ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

22.6.13

ရွှေတိဂုံစေတီတော်မြတ်ကြီးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက စွယ်တော်ပွားတစ်ဆူလှူဒါန်း..

တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံကို လှူဒါန်းမည့် တရုတ်နိုင်ငံရှိ ဗုဒ္ဓစွယ်မြတ်ပုံတူစွယ်တော်ပွား သုံးဆူထဲက ပထမဦးဆုံးစွယ်တော်ပွားတစ်ဆူနှင့် ရွှေကျောင်းဆောင်ကို ရန်ကုန်မြို့ ရှိ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ စေတနာသမ္ဘာရဝတ်အသင်းတန်ဆောင်းတွင်
ထာဝရ အပူဇော်ခံထားရှိရန် ဇွန်လ(၂၁)ရက်နေ့က ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံရှိ ဗုဒ္ဓစွယ် တော့်မြတ်ကို မြန်မာနိုင်ငံတွင်(၄)ကြိမ်တိုင် အောင် ပင့်ဆောင်ပူဇော်ခဲ့ရာက ဗုဒ္ဓ ဘာသာမြန်မာပြည်သူများက သောင်းသောင်းဖျဖျကြည်ညိုစွာဖူးမြော် နေခဲ့ခြင်းကို မြင်ခဲ့ရသည့်အတွက် တရုတ်ဘုန်းတော်ကြီးများက ယခုလိုစွယ်တော်ပွားများ သွန်းလုပ်ကာ လှူဒါန်းရခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ ဗုဒ္ဓစွယ်တော်ဆရာတော်ကပြောကြားခဲ့သည်။ ဗုဒ္ဓစွယ်တော်ပွားများကို ယခုလို လှူဒါန်း သည့်အတွက်ဘာသာရေးအရချစ်ခင် လေးစားကြည်ညိုရင်းနှီးမှုကို ပြသရာရောက်သောကြောင့် ကျေးဇူး တင်ပါကြောင်း သာသနာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကပြောကြားခဲ့သည်။ ဗုဒ္ဓစွယ်တော်ပွားသုံးဆူလှူဒါန်းသည့်နေရာတွင် ယခုရွှေတိဂုံစေတီတော်ကြီး၌ ဗုဒ္ဓစွယ်တော်ပွား တစ်ဆူလှူဒါန်းခြင်းဖြစ်ပြီး ကျန် စွယ်တော်ပွားနှစ်ဆူကို ဇွန်လ (၂၄)ရက်နေ့တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင်တစ်ဆူ၊ ဇွန်လ(၂၉)ရက်နေ့တွင် မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်
တော်မြတ်ကြီးတွင်တစ်ဆူ ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

SkyNet TV Browser

စာကြည့်တိုက် (၃၅)ခု၌ အင်တာနက် wifi အခမဲ့ အသုံးပြုနိုင်

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ နေပြည်တော် အပါအ၀င် ပြည်နယ်နှင့် တိုင်း (၁၃) ခုရှိ ခရိုင်ပြန်/ဆက် စာကြည့်တိုက် (၃၅)ခု၌ ဇွန်လနောက်ဆုံးပတ်မှစတင်၍ အင်တာနက် wifi များ အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။

တနင်္ဂနွေနေ့မှလွှဲ၍ တစ်ပတ်လျှင် (၆)ရက်ဖြစ်ပြီး နံနက် (၇)နာရီမှ ည (၇)နာရီ အထိ အခမဲ့အသုံးပြုနိုင်ခြင်းဖြစ် သည်။ “အစကတော့ password ခံထား သေးတယ်။ ဒီလ အလယ်လောက်က စပြီး အကုန်လုံးသုံးနိုင်ဖို့ ဖွင့်ချလိုက်တာ။ ဒီမှာသုံးလို့ရတာ မသိကြတော့တစ်ယောက်၊ နှစ်ယောက်လောက် ပဲ လာသုံးကြသေးတယ်။ ဖွင့်ပွဲလုပ်ဖို့တော့ အစီအစဉ်ရှိတယ်။ ညှိုတော့ မညှိရသေးဘူး” ဟု ရန်ကုန် တိုင်းဒေသကြီး သန်လျင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့နှင့် ခရိုင်အုပ်ချုးပ်ရေးမှုး ရုံးတို့မှ အခမဲ့ wifi သုံးနိုင်ရန် စက်နှင့် ဆက်စပ် ပစ္စည်းများ ပံပိုးပေးခဲ့ပြီး ခရိုင်ပြန်ဆက်ရုံးမှ အဆောက်အဦးနှင့် အခြားမွန်းမံကုန်ကျ စရိတ်များကို ကျခံရမည်ဟု သိရသည်။ “ရန်ကုန်တောင်ပိုင်းနဲ့ အနောက်ပိုင်း ခရိုင်တို့က ADSL လိုင်းနဲ့ဆိုတော့ ဖုန်းလိုင်းမကောင်းရင် လိုင်းမကောင်း ဘူးပေါ့။ wifi သုံးတဲ့ စရိတ်ကို ရုံးက ဖုန်းဘေလ်ထဲကပဲ ကျခံတယ်။ စာကြည့်တိုက်ထဲမှာပဲ သုံးလို့ရတာ မဟုတ် ဘူး။ ၀ိုင်ဖိုင်မိတဲ့နေရာတွေ အားလုံးမှာ သုံးလို့ရပါတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်မှ ဦးစီး အရာရှိ ဦးလှမျိုးအောင်က ပြောသည်။

ခရိုင်ပြန်/ဆက် စာကြည့်တိုက်များတွင် အင်တာနက် wifi အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့မှ စ၍ လျှို့ဝှက်နံပါတ် (password) ဖြင့် အသုံးပြုနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန်လ (၁၈)ရက်နေ့တွင် password များ ဖြုတ် ပေးကာ သုံးစွဲသူများ လွတ်လွတ်လပ်လပ် အသုံးပြုစေရန် ဖွင့်ပေးခဲ့ကြောင်း သိရသည်။ “wifi သုံးတာက မြို့ကြီးတွေမှာ ရှိတဲ့ ဈေးဝယ်စင်တာတို့ ကော်ဖီဆိုင်တို့မှာပဲ သုံးလို့ရတာ။ အခု ပြန်ဆက်က လုပ်ပေးတာ နယ်တွေပါ ပါတယ်ဆိုတော့ ကောင်းတယ်။ လိုင်းကောင်းဖို့ပဲ လိုတာ။ နိုင်ငံတကာမှာဆို wifi free လွင့်ပေးထားတဲ့ နေရာတွေ အများကြီးပဲ။ အခုလိုဌာနဆိုင်ရာတွေမှာ သုံးလို့ရတော့ အဆင်ပြေ တာပေါ့။” ဟု အလုံမြို့နယ်တွင် နေထိုင်သူ အသက်(၂၂)နှစ်အရွယ် မကျော့ကေခိုင်မှ ပြောသည်။

ခရိုင် ပြန်/ဆက် စာကြည့်တိုက်ရှိသည့် နေရာများမှာ ကချင်ပြည်နယ်တွင် ဗန်းမော်ခရိုင်၊ ကယားတွင် လွိုက်ကော်၊ ကရင်တွင် ဘားအံ၊ မွန်ပြည်နယ်တွင် မော်လမြိုင်၊ ရခိုင်တွင် စစ်တွေ၊ ရှမ်းတွင် တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ နှင့် စစ်ကိုင်းတွင် မုံရွာ၊ တနင်္သာရီတွင် ထားဝယ်၊ ပဲခူးတိုင်းတွင် ပဲခူး၊ ပြည်၊ တောင်ငူ၊ မန္တလေးတိုင်းတွင် မန္တလေး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ ရမည်းသင်း၊ ညောင်ဦး၊ မိတ္ထီလာ၊ မကွေးတိုင်းတွင် မကွေး၊ ရန်ကုန်တိုင်းတွင် အရှေ့ပိုင်း သင်္ဃန်းကျွန်း၊ အနောက်ပိုင်းတွင် ကျောက်တံတား၊ ပန်းဆိုးတန်း (e-library)၊ မြောက်ပိုင်းခရိုင်တွင် အင်းစိန်၊ တောင်ပိုင်းတွင် သန်လျှင်၊ ဧရာဝတီတိုင်းတွင် ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဟင်္သတ၊ ဖျာပုံ၊ လပွတ္တာ၊ နေပြည်တော် ကောင်စီနယ်မြေတွင် ဒက္ခိဏသိရိခရိုင် ရှိ ပျဉ်းမနား ပြည်သူ့စာကြည့်တိုက်တို့ ဖြစ်သည်။

ကျန်ရှိသည့် ပြန်/ဆက် ခရိုင်စာကြည့်တိုက်များ၌လည်း အင်တာနက်အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

မြစ်မခ

ရယ်လိုက်ချင်သေးတယ်

ရယ်လိုက်ချင်သေးတယ်။ တစ်ခါက သတင်းစာ ဆရာ ကြီး ဦးပုလေး နှင့်မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တို့သည် ဒီမိုကရေစီနှင့်ပတ်သက် ပြီး စကားစမြည်များပြောဆိုနေ ကြလေ၏
သတင်းစာ ဆရာကြီး ဦး ပုလေးက ““အင်းငါတို့ ဗိုလ်ချုပ်ကဒီမိုကရေစီကို အတော် လေးစားတာပဲ”” ဟုဆိုကာရင်ထဲ ၌ကြိတ်ကာချီးကြူးလေ၏ ထို့နောက်သတင်းစာဆရာကြီး ဦးပုလေးက ဗိုလ်ချုပ် အောင်ဆန်းအား ““ဗိုလ်ချုပ်ရဲ့လုပ်ငန်းစဉ်ကို ဆန့်ကျင်ဘက်လုပ်နေကြသူတွေကို အထူးတလည် အရေးယူပြီးတစ်နည်းနည်း နဲ့ဖိနှိပ်ပစ်လိုက်ရင် ရှင်းမသွားပေဘူးလား ရှင်းသွားတဲ့အခါကျရင် အလုပ်လုပ်ရ မလွယ်ဘူးလား”” ဟုဆိုကာမေးလိုက် လေ၏ ။

““ကိုယ်နဲ့ဆန့်ကျင်ဘက်လုပ်တဲ့ သူတွေကို ဖိနှိပ်ရှင်းလင်းဖို့ဆိုတာ အင်ဘီရှင်းရှိတဲ့လူမျိုးက ကိုယ့်ကျိုး အရင်း ခံတဲ့လူမျိုးမှ လုပ်နိုင်တဲ့စိတ်၊ ရက်စက် နိုင်တဲ့စိတ်ရှိ တယ်”” ““ကျုပ်ကတော့ အဲဒီ ကိုယ့်ကျိုးရှာ အရင်း ခံစိတ်ထားမျိုးမရှိ ဘူး။ ကျုပ်စိတ်မှန်းချက်ကတော့ ဗမာ ပြည်လွတ်လပ် ရေးရပြီးရင် နိုင်ငံရေး မှထွက်ပြီးအေးအေးဆေးဆေးစာအုပ်ရေး ဖို့ ပဲ”” ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြော လိုက်သည့်အခါ သတင်းစာဆရာကြီး ဦးပုလေးက ““လွတ်လပ်ရေး ရပြီးနောက် နိုင်ငံ ရေးက နှုတ်ထွက်ဖို့ ရည်ရွယ်ထား တာတော့ ဟုတ်ပါပြီ။ဒါပေမယ့် စဉ်းစားစရာတစ်ခုက လူထု အစည်း အရုံးကြီးဖြစ်လာတာဟာ ဗိုလ်ချုပ်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတာ ဖြစ်လေတော့ တည်မြဲဖို့ဟာလည်း ဗိုလ် ချုပ်ပေါ်မှာ မူတည်နေပါတယ်။””

လွတ်လပ်ရေးရပြီးတဲ့နောက် အလုပ်လုပ်စရာတွေဟာ ပိုလို့သာများ လာမှာပဲ။အဲဒီအချိန်အခါမျိုးမှာ ဗိုလ်ချုပ် နိုင်ငံရေး မလုပ်တော့ဘူးဆိုရင် အစည်း အရုံးကြီးဟာ အစိတ်စိတ်အမြွာမြွာဖြစ် သွားမှာ စိုးရိမ်စရာ မရှိပေဘူးလား”” ဟု ဆိုကာ ပြောလိုက်လေ၏ ။ထိုအခါ ဗိုလ်ချုပ်က ““လွတ်လပ်ရေး ရပြီးတဲ့ အခါ ပါတီသဘောတွေကတော့ အမျိုးမျိုးရှိကြမှာပဲ။ ““ဒီမိုကရေစီ ထုံးတမ်းစဉ်လာ အတိုင်း အလုပ်လုပ် သွားကြရမှာပဲ”” လွတ်လပ်ရေးရပြီးရင်နိုင်ငံရေးက ထွက်တော့မယ်။မထွက်လို့လည်းမဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေး ပြီးရင် အာဏာနိုင်ငံရေး လာတော့မယ်။ အာဏာနိုင်ငံရေးနဲ့ ကျွန်တော်နဲ့ မဖြစ် ဘူး။ အဲ့ဒီအခါကျရင် သူတို့လုပ်ပုံတွေ ကို ဘေးကထိုင်ကြည့်ပြီး ရယ်လိုက်ချင်သေး တယ်ဗျာ”” ဟုဆိုကာ တစ်ခါက ဗိုလ် ချုပ်အောင်ဆန်းက ပြောခဲ့ဖူးရာ ထိုစကားသည် ယနေ့ခေတ်နှင့်အတူ တိုက်ဆိုင်နေရာ ကျွန်ုပ်အံ့သြမိလေ၏။ ဗိုလ်ချုပ်စကားသည် မိုးကြိုးစကား ကဲ့သို့ လွန်စွာမှ ပြင်းထန်လှ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း ဘေးက ထိုင်ကြည့်ပြီး။

““ရယ်လိုက်ချင် သေးတယ်ဗျာ”” ဟူ၍ပင်ဖြစ်လေတော့သတည်း…။
 
အောက်တိုဘာအောင်ကြီး
Hot News

သမ္မတဖြစ်ရေးထက်လွှတ်တော်ကိုယ်စားလှယ် ပြန်ဖြစ်ရေးသာအရေးကြီး

အခုတလောအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌသူရဦးရွှေမန်းတို့က ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် သူတို့သမ္မတဖြစ် ချင်ကြောင်း လူသိရှင်ကြားထုတ်ဖော်ပြော ကြားခဲ့တာကို သတင်းဂျာနယ်တွေမှာ ဖတ်လိုက်ရသည်။ သူတို့ကတော့ သူတို့ ဖြစ်ချင်တဲ့ ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ ပေမဲ့ လက်ရှိသမ္မတ၏ လုပ်ဆောင်ချက် တွေကို မကြိုက် လို့သမ္မတဖြစ်ချင်ကြတာ လားဆိုတာလဲ မေးစရာပင်။လက်ရှိ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကတော့ “ကျွန်တော်လည်း သမ္မတဆက်လုပ်ချင် ပါသေးတယ်ဗျာ”ဟု မပြောသည်မှာ လည်းစဉ်းစားစရာပင်။

ဒေါ်အောင်ဆန်းစုကြည် လက်ရှိအင်အားကြီးအတိုက်အခံပါတီ တစ်ခုဖြစ် သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်ပြီး ပြည်သူ့လွှတ်တော် ကဖွဲ့စည်းပေးသော တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေး ချမ်း ရေးကော်မတီဥက္ကဋ္ဌ လည်းဖြစ်သည်။ ကော်မတီဥက္ကဋ္ဌရာထူး ကို တာဝန်ယူထားပြီးယင်းကာလ အတွင်း တိုင်းပြည်အတွင်း၌တရားဥပဒေ စိုးမိုးမှုများ နှင့် တည်ငြိမ်းအေးချမ်းမှုများရှိရဲ့လားဆို သည်မှာ မေးခွန်း ထုတ်စရာဖြစ်လာသည်။ လက်ရှိတွင် အသက် (၆၈)နှစ်ရှိပြီဖြစ်သော သူက သမ္မတဖြစ်ချင်သည်ဟုဆိုလာရာ သူအသက် (၇၀) တွင် ရွေးကောက်ပွဲကျင်းပရမည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်ခံရခဲ့ ပါက၊ ပါတီမှ ကိုယ်စားလှယ်အင်အားစု အများအပြားအနိုင်ရခဲ့ပါက သမ္မတလောင်း အဖြစ်အမည်စာရင်းတင်သွင်းခံရမည်ဖြစ် သည်။ သို့သော် သူသမ္မတဖြစ်နိုင်ရန် အတွက် သမ္မတလောင်းအရည်အချင်း နှင့် ပြည့်စုံရန် ယခုလက်ရှိ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် မဖြစ်နိုင်သောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင် ပေးရမည်ဖြစ်သည်။ သူသမ္မတဖြစ်ပါက အသက် (၇၅) နှစ်အထိ ပထမအကြိမ်၊ ဒုတိယအကြိမ်ထပ်မံအရွေးခံရပါက အသက် (၈၀) အထိတာဝန်ထမ်းဆောင်ရ မည်ဖြစ်သည်။

လူတစ်ယောက်အသက် (၈၀) အထိတစ်နိုင်ငံလုံး၏ကိစ္စရပ်များ စွာကို ထမ်းဆောင်နိုင်/မနိုင်ဆိုသည်မှာ လည်း စဉ်းစားစရာပင်ဖြစ်သည်။ သမ္မတသက်တမ်း (၅) သို့ (၁၀) နှစ်တာ ကာလအတွင်းနိုင်ငံ တစ်ခု ခေတ်မီဖွံ့ဖြိုး တိုးတက် အောင်ဆောင်ရွက်ရန်အတွက် ရုပ်ပိုင်း ဆိုင်ရာတွေသာပြည်တွင်း၊ ပြည်ပ အကူ အညီများဖြင့် တိုးတက်အောင်ဆောင်ရွက် နိုင်သော်လည်း (၁၀) ခုနှစ်များစွာ ပျက်ပြား လာသော နိုင်ငံသားများ၏ စိတ်ပိုင်း ဆိုင်ရာစာရိတ္တများကို ပြုပြင်ရန်မှာ အလွန် မလွယ်ကူသောကိစ္စ ရပ်ဖြစ်သည်ကိုလည်း ထည့်တွက်သင့်သည်။

ထိုကြောင့် (၁၀) နှစ် တာကာလ သမ္မတလုပ်မည့်သူအတွက် အလွန်အရေး ကြီးသော သမ္မတဖြစ်ခွင့် အရည်အချင်း ကို ပြုပြင်ပေးလိုက်လျှင်နောက်နောင် သမ္မတလုပ်မည့်သူများထဲတွင် နိုင်ငံခြား သြဇာခံ သူ (ဥပမာ။ ။ အစ္စရေးသူလျှို အလီကိုဟင်)ကဲ့သို့သပ်လျှိုဝင်ရောက် သူများပါနိုင်၊ မပါနိုင်ဆိုသည်မှာစဉ်စား စရာပင်ဖြစ်လာသည်။ လွှတ်တော်ကိုယ် စားလှယ်ဖြစ်ပြီးမှ ပြန်လည်ရုပ်သိမ်းခံရ သည့်သာဓကလွှတ်တော် ၌ရှိခဲ့သည်။

