ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

30.6.13

သံတွဲမြို့တွင် အကြမ်းဖက်မှု ဖြစ်ပွား၍ ညမထွက်ရ အမိန့်ထုတ်

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ယနေ့ ညနေပိုင်းက အကြမ်းဖက်မှုတခု ဖြစ်ပေါ်ခဲ့သဖြင့် ယခုအခါ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

“ ဘယ်က စဖြစ်လည်းဆိုတော့ တောင်ကုတ်က မိန်းကလေးတစ်ယောက်ကို သံတွဲ စပယ်လမ်း မူဆင်နှစ်ဦး မုဒိန်းကျင်ခံရတယ်ဆိုပြီး သတင်းထွက်ပေါ်လာရာကနေ စဖြစ်တာပါ။ အမျိုးသမီး နာမည်တော့မသိဘူး။ ညိုညင်ဆိုတဲ့ ရွာက ဖြစ်ပါတယ်။ မုဒိန်းကျင့်တဲ့ မူဆလင်တစ်ယောက် ကိုတော့ ရဲစခန်းမှာ ဖမ်းမိ ထားပြီး နောက်တယောက်တော့ လွတ်နေသေးတယ်။” ဟု သံတွဲမြို့ ခံ တစ်ဦးကပြောသည်။

ယခုကဲ့သို့ ရခိုင်အမျိုးသမီးငယ်တစ်ဦး မုဒိန်းကျင်းခံသည့်သတင်းမှာ ချက်ချင်းပျံ့နှံ့သွားပြီး သံတွဲမြို့တွင် အုပ်စု လိုက် တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်းသိရသည်။ယနေ့ဖြစ်ပွားသည့် ဆူပူမှုမှာ ညနေ ၅ နာရီခန့်တွင် စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ညနေ ၇ နာရီခန့်တွင် အပြန်အလှန် တိုက်ခိုက်မူများ စတင် ဖြစ်ဖွားကြောင်း သိရသည်။နှစ်ဘက်တိုက်ခိုက်မှုများကြောင်း မြို့စွန် ရပ်ကွက်များထဲမှ စားသောက်ဆိုင် ၂ ဆိုင် ပျက်ဆီးသွားပြီး ကားဂိတ် ၂ ခုတွင်လည်း ပျက်စီးမှုတချို့ရှိကြောင်း သိရသည်။

ညနေ ၉ နာရီခန့်တွင် တစ်ခြားသံတွဲမြို့ခံ တစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာ ယခုအခါ တပ်က ရောက်ရှိနေပြီး သံတွဲမြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း ပြောဆို သည်။ တချို့နေရာများတွင် မီးစတင်လောင်ကျွမ်းနေကြောင်းပြောဆိုသော်လည်း အတည်ပြု နိုင်ခြင်းတော့ မရှိသေးပါ။ ယနေ့ဖြစ်ပွားသည့် သံတွဲဆူပူမှုမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်း အုပ်စုလိုက် ဆူပူမှုဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်တွင် တည်ငြိမ်စပြုနေရာမှ နောက် ထပ်အုပ်စုလိုက် ဆူပူမှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။

မောင်အေး - နိရဉ္စရာ သတင်းဌာန

ဗုဒ္ဓဘာသာမှာ အစွန်းရောက်ဘာသာဟု ရေးသားဖော်ပြသည့် တိုင်းမဂ္ဂဇင်းနှင့် ရေးသားသူအား ကန့်ကွက်ကြောင်း သံဃာတော်နှင့် လူပုဂ္ဂိုလ် ၁၀၀၀ ကျော် ဆန္ဒပြ

ဗုဒ္ဓဘာသာမှာ အစွန်းရောက် ဘာသာဟု ရေးသားဖ်ာပြခဲ့သည့် တိုင်းမဂ္ဂဇင်းနှင့် ရေးသား သူ အား ကန့်ကွက်ကြောင်း သံဃာတော်နှင့် လူပုဂ္ဂိုလ် ၁၀၀၀ ကျော်တို့မှ ဆန္ဒပြမှု ဇွန်လ ၃၀ ရက်နေ့တွင် ဆူးလေစေတီတော်အနီး ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။ ယင်းဆန္ဒထုတ်ဖော် မှုမှာ ယခုနှစ်အတွင်း လူမှုအဖွဲ့အစည်းများမှ အကြောင်း အမျိုးမျိုးကြောင့် ဆန္ဒပြခဲ့သည့်ဖြစ်စဉ် များတွင် လူဦးရေအများဆုံး ဆန္ဒပြမှု ဖြစ်ခဲ့ပြီး ခွင့်ပြုချက်ဖြင့် ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း လည်း သိရသည်။

ထို့အပြင် တိုင်းမဂ္ဂဇင်းတွင် ပါရှိခဲ့သော စာသားအား အပြင်းအထန် ကန့်ကွက်သည့် အနေဖြင့် ဇူလိုင်လ ၅ ရက်နေ့တွင် တိုင်းမဂ္ဂဇင်းရုံးချုပ် တည်ရှိရာ နယူးယောက်မြို့တွင်လည်း အမေရိကန်ရောက် ဘုန်းတော်ကြီးများနှင့် ဗုဒ္ဓဘာသာ လူပုဂ္ဂိုလ်များမှ ဆန္ဒထုတ်ဖော်သွားရန် ရှိကြောင်း ဦးပေါမောက္ခမှ မိန့်ကြားခဲ့သည်။ တိုင်းမဂ္ဂဇင်း၏ ရေးသားဖော်ပြရာတွင် ပါရှိသော စားသားများကို ကန့်ကွက်ခဲ့သည့် သမ္မတဦးသိန်းစိန်အား ထောက်ခံကြောင်းနှင့် လက်ရှိရေးဆွဲ လျက်ရှိသော မျိုးစောင့် ဥပဒေအတွက် အားပေးထောက်ခံမှုများလည်း ပြုလုပ်ခဲ့သည်။

ဆန္ဒပြပွဲအား ဦးဆောင်ပြုလုပ်ခဲ့သည့် မကွေးဆရာတော် ဦးပါမောက္ခက ''ဦးဇင်းတို့ ဗုဒ္ဓဘာသာ ဟာ အကြမ်းဖက်ဘာသာ မဟုတ်ဘူး။ တိုင်းမဂ္ဂဇင်းမှာ ရေးသားဖော်ပြချက်တွေဟာ ကမ္ဘာပေါ် မှာ ဗုဒ္ဓဘာသာကို အထင်းသေးသိမ်စရာ ဖြစ်သွားစေတဲ့အတွက်ကန့်ကွက်မှုတွေ ပြုလုပ်ဆောင် ရွက်တာပါ'' ဟု မိန့်ကြားခဲ့သည်။

ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဥပဒေအကြံပေး ဦးအေးပိုင်က ''ကျွန်တော်တို့ လုပ်နေတဲ့ အလုပ်တွေ က ကိုယ့်ဘာသာ ကိုယ့်သာသနာကို စောင့်ရှောက်ဖို့ အတွက်ပဲဖြစ်တယ်။ အဲဒါကို အကြမ်းဖက် တယ်  လို့ ရေးသားဖော်ပြခဲ့တဲ့ တိုင်းမဂ္ဂဇင်းရော ရေးသားသူပါ ကျင့်ဝတ်တွေ မရှိကြဘူး။ ဒီလိုရေးသား ဖော်ပြခဲ့လိုလည်း ကျွန်တော်တို့ မျိုးစောင့်ဥပဒေကို ရေးဆွဲဖို့အတွက် အခက်အခဲ ရှိမသွားဘူး။ ကျွန်တော်တို့ကတော့ ကိုယ့်ဘာသာ ကိုယ့်လူမျိုးကို စောင့်ရှောက်သွားဖို့ ဆက် လက် လုပ်ဆောင်သွားမှာပါ” ဟု ပြောသည်။

တိုင်းမဂ္ဂဇင်းပါ ဗုဒ္ဓဘာသာအပေါ် စွပ်စွဲရေးသားမှုအား မြန်မာအစိုးရမှ တရားစွဲဆိုသင့်ကြောင်း၊ ဗုဒ္ဓဘာသာမှာ အေးချမ်းတည်ငြိမ်ခြင်း လမ်းစဉ်ကိုသာ ဆောင်ကြဉ်းကြောင်း၊ ထိုသို့စွပ်စွဲမှု ကို မြန်မာနိုင်ငံရှိ အဖွဲ့အစည်းပေါင်းစုံမှ ပြင်းထန်းစွာ ကန့်ကွက်ကြောင်း အဆိုပါ ဆန္ဒပြပွဲ အတွင်း ဟောပြောခဲ့သည့် ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဦးအောင်မြိုင်မှ ပြောကြားခဲ့သည်။

ယင်းဆန္ဒပြပွဲအတွင်း သံဃာအလံများကိုင်ဆောင်၍ ဗုဒ္ဓဘာသာမှာအကြမ်းဖက်ဘာသာမဟုတ် စာတန်းပါ ပိုစတာများ၊ တိုင်းမဂ္ဂဇင်းအား ဆန့်ကျင်ကြောင်း၊ တိုင်းမဂ္ဂဇင်းပါ ဗုဒ္ဓဘာသာ မှာ အကြမ်းဖက်ဘာသာဟု ရေးသားခဲ့သည့် ဟန်နာဘီရှ်အား သမိုင်းဖြင့်ရေးပါသလား၊ ငွေဖြင့်ရေး ပါသလား ဟု စားတန်းပါ ပိုစတာများ၊ သမ္မတဦးသိန်းစိန်းအား ထောက်ခံကြောင်း ပိုစတာ များနှင့် ဦးဝီရသူ ဦးဆောင်ရေးဆွဲလျက်ရှိသော မျိုးစောင့်ဥပဒေကို ထောက်ခံကြောင်း ပိုစတာ များ ကိုင်ဆောင်ကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက် ဗန္ဓုလပန်းခြံအား တစ်ပတ်ပတ်ကာ မေတ္တာပို့ အမျှဝေခြင်းများကို သံဃတော် အပါး ၃၀၀ နှင့် လူ ၇၀၀ ကျော်တို့မှ ပြုလုပ်ခဲ့သည်။ နိုင်ငံတော်အစိုးရမှ ဇွန်လ၂၃ ရက်နေ့ ရက်စွဲဖြင့် တိုင်းမဂ္ဂဇင်းအား ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည့်အပြင် သာသနာရေး ၀န်ကြီးဌာနမှလည်း အလေးအနက် ကန့်ကွက်ကြောင်း ဇွန်လ ၂၉ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာမှ ထုတ်ပြန်ခဲ့သည်။

''ဗုဒ္ဓဘာသာဝင်များဆိုးသွမ်းနေသောအခါ'' ဆောင်းပါးနှင့်အတူ ဆရာတော်ဦးဝီရသူ၏ ဓာတ်ပုံ အား ဇူလိုင်လ ၁ရက်နေ့တွင်ထုတ်ဝေမည့် တိုင်းမဂ္ဂဇင်း၏မျက်နှာဖုံး၌ တင်ထားပြီး ယင်းဆောင်းပါးအတွင်းဖော်ပြချက်အချို့မှာ ''မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ ဟာသွေး ပူနေ ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ဗုဒ္ဓဘာသာဝင် လူရမ်းကား အုပ်စုတွေဟာ အနည်းစု ဘာသာဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်'' ဟု ပါရှိခဲ့သည်။

