ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

11.6.13

ကလေးမြို့နယ်ရာဇဂြိုလ်ကျေးရွာကျေးလက်ကျန်းမာရေးဌာနတွင်ဝန်ထမ်းမရှိသည်မှာ(၁)နှစ်ကျော်

ကလေးမြို့နယ် ရာဇဂြိုလ်ကျေးရွာအုပ်စု ရာဇဂြိုလ်ကျေးရွာတွင် အိမ်ခြေ(၁၀၀၀)ကျော်ခန့် ရှိပြီး ကျေးလက်ကျန်းမာရေး ဆေးပေးခန်းမှာ ကျန်းမာရေး ၀န်ထမ်းမရှိသည်မှာ (၁)နှစ်ကျော် ခန့်ရှိပြီဖြစ်ကြောင်း ဒေသခံလူငယ် ကိုမျိုးလွင်မှ ပြောပါတယ်။ ကျန်းမာရေးဆိုတာ လူတိုင်းနှင့် မကင်းနိုင်ကြောင်း ဆေးပေးခန်းအတွက် လိုအပ်တာတွေကို ကျေးရွာကလုပ်ပေးပါတယ်။မြို့နှင့် အလှမ်းဝေးသည့်အတွက် ကျန်းမာရေးအခက်အခဲဖြစ်လာလျင် ဒုက္ခရောက်ရကြောင်းသိရပါ တယ်။ အချိန်ပိုင်းလာဖွင့်တဲ့ ဆရာဝန်ရှိပေမယ့် မွေးလူနာ/အရေးပေါ်လူနာတွေ ဖြစ်လာလျင် အခက်အခဲဖြစ်ရကြောင်းသိရပါတယ်။ ယခင်က၀န်ထမ်းရှိပေမယ့် ခွင့်ပြန်သွားခဲ့သည်မှာ လပေါင်း(၂၀)ကျော်မျှရှိပြီဖြစ်ကြောင်း သိရှိရပါတယ်။

