ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

26.12.13

ခရစ္စမတ်နေ့တွင် ရန်ကုန်မြို့ရှိ ပန်းခြံများ၊ ကစားကွင်းများတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကား

ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်နေ့)တွင် ရန်ကုန်မြို့ရှိ ပန်းခြံများ၊ ကစားကွင်းများနှင့် ရှော့ပင်းစင်တာ များတွင် ဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေပွဲ များ ပြုလုပ်ခဲ့ပြီး လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

မူဆလင်ညီအကိုတော်များအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အီဂျစ်သတ်မှတ်

အီဂျစ်နိုင်ငံမှာ မူဆလင်ညီအကိုတော်များအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်နဲ့ အီဂျစ်စစ်တပ်က ဖွဲ့ပေးထားတဲ့ အီဂျစ်ယာယီအစိုးရက တရားဝင် သတ်မှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်တုန်းက လူ ၁၅ ဦး သေဆုံးခဲ့ရတဲ့ ရဲဌာနချုပ် ဗုံးခွဲခံရမှုမှာ မူဆလင်ညီအကိုတော်များအဖွဲ့ လက်ချက်ဖြစ်တယ်လို့ အီဂျစ်အစိုးရက စွပ်စွဲခဲ့ပါတယ်။

လာမည့်လွှတ်တော် အစည်းအဝေးများတွင် ဘတ်ဂျက်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဓိကဆွေးနွေးမည်

လာမည့်လွှတ်တော် အစည်းအဝေးများတွင် ဘတ်ဂျက်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဓိက ဆွေးနွေးမည်ဟု လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

နေပြည်တော်တွင် ပြုလုပ်မည့် ပထမအကြိမ်လွှတ်တော် န၀မပုံမှန် အစည်းအဝေးများကို ဇန်န၀ါရီ ၁၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို နံနက် ၁၀ နာရီအချိန်နှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို မွန်းလွဲ ၁ နာရီတို့တွင် စတင်ကျင်းပမည်ဟု သိရသည်။

မော်စီတုန်းမွေးနေ့ နှစ် ၁၂၀ အထိမ်းအမှတ် တရုတ်ကျင်းပ

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ပြီး ဆယ်စုနှစ်သုံးစုနီးပါး အုပ်ချုပ်လာခဲ့တဲ့ ကွယ်လွန်သူ တရုတ်ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းရဲ့ အသက် ၁၂၀ ပြည့်မွေးနေ့ပွဲကို တရုတ်နိုင်ငံမှာ အခု ကြာသာပတေးနေ့ ကျင်းပကြမှာဖြစ်ပါတယ်။ တရုတ်ခေါင်းဆောင် မော်စီတုန်းဟာ ၁၉၇၆ ခုနှစ်မှာ ကွယ်လွန်ခဲ့တာပါ။

ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသနှင့် လူမှုဘ၀မြှင့်တင်ရေးအတွက် သမ၀ါယမ၀န်ကြီးဌာနမှ ကျပ်သန်းပေါင်း ၈၁၀၀ ကျော် ချေးငွေပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ကျေးလက်ဒေသနှင့် လူမှုဘ၀မြှင့်တင်ရေးအတွက် ငွေကျပ်သန်းပေါင်း ၈၁၀၀ ကျော်အား သမ၀ါယမ၀န်ကြီးဌာနမှ တိုင်းအတွင်းရှိ သမ၀ါယမအသင်းသား များအား ချေးငွေပေးအပ်ပွဲ ကျင်းပခဲ့ပြီး၊ ယင်းအခမ်းအနား သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ချီးမြှင့်ခဲ့သည်။

မြန်မာ့ကာကွယ်ဆေး ဈေးကွက်၌ ဆေးဝါးများ ဖြန့်ချိနေသော Sanofi ဆေးကုမ္ပဏီ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးစမ်းသပ်