Eleven

ရှမ်းလူမျိုး၂ဦးအား KIA အဖွဲမှ ရက်ရက်စက်စက်သတ်ဖြတ်

KIA တပ်ဖွဲ့ဝင်မှတစ်ဦးပေးပို့သော ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်ဖြစ်ပါတယ်။ မြန်မာပြည်မြောက်ပိုင်းမှာ ၂၀၁၁ခုနှစ်၊ ဇွန်လလောက်ကစပြီး တပ်မတော်နဲ့ KIA အဖွဲ့တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြ တယ်။ ဒေသခံတွေအနေနဲ့လည်း တပ်မတော်စစ်ကြောင်းတွေဝင်လာရင် နယ်မြေအခြေ အနေတွေမေးလို့ ပြောရဆိုရတာရှိတယ်၊ တစ်ဖက်မှာလဲ KIA ကရွာသားအချို့ကို စစ်တပ်ရဲ့ သတင်းပေးလို့စွပ်စွဲပြီး သတ်ဖြတ်တာတွေရှိတယ်။

ဒီပုံကတော့ကချင်ပြည်နယ် ဖားကန့် မြို့နယ်တွင်းက KIA တပ်ရင်း(၆)ရှိတဲ့ ကံဆီးကျေးရွာ ဘက်မှာ အပြစ်မဲ့ ရှမ်းလူမျိုး ရွာသား ၂ ဦးကိုစစ်တပ်ရဲ့သတင်းပေးလို့စွပ်စွဲပြီး လူသားချင်း ကိုယ်ချင်းစာနာစိတ်ကင်းမဲ့စွာနဲ့ တိရစ္ဆာန် များလို ရက်ရက် စက်စက် သတ်ဖြတ်နေတဲ့ပုံ ပဲဖြစ် ပါတယ်။

Branmon
Credit to>>>ပုဂံအွန်လိုင်းမီဒီယာ

ပြင်ဦးလွင်မြို့ အားကစားကွင်းရှေ့ဗုံး ပေါက်ကွဲမှု ဗိုလ်လောင်းတစ်ဦးအပါအ၀င် သုံးဦးဒဏ်ရာရ

ပြင်ဦးလွင်မြို့ အားကစားကွင်းရှိ MOTHER LOVE မူကြိုအနီးတွင် ဆိုင်ကယ်တစ်စီးမှဗုံး ပေါက် ကွဲမှုဖြစ်ပွားရာ ဗိုလ်လောင်းတစ်ဦးအပါအ၀င် သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ အခင်းဖြစ်ရာ နေရာ သို့ရောက်ရှိနေတဲ့ သတင်းထောက်တစ်ဦးက တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားပါတယ်။ မန္တလေး-လားရှိုး ကားလမ်းပေါ်တွင် တည်ရှိနေသော ပြင်ဦးလွင်မြို့ အားကစားကွင်းအနီးတွင် ဒီနေ့ တစ်နာရီကျော်ခန့်က ဆိုင်ကယ်တစ်စီးမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် တပ်မတော်နည်းပညာ တက္ကသိုလ် အနော်၇ထာ တပ်ရင်းတွင် သင်တန်း တက်ရောက်နေတဲ့ ဗိုလ်လောင်း စိုင်းမြင့်မော်၊ တပ်ကြပ်ကြီး လှမျိုးထိုက်နဲ့ ဒေါ်ငယ် သုံးဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကိုစုံစမ်းစစ်ဆေးနေပြီး ပေါက်ကွဲရာဆိုင်ကယ်မှာ မီးလောင်ကျွမ်းပြီး 3 star အမှတ်တံဆိပ်ပါ အင်ဂျင်သာ ကျန်ရှိတော့တယ်လို့ မျက်မြင်တစ်ဦး က ပြောပါတယ်။

မန္တလေးခေတ်

3G 4G ကွာခြားချက်များ

3 G က 3rd generation ကို အစွဲပြုပြီး 3G လို ခေါ်တာ ဖြစ်သလို 4G ကလည်း 4rd generation ကို အစွဲပြုပြီး ခေါ်ဆိုတာ ဖြစ်ပါတယ်။ နောက်တခုက သူတို့ နှစ်ခုလုံးက mobile internet တွေ အတွက် တီထွင်လာခဲ့တာပါ။ ဒီနေရာမှာတော့ 4G က 3G ထက် သာသွားတဲ့ အ ချက်က 4 G မှာ 3G မှာရှိတဲ့ Feature တွေကိုရော နောက်ထပ်ပေါင်းထည့် Feature တွေရော ပါဝင်လာတာပါပဲ့ ။ 3G ကို ထပ်ပြီး Develop လုပ်ထားတယ်လို့ ဆိုလို့ ရပါတယ်။

ဒုတိယ အချက်...
ဒီအချက်အနေနဲ့ကတော့ technologies ပါပဲ့။3 G မှာ သုံးထားတဲ့ technologies က widespread ကို အသုံးပြုပေ့မယ် 4G ပေါ်လာချိန်မှာတော့ သူရဲ့ compliant technologies ကို သုံးထားပါတယ်။ သူတို့နှစ်ခုကတော့ မြင်းပြိုင်လိုပါပဲ့။ the horizon technologies လို ဆိုပါ တယ်။
 
တတိယ အချက်..
အင်တာနက် connection speed ပါပဲ့။ သူ့မှာတော့ 3G က download speed က 14Mbs သာ ရှိပြီး Upload Speed ကတော့ 5.8 Mbs ပဲ့ ရှိပါတယ်။ ဒီနေရာမှာတော့ 4G ကတော်တော်လေး သာသွားပါပြီ.။ 4G က တော့ ပြောမနေနဲ့တော့ Internet speed ကို 100Mb အသုံးချခွင့်ရမှာ ဖြစ်ပါတယ်။

စတုတ္တအချက်..
နောက်ဆုံးအချက်အနေနဲ့ကတော့ သုံးထားတဲ့ Package ပါပဲ့ .။ အင်တာနက်အတွက် 3G က a mix of circuit and packet switching network ကို အသုံးပြုနေချိန်မှာ 4G ကတော့ a packet switching network တခုတည်းကိုပဲ့ အသုံးပြုထားပါတယ်။

ဖြည်စွက်ချက်...
3GS ဆိုတာ ရှိပါသေးတယ်။ S ဆိုတာကတော့ Speed ကို ဆိုလိုတာပါ။ 3G ရဲ့ Feature တွေနဲ့ အတူတူပါပဲ့။ 3G မှာ youtube ကို Upload တင်လို့မရတာတွေနဲ့ error အနည်းငယ်ကို 3 GS မှာ ပြင်ဆင်ပေးထားပါတယ်။နောက်ဆုံးတခုကတော့ battery life က 3g ထက် 3 GS က ပိုကောင်းပါတယ်။
3G နဲ့ 4G ကြားမှာ ကွားခြားချက်ကြီးကြီးမားမားပြပါဆိုရင်တော့ technologies ,data transfer rate နှင့် speed ပါပဲ့။ပုံတွေကိုပါ ကြားညှပ်တခု အနေနဲ့ ထည့်ထည့်ပေးပြီး ကွာခြား ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလောက်ဆိုရင် လူတိုင်း အကြမ်းဖျင်း နားလည်နိုင်ကြ မယ် ဗဟုသုတရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။နောက်ထပ်ပိုပြီး သိနိုင်အောင်လို့ ကျွန်တော် အောက်မှာ အကြမ်းဖျင်းထပ်ဖြည့်ပေးလိုက်တဲ့အပြင် Video လေးနဲ့ ရှင်းပြထားတာ ကိုပါ ထည့်ပေးလိုက်ပါတယ်။

Generation - Definition - Technologies - Speeds
1G - Original analog cellular for voice (AMPS, NMT, TACS) 14.4 kbps
2G - Digital narrowband circuit data (TDMA, CDMA) 9-14.4 kbps
2.5G - Packet data onto a 2G network (GPRS, EDGE) 20-40 kpbs
3G - Digital broadband packet data (CDMA, EV-DO, UMTS, EDGE) 500-700 kbps
3.5G - Replacement for EDGE is (HSPA) 1-3 mbps
4G - Digital broadband packet data all IP (Wi-Fi, WIMAX, LTE) 3-5 mbps
5G - Gigabit per second in a few years (?) 1+ gbps
အောက်မှာ ရှင်းပြထားတဲ့ ဆရာရဲ့ ရှင်းလင်းချက်တွေကိုတော့နားထောင်ကြည့်ပါ။ နားလည် မယ်လို့ မျှော်လင့်ပါတယ်။
http://link.brightcove.com/services/player/bcpid1243511167?bctid=1628434330

ဒါကတော့ အသံဖိုင်နဲ့ ရှင်ပြထားတဲ့ Mp3 ဖိုင်ပါ။
http://www.drtechtalk.com/media/mediablog/podcast/site/3G_vs_4G.mp3

ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံသိချင်တယ်ဆိုရင် အောက်ကလင့်တွေမှာ သွားဖတ်နိုင်ပါတယ်။
http://en.wikipedia.org/wiki/4G
http://en.wikipedia.org/wiki/3G
http://en.wikipedia.org/wiki/3GS
http://en.wikipedia.org/wiki/IPhone_3G

Telenor Myanmar

ထိုင်းတောင်ပိုင်း ထောင်ဗုံးကြောင့် စစ်သား ၈ ဦးသေ

ထိုင်း တောင်ပိုင်း ယာလ ပြည်နယ်မှာ စစ် မော်တော်ယာဉ်ကို ဗုံးခွဲ တိုက်ခိုက်မှု ကြောင့် ထိုင်းစစ်သား ၈ ယောက် သေဆုံး ခဲ့ရ ပါတယ်။ ဒီ စစ်သား တွေဟာ ခွင့်ရလို့ အိမ်ပြန် နေကြ ချိန်မှာ အခုလို လမ်းဘေးဗုံး နင်းမိတာ ဖြစ်ပြီး၊ ထရပ်ကား ကတော့ လုံးဝ ပျက်စီး သွားကာ စစ်သား ၂ ယောက်နဲ့ အနားက ရွာသား ၂ ယောက်ပါ ဒဏ်ရာ ရသွား တယ်လို့ ထိုင်း ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။

ထိုင်းတောင်ပိုင်း သူပုန်တွေက စစ်ကားတန်းတွေကို ဗုံးခွဲတိုက်ခိုက်မှုတွေ တနှစ်ထက် တနှစ် အဖြစ်များ လာပြီး ယာလ ပြည်နယ်က အခုပါက်ကွဲမှုက တော်တော်ကြီးဆိုးရွား ပါတယ်။ ကီလို ၅ဝ လောက် ပါ တဲ့ ဖောက်ခွဲရေးပစ္စည်းတွေသုံးတယ်လို့ စစ်ဘက်ကခန့်မှန်းထားပြီး မလေးသူပုန်လက်ချက်ပဲလို့ ယူဆနေ ကြ ပါတယ်။ ဒီဗုံးကွဲမှုကြောင့် မလေးရှားနိုင်ငံ အကူအညီနဲ့ သူပုန်အုပ်စုတွေနဲ့ စေ့စပ်ဆွေးနွေး ပွဲတွေအပေါ် ရိုက်ခတ်မှုရှိမလား စိုးရိမ် စရာ ဖြစ်လာပါပြီ။ နောက်လလာတော့မယ့် မွတ်ဆလင်ဥပုသ်လမတိုင်ခင် အပစ် အခတ်တွေ မဖြစ်ပွားရအောင် အစိုးရနဲ့သူပုန် နှစ်ဘက်ကြား ဇွန်လ ဆန်း ထဲကစခဲ့တဲ့ ဆွေးနွေးပွဲ တွေ ကလည်း ညှိနှိုင်းရ ခက်ပြီး အီနေပြီ ဖြစ်ပါတယ်။