Ref: ကလေးစော်ဘွား

သဘာဝပတ်ဝန်းကျင်နှင့်လူ


သတ္တလောက၊သြကာသလောက၊သင်္ခါရလောကဟူ၍လောကသုံးပါးရှိသည်။ သတ္တလောကတွင် လူသတ္တဝါ သည် အသိဥာဏ်အရှိဆုံး   ဖြစ်သည်။ ထို အသိဥာဏ်ရှိသော သတ္တဝါသည် အမိုက်မဲဆုံးကိုလည်း လုပ်တတ်သည်။ ထို့ကြောင့် လူဟု ခေါ်လေ သလားမသိ။ အရိပ်နေနေ အခက်ချိုးချိုးဆိုသော စကား ရှိသည်။ ကျေးဇူးမသိတတ်သည့် သဘော၊ ကျေးဇူးကန်းသူများကြောင့် ဖြစ် လာသောစကား။ လူသည်မိမိ ကိုယ် မိမိအသိဥာဏ်အမြင့်မားဆုံးသော သတ္တဝါဟုဆိုကာ မာနတက်သည်။ မာနကြောင့်ေ တွးခေါ်မျှော် မြင်မှုတွေ ဆိတ်သုဉ်းကုန်သည်။ ထိုမာနတရား ကပင်ကျေးဇူးရှင် ကို  ပြစ်မှားမိစေသည်။
လူသား၏ စတင်မှုကို  ဗြဟ္မာက ဖန်ဆင်းသည်ဟုလည်း ပြောသည်။ ထာဝရဘုရားက အာ ဒမ်ကို ဖန်ဆင်းပြီးနောက် အာဒမ် ၏ နံရိုးတစ်ချောင်းထုတ်ယူကာလူသားမိန်းမကို ဖန်ဆင်းလိုက်သဖြင့် လူသားအထီးနှင့်အမ ဖြစ်ပေါ်လာပြီး လူသားတို့ တိုးပွားလာသည် ဟုလည်း ဆိုသည်။ သိပ္ပံပညာရှင် တို့ကတော့ ကမ္ဘာက စတင်ဖြစ် သည်။ ကမ္ဘာ၏အစမှာ မဟာ ပေါက်ကွဲမှု- Big Bang မှ စသည် ဟု ဆိုသည်။ နောက်တော့ ရေထဲမှ သက်ရှိသတ္တဝါ စတင်ပြီး ကုန်း နေ ရေနေသတ္တဝါတွေ ပေါ်လာ သည်။ ကုန်းနေသတ္တဝါများထဲမှ လူသည် လူဝံမှ တဖြည်းဖြည်း ဆင့် ကဲဖြစ်စဉ်-  Evolution Theory   ဖြင့် ပြောင်းလဲလာသော သတ္တဝါ ဟု ဒါဝင်က ပြောသည်။
ကမ္ဘာဦးမှာ လူ့ထက် အဆမတန် ထွားကြိုင်းသော ဒိုင်နို ဆော သတ္တဝါကြီးတွေ ရှိခဲ့သည်။ ထိုသတ္တဝါကြီးတို့သည် သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီ ထွေ ပြောင်းလဲနိုင်စွမ်း မရှိသဖြင့် မျိုးတုံးကုန်သည်ဟု ဆိုသည်။ သဘာဝပတ်ဝန်းကျင်၏ ပြောင်းလဲ မှုက သတ္တဝါကြီးများ၏ မျိုးရိုးဗီဇ အခြေအနေက လိုက်မမီအောင် ပြောင်းလဲမှု မြန်ဆန်လွန်း၍လား၊ အမှန်တကယ်ပဲ သတ္တဝါကြီးများ ကိုယ်တိုင်က သဘာဝပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေဖြစ်အောင် လိုက်လံမပြောင်းလဲနိုင်သည့် မျိုးရိုး ဗီဇ ရှိနေသလား။ သို့သော် သဘာ ဝပတ်ဝန်းကျင်သည် လူအပါ အဝင် သက်ရှိသတ္တဝါအားလုံး အပေါ်သို့ ထိန်းချုပ်နိုင်စွမ်း ရှိလေ သည်။ သို့မဟုတ် သက်ရှိသတ္တဝါ ဟူသည် သဘာဝပတ်ဝန်းကျင်ကို လွန်ဆန်၍ မရ၊ ဆန့်ကျင်၍ မရ သည့် နိယာမသဘော။
သြကာသလောကဟု ခေါ်တွင်သည့် သဘာဝပတ်ဝန်း ကျင်ကို လိုက်၍ တချို့သတ္တဝါများ က ရေမှာကျက်စားကြသည်၊ တချို့သတ္တဝါများက မြေမှာ၊ တချို့ က လေမှာ၊ တချို့ကျတော့ ကုန်း နေ၊ ရေနေ နှစ်ထွေရော သတ္တဝါ။ သြကာသလောက အပြောင်းအလဲကြောင့် သက်ရှိသတ္တ ဝါလောက(သတ္တလောက) ၏နေထိုင်မှု၊လှုပ်ရှားမှုပုံသဏ္ဌာန်(သင်္ခါရလောက) ပြောင်းလဲသွားခြင်း။ ထိုသည်ကို ထောက်ရှုလျှင် လူသတ္တဝါတို့၏ အသက်ရှင်မှုကို လွှမ်းမိုးထားသည့် သြကာသလောက (သဘာဝပတ် ဝန်းကျင်) ယိုယွင်းပျက်စီးလျှင် လူ သတ္တဝါ၏ အသက်ရှင် နေထိုင်မှု သည် မတည်မငြိမ် ဖြစ်လိမ့်မည် ဆိုသည်ကို သတိထားသင့်သည်။
ဘာသာရေးကျမ်းတို့က လူသတ္တဝါ၏ လောဘ၊ ဒေါသ၊ မောဟ၊ ရာဂတရားတို့ ထူပြော လာသဖြင့် ကမ္ဘာကြီးသည် လောင် မီးကျ၍သော်လည်းကောင်း ၊ရေလွှမ်းမိုး၍သော် လည်းကောင်းပျက်စီး လိမ့်မည်ဟု ဆိုသည်။ ကမ္ဘာကြီးကတော့ ပြာမှုန်အထိ ဖြစ်သွားလိမ့်မည် မဟုတ်။ အပူ အအေး မညီမျှမှုကြောင့် ရာသီ ဥတု ဖောက်ပြန်ကာ မိုးသည် မရပ် တန့်တော့ဘူး ထင်ရအောင် ရွာ သွန်းချင် ရွာသွန်းမည်။ မိုးရာသီ ဟူ၍ မရှိတော့လောက်အောင် ခြောက်သွေ့ချင် ခြောက်သွေ့နေ လိမ့်မည်။
သဘာဝပတ်ဝန်းကျင်က လူသား၏ မျိုးရိုးဗီဇက လိုက်၍ မမီ တော့နိုင်အောင် ပြောင်းလဲမှု မြန် ဆန်လွန်းလျှင် သို့မဟုတ် ပြောင်း လဲမှုများပြားပြီး အားကြီးလွန်းလျှင် လူသားတို့သည်လည်း ဒိုင်နိုဆော သတ္တဝါကြီးများကဲ့သို့ မျိုးတုံး ပျောက်ကွယ်သွားမည့် အခြေအနေ သို့ မဆိုက်ရောက်နိုင်ဘူးလား။
သဘာဝပတ်ဝန်းကျင်ပျက်သုဉ်းမှုသည် ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ပျက် သုဉ်းမှုကြောင့် ဖြစ် ပေါ်လာ   သော သက်ရောက်မှုများ (ဒါကိုပင် သဘာဝဘေး အန္တရာယ် ဟု ခေါ်ကြသည်။) က မည်သည့် တိုင်းနိုင်ငံ၊ လူမျိုးကိုမှ ချမ်းသာပေး လိမ့်မည် မဟုတ်။ တော၊ တောင်၊ ရေ၊ မြေဆိုသော ထိတွေ့ ကိုင် တွယ်လို့ ရသည့် ရုပ်ဝတ္ထုများကို နိုင်ငံနယ်နိမိတ်ဖြင့် ပိုင်းခြား၍ ရ သော်လည်းသဘာဝတရား၏ဖြစ်ပေါ်နေမှုတို့ကို နယ်နိမိတ်ပိုင်းခြား ကန့်သတ်၍မရ။အရှေ့တောင်အာရှမှသစ်တောများ ပြုန်းတီးမှုသည်သက်ဆိုင် ရာနိုင်ငံတို့ နှင့်သာဆိုင်သည်ဟု သဘောထား၍မရ။ထိုသစ်တော မျာ့းပြုန်းတီးမှု က လေပူစီးကြောင်း များ ဖြစ်ပေါ်လျက် ကမ္ဘာ့ရာသီဥတုကို သက်ရောက် လိမ့်မည်။ အာရှမှ သစ်တစ်ပင် ပျောက်သွားခြင်းသည် အာတိတ် ဒေသမှ ရေခဲတုံး ပျော်ကျမှုကို တစ် ကုဗလက်မ သို့မဟုတ် အခြား သော အတိုင်းအတာ ပမာဏ သက်ရောက်စေလိမ့်မည်။
ကမ္ဘာကြီး ပူနွေးလာသ ဖြင့် တစ်နေ့ထက်တစ်နေ့ အဲ ယားကွန်း- Air Con များ ပိုရောင်း ကောင်းလာသည်။ အဲယားကွန်း ထုတ်လုပ်သည့် ကုမ္ပဏီများ စီးပွား တက်ကြသော်လည်း လူ့ဘဝ၏ ဝန်ထုပ်ဝန်ပိုးထဲတွင် အဲယားကွန်း အဆစ် ပါလာသည်။ သဘာဝ အတိုင်း နေထိုင်အသက်ရှင်ရန် ခက်ခဲလာသည့်သဘော။ ထိုအဲ ယားကွန်းနှင့် ရေခဲသေတ္တာများမှာ အသုံးပြုသည့် ဓာတ်ငွေ့ကြောင့် လူသားကမ္ဘာကို အကာအကွယ် ပေးထားသော အိုဇုန်းလွှာ ပေါက် ပြဲသွားရသည်။ အိုဇုန်းလွှာ ပေါက် ပြဲမှုနှင့် ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်မှု များပြား ခြင်းကြောင့် ကမ္ဘာ့ရာသီဥတုမှာ ဖန်လုံအိမ် အကျိုးသက်ရောက်မှု ဖြစ်ပေါ်ပြီး ပို၍ပူလာသည်။ ယ နေ့အထိ ပြဿနာက အရိပ်အ ခြည် ပြလာပြီဖြစ်သော်လည်း လူ သားသည် မာန်တက်ဆဲ။ ကမ္ဘာလုံး ဆိုင်ရာ ပူနွေးလာမှုကို အဲယား ကွန်းဖြင့် ခုခံဖို့ ကြိုးစားနေသည်။ မိမိအိမ်ထဲမှာ အဲယားကွန်း တပ် လိုက်ရုံဖြင့် ကမ္ဘာကြီး အေးသွား သယောင် ကိုယ့်ကိုယ်ကို လှည့်ဖြား ထားသည်။ တစ်နေ့သောအခါ အဲ ယားကွန်းဖြင့် မခုခံနိုင်သည့် အနေ အထားသို့ ရောက်လိမ့်မည်။ ထို တစ်နေ့သည် မိမိအသက်ရှင်ကာ လလည်း ဖြစ်နိုင်သည်။ မိမိ မရှိ တော့သည့် နောက်ကာလလည်း ဖြစ်နိုင်သည်။ မိမိမရှိတော့သည့် နောက်ကာလမှာ ဖြစ်မည့် ကိစ္စအ တွက် ပူပန်နေစရာ မလိုဟုဆိုလျှင် အသိဥာဏ်အရှိဆုံးသော လူသတ္တ ဝါပင်လျှင် အမိုက်မဲဆုံးအလုပ်ကို  လုပ်သည်ဟူသော မှတ်ချက်နှင့် ကိုက်ညီသွားလိမ့်မည်။