သူရဦးရွှေမန်း
လက်ရှိအာဏာရပါတီတစ်ခုဖြစ်သော ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၏ဥက္ကဋ္ဌဖြစ်ပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ လည်းဖြစ်သည်။ ၂၀၁၂ ခု ဖေဖော်ဝါရီ က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ “ရာထူးကြီး ကြီးရထားသူများယနေ့ခေတ် တွင် မှန်တာမပြောရဲ၊ ကောင်းတာမလုပ် ရဲလျှင် တိုင်းပြည် အနေဖြင့် ဆက်လက် နိမ့်ကျနေဦးမည်”ဟု ပွင့်ပွင့်လင်းလင်းပြော ခဲ့တာကြောင့် ပြည်သူများ သူ့ကို ကြိုက်နှစ် သက်ခဲ့ကြသည်။ လက်ရှိတွင်သူ့ပါတီမှ ဦးသိန်းစိန်သည်သမ္မတဖြစ်နေစဉ်သူ ကလည်း သမ္မတဖြစ်ချင်နေသည်။ ဥပဒေပြုရေးကိုယ်စားလှယ် (၄၀၀)ကျော် ၏ဥက္ကဋ္ဌဖြစ်သူကအုပ်ချုပ်ရေးဘက် ကိုစိတ်ဝင်စားလာသည်ကဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးဘယ်ဟာအရေးကြီးလဲဆိုသည်မှာ စဉ်းစားစရာဖြစ် လာသလိုပါတီတွင်း၌လည်း ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းလွှတ်တော် ကိုယ်စားလှယ်ဖြစ်လာလျှင်မည်သူကို သမ္မတတင်မြှောက်ရမည်လဲဆိုသည့်တိုး တိုးတိတ်တိတ်မေးခွန်းများ ယုံကြည်ရသူ အချင်းချင်းတိုင်ပင် လာနိုင်သည်။

ဦးသိန်းစိန်
လက်ရှိနိုင်ငံတော်သမ္မတဖြစ်ပြီး ယခင် အစိုးရအဆက်ဆက်က ပြည်သူတွေမသိ အောင်ချေးယူထားသော အတိုး၊အရင်း ပေါင်းကြွေးကျန်များဖြင့် နိုင်ငံတော်၏ ကိစ္စရပ်များစွာကိုလုပ်ဆောင်နေရသည်။ ပြည်သူ များစွာကတော့ သမ္မတ၏လုပ် ဆောင်ချက်များကို ကြိုက်နှစ်သက်ကြ သည်။ ယခင်နိုင်ငံတော်ဝန်ကြီးချုပ် ဘ၀ နှင့် ယခုသမ္မတဖြစ်ချိန်အထိ အဂတိဖြင့် ပတ်သက်ပြီးသတင်းကြားရခြင်းမရှိပေ။ သူ့သမ္မတဖြစ်ချိန် တွင် အကျဉ်းသားများ ကို လွှတ်ပေးခဲ့ပြီးဖြစ်သည်။ ထိုသူများထဲတွင် နှလုံး၊ သွေးတိုး၊ ဆီးချို စသည် ရောဂါ ရှင်များ ထောင်ထဲရှိစဉ်တုန်းကလူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့သော်လည်းယနေ့လွတ်ချိန်တွင် ရော ဂါ ဖြစ်သံမကြားရပေ။

သမ္မတမှာမှု နှလုံးခုန်စက် ထည့်ပြီး ရှင်သန်နေရသည်။ အခြားသူ များ သမ္မတနေရာကို မျက်စောင်းထိုး လာ သော်လည်း “ကျွန်တော်သမ္မတဆက်လုပ် ချင်ပါသေးတယ်” မပြောခြင်းမှာ “သမ္မတ ရား ထူး ကောင်းသောကြောင့် ဆက်လုပ် ချင်တာပါ”ဟု အများကပြောမှာစိုးသော ကြောင့် မပြောခြင်းလား ဟုယူဆဖွယ်ရှိ သည်။ သမ္မတရာထူးသည် ငရဲပန်းလား၊ ရွှေပန်းလားဆိုသည်ကိုသူသာအသိဆုံးဖြစ် မည်ထင်သည်။ ပန်ဆင်ချင်သူကို သဘောထားကြီးစွာဖြင့်ပေးမည့်သူဖြစ် ကြောင်းယုံကြည်ရသည်။ ဘာပဲဖြစ်ဖြစ် နှလုံးခုန်စက်လေးကို (၂၀၂၀) ခုနှစ် နောက်ပိုင်း၊ နောက်ပိုင်းတွေအထိ ဆက်လက် ခုန်စေချင် ပါသည်။

ဖြစ်စေချင်တာနိုင်ငံတစ်ခုကောင်းစားရေးအတွက် လူတိုင်းလူတိုင်းကျရာကဏ္ဍမှာ ပူးပေါင်း ပါဝင်စေချင် ပါသည်။ သမ္မတမဖြစ်လည်း ပြည်ထောင်စုဝန်ကြီအဆင့်တာဝန်ပေးလျှင် လုပ်ပြီး ၀န်ကြီး ဌာနကောင်းကြောင်း ပြည်သူ့အသံထွက်အောင်လုပ်နိုင်လျှင် ပြည်သူကအသိအမှတ်ပြုမည်ဖြစ်ပါသည်။
အမေရိကန်တွင် အိုဘားမားနှင့် ဟီလာရီကလင်တန်တို့ပါတီတူချင်း သမ္မတ ဖြစ်ရေး ယှဉ်ပြိုင်ရာ အိုဘားမားနိုင်ခဲ့ပါ သည်။ အိုဘားမားသမ္မတဖြစ်သော် ဟီလာရီကလင်တန်ကို နိုင်ငံခြားရေးဝန်ကြီး ခန့်အပ်ခဲ့ပါသည်။ ဟီလာရီကလည်း ကြည်ဖြူစွာလက်ခံပြီး အိုဘားမားလက် အောက်တွင် အကောင်းဆုံး တာဝန်ထမ်း ဆောင်သွားခဲ့ပါသည်။ အမေရိကန်သမ္မတအိုဘားမားဒုတိယ သက်တမ်းအတွက် သမ္မတဖြစ် ပြီးနောက် ရီပတ်ပလင်ကင်ပါတီမှချပ်ဟေဂယ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်အပ်ခဲ့သည်။ ပါတီ မတူသော် လည်း ဟေဂယ်ကပူးပေါင်း လုပ်ဆောင်သည်မှာအတုယူချင်စရာ ဖြစ်သည်။ ဖြစ်စေချင်တာ ကတော့ ၂၀၁၅ ခုတွင် သမ္မတဖြစ်ရေးထက်မိမိမဲဆန္ဒနယ် တွင် မဲအောင်နိုင်ပြီး လွှတ်တော်ကိုယ်စား လှယ်ဖြစ်ရေးသာအရေးကြီးပါသည်။ ဒါမှသာတိုင်းပြည်အတွက် ကောင်းမွန်သော ဥပဒေများပေါ်ပေါက် လာအောင်တစ်ထောင့် တစ်နေရာမှ ကြိုးပမ်းနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ပါသည်။

Hot News

မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ်မှ ယခင် ပညာသင်နှစ် အမှတ် စာရင်း အတိုင်းသာ ခေါ်ယူသွားမည်

ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်ဟာ ၂၀၁၂- ၂၀၁၃ ယခု ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ စုစုပေါင်း အမှတ် ၄၅၀ နဲ့အထက် ရရှိသူများ ကိုသာ ခေါ်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ရေကြောင်းပညာ တက္ကသိုလ် ပထမနှစ် သင်တန်းကို လာမယ့် ဒီဇင်ဘာလ ပထမပတ်မှာ စတင် ဖွင့်လှစ်မှာဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲကို သိပ္ပံဘာသာတွဲ၊ ၀ိဇ္ဇာဘာသာတွဲနဲ့ ၀ိပ္ပံဘာသာတွဲများ နဲ့ အောင်မြင် ထားသူများ လျှောက်ထား ခွင့်ရှိပြီး ကျန်းမာရေး(က)အဆင့် အရောင် ခွဲခြားနိုင်မှု စွမ်းရည် ရှိရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၁၃-၁၄ ပညာသင်နှစ် အတွက် ရေကြောင်းပညာ တက္ကသိုလ်ကို ကျောင်းသား၊ ကျောင်းသူ ၃၂၀ ဦးသာ စစ်ဆေး လက်ခံမှာ ဖြစ်ပြီး အမျိုးသမီး ဦးရေ ကိုလည်း ၂၀ ရာခိုင်နှုန်း အထိသာ လက်ခံ သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ်ရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဆိုပါ တက္ကသိုလ်မှာ ရေယာဉ် တည်ဆောက်မှု ပညာ၊ ရေကြောင်းစက်မှု အင်ဂျင်နီယာနဲ့ ဆိပ်ကမ်း အင်ဂျင်နီယာ စတဲ့ အထူးပြု ဘာသာရပ် ၈ မျိုးကို သင်ကြားပေး လျက်ရှိတယ်လို့ သိရပါတယ်။

MRTV-4

ထူးချွန်စွာအောင်မြင်သော ကျောင်းသားများကို ဆန်စပါးအသင်းချုပ် ထောက်ပံ့မည်

ရန်ကုန်တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ပြီး ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသော အသင်းဝင် မိသားစုများ၏ သားသမီးများကို ပညာသင်ထောက်ပံ့ကြေးပေးအပ်သွား မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်ကပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းဝင်များ၏ မိသားစုဝင်များအားပညာ သင်ထောက်ပံ့ ကြေးပေးအပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး အရေအတွက် ကန့်သတ်မထား ဘဲလျှောက် လွှာတင်သော ကျောင်းသား/သူ၏ အရည်အချင်းပေါ်မူတည်ပြီး စိစစ်ရွေးချယ် သွားမည် ဖြစ်သည်။ ထို့အပြင် ကျေးလက်ဒေသမှ အသင်းဝင်တောင်သူလယ်သမားများ၏ သားသမီးများ ကိုဦးစားပေး ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ထူးချွန်ထက်မြက်သော ကျောင်းသား/သူ များ ကို ဘွဲ့လွန်ပညာရပ်များအတွက် ပြည်ပနိုင်ငံများသို့ စေလွှတ်ပြီးပညာသင်ကြားစေမည် ဟုသိရသည်။
ဒေသအသီးသီးရှိ အသင်းဝင်တောင်သူများအနေနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက
ဇွန် ၁၈ ရက်မှစပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဖုန်းနံပါတ်၀၁-၂၁၈၂၆၇၊ ၀၁-၂၁၈၂၆၈ ကို ဆက်သွယ် စုံစမ်းနိုင်ကြောင်း Zin YawNews မှသိရသည်။

SkyNet TV Browser

ရခိုင် ရဟန်းတော် သီရိလင်္ကာနိုင်ငံ ဘွဲ့နှင်းသဘင်တွင် ပါရဂူဘွဲ့ တက်ရောက် ရယူ

ရခိုင်ရဟန်းတော် ဒေါက်တာအသျှင် ဉာဏုတ္တရ သည် သူ၏ ပါရဂူဘွဲ့ ကို ဇွန်လ ၂၁ ရက်နေု့ ညနေပိုင်း တွင် သီရိလင်္ကာနိုင်ငံ ဘန္ဒာနာယကေ အထိမ်းအမှတ် နိုင်ငံတကာ အစည်းအဝေး ခန်းမ၌ ကျင်းပပြု လုပ်သော ကေလဏိယ တက္ကသိုလ်၏ ၆၇ ကြိမ်မြောက် အထွေထွေ ဘွဲ့နှင်းသဘင်တွင် တက်ရောက်ရယူ ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ ကိန်းသာဓမ္မကျောင်း ပဓာနနာယက ဆရာတော်ဖြစ်သော ဒေါက်တာ အသျှင် ဉာဏုတ္တရသည် သူ၏ ပါရဂူဘွဲ့ကို ရခိုင်ပြည်နယ် အပေါ် ဗုဒ္ဓဘာသာ၏ လွမ်းမိုးသြဇာသက်ရောက် မှုကို သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုကြောင်း အရ လေ့လာမှု စာတမ်း “A Historical and Cultural Study of the Influence of Buddhism on Inhabitants of Rakhaing (Arakan) State” နှင့် ရရှိခဲ့သည်။ သူ၏ ကျမ်းစာကို ဘွဲ့လွန်ပါဠိနှင့် ဗုဒ္ဓဘာသာပညာသင်ကျောင်း (ကေလဏိယတက္ကသိုလ်)သို့ လွန်ခဲ့သော ၂၀၁၂ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့တွင် တင်သွင်းခဲ့ပြီး၊ ယင်းဘွဲ့အတွက် ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့တွင် အပြီးသတ် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ဆရာတော်သည် သီရိလင်္ကာနိုင်ငံမှ ပထမဦးဆုံး ပါရဂူဘွဲ့ရရှိသော ရခိုင်အမျိုးသားရဟန်းတော် တစ်ပါးဖြစ် ပြီး၊ မြန်မာရဟန်းတော်များ ထဲမှ ပဉ္စမမြောက် ပါရဂူဘွဲ့ရပုဂ္ဂိုလ်ဖြစ်သည်။ ဆရာတော်နှင့်အတူ မြန်မာ နိုင်ငံမှ ပါရဂူဘွဲ့ရ တစ်ပါး၊ အခြားသော မဟာဒဿနိကဘွဲ့ရ နှင့် မဟာဝိဇ္ဇာဘွဲ့ရ ရဟန်းတော်များလည်း ဘွဲ့နှင်းသဘင်ကို တက်ရောက်ခဲ့ကြသည်။

ဆရာတော်၏ www.kingthardhamma.blogspot.com (ကိန်းသာဓမ္မကျောင်းဘလော့) အရ၊ ပါရဂူဘွဲ့မတိုင်မှီ ဆရာတော်သည် ၂၀၀၀ ခုနှစ်တွင် တက္ကသိုလ်ဝင် (၁၀) တန်းကို အထက ရသေ့တောင်မှ အောင်မြင်ခဲ့ပြီး၊ ၂၀၀၀ ခုနှင့် ၂၀၀၄ ခုနှစ်အတွင်း ဘုန်းတော်ကြီးသင် အခြေခံ ဗုဒ္ဓဘာသာစာပေများကို ပရိယတ္တိစာသင်တိုက်များတွင် လေ့လာသင်ယူခဲ့ပြီး သာသနာရေး ၀န်ကြီးဋ္ဌာနမှ ကြီးမှူးကျင်းပသော အခြေပြုမူလတန်း (၂၀၀၁)၊ ပထမငယ်တန်း (၂၀၀၂)၊ ပထမလတ်တန်း (၂၀၀၃)၊ ပထမကြီးတန်း (ရခိုင်ပြည်နယ်ပထမကျော်) ကို (၂၀၀၄) ခုနှစ်တွင် ရရှိအောင်မြင်ခဲ့သည်။

စစ်တွေတက္ကသိုလ်တွင် အင်္ဂလိပ်စာအထူးပြုဖြင့် ၃ နှစ်တိုင် လေ့လာခဲ့ပြီး၊ ၂၀၀၅ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ အထူးပြု အင်္ဂလိပ်စာ ဘာသာဖြင့် ၀ိဇ္ဇာဘွဲ့ B.A. (English) ရရှိခဲ့သည်။ ဆရာတော်သည် ၂၀၀၆ ခုနှစ်မှ စတင်ပြီး သီရိလင်္ကာနိုင်ငံသို့သွားရောက်ကာ ဗုဒ္ဓစာပေများ ကို လေ့လာသင်ယူခဲ့ရာ သီရိလင်္ကာနိုင်ငံ၊ ကေလဏိယတက္ကသိုလ် (University of Kelaniya) ၏ ဘွဲ့လွန် ပါဠိနှင့် ဗုဒ္ဓဘာသာ ပညာသင်ကျောင်း (Postgraduate Institute of Pali and Buddhist Studies) မှ ဘွဲ့လွန်ဒီပလိုမာ (PG Dip.) (ဗုဒ္ဓဘာသာပညာ)၊ မဟာဝိဇ္ဇာ (M.A.) (ဗုဒ္ဓဘာသာပညာ)၊ အင်္ဂလိပ်စာမှဗုဒ္ဓဘာသာ (Certified English through Buddhism) အောင်လက်မှတ်တို့ကို ရရှိပြီး၊ ၄င်းတက္ကသိုလ်တွင်ပင် မဟာဒဿနိကဗေဒဘွဲ့ (M.Phil.) (ဗုဒ္ဓဘာသာပညာ) ကို တစ်နှစ်တာ သုတေသနပြုခဲ့ပြီး အရည်အချင်းပြည့်မှီခဲ့၍ ပါရဂူဘွဲ့ (Ph.D.) အတွက် ၃ နှစ်တိုင်တိုင် သုတေသနပြုနေခဲ့ပြီး ယင်းဘွဲ့အတွက် ၁၀-၁၀-၂၀၁၂ နေ့တွင် အပြီးသတ် အောင်မြင်ခဲ့သည်။

ဆရာတော်သည် သီရိလင်္ကာနိုင်ငံ၏ အထင်ကရ ကိုလံဘိုတက္ကသိုလ်၊ အင်္ဂလိပ်စာ ဌာနမှပို့ချသော DETE (Diploma in English for Teachers of English) အင်္ဂလိပ် စာပြဆရာဖြစ် ဒီပလိုမာ (၂) နှစ်သင်တန်းကို ၂၀၁၁ ခုနှစ်တွင် ရရှိအောင်မြင်ခဲ့သည်။ ထို့ပြင် ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် လူမှုသိပ္ပံမဟာဌာနမှ BLCE (Buddhist Leadership in Civic Empowerment) လူ့အသိုက်အမြုံတိုးတက်မှုမှာ ဗုဒ္ဓဘာသာ၏ ခေါင်းဆောင်မှု ဆိုင်ရာ သင်တန်းကိုလည်း ၂၀၁၀ခုနှစ်တွင် တက်ရောက်ပြီးဆုံးခဲ့သည်။

သီရိလင်္ကာနိုင်ငံမှ မိမိ၏ဒေသကိုရောက်ပြီးကတည်းက အခြေခံပညာ၊ ဗုဒ္ဓဘာသာ၊ ပြည်သူလူထု နှင့် အခြားဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းများကို ဆရာတော်၏ ကိန်းသာ ဓမ္မကျောင်းမှာ ဖွင့်လှစ် သင်ကြား နိုင်ရေးအတွက် အခြေခံအဆောက်အအုံများကို အားသွန်ခွန်စိုက်ဆောင်ရွက် နေခဲ့ပါကြောင်း၊ ယခုအခါတွင် ဆရာတော်၏ဦးဆောင်မှုဖြင့် အလျား ၇၂ ပေ အနံ ၃၉ ပေ စာသင်ကျောင်းဆောင် တစ်ခုကို စာသင်ကြားဖို့အရန်အတွက် ဆောက်လုပ်လျက်ရှိပါကြောင်း၊ ဆောက်လုပ်ဆဲစာသင် ကျောင်းဆောင် အမြန်ပြီးစီးရန် အတွက် ပြည်တွင်း ပြည်ပမှ အထောက်အပံ့ပေးမည့် စေတနာရှင်များ အလွန် လိုအပ်နေပါကြောင်း၊ စာသင်တန်းများပို့ချပေးဖို့ရန် ယင်းသည် အရေးတကြီးဖြစ်ကြောင်းဖြင့် ဘွဲ့နှင်း သဘင်အပြီးတွင် ပြောကြားခဲ့သည်။