မြန်မာနိုင်ငံ၏ ကာကွယ်ဆေးဈေးကွက်၌ ဆေးဝါးအများ အပြား ဖြန့်ချိနေသော ပြင်သစ်နိုင်ငံအခြေစိုက် ကမ္ဘာ့ထိပ်တန်း ဆေးဝါးကုမ္ပဏီ တစ်ခုဖြစ်သည့် Sanofi က သွေးလွန်တုပ်ကွေး ကာကွယ်ဆေးကို စမ်းသပ်ဖော်ထုတ်နေပြီး လက်ရှိတွင် စမ်းသပ်သည့်အဆင့် (၃) သို့ ရောက်ရှိနေပြီဖြစ်ကြောင်း Sanofi ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆီးဂိမ်းပြိုင်ပွဲ၏ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများအတွက် ကျပ် ၇ဘီလျံခန့် ဘတ်ဂျတ်ရရှိခဲ့ပြီး တင်ဆက်မှုများတွင် တရုတ်နိုင်ငံမှ လွှမ်းမိုးချင်းမဟုတ်ဘဲ သမ္မတအချင်းချင်းဆက်ဆံရေးဖြင့် ကူညီခဲ့ခြင်းဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးပြောကြား

ဆီးဂိမ်းပြိုင်ပွဲတွင် တင်ဆက်ပြသခဲ့သည့် ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားများအတွက် ကျပ်၇ဘီလျံခန့်အသုံးပြုခဲ့ပြီး တင်ဆက်ပြသမှုများအား တရုတ်၏ လွှမ်းမိုးမှုမဟုတ်ဘဲ သမ္မတအချင်းချင်း ဆက်ဆံရေးဖြင့် ကူညီခဲ့ခြင်းသာဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ဒီဇင်ဘာ ၂၅ရက်တွင် ပြောကြားခဲ့သည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၃၇ သန်း ရှိခဲ့ရာမှ ယခုနှစ် လက်ရှိကာလအထိ ၁၅ သန်းသာ ၀င်ရောက်မှုရှိ

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို လေ့လာကြည့်ပါက ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂၃၇ သန်းရှိခဲ့ရာမှ ယခုနှစ်တွင် လက်ရှိကာလအထိ ၁၅ သန်းသာ ၀င်ရောက်မှုရှိသေးကြောင်း သို့သော်နောက်ထပ်ဝင်ထားသော project proposal များရှိနေသည့်အတွက် စောင့်ကြည့်ရဦး မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ဂါးဒီးယန်း၏အကောင်းဆုံးစာရင်းတွင် မက်ဆီ ထိပ်ဆုံးရပ်တည်

ဂါးဒီးယန်း၏အကောင်းဆုံး ကစားသမားစာရင်းတွင် မက်ဆီ ထိပ်ဆုံးရပ်တည်၂၀၁၃ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၁၀၀စာရင်းကို ဂါးဒီးယန်းသတင်းစာမှ

၂၀၁၃ ခုနှစ်သည် ကမ္ဘာ့အပူချိန် ဒုတိယအမြင့်ဆုံးသို့ ရောက်ရှိခဲ့

၂၀၁၃ ခုနှစ် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၈၉၁ ခုနှစ်တွင် ရရှိခဲ့သော အချက်အလက်များနှင့် နှိုင်းယှဉ်ပါက ဒုတိယအမြင့်ဆုံးဖြစ်ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ကနဦး အစီရင်ခံစာတစ်စောင်ကို ဒီဇင်ဘာ ၂၄ ရက်က ထုတ်ပြန်သည်။

မြန်မာနိုင်ငံမှာ နိုင်ငံပေါင်း ၃၃ နိုင်ငံက မိုဘိုင်းဖုန်း သုံးနိုင်မည်


မြန်မာ့ဆက်သွယ်ရေးဟာ နိုင်ငံပေါင်း ၃၃ နိုင်ငံက မိုဘိုင်းဖုန်း အသုံးပြုသူတွေ မြန်မာနိုင်ငံမှာ လာပြီး အသုံးပြုနိုင်ဖို့ ပြင်သစ်နိုင်ငံ Orange ကုမ္ပဏီနဲ့ International Roaming Service Agreement စာချုပ်ချုပ်ဆိုခဲ့ပြီလို့ ထုတ်ပြန်ကြေငြာပါတယ်။

တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ ၂၀၁၄ ခုနှစ်တွင် စတင်ဖြေလျှော့ ပေးမည်ဟု တရုတ်အစိုးရ ပြောကြား

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ လူဦးရေ တိုးပွားမလာစေရန် ချမှတ် ကျင့်သုံးထားသော တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို ၂၀၁၄ ခုနှစ် အစောပိုင်းမှ စတင်ပြီး ဖြေလျှော့ပေးမည်ဟု တရုတ်အစိုးရ မိသားစု စီမံကိန်း ကော်မရှင်က ပြောကြား သွားကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

အရေးပေါ် လူနာတင်ယာဉ် အခမဲ့ခေါ်ယူနိုင်

အရေးပေါ် လူနာ အသက်ကယ်တင်ရေး အတွက် မြန်မာနိုင်ငံ ဆရာဝန်အသင်း အရေးပေါ် ဖုန်းနံပါတ် ၁၈၃ဝ သို့ ဆက်သွယ်၍ အခမဲ့ ခေါ်ယူနိုင်ကြောင်း အရေးပေါ် လူနာ အသက်ကယ်တင် ကုသ ပို့ဆောင်ရေး ဖောင်ဒေးရှင်းမှ လက်ထောက်မန်နေဂျာ ဒေါက်တာထက်အောင်က ပြောသည်။
ယင်းဝန်ဆောင်မှု လုပ်ငန်းကို အရေးပေါ်လူနာ အသက်ကယ်တင် ကုသပို့ဆောင်ရေး ဖောင်ဒေးရှင်း အမည်ဖြင့် ယခုနှစ်အောက်တိုဘာ ၁ ရက်မှ စတင်ခဲ့ပြီး ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်း ၂၄ နာရီ အခမဲ့ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း၊ လှူဒါန်းလိုပါက ငွေလက်ခံ ဖြတ်ပိုင်းများဖြင့် လက်ခံမည်ဖြစ်သည်။

မြန်မာ့တပ်မတော် အရာရှိကြီးတွေကို ဗြိတိန်က စစ်သင်တန်းပေးတော့မည်

မြန်မာ့တပ်မတော်က ထိပ်တန်းအရာရှိတွေကို စစ်ရေးလေ့ကျင့်မှုတွေပေးဖို့အတွက် ဗြိတိန်စစ်အရာရှိ ကိုယ်စားလှယ်အဖွဲ့ မကြာခင်ရက်ပိုင်းမှာ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ ဗြိတိန်အစိုးရက အတည်ပြု ပြောကြားလိုက်ပါတယ်။

မောင်ကိန်းရွှေဆိုင် ဓားပြမှုတွင် ကိုင်ဆောင်ခဲ့သည့် သေနတ်မှာ လောက်ကိုင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၏ နေအိမ်လုံခြုံရေး အစောင့်ထံမှ ယူဆောင်လာခြင်းဖြစ်ဟု ကျူးလွန်သူထွက်ဆို

မောင်ကိန်းရွှေဆိုင် ဓားပြမှုဖြစ်စဉ် အနုကြမ်းစီးရာတွင် ကျူးလွန်သူ ကိုင်ဆောင်အသုံးပြုသည့် သေနတ်မှာ လောက်ကိုင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလေးဖြစ်သူ၏ နေအိမ်လုံခြုံရေး အစောင့်ထံမှ ယူဆောင်လာခြင်းဖြစ်ကြောင်း ကျူးလွန်သူက ၀န်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့မှာ ဗုံးတွေ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ စံပယ်လမ်းမှာရှိတဲ့ ငြိမ်းချမ်းလူငယ်ဖွံ့ဖြိုးရေး မွတ်စ်လင် မိဘမဲ့ဂေဟာနားမှာ ဒီနေ့ ဗုံးတစ်လုံးတွေ့ရှိခဲ့ပြီး တာဝန်ရှိသူတွေက အဲဒီဂေဟာဝင်းထဲမှာပဲ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။