ဆွေးနွေးပွဲတွေ ရှိနေချိန် မှာပဲ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားနေ ပါတယ်။ သူပုန် တွေ ဘက်က ဖမ်းဆီး ခံနေရတဲ့ သူတို့ လူတွေ ပြန်လွှတ်ဖို့၊ တောင်ပိုင်းက မလေး မွတ်ဆလင် အများစု နေတဲ့ ပြည်နယ် ၄ ခုကို ကိုယ်ပိုင် အုပ်ချုပ်ရေး ပေးဖို့ တောင်းဆို နေတာပါ။ အစိုးရ ဘက်ကတော့ သူပုန် တွေရဲ့ ချုံခို တိုက်ခိုက် မှုတွေ ရပ်တန့်ဖို့လိုလားပေမယ့် သူပုန်တွေ ဘက်က မရပ်နို င်ဘူးလို့ ပယ်ချ ခဲ့ပါတယ်။ ထိုင်းတောင်ပိုင်းက စစ်သားတွေ ကို ဒီလို ဗုံးခွဲ သတ်ဖြတ်မှုတွေ မကြာခင်နှစ်တွေအတွင်း အများအပြား ဖြစ်ပွားခဲ့ပြီး ဖြစ်ပါ တယ်။ လမ်းဘေးက ထောင်ဗုံးတွေ ရန်က ကာကွယ်ဖို့ ယူကရိန်း လုပ် သံချပ်ကာ ယာဉ်တွေကို ဒါဇင်နဲ့ ချီပြီး ဝယ်ဖို့ စီမံ နေပါတယ်။

BBC

တာလီဘန်အရေး ဗြိတိန် ရဲ့ အမြင်

ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က တာလီဘန်တွေ အနေနဲ့ အာဖဂန် နစ္စတန် ရဲ့ ငြိမ်းချမ်းရေး အတွက်နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်သင့်တယ် ၊ အာဖဂန် နိုင်ငံရဲ့ အနာဂတ် မှာ တာလီဘန် ရဲ့ အခန်း ကဏ္ဍ ရှိသင့်တယ် လို့ ပြောလိုက်ပါတယ်။

အာဖဂန် ငြိမ်းချမ်းရေး အတွက် အာဖဂန် နိုင်ငံသားတွေ က သာ ဦးဆောင် ရမယ် ဆိုတဲ့ အချက် ကိုလည်း သူ ကအလေးထား ပြောပါတယ်။ဗြိတိန် ဝန်ကြီးချုပ် ကင်မရွန်းဟာ စနေနေ့ က အာဖဂန်ရောက် ဗြိတိန် စစ်သားတွေနဲ့လည်း တွေ့ဆုံခဲ့သလို နောက်ပိုင်းမှာ လည်း အာဖဂန် သမ္မတ ဟာမစ်ခါဇိုင်း နဲ့ တွေ့ဆုံခဲ့ပြီး အခုလို စကားတွေ ပြောခဲ့တာပါ။ အာဖဂန် အရေးအတွက် တာလီဘန်တွေ ပါဝင်ရမယ် ဆိုပေမယ့်လည်း လက်နက် တွေ စွန့်ဖို့လို တာ သူတို့ သိဖို့ လိုတယ် ဆိုတာ ကို မစ္စတာ ကင်မရွန်းက ပြောပါတယ်။

အခုလို ဗြိတိန်ဝန်ကြီးချုပ်ရဲ့ အာဖဂန် ခရီးစဉ်ဟာ ကာတာနိုင်ငံ ရဲ့မြို့တော်မှာ တာလီဘန် တို့ရုံးဖွင့် နိုင်တဲ့ ရက်အနည်းငယ် အကြာမှာ ဖြစ်လာခဲ့တာပါ။ အမေရိကန် ကတော့ တာလီဘန် တို့နဲ့ သီးခြားဆွေးနွေးမယ် ဆိုတာ ကြေညာ ထားပြီး ပါပြီ။ အာဖဂန်အရေး နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဗြိတိန် ကြား မတူညီတဲ့ အသွင်နဲ့ချဉ်းကပ် နေပေမယ့်လည်း မစ္စတာ ကင်မရွန်း က ဗြိတိန် နဲ့ အမေရိကန် အပါအဝင် အနောက် နိုင်ငံတွေက လိုချင် တာဟာ အာဖဂန် တည်ငြိမ်ရေး၊ လုံခြုံရေး နိင်ငံတိုးတက်ရေး စတာတွေ ကလွဲလို့ တခြားဘာ ဆန္ဒမှ မရှိပါဘူး လို့လည်း ဆိုပါတယ်။

အခု ဗြိတိန် ရဲ့ ခြေလှမ်းဟာ ဟိုးအရင် ၂၀၀၂ က အာဖဂန်မှာတာဝန်ကျခဲ့တဲ့ ဗြိတိန် စစ်ဗိုလ်ချုပ် နစ်ခ ကတ်တာ ရဲ့စကားကိုလည်း ပြန်အမှတ်ရ စရာပါ။ အဲဒီတုန်း က ဗိုလ်ချုပ်ကတ်တာ က တာလီဘန်တွေ ကို ဆွေးနွေးပွဲဝိုင်းထဲ သွင်းသင့်တယ်လို့ ပြောခဲ့သူပါ။သူရာထူး ကပြုတ်ပြီး မကြာမတင် မှာ ပြောခဲ့တာပါ။ အခုတော့ သူ့ မှတ်ချက်စကား အတိုင်းပဲ နိုင်ငံရေး က ဖြစ်လာ တယ်လို့ ပြောနိုင် နေကြောင်းပါ။

BBC

EU ရုံးတွေကို အွန်လိုင်းကနေ US ခိုးဝင်ထောက်လှမ်း

အမေရိကန် ထောက်လှမ်းရေးအဖွဲ့ဟာ ဝါရှင်တန်မှာ ရှိတဲ့ ဥရောပ သမဂ္ဂ အီးယူ ရုံးတွေကို အွန်လိုင်းပေါ် ကနေ ခိုးဝင်ထောက်လှမ်းခဲ့ပြီး ရုံးတွင်းကွန်ပြူတာတွေကိုဝင်ရောက် အချက်အလက် ရယူခဲ့ကြောင်း ဖော်ပြ ထားတဲ့ လျို့ဝှက်စာ ရွက်စာတမ်း တခုကို သူတို့ရထားတယ်လို့ ဂျာမန် မဂ္ဂဇင်း der spiegel က ပြော ပါတယ်။ အဲဒီ စာရွက်စာတမ်းကို အခုထွက်ပြေး တိမ်းရှောင်နေရတဲ့ စီအိုင်အေ အရာရှိဟောင်း အက်ဒွပ် စနိုဒင်က သူတို့ကိုပြခဲ့တာလို့ ဒက်ရှ်စပီးဂဲလ်က ဆိုပါတယ်။ အဲဒီ အမေရိကန်အမျိုးသားလုံခြုံရေး အေဂျင်စီ NSA ဟာ အီးယူကို ပစ်မှတ်ထား ထောက်လှမ်းခဲ့တာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေ တယ်လို့ ပြော ပါတယ်။

အခု စွပ်စွဲ ပြောဆိုနေတဲ့ သူလျှိုလုပ်မှုသာ မှန်ခဲ့တယ် ဆိုရင် အီးယူနဲ့ အမေရိကန်ကြား ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်သွားစေလိမ့်မယ်လို့ ဥရောပ ပါလီမန် ဥက္ကဌ Martin Schulz က ပြောပါတယ်။
တခါ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စီအိုင်အေ အရာရှိဟောင်း အက်ဒွပ် စနိုဒင် ရဲ့ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံမှုနဲ့ ပတ်သက်လို့ အီကွေဒေါ သမ္မတ ဆီကို အမေရိကန် ဒုတိယ သမ္မတ ဂျိုး ဘိုင်ဒင်က ဖုန်းဆက် ဆွေးနွေးခဲ့ပါတယ်။ မစ္စတာ စနိုဒင်ရဲ့ ခိုလှုံခွင့် တောင်းခံမှုကို ပယ်ချပေးဖို့ မစ္စတာ ဘိုင်ဒင် က ပြောကြားခဲ့ကြောင်း အီကွေဒေါ သမ္မတ ရက်ဖာရာ ကော်ရေးရား က ဆိုပါတယ်။ အခုတော့ မစ္စတာ စနိုဒင်ဟာ မော်စကို နိုင်ငံတကာ လေဆိပ်ထဲမှာ ရှိနေပြီး အီကွေဒေါက အဆုံးအဖြတ်ကို စောင့်နေ တယ်လို့ ယူဆ နေကြပါတယ်။

အမေရိကန် အစိုးရက လူတွေရဲ့ အင်တာနက်နဲ့ ဖုန်းဆက်သွယ်မှုတွေကို စောင့်ကြည့်နေတယ် ဆိုတဲ့ လျှို့ဝှက်ချက်တွေကို လူသိရှင်ကြား ထုတ်ဖော်ခဲ့တဲ့ အတွက် သူဟာ လျို့ဝှက် ပေါက်ကြားမှုနဲ့ တရားစွဲ ခံထားရတာ ဖြစ်ပါတယ်။

BBC

နော်ဝေအခြေစိုက် Telenor အုပ်စု ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့တို့တွင် ရုံးခွဲများ ဖွင့်လှစ်ရန် စီစဉ်

ပြည်ပနိုင်ငံ တစ်ခုရှိ Telenor အဆောက်အအုံအား တွေ့ရစဉ် (commons.wikimedia.org)

မြန်မာ့ဆက်သွယ်ရေး မိုဘိုင်းအော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတစ်ခုဖြစ်သော Telenor အုပ်စုသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့တို့တွင် ရုံးခွဲများ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး ၀န်ထမ်းများနှင့် နည်းပညာ ကျွမ်းကျင်ပညာရှင်များကို မကြာမီ ခေါ်ယူသွားမည်ဖြစ်ကြောင်း Telenor Myanmar က သတင်းထုတ်ပြန်ခဲ့သည်။