ရူပဗေဒသဘောကတော့ဒြပ်တစ်ခုသည်လုံးဝပျောက်ဆုံးသွားသည်မရှိ။အသွင်တစ်ခုမှအခြားအသွင်ရှိ ဒြပ်တစ်ခုလို ပြောင်းလဲသွား သည်ဟု ဆိုသည်။ ဗုဒ္ဓဘုရားရှင်ကတော့ သတ္တဝါတို့ သည် နိဗ္ဗာန်ဟူသော အလုံးစုံချုပ် ငြိမ်းသည့် အနေအထားသို့ မ ရောက်သေးသမျှ သံသရာဟူသော ဘဝတစ်ဖန် ပြန်လည်ဖြစ်ခြင်း အစဉ်ထဲတွင် လှည့်လည်နေရမည် သာ ဖြစ်သည်။ အကယ်၍ မိမိက ဤဘဝ လူအဖြစ်နှင့် နိဗ္ဗာန်သို့ မ ဆိုက်ရောက်နိုင်သေးဘူးဆိုလျှင် ဘဝတစ်ခုခုတွင် လူအဖြစ်သော် လည်းကောင်း၊ သက်ရှိသတ္တဝါတစ် မျိုးမျိုးအဖြစ်သော် လည်းကောင်း ပြန်လည်ရှင်သန် နေထိုင်ရဦးမည် သာ။ ဤအကြောင်းအရာများ သည် မိမိမှလွဲ၍ လူနှင့် လူ့ပတ် ဝန်းကျင်ဆိုသည်ကို မသိသော၊ လူ သား၏ အသက်နေခဲ့သည့် သြကာ သလောကမှ ဆင်းသက်လာသည်ကိုမသိသော၊အတ္တဥခွံထဲမှမဖောက်ထွက်နိုင်ကြသောသူများအဖို့ရယ်စရာပျက်လုံးတစ်ခု ဖြစ် ကောင်းဖြစ်နေနိုင် သည်။ သို့သော် သဘာဝကို ချစ်မြတ်နိုးခြင်းသည် ရင့်ကျက်သော  အတွေးအခေါ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ရင့် ကျက်သော အတွေးအခေါ် မရှိ လျှင် သဘာဝတရားကို နားမ လည်၊ နားမလည်လျှင် တန်ဖိုး မသိ။ တန်ဖိုးမသိလျှင် မမြတ်နိုး တတ်။ သဘာဝတရားကို မမြတ်နိုး တတ်လျှင် တစ်နည်းအားဖြင့် မခံ စားတတ်လျှင် လူသည် လူ့တန်ဖိုး ကို အပြည့်အဝ ရသည်ဟု မဆို နိုင်။ သဘာဝမှပေးသော ခွန်အား သည်လည်းကောင်း၊  အေးငြိမ်းမှု သည်လည်းကောင်း တခြားသော လူလုပ်ပစ္စည်းများက ပေးစွမ်းနိုင် သည်တို့ထက် ပို၍ အနှစ်သာရ ပြည့်ဝသည်ဆိုသည်ကို ရင့်ကျက် သူမှ သိနိုင်သည်။
တိုးတက်သော လူမျိုး တို့သည် သဘာဝကို တန်ဖိုးထား သည်။ သူတို့ ပညာရေးနှင့် သူတို့ လူ့ပတ်ဝန်းကျင်ကလည်း သဘာ ဝတရားကို ခံစားနိုင်အောင် သင် ကြားပေးသည်။ သို့မဟုတ် အ ခြေခံအုတ်မြစ်ချပေးသည်။ ထို့ ကြောင့် သူတို့သည် လူလုပ်ပစ္စည်း များ ပြည့်စုံနေပါလျက် သဘာဝ တရားကို ကြည့်ရှုခံစားရန် သဘာဝတရားမှ ခွန်အား၊ သတ္တိ နှင့် အေးငြိမ်းမှုကို ရယူရန် သဘာ ဝအခြေအနေများပြုန်းတီးမှုမရှိသေးသည့်သို့မဟုတ်သူတို့ဆီမှာ မရှိသည့် သဘာဝအလှအပတို့ ရှိသော နိုင်ငံများသို့ ငွေကုန်ကြေး ကျခံလျက် ခရိးသွားကြသည်။ သဘာဝအရင်းအမြစ်များ ကြွယ်ဝစွာ ကျန်ရှိနေသေးသည့် နိုင်ငံ တို့မှာ သဘာဝခရီးသွားလုပ်ငန်း- Eco Tourism ဖြင့် ဝင်ငွေများစွာ ရကြသည်။
ကျွန်တော်တို့လူမျိုးများက (အများစုထင်သည်) နေဝင်သွား တာ၊ နေညိုချိန်တောက်တာတွေကို မခံစားတတ် (ဟု ထင်သည်)။ နေ ညိုချိန် တိမ်တောက်တဲ့အခါ ရွာ လမ်းနံဘေးမှာ စာဥနဲ့ သူငယ်ချင်း မတို့ ရေခပ်ဆင်းလာတာကိုပဲ စိတ်ဝင်စားပုံပေါ်သည်။ သဘာဝ အလှဘွဲ့ပန်းချီကားများမှာ ကျွန်တော် တို့ ပြည်တွင်းလူချမ်းသာကြီးများ ၏ နေအိမ်နံရံပေါ်တွင် အတွေ့ရ နည်းသည်။ အများအားဖြင့် နိုင်ငံ ခြားသို့ ထွက်ကုန်ကြသည်။ ထို့ ကြောင့် ပန်းချီဆရာကြီးတစ်ဦးက ''ကျုပ်တို့က ပြည်ပအားကိုး ပုဆိန် ရိုးတွေပါဗျာ'' ဟု နောက်သည်။
သဘာဝအလှအပတရား ကို ခံစားတတ်သဖြင့် နှလုံးသား သည် ကျယ်ပြန့်လာသည်။ တည် ငြိမ်လာသည်။ ထိုသို့သော နှလုံး သားပိုင်ရှင်သည်သာ ထူးခြားထက် မြက်သော အတွေးအခေါ်နှင့် ဖန် တီးမှုတို့ကို ပြုနိုင်သည်။ သဘာဝ တရားထဲတွင် သိမ်မွေ့သော ဆက် သွယ်ချက်တွေ ရှိသည်။ ရှုပ်ထွေး သော အခင်းအကျင်းတွေ ရှိသည်။ ဤသို့ဆိုသဖြင့် သဘာဝတရား သည် ကောက်ကျစ်တတ်သည်၊ လှည့်ဖြားတတ်သည်ဟု မဆိုလို။ သဘာဝတရားက ကြီးမားကျယ် ပြန့်လွန်းသဖြင့် သာမန်လူတို့ အဖို့ နားလည်ရန်ခက်သည်ဟု ဆို လိုခြင်းသာ ဖြစ်သည်။ ဤသို့ ရှုပ် ထွေးဆန်းကျယ်သော ကျယ်ဝန်း နက်ရှိုင်းသော သဘာဝတရားကို ခံစားနားလည်နိုင်ပြီဆိုလျှင် ကျန် သောအရေးကိစ္စတို့သည် ဖြေရှင်း ရ လွယ်ကူသွားသည့်သဘောဖြစ် သည်။ အထက်တစ်နေရာတွင် သဘာဝတရားသည် မည်သည့် တိုင်းနိုင်ငံ လူမျိုးကိုမှ မျက်နှာသာ ပေးမည်မဟုတ်ဟု ပြောခဲ့သည်။ ထိုအချက်ကသဘာဝတရား၏တိကျခြင်း၊ပြတ်သားခြင်းသဘောကိုပြသည်။သဘာဝတရားသည်ဓမ္မတစ်ခု ဖြစ်သည်။ ဖြစ်စဉ်တစ်ခု   ဖြစ်သည်။ အကြောင်းနှင့် ညီညွတ် သော အကျိုးတို့ ဖြစ်ပေါ်နေခြင်း သည် သဘာဝတရား၏ ကျင့်ထုံး ဖြစ်သည်။ ထိုသဘောကို သိလျှင်မိမိကိုယ်မိမိဥာဏ်ပညာကြီးလှပါသည်ဆိုသောလူသတ္တဝါသည် သဘာဝတရားကို အဘယ့်ကြောင့် မပြုပြင်နိုင်ရပါမည်နည်း။
နာဂစ်လို လေမုန်တိုင်း ကြီး တိုက်သဖြင့် လူတွေသေဆုံးရ သည်ကို အဘယ်မိုးနတ်သား၊ လေ နတ်သားကို အပြစ်ပုံချ၍ နေ တော့မည်နည်း။သဘာဝတရားကိုသိ၍သဘာဝတရားကိုချစ်လျှင်သဘာဝတရားကလည်းလူသားကို ပြန်လည်စော င့်ရှောက်လိမ့်မည်။ အတ္တမာန ငယ်ထိပ်သွေးတက်သာ သဘာဝတရားက မွေးဖွားလာပါ လျက် သဘာဝတရားကို ကျောခိုင်း လျှင်၊ သဘာဝတရားကို ပစ်ပယ် လျှင်၊ သဘာဝတရားကို ဖျက်ဆီး လျှင် သဘာဝတရားကလည်း သူ့ ဓမ္မအတိုင်း သူသွားလိမ့်မည်။ သူ့ ဓမ္မအတိုင်း ကျင့်ကြံလိမ့်မည်။ သ ဘာဝတရားကတော့ မည်သူ မည် သူကိုမျှ အမုန်းတရားနှင့်သော် လည်းကောင်း၊ ရန်ငြှိုးနှင့်သော် လည်းကောင်း တုံ့ပြန်လိမ့်မည် မဟုတ်၊ တုံ့ပြန်နေသည် မဟုတ်။
အသိဥာဏ် မဖွံ့ဖြိုးသေး သောကာလက လူသားသည် မိုး မင်းကိုလည်းကောင်း၊ လေမင်းကို လည်းကောင်း၊ တော တောင်စောင့် နတ်တို့ကို လည်းကောင်း ရှိခိုးပူ ဇော်ပသခဲ့ကြဖူးသည်။ သဘာဝ တရားက အင်အားကြီးမားလွန်းသ ဖြင့် လူသားသည် လက်နက်ချ အရှုံးပေးကာလူကျင့် ထုံးအတိုင်းအသက် ၊အသွေးတို့ဖြင့်သဘာဝတရားကို ပူဇော်ခဲ့ကြသည်။ အသိ ဥာဏ် ဖွံ့ဖြိုးလာပါသည်ဆိုသော ယနေ့ခေတ်မှာပင် ကျွန်တော်တို့ လူသားများသည် သဘာဝတရား ကို သေချာဂန သိသူသိပ်မရှိ လှ သေး။ ထို့ကြောင့် ခေတ်သစ် လူ သားသည် ကိုယ့်ကိုယ်ကို အသိ ပညာ ဥာဏ်ကြီးသူဟု ဂုဏ်ယူမာန် တက်နေကြသည့်ကြားက သဘာဝ တရားကို အသွေးများ၊ အသက် များ၊ အိုးအိမ်၊ စည်းစိမ်များ ပေး ဆပ်ပူဇော်လျက် နေကြရခြင်း ဖြစ် လေသည်။ 