ထို့အပြင် ဆရာတော်က သူ၏ဒေသတွင် အခက်အခဲများ၊ နားမလည်မှုများ၊ ခေတ်နှင့် မလျော်ညီသော အလုပ်မဖြစ်သည့် အတွေးအခေါ်များစသော အခက်အခဲ စိန်ခေါ်မှုများ ရှိကြောင်း၊ ထိုစိန်ခေါ်မှုများသည် ကာယစိတ္တာနှစ်ဖြာသော ဖွံ့ဖြိုးတိုးတက်ရေးသို့ ဦးမတည်ကြောင်း၊ သို့သော် စိတ်ရှည်၊ သည်းခံ၊ နားလည်ခြင်းတို့ဖြင့် ရင်ဆိုင်တိုးဝှေ့ရန် စိတ်ဆုံးဖြတ်ထားကြောင်း၊ မာန် မာန၊ ဂိုဏ်း ဂဏ၊ ပါတီစသော ခွဲခြားမှုမရှိဘဲ၊ လူသားရင်းမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်ကိုးလျက် ဆရာတော်၏ လုပ်ဆောင်ချက်များတွင် မိမိတို့ တက်နိုင်သရွှေ့ကူညီကြစေ လိုကြောင်း တိုက်တွန်းပြောဆိုခဲ့ပါသည်။ သေရှာပေါက် အခက်အခဲများစွာရှိနေသော်လည်း အားတောင့် သည်းခံ ကြံကြံခံဖို့ ခွန်အားကို ရှာဖွေရမည်ဖြစ်ကြောင်း၊ ယင်းသို့မဟုတ်လျင် အကျွန်ုပ်တို့သည် မည်သူ မည်ဝါ ဖြစ်မည် ဖြစ်သည်ကို သိကြမည် မဟုတ်ကြောင်းဖြင့် မိန့်ကြားခဲ့ပါသည်။

ဆရာတော်ထံသို့ kingthar@gmail.com ဖြင့်သော်လည်းကောင်း၊ +959440224439 နှင့် +959421741973 ဖုန်းနံပါတ်များကိုလည်းကောင်း ဆက်သွယ်နိုင်ပြီး၊ ဆရာတော် အကောင် အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများကို www.kingthardhamma.blogspot.com တွင်ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။ သီရိလင်္ကာနိုင်ငံ၊ ဘွဲ့နှင်းသဘင်ပြီးသည့် နောက်ပိုင်းတွင် ဆရာတော် သည် နယူးယောက်မြို့၊ ဗုဒ္ဓဘာသာသနာပြုအဖွဲ့၏ ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စု သို့ လေ့လာရေး အလည် အပတ် ခရီးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာအသျှင်ဉာဏုတ္တရကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်၌ အဖ (ဦးသာထွန်းအောင်) နှင့် အမိ ဒေါ်လှစောညိုတို့ ထံမှ ၁၉၈၃ ခု ဒီဇင်ဘာလ (၂၀) ရက် (အင်္ဂါနေ့ ) တွင် မွေးဖွားခဲ့ပြီး မွေးချင်း (၁၂) ဦးအနက် (၉) ဦးမြောက် ဖြစ်သည်။ ဗုဒ္ဓသာသနာတော်အတွင်းသို့ ရှင်သာမဏေအဖြစ် တက္ကသိုလ်ဝင်တန်းဖြေဆိုအပြီး ၂၀၀၀ ပြည့်နှစ် မတ်လတွင် ၀င်ရောက်ခဲ့သည်။

narinjara

ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းသော အခါ (တိုက်ရိုက် ဘာသာပြန်ဆိုသည်)

When Buddhist Gone Bad By Hannah Beech (Monday, July 1, 2013)
ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းသော အခါ(တိုက်ရိုက် ဘာသာပြန်ဆိုသည်)
Hannah Beech

မြန်မာနိုင်ငံရဲ့ ဘင်လာဒင်လို့ သမုတ်ခံရတဲ့ ဘုန်းတော်ကြီးရဲ့ မျက်နှာဟာ ရုပ်ပွားတော်တစ်ခုကဲ့သို့ တည်ကြည် ငြိမ်သက်လျက်စွာနဲ့ တရားကို စတင်ဟောကြားပါတယ်။ သူ့ရဲ့ ရှေ့မှောက်မှာ ကိုးကွယ်သူ ရာပေါင်းများစွာဟာ လက်အုပ်ချီပြီး ထိုင်နေကြပါတယ်။ သူတို့တွေရဲ့ကျောပြင်မှာတော့ ချွေးတွေ စီးကျနေပါတယ်။ တရားနာ ပရိတ်သတ်ကြီးက သင်္ဃန်းဝတ် ရဟန်းနဲ့အတူ ရွတ်ဖတ်သံတွေဟာ မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်းအတွင်းကနေ လွင့်ပျံ့နေပါတယ်။ မန္တလေးဟာ ရန်ကုန်မြို့ပြီး ရင် မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် ဖြစ်ပါတယ်။ 

အဆိုပါ မြင်ကွင်းကတော့ စိတ်ကြည်နူးချမ်းမြေ့ဖွယ်ရာကောင်းပေမယ့် ဦးဝီရသူရဲ့တရားတွေကတော့ မုန်းတီးမှုတွေ ရောယှက်နေပါတယ်။ ''ခုချိန်ဟာ ငြိမ်သက်နေရမယ့် အချိန်မဟုတ်ပါဘူး။''ဟု သက်တော် ၄၆နှစ် အရွယ်ရှိ အဆိုပါဘုန်းတော်ကြီးက မြွက်ကြားပါတယ်။ မိနစ် ၉၀ လုံးလုံး တရားဟောကြားတဲ့အထဲ မှာ ဗုဒ္ဓဘာသာလူများစုရှိတဲ့နိုင်ငံမှာ လူနည်းစုမွတ်စလင်တွေကို မုန်းတီးဖို့ ထည့်သွင်းဟောကြားနေပါ တယ်။ ''အခုအချိန်မှာ အားလုံး နိုးကြားနေဖို့၊ သတိရှိဖို့ လိုပါတယ်။'' မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာ ၀င်တွေဟာ သွေးပူနေကြပါတယ်။ ဒါ့အပြင် များစွာသော မွတ်စလင်သွေးတွေလည်း မြေခခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်အတွင်းက ဗုဒ္ဓဘာသာဝင် လူရမ်းကား အုပ်စုတွေဟာ လူနည်းစုဘာသာဝင်တွေကို ပစ်မှတ် ထား တိုက်ခိုက်ခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ မူဆလင်တွေ ဆယ်ဂဏန်းလောက် သေဆုံးခဲ့ရတယ် လို့ ပြောသော်လည်း နိုင်ငံတကာလူ့အခွင့်အရေး လုပ်ဆောင်သူတွေကတော့ သေဆုံးခဲ့တဲ့ အရေအတွက် ရာဂဏန်းအထိရှိတယ်လို့ သတ်မှတ်ခဲ့ ကြပါတယ်။ အဆိုပါ အကြမ်းဖက်မှုအများစုဟာ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားခဲ့တာပါ။ ရိုဟင်ဂျာဆိုတာကတော့ မြန်မာနိုင်ငံရဲ့ အနောက်ပိုင်းအစွန်အဖျားမှာနေထိုင် တဲ့ နိုင်ငံမဲ့မွတ်စလင်လူမျိုးစု ဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂကနေ ယုံကြည်မှုအရ နှိပ်စက်ခံရဆုံး လူမျိုးစုအဖြစ် သတ်မှတ်ခံထားရသူတွေပါ။ 

ထိုကဲ့သို့ သွေးထွက်သံယိုအကြမ်းဖက်မှုတွေဟာ ဦးဝီရသူနေထိုင်ပြီးသွေးထိုး လှုံ့ဆော်တဲ့ တရားတွေ ဟောကြားနေခဲ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းအထိ ပျံ့နှံ့လာခဲ့ပါတယ်။ အစွန်းရောက် ဘုန်းကြီးတွေဟာ သန်း ၆၀ သော မြန်မာပြည်သူရဲ့ ၅ ရာခိုင်နှုန်းရှိတဲ့ မွတ်စလင်တွေကို နိုင်ငံနဲ့ယဉ်ကျေးမှု ကို ခြိမ်းခြောက်နေသူအဖြစ် ရှုမြင်ကြပါတယ်။ ''မွတ်စလင်တွေရဲ့ မွေးဖွားနှုန်းဟာ အရမ်းကိုလျင်မြန်ပြီး ကျွနု်ပ်တို့ရဲ့ သမီးပျိုတွေကို ခိုးယူနေကြပါတယ်။ အဓမ္မကျင့်ကြံနေကြပါတယ်။'' ဟု ဦးဝီရသူက စာရေးသူ ကို ပြောပြပါတယ်။ ''သူတို့တွေက ကျွန်ုပ်တို့ရဲ့ နိုင်ငံကို သိမ်းပိုက်ဖို့ ကြံရွယ်နေကြပါတယ်။ ဒါကို လက်သင့်မခံနိုင်ပါဘူး။ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ဆက်လက်ထိန်းသိမ်းထားရမှာပါ။''
ဒီလိုအမုန်းစကားတွေဟာ လူမျိုးစု ၁၃၅ ခုကျော်နေထိုင်နေပြီး ရာစုနှစ်ဝက်ခန့် အာဏာရှင်စနစ်ရဲ့ ချုပ်ကိုင်မှုကနေ မကြာသေးမီကမှ လွတ်မြောက်လာတဲ့ နိုင်ငံတစ်ခုရဲ့ ထိရှလွယ်တဲ့ နိုင်ငံရေးစနစ်ကို ခြိမ်းခြောက်နေပါတယ်။ အာဏာရှင် လက်ထက်တုန်းကပင် ပြဋ္ဌာန်းမှုမရှိခဲ့တဲ့ တစ်မိသားစုကို ကလေး ၂ ယောက်သာ ယူခွင့်ရှိသည်ဆိုသည့် ပိတ်ပင်မှုကို အချို့သော အစိုးရအရာရှိတွေက ရိုဟင်ဂျာမိသားစုတွေ အပေါ် ပြဋ္ဌာန်းဖို့ ကြိုးစားနေကြပါတယ်။ နိုင်ငံရဲ့ မြောက်ဖျားပိုင်းမှာနေထိုင်တဲ့ ခရစ်ယာန်လူမျိုးစုတွေရဲ့ အဆိုအရ အစိုးရစစ်တပ်နဲ့ ခရစ်ယာန်အများစုပါဝင်တဲ့ ကချင်လက်နက်ကိုင်တွေကြားက တိုက်ပွဲတွေဟာ ဘာသာရေးမတူညီမှုကနေ ပေါက်ဖွားလာတယ်လို့ သိရပါတယ်။

အစွန်းရောက်ဗုဒ္ဓ၀ါဒဟာ အာရှရဲ့ ဒေသအများစုမှာ ပေါ်ထွက်လာနေပါတယ်။ ယခုနှစ် သီရီလင်္ကာမှာ ထိပ်တန်း အစိုးရ အရာရှိတွေနဲ့နီးစပ်တဲ့ အမျိုးသားရေး ဗုဒ္ဓ၀ါဒီအုပ်စုတွေဟာ သြဇာကြီးမားလာပြီး ဘုန်းတော်ကြီးတွေကနေ မွတ်စလင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးဖို့ လှုံ့ဆော်လာကြပါတယ်။ ၂၀၀၄ ခုနှစ်ကစလို့ လူပေါင်း ၅၀၀၀ လောက် သေဆုံးခဲ့ရတဲ့ မွတ်စလင် သောင်းကျန်းမှုတွေရှိတဲ့ ထိုင်းနိုင်ငံတောင်ဘက်ဖျားမှာလည်း ထိုင်းစစ်တပ်ကအရပ် သားတွေကို ပြည်သူ့စစ်အဖြစ် သင်တန်းပေးခဲ့ပြီး ဘုန်းကြီးတွေ ဆွမ်းခံထွက်တဲ့အချိန်မှာ ဘေးကနေ ၀န်းရံ ပေးကြပါတယ်။ ဒီလိုမျိုး လုပ်ဆောင်ဖို့အတွက် သူတို့ရဲ့ယုံကြည်မှုက တောင်းဆိုနေပါတယ်။ အဆိုပါ စစ်သားတွေနဲ့ (လက်နက်သယ်ဆောင်တဲ့) အချို့ဘုန်းကြီးတွေဟာ ထိုင်းနိုင်ငံရှိ လူနည်းစု မွတ်စလင်တွေကို ဖယ်ကျဉ်ထားသလို ပိုမို ခံစားရစေပါတယ်။

အဲဒီ့နိုင်ငံတွေမှာ အစွန်းရောက် ဗုဒ္ဓ၀ါဒ ပေါ်ထွက်လာတဲ့ သမိုင်းကြောင်း သီးခြားစီရှိသော်လည်း များပြား လာတဲ့ အင်တာနက် အသုံးပြုမှုတွေကြောင့် ဖေ့ဘုတ်နဲ့ တွစ်တာမှတစ်ဆင့် တဖက်သတ် အမုန်းပွား မှုတွေနဲ့ ကောလဟာလတွေ ပိုမိုလျင်မြန်စွာ ပျံ့နှံ့လာပါတယ်။ အကြမ်းဖက်မှုတွေဟာ အလွယ်တကူပင် တစ်နိုင်ငံမှတစ်နိုင်ငံသို့ ကူးစက်လာပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား သိန်းနဲ့ချီရှိနေတဲ့ မလေးရှားနိုင်ငံမှာ ဇွန်လအတွင်းက ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား အချို့ အသတ်ခံရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ မွတ်စလင်တွေ အသတ်ခံရတဲ့အတွက် လက်စားချေမှုလည်း ဖြစ်နိုင်ပါတယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောခဲ့ပါတယ်။

ဘာသာရေး အစွန်းရောက်မှုတွေ စတင်ပေါ်ထွက်လာခဲ့တဲ့ ကာလတုန်းက ဟိန္ဒူအမျိုးသားရေးဝါဒီတွေ၊ မွတ်စလင် စစ်သွေးကြွတွေ၊ အစွန်းရောက် ခရစ်ယာန်တွေနဲ့ ရှေးရိုးစွဲ ဂျူးတွေ ထွန်းကားခဲ့တဲ့အချိန်မှာ ဗုဒ္ဓဘာသာဟာ အဆိုပါစက်ကွင်းကနေ လွတ်မြောက်နေခဲ့ပါတယ်။ ကမ္ဘာ့အသိုင်းအ၀ိုင်း အတွက်တော့ အကြမ်းမဖက်ရေး၊ မေတ္တာထားရေးတို့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ လောက်က ပွင့်ထွန်းခဲ့ တဲ့ ဂေါတမ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကနေ ပေါ်ထွက်ခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ အဓိပ္ပာယ် တစ်ထပ်တည်း ကျခဲ့ပါတယ်။ ဒါပေမယ့် အခြားဘာသာဝင်တွေလိုပဲ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘုန်းကြီးတွေဟာလည်း နိုင်ငံရေး နဲ့ ဂိုဏ်ဂဏစွဲ အချောင်သမား ၀ါဒရဲ့ လွှမ်းမိုးမှုကို မလွန်ဆန်နိုင်ခဲ့ပါဘူး။ အာရှဟာ နယ်ချဲ့တွေနဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်ခဲ့တဲ့ အချိန်တုန်းက ဗုဒ္ဓဘာသာ ဘုန်းကြီးတွေဟာ သူတို့ရဲ့ သြဇာနဲ့ များပြားတဲ့ အရေအတွက်ကို အသုံးပြုပြီး နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့ကြဖူးပါတယ်။ 

အချို့သော ဘုန်းကြီးတွေဟာ နယ်ချဲ့ဆန့်ကျင်ရေးအတွက် အသားအရေ ချုံးချုံးကျတဲ့အထိ အစာငတ်ခံ ကာ အသက်စတေးခဲ့ကြ ဖူးပါတယ်။ အထင်ရှားဆုံးလို့ ခေါ်ဆိုနိုင်တဲ့ လုပ်ဆောင်မှု တစ်ခုကတော့ လွန်ခဲ့ တဲ့ နှစ် ၅၀ က တောင်ဗီယက်နမ် အစိုးရရဲ့ ဖိနှိပ်မှုကို ဆန့်ကျင်တဲ့ အနေနဲ့ ဆေးဂုံမြို့မှာ ဘုန်းတော်ကြီ Thich Quang Duc ရဲ့ တပလ္လင်ခွေထိုင်ပြီး မိမိကိုယ်ကို ဓာတ်ဆီလောင်းပြီး မီးရှို့ကာ အသေခံ ဆန္ဒပြမှု ပဲ ဖြစ်ပါတယ်။ ၂၀၀၇ ခုမှာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ဗုဒ္ဓဘာသာဘုန်းတော် ကြီးတွေက ဦးဆောင်ခဲ့ကြပါတယ်။ အဆိုပါ ဘုန်းတော်ကြီးတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်သားတွေကလွဲလို့ အဲဒီ့ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သပိတ်မှောက် ဆန္ဒပြမှုကို ကမ္ဘာတစ်ဝှမ်းလုံးရဲ့ စာနာမှုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် လူမှုလှုပ်ရှားမှုတွေ အဆုံးသတ်ချိန်မှာ နိုင်ငံရေး စစ်သွေးကြွမှုတွေ ပေါ်ထွက်လာပါသလား။ ဘယ် ဘာသာရေးမဆို ၄င်းရဲ့အခြေခံ မူဝါဒတွေနဲ့ ဆန့်ကျင်တဲ့ အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှု ခံသွားရရင် အဖျက်အင်အားတစ်ရပ်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အခုအချိန်ဟာ ဗုဒ္ဓဘာသာရဲ့အလှည့် ရောက် လာပါပြီ။