Telenor သည် အရှေ့တောင်အာရှ နိုင်ငံဈေးကွက်အတွင်း တတိယမြောက်ခြေလှမ်းအဖြစ် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ကို ဇွန် ၂၇ ရက်က ရရှိခဲ့သည်။ Telenor သည် နော်ဝေနိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာ့အဆင့် ၁၄ တွင် ရပ်တည်လျက် ရှိသည်။ ဆက်သွယ်ရေးမိုဘိုင်း အော်ပရေတာအဖြစ် နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ ဆားဘီးယား၊ ယူကရိန်း၊ ဟန်ဂေရီ၊ မွန်တီနီဂရို၊ ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့တွင် လုပ်ကိုင်လျက်ရှိသည်။ Telenor အုပ်စု၏ အဓိက ၀န်ဆောင်မှုများမှာ Internet Broadband ၀န်ဆောင်မှု၊ Mobile Telecommunication ၀န်ဆောင်မှု၊ Internet TV ၀န်ဆောင်မှု၊ IPTV ၀န်ဆောင်မှု စသည်တို့အပြင် အခြားဝန်ဆောင်မှုများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Telenor သည် HSPA သို့မဟုတ် 3G နှင့် LTE အဆင်သင့်ဖြစ်နေသော နည်းပညာများကို အသုံးပြုပြီး ငါးနှစ်တာ ကာလအတွင်း မြန်မာတစ်နိုင်ငံလုံး အသုံးပြုနိုင်မည့် Mobile Network တစ်ခုကို တည်ဆောက် မည်ဖြစ်ပြီး Mobile ၀န်ဆောင်မှုများ အပါအ၀င် အသံနှင့် အချက်အလက် လွှဲပြောင်းမှုဆိုင်ရာ ၀န်ဆောင်မှု များကို ၂၀၁၄ ခုနှစ်အတွင်း စတင်ဝန်ဆောင်မှု ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု သတင်းရရှိသည်။ Telenor  မြန်မာနိုင်ငံတွင် ကျင့်သုံးမည့် မဟာဗျူဟာအချို့မှာ နည်းပညာအဆင့်မြင့်ခြင်း၊ သင့်တင့်လျောက် ပတ်သော ဈေးနှုန်းဖြစ်ခြင်း၊ ယုံကြည်မှုနှင့်အတူ အကောင်းဆုံး ၀န်ဆောင်မှု ပေးခြင်းတို့ဖြစ်ကြောင်း သိရသည်။

Telenor Mobile Communication သည် နော်ဝေနိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီကြီးများထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ၁၈၅၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဆက်သွယ်ရေး ၀န်ဆောင်မှုများအား နော်ဝေနိုင်ငံတွင်းသာ မကဘဲ ဥရောပနိုင်ငံအချို့နှင့် အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ အိန္ဒိယနိုင်ငံများတွင်ပါ မိုဘိုင်းအော် ပရေတာ အဖြစ် လုပ်ဆောင်လျက်ရှိပြီး ၂၀၁၃ ခုနှစ်အထိ မိုဘိုင်းဖုန်း အသုံးပြုသူ ၁၄၈ သန်း ရှိသည်။

EMG

ကမ္ဘာ့အမြန်ဆုံး 4G Network တောင်ကိုရီးယားမှာ စသုံးပြီ

SK Telecom က သူတို့ ရဲ့ LTE-Advanced network ဟာ ဖိုင်တွေ ကူးယူအသုံးပြုတဲ့အခါမှာ တစက္ကန့်ကို မီဂါဘစ် (Megabits) ၁၅ဝ အထိ မြန်ဆန်နှုန်းရှိတယ်လို့ ကြေညာကာ LTE-Advanced network 4G အပြည့်ကို ရရှိအသုံးပြုနိုင်တဲ့ ကိုရီးယားနာမည်ကျော်ဖုန်း Samsung Galaxy S-4 နဲ့ အတူ မိတ်ဆက် ပွဲပြု လုပ်ခဲ့ပါတယ်။

ပျမ်းမျှအရဆိုရင်တော့ 4G ဟာ နိုင်ငံအများအပြားမှာ အသုံးပြုနေဆဲဖြစ်တဲ့ 3G ကွန်ရက်ထက် ၂ ဆ ပိုမို မြန်ဆန်စေတယ်လို့ သိရပါတယ်။ a full-HD 1080p ဆိုဒ်ရှိတဲ့ ဗီဒီယိုတွေကို အလွယ်တကူ မြန်ဆန် စွာကြည့်ရှုနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။ အရင်တုန်းက ရဖို့ မလွယ်ကူတဲ့ အုပ်စုလိုက် အွန်လိုင်း ရုပ်သံ ဆွေးနွေးပွဲ အစီအစဉ်၊ အသံ ဗီဒီယို ကောင်းမွန်ခြင်း စသဖြင့်တို့ကိုလည်း ဝန်ဆောင်မှု ပေး သွားနိုင် ပါလိမ့်မယ်။

Samsung က ဒီနည်းပညာကို အသုံးပြုဖို့ အတွက် နောက်ဆုံး ထွက်ရှိထားတဲ့ samsung Galaxy S-4 ကို အထူးသီးသန့် ထုတ်လုပ်ထားပြီး နောက်ဆုံးပေါ်နည်းပညာ ပါဝင်တဲ့ communications chip ကို အသုံးပြု ထားပါတယ်။ samsung Galaxy S-4 အကြောင်း အသေးစိတ်ကို ဧရာဝတီဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။ http://blog.irrawaddy.org/2013/03/samsung-galaxy-s-4.html မှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။

ကုမ္မဏီရဲ့ အဆိုအရတော့ လက်ရှိဈေးကွက်ထဲမှာရှိတဲ့ မိုဘိုင်းဖုန်းများကတော့ အမြန်နှုန်း အပြည့်မရတာ ဟာ နည်းပညာ ကန့် သတ်မှုတွေရှိနေတာကြောင့်ပါ တဲ့။ UK မှာ လက်ရှိအသုံးပြုနေတဲ့ 4 G အမြန်နှုန်း ဟာ 75Mbps သာ ရှိပြီး တောင်ကိုရီးယားမှာ ယခုရရှိနိုင်မယ့်အမြန်နှုန်းဟာ 150 Mbps ရှိတာကြောင့် ၂ ဆ မြန်ဆန်စေမှာပါ။ ကုမ္မဏီ က တော့ 150 Mbps ပြောပေမယ့် တကယ်အသုံးပြုတဲ့အခါ 130 Mbps နဲ့ 150Mbps ကြားမှာသာ ရှိနိုင်တယ်လို့  အသိပေးထားပါတယ်။

Ovam Telecom အတိုင်ပင်ခံအရာရှိ Daryl Schoolar ကတော့ ...ကျနော် အခုထက်ထိ အင်တာနက် အမြန်နှုန်းကို မကြိုက်တဲ့သူ မတွေ့ ဖူးပါဘူး လို့ ပြောဆိုကာ လူသားတွေရဲ့ လိုအပ်ချက်တချက်ဖြစ်လာတဲ့ မိုဘိုင်းအင်တာနက် အမြန်နှုန်းကို ထောက်ပြပါတယ်။ ခုလတ်တလော ရေပန်းစားနေတာကတော့ ...  နော်ဝေ ကုမ္မဏီ Telenor နဲ့  ကာတာ ကုမ္မဏီ Ooredoo တို့ ဟာလည်း မြန်မာနိုင်ငံ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများတိုးတက်ရန်အတွက် တင်ဒါ ခေါ်ယူရာမှာ အစိုးရ ရဲ့ တရားဝင်ခွင့်ပြုချက် ကိုရရှိခဲ့ တယ် ဆိုတဲ့ သတင်းပါပဲ။ ဒါကြောင့် မြန်မာပြည်မှာ ကောင်းမွန်တဲ့ ဆက်သွယ်ရေးလုပ်ငန်းပေါ်ပေါက် လာဖို့ အခြေအနေ ကောင်းနေပြီ လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဧရာဝတီ Blog

ဘာသာရေး ပဋိပက္ခများ ဖန်တီးခြင်းသည် အစိုးရနှင့် တပ်မတော်မှ လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြောကြား

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်အတွင်း ဖျက်ဆီးခံခဲ့ရသည့် အဆောက်အအုံ တစ်ခုအနီး လုံခြုံရေး ရယူထားမှုကို ၂၀၁၃ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ- ၀င်းမြင့်ကျော်)

လက်ရှိနိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခများ ဖြစ်ပွားနေခြင်း၏ နောက်ကွယ်တွင် ကြိုးကိုင်နေသူများမှာ မိမိတို့ အစိုးရအဖွဲ့နှင့် တပ်မတော်တို့ မဟုတ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိ သူ ပြန် ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဇွန် ၂၉ ရက်က နေပြည်တော်တွင် ပြုလုပ်သော မီဒီယာ များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

"အစိုးရဟာ ဒီမိုကရေစီ နိုင်ငံဖြစ်အောင်၊ မြန်မာ့လူ့အဖွဲ့အစည်းကို ဒီမိုကရက်တစ် လူ့အဖွဲ့ အစည်းဖြစ်အောင် လုပ်နေတယ်။ ဒီလမ်းကြောင်းကနေ ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး။ ရှေ့ ဆက်ပြီးတော့ပဲ သွားမယ်။ ဒါပေမဲ့ ဒီလိုပြဿနာတွေ ဖြစ်လာတဲ့အခါမှာ နိုင်ငံတကာမှာလည်း နောက်ကွယ် မှာ ဟိုလူရှိတယ်။ ဒီလူရှိတယ်ဆိုပြီး အမျိုးမျိုး ပြောကြတယ်။ သေချာတာကတော့ အစိုးရကသော် လည်းကောင်း၊ တပ်မတော်ကသော် လည်းကောင်း ဒီလိုပဋိပက္ခတွေ ဖြစ်အောင်လုပ်ဖို့ ဘယ်လို အကြောင်း မှ မရှိဘူး" ဟု ဦးရဲထွဋ်က ပြောကြားသည်။

လက်ရှိတွင် ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ အရေးပေါ်ကာလ စီမံခန့်ခွဲ မှု ကော်မတီ ဖွဲ့စည်းထားပြီး၊ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များတွင် နောက်ကွယ်မှ ကြိုးကိုင်သူများ ရှိပါက ဖော်ထုတ်ရန် ပါဝင်ကြောင်းနှင့် လက်ရှိတွင် စုံစမ်းမှုများ ပြုလုပ်နေသည်ဟု ဦးရဲထွဋ်က ပြော ကြားသည်။

"ပြည်သူတွေ၊ မီဒီယာတွေ အနေနဲ့ကလည်း ခန့်မှန်းချက်တွေ ပြောနေမယ့်အစား တကယ်ခိုင်မာတဲ့ သတင်းအချက်အလက်ရှိရင် ဗဟိုကော်မတီကိုပို့။ ကျွန်တော်လည်း အဖွဲ့ဝင် တစ်ဦးပါ" ဟု ဦးရဲထွဋ် က ပြောကြားသည်။ လက်ရှိတွင် လူမှုကွန်ရက်များတွင် ကောလာဟလများ ဖြန့်ခြင်းကို အဓိကတွေ့ ရှိနေရကြောင်း၊ ထို့ကြောင့် လူအများ၏ စိတ်ခံစားချက်များမှာ အမုန်းတရားများ ဖြစ်ပေါ်လာပြီး သာမန် ပဋိပက္ခ ဖြစ်ပေါ်လာပါက တရားဥပဒေနှင့်အညီ မဆောင်ရွက်တော့ဘဲ ပြင်းထန်တဲ့ တုံ့ပြန်မှု များ ဖြစ်ပေါ် လာခြင်းဖြစ်ကြောင်း ဦးရဲထွဋ်က သုံးသပ်သည်။

Time မဂ္ဂဇင်းအား ပိတ်ပင်ရခြင်းနှင့် ပတ်သက်၍လည်း ယင်းအပတ်စဉ်ထုတ် တစ်စောင်တည်းသာ ပိတ်ပင်ခြင်းဖြစ်ကြောင်းနှင့် ယင်းသို့ပိတ်ပင်ရသည်အထိ ဖြစ်ပေါ်လာရခြင်းမှာလည်း Social media များနှင့် ပြည်တွင်းမီဒီယာများ၏ ပုံကြီးချဲ့ ရေးသားမှုများကြောင့်ဖြစ်ကြောင်း ပြောသည်။ ထို့အပြင် ပဋိပက္ခ ဖြစ်စဉ်များနှင့် ပတ်သက်၍ ရေးသားမှုများကိုလည်း ဖြစ်စဉ်အပေါ်တွင်သာ အခြေခံ ရေးသား ကြရန်နှင့် အမုန်းတရားများ မဖြစ်ပေါ်ရန် ရေးသားရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