မြို့ပြဖွံ့ဖြိုးရေးလှိုင်းကြမ်းကြီးပေါ်က တရုတ်စီးပွားရေး





အိမ်ဈေးနှုန်းတွေတက်နေတာဟာတရုတ်ခေါင်းဆောင်တွေအတွက်နိုင်ငံရေးပြဿနာတစ်ရပ်အဖြစ်သဘောထားပါတယ်။မျက်မှောက် တရုတ်စီးပွား ရေးကို စိန်ခေါ်နေတဲ့ ပြဿနာကြီး သုံးရပ် ရှိနေပါတယ်။ အဲဒီပြဿ နာတွေကတော့ (၁) အိမ်ခြံမြေ ဈေး နှုန်းတွေ အလွန်မြင့်တက်လာပြီး ရုတ်တရက် ပေါက်ကွဲပြိုကျမယ့် ပြဿနာ၊ (၂) ဒေသဆိုင်ရာ အစိုးရ တွေမှာ ကြွေးမြီတွေ အများအပြား ရှိနေတဲ့ ပြဿနာနဲ့ (၃) ပုဂ္ဂလိက ငွေချေးလုပ်ငန်းတွေရဲ့ အတိုးနှုန်း တွေ အလွန်မြင့်မားနေတဲ့ ပြဿနာ တွေပဲ ဖြစ်ပါတယ်။
အိမ်ခြံမြေဈေးနှုန်းပူဖောင်းကြီးမပေါက်ကွဲအောင်၂ဝဝ၉ခုနှစ်ကတည်းက တရုတ်ဗဟိုဘဏ်ဟာ အဲဒီလုပ် ငန်းတွေ ကိုငွေကြေးအမြောက် အမြားထုတ်ချေးခဲ့ပါတယ်။ ဘဏ်ကထုတ်ချေးငွေ ၂၁%ဟာအိမ်ခြံမြေ လုပ်ငန်းတွေအတွက် ဖြစ်နေတာတွေ့ရပါတယ်။ တရုတ်နိုင်ငံမှာ အိမ်ခြံမြေဈေး ကွက်ကြီး (၂ဝဝ၇-၂ဝဝ၈ခုနှစ်ကအမေရိကန်နိုင်ငံမှာလို) ဈေးနှုန်းတွေ ထိုးကျပြီး ပါက်ကွဲ သွားရင် တရုတ်စီးပွားရေးတိုး တက်မှု ဟာညင်ညင်သာသာနဲ့ကျဆင်းနိုင်ပါ့မလားဆိုတာ စိန်ခေါ် မှုကြီးတစ်ရပ် ဖြစ်နေ ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်လောက် ကစပြီး တရုတ်နိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက်ဟာ ပယောဂဖက်ကာ ဈေးနှုန်းတွေ အလွန်အကျွံ တက် လာတာကို ပြည်သူတွေက သိပ်ပြီး ကျေနပ်ခြင်းမရှိခဲ့ကြဘူး။ ၂ဝ၁ဝ ပြည့်နှစ် ဧပြီလလောက်ကစကာ တရုတ်အစိုးရဟာ အိမ်ခြံမြေဈေးကွက်ကိုဘက်ပေါင်းစုံ ထိန်းချုပ်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ကြိုတင်ခန့် မှန်းမှုတွေ၊ ကောလာဟလသတင်းတွကြောင့် အိမ်ခြံမြေဈေးတွေ တက်လာတာကို ရှင်းလင်းဖော်ထုတ်ခဲ့ပါတယ်။အိမ်အပေါင်ခံချေးငွေတွေကို ကန့်သတ်ခဲ့ပြီး ဝင်ငွနည်းတဲ့သူတွေ ဝယ်ယူငှားရမ်း နိုင်တဲ့ အိမ်တွေ၊ အိမ်ခန်းတွေကို ပိုမိုဆောက်လုပ်ဖို့ အားပေးခဲ့ပါ တယ်။ အဲဒီပေါ်လစီတွေကြောင့် အိမ်ခြံမြေဈေးကွက်အပေါ် အကျိုးသက်ရောက်မှုတွေ ရှိလာပါတယ်။ ၂ဝ၁၁ခုနှစ်အတွင်း ဘဏ်တွေက အိမ်ခြံမြေ ဆောက်လုပ်ရေးလုပ် ငန်းတွေကိုထုတ်ချေးငွေဟာ ၁၃. ၅% လျော့ကျသွားခဲ့ပြီး လူလတ် တန်းစားနဲ့ ဝင်ငွေနည်းတဲ့သူတွေ ဝယ်ယူငှားရမ်းနိုင်တဲ့အိမ်တွေ၊ အိမ် ခန်းတွေ ဆောက်လုပ်တဲ့ လုပ်ငန်း တွေအတွက် ထုတ်ချေးငွေ အချိုး အစားဟာ ပိုများလာခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလရောက် တော့ တရုတ်နိုင်ငံရဲ့ မြို့ကြီးပေါင်း ၁ဝဝ မှာ ပျမ်းမျှ အိမ်ဈေးနှုန်းဟာ လွန်ခဲ့တဲ့ တစ်လထက် ဝ.၁၈% ကျဆင်းလာပါတယ်။ ဒီလိုကျဆင်း လာတာဟာ တစ်နှစ်လုံး ဆက် တိုက်ရှိလာပါတယ်။
အစိုးရရဲ့တင်းကျပ်စွာထိန်းချုပ်လာမှုကြောင့်မူမမှန်တဲ့အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း အတော်များများ ဟာ ဆက်မလုပ် နိုင်တော့ဘဲ ပိတ်သိမ်းလာခဲ့ရပါ တယ်။ ၂ဝ၁၁ ခုနှစ်အတွင်း ပေ ကျင်းအိမ်ခြံမြေဈေး ကွက်ကနေ ဆောက်လုပ်ရေးလုပ်ငန်းပေါင်း ၄၇၃ ခု ပျောက်ဆုံးသွားခဲ့ပါတယ်။ ယခုအခါ ပေကျင်းမြို့မှာ စည်းကမ်း နဲ့ညီညွတ်တဲ့ အိမ်ရာဆောက်လုပ် ရေးလုပ်ငန်းပေါင်း ၃ဝဝဝ ခန့်သာကျန်ရှိပြီး အဲဒီလုပ်ငန်းတွေထဲမှာလည်းလုပ်ငန်း၁ဝဝဝလောက်ကသာလာမယ့်၅ နှစ်အတွင်း ဆောက်လုပ်စရာ မြေကွက်မရှိတဲ့ အတွက် ပျောက်ကွယ်သွားရဖို့ ရှိပါတယ်။
မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း တွေဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုရဲ့ ကြီးမားတဲ့အင်ဂျင် (မောင်းနှင် အား) ကြီး ဖြစ်နေပါ တယ်။ ဒါပေမယ့် လက်ရှိ အိမ်ခြံ မြေဈေးနှုန်းတွေ ကြီးမြင့်နေမှုက အတိုင်းအတာ တစ်ခုအထိ ဟန့်တားနေပြီး တိုးတက်မှုကို တုံ့ဆိုင်း စေပါတယ်။ အရည်အသွေးကောင်းတဲ့ မြို့ပြဖွံ့ဖြိုးတိုး တက်ရေးဟာဘာလဲလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ကူးသန်းရောင်းဝယ်ရေး နဲ့ ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အ ဆောက်အအုံတွေ၊ မြေနေရာတွေ ရဲ့ အရည်အသွေး ကောင်းမွန်လာ မှုဟာ တိုးတက်မှုရဲ့ အမှတ်အသား ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီမြေ နဲ့ အဆောက်အအုံတွေရဲ့ ငှားရမ်း ခတွေ ကြီးမြင့်လာမှုက ကုန်ကျစရိတ် များပြားလာစေတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်နောင့်နှေး လာစေပါတယ်။ လွန်ခဲ့ တဲ့ ၂ နှစ်အတွင်း အချက်အခြာ ကျတဲ့ ကူးသန်းရောင်းဝယ်ရေးလုပ် ငန်းတွေ လုပ်ကိုင်တဲ့ ဒေသတွေမှာ ရှိတဲ့ စီးပွားရေး အဆောက်အအုံ တွေရဲ့ ငှားရမ်းခဟာ ရာခိုင်နှုန်း ဆယ်ဂဏန်းအထိ တက်လာခဲ့ပါ တယ်။ ကမ္ဘာ့ထိပ်တန်း အိမ်ခြံမြေ အကြံပေးလုပ်ငန်း ၅ ခုမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ DTZ ရဲ့ လေ့ လာချက်အရ ၂ဝ၁၂ ခုနှစ်၊ ပထမ နှစ်ဝက်အတွင်း ပေကျင်းမြို့မှာရှိ တဲ့ အဆင့်မြင့် စီးပွားရေးရုံးတွေရဲ့ ငှားရမ်းခဟာ ၂ဝ၁၁ ခုနှစ်ထက် ၄၆% ကျော် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှုတွေ တိုး တက်လာပေမယ့် အဆောက်အအုံ ငှားရမ်းခတွေ လိုက်ပြီး မြင့်တက် နေတဲ့အတွက် ကုန်ကျစရိတ် ကာ မိအောင် မနည်းရုန်းကန်လာရပါ တယ်။ စက်ရုံငှားရမ်းခတွေ ကြီး မားလာပြီး အသုံးစရိတ်တွေ တက် လာတဲ့အတွက် အလုပ်သမားတွေ လျှော့ချတာ၊ လုပ်ခလစာတွေ လျှော့ချတာ စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်လာရပါတယ်။ အိမ်ဈေး နှုန်းတွေ၊ အိမ်ငှားရမ်းခတွေ ကြီး မြင့်လာတဲ့အတွက် အဲဒီအိမ်တွေ မှာ နေထိုင်ကြရတဲ့ မိသားစုတွေရဲ့ ဝယ်ယူစားသုံးမှုအားကို ကျဆင်းစေတဲ့ အပြင်  တောရွာတွေကနေ မြို့ပေါ်တက်ပြီး အလုပ်လုပ်လိုသူ တွေကို ဟန့်တားရာရာက်စေ ပါတယ်။ ဒါကြောင့် အိမ်ခြံမြေဈေး နှုန်းနဲ့ ငှားရမ်းခတွေ မြင့်မားလာ မှုဟာ မြို့ပြဖွံ့ဖြိုးမှုနဲ့ အလုပ်အကိုင် အခွင့် အလမ်းကို ထိခိုက်စေပြီး လူ နေမှု ကုန်ကျစရိတ်ကို မြင့်တက် စေတာကြောင့် စီးပွားရေးတိုးတက်မှုကို ကျဆင်းစေပါတယ်။
သာမန်တရုတ်လူမျိုးတစ် ဦးကို မေးကြည့်ရင် သူ့ရဲ့ အဓိက မျှော်မှန်းချက် (အိပ်မက်) ဟာ နေ ထိုင်စရာ အိမ်တစ်လုံးကို ပိုင်ဆိုင် လိုခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ဈေးနှုန်းတွေက တစ်နှစ်ထက တစ်နှစ် မြင့်တက်နေတဲ့အတွက် ဝယ်ယူဖို့ လက်လှမ်းမမီနိုင်ဘဲ ရှိ နေပါတယ်။ ၂ဝ၁၂ ခုနှစ်အတွင်း စီးပွားရေး အရှိန်လျှော့ချခဲ့တာနဲ့ အတူ အိမ်ဈေးနှုန်းတွေ ကျဆင်းလာတာ တွေ့ရပေမယ့် ယခုအခါ ပြန်ပြီးတက်လာနေတာကို တွေ့ရ ပါတယ်။ Wind Info လုပ်ငန်းက တရုတ်နိုင်ငံရဲ့ အဓိက မြို့ကြီး ၇ဝ မှာ ဖြစ်ပေါ်ခဲ့တဲ့ အိမ်ဈေးနှုန်းတွေ ကို လေ့လာခဲ့ရာမှာ ပျမ်းမျှ တရုတ် နိုင်ငံရဲ့ အိမ်ဈေးနှုန်းတွေဟာ (ယခု ၂ဝ၁၃ ခုနှစ်၊ မေလ ၂ ရက်နေ့ အထိ) လွန်ခဲ့တဲ့နှစ် ဧပြီလမှာရှိတဲ့ ဈေးနှုန်းထက် ၅% ပြန်ပြီး တက် လာနေတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံအနေနဲ့အိမ်ခြံမြေဈေးနှုန်းတွေတက်နေတာသိပ်တော့မဆန်းပါဘူး။တရုတ်နိုင်ငံမှာအကြီးမားဆုံး မြို့ပြ ဖွံ့ဖြိုးရေးလှိုင်းကြီး ရိုက်ခတ်နေပါတယ်။ မြို့ပေါ်တက်ရောက်နေထိုင် လာကြသူတွေအတွက်နေ အိမ်တွေ၊အိမ်ခန်းတွေတိုးချဲ့တည်ဆောက်သွားဖို့လိုအပ်နေ ပါတယ်။လက်ရှိလူနေအိမ်အတော်များများ ဟာခေတ်မီခြင်းမရှိ တော့တဲ့အတွက် ခေတ်မီတဲ့ နေ အိမ်အဆောက်အအုံကြီးတွေ အ မြောက်အမြား အစားထိုး တည်ဆောက်သွားဖို့ လိုအပ်နေပါတယ်။ ဒေသအာဏာပိုင် အစိုးရတွကလည်း ဆောက်လုပ်ရေး လုပ်ငန်းတွေကို မြေကွက်တွေ ရောင်းချပေးနေရတဲ့အတွက် ဝင်ငွတွေ အမြောက်အမြား ရရှိနေ ကြပါတယ်။ ဒါကြောင့်လည်း အိမ် ခြံမြေဈေးက ကောင်းမြဲကောင်းနေ နိုင်ကြောင်းပါခင်ဗျား။

ပြင်သစ်မှာ PSY အတုပေါ်နေ



   လတ်တလောမှာ ပြင်သစ်နိုင်ငံမှ ဘရောင်းဆိုသူက Psy နဲ့တူတဲ့ လူရဲ့ ဓာတ်ပုံကို ပူးတွဲဖော် ပြပြီး တွစ်တာမှတစ်ဆင့် မေးမြန်း လာရာမိမိမဟုတ်ပါဟုငြင်းလိုက်ရကြောင်း Psy ရဲ့ တရားဝင် ဝက် ဘ်ဆိုက်မှ ဖော်ပြပါတယ်။ Psy ကဲ့ သို့ ပုံစံတူ ဝတ်ဆင်ထားတဲ့ အာရှ နွယ်ဖွားတစ်ဦးကြောင့် များစွာ သော မီဒီယာတွေနဲ့ ဓာတ်ပုံသ မားတွေ၊ သတင်းထောက်တွေဟာ ဝေခွဲမရ ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ကြ တယ်။
ပြင်သစ်နိုင်ငံမှကိန်းရုပ်ရှင်ပွဲတော်ကိုနိုင်ငံတကာပွဲကြီးပွဲကောင်းမှာဖြစ်ပျက်ခဲ့တာပါ။ကြိုတင်ကြေညာမထားဘဲနဲ့
အဲဒီပွဲ တော်ရဲ့ ကော်   ဇောနီခင်းတဲ့ခန်းမမှာ ရုတ်တရက် ရောက်လာတာပါ။ Psy ကိုယ်တိုင်လည်း စိတ်ရှုပ်ထွေး မှု ဖြစ်သွားမှာပဲလို့ ဂျာနယ်လစ် တွေက ယူဆကြတယ်။ အရေးထဲ မှာ သူ့ကိုယ်သူ Psy ပါလို့ ပြောတဲ့ အဲဒီလူဟာ ကိုရီးယားနွယ်ဖွား ပြင် သစ်နိုင်ငံသား ခံယူထားသူ ဒင်းနစ် ကယ်ရီဆိုသူဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရပါသတဲ့။ Psy ရဲ့ အမေရိ ကန်အခြေစိုက် မန်နေဂျာဖြစ်သူ ဘရောင်းကတောင် အင်တာနက် ကနေ လှမ်းမေးနေလို့ Psy အစစ် က ''အဲဒါငါမဟုတ်ဘူး၊ အတုကြီး ဟ'' လို့ တုံ့ပြန်သတဲ့။