အမုန်းမန္တန် မန္တလေးမြို့ရှိ မစိုးရိမ်တိုက်သစ်တွင် တပလ္လင်ခွေချိတ်ထိုင်လျက် လူအရွယ် ၄င်း၏ဓာတ်ပုံများ ချိတ်ထားသော နံရံရှေ့ စင်မြင့်ပေါ်မှ ဦးဝီရသူက သူ၏ကမ္ဘာ့အမြင်ကို ပြောပြခဲ့ပါတယ်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ အနက်ရောင် မွတ်စလင်သွေး စွန်းနေတဲ့သူ ဖြစ်ပါတယ်။ ကုလသမဂ္ဂကို အာရပ်တွေက လွှမ်းမိုးထားတယ်လို့ သူယုံကြည်ပါတယ်။ ဒါပေမယ့်လည်း အာရပ် အကြမ်းဖက် သမားတွေနဲ့ သူ့ကိုယ်သူ နှိုင်းယှဉ်ပြတာကိုတော့ အပြစ်မမြင်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ မွတ်စလင် ၉၀ ရာခိုင်နှုန်းလောက်ဟာ အစွန်းရောက် လူဆိုးတွေ ဖြစ်တယ်လို့ ဦးဝီရသူက ပြောပါတယ်။ ၄င်းဟာ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့လို့ ၂၀၀၃ ခုနှစ်က ထောင်ဒဏ် ချခံရဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အခုအချိန်မှာ ဗုဒ္ဓရဲ့ ဂုဏ်ရည်တွေကို ဖော်ညွှန်းတဲ့ သင်္ကေတဖြစ်တဲ့ ၉၆၉ ဆိုတဲ့ နံပါတ်ကို အသုံးပြုပြီး လှုပ်ရှားမှု တစ်ခုကို ခုချိန်မှာ ဦးဆောင်လုပ်ကိုင် နေပါတယ်။ အဲဒီ့လှုပ်ရှားမှုဟာ ဗုဒ္ဓဘာသာဝင်အားလုံး သွေးစည်းညီညွတ်ဖို့ လှုံ့ဆော်နေပါတယ်။ ''အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ရေးဟာ ဒီမိုကရေစီရေးထက် ပိုပြီးအရေးကြီးတယ်လို့'' သူက ပြောပါတယ်။

ဦးဝီရသူကို သာမန်ပညာမတတ်ဘဲ မွေးချင်း ၈ ယောက်မှာ မိဘကငွေကြေးမတတ်နိုင်လို့ ဘုန်းကြီးကျောင်း မှာ ကြီးပြင်ခဲ့ရသူ တစ်ယောက်အနေနဲ့ သတ်မှတ်လို့ ရပါတယ်။ ဒါပေမယ့် ဦးဝီရသူဟာ သြဇာကြီးမားပြီး သူ့ရဲ့ဟောကြားချက်တွေဟာ လူအများကြား ပျံ့နှံ့နေပါတယ်။ နိုင်ငံရဲ့ လူများစု ဗမာလူမျိုးတွေနဲ့ ဗုဒ္ဓ ဘာသာဝင် အာရှနိုင်ငံတွေကြားမှာ ၄င်းတို့ရဲ့ ဘာသာကို အခြားဘာသာတွေက တိုက်ခိုက်နေတယ်ဆိုတဲ့ ခံစားချက်လေးတစ်ခု ရှိနေပါတယ်။ ယခင်ဗုဒ္ဓဘာသာနိုင်ငံတွေ ဖြစ်ခဲ့တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန် နဲ့ အာဖဂန်နစ္စတန် နိုင်ငံတို့ဟာ အခုအချိန်မှာ အစ္စလာမ်နိုင်ငံတွေ ဖြစ်နေကြပါပြီ။ ဒါ့ကြောင့် တခြား ဗုဒ္ဓဘာသာ နိုင်ငံတွေလည်း အလားတူ ကြုံတွေ့ရမယ်လို့ ထင်မြင်နေကြပါတယ်။ သက်သေ အထောက်အထား မရှိသည့်တိုင်အောင် အမျိုးသားရေး ဗုဒ္ဓ၀ါဒီတွေဟာ ဒေသခံ မွတ်စလင်တွေရဲ့ လူဦးရေ တိုးပွားနှုန်းဟာ ၄င်းတို့ရဲ့ မွေးဖွားနှုန်းထက် အဆမတန် များပြားမြန်ဆန်နေပြီး အရှေ့အလယ်ပိုင်း ဒေသက ပိုက်ဆံ အထောက်အပံ့တွေက ဗလီသစ်တွေ တည်ဆောက်ဖို့ ပံ့ပိုးနေတယ် ဆိုတာတွေကို စိုးရိမ်နေကြ ပါတယ်။

၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်ခဲ့ပြီး စစ်အာဏာရှင်က စစ်တပ် တစ်မတ်သား အစိုးရ စနစ်ကို တည်ထောက်ပေးခဲ့ချိန်ကစလို့ ပြည်သူအနည်းစုသာ စစ်တပ်ရဲ့ ဖိနှိပ်ခဲ့ မှုတွေအတွက် အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီလို လုပ်ဆောင်မှုဟာ ဗုဒ္ဓဘာသာရဲ့ ခွင့်လွှတ် သည်းခံမှုကို ပြသနေတာပါပဲ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေဟာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကို ဖြစ်ပေါ်စေမယ့် အစွန်းရောက် ၀ါဒတွေကို ပျိုးထောင်ပေးမိပါတယ်။ ဒီပြဿနာဟာ ယခင်နှစ်က မြန်မာနိုင်ငံ အနောက်ဘက် အစွန်းကနေ စတင်ခဲ့တာပါ။ အဲဒီ့မှာ ဖြစ်ပျက်ခဲ့တဲ့ မွတ်စလင်တွေနဲ့ ဒေသခံ ဗုဒ္ဓဘာသာဝင်တွေကြားက အကြမ်းဖက်မှုတွေကြောင့် မွတ်စလင် အများစုနဲ့ ဗုဒ္ဓဘာသာဝင် အနည်းငယ်ရဲ့ အသက်အိုးအိမ်တွေ ပျက်စီးခဲ့ရပါတယ်။ 

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ရဲ့ အစီရင်ခံစာအရ ဓားကိုင်ဗုဒ္ဓဘာသာဝင်တွေဟာ ရိုဟင်ဂျာ ကျေးရွာတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ကျေးရွာတစ်ခုတွင် မွတ်စလင် အယောက် ၇၀ ကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ ဒီသွေးထွက်သံယို အကြမ်းဖက်မှုတွေဟာ အစိုးရရဲ့ အထိမ်းအကွပ် မရှိဘဲ နိုင်ငံရဲ့ အခြားဒေသတွေကိုပါ ဆက်လက်ပျံ့နှံ့ခဲ့ပါတယ်။ မတ်လအတွင်းမှာ ဆယ်ဂဏန်း ထက် မနည်းတဲ့လူတွေ အသတ်ခံရပြီး ထောင်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို ဗလီတွေလည်း မီးရှို့ ခံခဲ့ရပါတယ်။ ကလေးတွေကို ခုတ်ထစ်သတ်ဖြတ်တာတွေ အမျိုးသမီးတွေကို မီးရှို့သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့ကြပါတယ်။ အချို့ကိစ္စတွေမှာ ဘန်းကြီးတွေကိုယ်တိုင် သွေးဆူနေတဲ့ ဗုဒ္ဓဘာသာဝင်တွေကို လှုံ့ဆော်နေတာ တွေ့ခဲ့ကြရပါတယ်။ မတ်လကုန်လောက်မှာ မိထ္ထီလာမြို့ရဲ့ အဝေးပြေး ကားဝင်း အနီးမှာ နေ့ပေါင်းများစွာကြာအောင် မီးရှို့ဖျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။ ဘုန်းတော်ကြီးတစ်ပါး အသတ် ခံရပြီးတဲ့နောက်မှာ မွတ်စလင် ရပ်ကွက်တွေကို ဗုဒ္ဓဘာသာဝင် လူအုပ်တွေက ၀င်ရောက်ဖျက်ဆီးခဲ့ ပါတယ်။ (တရားဝင် ထုတ်ပြန်ချက်များအရ ဗုဒ္ဓဘာသာဝင် နှစ်ဦးနဲ့ မွတ်စလင် အယောက် ၄၀ အသတ်ခံ ရတယ်လို့ သိရပါတယ်။) မွတ်စလင် ထောင်ပေါင်းများစွာကိုတော့ ဒုက္ခသည် စခန်းတွေအတွင်း ထားရှိခဲ့ပြီး သတင်းထောက်တွေ ၀င်ခွင့်မရရှိခဲ့ပါဘူး။ ကျွန်မက ၁၅ နှစ်အရွယ် Abdul Razak Shahban ရဲ့ မိသားစု နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ အဆိုပါ ၁၅ နှစ်သားဟာ အသတ်ခံရတဲ့ ဒေသခံကျောင်းသား အယောက် ၂၀ ထဲက တစ်ဦးဖြစ်ပါတယ်။ ရာဇတ်ကိုယ်တိုင်လည်း သူ့ရဲ့ခေါင်းကို သံချွန်နဲ့ အရိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ ''ကျွန်မသားဟာ မွတ်စလင်ဖြစ်လို့ အသတ်ခံရတာပါ။ တခြားဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။'' ဟု ရာဇတ်ရဲ့ မိခင်က ဗလီတစ်ခုရဲ့ ပြာပုံဘေးမှာ ပြောကြားခဲ့ပါတယ်။

ဘုန်းကြီးကျောင်းနဲ့ နိုင်ငံတော်အစိုးရ အစ္စလာမ်ကိုလက်စားချေလိုစိတ်နဲ့ ဗုဒ္ဓဘာသာ လွှမ်းမိုလိုမှုတို့ကြောင့် Bodu Bala Sena (BBS) ဆိုတဲ့ အဖွဲ့အစည်းကို သီရိလင်္ကာမှာ ထူထောင်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာအင်အား စု တပ်မတော်လို့ အဓိပ္ပာယ်ရတဲ့ အဆိုပါ အဖွဲ့ဟာ သီရိလင်္ကာမှာ အင်အားအကြီးဆုံး ဗုဒ္ဓဘာသာ အဖွဲ့ အစည်းတစ်ခု ဖြစ်လာပါတယ်။ ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ အဆိုပါ အဖွဲ့ရဲ့ နှစ်ပတ်လည် ညီလာခံကို မြို့တော် ကိုလမ်ဘိုအနီးမှာ ကျင်းပခဲ့ပြီး ဘုန်းကြီးအပါး ၁၀၀ ကျော်ကနေ ဦးဆောင်ပြီး မြို့ကိုလှည့်ပတ် ခဲ့ပါတယ်။ အခြားကိုးကွယ်သူတွေကလည်း သာသနာ့အလံတွေ ကိုင်ဆောင်ပြီး ညာလက်တွေကို ရင်ဖက် မှာကပ်ပြီး သာနာကို ကာကွယ်ဖို့ သစ္စာဆိုကြပါတယ်။ လွန်ခဲ့သည့် တစ်နှစ်ကျော်ကမှ တည်ထောင်ခဲ့သည့် ယင်းအဖွဲ့က ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တဲ့ သီရိလင်္ကာမှာ ဗုဒ္ဓဘာသာ အမြစ်တွယ်ဖို့ လိုအပ်တယ်လို့ ခံယူထားပါတယ်။ ဒါ့အပြင် အစိုးရကျောင်းတွေမှာ ဘုန်းကြီးတွေကို သမိုင်းဘာသာရပ် သင်ကြားစေပြီး ဆာရီဝတ်ဆင်မှုကို ဥပဒေအရပိတ်ပင်ဖို့ တောင်းဆိုကြပါတယ်။ တကယ်တော့ သီရိလင်္ကာ လူဦးရေရဲ့ ၉ ရာခိုင်နှုန်းဟာ မွတ်စလင်တွေ ဖြစ်ပါတယ်။ BBS ရဲ့ အထွေအထွေ အတွင်းရေးမှူးနဲ့ ဘုန်းကြီးဖြစ်သူ Galaboda Aththe Gnanasara Thero က နှစ်ပတ်လည် ညီလာခံတွင် ''ဒါဟာ ဗုဒ္ဓဘာသာ အစိုးရ၊ ဒါဟာ ဗုဒ္ဓဘာသာ နိုင်ငံတော်။'' ဟု ပြောကြားခဲ့ပါတယ်။

BBS အဖွဲ့ဝင်တွေလို သဘောထား တင်းမာတဲ့ ဘုန်းကြီးတွေက ၂၆ နှစ်ကြာ တမီးလ် အီလန် ဟိန္ဒူ ကျားသူပုန်တွေကို လွန်ခဲ့တဲ့ လေးနှစ်အကြာက ရှင်းလင်းပြီးတဲ့နောက်မှာ လူနည်းစု မွတ်စလင်နဲ့ ခရစ်ယာန်တွေဘက်ကို များဦးလှည့်လာပါတယ်။ ရှေးရိုးစွဲ သမ္မတ Mahinda Rajapaksa ကို ၂၀၀၅ ခုနှစ်က ရွေးကောက်ခံရပြီးတဲ့အချိန်မှာ အစွန်းရောက် ဗုဒ္ဓ၀ါဒီ အုပ်စုတွေဟာ ပိုမိုအင်အား ကြီးမား လာခဲ့ပါတယ်။ မကြာသေးမီ လများအတွင်းက သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေမှာ မွတ်စလင်ပိုင် အထည်ဆိုင်၊ ခရစ်ယာန် သင်းအုပ်ဆရာပိုင်အိမ်နဲ့ မွတ်စလင် သားသတ်ရုံတစ်ခုကို ၀င်ရောက်စီးနင်းမှုများ ပါဝင်ပါတယ်။ ဘုန်းကြီးတွေကိုယ်တိုင် ဒီဖြစ်စဉ်တွေမှာ ပါဝင်ကြောင်း ရုပ်သံမှတ်တမ်းတွေ တွေ့ရှိ သည့်တိုင်အောင် မည်သူ့ကိုမျှ အရေးယူခြင်း မရှိခဲ့ပါ။ တကယ်တော့ ဘုန်းကြီးကျောင်းတွေနဲ့ နိုင်ငံတော် အစိုးရဟာ သီရိလင်္ကာမှာ တစ်နေ့တစ်ခြား ပိုပြီးနီးကပ် လာနေပါတယ်။ ဘုန်းကြီးတွေ ကြီးစိုးတဲ့ ပါတီကိုယ်တိုင်က ညွန့်ပေါင်းအစိုးရတွင်းမှာ ပါဝင်နေပါတယ်။ မတ်လတွင်းက BBS က တည်ထောင် ထားတဲ့ Buddhist Leadership Academy ရဲ့ ဖွင့်ပွဲအခမ်းအနားမှာ အထူးဧည့်သည်တော်အဖြစ် ဖိတ် ကြားခံရသူဟာ ကာကွယ်ရေးဝန်ကြီး Gotabhaya Rajapaksa ဖြစ်နေပါတယ်။ သူက လက်ရှိသမ္မတနဲ့ ညီအစ်ကိုတော်စပ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဖွင့်ပွဲမှာ ''ဘုန်းကြီးတွေက အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက် နေတာပါ'' လို့ ပြောကြားခဲ့ပါတယ်။

ဆွမ်းနဲ့သေနတ်ထိုင်းနိုင်ငံရဲ့ တောင်ဘက်အစွန်းပိုင်းက ဘုန်းကြီးတွေဟာ အကူအညီ လိုအပ်နေပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကြောင့် အချို့ဟာ ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေးတရားနဲ့ ဆန့်ကျင်လုပ်ဆောင် လာကြပါ တယ်။ ပြီးခဲ့တဲ့ ရာစုနှစ် အစောပိုင်းက ထိုင်းနိုင်ငံကနေ မသိမ်းပိုက်ခင် အချိန်အထိ Pattani, Yala နဲ့ Narathiwat ဒေသတွေဟာ ယခင်က မလေးရှားနိုင်ငံရဲ့ လက်အောက်ခံ ဆူလတန်အဖြစ် ရှိနေခဲ့ပါတယ်။ အဲဒီ့ ဒေသတွေရဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းဟာ မွတ်စလင်တွေ ဖြစ်ကြပါတယ်။ ၂၀၀၄ ခုနှစ်မှာ ခွဲထွက်ရေး လှုပ်ရှားမှုတွေ အင်အားကြီးမား လာချိန်မှာတော့ ဗုဒ္ဓဘာသာဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိလာပါတယ်။ သူတို့တွေဟာလည်း အစိုးရနဲ့ ပတ်သက်တဲ့ ကျောင်းဆရာတွေ၊ စစ်သားတွေနဲ့ အခြားပြည်သူ့ ၀န်ထမ်းတွေ ဖြစ်နေလို့ပါပဲ။ ဘုန်းကြီးတွေကိုလည်း တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ အခုချိန် မှာ ထိုင်းစစ်တပ်နဲ့ အခြားလုံခြုံရေး အင်အားစုတွေဟာ ဘုန်းကြီးကျောင်းတွေထဲကို ၀င်ရောက်နေရာ ယူထားကြပါတယ်။ ထို့အပြင် မနက်ပိုင်း ဆွမ်းခံထွက်ချိန်မှာ စစ်သားတွေက ဘုန်းတော်ကြီးတွေ ဘေး ကနေ ခြံရံလိုက်ပါ ပေးကြပါတယ်။ ''ကျွန်တော်တို့မှာ ရွေးစရာ မရှိပါဘူး။ ဗုဒ္ဓဘာသာကို လက်နက်နဲ့ ခွဲခြားလို့ မရတော့ပါဘူး'' လို့ စစ်ဗိုလ်ဖြစ်သူ Sawai Kongsit က ပြောပါတယ်။ Pattani မြို့ရှိ Lak Muang ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ ဘုန်းကြီး ၁၁ ပါးရှိပြီး စခန်းချ နေထိုင်တဲ့စစ်သား အယောက် ၁၀၀ လောက် ရှိပါတယ်။ ဘုန်းကြီးကျောင်းတွင်းရှိ ဘုရားစေတီမှာ ထိုင်းခြေလျင်တပ်ခွဲ အမှတ် ၂၃ အတွက် ယာယီစစ်စခန်းတစ်ခု ချထားပြီး စေတီရဲ့ ပတ်လည်မှာ ရွက်ဖျင်တဲတွေ ထိုးထားကြပါ တယ်။ နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓဘာသာဝင် ထောင်ပေါင်းများစွာဟာ အဆိုပါဘုန်းကြီးကျောင်းမှာ ပြည်သူ့စစ် သင်တန်း တက်ရောက်ကြပါတယ်။ 