EMG

မိမိအပါအ၀င် အစိုးရ ၀န်ကြီးများ မဟုတ်တာလုပ်တာ သေချာပါက တရားစွဲဆိုရန် သမ္မတရုံးဝန်ကြီး တိုက်တွန်း

မီဒီယာများတွင် မကြာခဏ ဖော်ပြခံရလေ့ရှိသည့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း

မိမိအပါအ၀င် အစိုးရ၀န်ကြီးများ မဟုတ်တာလုပ်တာ သေချာပါက တရားစွဲဆိုရန် သမ္မတရုံး ၀န်ကြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဇွန် ၂၉ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု ၀န်ကြီးများနှင့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသည်။ အစိုးရသစ်သက်တမ်း နှစ်နှစ်တာ ကာလအတွင်း မီဒီယာ လွတ်လပ် ခွင့်နှင့် ၀န်ကြီးများ၏ ပြောဆိုမှုများအပေါ် ရေးသားချက်များနှင့် ပတ်သက်၍ ယင်းကဲ့သို့ ပြည်ထောင်စု ၀န်ကြီးများသည် မမှန်မကန် လုပ်ရပ်များရှိသည်မှာ သေချာလျှင် တရားစွဲဆိုနိုင်ကြောင်း ပြည်ထောင်စု ၀န်ကြီးက ပြောကြားသည်။

သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက "ဟိုတစ်ခါ debate မှာ မေးသလို ကျွန်တော်တို့ မီဒီယာ လွတ်လပ်ခွင့်က အမေရိကန်လိုဖြစ်ဖို့ နည်းနည်းလိုဦးမယ်။ အရှေ့တောင်အာရှမှာ ကြည့်မယ်ဆိုရင် စင်ကာပူတို့၊ ဗီယက်နမ်တို့ တရုတ်တို့ထက်သာတာ တွေ့ရတယ်။ ယခင်ကထက်စာရင် အခုကျွန်တော် တို့ကို တွေ့လို့ရတယ်။ မေးလို့ရတယ်။ အရင်တုန်းက ဘယ်ရမလဲ။ ခင်ဗျားတို့လည်း ရေးလို့ရတယ်။ ဒါပေမယ့် ဖြတ်သန်းလာတဲ့ နှစ်နှစ်တာမှာ တစ်ခါတလေ တစ်ပိုင်းတစ်စလေးနဲ့ ကျွန်တော်တို့ ဒုက္ခရောက် သွားတာတွေ ရှိသလို တစ်ခါတလေကျရင် ကျွန်တော်တို့ကို နာမည်မဖော်ရုံတစ်မယ် စွပ်စွဲတာတွေကြတော့ သတိပြုဖို့လိုတယ်။ သေချာတယ်ဆိုရင် တရားစွဲလိုက်ပါ။ ဘယ်ဝန်ကြီး၊ ဘယ်အသိုင်းအ၀ိုင်းက ဘာတွေ မဟုတ်တာ လုပ်နေတယ်ဆိုတာ သေချာရင် တရားစွဲလိုက်ပါ။ ဒါကောင်းတာပေါ့။ ထင်ယောင်ထင်မှား ကျတော့ မီဒီယာနဲ့ ရန်ဖြစ်ရတာ ဘယ်ကောင်းမလဲ" ဟု ပြောကြားသည်။

အစိုးရ ၀န်ထမ်းများ၏ လစာနှုန်းထား ဖော်ပြမှုများတွင် ပြည်ထောင်စု ၀န်ကြီး၏ တရားဝင်လစာမှာ ၆၀၀၀၀၀ ဖြစ်ပြီး ဒုတိယ ၀န်ကြီးတစ်ဦး၏ လစာမှာ ၄၅၀၀၀၀ ဖြစ်သည်။ ထို့ပြင် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ အနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သမ္မတထံ တင်ပြထားပြီး ဖြစ်ကြောင်းလည်း ကြားသိရပါသည်။ သို့သော်လည်း နိုင်ငံတကာနည်းတူ ယင်းကဲ့သို့ အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၏ ပိုင်ဆိုင်မှု အလုံးစုံကို အများပြည်သူသို့ တရားဝင်ထုတ်ပြန် ကြေညာထားခြင်း မရှိသေးကြောင်းလည်း သိရသည်။

EMG

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းဆောင်ရွက် နေခြင်းသည် Public Debate အဆင့်သာ ရှိသေးကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်မျိုးစောင့်ဥပဒေ ပြဋ္ဌာန်း ရန် ဆောင်ရွက်နေခြင်းသည် Public Debate (ပြည်သူများကြားတွင် ဆွေးနွေးငြင်းခုံ) အဆင့်သာ ရှိသေးကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိ သူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဇွန် ၂၉ ရက်က ပြောကြားသည်။

နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနရုံး၌ ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ မျိုးစောင့်ဥပဒေ ကြမ်းနှင့် ပတ်သက်၍ အစိုး၏ သဘောထား မှတ်ချက်အား မေးမြန်းမှု ကို ဖြေကြားရာ တွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဥပဒေကြမ်းတစ်ခု ဖြစ်ဖို့ဆိုရင် လွှတ်တော်ကို ဥပဒေကြမ်းအဖြစ် တင်သွင်းခွင့် ရှိတဲ့သူကပဲ တင်သွင်းလို့ ရပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အစိုးရ အနေနဲ့ အခုချိန်မှာ ဘာမှမှတ်ချက်ပေးဖို့ မရှိပါဘူး။ မျိုးစောင့်ဥပဒေတင် မဟုတ်ဘူး။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ကြပါ။ လယ်ယာမြေဥပဒေ ပြင်ကြပါ။ အီလက်ထရွန်နစ် ဥပဒေကို ပြင်ကြပါ။ ဒီလိုပြောနေကြတာမြန်မာနိုင်ငံတွင် ဥပဒေများကို မည်ကဲ့သို့ ပြု သင့်၊ ပြင်သင့် ပြဋ္ဌာန်းသင့်သည်ဟု လူတိုင်းတွင် ပြောဆိုခွင့်ရှိကြောင်း၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ခုတွင် လူတိုင်းလူတိုင်း သာမက အဖွဲ့ အစည်း တိုင်းကပါ Public Debate ဟုခေါ်သော ဥပဒေကြောင်းဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေပြင်ဆင်ရေး ကိစ္စရပ်များကို လွတ်လပ်စွာ ပြောဆို ထုတ်ဖော်ခွင့် ရှိကြောင်း၊ သို့ရာတွင် ယင်းကဲ့သို့ ပြောဆိုနေမှုများအား ဥပဒေတစ်ခု ဖြစ်ရန်မှာမူ ဖြတ်သန်း ရ မည့် အဆင့်များရှိကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ပြောကြားသည်။

"ဥပဒေကြမ်းတစ်ခု ဖြစ်ဖို့ဆိုရင် လွှတ်တော်ကို ဥပဒေကြမ်းအဖြစ် တင်သွင်းခွင့် ရှိတဲ့သူကပဲ တင်သွင်းလို့ ရပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အစိုးရ အနေနဲ့ အခုချိန်မှာ ဘာမှမှတ်ချက်ပေးဖို့ မရှိပါဘူး။
မျိုးစောင့်ဥပဒေတင် မဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ကြပါ။ လယ်ယာမြေဥပဒေ ပြင်ကြပါ။ အီလက်ထရွန်နစ် ဥပဒေကို ပြင်ကြပါ။ ဒီလိုပြောနေကြတာသည် Public Debate အဆင့်မှာပဲ ရှိပါသေး တယ်" ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ သို့သော် ဥပဒေကြမ်းအဖြစ် တင်သွင်းလာပြီး အစိုးရ အဖွဲ့၏ ပြောဆိုရမည့်အချိန် ရောက်ရှိပါက သဘောထား မှတ်ချက် ပေး မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

Eleven Media Group

ကွန်ပျူတာကို ဝယ်ကစလို မြန်စေချင်တယ်ဆိုရင်

Laptop, Desktop ဘယ်လို ကွန်ပျူတာပဲ ဖြစ်ဖြစ် PC အားလုံးဟာ ဝယ်ပြီး ကြာလာတဲ့အခါ လုပ်ဆောင် ချက် နှေးသထက် နှေးကွေးလာပါတယ်။ တစ်ခါခါဆို ဘာမှ လုပ်လို့မရအောင် စက်ရပ်သွားတာမျိုး တို့တောင် ဖြစ်တတ် ပါတယ်။ ဒီလို အခြေအနေကနေ ရုန်းထွက်နိုင်ပါတယ်။ ဒါက ပြုပြင်ယူလို့ ရတဲ့ အခြေအနေဖြစ်ပါတယ်။ ကွန်ပျူတာ လုပ်ဆောင်ချက် နှေးသွားရတဲ့ အဓိက အကြောင်း အရင်း နှစ်ခု ရှိပါတယ်။

၁။ registery errors
Registery Errors က ပိုအဖြစ်များပါတယ်။ ကိုယ်က ကွန်ပျူတာမှာ ဂိမ်း တစ်ခုခုဆော့ခဲ့မယ်ပြီးတော့ ပြန် ပိတ်ပါတယ်။ သာမန် ဖြစ်ရိုးဖြစ်စဉ်လို့ ဆိုပေမယ့် အမှန်တော့ ကွန်ပျူတာဟာ ယင်း ဂိမ်းနဲ့ ပက်သက်တဲ့ အချက်အလက်များကို အလိုအလျောက် သိမ်းဆည်းပေးသွားပါတယ်။ ဂိမ်း ရယ်လို့မှ မဟုတ်ပဲ ကိုယ်သုံး လိုက်တဲ့ ပရိုဂရမ်နဲ့ သက်ဆိုင်တဲ့ အချက်လက်/ Data အားလုံးကို အလိုအလျောက် မှတ်သားပါတယ်။ အချို့ ဟာတွေက မမှတ်သားအောင် Option ပေးနိုင်ပေမယ့် သတိမထားမိလိုက်တဲ့ အရာတွေ ပိုများ ပါတယ်။
ဥပမာ- ကိုယ်က ဓာတ်ပုံ တစ်ပုံကို ဖျက်လိုက်ပေမယ့် Recycle Bin မှာ ရှိပါတယ်။ Recycle Bin မှာ မရှိတော့ဘူးဆိုရင် လုံးဝ မရှိတော့ဘူးလို့ မထင်ပါနဲ့။ သူက သိမ်းဆည်းရ အနည်းနိုင်ဆုံး အနေအထား ထိ ကျစ်လိုက်ပြီး Chip / Hardware များရဲ့  တစ်နေရာရာမှာ Register လုပ် သိမ်းဆည်းထားပေးတတ်ပါ တယ်။ တစ်ခါခါ စက်တွေ အဖွင့်များပြီး ခလုပ်အနှိပ်များရင်၊ Command အပေးများရင် ပြဿနာက စဖြစ်ပါတယ်။ ကိုယ် Register လုပ်ထားတာရော၊ သူ့အလိုအလျောက် Register လုပ်ထား တာရော အားလုံးပေါင်းပြီး ကမောက် ကမတွေ ဖြစ်ပါတော့တယ်။ ဒီတော့ အကျိုးဆက်က ကွန်ပျူတာ ထစ်ငေါ့ ထစ်ငေါ့ဖြစ်ခြင်း၊ စက်ရပ်သွားခြင်းတို့မျိုး ဖြစ်ပါတယ်။