တတိယမြောက်ကလေးရတော့မယ့် တိုင်တန်းနစ်မင်းသမီး


ကမ္ဘာကျော်တိုင်တန်းနစ်မင်းသမီးကိတ်ဝင်းစလက်ဟာတတိယမြောက်ကလေးရဖွယ်ရှိကြောင်းသူမရဲ့ကိုယ်စားလှယ်ကအတည် ပြုခဲ့ပါ တယ်။သမီးမီယာ(၁၂နှစ်)၊သားဂျိုး(၉နှစ်)တို့ကိုယခင်ခင်ပွန်းဒါရိုက်တာဆမ်မင်ဒက်နဲ့ရခဲ့တဲ့ကိတ်အဖို့ဒါဟာတတိယ မြောက်ရင်သွေးဖြစ် မှာပါ။ ''ကလေးတွေ ရရလာ တော့ ကျွန်မ အများကြီး တည်ငြိမ်လာတယ်လို့ ထင်မိတယ်။ ဒီလိုမဖြစ်လို့လည်း မရဘူးလေ။ မိခင်တစ်ယောက် ဖြစ်လာရင်တော့ အချိန်ဆို တာ မလောက်တော့ဘူး''လို့ ကိတ်က ပြောပါ တယ်။ ၂ဝဝ၆မှာ ကိတ်က မိမိနောက်ထပ် ကလေးလို ချင်ကြောင်းနောက်ထပ် တစ်ယောက်လား၊နှစ်ယောက်လားမသိကြောင်း၊ဘုရားသခင် ပေးသလောက် ဖြစ်နိုင်ကြောင်း ပြောခဲ့ဖူး ပါတယ်။ ယခု ကလေးဟာ သူဌေးကြီး ဘရန် ဆင်ရဲ့ တူဖြစ်သူ နက်ဒ်နဲ့ ပထမဆုံးရမယ့် ကလေးပါ။ သူတို့ဟာ ဒီဇင်ဘာတုန်းက နယူးယောက်မှာ လျှို့ဝှက်လက်ထပ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံနှင့် ဂျင်ဆင်းစိုက်ပျိုးထုတ်လုပ်ရေး



စာရေးသူ ပူတာအိုမြို့တွင် တာဝန်ထမ်းဆောင်နေစဉ်က မသေဆေးခေါ် မချစ်စု၊ ခန်းတောမြေခဲ၊ အရှေ့ခေါ် အဆိပ်ဖြေဆေးပင်၊ ရှီးပတီး၊ စုရှားစုစသော အဖိုးတန် ဆေး ဥ၊ဆေးမြစ်၊ ဆေးရွက်များ ထွက်ရှိသည်ကို တွေ့ရသလို ဂျင်ဆင်းမြစ်များလည်း ထွက်ရှိသည်ကို တွေ့ရပါသည်။ တရုတ်နယ်စပ် တောင်တန်းများတွင် သဘာဝအလျောက် ပေါက်ရောက်သည်များကို ရှာဖွေစုဆောင်း ရောင်းချပါသည်။ ပူတာအိုဈေး အတွင်း၌ အဆိုပါ ဆေးမြစ်၊ ဆေးဥ၊ ဆေးရွက်များ ရောင်းချသည်ကို တွေ့ရသလို ပျားရည်ပုလင်းတွင် မချစ်ဥ၊ ခန်းတောက်၊ မရှော၊ ရှီးပတီး၊ ခုရှာစု၊ ဂျင်းဆင်းမြစ်ပါအစုံစိမ်ထားသော ပျားရည်ပုလင်းများလည်း ပူတာအို လေဆိပ်၊ မြစ်ကြီးနား လေဆိပ်တို့တွင် ရောင်းချနေသည်ကို တွေ့ရပါသည်။ ဆေးမြစ်စုံ စိမ်ထားသော ပျားရည် တစ်ပုလင်းသည် သောင်းချီတန်ပါသည်။

ယနေ့မြန်မာ့ဆေးလောကတွင် ကိုရီးယားဂျင်ဆင်းသည် လူသိများသည်။ ကိုရီးယားဂျင်ဆင်းသည် မြန်မာပြည်တွင်သာမက ကမ္ဘာတွင်လည်း လူသိများထင်ရှားလှပါသည်။

ဂျင်ဆင်းဟူသည်
ကိုရီးယားဂျင်ဆင်းကို အင်္ဂလိပ် ဘာသာဖြင့် Ginseng ဟု ခေါ်သည်။ ရှေးဟောင်းကိုရီးယား ရိုးရာဆေးပင် တစ်မျိုးဖြစ်ပြီး အမြစ်မှာ လက်ရိုက် တင်းပုတ်နှင့် ခပ်ဆင်ဆင်တူကာ အရွက်မှာ အစိမ်းရောင် အရွက်ပြား ဖြစ်သည်။ ရုက္ခဗေဒ အခေါ်အားဖြင့် Araliaceae ဟု ခေါ်သည်။ တရုတ်တို့က ဂျင်ရှင်း -Jen Shen ဟုခေါ် ကြသည်။ Jen မှာ လူနှင့်တူသောဟု အဓိပ္ပယ်ရှိပြီး Shen မှာ The Constellation Orion ခေါ် မောင်ရင် ဆိုင်းထမ်းကြယ်စု သဏ္ဌာန်ရှိသည်ဟု ဆိုသည်။ အကြောင်းမှာ ဂျင်ဆင်း အမြစ်သည် ကောင်းကင်တွင် တွေ့ရသည့် မောင်ရင်ဆိုင်းထမ်း ကြယ်စု ကဲ့သို့ ခပ်စောင်းစောင်း၊ ခပ်စွေစွေ လဲလျောင်းနေသည့်ပုံစံဖြစ်နေခြင်းဖြစ် သည်။ ကိုရီးယားတို့ကမူ အင်ဆန်း Insam ဟုခေါ်ကြသည်။ နတ်ဆေး မြစ်ဟု တင်စားခေါ်ကြသည်။
ဂျင်ဆင်း၏ အစွမ်းသတ္တိ

ဂျင်ဆင်းသည် ကိုယ်ခန္ဓာ ကြံ့ခိုင်မှုကို အားပေးသည်။ အသည်း ရောဂါများကို သက်သာပျောက်ကင်း စေသည်။ အဆုတ်အားကောင်းသည်။ အရွယ်တင် နုပျိုစေသည်။ သွေးလှည့်ပတ်မှု ကောင်းသည်။ သွေးတိုးပျောက်ကင်းသည်။ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်းကို ပျောက်ကင်းစေသည်။ နောက်ဆုံး စမ်းသပ်စစ်ဆေး သုတေသန ပြုချက်အရ ကိုယ်ခံအား ကျဆင်းရောဂါ AIDS ရောဂါကို ဖြစ်စေ၊ HIV ဗိုင်းရပ်စ်ကိုဖြစ်စေ၊ သေစေနိုင်သည်ဟု ကိုရီးယား ဆေးကျမ်းများတွင် ဖော်ပြထားသည်။ အထူးသဖြင့် ဂျင်ဆင်းသည် စိတ်ဖိစီးမှုနှင့် မောပန်းနွမ်းနယ်မှုများကို ရေနွေးဖြင့် သောက်ပါက ချက်ချင်းပျောက်ကင်း စေနိုင်သည်။ သံ၊ သတ္တုဓာတ်များစွာ ပါဝင်သည်။

ကိုရီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် ဂျင်ဆင်းပေါက်ရန် အကောင်းဆုံး ရာသီဥတုရှိသည်။ ကိုရီးယားတို့သည် ထောင်စုနှစ် အတန်ကြာကတည်းက ဂျင်ဆင်းကို နတ်ဆေး တစ်ပါးပမာ ရိုးရာသက်စောင့် ဆေးအဖြစ် အသုံးပြုခဲ့ကြသည်။ ရှေးခေတ် ကိုရီးယား သမားတော်ကြီးများက နန်းတွင်းသူ၊ နန်းတွင်းသားများ၊ ဘုရင်၊ မိဖုရားများအတွက် အထူး ဆေးတော်ကြီး တစ်ရပ်အဖြစ် ကန့်သတ် အသုံးပြုခဲ့ကြသည်။ ရွှေနန်း သုံးသမားတော်တစ်ဦးပမာ အစွမ်း ထက်သည့်ဆေးတစ်ပါးအဖြစ် သတ် မှတ်ယုံကြည်ခဲ့ကြသည်။

သဘာဝ ပေါက်ပင်မှ စိုက်ပျိုးပင်သို့
ဂျင်ဆင်းသည် မူလက ကိုရီးယား တောင်တန်းများတွင် အလိုအလျောက် ပေါက်ရောက်သည့် သဘာဝ ဆေးဖက်ဝင် အပင်ဖြစ်သည်။ သို့သော် ကိုရီးယားတောင် သူများသည် လွန်ခဲ့သော နှစ်ပေါင်း ၁၆ဝဝခန့်မှစ၍ အစေ့စိုက်ပျိုးအောင် မြင်ခဲ့သည်။ ယခုအခါ ကိုရီးယားနိုင်ငံ တစ်နံတစ်လျားတွင် ဂျင်ဆင်းကို စီးပွားဖြစ် စိုက်ပျိုးကြသည်။ အစိုးရက အရည်အသွေးကို ကွပ်ကဲထိန်းချုပ်ကာ ဂျင်ဆင်းအရည်အသွေး ပြည့် မီရေး အစဉ်စမ်းသပ်သုတေသနပြု လုပ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ကချင်ပြည်နယ်၊ ပူတာအိုဒေသ၌ သဘာဝအလျောက် ပေါက်ရောက်သော ဂျင်ဆင်းပင်များရှိနေ သည်မှာ စီးပွားဖြစ် စိုက်ပျိုးရေး အတွက် အခြေအနေပေးနေပါသည်။