အဆိုပါ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ ၀ါတော် ၁၆ ၀ါရ Prapaladsuthipong Purassaro က သင်္ဃန်းစစည်းတဲ့ အချိန်ကစလို့ ပစ္စတိုသုံးလက် ပိုင်ဆိုင်ကြောင်း ပြောပါတယ်။ ''ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့တော့ အပြစ်မကင်းဘူးလို့ ခံစားမိပါတယ်။ ဒါပေမယ့် ဦးဇင်းတို့ကိုယ့်ကိုယ် ကို ကာကွယ်ဖို့ လိုပါတယ်။'' လို့ ပြောပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ စစ်သားတွေ ဘုန်းကြီးကျောင်း တွင်းမှာရှိမှ လုံခြုံတယ်လို့ ခံစားရမယ်ဆိုရင် မွတ်စလင်လူထုအတွက်တော့ တခြားအဓိပ္ပာယ် သက်ရောက်နေပါတယ်။ ''စစ်သားတွေ ဘုန်းကြီးကျောင်းထဲကို ဖိတ်ခေါ်ခြင်းဟာ ဘာသာရေးနဲ့ စစ်တပ် ကို ရောထွေးလိုက်တာပါပဲ။'' လို့ အိုင်ဟိုင်းရိုး တက္ကသိုလ်မှ လက်ထောက်ကထိကနဲ့ ထိုင်းတောင်ပိုင်း ဘာသာရေး ပဋိပက္ခအကြောင်း စာအုပ်ရေးသားသူ Michael Jerryson က ပြောပါတယ်။ ''ဗုဒ္ဓဘာသာ ၀င်တွေက ကျွန်မတို့ ထိုင်းလူမျိုး ဖြစ်တယ်လို့ ဘယ်တော့မှ သတ်မှတ်မှာ မဟုတ်ဘူး။ ဒါကျွန်မတို့ ရဲ့ နိုင်ငံပါပဲ။ ဒါပေမယ့် ကျွန်မတို့ကို လူစိမ်းတွေကို ဆက်ဆံနေကြပါတယ်။'' လို့ အခြား အကြမ်းဖက်မှုဖြင့် သံသယရှိသူ ၁၅ ဦးနှင့်အတူ ထိုင်းနိုင်ငံ ရေတပ်စခန်းတစ်ခုကို ၀င်ရောက်စီးနင်းစဉ်က အသတ်ခံရသူ၏ မိခင်ဖြစ်သူ Sumoh Maken က ပြောပါတယ်။ နောက်ဆုံးမှာတော့ မွတ်စလင်တွေလည်း တောင်ပိုင်း မှာ ကြောက်ရွံ့နေကြပါတယ်။ သူတို့တွေဟာ အကြမ်းဖက် ခံရမှုတွေမှာ ဗုဒ္ဓဘာသာဝင်တွေထက် ပိုပြီးသေဆုံးကြပါတယ်။ ဗုံးခွဲမှုတွေနဲ့ အစိုးရနဲ့ ပတ်သက်တယ်ဆိုတဲ့ ကောလဟာလတွေကြောင့် အသတ် ခံနေကြရပါတယ်။ (လူဦးရေ အချိုးအရ ပြန်ကြည့်ရင်တော့ သေဆုံးတဲ့ ဗုဒ္ဓဘာသာဝင် အရေအတွက်က ပိုများပါတယ်။) ဒါပေမယ့် ဘုန်းကြီးတိုင်း ဘုန်းကြီးတိုင်းက ဗလီတွေမှာ လက်နက်တွေ ဖွက်ထားတယ် ဒါမှမဟုတ် ဗလီဆရာတိုင်း သေနတ်ကိုင်ဆောင်ကြတယ်လို့ ပြောပါတယ်။ ''အစ္စလာမ်ဟာ အကြမ်းဖက်မှုကို အားပေးတဲ့ ဘာသာတစ်ခု ဖြစ်တယ်။ ဒါကို လူတိုင်းသိပါတယ်။'' လို့ စစ်သားလူထွက် ဘုန်းကြီးဖြစ်သူ Phratong Jiratamo က ပြောပါတယ်။

ဒီလိုသဘောထားဟာ မြန်မာဘင်လာဒင် ထောက်ခံမယ့် ရပ်တည်ချက်တစ်ခု ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဦးဝီရသူဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုကို သူ့ရဲ့ ငြိမ်းချမ်းတဲ့ ဘာသာရေး နည်းလမ်းအရ ဘယ်လို လက်ခံနိုင်သလဲဆိုတာ စဉ်းစားမိပါတယ်။ ''ဗုဒ္ဓဘာသာမှာ ဦးဇင်းတို့ ကနေ အကြမ်းဖက်လို့တော့ မရပါဘူး။ ဒါပေမယ့် ကိုယ့်အသိုင်းအ၀ိုင်းကို ကာကွယ်ပိုင်ခွင့် ရှိပါတယ်။'' လို့ ဦးဇင်းက ပြောပါတယ်။ ညနေပိုင်းတွင် ဦးဝီရသူက တရားနာ ပရိသတ်တွေကို ဟောကြားရာတွင် ပြုံးရွှင်နေ တဲ့ အိမ်ရှင်မတွေ၊ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေ၊ အဖွားအိုတွေနဲ့ အခြားတရားနာ ပရိသတ်တွေကို သူ့နောက်ကနေ ရွတ်ဆိုခိုင်းတာကတော့ ''ဗမာလူမျိုးစုအတွက် အသက်ပေး စွန့်လွှတ်ပါမည်။'' ပဲ ဖြစ်ပါ တယ်။ ဗုဒ္ဓဘာသာရဲ့ ခွင့်လွှတ်မှု စိတ်ဓာတ်ဟာ လူနည်းစုမှာသာ ကျန်ရှိနေပါတော့တယ်။ ၂၀၁၁ ခုနှစ်တုန်းက Lak Muang ဘုန်းကြီးကျောင်းက ဘုန်းတော်ကြီး Watcharapong Suttha ဟာ စစ်သားတွေ ခြံရံပြီး မနက်ဆွမ်းခံ ကြွချိန်မှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ ဘုန်းကြီးရဲ့ ခန္ဓာကိုယ် အောက်ပိုင်းဟာ ဗုံးဆံတွေကြောင့် အမာရွတ်တွေနဲ့ ပြည့်နှက်နေပါတယ်။ အခု အသက် ၂၉ နှစ်ရှိပြီး လူထွက်လိုက်တဲ့ အချိန်ထိတိုင်အောင် ကျီးကန်းတောင်းမှောက် မျက်လုံးတွေ၊ ချုပ်ရာအပြည့်နဲ့ ခန္ဓာကိုယ်တွေကြောင့် စိတ်ဖိစီးမှု ခံစားနေရပါတယ်။ ဒါပေမယ့် သူဒီလို တိုက်ခိုက်ခံရတဲ့အတွက် အစ္စလာမ်ဘာသာ တစ်ခုလုံးကို အပြစ်မတင်ပါဘူး။ ''အစ္စလာမ်ဆိုတာ ငြိမ်းချမ်းတဲ့ ဘာသာတစ်ခုပါ။ ဗုဒ္ဓဘာသာနဲ့ တခြားဘာသာတွေ လိုပါပဲ။ မွတ်စလင်တွေကို အပြစ်တင်နေရင် သူတို့ကလည်း ကျွန်တော်တို့ကို အပြစ်ပြန်တင်မှာပဲ။ ဒီလိုဆိုရင် အကြမ်းဖက်မှု သံသရာ ဘယ်တော့မှ ဆုံးမှာမဟုတ်တော့ပါဘူး။'' လို့ ပြောခဲ့ပါတယ်။

Eleven

သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးသော်လည်း ထပ်မံကျူးကျော်ပါက အရေး ယူမည်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသည် တစ်နိုင်ငံ လုံးရှိ ကြိုးပြင် ကြိုးဝိုင်း ကာ ကွယ်တောများမှ မြေဧက သုံးသိန်းကျော်ကို သမ္မတရုံး ခွင့်ပြုချက်ဖြင့် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေး သွား မည် ဖြစ်သော်လည်း ထပ်မံ၍ ကျူးကျော် နေထိုင်သူများကိုမူ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန စီမံကိန်းနှင့် စာရင်းအင်းဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက The Voice သို့ ပြော
ကြားသည်။

နှစ်ကာလ အတန်ကြာ နေထိုင်နေသည့် အိမ်ခြေ ၅၀နှင့် အထက် ကျေးရွာ များကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပြီး ဆက်လက်နေထိုင်ခွင့်ပြုရန်အတွက် စိစစ်ဆောင်ရွက်လျက်ရှိသော်လည်း ထပ်မံကျူးကျော်နေ ထိုင်သူများကိုမူ တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သစ်တောမြေအတွင်း ကျူးကျော်နေထိုင်ခဲ့သည့် ကျေးရွာ ၁၂၁၃ ရွာ ကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်
ပြု ချက်ဖြင့် သစ်တောမြေအဖြစ်မှ ပထမ အဆင့်အနေနှင့် ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း၊ ပြည်ထဲရေး ဝန်ကြီး ဌာန အမည်ပေါက် စာရင်းဝင် ကျေးရွာ ၁၂၁၃ ရွာ၊ ဧရိယာအားဖြင့် ကျေးရွာမြေ ဧရိယာ ၂၄,၄၄၇ ဒသမ ၄၄ ဧက၊ လယ်မြေဧရိယာ ၂၉၅,၃၁၉ ဒသမ ၇၇ ဧကနှင့် အများပိုင်မြေနှင့် သာသနာ့နယ်မြေများ ၂၆,၁၂၁ ဒသမ ၉၂ ဧက စုစုပေါင်း ဧရိယာ သုံးသိန်းကျော်ကို ဥပဒေ နည်းလမ်းအတိုင်း ကြိုးပြင် ကြိုးဝိုင်း ကာကွယ်တောအဖြစ်မှ ပယ်ဖျက်သွားရန် ဆောင်ရွက်လျက် ရှိကြောင်း ဦးခင်မောင်ဦးက ဆက်လက် ပြော ကြားသည်။

ယင်းသို့ ပယ်ဖျက်လိုက်မည့် သစ်တောမြေအတွင်း ဒေသခံများ လုပ်ကိုင် လျက်ရှိသည့် ယာမြေများတွင် သီးနှံ သစ်တော ရောနှော စိုက်ပျိုးနည်း စနစ်ဖြင့် ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောများတည်ထောင်
ပြီးမှသာ ဆက်လက် လုပ်ကိုင်ခွင့် ပြုမည်ဖြစ်သည်။ သစ်တောမြေအဖြစ်မှ ပယ်ဖျက်နိုင်ရန်အတွက် လက်ရှိ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသ ကြီး စသည်တို့မှ ကြိုးပြင်ကြိုးဝိုင်း ကာကွယ်တောရှိသည့်ဒေသများတွင် မြေပြင်ကွင်းဆင်း၍ ဧရိယာ တိုင်းတာခြင်းတို့ကို ဆောင် ရွက်နေကြောင်း သစ်တော ဦးစီးဌာနထံမှ သိရှိရသည်။

The Voice Weekly

မြန်မာနိုင်ငံ၏ အင်တာနက် Speed ကို ကမ္ဘာကျော် Intel ကုမ္ပဏီမှ ဝေဖန်ပြောကြားသွားခဲ့

ကမ္ဘာ့အကြီးဆုံး နည်းပညာ ကုမ္ပဏီကြီးထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် Intel ကုမ္ပဏီသည် အာရှတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမည် ဖြစ်ပြီး ၎င်းတို့ ရင်းနှီးမြှုပ်နှံမည့် အာရှ၏ နိုင်ငံများထဲတွင် မြန်မာနိုင်ငံ မပါ ဝင်ကြောင်း နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum (WEF)) တွင် ပြောကြားခဲ့သည်။ Intel ရဲ့ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ Mr.Aruind Sodhamim က “ကျွန်တော်တို့ ရဲ့ အာရှတိုက်တွင် အရဲစွန့်ပြီး လုပ်ဆောင်တဲ့ စီးပွားရေးစနစ်မှာ မြန်မာနိုင်ငံ မပါဝင်ပါဘူး” ဟု ပြောကြား ခဲ့သည်။ Intel ရဲ့ အမေရိကန်ဒေါ်လာ ၁၆ မီလီယံ ရင်းနှီးမြှုပ်နှံခြင်းတို့ကို အိန္ဒိယနှင့် စင်္ကာပူနိုင်ငံများ တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းကို ကမ္ဘာစီးပွားရေး ဖိုရမ်တွင် ပြောကြားသွားခဲ့သည်။ Mr.Aruind Sodhamim က ဆက်လက်၍ “မြန်မာနိုင်ငံ၏ လုပ်ကိုင်ခွင့် ဥပဒေတွေက တိုးတက်မှုမရှိသေးတဲ့အပြင် ရင်းနှီးမြှုပ်နှံသူတွေ လိုအပ်လျက်ရှိနေပါတယ်။ အဲဒါတွေ စတင်ပြောင်းလဲလာပါက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ကတိပေးပါတယ်” ဟု ထပ်မံပြောကြားခဲ့သည်။

၎င်းက မြန်မာနိုင်ငံ၏ စွမ်းအင်နှင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများမှာ ဖွံ့ဖြိုးရန်လို အပ်ကြောင်းနှင့် နှေးကွေးတဲ့ အင်တာနက် ဆက်သွယ်မှုသည် မြန်မာနိုင်ငံတွင် နည်းပညာကုမ္ပဏီများက လုပ်ငန်းလုပ်ရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်။ Mr.Aruind Sodhamim က “ကျွန်တော်တို့တွေ မြန် ဆန်တဲ့ အင်တာနက် အသုံးပြုခွင့်ရဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည။် မြန်မာနိုင်ငံသည် အာရှနိုင်ငံ များတွင် အလုပ်သမားဈေးနှုန်း သက်သာသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ပညာရေး စနစ်နှင့် အလုပ်သမားများ၏ ကျွမ်းကျင်မှုနှင့် လေ့ကျင့်မှုမရှိခြင်းက ရင်းနှီးမြှုပ်နှံ သူတို့အတွက် အဟန့် အတားဖြစ်စေကြောင်းကို Mr.Aruind Sodhamim က ဆက်လက်ပြောကြားခဲ့သည်။ Intel ၏ ရင်းနှီးမြှုပ်နှံ သည့် နိုင်ငံနှစ်ခုကို လေ့လာခြင်းအားဖြင့် ၎င်းတို့ဆိုလိုရင်း အဓိပ္ပါယ်ကို ပေါ်လွင်စေမည်ဖြစ်သည်။

အဆိုပါ ကုမ္ပဏီကြီးနှစ်ခုသည် အိန္ဒိယနှင့် စင်္ကာပူနိုင်ငံ နှစ်ခုတွင် တည်ရှိနေသည့် ကုမ္ပဏီကြီး များ ဖြစ်နေကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၏ Snapdeal.com၊ စင်္ကာပူနိုင်ငံ၏ Reebonz.com တို့တွင် အမေရိကန်ဒေါ်လာ ၁၆ မီလီယံ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။ အဆိုပါ ကုမ္ပဏီနှစ်ခုသည် အိန္ဒိယနိုင်ငံနှင့် စင်္ကာပူတွင် ကုမ္ပဏီသက်တမ်း တိုသော်လည်း အောင်မြင်မှု ရရှိနေသည့် ကုမ္ပဏီ များ ဖြစ်ကြောင်း သိရသည်။ Intel က ရင်းနှီးမြှုပ်နှံမည့် အိန္ဒိယကုမ္ပဏီ တစ်ခုဖြစ်သည့် Snapdeal.com သည် အွန်လိုင်းဈေးဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အသုံးပြုသူပေါင်း ၁၈ မီလီယံရှိကြောင်း သိရသည်။ အဆိုပါ အွန်လိုင်းဈေးဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများတွင် ဖက်ရှင်လုပ်ငန်း၊ အီလက်ထရောနစ် လုပ်ငန်း၊ အိမ်တွင်းအလှဆင် လုပ်ငန်းများစွာ ပါဝင်ကြောင်း သိရသည်။

စင်္ကာပူနိုင်ငံ၏ Reebonz သည် အာရှတွင် အကြီးဆုံး ပုဂ္ဂလိက ကုမ္ပဏီကြီးထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အဆိုပါ Reebonz ကုမ္ပဏီနှင့် ၎င်းရဲ့ လက်ခွဲ ကုမ္ပဏီတစ်ခုဖြစ်သည့် Kwerkee ကုမ္ပဏီကိုပါ Intel က ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ Reebonz ကုမ္ပဏီသည် အဖိုးတန်ဇိမ်ခံပစ္စည်း များ ရောင်းချခြင်းနှင့် အဝတ်အထည် လုပ်ငန်း၊ အိတ်လုပ်ငန်းများ လုပ်ကိုင်ပြီး အရှေ့တောင်အာရှိ နိုင်ငံ များ၊ မြောက်အာရှ နိုင်ငံများနှင့် သြစတြေးလျနိုင်ငံများတွင် ဖောက်သည် အခိုင်အမာရပြီးသား ကုမ္ပဏီ တစ်ခုဖြစ်ကြောင်း သိရသည်။ အဆိုပါ Reebonz ၏ လက်ခွဲကုမ္ပဏီ တစ်ခုဖြစ်သည့် Kwerkee ကုမ္ပဏီ သည် ကမ္ဘာအတော်ဆုံး ဒီဇိုင်နာများ ပြုလုပ်သည့် ပြိုက်ဘက်ကင်း ထုတ်ကုန်များကို ရောင်းချပေးသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီကြီးနှစ်ခုတွင် Intel က ရင်းနှီးမြှုပ်နှံခြင်း ပြုလုပ်ခြင်း သည် ၎င်းတို့၏ စီးပွားရေး မူဝါဒများနှင့် ကိုက်ညီမှုရှိ၍ နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ရရှိစေရန်ဖြစ်ကြောင်း သိရသည်။ Intelကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းကိုအင်တာနက်မြန်နှုန်းကောင်း မွန်မှုရှိမှာသာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အေးချမ်း
Ref & Credit to Smart Pro Journal

မလေးရှား အကြမ်းဖက်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သူများနှင့် အခက်အခဲကြုံတွေ့နေသူ ၃၀၀ ကျော် ဇွန် ၂၂ ရက်(ယနေ့)မှ စတင်ပြီး ဇွန် နောက်ဆုံးပတ်အထိ ဆက်တိုက်ရောက်ရှိမည်

မလေးရှား အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများနှင့် သေဆုံးခဲ့သူများ၏ မိသားစုဝင် များ အပါအ၀င် မလေးရှား၌ အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသား အလုပ်သမား ၃၀၀ ကျော် သည် ဇွန် ၂၂ ရက်(ယနေ့) မှစတင်ပြီး ဇွန်နောက်ဆုံးပတ်အထိမြန်မာနိုင်ငံသို့ ဆက်တိုက် ပြန်လည်ရောက် ရှိမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven သတင်းထောက်က သတင်းပေးပို့သည်။

ထိုကဲ့သို့ ပြန်လည်ရောက်ရှိမည့်သူ များသည် ဧရာဝတီ ဖောင်ဒေးရှင်း၏ အစီအစဉ်နှင့် ဌာနေပြန် ခွင့်နှင့် လေယာဉ်လက်မှတ် အခမဲ့ လှူဒါန်းမှုများဖြင့် ရောက်ရှိလာကြသူများ ဖြစ်ပါသည်။ ဇွန် ၂၂ ရက်တွင် ပြန်လည်ရောက်ရှိမည့် ၂၀ ဦးအနက် ဆလာရန်း အကြမ်းဖက်မှုကြောင့် ပြင်းထန်သော ဒဏ်ရာ များရရှိခဲ့သူ ကိုကိုမောင်၊ ပထမဆုံးတိုက်ခိုက်ခံခဲ့ရပြီး ဒဏ်ရာရရှိသူ ကိုမင်းဇော်ဦးနှင့် မိသားစု၊ ပထမဆုံး သေဆုံးခဲ့ရသော ကိုမင်းဇော်၏ မိသားစုနှင့် ဆူဘန်းဒေသတွင် တိုက်ခိုက်ခံခဲ့ရပြီး ဓားခုတ် ဒဏ်ရာများ ရရှိခဲ့သူ ရခိုင်လူငယ် နှစ်ဦးနှင့် အခြားသော အခက်အခဲ ရှိနေသူများ ပါဝင်မည်ဟု သိရသည်။

