးနေတဲ့အပေါ် ကျေနပ်အားရမှုရှိပါတယ်လို့လည်း မလေးရှားသွားစဉ်က တိုက်ခိုက်ခံခဲ့ရသူများအနက် တစ်ဦးအပါအဝင်ဖြစ်တဲ့ ဒေါက်တာအေးမောင်ကလည်း ပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

အသက် ၁၀၇ နှစ်ရောက်မှ ယောင်္ကျားလိုချင်၍ သက်ဆိုင်ရာကို တောင်းဆိုလိုက်တဲ့ အဘွားအို


Tuesday, March 4, 2014

တရုတ်ပြည်တောင်ပိုင်း ဂီရှူ ပြည်နယ်မှာ အသက် ၁၀၇ နှစ်ရှိပြီဖြစ်သည့် အမျိုးသမီးကြီးက ယောင်္ကျား လိုချင်ကြောင်း သက်ဆိုင်ရာ ကို ထုတ်ဖော်ပြောဆို သတင်းပေးလာ သည့် အတွက် တရုတ် ပြည်နယ်မှ အုပ်ချုပ်ရေးပိုင်းအရာရှိများ ယောင်္ကျားအမြန်ရှာနေကြ ကြောင်း သိရပါ တယ်။

ယူကရိန်းအခြေအနေကြောင့် အစုရှယ်ယာဈေးကျ





၎.၃.၂၀၁၄၊ အင်္ဂါနေ့

ရုရှားနိုင်ငံက နှစ်နိုင်ငံနယ်ခြား ယူကရိန်းနိုင်ငံဖက်က ခရိုင်းမီးယားကျွန်းဆွယ်ကို ဝင်ရောက် သိမ်းပိုက်ခဲ့လိုက်ပြီးတဲ့နောက် စီးပွားရေး ရင်းနှီးမြှုပ်နှံသူတွေကြား စိုးရိမ်စိတ်တွေ ဖြစ်ပွားလာပြီး တနင်္လာနေ့ အစုရှယ်ယာဈေးကွက် ကျဆင်းသွားခဲ့ပါတယ်။

နိုင်ငံရေး အာမခံချက်ရရှိရေး NCCT တောင်းဆို





4.3.2014

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အစိုးရဆီ ပေးပို့ထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းမှာ တိုင်းရင်းသား အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအာမခံချက်ရှိတဲ့ ပြည်ထောင်စုတစ်ရပ် ပြန်လည်ထူထောင်ဖို့ တောင်းဆိုထားတယ်လို့ NCCT အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့က ဒီကနေ့ ပြောပါတယ်။

ရေအား လျှပ်စစ်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး




Tuesday, March 4, 2014

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Borge BRENDE ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ယင်းသို့တွေ့ဆုံစဉ် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် နော်ဝေနိုင်ငံက ကူညီဆောင်ရွက်ပေးခဲ့မှု ၊ မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်ကဏ္ဍ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေး၊ လူသား အရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရပ်များတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားရေး ဆွေးနွေးခဲ့ကြသည်။

NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ မိတ်ဆုံ ညစာစား





4/3/2014

နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းအတွင်း၌ လွှတ်တော်အတွင်းရှိ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) ပါတီအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တို့သည် ယနေ့ (မတ် ၃ ရက်) ညနေပိုင်းအချိန်တွင် မိတ်ဆုံညစာစားပွဲ ကျင်းပခဲ့သည်။ 

နွားအလှလှည်းယဉ်ကြော့ ပြိုင်ပွဲ ချောင်းဦးမြို့နယ် ခင်မွန်စံပြရွာ၌ ကျင်းပ


04-02-2014

မတ် ၂ ရက် (တောင်သူလယ်သမားနေ့)ကို ဂုဏ်ပြုသောအားဖြင့်မတ် ၂ ရက်မှ ၇ ရက်အထိမြောင်မြို့နယ် မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်၊ ရွှေဘိုခရိုင်နှင့် စစ်ကိုင်းခရိုင်တို့မှ တောင်သူလယ်သမားများစုပေါင်းပါဝင်သော နွားအလှ လှည်းယဉ်ကြော့ပြိုင်ပွဲကို ချောင်းဦးမြို့နယ် ခင်မွန်စံပြကျေးရွာ အတွင်း၌ ကျင်းပသည်။ နွားအလှ လှည်း ယဉ်ကြော့ပြိုင်ပွဲကို ခင်မွန်စံပြကျေး ရွာတောင်သူ လယ်သမားအဖွဲ့က ကမကထပြု ဦးစီးဆောင် ရွက်ခြင်းဖြစ်ပြီးပြိုင်ပွဲတွင် အငယ်တန်းကြိုး အကျော့မောင်းပြိုင်ပွဲ၊ အငယ်တန်း လှည်းမောင်းပြိုင်ပွဲ၊ အလတ်တန်းလှည်းမောင်းပြိုင်ပွဲနှင့် အကြီးတန်း လှည်းမောင်း ပြိုင်ပွဲ ဟူ၍ ကဏ္ဍလေးရပ်ခွဲ၍ကျင်းပသည်။

ဘန်ကောက်အခြေအနေ စတင်တည်ငြိမ်


၎.၃.၂၀၁၄၊ အင်္ဂါနေ့

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေ ဘန်ကောက်မြို့လယ်ပန်းခြံကို ဆုတ်ခွာသွားကြပြီဖြစ်လို့ တစ်လကျော်အကြာ ယာဉ်အသွားအလာလုပ်လို့မရဘဲ ပိတ်ဆို့နေခဲ့တဲ့ လမ်းဆုံလမ်းခွကြီးလည်း ရှင်းလင်းသွားခဲ့ပါပြီ။ ဒါပေမယ့် ထိုင်းနိုင်ငံက လေးလကြာ နိုင်ငံရေးပဋိပက္ခကတော့ ဖြေရှင်းနိုင်မယ့်ပုံ မရှိသေးပါဘူး။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးငွေတောင်းခံနေသူကို နယ်မြေခံလှည့်ကင်းအဖွဲ့မှ တွေ့ရှိအရေးယူ


ရန်ကုန်၊ မတ် ၎

၃.၃.၂၀၁၄ ရက်နေ့ ၀၂၃၀ အချိန်တွင် ကမာရွတ်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးအုန်းသွင်နှင့်အဖွဲ့သည် လှည့်ကင်းတာဝန်ဆောင်ရွက်
နေစဉ် ကမာရွတ်မြို့နယ်၊(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ သင်္ဘောကျင်း ၀န်ထမ်းအိမ်ယာရှေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်၏၀တ်စုံအား ဖိနပ်မပါ၊ ဦးထုပ်မပါဝတ်ဆင်လျက် ယာဉ်များကိုရပ်တန့်စစ်ဆေးပြီးငွေကြေး
တောင်းခံနေသူတစ်ဦးအားတွေ့ရှိခဲ့၍ မသင်္ကာသဖြင့်စစ်ဆေးခဲ့ပါသည်။