ဂျင်ဆင်း စိုက်ပျိုးခြင်း
ဂျင်ဆင်းသည် ရေဝပ်ခြင်း၊ စွတ်စိုထိုင်းမှိုင်းခြင်းကို မကြိုက်။ နေ့အပူရှိန် ညအပူချိန် ကွာခြားသည့် ရာသီဥတုမျိုးတွင် မဖြစ်ထွန်း။ ပူပြင်းလွန်းသော ရာသီဥတုကိုလည်း မနှစ်ခြိုက်ချေ။ ဂျင်ဆင်းစေ့ကို စိုက်ပျိုး၍ တစ်နှစ်ခန့် အကြာတွင် လေဝင်လေထွက် ကောင်းပြီး စနစ်တကျ ပြုပြင်ထားသည့် စိုက်ကွင်းသို့ ပြောင်းရွှေ့ စိုက်ပျိုးရသည်။ လေးနှစ်မှ ငါးနှစ် သက်တမ်းရှိ ဂျင်ဆင်းပင်များကို ဆေးဝါး ထုတ်လုပ်နိုင်သည်။ ခြောက်နှစ်သား ဂျင်ဆင်းမှာ အကောင်းဆုံးဖြစ်သည်။ ဂျင်ဆင်းမြစ်၏ အလေးချိန်မှာ သုံး အောင်စခန့်ရှိပါသည်။

မြန်မာနိုင်ငံ၌ စိုက်ပျိုးအောင်မြင်နေပြီ
ယခုအခါ တရုတ်ပြည်က ယူဆောင်လာသော ဂျင်ဆင်းမျိုးစေ့ ၂၁ဝ အား ပျိုးထောင်ပြီး အပင်ပေါင်း ၂၁ဝ ကို သီပေါမြို့နယ်၊ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းရုံးဝင်း အတွင်းတွင် စိုက်ပျိုး ဖြစ်ထွန်း အောင်မြင်လျက် ရှိသည်ဟု သိရှိရပါသည်။ နွေရာသီအပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ် အောက်ရှိပြီး အေးသောကုန်းမြင့်များ၏ ရာသီဥတုကို ပိုမိုကြိုက်နှစ်သက်ပြီး ဓာတ်မြေသြဇာ သုံးစွဲမှုမရှိသော မြေများတွင် ပိုမိုအာနိသင် ကောင်းမွန်ကြောင်း သိရှိရပါသည်။ ယခု စိုက်ပျိုးသော ဂျင်ဆင်းသည် ကိုရီးယား၊ တရုတ်မှ ရှာဖွေ စုဆောင်းထားသော မျိုးဖြစ်ပြီး အပင်သဏ္ဌာန်၊ အရွက်၊ အပွင့်၊ အသီး ပုံသဏ္ဌာန် ကွဲပြားမှု ရှိသည်ဟု ဆိုသည်။ ဆေးဘက်ဝင် ဂျင်ဆင်းများကို စိတ်ဝင်စားသော တောင်သူများကို မျိုးများဖြန့်ဝေသွားမည်ဖြစ်ပြီး သီပေါမြို့နယ် မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းက ကျယ်ပြန့်စွာ ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ပြီး စိုက်ပျိုးသူများ ဝင်ငွေရရှိရန် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိရပါသည်။ သဘာဝအလျောက် ပင်ပေါက်ရောက်လျက်ရှိသော ကချင်ပြည်နယ်၊ ပူတာအို ဒေသတွင်လည်း စနစ်တကျ ပျိုးထောင် စိုက်ပျိုးသွားမည် ဆိုပါလျှင် များစွာအကျိုးရှိ မည်ဖြစ်ကြောင်း အကြံပြုတင်ပြလိုက် ရပါသည်။ 

အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအောင် မြန်မာအမျိုးသမီးအသင်း ဂျပန်နိုင်ငံသို့ ထွက်ခွာ

  
၂၀၁၄ အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ (2014 AFC Women's Asian Cup) ခြေစစ်ပွဲအောင် မြန်မာအမျိုသမီးလက်ရွေးစင်  ဘောလုံးအသင်းသည် ပြီးခဲ့သည့် ဇွန်(၁၀)ရက်နေ့က ရန်ကုန်မြို့မှတဆင့် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့သို့ ထွက်ခွါသွားခဲ့ကြောင်း သိရသည်၊။
  လက်ရွေးစင်အသင်းသည် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ လာမည့် ဇွန် (၃၀)ရက်နေ့အထိနေ ထိုင်ကာ လေ့ကျင့်မှုများပြုလုပ်မည်ဖြစ်ပြီး ဂျပန်အမျိုးသမီးကလပ်အသင်းများနှင့် ခြေစမ်းပွဲ (၅)ပွဲ ယှဉ်ပြိုင် ကစား သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရွေးစင်အသင်းတွင် တိုက်စစ်မှူး ခင်နွေးနွေးရွှေကို ထပ်မံအားဖြည့်ထားကြောင်း သိရသည်။
     မြန်မာအမျိုးသမီးလက်  ရွေးစင်အသင်းတွင် ဂိုး-မေ့ခင်ယမင်း၊ မြဖူးငုံ၊ သင်းသင်းစိုး၊ နောက်တန်း- မိုးမိုးဝါ၊ ရွှေစင်အောင်၊ မြင့်မြင့်အေး၊ စန်းစန်းမော်၊ သီးတာဦး၊ ဇာခြည်ဦး၊ ဖူးပွင့်ခိုင်၊ နန်းကြေးငုံ ၊ ဝေဝေအောင်၊ အလယ်တန်း- သန်းသန်းထွေး၊ ဇင်မာဝင်း၊ အေးအေးမိုး၊ သန္တာမိုး၊ နီလာမြင့်၊ ရှေ့တန်း- မာဂရက်မေရီ၊ နော်အားလိုဝါးတေး၊ ရီရီဦး၊ ခင်မိုးဝေ၊ ခင်မာလာထွန်း၊ ခင်သန်းဝေ၊ ခင်နွေးနွေးရွှေ တို့ ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။

မိုယက်စ်လက်ထက် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ဥရုဂွေးလူငယ်ကစားသမားအား မန်ယူအသင်ခေါ်

   

မန်ယူအသင်းသည် နည်းပြသစ် ဒေးဗစ်မိုယက်စ်လက်ထက်တွင် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ဥရုဂွေးလူငယ်ကစားသမား ဂွီလာမိုဗာရီလာအား ခေါ်ယူလိုက်ကြောင်း သိရှိရသည်။
ဗာရီလာသည် ပြီးခဲ့သည့်ရာသီနောက်ဆုံးရက်သတ္တပတ်အတွင်းက မန်ယူအသင်း၏ အိုးလ်ထရက်ဖို့ဒ် ကွင်း သို့ ရောက်ရှိလာပြီး အသင်းတာဝန်ရှိသူများက သူ၏ခြေစွမ်းကို စစ်ဆေးခဲ့ကြသည်။ ဗာရီလာသည် မန်ယူအသင်းတာဝန်ရှိသူများ ကျေနပ်လောက်သည့်ခြေစွမ်းကို ပြသနိုင်ခဲ့သဖြင့် သူ့အားမန်ယူအသင်း က ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ အသက်(၂၀)သာရှိသော ဗာရီလာ၏ပြောင်းရွှေ့ကြေးကို မန်ယူ အသင်းမှ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသော်လည် သူ၏ဥရုဂွေးကလပ် ပင်နားရိုးလ်အသင်းအနေ ဖြင့်ပြောင်းရွှေ့ကြေးပါင်(၁)သန်းဝန်းကျင် ရရှိသည်ဟု ဗြိတိန်မီဒီယာများ က ဖော်ပြကြသည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်သောကြာနေ့က ကလပ်အသင်းဝက်ဆိုက်မှတဆင့် ဥရုဂွေးလူငယ်နောက်ခံ လူဗာရီလာကို ခေါ်ယူခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။ ဗာရီလာသည် တူရကီနိုင်ငံတွင် ကျင်းပမည့် ဖီဖာယူ- ၂၀အသင်း၌ ပါဝင်ကစားသွာမည်ဖြစ်ကြောင်းလည်း သိရသည်။

မြ၀တီဘဏ် လီမိတက်၏ မိုဘိုင်းဝန်ဆောင်မှု

မြ၀တီဘဏ်ဟာ မကြာမီဘဏ်ခွဲမရှိတဲ့ မြို့နယ်တွေကို မိုဘိုင်းကားတွေနဲ့ သွာရောက်ပြီး ဘဏ် လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုပေးတော့မယ်လို့ ဇွန်လ(၄)ရက်နေ့က စင်ထရယ်ဟော်တယ်မှာ ကျင်းပတဲ့ Mobile Banking ၀န်ဆောင်မှု မိတ်ဆက်ပွဲမှာ ထုတ်ဖော်ကြေညာပါတယ်။ ကနဦး အနေနှင့် ရန်ကုန်တိုင်း ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံ(တောင်)၊ ဒဂုံ(မြောက်)၊ လှည်းကူး၊ မှော်ဘီ၊ သံလျင်၊ ဒဂုံဆိပ်ကမ်းယုဇနဥယျဉ် မြို့တော်တွေဆီ တစ်ပတ်(၂)ကြိမ်လှည့် လည်ပြီး ဘဏ်အကောင့်သစ် ဖွင့်လှစ်ပေးတာ၊ အကန့်အသတ်ငွေပမာဏနဲ့ ငွေသွင်း၊ ငွေထုတ် ၊ ငွေလွှဲတာတွေကို လုပ်ကိုင်ပေးမယ်လို့ဆိုပါတယ်။ ဒါတင်မက မိုဘိုင်းဖုန်းတွေကနေ ကိုယ့်ရဲ့ ဘဏ်စာရင်း အကောင့်လက်ကျန် ငွေစာရင်းတွေကို ၀င်ရောက်ကြည့်ရှုနိုင်ပြီလို့ မိတ်ဆက်ပွဲမှာ ရှင်းပြခဲ့ပါတယ်။ Ref: Skynet TV Browser

ဒေါ်လာသန်း (၅၀၀) ကုန်ကျမည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာမဟာစီမံကိန်းကိုယခုနှစ်အတွင်းအကောင်အထည်ဖော်မည်