လက်ရှိအချိန်တွင် မလေးရှားနိုင်ငံသို့ တရားမ၀င်ရောက်ရှိပြီး မြန်မာနိုင်ငံသို့ပြန်လိုသည့် အတွက် မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထား (C of I) ရရှိပြီးသူ အရေအတွက်မှာ ၁၀၀၀ ခန့် ရှိနေကြောင်း သိရသည်။ ထိုသူများထဲမှာ မလေးရှား လူဝင်မှုကြီးကြပ်ရေးသို့ သွားရောက်ပြီး ဌာနေပြန် ခွင့် လျှောက်ထားပြီး လေယာဉ်လက်မှတ်ဝယ်ယူရန် အခက်အခဲ ဖြစ်နေသူများကို ဧရာဝတီဖောင်ဒေးရှင်း မှ စိစစ်ပြီး အခမဲ့ ပြန်လည်ပို့ဆောင် ပေးနေခြင်းဖြစ်သည်။ မလေးရှား လူဝင်မှုကြီးကြပ်ရေး အနေဖြင့် ဌာနေပြန်လိုသူ မြန်မာနိုင်ငံသားများကို တစ်နေ့လျှင် ၂၀ ဦးခန့်သာ စိစစ်ပေးနေရာမှ ဇွန် ၁၉ ရက်မှ စတင် ကာ တစ်နေ့လျှင် လူ ၄၀ ဦးခန့် စိစစ်ပေးနေကြောင်း သိရသည်။

Eleven Media Group

မလေးရှားရောက် မြန်မာအလုပ်သမားများ အတွက် အလုပ်သမား ၀န်ကြီးဌာနမှ အလုပ်လျှောက်လွှာများ လက်ခံ

မလေးရှားရောက် မြန်မာအလုပ်သမား များအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီး ဌာနမှ ဇွန် ၁၈ ရက်မှ စ၍ အလုပ်လျှောက်လွှာများ လက်ခံလျက် ရှိကြောင်း အဆိုပါ ၀န်ကြီးဌာနမှ သိရ သည်။

လက်ရှိတွင် ဇွန် ၁၇ ရက်မှ ၂၁ ရက် နေ့အထိ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင် နေသည့် မြန်မာ အလုပ်သမား အမျိုးသား ၆၄ ဦး၊ အမျိုးသမီး ၁၉ ဦးတို့မှာ အလုပ်သမား ၀န်ကြီးဌာနသို့ လာရောက် ဆက်သွယ် အလုပ်လျှောက်ထား ခဲ့ကြောင်း သိရသည်။ ''ကျွန်တော်တို့ဆီကို ဆက်သွယ်လာတဲ့ အလုပ်သမားတွေကို သူတို့ရဲ့ အမည်၊ အသက်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တွေ တောင်းတယ်။ နောက် သူတို့ မလေးရှားကို စတင်ထွက်ခွာခဲ့တဲ့ ရက်၊ ခုနှစ် စသဖြင့် မေးတယ်။ ဟိုမှာ သူတို့ လက်ရှိလုပ်နေတဲ့ အလုပ်အကိုင်၊ ကုမ္ပဏီ၊ စက်ရုံတွေကို မေးတယ်။ နောက်ပြီး သူတို့ ကျွမ်းကျင်တဲ့ အလုပ်အကိုင်နဲ့ ဘယ်လို အလုပ်တွေကို လုပ်ကိုင်ချင်လဲ ဆိုတာတွေကို မေးပါတယ်'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

''ကျွန်တော်တို့ဆီကို ဆက်သွယ် အလုပ်လျှောက်တဲ့ သူတွေကို ဒီကအလုပ်ရှင်တွေနဲ့ ချိတ်ဆက်ပြီး သင့်တော်တဲ့ နေရာမှာ သူတို့ရဲ့ ကျွမ်းကျင်မှုအလိုက် ထည့်သွင်းပေး သွားမှာပါ။ အခု ကျွန်တော်တို့ဆီကို လာဆက်သွယ်တဲ့ အလုပ်ရှင်တွေလည်း ရှိပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။

Eleven Media Group

မြန်မာပြည်တောင်ပိုင်း ကျွန်းများတွင် သဘာဝဦးစားပေး ခရီးသွားလုပ်ငန်း များကိုသာ လုပ်ကိုင်သင့်ကြောင်း လေ့လာသူများ သုံးသပ်

မြန်မာနိုင်ငံ တောင်ဘက်ပိုင်းရှိ ကျွန်းများမှာ သဘာဝအတိုင်း တည်ရှိနေသေးသည့် အတွက် ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားမှု များပြားလာနေပြီး ခရီးသွား လုပ်ငန်းများကို ဖော်ဆောင်ပါက သဘာဝကို ဦးစားပေးသည့် ခရီးသွား လုပ်ငန်းများကိုသာ ဦးစားပေး လုပ်ကိုင်သင့်ကြောင်း လေ့လာသူများက သုံးသပ် ခဲ့ကြသည်။

မြန်မာနိုင်ငံ တောင်ဘက်စွန်းပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ကျွန်းစုနှင့် ကော့သောင်းခရိုင်အတွင်း ရှိ ကျွန်းများမှာ သဘာဝအလှအတိုင်း တည်ရှိနေသေးသည့်အတွက် ကမ္ဘာလှည့်ခရီးသွားများက စိတ်ဝင်စား လာခြင်း ဖြစ်ကြောင်းသိရသည်။ အထူးသဖြင့် ကော့သောင်းခရိုင်အတွင်းရှိကျွန်းများမှာ ယခုနှစ်ပိုင်းအတွင်း ခရီးသွားများ ပိုမိုစိတ်ဝင်စားကြခြင်းဖြစ်ကာ ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသူများ ပိုမိုရောက်ရှိ လာနိုင်ကြောင်း သိရသည်။

''ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကုမ္ပဏီနှစ်ခုကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဟိုတယ်လုပ်ငန်း ဖက်စပ် လုပ်ကိုင်ဖို့ BOT စနစ်နှင့် လန်ပိကျွန်းပေါ်မှာ နှစ် ၅၀ လုပ်ကိုင်ခွင့် ပေးလိုက်တယ်လို့ သိရတယ်။ လန်ပိကျွန်းက အမျိုးသား အဏ္ဏ၀ါဥယျာဉ်ကြီး ဖြစ်ပြီး သဘာဝ အလှတွေနှင့် နာမည်ကြီးတဲ့ ကျွန်းကြီး တစ်ကျွန်းပါ။ အမျိုးသား အဏ္ဏ၀ါ ဥယျာဉ်ဖြစ်တဲ့ အတွက် ကျွန်းကြီးပေါ်မှာရော ကျွန်းရှေ့က ရေပြင်များ မှာပါ သယံဇာတတွေကို ထုတ်ယူသုံးစွဲခွင့် မရှိပါဘူး။ တကယ်လို့ ခရီးသွားလုပ်ငန်းကို ဖော်ဆောင်တဲ့ အခါမှာ သဘာဝကို ဦးစားပေးတဲ့ ခရီးသွားလုပ်ငန်းကို လုပ်ဆောင် နိုင်မယ်ဆိုရင် နိုင်ငံခြား ခရီးသွားတွေ ပိုပြီး စိတ်ဝင်စားလာ ကြမှာပါ'' လို့ အဏ္ဏ၀ါသိပ္ပံဖြင့် ဘွဲ့ရထားသူ တစ်ဦးက ပြောကြားခဲ့သည်။ ဆလုံ လူမျိုးတွေ နေထိုင်မှု ပုံစံတွေပေါ့ နိုင်ငံခြားသားတွေ လိုချင်တဲ့ပုံစံက သဘာဝအတိုင်း တည်ရှိနေတဲ့ အလှတွေပဲ ဖြစ်တယ်။ ဟိုတယ် အကောင်းစားတွေ၊ အထပ်မြင့် အဆောက်အအုံတွေက သူတို့အတွက် မလိုအပ်ပါဘူး။ ရှိရင်းစွဲ သဘာဝ အလှကို ထိန်းသိမ်းထားပြီး ခရီးသွားတွေကို ဆွဲဆောင်သင့်ပါတယ်...

ကော့သောင်း ခရိုင်အတွင်း ကျွန်းပေါင်း ၁၇၃ ကျွန်းရှိပြီး လူနေထိုင်သည့် ကျွန်းများမှာ ၁၉ ကျွန်းသာ ရှိသေးပြီး ကျွန်းအများစုမှာ ခရီးသွားလုပ်ငန်းများ စိတ်ဝင်စားသည့် သဘာဝအလှများ တည်ရှိနေသည့် ကျွန်းများ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ ကမ္ဘာလှည့် ခရီးသွားများ ၀င်ရောက်လေ့ရှိပြီး၊ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့မှ တစ်ဆင့် ကျွန်းများသို့ သွားရောက်ကြခြင်း ဖြစ်ကြောင်း သိရသည်။ ကော့သောင်းမြို့မှ ရေလမ်းခရီး တစ်ခုတည်းသာရှိပြီး စက်လှေများဖြင့် သွားရောက်လိုသည့် ကျွန်းများကို ပို့ဆောင်ပေးရခြင်း ဖြစ်ကြောင်း သိရသည်။

''ကျွန်းစုမြို့နယ် အတွင်းမှာရှိတဲ့ ကျွန်းတွေထက်ကော့ သောင်းမြို့နယ် အတွင်းမှာရှိတဲ့ ကျွန်းတွေကို ခရီးသွားတွေ ပိုစိတ်ဝင်စားပါတယ်။ လမ်းပန်းခရီး အနေအထား၊ နိုင်ငံခြားသား ၀င်ရောက်မှု အနေ အထားတွေနှင့်လည်း ဆိုင်ပါတယ်။ မြိတ်ကနေ သွားမယ်ဆိုရင် လှေပေါ်တက်လိုက်တာနဲ့ ကျွန်းစုမြို့နယ် ကိုအ၀င်ပြတဲ့အတွက် စာရွက်စာတမ်းတွေထပ်လုပ်ရမယ်။ ရေပြင်အနေအထားတွေ၊ လှပတဲ့သဲသောင်တွေ က ဒီဘက်မှာ ရှားနေပါတယ်။ ဒါကြောင့် ကော့သောင်းဘက်ကို ပိုပြီး စိတ်ဝင်စားကြတာ ဖြစ်ပါ တယ်။ နောက်တစ်ခုက ဆလုံလူမျိုးတွေ နေထိုင်မှု ပုံစံတွေပေါ့ နိုင်ငံခြားသားတွေ လိုချင်တဲ့ပုံစံက သဘာဝအတိုင်း တည်ရှိနေတဲ့ အလှတွေပဲ ဖြစ်တယ်။ ဟိုတယ် အကောင်းစားတွေ၊ အထပ်မြင့် အဆောက် အအုံတွေက သူတို့အတွက် မလိုအပ်ပါဘူး။ ရှိရင်းစွဲ သဘာဝ အလှကို ထိန်းသိမ်းထားပြီး ခရီးသွားတွေကို ဆွဲဆောင်သင့်ပါတယ်'' ဟု ကော့သောင်းခရိုင် အတွင်းရှိ ကျွန်းများကို သွားရောက် လေ့လာခဲ့သူ ကိုနိုင် က ပြောကြားခဲ့သည်။

လန်ပိအမျိုးသား အဏ္ဏ၀ါဥယျာဉ်ကြီး အပြင် ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားသည့် ကျွန်းများလည်း များစွာရှိနေသေးပြီး တချို့ကျွန်းများမှာ လှပသော်လည်း လူသူအရောက် နည်းနေသည့် ကျွန်းများလည်း ရှိနေသေးကြောင်း သိရသည်။

Eleven Media Group

၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ ပဋိပက္ခ ရိုက်ခတ်ခံရသူများ အတွက် ဗြိတိန်နိုင်ငံက စတာလင်ပေါင် သန်း ၁၈၀ ကျော် ကူညီမည်

၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ ပဋိပက္ခ ရိုက်ခတ်ခံရသူများ အပါအ၀င် နယ်ပယ်ပေါင်းစုံအတွက် ဗြိတိန်နိုင်ငံက စတာလင် ပေါင်သန်း ၁၈၀ ကျော် လှူဒါန်းရန် စီစဉ် ထားကြောင်း ဖွံ့ဖြိုးရေးဝန်ကြီး အလယ်(န်)ဒန်ခင်(န်)က ဇွန် ၂၀ရက်က နေပြည်တော်တွင် ပြောကြား သည်။

''ဒီငါးနှစ် စီမံကိန်း အတွင်းမှာ ကျန်းမာရေး၊ ပညာရေး၊ ကြွယ်ဝမှု ဖန်တီးခြင်းသာမက ပဋိပက္ခ၏ ရိုက်ခတ်မှု ကို ခံရသူတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ များကဲ့သို့သော နယ်ပယ်တွေကို အလေးထား ဆောင်ရွက်ဖို့ လှူဒါန်းတာပါ။ ရခိုင်နဲ့ ကချင်ပြည်နယ်တွေမှာ ရေလွှမ်းမိုးခြင်း၊ ရောဂါဘယ ဒဏ်ကြောင့် ဘေးအန္တရာယ် ကျရောက်နေသူတွေကို ကူညီပံ့ပိုးမှု ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်'' ဟု ဗြိတိန်ဖွံ့ဖြိုးရေး ၀န်ကြီးက ပြောကြားသည်။

ကချင်ပြည်နယ်အတွင်းမှ ဒုက္ခသည်ပေါင်း ၈၀၀၀၀ ခန့် ကြုံတွေ့နေရသည့် ဒုက္ခများကို ကူညီဖြေရှင်းပေးနိုင် ရန် ရည်ရွယ်ကြောင်း၊ ရခိုင်ပြည်နယ်မှာဆိုရင်လည်း မိုးရာသီစတင်လာပြီ ဖြစ်သည့်အတွက် အချို့မိသားစု များသည် ယာယီတဲများဖြင့်သာ နေထိုင်နေရကြောင်း၊ ကျန်းမာရေးအတွက် ဂရုစိုက်ရန် လိုအပ်ကြောင်း၊ လူသားချင်းစာနာ ထောက်ထားပြီး အကူအညီများ ပေးရန် လိုအပ်နေကြောင်း ၎င်းက ပြောကြားသည်။

ဗြိတိန်နိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်တွင် စတာလင်ပေါင် ၆ ဒသမ ၄ သန်း ထောက်ပံ့ပေးထားကြောင်း၊ လူပေါင်းရှစ်သောင်းအတွက် ရေကောင်းရေသန့်၊ ယင်လုံအိမ်သာ၊ မွေးကင်းစမှ ၅၉ လသားအထိ အာဟာရ ချို့တဲ့သည့် ကလေးများကို ကုသပေးနေကြောင်း သိရသည်။ ထို့အပြင် ကချင်ပြည်နယ် ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူများ အတွက် စတာလင်ပေါင် ၃ ဒသမ ၅ သန်း ကူညီထားကြောင်း၊ လက်ရှိ တွင် ကချင်ပြည်နယ်အတွက် ကုလသမဂ္ဂမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉ သန်းကို ရရှိထားကြောင်း ဖွံ့ဖြိုးရေးဝန်ကြီး၏ ပြောပြချက်အရ သိရသည်။

Eleven Media Group

ကုသိုလ်တော် ကျောက်စာ ကုလ အသိအမှတ်ပြု

မန္တလေးမြို့က နှစ်၁၅၀နီးပါး သက်တမ်း ရှိပြီဖြစ်တဲ့ ပိဋကတ် ကျောက်စာတွေကို ယူနက်စကို ကုလသမဂ္ဂ အဖွဲ့က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းသွင်းအသိအမှတ်ပြုလိုက်ပါပြီ။ အဲဒီကျောက်စာတွေကို မင်းတုန်းမင်းကြီးက မန္တလေးမြို့ ကုသိုလ်တော်ဘုရားအတွင်းမှာတည်ထားခဲ့တာဖြစ်ပြီး ကု သိုလ်တော် ကျောက်စာတွေအဖြစ် လူသိများကြပါတယ်။ ဒါဟာ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်တခုကို ပထမဆုံးအကြိမ် ကမ္ဘာ့အဆင့် တရား ဝင် အသိအမှတ် ပြုလိုက်တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အဲဒီကုသိုလ်တော် ကျောက်စာတွေအပါအဝင် တခြားကမ္ဘာ့နိုင်ငံအသီးသီးက ယဉ်ကျေးမှုအမွေအနှစ်ပေါင်း ၅၄ခုကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်တွေ အဖြစ် ယူနက်စကို ကုလသမဂ္ဂအဖွဲ့က စာရင်းသွင်း အသိ အမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။

ဇွန်လ ၁၈ရက်နေ့ကနေ ၂၀ရက်နေ့အထိ တောင်ကိုးရီးယား နိုင်ငံ ဂွမ်ဂျူးမြို့မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ နိုင်ငံတကာ အကြံပေးကော်မီတီက စစ်ဆေး လေ့လာပြီး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

BBC Burmese

၈၈ မျိုးဆက်ရဲ့ မြောက်ပိုင်း အိုင်ယာလန်ခရီး

မြောက်ပိုင်းအိုင်ယာလန်မှာ ၂ ရက်ကြာခရီး ရောက်နေတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေက ဒီခရီးစဉ် အတွင်း စံနမူနာယူစရာ အတွေ့အကြုံကောင်းတွေ အများကြီး ရရှိခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်နေတဲ့ အသိုင်းအ၀ိုင်း နှစ်ခုကို ဘယ်လို ချိတ်ဆက်မလဲ၊ ပြီးတော့ ပြဿနာဖြေရှင်း နည်း၊ ငြိမ်းချမ်းရေး တည်ဆောက်ပုံတွေကို အဓိက လေ့လာခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အနေအထားအရ လွတ်လပ်တဲ့ လူ့အခွင့်အရေး ကော်မရှင် ရှိဖို့ လိုအပ်တယ်လို့လည်း ပြောဆိုခဲ့ကြပါ တယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပေးပါရှင်။

မနေ့ ကြာသပတေးနေ့က သွားရောက်ခဲ့တဲ့ ဒီခရီးစဉ်အတွင်း ၈၈ မျိုးဆက်ခေါင်းဆောင်တွေဟာ အိုင်ယာလန်နိုင်ငံရဲ့ တရားရေးဝန်ကြီး ဒေးဗစ် ဖို့ဒ်အပါအ၀င် လူမှုကူညီရေးအဖွဲ့တွေ၊ လူ့အခွင့် အရေးကော်မရှင်တို့နဲ့ တွေ့ဆုံခဲ့ကြပြီးတော့ မြောက်ပိုင်းအိုင်ယာလန်ရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့ မှု ဖြစ်စဉ်တွေနဲ့ လက်ရှိအနေအထားတွေကို လေ့လာခဲ့ကြတာဖြစ်တယ်လို့ ဒီခရီးစဉ်မှာပါဝင်တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေး က ပြောပြပါတယ်။