ဒါကို ဖြေရှင်းရန် နည်းလမ်း ရှိပါတယ်။ အဓိကကတော့ ကိုယ် Register လုပ်ထားတဲ့ ဟာတွေအားလုံး ပြန် ဖျက်ပေးဖို့ ရှိပါတယ်။ ဒါကို ဆော့ဖ်ဝဲ စီဒီ ဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ အွန်လိုင်းမှာပဲ အခမဲ့ ဒေါင်းချင်တယ်ဆိုရင်လည်း Advanced Registry Optimizer free download လို့ Google search မှာ ရိုက်ပြီး ရှာဖွေနိုင်ပါတယ်။ ဥပမာ - http://download.cnet.com/Advanced-Registry-Optimizer/3000-2086_4-10661245.html
http://www.softpedia.com/get/Tweak/Registry-Tweak/Advanced-Registry-Optimizer.shtml
ဆိုင်ကနေ ဝယ်တာကို ပိုပြီးတော့ recommand ပေးထားပါတယ်။ အွန်လိုင်းကနေ ယူတာက မလိုအပ်တဲ့ Freeware, spyware တွေ ပါဝင်မှာ စိုးလို့ ဖြစ်ပါတယ်။

၂။ ဗိုင်းရက်စ်နှင့် Spyware များ ကြောင့် စက်နှေးခြင်း
ဒါကတော့ ရှင်းပါတယ်။ အဓိကက အွန်လိုင်းသုံးရာမှာ သတိထားရ မှာ ဖြစ်ပါတယ်။ အွန်လိုင်းသုံးတဲ့ အချိန် တင်မကပဲ USB နဲ့ အခြားသော Input များမှာ သတိထားဖို့ လိုအပ်ပါတယ်။ ကိုယ်က အင်တာနက်ကနေ သီချင်းတစ်ပုဒ် ကြိုက်လို့ ဒေါင်းပေမယ့် သူနဲ့ တွဲပါလာနိုင်တဲ့ အရာများ ကို သေချာ သတိထား လေ့လာ သင့်ပါတယ်။ သီချင်းတင်မကပဲ အခြားသော Software, application များရော ဖြစ်ပါတယ်။ USB ပေါက် ကို memory stick တို့ ထိုးမယ်ဆိုရင်လည်း Scan ဖတ်ပြီး Virus တွေကို Detect လုပ်ပေး မယ့် ဆော့ဖ်ဝဲ တစ်ခု တော့ ရှိနေသင့်ပါတယ်။ အင်တာနက် သုံးရင်လည်း Spyware, Virus တို့က တစ်ခါခါကျရင် ဝင်လို့ ဝင်မှန်းတောင် မသိပါဘူး။ အချိန်တော်တော်ကြာမှာ သူပုန်းနေတဲ့ နေရာတွေကနေ ထပြီး သောင်းကျန်း တတ်ပါတယ်။ ဒါကြောင့်လည်း စက်ကနှေးပါတယ်။

ပို့လာတဲ့ အီးမေးလ်၊ app, software, သီချင်း၊ ဓာတ်ပုံ နဲ့ ကိုယ်တိုင်ရှာဖွေမှု ပြုတဲ့အခါ ယုံကြည်စိတ်ချ ရတဲ့ ဝဘ်ဆိုဒ်ကိုပဲ ရွေးချယ်သင့်ပါတယ်။ Offline အနေနဲ့လည်း ကိုယ့် PC နဲ့ သင့်တော်မယ့်Antivirus ဆော့ဖ်ဝဲ များ ဆောင်ထားသင်ပါတယ်။

အထက်ပါ အချက်နှစ်ချက်ကို သိရှိလိုက်နာပြီး မိမိ PC ကို ဂရုစိုက်မယ်ဆိုရင် ကွန်ပျူတာ နှေးလာစရာ အကြောင်း မရှိတော့ပါဘူး။
---
အောင်ခမ်း (ရိုးရာလေး)

ထိုင်းနယ်စပ်ရှိ ၀တပ်စခန်းများ စာရင်းပေးရန် မြန်မာတပ်မှူး ညွှန်ကြား

တောင်ပိုင်းဝ ထိန်းချုပ်နယ်မြေပြမြေပုံ

သျှမ်းပြည် သံလွင်အရှေ့ခြမ်း ထိုင်းနယ်စပ် ပုံကျင်အခြေစိုက် အစိုးရတပ် စစ်ဗျူဟာမှူးက ၄င်း လက်အောက်ခံ နယ်မြေအတွင်း ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် တပ်စခန်း ကြီး စခန်းငယ် စာရင်းများ အားလုံးပေးအပ်ရန် ညွှန်ကြားထားသည်ဟု နီးစပ်သည့် သတင်းရပ်ကွက်ကပြောသည်။

“ကြာသပတေးနေ့က ပုံကျင်အခြေစိုက် ဗမာတပ်ဗျူဟာမှူးက ၀တပ်ကိုယ်စားလှယ် ကိုခေါ်ပြီး ညွှန်ကြား လိုက်တယ်။ အဓိက ကတော့ သူ့လက်အောက်ခံနယ်မြေ အတွင်းရှိ တဲ့ ၀ တပ်စခန်း တွေ ပေါ့။ ဘယ် တပ်စခန်းက လူသူလက်နက်အင်အားဘယ်လောက် အဲဒီ့အထိ ကို ပေးဖို့ တောင်းထားတာ။ ၀ တပ် က အေးဆေးဘဲ။ ပေးမဲ့ပုံမပေါ်ဘူး” - ဟု ၀ တပ်မှူးကြီး တဦး နှင့် နီးစပ်သူ တဦးကပြောသည်။ သျှမ်းပြည်တောင်ပိုင်း သံလွင်မြစ်ကူးတံတား တာ့ဆန်းမှ တဆင့် အစိုးရတပ်များက လက်နက်ကြီး အပါ အဝင် စစ်ကား ၂၀ စီး အား တောင်ပိုင်း ၀ နယ်သို့ ဂျွန်လ ၂၇ ရက်က ထပ် မံ ပို့ ဆောင် နေသည်ဟုလည်း သျှမ်းပြည်တပ်မတော် RCSS/SSA တပ်မှူး တဦးက ပြောပါ သည်။

“အခုက ကျနော်တို့ သျှမ်းတပ်နဲ့ အပစ်ရပ်တယ်။ ဆက်ဆံရေးအထူး ကောင်းမွန်နေ တယ်။ ကျနော်တို့  ဥက္ကဌကလဲ သမ္မတနဲ့ဆွေးနွေးပြီးလို့ နေပြည်တော်ကနေ ပူပူ နွေးနွေး လေးပဲပြန်ရောက်တယ်။ အခုအခြေ အနေမှာ ၀ တပ် နဲ့ စစ်ရေး တနေ့ထက် တနေ့ ပိုတင်းမာလာနေတယ်။ ကျနော်တို့နဲ့ ၀ နဲ့က တိုက်ဖို့လဲ ဖိအား ပေးလာနိုင်တယ်။ အရင်ကလို သျှမ်းပြည်သားအချင်းချင်း တိုက်ခိုက်မှုမဖြစ်အောင်တော့ ကျနော်တို့ အထူးရှောင်ရှားရမယ်။ သတိ ၀ိရိယ ကြီးကြီးထားသွားရလိမ့်မယ်” - ဟု ဒေသအတွင်း တပ်မှူး ကြီးတဦး ကပြောပါသည်။

လက်ရှိတွင်မြန်မာအစိုးရတပ်သည် ၀တပ်များအား တိုက်ခိုက်ဦးမည်မဟုတ်ကြောင်း၊ ၀တပ်များသွား လာရေး ခက်ခဲအောင်၊ ၀မ်းရေးအတွက်နေထိုင်စားသောက်မှုခက်ခဲအောင် စစ်ရေးအရ ဖိအားပေး ခြိမ်းခြောက် ခြင်းသာဖြစ်ကြောင်း - အဆိုပါတပ်မှူးက ပြောသည်။ “ဗမာတပ်က မိုင်းဆတ် - တာချီ လိတ်ကြား လွယ်ဆမ်ဆုံ(မ်)မှာ ဂိတ်တခုထပ်တိုးချထားတယ်။ ၀ တပ် တွေ လက်နက်ကိုင်ဆောင် သွားလာခွင့်မပေးတော့ဘူး။ ကားပေါ်ပါ ပစ္စည်းလဲ အရမ်းစစ်ဆေးတယ်။ အရေးပါတဲ့ ၀တပ်စခန်းတချို့ ကိုလဲ ဆုတ်ခိုင်းတာတွေရှိတယ်။ မိုင်းတုံမြို့တောင်ဘက် ၁၀ မိုင်ကျော် မယ့်ကဲင်း အရှေ့ဘက် မောက်စလီ မှာ ရှိတဲ့ လွယ်ကောင်းမူး ၀ တပ်စခန်းကို အစိုးရတပ် ဆုတ်ခိုင်း နေတယ်။ အဲဒီမှာ ၀ စခန်း နှစ်ခုရှိတယ်။ ဗမာတပ်က အဲဒီနား စခန်းတခု သွားချတယ်။ နှစ်ဘက်ချိန် နေတယ်” - ဟု ၀ တပ် နှင့် အစိုးရတပ်ပါနီးစပ် သည့် ဒေသအတွင်း ရပ်မိရပ်ဖ တဦး ကပြောသည်။

မိုင်းဆတ် မိုင်းတုံမြို့နယ်အတွင်း ထိုင်းနယ်စပ် တလျှောက်အခြေစိုက် တောင်ပိုင်း ၀ တပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသ၏ တပ်မဟာ ရ၇၂ ၊ ရ၇၅ ၊ ရ၇၈ ၊ ၅၁၈ နှင့် ၂၄၈ ဟူ၍ရှိ၏။ တပ်မဟာ တခုလျှင် ပျှမ်းမျှလူသူ လက်နက်အင်အား ၁,၅၀၀ ရှိပါက တောင်ပိုင်း ၀ တပ်ဖွဲ့၏ စုစုပေါင်းအင်အားမှာ ၁၅,၀၀၀ ထက်ပိုမည် မဟုတ်ဟု မြန်မာစစ်တပ်အရာရှိများက ခန့်မှန်းထားသည်ဟု ဆိုသည်။

Panglong(Burmese)

ဝက်ခြံနဲ့ ဆားဝက်ခြံကို လွယ်လွယ်လေး ဖယ်ရှားမယ်

ဝက်ခြံ ဆိုတာ... အဆီရယ် ချွေးရယ်.. ချေးညှော် တွေရယ် ပေါင်းပြီး ထွက်လာရတာပါ။ အဲ့ဒီတော့ မပေါက်ခင် ကာကွယ် ချင်တယ်ဆိုရင်.....