အင်ဒိုအလုပ်သမားများ ဝိုင်းဝန်းတိုက်ခိုက်သောကြောင့် အသက်ဘေးမှ လွတ်မြောက်ရန် တိမ်းရှောင်ယင်း ပိတ်မိနေသော မလေးရှား နိုင်ငံရောက် မြန်မာအလုပ်သမားများ ပြဿနာ

မလေးရှားနိုင်ငံ ဘရူးနိုင်းနယ်စပ် ဆာရာဝပ်ပြည်နယ် မီရီမြို့ ရှိ အာဆီယံတံတားအနီး သဘော်ကျင်းတွင် အင်ဒိုအလုပ်သမားများ ဝိုင်းဝန်းတိုက်ခိုက်သောကြောင့် အသက်ဘေးမှ လွတ်မြောက်ရန် တိမ်းရှောင်ယင်း ပိတ်မိနေသော မြန်မာအလုပ်သမားများကို
 ၁။ မလေးရှားရှိမြန်မာအလုပ်သမား အရာရှိမှ အာဘာဖီကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်နေပါသည်။

ကန့်သတ်နယ်မြေ အတွင်း ဖြတ်သန်းသွားလာသူ ၁၈ ဦးနှင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသား ငါးဦးကို ဒဏ်ငွေချမှတ်

ကချင်ပြည်နယ် အတွင်းသို့ တရုတ်ပြည်မှ နိုင်ငံကူး လက်မှတ်ဖြင့် လာရောက် ခဲ့သော်လည်း တရားမဝင် ကန့်သတ် ထားသည့် နယ်မြေသို့ ဖြတ်ကျော် ဝင်ရောက်ခဲ့ခြင်း ကြောင့် ဒီဇင်ဘာ ၂ဝ ရက်က တရုတ် နိုင်ငံသား ၁၈ ဦးနှင့် ပါဝင် ပတ်သက်သူ မြန်မာ နိုင်ငံသား ငါးဦးကို မြစ်ကြီးနား မြို့နယ် တရားရုံးက ဒဏ်ငွေ အသီးသီး ချမှတ် ခဲ့ကြောင်း သိရသည်။

အရက်သောက်ပြီးအသိစိတ်ပျောက်နေစဉ် မိမိကလေးငယ်အား ရိုက်သတ်မှုဖြစ်ပွား

ကချင်ပြည်နယ်မိုးညှင်းမြို့နယ် အင်ကြင်းကုန်းအုပ်စု၊ မရင်းကုန်းကျေးရွာတွင် အရက်သောက်စားပြီး မူးယစ်ကာ အသိစိတ်ပျောက်နေစဉ် မိမိ၏ ရင်သွေး ကလေးငယ်(၁၁)လသားအား ဒီဇင်ဘာ၂၂ညနေတွင်ဖခင်ကိုယ်တိုင် ရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးညှင်းရဲစခန်း
မှသိရသည်။

ဂျက်ကီချန်း ပါဝင် သရုပ်ဆောင်ထားသော Police Story 2013 ဇာတ်ကား ပေကျင်း၌ ပွဲဦး ထွက် ရုံတင် ပြသ

Police Story 2013 ဇာတ်ကားကို ပေကျင်းမြို့တွင် ပွဲဦးထွက် ရုံတင်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ ဇာတ်ကားအား ဒါရိုက်တာ ထင်ရှန်က ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာကျော် တရုတ် အနုပညာရှင်များ ဖြစ်ကြသည့် ဂျက်ကီချန်း၊ လျိုယွီနှင့် ကျင်းထန်တို့ ပါဝင် သရုပ်ဆောင်ထား ကြောင်း သိရသည်။