“အဓိက-က ကက်သလစ် နဲ့ ပရိုတက်စတင့်နဲ့ ကြားထဲမှာ ဖြစ်ပွားတဲ့ ပြဿနာတွေကို ခြုံမိလုပ်တဲ့ အခါတွေ၊ နောက်တစ်ခုက transitional justice နဲ့ပတ်သက်တဲ့ကိစ္စတွေ Human Rights ကော်မရှင်နဲ့ ပတ်သက်တဲ့ကိစ္စတွေ ကျနော်တို့ လေ့လာရတာပဲဗျ။ အဓိက ကတော့။”  လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကွာဟချက်တွေက အများကြီးရှိပေမဲ့ - မပြေလည်တဲ့ အသိုင်း အ၀ိုင်း နှစ်ခုကို ပေါင်းစပ်ဖို့အတွက် လူငယ်တွေက စခဲ့တာနဲ့ အတိတ်ကို မေ့မထားဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးကို တည်ဆောက်နိုင်တာတွေကိုလည်း စံနမူနာ ယူစရာ တွေ့ခဲ့ရတယ်လို့ ကိုမြအေးက ဆက်ပြောပါတယ်။

“—ဒီဘက်ကလူတွေအနေနဲ့က သူတို့ရဲ့ ဉာဏ်ရည်မြင့်မားမှုကလည်း ကျနော်တို့ထက် အများကြီးသာ တယ်လေ။ အဲဒါ ပညာသင်ကြားမှုစနစ်တွေရော၊ ဘာတွေရော ကြည့်မယ်ဆိုရင်- နောက်တစ်ခုက စီးပွားရေးအနေအထားအရ ကြည့်မယ်ဆိုရင်လည်း ကျနော်တို့ထက် အများကြီးသာတယ်ဗျာ။ အဲဒီ အခြေအနေတွေကတော့ ကြီးကြီးမားမား ကွာဟချက်အနေနဲ့ ကျနော်တို့တွေ့တယ်ဗျ။ ဒါပေမဲ့ ကျနော်တို့ ရလိုက်တဲ့ဟာက ဘာလဲဆိုတော့ ကွန်မြူနတီ နှစ်ခုကို ချိတ်ဆက်ပေးတဲ့နေရာမှာ လူငယ်တွေကနေ စပြီးတော့ ပြုစုပျိုးထောင်ပေးသွားတယ်ဆိုတဲ့အချက်တွေ၊ အရမ်းကောင်းတဲ့အချက်ကတော့ အတိတ် ကိုမေ့ပစ်လို့မရဘူး၊ ဒါပေမဲ့ အတိတ်ရဲ့ ဖိစီးမှုကိုလည်း မခံရစေနဲ့ဆိုတဲ့ ဆိုရိုးမျိုးပေါ့ဗျာ။ အဲဒါတော့ သိပ်ကောင်းတယ်ဗျ။ အတိတ်ဆိုတာက ကျနော်တို့က မေ့လို့မရဘူးဗျ။ အတိတ်ကိုမေ့ပြီးတော့မှ National Reconciliation ကိုလုပ်မယ်ဆိုတဲ့ဟာက သိပ်မဖြစ်နိုင်ဘူးဆိုတဲ့ဟာ ကျနော်တို့ သွားတွေ့တယ်။ ဒါတွေက စနစ်ကျမှုပိုင်းမှာတော့ ကျနော်တို့နဲ့ အများကြီးကွာဟနေတာကို သွားတွေ့တယ်ဗျ။ နောက်တစ်ခုက လူသားကို တန်ဖိုးထားမှု အပိုင်းမှာလည်း အရမ်းကိုကွာတယ်ပေါ့နော်။ အဲဒါတွေကတော့ ကျနော်တို့ အတွက် ကြီးကြီးမားမားယူရမယ့် သင်ခန်းစာတွေပဲလို့ ကျနော်ထင်တယ်ဗျ။”

ဆယ်စုနှစ် ၂ ခုကျော်ကြာ စစ်အုပ်ချုပ်ရေးစနစ်အောက် ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အနေအထားအရ - ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးမျိုး တည်ဆောက်နိုင်ဖို့အတွက်ဆိုရင် - ကကြီးကနေပြန်စရမှာဖြစ်ပြီး - ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့နေရာမှာ ကြားခံအဖွဲ့အစည်း ဆိုတာ လိုအပ် တယ်လို့လည်း ကိုမြအေး က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွက် အစိုးရက ၀င်ရောက် စွက်ဖက်ခြင်းမရှိတဲ့ လွတ်လပ်တဲ့ လူ့အခွင့်အရေးကော်မရှင်တွေ ရှိဖို့လည်း လိုအပ်တယ် ဆိုတာကို လည်း တွေ့မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“တချို့ တချို့အပိုင်းမှာ ကျနော်တို့က တွေးခေါ်ပုံတွေးခေါ်နည်းက တဘက်ဆိုဒ်ကပဲ တွေးတတ်တယ်။ ဒါကတော့ ကျနော်တို့ရဲ့ ဖြတ်သန်းလာရတဲ့အတွေ့အကြုံအရ ပြောတာပေါ့။ အာဏာပိုင်အဖွဲ့အစည်း အရပဲဖြစ်ဖြစ်၊ သူက လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်ပေါ့ဗျာ။ ကျူးလွန်လို့ သူ့ကို ပြစ်မှုအရ အရေးယူလိုက် တယ်၊ ထောင်ချလိုက်တယ်၊ ဒါကတပိုင်းပဲ-တဲ့။ သူထောင်ကျသွားတဲ့အခါ ထောင်ထဲမှာတော့ လူသား တစ်ယောက်အနေနဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ရဖို့ဆိုတာကတော့ လူသားဆိုတဲ့နေရာကပဲ ချဉ်းကပ်တယ်ဗျာ။ အဲဒီနေရာမှာတော့ ဖြူတာတွေ၊ မည်းတာတွေ၊ နီတာတွေ၊ ဝါတာတွေ မရှိဘူးပေါ့နော်။ အဲဒါတွေကတော့ ကျနော်တို့အတွက် ကောင်းတဲ့အတွေ့အကြုံတစ်ခုပဲလို့ မြင်တယ်လေ။ ဒီဟာမျိုးတွေနဲ့ ကျနော်တို့မှာ လွတ်လပ်တဲ့ လူ့အခွင့်အရေး ကော်မရှင်တွေ ပေါ်လာမယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံ အတွက် အရမ်းကောင်းတာပေါ့ဗျာ။ လွတ်လပ်တဲ့လူ့အခွင့်အရေး ကော်မရှင်ဆိုတဲ့အခါမှာလည်း အစိုးရက ဝင်ရောက်စွက်ဖက်မှု မရှိဘဲနဲ့ ထောက်ပံ့မှုသက်သက်ပေးတဲ့ လူ့အခွင့်အရေးကော်မရှင်တွေ ဖြစ်တာ ကို တွေ့တယ်ဗျ။ အဲဒါတွေကတော့ အတွေ့အကြုံ အများကြီး ရတာပါပဲ။ အဲဒီက။”

၈၈ မျိုးဆက်ခေါင်းဆောင်တွေဟာ ၂ ရက်ကြာ သူတို့ရဲ့ မြောက်ပိုင်းအိုင်ယာလန်ခရီးစဉ်ကို ဒီကနေ့ အဆုံးသတ်ပြီး မကြာခင်မှာ လန်ဒန်ကို ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။ မနက်ဖြန် စနေနေ့မှာတော့ လန်ဒန်မှာရှိတဲ့ မြန်မာမိသားစုတွေ နဲ့လည်း တွေ့ဆုံဖို့ရှိသလို၊ ရန်ကုန်ကို ပြန်လည်မထွက်ခွာခင် ဗြိတိန် အစိုးရတာဝန်ရှိသူတွေလည်း တွေ့ဆုံမှာဖြစ်ပါတယ်။ ခရီးစဉ်အတွင်းမှာတော့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုကျော်ကျော်ထွေး၊ မမီးမီး နဲ့ မနီလာသိန်းတို့ ပါဝင်တယ်လို့ သိရပါတယ်ရှင်။

VOA Burmese

အိန္ဒိယမှာ ရေကြီးလို့ လူ ၅၀၀ ကျော်သေဆုံး

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ရေကြီးလို့ သေကြေတဲ့လူ အရေအတွက်ဟာ ၅၀၀ ကျော်လာပြီလို့ အစိုးရက ထုတ်ပြန်ပါတယ်။ ဒီထက်လည်း လူ အသေအပျောက် များနိုင်သေးတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ ပရဟိတ အဖွဲ့တစ်ခုဖြစ်တဲ့ Action Aid ကလည်း ပျောက်ဆုံးနေသူ အရေအတွက်ဟာ ငါးထောင် ကျော်နေတယ်လို့ ပြောပါတယ်။ သည်းထန်တဲ့ မုတ်သုန်မိုးကြောင့် အွတ်တရာခန်းပြည်နယ်က လမ်းတွေနဲ့ အိမ်တွေ ပျက်စီးခဲ့လို့ လူ ၅ သောင်းကျော်ဟာ မိုးထဲမှာပဲ ရှိနေသေးတယ်လို့ အစိုးရက ကြေငြာ ပါတယ်။ မွန်ဘိုင်းမြို့မှာတော့ အိမ်တလုံးပြိုလို့ လူ ၁၀ ဦး သေဆုံးပြီး အများအပြား ပိတ်မိနေဆဲလို့ ယူဆ ရကြောင်း ရဲက ပြောပါတယ်။ မွန်ဘိုင်းမှာလည်း ဒီရက်ပိုင်းအတွင်း မိုးသည်းထန် နေပါတယ်။

BBC

စစ်တွေရှိ ဒုက္ခသည်များ နေရပ်ရင်း ပြန်ရန် ငြင်းဆန်၍ ပြည်နယ်အစိုးရ အခက်ကြုံ

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ အကြမ်းဖက်မှုများကြောင့် စစ်တွေမြို့နယ်သို့ ရောက်ရှိခိုလှုံနေထိုင် ကြသော အခြားမြို့နယ်များမှ မူဆလင် ဒုက္ခသည်များ မူလဒေသသို့ ပြန်ပို့ရန် အစီအစဉ်ကို ငြင်းဆန်နေ၍ ရခိုင် ပြည်နယ်အစိုးရအနေဖြင့် အခက်တွေ့နေရကြောင်း အစိုးရအဖွဲ့၊ သတင်း ပြန်ကြားရေးနှင့် မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်း က မဇ္ဈိမကို ပြောသည်။

ပဋိပက္ခဖြစ်စဉ်တွင် ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော၊ မင်းပြား စသည့်မြို့နယ်များမှ အိုးအိမ်မဲ့ မူဆလင် ဒုက္ခသည်များ စစ်တွေမြို့ဘက်သို့ ထွက်ပြေးရောက်ရှိလာကြပြီး သဲချောင်းရွာအနီး ဒုက္ခသည် စခန်း များတွင် ပြည်နယ်အစိုးရက ယာယီနေရာချထားခဲ့ခြင်း ဖြစ်သည်။ “ကျနော်တို့ပြည်နယ်အစိုးရက မိုးမကျမီ ဒုက္ခသည်များမိမိတို့ မူလနေထိုင်ရာ ဒေသမှာ အမိုးအကာအောက်ရောက်ရှိရေးအတွက်  နေ အိမ်တွေ ဆောက်ပေးခဲ့တယ်။ ဒါကလည်း သူတို့တွေရဲ့ ဆန္ဒနဲ့အညီ ပြန်လည်နေရာချထားဖို့ စီစဉ်ခဲ့ တာ ဖြစ်တယ်။ တကယ်တမ်း ပြန်ပို့မယ်ဆိုတော့ ငြင်းဆန်နေကြပြန်တယ်။ အားလုံးပြင်ဆင်ထားပြီးမှ မသွားဘူး ငြင်းနေတော့ အခက်ကြုံရတာပေါ့ဗျာ” ဟု ဦးလှသိန်း က ဆိုသည်။

ထိုသို့ငြင်းဆန်မှု ဖြစ်ပွားခဲ့ခြင်းမှာ ဇွန်လ လဆန်းပိုင်းက ပေါက်တောမြို့နယ်မှဒုက္ခသည်များအား နေရင်း အရပ်သို့ပြန်ပို့စဉ်က ဖြစ်ရပ်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။ ရခိုင်နှင့် မူဆလင် နှစ်ဖက် ဒုက္ခသည် များအတွက် တဲအိမ်ကြီးများ နောက်ထပ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိကာ စစ်တွေတွင် ၆၂၇ လုံး၊ ပေါက်တောတွင် ၄၆၉လုံး၊ ရသေ့တောင်တွင် ၆၄ လုံး၊ ကျောက်တော်တွင် ၁၁၁ လုံး၊ မြောက်ဦးတွင် ၇၂ လုံး၊ မင်းပြားတွင် ၈၄ လုံး၊ မြေပုံတွင် ၉၅ လုံး၊ ကျောက်ဖြူတွင် ၇၁ လုံး၊ ရမ်းဗြဲတွင် ၁၂ လုံး ဆောက် လုပ်နေပြီး ဇွန်လအတွင်း အပြီး ဆောက်လုပ်သွားမည်ဟု ပြည်နယ်အစိုးရက ဇွန်လ ၆ ရက်နေ့က သတင်း ထုတ်ပြန်ထားသည်။

“ထပ်မံဆောက်လုပ်မှုအတွက် ကျပ်သန်းပေါင်း ၄၉၀၀၀ ကုန်ကျပါတယ်။ ဒီဆောက်လုပ်မှုတွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ WFP၊ UNHCR တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်။ ဒါ့ပြင် UNHCR က စစ်တွေ စက်ရုံစုရှိ ရခိုင်ဒုက္ခသည်များအတွက် အိမ်သာ ၂၂ လုံးကိုလည်း ဆောက်လုပ်ပေးခဲ့ပါတယ်” ဟု ဦးလှသိန်းက ရှင်းလင်းပြော
ပြသည်။

Mizzima

ရခိုင်ဒေသ ဒုက္ခသည်များ ပြန်လည် မထူထောင်နိုင်သေး

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ တနှစ်ပြည့်မြောက်သည့် အချိန်အထိ လူနေမှုဘ၀ ပုံမှန်မရှိသေးသည့် ဒုက္ခသည်များအတွက် လူသားချင်း စာနာမှု အကူအညီများပေးသွားမည်ဟု ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးဝန်ကြီး က ၎င်း၏ ရခိုင်ဒေသ ခရီးစဉ်တွင် ပြောဆိုသွားကြောင်း သိရသည်။

ဗြိတိန် ဖွံ့ဖြိုးမှုဝန်ကြီး Right Honourable Alan Duncan MP ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၈ ရက်နေ့ တွင် စစ်တွေမြို့သို့ ရောက်ရှိပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ဒေသခံ ရပ်မိရပ်ဘများ စသည်တို့နှင့်တွေ့ဆုံ၍ ဒုက္ခသည် အရေးများ ဆွေးနွေးရာတွင် လူသားချင်းစာနာမှု ကူညီပေးရေးတို့ ကို ပြောဆိုသွားကြောင်း၊ သို့သော် မည်သည့်အတိုင်းအတာ၊ မည်သည့် အချိန်တွင် ကူညီပေးမည်ဆိုသည် ကို ပြောဆိုမှုမရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ဧရာဝတီ ကို ပြောသည်။

“လူသားချင်းစာနာမှုတွေကို နိုင်ငံတကာ အဖွဲ့တွေလာတိုင်း ဒေါ်လာ ၅ သန်း ကူညီမယ်၊ ၁၀ သန်း ကူညီ မယ်လို့ အမြဲတမ်း ပြောကြ ပေမယ့် ကျနော်တို့အစိုးရအဖွဲ့ကို လက်တွေ့ကူညီတာ အလွန်နည်းပါ တယ်၊ ပါးစပ်နဲ့ကူတာ၊ လှူတာတွေပဲ များနေတယ်”ဟု ဦးဝင်းမြိုင်က ဆိုသည်။ ဒုက္ခသည်များ အမိုးအကာအောက် အလုံးစုံ မရောက်ခြင်း၊ ပညာရေး ပုံမှန်သင်ကြားနိုင်မှု မရှိသေးခြင်းသည်လည်း ကုလသမဂ္ဂ အဖွဲ့ အပါ အ၀င် နိုင်ငံတကာ၏ ပါဝင်ပူးပေါင်းမှု အားနည်းချက်ကြောင့် ဖြစ်သည်ဟု ဦးဝင်းမြိုင်က ဆက်ပြောသည်။

၎င်းက“ဘင်္ဂါလီ (မွတ်စလင်) တွေကို လူတန်းစေ့ အိမ်ဆောက်ပေးဖို့ လူဦးရေစာရင်း (ဆွဲ၊ တင်၊ စစ်) ကောက်ရင်လည်း ကန့်ကွက်ဆန္ဒပြကြတယ်၊ ဆောက်ပေးထားတဲ့ ကျောင်းမှာလည်း မြန်မာစာ သင်ပေးလို့ဆိုပြီး သားသမီးတွေ ကျောင်းမပို့ကြဘူး၊ ဒါတွေ လက်ခံပေးဖို့ ဘယ်နိုင်ငံတကာ အဖွဲ့ကမှ ဘင်္ဂါလီ တိုက်တွန်းတာ မရှိပါဘူး”ဟု ဆိုသည်။

ရခိုင်ပဋိပက္ခ တနှစ်ပြည့်မြောက်ချိန်တွင် ဒုက္ခသည် တသိန်းခွဲနီးပါး (၁၄၀၀၀၀ ကျော်) ရှိနေကာ ၎င်းတို့၏ လူနေမှုဘ၀ အခြေအနေ သည် ပုံမှန်မရောက်သေးကြောင်း၊ ဒုက္ခသည်များနှင့် ပတ်သက်၍ မှတ်ပုံတင် စာရင်းပြုစုနေမှုကိုလည်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ကူညီထောက် ပံ့ပေးရန် အဆင်သင့်ရှိကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်၍ လည်း အစိုးရ အာဏာပိုင် များနှင့်ပူးပေါင်းကာ အကူအညီများ ပေးနေကြောင်း ဇွန်လ ၇ ရက်နေ့က ထုတ်ပြန်သည့် ကုလသမဂ္ဂ အစီရင်ခံစာတွင် ပါရှိသည်။