၁။ မျက်နှာကို အမြဲ သန့်စင်အောင်ထားပါ။
ညအိပ်ခါနီးတိုင်း မျက်နှာကို သန့်စင်အောင် ဆေးပြီးမှ အိပ်တာ အကောင်းဆုံးပါ။ မိတ်ကပ်၊ သနပ်ခါး၊ တနေ့လုံး ကပ်ညိနေတဲ့ ဖုန်တွေ ကနေ... ည အိပ်နေတဲ့ အချိန်မှာ ပိုးမွှားတွေ ပေါက်ဖွား နိုင်ပြီး ၀က်ခြံ တွေ ပေါက်ဖို့လမ်း ဖြစ်လာတတ်လို့။

၂။အဆီပြန် တတ်တဲ့ အသားအရည် ပိုင်ရှင်များက အစားအသောက် စားတဲ့အခါ အဆီအစိမ့်နဲ့ နို့ထွက် ပစ္စည်းကို ရှော့စားပေးပါ။
တနေကုန် အလုပ်လုပ်၊ ကျောင်းသွား.. လှုပ်ရှားသွားလာ နေရတဲ့ သူများ အနေနဲ့ တစ်ရှုးသန့်သန့် ကို ဆောင်ထား တတ်တဲ့ အလေ့အကျင့် လုပ်ပေးသင့်တယ်။ အဆီပြန်လာတဲ့ အခါ တစ်ရှုးကို ၂ လွှာ ရှိရာကနေ တလွှာ ခွာပြီး ညင်ညင်သာသာ သုတ်ပစ်ပြီး သန့်စင်ပေးပါ။ တစထက် တစ အဆီပြန်မှု နည်းသွားပါလိမ့်မယ်။
နောက်တခုက။ ။ ခရမ်းချဉ်သီးနဲ့ ပေါင်းတင် ပေးခြင်းက အဆီ ပြန်ခြင်းကို သက်သာ စေပါတယ်။
လွယ်လွယ်လေးနော်.....၂နည်း ရှိတယ်။

နည်း ၁။
၁) ခရမ်းချဉ်သီး ကြီးကြီးနဲ့ မာမာ တလုံးကို ယူပြီး ထိပ်ဖူးကို စိတ်ပါ။
၂) သကြားအဖြု တစ်ဇွန်းစာကို ပန်းကန်ပြားထဲ ထည့်ပြီး ခရမ်းချဉ်သီး ထိပ်ဖူးနဲ့ သုတ်လိမ်းပါ။
၃) မျက်နှာပြင်ပေါ်ကို နေရာအနှံ့ စသုတ်လိမ်း ပေးပါ။
၎။ ၁၀ မိနစ် ထားပြီး.. ရေဆေးလိုက်ပါ။
ပြီးပါပြီ။

နည်း ၂၊ ။
၁။ ခရမ်းချဉ်သီးကို စိတ်ပါ။ အလယ်သားကို ဖယ်ပြီး အဲ့ဒီ အလယ်သား (အရည်)နဲ့ မျက်နှာပြင်ကို သုတ်လိမ်း လိုက်ပြီး ၁၀မိနစ်ထားပြီးမှ ရေးဆေးပါ။
ပြီးပါပြီ။
(သတိပြုရမှာက တချို့ အသားအရည် တွေက အဲ့လို ပေါင်းတင်ပြီးရင် ပြီးပြီးချင်း ခန အဆီပြန်တာ သက် သာပေမဲ့ အနည်းငယ် မဲသွားတတ်တယ်.. လန့်မသွားပါနဲ့ မတည့်လို့ မဟုတ်ပါဘူး။ နောက်တစ်ရက် ဆို နဂို အသားတိုင်း ပြန်ဖြစ် သွားမှာပါ။ နှစ်ပတ်ကို တစ်ခါ လုပ်ပေးလို့ ရပါတယ်။ )
ပြီးတော့... ခရမ်းချဉ်သီးက နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန် ရောင်ခြည် ဒဏ်ကို ကာကွယ် ပေးနိုင်လို့.. အရေပြား ကင်ဆာနဲ့ အိုးမင်း ရင့်ရော်ခြင်းကို လျော့ကျစေတယ်။

၃။ အဲ့လို စနစ်တကျ နေသားကျ သွားတဲ့အခါ... ချွေးထွက် များတယ် ဆိုရင်တောင်.. တခြား အဆီတွေ ချေးညှော်တွေ နည်းကျဉ်း လွန်းတဲ့ အတွက် ၀က်ခြံ မပေါက် နိုင်တော့ပါဘူး။ 

တခုတော့ ရှိ တယ်နော်.... ၀က်ခြံ ပေါက်တာ... အသားအရည် ကျန်းမာမှုနဲ့ ဆိုင်သလို... သွေးသား နဲ့လဲ ဆိုင်လို့... အမျိုးသမီးများ ရာသီ လာချိန်များနဲ့ ယောက်ျားလေးများ လူပျိုဖော် ၀င်စ ချိန်တွေဆို..  ပေါက် လာ တတ်တာလဲ သဘာဝပါ။

ကဲ.. ၀က်ခြံ ပေါက်လာပြီ ဆိုပါစို့....
၁။ ပထမနဲ့ အရေးကြီးက “ မညှစ်ပစ်ဖို့ပါ။” ။ လက်သည်းမှာ ကပ်နေနိုင်တဲ့ ရောဂါ ပိုးမွှားတွေက ၀က်ခြံ ထိပ်ဝ ( သွေးထွက်ရာ နေရာ) နဲ့ ထိမိ ၊ ဖိမိတဲ့ အခါ အသားထဲကို ၀င်ရောက်ပြီး အနာကိုလည်း ရင်းစေ သလို.. ပွားနှုန်းလည်း မြန်နိုင်ပါတယ်။ နောက်တခုက အမာရွတ် ဖြစ်ကျန် ခဲ့တာပါ။

၂။ မှဲ့တဲ့ အထိ စောင့်ပါ။ ( ၀က်ခြံ ရှိလို့ မရှက်ပါနဲ့ ပိုမဆိုးအောင် ဂရုစိုက်ပါ။)
မှဲ့လာတဲ့ အခါ သူ့သဘာဝ အတိုင်း အဆံလေးက အပြင်ကို ညွတ်ကျပြီး ထွက်သွား ပါလိမ့်မယ်...။ အဲ့ဒိ အခါမှ တစ်ရှုးဆ သန့်သန့်နဲ့ ဖြစ်ဖြစ် လက်သန့်သန့်နဲ့ ဖြစ်ဖြစ် အလွယ်တကူ ဖယ်ရှား နိုင်ပါတယ်။

လေးစားချစ်ခင်သော
မုန်တိုင်း

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နုတ်ထွက်စာ တင်ထားသည်ဆိုသည့် ကိစ္စမှာ ဒီမိုကရေစီ အလေ့အထ တစ်ခုသာဖြစ်ကြောင်း ဦးစိုးသိန်းရှင်းလင်း

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နုတ်ထွက်စာ တင်ထားသည်ဆိုသည့် ကိစ္စမှာ ဒီမိုကရေစီ အလေ့အထ တစ်ခုသာဖြစ်ကြောင်း ဇွန် ၂၉ ရက်က နေပြည်တော်တွင် သတင်းမီဒီယာများနှင့် ပြည်ထောင်စု ၀န်ကြီး များ တွေ့ဆုံပွဲတွင် ရှင်းလင်းပြောကြားသည်။ "မနက်ဖြန်ဆိုတာ ဘယ်သူမှ သေချာတာ မဟုတ်ပါဘူး။ ၀န်ကြီးတာဝန် ဆက်လက်ထမ်းဆောင်မယ် မထမ်းဆောင်ဘူး ဆိုတာက ခန့်အပ်တဲ့ သမ္မတရဲ့ သဘော ဆန္ဒရယ် ကျွန်တော်တို့က အရည်အချင်းပြည့်အောင် မထမ်းဆောင်နိုင်ဘူးဆိုရင် ကျွန်တော်တို့လည်း အနားယူရနိုင်တယ်။ ဒါ့အပြင် သူကမလုပ်ချင်ဘူးဆိုလည်း အနားယူလို့ ရတယ်။ ဒါတွေက မြန်မာနိုင်ငံမှာ အဆန်းတကြယ် ဖြစ်နေပေမယ့် ဒီမိုကရေစီ အစိုးရတွေမှာ ၀န်ကြီးပြောင်းလဲတယ်ဆိုတာ အဆန်းတကြယ် မဟုတ်ပါဘူး" ဟု ဦးစိုးသိန်းက ပြောကြားသည်။

ထို့အပြင် ဦးစိုးသိန်းက မိမိတို့နိုင်ငံတွင် ၀န်ကြီးပြောင်းလဲသွားလျှင် အတွေးတစ်မျိုး ဖြစ်သည်ဆိုခြင်းမှာ မဟုတ်ကြောင်း၊ တိုးတက်ရန်အတွက် ၀န်ကြီးများပြောင်းလဲ နေရာပေးရခြင်းဖြစ်ကြောင်း သြစတြေးလျနိုင်ငံ၊ အစ္စရေး နိုင်ငံများနှင့် နှိုင်းယှဉ်ကာ သုံးသပ်ပြောဆိုသည်။ "သြစတြေးလျနိုင်ငံကို ကြည့်ပေါ့။ ဟိုတစ်လောက ဂျူလီယာဂီးလက် ၀န်ကြီးချုပ် ဖြစ်တယ်။ အခု သူ့ပါတီကပဲ ကီဗင်ရုဒ် တက် လာပြီးတော့ ၀န်ကြီးချုပ် ဖြစ်တယ်။ ဒီလိုပဲ အစ္စရေးမှာလည်း နေတန်ယာဟုက တစ်ခါတလေ ၀န်ကြီးချုပ် လုပ်တယ်။ တစ်ခါတလေ အတိုက်အခံ လုပ်တယ်။ နိုင်ငံခြားရေးဝန်ကြီး လုပ်တယ်။ သူထိုင်ချင်တဲ့နေရာမှာ ထိုင်တတ်တယ်။ အဲဒီ အလေ့အကျင့်က မြန်မာနိုင်ငံမှာ နောက်ဖြစ်သွားမှာပါ" ဟု ဦးစိုးသိန်းက ပြောကြား သည်။

EMG

မန္တလေး ပဲဈေးကွက် ဇွန်လနောက်ဆုံးပတ်အတွင်း အရောင်းအ၀ယ် အေးလျက်ရှိ

မန္တလေး ကုန်စည်ဒိုင်အတွင်း ပဲအရောင်းအ၀ယ် ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထွန်းအောင်)

မန္တလေးပဲဈေးကွက် ဇွန်လနောက်ဆုံးပတ်အတွင်း အရောင်းအ၀ယ် အေးလျက်ရှိကြောင်း မန္တလေး ကုန်စည်ဒိုင်ရှိ အသင်းသားများထံမှ သိရသည်။ "ပဲဈေးကွက်မှာ ကုလားပဲ၊ ပဲစင်းငုံ၊ မတ်ပဲ၊ ဂျုံစေ့တို့ အရောင်းအ၀ယ် အေးနေတယ်။ ကုလားပဲ၊ မတ်ပဲ၊ ပဲစင်းငုံတို့ဆိုရင် Export အ၀ယ်နည်းနေလို့ ဈေးအေး ရခြင်း ဖြစ်တယ်။ ပြည်တွင်းသုံး ကုလားပဲမှာသိသိသာသာ ဈေးကျဆင်းတယ်။ လှောင် သမားတွေ ပြန်ရောင်းချင်ပေမယ့် အ၀ယ်မလိုက်တော့ အရှုံးနဲ့ ရင်ဆိုင်နေရတယ်" ဟု ပွဲရုံပိုင်ရှင် တစ်ဦး က ပြောကြားသည်။