မြန်မာနိုင်ငံအစိုးရသည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ နော်ဝေနိုင်ငံ အစိုးရတို့နှင့်အတူ ဖွံ့ဖြိုးရေးစီမံကိန်းပေါင်း (၂၁)ခုကိုလုပ်ကိုင်နိုင်ရန်အတွက် ဒေါ်လာသန်း (၅၀၀) ကုန်ကျမည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမဟာစီမံကိန်းတစ်ခုကို ထုတ်ဖော် လိုက်သည်။ အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပြိုင်အဆိုင်လုပ်ကိုင်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာ အရေးကြီးသည့်ဒေသများအား ကာကွယ်ရန်နှင့်တိုင်းရင်းသားပြည်သူလူထုအား ကာကွယ်စောင့်ရှောက် နိုင်ရန်အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

UNICEF မှ ရခိုင်ဒုက္ခသည်စခန်းများရှိ ကလေး(၆၀၀၀)ကျော်အတွက်ယာယီစာသင်ဆောင်(၂၆)ဆောင်ဆောက်လုပ်မည်




ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းများရှိ မူလတန်းအရွယ်ကလေးများအတွက် ယာယီစာ သင်ဆောင် ၂၆ဆောင် ဆောက်လုပ်နေပြီး
အဆိုပါစာသင်ဆောင်များကို ရခိုင်ပြည်နယ်မြို့နယ်(၄)ခုရှိ ဒုက္ခသည်စခန်း၁၆ခု၌ ခိုလှုံနေသောမူလတန်းအရွယ် ကလေးငယ်ပေါင်း၆ထောင်
ကျော်အတွက်ယာယီစာသင်ဆောင်(၂၆)ဆောင်ကိုယခုနှစ်စာသင်ချိန်အမီ UNICEFမှတာဝန်ယူဆောက်လုပ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်(၃)ခုတွင် အဆိုပါယာယီစာသင်ဆောင်များကို ဆောက်လုပ်နေပြီဖြစ်သော်လည်း တချို့နေရာများတွင်
စာသင်ဆောင်များဆောက်လုပ်ဖို့အတွက် မြေနေရာပါမစ်ရရန် စောင့်ဆိုင်းနေရမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ယခုဆောက်လုပ်ပေးမည့်
စာသင်ဆောင်တစ်ဆောင်တွင် ကလေးငယ်ပေါင်း(၆၀)လွတ်လပ်စွာ ပညာသင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သော
ဆူပူအကြမ်းဖက်မှုများကြောင့် ပြည်နယ်အတွင်း ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည့် မူလတန်းအဆင့်ကျောင်းနေအရွယ် ကလေးငယ်ပေါင်း ၈ထောင်ကျော်ရှိကြောင်း
UNICEF၏ စစ်တမ်းအရသိရှိရသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ် သီးခြားလွတ်လပ်စွာ ရပ်တည်တော့မည်


နိုင်ငံတော်ဗဟိုဘဏ် ဥပဒေသစ်ကို လာမည့်လွှတ်တော် အစည်းအဝေး မတိုင်မီ နိုင်ငံတော် သမ္မတဦးသိန်းစိန် လက်မှတ်ထိုးတော့မည်ဖြစ်ပြီး ဗဟိုဘဏ်သည် မကြာမီအချိန် အတောအတွင်း သီးခြားလွတ်လပ်စွာ ရပ်တည်တော့မည် ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်စောဦး၏ ပြောကြားချက်ကို ကိုးကားပြီး The Wall Street Journal က သတင်းဖော်ပြထားသည်။

လက်ရှိ ဗဟိုဘဏ်ဥပဒေ နေရာတွင် အစားထိုးမည့် ဗဟိုဘဏ် ဥပဒေသစ်သည် လက်ရှိအစိုးရ လက်ထက်တွင် အချိန်အယူရဆုံး ဥပဒေတစ်ခုဖြစ်ပြီး လွှတ်တော်နှစ်ရပ်နှင့် အစိုးရအဖွဲ့ကြား ပြင်ဆင်ညှိနှိုင်းချက် ၂၀၀ ကျော်ရှိခဲ့သည့် ဥပဒေဖြစ်သည်။ ဥပဒေသစ် အတည်ပြုလက်မှတ် ရေးထိုးပြီးပါက ဗဟိုဘဏ်သည် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

လက်ရှိ အစိုးရလက်ထက်တွင် ဗဟိုဘဏ်၏ အထင်ရှားဆုံး ပြောင်းလဲမှုမှာ နိုင်ငံခြားငွေလဲနှုန်းကို ထိန်းကျောင်းမှုရှိသော ငွေလဲနှုန်းစနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်က စတင်ခဲ့သော အဆိုပါစနစ်သည် ဈေးကွက်အပြောင်းအလဲ များစွာ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၂ ဧပြီ ၂ ရက်တွင် ဗဟိုဘဏ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ၈၁၈ ကျပ်ဖြင့် ဈေးသတ်မှတ်ခဲ့ပြီး တစ်နှစ်ကျော်အကြာ ၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက်တွင် ၉၄၆ ကျပ်အထိ သတ်မှတ်ခဲ့သည်။
ဗဟိုဘဏ် ဥပဒေသစ်သည် လက်ရှိအစိုးရ လက်ထက်တွင် အချိန်အယူရဆုံး ဥပဒေတစ်ခုဖြစ်ပြီး လွှတ်တော်နှစ်ရပ်နှင့် အစိုးရအဖွဲ့ကြား ပြင်ဆင်ညှိနှိုင်းချက် ၂၀၀ ကျော်ရှိခဲ့သည့် ဥပဒေဖြစ်သည်။ ဥပဒေသစ် အတည်ပြုလက်မှတ် ရေးထိုးပြီးပါက ဗဟိုဘဏ်သည် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာမည်...

မကြာမီ အသစ်ဖွဲ့စည်းမည့် နိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံ၏ ငွေလဲနှုန်း ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ကိုင်ရမည်ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိရန် စိန်ခေါ်ချက်များ ရှိနေဆဲဖြစ်သည်။

ငွေလဲနှုန်းထား အမျိုးမျိုးကို တစ်မျိုးတည်း ပေါင်းစည်းရန် ရည်မှန်းထားသော်လည်း လက်ရှိအချိန်ထိ ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း၊ သိမ်ဖြူ ငွေလဲကောင်တာ ဈေးနှုန်း၊ ဘဏ်ငွေလဲကောင်တာ ဈေးနှုန်း၊ ပြင်ပဈေးနှုန်းများအကြား ကွာဟချက်များ ရှိနေဆဲ ဖြစ်သည်။

ဗဟိုဘဏ်၏ ရည်မှန်းချက်မှာ ပြည်တွင်းပြည်ပတွင် မြန်မာကျပ်ငွေတန်ဖိုး တည်တံ့ခိုင်မြဲစေရန် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်နိုင်ရန် ဗဟိုဘဏ်သည် ထိရောက်သော ငွေပေးချေမှု စနစ်များ၊ ငွေကြေးလွယ်ကူမှု၊ ကြွေးမြီ ပေးဆပ်နိုင်မှုတို့ ကောင်းမွန်ပြီး ခိုင်မာသော ငွေရေးကြေးရေး စနစ်တစ်ရပ်ဖြင့် ဆောင်ရွက်ရန် ရည်မှန်းထားကာ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ငွေကြေး၊ ချေးငွေနှင့် ငွေရေးကြေးရေး အခြေအနေများကို ကြိုးပမ်းဆောင်ရွက်မည် ဖြစ်သည်ဟု ဗဟိုဘဏ်က မူဝါဒ ချမှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် မကြာမီ ကမ္ဘာ့ငွေကြေး ဈေးကွက်နှင့် ပိုမိုချိတ်ဆက်လာမည် ဖြစ်ခြင်းကြောင့် နိုင်ငံတကာငွေကြေး ဈေးကွက်ရှိ ဖြစ်ပေါ်ပြောင်းလဲမှုများကို စောင့်ကြည့် သတိပြုသင့်ကြောင်း၊ နိုင်ငံအတွင်း ရင်းနှီးငွေ စီးဝင်မှုများကို စိစစ်ပြီး ကာလရှည် ရင်းနှီးမှုနှင့် ကာလတို ရင်းနှီးမှု တို့ကို ခွဲခြားစိစစ်နိုင်မှသာ ဗဟိုဘဏ်အနေဖြင့် မှန်ကန်သင့်လျော်သော မူဝါဒများဖြင့် စီးပွားရေးနှင့် ဘဏ္ဍာရေး တည်ငြိမ်မှု ရရှိစေရန် စွမ်းဆောင်နိုင်မည် ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ထားသည်။

ဒေါ်လာဈေး ကျပ် ၉၅၀ အထိ မြင့်တက်ခြင်း၏ အကျိုးဆက်ကြောင့် ဆန်၊ ဆီ၊ သား ငါးနှင့် အခြေခံ စားသောက်ကုန်များ ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၆၀ အထိ ဈေးတက်