ဒုက္ခသည်များ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အတွက် လယ်ထွန်စက်၊ မျိုးစပါး၊ ဓာတ်မြေသြဇာ၊ စက်သုံးဆီများ ဖြန့်ဝေပေးထားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ ပင်လယ်လုပ်ငန်း လုပ်ကိုင်နိုင်ရန် ငါးဖမ်း လှေများ၊ ပိုက်ကွန်များ ဖြန့်ပေးသွားမည်ဟုလည်း သိရသည်။
ဗြိတိန်ဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေဒေသအပြင် မြေပုံမြို့နယ်သို့လည်း သွားရောက်ခဲ့ပြီးစားဝတ် နေရေး အတွက် လိုအပ်သည့် ပစ္စည်းတချို့နှင့်ဆေးဝါးများ ကို ထောက်ပံ့ပေးသွားကြောင်း ဒုက္ခသည် တချို့က ဧရာဝတီ ကို ပြောသည်။

စစ်တွေမြို့နယ် အတွင်းရှိ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များအတွက် နေအိမ်များဆောက်လုပ်နေကာ ဇွန်လကုန်တွင် ပြီးစီးမည် ဖြစ်ကြောင်း၊ မေလကုန်တွင် အပြီးဆောက်လုပ်မည်ဟု ရည်ရွယ်ထားသော်လည်း ဘင်္ဂါလီဒုက္ခသည်များ၏ လူဦးရေစာရင်း အတိအကျကောက်ခံရာတွင်အခက်အခဲများကြောင့် နှောင့်နှေးနေ ရခြင်းဖြစ်ကြောင်း၊ ဘင်္ဂါလီ ဒုက္ခသည်စခန်းများသို့ တခြားဒေသများမှ ၀င်ရောက်လာနေသူများ ရှိနေသည့် အတွက် ရိက္ခာပေးဝေရာတွင်လည်း အခက်အခဲများရှိနေကြောင်း ဦးဝင်းမြိုင်က ပြောသည်။ စစ်တွေမြို့နယ် အတွင်း ဒုက္ခသည် စခန်း ၅ ခုရှိပြီး ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ ကျောက်ဖြူ စသည့် မြို့နယ်များတွင် လည်း ဒုက္ခသည်စခန်းများ ရှိသည်။

ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း ကစတင်ခဲ့သည့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော အကြမ်းဖက်ပဋိပက္ခများတွင် လူပေါင်း ၁၆၇ ဦး သေ ဆုံးခဲ့ပြီး ဘာသာရေး အဆောက်အအုံများ အပါအ၀င် အိမ်ခြေပေါင်း ၁ဝဝဝဝ ကျော် ဖျက်ဆီးခံခဲ့ရသည်ဟု ကုလသမဂ္ဂ အစီရင် ခံစာ တွင် ဖော်ပြထားသည်။

ဧရာဝတီ

ဓါးပြတွေနဲ့ ဖြစ်တဲ့ တိုက်ပွဲမှာ မြန်မာက ဓါးပြခေါင်းဆောင် ဖမ်းမိ၊ ဘင်္ဂလာဒေခ်ျ့ ရဲ (၄) ဦး ဒဏ်ရာရ

မြန်မာ နယ်စပ် အနီး ဓါးပြ အဖွဲ့ တစ်ခုနဲ့ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ မြန်မာက ဓါးပြ ခေါင်း ဆောင် တစ်ဦးကို ဒဏ်ရာနဲ့ ဖမ်းမိပြီး ဘင်္ဂလာဒေခ်ျ့ ရဲ အဖွဲ့ဝင် (၄) ဦးလည်း တိုက်ပွဲမှာ ဒဏ်ရာ ရရှိသွား ခဲ့တယ်လို့ ဒီကနေ့ထုတ် The Independent သတင်းစာမှာ ဖေါ်ပြပါတယ်။

ဒဏ်ရာ ရသွားတဲ့ ဘင်္ဂလာဒေခ်ျ့ ရဲအဖွဲ့ဝင် (၄) ဦးထဲမှာ နှစ်ဦးက အရာရှိဖြစ်ပြီး နှစ်ဦးကတော့ သာ မန်ရဲတွေ ဖြစ်ကြ တယ်လို့ ပြောပါတယ်။“ ဒဏ်ရာရတဲ့ ရဲအရာရှိနှစ်ဦးကတော့ SI Nasir နဲ့ SI Mnjur Kader တို့ဖြစ်ကြပြီး ရဲတပ်သားတွေကတော့ Mamum (၂၈) နှစ်နဲ့ Mahbob (၂၉) နှစ်တို့ ဖြစ်ကြတယ်” ဆိုပြီး ရဲတာဝန်ရှိသူတွေက ထုတ်ဖေါ် ပြောဆိုပါတယ်။သေနတ် ဒဏ်ရာနဲ့ ဖမ်းမိတဲ့ မြန်မာနိုင်ငံကလို့ ပြောတဲ့ ဓါးပြ ခေါင်းဆောင်ကတော့ အမ်းဒီ တာရက် – Md Tarek ( ၃၀) နှစ် ဖြစ်ပြီး သူရဲ့ ဖခင်ကတော့ အဘူလ် ဟူစိန်လို့ ပြောပါတယ်။ ဇာတိကတော့ မောင်တောမြို့နယ် လာပီယာ (Lapiya) ရွာက ဖြစ် တယ် လို့ သတင်းစာမှာ ဖေါ်ပြပါတယ်။

ဓါးပြခေါင်းဆောင် တာရက်ဟာ မြန်မာနိုင်ငံကနေ တရားမ၀င် လာရောက်နေထိုင်တဲ့ ဒုက္ခသည် တစ်ဦး ဖြစ်ပြီး ရာမူး မြို့နယ် Jouarianala မှာ တောင်ပေါ်မှာ နေထိုင်သူ ဖြစ်တယ်လို့ ပြောပါတယ်။
 

တာရက် ဦးဆောင်တဲ့ ဓါးပြ အုပ်စုဟာ ဒေါ်လာ ဖိကီယာ မာဇာ အရပ်က အိမ်တစ်အိမ်ကို ဓါးပြတိုက်ဖို့ အတွက်စောင့်ဆိုင်း နေစဉ် မှာ ကော့စ်ဘဇား ခရိုင် အီဂင်ရဲတပ်ဖွဲ့က သတင်းအရ လိုက်သွားစဉ်မှာ ဓါးပြ တွေက စတင် ပစ်ခတ်တယ်လို့ ပြောပါတယ်။

ရဲတွေကလည်း ပြန်လည် ပစ်ခတ်တဲ့ အတွက် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားပြီး ဓါးပြတွေ ဆုတ်ခွာ ထွက် ပြေးစဉ် ခေါင်းဆောင် ဖြစ်သူ တာရက်ကို ဒဏ်ရာနဲ့ ဖမ်းမိတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓါးပြ ခေါင်းဆောင်ဆီက ဒေသလုပ် LG အမျိုးအစား သေနတ်တစ်လက်၊ ယမ်းတောင့် ၉ ခုနဲ့ ဓါးပြတိုက်ရာ မှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ဖမ်းမိတယ်လို့ ပြောပါတယ်။

ဒဏ်ရာ ရသွားတဲ့ ရဲတွေကိုတော့ ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။

မျက်စိဝေဒနာရှင်များအတွက် အခမဲ့ သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်

မကြာခင်မှာ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရဲ့ သီတဂူ စက္ခုဒါနဆေးရုံတော်ကြီးမှာ မျက်စိဝေဒနာ ခံစားနေ ရသူများကို အခမဲ့ စမ်းသပ် ကုသပေးတော့မှာဖြစ်ပါတယ်။ ယခုလာမဲ့ ဇွန်လ ၂ဝ၊ ၂၁၊ ၂၂၊ ၂၃ရက်နေ့ များမှာ မျက်စိအထူးကု သမားတော်ကြီးများ ကိုယ်တိုင် ဆေးရုံကြီးကို ကြွရောက်လာပြီး လူနာများကို စမ်းသပ် ကုသပေးမှာ ဖြစ်ပါတယ်။ သီပေါမြို့ရဲ့ သီတဂူစက္ကုဒါန ဆေးရုံတော်ကြီးမှာ လူမျိုး ဘာသာမရွေး မျက်စိ ဝေဒနာရှင်တွေကို ကုသပေးလာတာ အခုဆိုရင် ၂၄ကြိမ်မြောက် ရှိပါပြီ။ သီပေါမြို့ရဲ့ သီတဂူ စက္ခုဒါနဆေးရုံအကြောင်းကို ဒီနေရာမှာ အနည်းငယ် ဖော်ပြချင်ပါတယ်။ “သီတဂူ စက္ခုဒါနဆေးရုံတော်” ကြီးဟာ သီပေါမြို့ မြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးရဲ့ တောင်ဘက် ဘုရားပရ၀ုဏ် အတွင်း မှာ တည်ရှိပါတယ်။ ဆေးရုံတော်ကြီးကို စစ်ကိုင်းတောင်ရိုး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ၏ လမ်းညွှန်သြ၀ါဒများနဲ့ တည်ဆောက် အကောင်အထည်ဖေါ်ခဲ့ ပါတယ်။ သီတဂူဆရာတော်ကြီးမှ တိုင်းနှင့်ပြည်နယ်အနှံ့ မျက်စိဆေးရုံ ၂၀-ခန့် လှူဒါန်းဆောက်လုပ်ပေး ခဲ့ရာ သီပေါမြို့ သီတဂူစက္ခုဆေးရုံသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

သီတဂူဆရာတော်ကြီးမှ သီပေါမြို့သူ/သားများအား မြေနေရာနှင့် အဆောက်အဦးကိုသာ တာဝန်ယူစေပြီး မျက်စိဆေးရုံအတွက် လိုအပ်သော စက်ကရိယာ၊ ဆေးနှင့် ကျွမ်းကျင်ပညာရှင်များ၊ အခြားလိုအပ်သည် များကို ပံ့ပိုးကူညီခဲ့ပါတယ်။၂ဝဝ၇ ဖေဖေါ်ဝါရီလ ၁၉ရက်၊ တပေါင်းလပြည့်ကျော် ၁ရက်နေ့တွင် ဆရာတော် အရှင်ဦးဥာဏိဿရ ကိုယ်တော်တိုင်ကြွလာပြီး မြေနေရာအကွက်ချခြင်း၊ ပုံစံထုတ်ခြင်းနှင့် “ဒီပဒေါ ဟောတိ စက္ခုဒေါ” ဟူသော စက္ခုဒါနတရားတော်ကို ဟောကြားခဲ့ပါတယ်။၂၀၀၇ မတ်လ ၁၉ရက် နေ့ တွင် မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တပညာသိရီနှင့် မြို့ နယ်သံဃာ နာယက ဆရာတော်များ ဦးဆောင်ပြီး ၁၃၅ပေ ×၆၀ပေ ရှိသော ဆေးရုံတော် ကြီးကို ခွဲစိပ်ခန်း၊ ပေါင်းတင်သန့် စင် ခန်း၊ ဆေးပေးခန်း၊ ဓာတ်ခွဲခန်း၊ မှတ်ပုံတင်ခန်း၊ လူနာဆောင်၊ လူနာနားနေဆောင် စသဖြင့် စနစ်တကျ အကွက်ချပြီး ပန္နက်တင် မင်္ဂလာကျင်းပခဲ့ပါတယ်။

ကျပ်သိန်း ၁၃၃၃သိန်းကျော် ကုန်ကျပြီးစီးသွားတဲ့ ဆေးရုံတော်ကြီးကို ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်မှ အဓိပတိ ဆရာတော် သီတဂူ ဆရာတော် အရှင်ဉာဏိဿရ (P.hd, D.litt) ဆေးရုံတော်ကို (၂၂-၃-၂၀၀၈) နေ့တွင် ဖွင့်လှစ်ပေးတော်မူခဲ့ပါတယ်။ ဖွင့်ပွဲကို သီတဂူ ဆရာတော်ကြီး၏ သြ၀ါဒအရ ခမ်းခမ်းနားနား ပြုလုပ်ခြင်း မဟုတ်ပဲ ပိတ်ထားသောတံခါးကို ဆရာတော်ကြီးကိုယ်တော်တိုင် တွန်းဖွင့်ပေးခြင်းဖြင့်သာ ပြုလုပ်ခဲ့ပြီး တံခါးကိုဖွင့်ပြီး သည်နဲ့ တပြိုင်နက် မျက်စိ သမားတော်ကြီးများ ဆရာဝန်ဆရာမများ စတင်၍လူနာများကို စမ်းသပ် စစ်ဆေး ခွဲစိတ် ကုသပေးခဲ့ပါတယ်။

ယခုအချိန်မှာတော့ ဆရာတော်ဦးပညာသီရိက ဦးဆောင်ပြီး သီပေါမြို့သူမြို့သားများ၊ နိုင်ငံ မြို့ရွာ အသီးသီးက အလှူရှင်များရဲ့ လှူဒါန်းမှုနဲ့ သီတဂူ စက္ခုဒါနဆေးရုံတော်ကြီးရဲ့ မျက်စိဝေဒနာကုသရေး အစီအစဉ်ကို ဆက်လက်ဆောင်ရွက်လျှက် ရှိရာ ရှမ်းပြည် တစ်ပြည်နယ်လုံးက လူနာများသာမက အခြားသော ဒေသများမှ လူနာများလည်း လာရောက် ကုသမှုခံယူကြပါတယ်။ တစ်နှစ်ကို ၄ကြိမ် ကုသပေးနေတဲ့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးဟာ မြို့ကြီးပေါ် မသွားနိုင်တဲ့ ကျေးလက်က မျက်စိ ဝေဒနာရှင်တွေ၊ ငွေကြေး မတတ်နိုင်တဲ့ ဆင်းရဲနွမ်းပါး သူတွေအတွက် အားကိုး အားထားရာဖြစ်ပြီး ခုချိန်မှာဆိုရင် ၂၄ကြိမ် မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်မ သီပေါမြို့ကို ရောက်တဲ့အခါ တိုက်တိုက်ဆိုင်ဆိုင် ၂၃ကြိမ်မြောက် မျက်စိ ကုသပေးနေချိန်နဲ့ တိုက်ဆိုင်နေခဲ့တဲ့ အတွက် ဆေးကုသနေတဲ့ ဆေးရုံကြီးထဲကို ဆရာတော် ကျေးဇူးနဲ့ ဝင်ရောက် လေ့လာခွင့်ရခဲ့ပါတယ်။ ဝေဒနာရှင်တွေအားလုံးကို အယုတ် အလတ် အမြတ်မရွေး လူတန်းစား မခွဲခြား၊ လူမျိုး ဘာသာ မရွေးဘဲ ကုသပေးနေတာတွေကို မြင်ရတော့ ကြည်နူး ပီတိ လည်း ဖြစ်ခဲ့ရပါတယ်။ ၂၃ကြိမ်မှာတုန်းက လူနာ ၅၄၂ဦကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ၄င်းတို့ထဲမှာ ခွဲစိတ်ကုသဖို့လိုအပ်သူ ၁၃၁ဦးကို အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။ အောက်မှာတော့ ၂၃ကြိမ်တုန်း က ကုသခဲ့တဲ့မှတ်တမ်းဓာတ်ပုံများတစ်ချို့ကို ကြည့်ရှုသူများပီတိကုသိုလ် မျှဝေယူနိုင်ကြပါရန် ဖော်ပြပေး ချင်ပါတယ်။

ကုသမှု မှတ်တမ်းများကို ကြည့်ရင် သီတဂူ စက္ခုဒါနဆေးရုံတော်ကြီးမှာ ဒေသအသီးသီးက လာရောက် ကုသမှုခံယူကြသူများကို ဘာသာလူမျိုးမခွဲခြားပဲ ကုသပေးနေတာကိုကြည်နူးဖွယ် တွေ့မြင်ရမှာဖြစ်ပါတယ်။ ၂၃ကြိမ်မြောက်မျက်စိကုသမှုအစီအစဉ်မှာလာရောက်ပြီး လုပ်အားဒါနကုသိုလ်ပြုပေးခဲ့ကြတဲ့ သမားတော် ကြီးများမှာ ဒေါက်တာဒေါ်ခင်အုန်းဟန် (ငြိမ်း) မျက်စိအထူးကု မန္တလေး၊ ဒေါက်တာဒေါ်ခင်အေးမူ မျက်စိ အထူးကု ပြည်သူ့ဆေးရုံ ပြင်ဦးလွင်၊ ဒေါက်တာ ဦးဇေယျကျော်သူ မျက်စိအထူးကု အမှတ် ၁- တပ်မတော်ဆေးရုံ ပြင်ဦးလွင်မြို့၊ ဒေါက်တာ ဦးကျော်ကိုကိုဇော် မျက်စိအထူးကု အမှတ် ၁- တပ်မတော်ဆေးရုံ ပြင်ဦးလွင် လာရောက် သမားတော်များဖြစ်ပါတယ်။ ဆေးရုံကြီးရဲ့ လုပ်ငန်းဆောင်တာ တာဝန် တ္တေရားများကိုလည်း သီပေါမြို့က လူငယ် မောင်မယ်လေးများနဲ့ မြို့သူမြို့သားများက စေတနာ ထက်သန်စွာ ငွေကြေး၊ လုပ်အားဒါနများဖြင့် ပါဝင် ကူညီလျှက် ရှိကြပါတယ်။

မျက်စိရောဂါ ခံစားနေရသူတိုင်းကို လူမျိုး ဘာသာမရွေးကုသပေးနေတဲ့ သီပေါမြို့သီတဂူစက္ခုဒါနဆေးရုံရဲ့ ၂၄ကြိမ်မြောက် ကုသမှု အစီအစဉ်မှာ ဇွန်လ ၂၀ရက်မှ ၂၃ရက်နေ့ထိ၎ရက်တိတိ ဖြစ်တာကြောင့် ဆေး ကုသမှုခံယူဖို့ခက်ခဲနေတဲ့ မိမိအနီးအနားက မျက်စိဝေဒနာရှင်များကို လက်ဆင့်ကမ်း အကြောင်း ကြားပေးခြင်းဖြင့်သော်လည်း၊ ဝေဒနာရှင်များ အခမဲ့ ကုသမှု ခံယူနိုင်ရန် အတွက် မိမိတတ်အားသ မျှ စေတနာသဒ္ဒါသရွေ့ လှူဒါန်းကူညီပေးကြပါရန်သော်လည်းကောင်း တိုက်တွန်း နိုးဆော်ချင်တာကြောင့် ဒီပိုစ့်ကို ရေးဖြစ်တာပါ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ ဆေးရုံကြီးတွေ မသွားနိုင် တဲ့ တောသူ တောင်သားများ၊ ငွေကြေး မပြည့်စုံ ချို့တဲ့သူများ၊ နိုင်ငံအနှံ့က မျက်စိဝေဒနာရှင်တွေကို တစ်နှစ်ကို ၄ကြိမ် အခမဲ့ ကုသပေးနေတာ ဖြစ်တာကြောင့် အလှူရှင်များလည်း လိုအပ်လျှက် ရှိနေပါသဖြင့် စက္ခုဒါန ပါရမီများ ဖြည့်ဆည်းနိုင်ပါရန် သဒ္ဒါယိုဖိတ် ကြည်လင်စိတ်တို့ဖြင့် ပါဝင်တော်မူကြပါလို့ လည်း မေတ္တာရပ်ခံပါတယ်။

အစိမ်းရောင် လွင်ပြင်