"ကုလားပဲ ခွဲစက်တွေဆိုရင် ကုန်ကြမ်းဈေး ကျဆင်းနေတော့ ကြိတ်ခွဲဖို့ကို အခက်အခဲ ဖြစ်နေတာ။ ကုလားပဲဖြူလုံးကြီးဆိုရင် အိန္ဒိယလိုင်းအ၀ယ်မရှိလို့ လှောင်သမားတွေ အငိုက်မိသွားတယ်။ တရုတ်ငွေဈေး တက်ပေမယ့်လည်း တရုတ်လိုင်းကနေ ပဲတီစိမ်း၊ ပဲယဉ်း၊ မြေထောက်ပဲ၊ နှမ်း၊ ပြောင်းဖူးစေ့တွေ ဆို ရင် ဈေးကောင်းပြီး အ၀ယ်သွက်နေတယ်" ဟု ဆက်လက်ပြောကြားသည်။ ယခုရက်ပိုင်းအတွင်း မိုးကြိုနှမ်း များ ဒေသအလိုက် အ၀င်များပြီး ၀င်သလောက် ပစ္စည်းလက်ကျန် မရှိအောင် အရောင်းသွက်လျက် ရှိကြောင်း သိရသည်။

မေ ၂၉ ရက်နှင့် ဇွန် ၂၉ ရက် ပဲဈေးကွက်များကို နှိုင်းယှဉ်ကြည့်လျှင် ကုလားပဲ (ထိုင်ဝမ်) ကျပ် ၅၈၅၀၀ မှ ကျပ် ၄၉၀၀၀၊ ကုလားပဲဖြူလုံးကြီး ကျပ် ၅၅၅၀၀ မှ ကျပ် ၅၁၀၀၀၊ မတ်ပဲကျပ် ၅၀၀၀၀ မှ ကျပ် ၄၈၀၀၀၊ ပဲတီ စိမ်းကျပ် ၇၇၀၀၀ မှ ကျပ် ၈၇၀၀၀၊ မြေထောက်ပဲ ကျပ် ၈၈၀၀၀ မှ ကျပ် ၉၀၀၀၀၊ နှမ်းကျပ် ၁၃၈၀၀၀ မှ ကျပ် ၁၃၈၀၀၀၊ ပဲယဉ်း (ဗမာ) ကျပ် ၄၁၀၀၀ မှ ကျပ် ၄၉၀၀၀၊ ပြောင်းဖူး (ရှမ်း)ကျပ် ၂၆၀၀၀ မှ ကျပ် ၂၈၀၀၀၊ ပြောင်းဖူး (ဗမာ) ကျပ် ၂၄၀၀၀ မှ ကျပ် ၂၆၀၀၀ ထိ ဈေးပြောင်းလဲခဲ့ကြောင်း သိရသည်။
 
EMG

ကော့သောင်းရှိ ပင်လယ်ကျွန်းများတွင် နိုင်ငံခြား ခရီးသွားများ အပန်းဖြေ လေ့လာခြင်းမှ အမေရိကန်ဒေါ်လာ ၁၅၇၇၉၀ ရရှိ




ကော့သောင်းခရိုင် အတွင်းရှိ ပလော်ကာကျွန်း၌ လာရောက်အပန်းဖြေ သူများအား တွေ့ရစဉ်


၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကော့သောင်း၊ မြိတ်ခရိုင် အတွင်းရှိ ကျွန်းများသို့ နိုင်ငံခြား ခရီးသွား ဧည့်သည် ၁၄၉၁ ဦး လာရောက်၍ ပင်လယ်ကျွန်းများ၏ သဘာဝ ဂေဟစနစ်နှင့် ရေပေါ်ရေအောက် သဘာဝ အလှများကို လေ့လာရင်း အပန်းဖြေခဲ့သဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁၅၇၇၉၀ ရရှိကြောင်း သိရသည်။

"ကော့သောင်းမှာရှိတဲ့ ကျွန်းတွေကိုသွားရင် တစ်ဦးကို ဒေါ်လာ ၁၀၀ ကောက်တယ်။ မြိတ်ကကျွန်းတွေကို သွားရင် ဒေါ်လာ ၁၅၀ ကောက်တယ်။ လေးညအိပ် ငါးရက်ခွင့်ပြုပေးတယ်။ ကိုယ့်နိုင်ငံက စက်တပ် ရွက်လှေစီးရင် ကော့သောင်းကျွန်းတွေအတွက် ဒေါ်လာ ၅၀၊ မြိတ်ကကျွန်းတွေအတွက် ဒေါ်လာ ၈၀ ပေး ရတယ်။ နိုင်ငံခြားက စက်တပ်ရွက်လှေတွေကျတော့ သတ်မှတ်ရက်ပိုရင် တစ်ရက်ကို ဒေါ်လာ ၂၀ ပေး ရတယ်" လို့ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းမှ တိုင်းတာဝန်ခံ ဦးကျော်သန်းဝင်းက ဆိုသည်။ ဧည့်သည်များသည် ကျွန်းများရှိ သဘာဝ ဂေဟစနစ် လေ့လာခြင်း၊ ရေငုပ်ခြင်းများနှင့် ဆလုံလူမျိုးများ၏ သဘာဝအတိုင်း နေထိုင်စားသောက်ခြင်းများကို စိတ်ဝင်စားသည်ဟု ဆိုသည်။ 

ထင်ရှားကျော်ကြားသောကျွန်းများမှာ ရေအောက်တွင်လှိုဏ်ဂူရှိသော အောက်ကျွန်းနီကျွန်း၊ တောင်တော်ဝင် ကျွန်းနှင့် မြောက်တော်ဝင်ကျွန်း၊ ငါးမန်းလှိုဏ်ဂူဟုတင်စားခေါ်ဝေါ်သော ကျောက်တောင်ငယ်၊ လေးကိုင်း သဏ္ဌာန် ကွေးညွတ်နေသော လေးကျွန်း၊ ရေပြင်ပေါ်တွင် လှိုဏ်ဂူ၊ လှိုဏ်ခေါင်းငယ်များရှိ၍ ပဲ့တင်သံကြား ရသော မျှော်စင်ကျောက်တောင်၊ လှေလှော်ခြင်း၊ ရေကူးခြင်းနှင့် ဂေဟစနစ်များ လေ့လာနိုင်သော ညောင်ဝီး ကျွန်း၊ ၁၁၅ ကျွန်း၊ ကျွန်းဖီလာ၊ လှိုင်းကြီးအော်၊ အရှေ့စူလာ၊ စူလာခမောက် စသောကျွန်းများရှိကြောင်း သိရသည်။ နိုင်ငံခြား ခရီးသွား ဧည့်သည်များ သွားခွင့်မပြုသော ကျွန်းများမှာ သံကျွန်း၊ ဇာဒက်ကြီး တစ်ဝိုက်၊ ခရစ္စတီးကျွန်း၊ ဂျလန်းကျွန်း၊ ကျွန်းမဲကြီးကျွန်း၊ ပြင်စဘုကျွန်း၊ အနောက်စူလာ၊ တနင်္သာရီကျွန်းစု၊ မြိတ်ကျွန်းစုငယ် (ကျွန်းစုတစ်ဝိုက်)၊ သရောသဏ္ဌာန်ကြီးကျွန်း၊ ရွှေကျွန်းကြီး၊ ရွှေကျွန်းငယ်၊ ပလော်ကာ ကျွန်း တို့ ဖြစ်ကြောင်းကို ခရီးသွား မှတ်တမ်းများအရ သိရသည်။

EMG

လမ်းစည်းကမ်း ထိန်းသိမ်းရေးတွင် ပင်စင်စား သက်ကြီးဦးရေ ၁၀၀ ခန့် ၀င်ရောက်လုပ်ကိုင်နေ

ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံသော လမ်းဆုံမီးပွိုင့်တွင် တာဝန်ထမ်းဆောင်နေသော ပင်စင်စား တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

ရန်ကုန်မြို့တော်၏ လမ်းစည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပင်စင်စား သက်ကြီးဦးရေ ၁၀၀ ခန့် ၀င်ရောက်လုပ်ကိုင် နေသည်ဟု သတင်းရရှိသည်။ ရန်ကုန်မြို့တော် သန့်ရှင်းသာယာလှပရေး စီမံချက်အရ လမ်းစည်းကမ်း ထိန်းသိမ်းရေးနှင့် အပေါ့အလေး စွန့်ပစ်သူများကို စောင့်ကြည့်ဖမ်းဆီးရန်အတွက် အစိုးရ ပင်စင်စား ၀န်ထမ်းများကို ခန့်အပ်သွားရန် ပြီးခဲ့သည့် ၂၀၁၁ နှစ်လယ်ပိုင်းက စီစဉ်ခဲ့ကြောင်း၊ ထို့နောက် ပင်စင်စားများကို ခန့်အပ်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရာပြတ်ဌာနတွင် ခန့်အပ် ခဲ့ပြီး လမ်းစည်းကမ်း ထိန်းသိမ်းရေးကို အဓိက ပြုလုပ်စေသည်ဟု သိရသည်။ လစာအနေဖြင့် စတင်ခန့် အပ်စဉ်က နေ့စားတစ်နေ့လျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ က ပေးခြင်းဖြစ်ပြီး ယခုလက်ရှိတစ်နေ့လျှင် ကျပ်၂၆၀၀ နှုန်းဖြင့် နေ့စားလရှင်းနှုန်းဖြင့် ပေးခြင်းဖြစ်ကြောင်း၊ အလုပ်မဆင်းသည့် နေ့အတွက် နေ့စားခ မရကြောင်း သိရသည်။

ပင်စင်စားများ လမ်းစည်းကမ်း ထိန်းသိမ်းရသည့် နေရာများမှာ လူစည်ကားသည့် ဆူးလေဘုရားလမ်းနှင့် အနော်ရထာ လမ်းဆုံမီးပွိုင့်၊ ဆူးလေဘုရားပတ်လည် မြို့တော်ခန်းမအနီး၊ မြို့တော်ခန်းမရှေ့ ဧမာနွေလ ဘုရားကျောင်းအနီး၊ မြေနီကုန်းနှင့် မဟာမြိုင် ကားမှတ်တိုင်အကြား၊ လှည်းတန်း၊ ကမ္ဘာအေး စသည့်နေရာ များတွင်ဖြစ်ကြောင်း သိရသည်။ အဆိုပါ နေရာများတွင် ယာဉ်စည်းကမ်းကိုမူ ယာဉ်ထိန်းများက ထိန်းသိမ်း ကာ လမ်းစည်းကမ်းကို ပင်စင်စား သက်ကြီးများက ထိန်းသိမ်းပေးခြင်း ဖြစ်သည်ဟု သိရသည်။ ၀င်ရောက် လုပ်ကိုင်နေသည့် ပင်စင်စားများတွင် တပ်မတော် ပင်စင်စားများ များပြားပြီး ရန်ကုန်မြို့တွင်း ရှိ တောင် ဥက္ကလာပ၊ ဒေါပုံ၊ ဒဂုံမြို့သစ် နေရာများအပြင် ဆိပ်ကြီးခနောင်တို ဘက်မှပင် လာရောက်လုပ်ကိုင် သူများ ပင် ရှိကြောင်း သိရသည်။

EMG