ဆန်၊ ဆီ၊ သား ငါး အပါအ၀င် အခြေခံ စားသောက်ကုန်များမှာ တစ်လအတွင်း ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
အခြေခံ စားသောက်ကုန်များထဲတွင် အများသုံး ဆန်ကြမ်းမှာ လက်လီ ဈေးကွက်အတွင်း တစ်ပြည်လျှင် ကျပ် ၁၀၀ ကျော်၊ တစ်အိတ်လျှင် ကျပ် ၃၀၀၀ နီးပါး မြင့်တက်ခဲ့ကြောင်း သိရသည်။
အများပြည်သူ အဓိက မှီခို စားသုံးရသည့် ငါးမြစ်ချင်း၊ ငါးကြင်းဈေးနှုန်း များမှာလည်း တစ်လအတွင်းမှာပင် ငါးမြစ်ချင်းဆိုပါက ယခင် တစ်ပိဿာ ကျပ် ၂၅၀၀ ၀န်းကျင်သာ ရှိရာမှ ယခုအခါ တစ်ပိဿာ ကျပ် ၃၅၀၀ သို့လည်းကောင်း၊ ယခင် တစ်ပိဿာ ကျပ် ၄၀၀၀ ၀န်းကျင်ရှိသည့် ငါးမြစ်ချင်းမှာ ယခု တစ်ပိဿာ ကျပ် ၆၅၀၀ သို့ လည်းကောင်း မြင့်တက်လာခဲ့သည်။
ဈေးအပေါဆုံး ပင်လယ်ငါးများပင် ဈေးနှုန်း မြင့်တက်လာခဲ့ပြီး ယခင် ဒိုင်ဈေး တစ်ပိဿာ ကျပ် ၈၀၀ မှ ကျပ် ၁၀၀၀ ၀န်းကျင်သာရှိသည့် ငါးသေတ္တာငါးမှာ တစ်ပိဿာ ကျပ် ၁၈၀၀ (ဒိုင်ဈေး) သို့ မြင့်တက်လာကြောင်း သိရသည်။
ငါးဈေးမြင့်တက်သည့်အပေါ် လက်လီ ငါးရောင်းသူ တစ်ဦးက ''ဗဟိုစံပြငါးဈေးမှာ သွားယူရတယ်။ ငါးဒိုင်တွေမှာ ကျွန်မက အရင်က နေ့တိုင်း တစ်ရက်ကို ၁၀ ပိဿာ ၀ယ်တယ်။ တန်းစီပြီး ၀ယ်ရတယ်။ အခု ကျွန်မအလှည့် ရောက်လည်း ရောက်ရော ဘယ်လောက်ယူမလဲ မေးတယ်။ ၁၀ ပိဿာလို့ ပြောတော့ တောင်းကိုချက်ချင်းယူပြီး လွှင့်ပစ်လိုက်တယ်။ ပိဿာ ၂၀၊ ၃၀ အနည်းဆုံးထားပြီး ၀ယ်တဲ့သူတွေကိုပဲ ဦးစားပေး ရောင်းတော့တယ်။ ကျွန်မကလည်း တစ်ရက်ကို အချိန် ၁၀ လောက်ပဲ ကုန်တော့ ပိုမ၀ယ်နိုင်ဘူး။ အခု ငါးမရလို့ ဈေးမရောင်းဖြစ်တာ ငါးရက်ရှိနေပြီ။ ငါးဈေးတက်ပြီး ဒိုင်မှာ ငါးလိုသလောက် မရလို့ ဖြစ်တာပါ။ တချို့ငါးတွေကတော့ ဒိုင်ဈေးကို ခုန်တက်လာတာ'' ဟု ပြောပြသည်။
စားအုန်းဆီမှာလည်း တစ်ပိဿာ ကျပ် ၁၀၀ မြင့်တက်လာပြီး ယခင် ပိဿာလိုက် ဈေးနှုန်းဖြစ်သည့် တစ်ပိဿာ ကျပ် ၁၅၀၀ မှ ကျပ် ၁၆၀၀ သို့မြင့်တက်လာခဲ့ပြီး လက်လီ ၀ယ်ယူစားသုံးရသူများမှာ တစ်ဆယ်သားလျှင် ကျပ် ၁၇၀ မှ ကျပ် ၁၈၀ (တစ်ပိဿာ ၁၇၀၀ မှ ၁၈၀၀ ကျပ်) အထိ ပေးဝယ်နေကြရကြောင်း သိရသည်။
ပဲရောဆီမှာလည်း ထိုသို့ပင် ယခင် တစ်ပိဿာ ကျပ် ၂၄၀၀ ရှိရာမှ ယခု တစ်ပိဿာ ကျပ် ၂၅၀၀ အထိ မြင့်တက်လာသည်ဟု သိရသည်။
အမဲသားမှာလည်း ယခင် တစ်ပိဿာ ကျပ် ၅၀၀၀ မှ ယခုအခါ တစ်ပိဿာ ကျပ် ၇၀၀၀ သို့လည်းကောင်း၊ ၀က်သားမှာ တစ်ပိဿာကျပ် ၅၀၀၀ မှ ယခု တစ်ပိဿာ ကျပ် ၆၀၀၀ သို့လည်းကောင်း စသည်ဖြင့် အသားဈေးနှုန်းများ မြင့်တက်လာခဲ့သည်။
အာလူးဈေးနှုန်းမှာ တစ်ပိဿာ ကျပ် ၆၀၀၊ ကျပ် ၇၀၀ အမြင့်ဆုံးရှိရာမှ ယခုအခါ တစ်ပိဿာ ကျပ် ၁၀၀၀ (ဈေးအမြင့်ဆုံး အစား) အထိ မြင့်တက်လာခဲ့သည်ဟု သိရသည်။ အခြားသော အခြေခံ စားသောက်ကုန်များထဲတွင် ထိုင်းနိုင်ငံထုတ် စားသောက်ကုန် အချို့မှာလည်း ဈေးနှုန်း ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု သိရသည်။
လက်ရှိတွင် တစ်လအတွင်း စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်သည့် အနေအထားကို ခြုံကြည့်ပါက အခြေခံ စားသောက်ကုန်များမှာ အမျိုးအစားအလိုက် အနည်းဆုံး ၁၀ ရာခိုင်နှုန်းမှ အများဆုံး ရာခိုင်နှုန်း ၆၀ ကြား ဈေးနှုန်းမြင့်တက်လာကြောင်း သုံးသပ်တွေ့ရှိရသည်။

ထိုသို့ ဆန်ကြမ်းဈေးနှုန်း ယခုလို မြင့်တက်လာသည့် အတွက် မြန်မာနိုင်ငံမှ ပြည်ပဆန်တင်ပို့မှုကိုပင် နှစ်လအထိ ရပ်ဆိုင်းထားတော့မည်ဟု သိရသည်။

ထိုသို့ဈေးနှုန်း မြင့်တက်လာရသည့် အဓိက အကြောင်းအရာများအနက် အများစုမှာ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမြင့်တက်ခြင်းကြောင့် ဖြစ်ပြီး အချို့စားသောက်ကုန်များမှာ ရောင်းလိုအားနှင့် ၀ယ်လိုအား မမျှသည့်အတွက် ယခုလို ဈေးနှုန်းမြင့်တက်ခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ နှစ်လအတွင်း ယခင် တစ်ဒေါ်လာ ကျပ် ၈၇၀ ၀န်းကျင်မှ ယခုအခါ တစ်ဒေါ်လာ ကျပ် ၉၅၀ ၀န်းကျင်အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်း မြင့်တက်သည့်အတွက် ပြည်ပမှ ဒေါ်လာ အသုံးပြု တင်သွင်းရသည့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ လိုက်ပါမြင့်တက်ခြင်း၊ စက်သုံးဆီဈေး အနည်းငယ်မြင့် တက်သည့်အတွက် ပြည်တွင်းအခြေခံ စားသောက်ကုန်များ၏ သယ်ယူစရိတ် အနည်းငယ် လိုက်ပါမြင့်တက်မှုအပေါ် မူတည်၍လည်း အခြေခံ စားသောက်ကုန်အချို့ ဈေးနှုန်းမြင့်တက်ခဲ့သည်။

အခြေခံ စားသောက်ကုန်များအပြင် မိုးစပါးအတွက် တင်သွင်းသည့် ဓာတ်မြေသြဇာ ဈေးနှုန်းများလည်း လိုက်ပါမြင့်တက်သည့်အတွက် တောင်သူများ ယခုနှစ် မိုးစပါးအတွက် အမြင့်ဈေးဖြင့် ၀ယ်ယူ အသုံးပြုရတော့မည် ဖြစ်သည်။

ဆက်သွယ်ရေးလိုင်စင်(၂)ခုအတွက်အပြီးသတ်တင်ဒါတင်သွင်းခဲ့သည့်ကုမ္မဏီ(၁၁)ခုစာရင်း

  1. Orange + Marubeni (ပြင်သစ်+ဂျပန်)
  2. KDDI + Sumitomo + MICTDC + A1(ဂျပန်+မြန်မာ)
  3. Telenor (နော်ဝေ)
  4. Singtel + Royal Myanmar(KBZ) + M Tel(စင်္ကာပူ+မြန်မာ)
  5. MTN(Dubai) + M1 + Amara(တောင်အာဖရိက+လက်ဘနွန်+မြန်မာ)
  6. Bharti Airtel + Palazio(အိန္ဒိယ+ဆိုက်ပရပ်စ်)
  7. QTel(Ooredoo)(ကာတာ)
  8. Viettel (ဗီယက်နမ်)
  9. AXita Group(မလေးရှား)
  10. Millicom(လူဇင်ဘာတ်)
  11. Digicel + Quantum Strategic + Yoma Strategic(ဂျမေကာ)
လျှောက်ထားသည့် ကုမ္မဏီများထဲမှ အော်ပရေတာ(၂)ခုကိုသာ ရွေးချယ်မည်ဖြစ်ပြီး လိုင်စင်ရသူ(၂)ခုကိုဇွန်လ(၂၇)ရက်နေ့တွင် ကြေညာမည်ဟုသိရသည်။

၉၆၉ အသုံးပြုမှု ညောင်ရွှေအာဏာပိုင်တို့ မနှစ်သက်

၁၁.၆.၂၀၁၃၊ အင်္ဂါနေ့

(ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ)

ရှမ်းပြည်နယ် ရွှေညောင်မြို့ တာယောကျောင်းတိုက်တွင် ကျင်းပရန် စီစဉ်ထားသည့်တရားပွဲ တစ်ခုကို ၉၆၉ အထူးတရားပွဲဟု အမည်ပေးကာ ကြော်ငြာဆိုင်းဘုတ်များ တင်ထားရာ ဆိုင်းဘုတ်များတွင်ပါရှိသည့် ၉၆၉ ဂဏန်းများကို အဖြူရောင်စတစ်ကာဖြင့်ကပ်ကာ ဖုံးအုပ်စေခဲ့သည်ဟု တရားပွဲဖြစ်မြောက်ရေး နာယက ဦးဇော်ဇော်က မဇ္ဈိမကို ပြောသည်။

၉၆၉ အထူးတရားပွဲဟု အမည်ပေးထားသည့် တရားပွဲပိုစတာများတွင် ၉၆၉ ဂဏန်းကို ဒေသခံ အာဏာပိုင်တို့က အဖြူရောင်စတစ်ကာဖြင့် ဖုံးအုပ်ခဲ့ရာ တရားပွဲဖြစ်မြောက်ရေးကော်မတီ က ပြန်လည်ခွာပစ်ခဲ့သည်။ ၉၆၉ ဂဏန်းများ ပါရှိနေခြင်းသည် ရွှေညောင်စခန်းမှူး၊ တောင်ကြီး မြို့နယ် အုပ်ချုပ်ရေးမှူးတို့က ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်မည်ကိုစိုးရိမ်ပြီး အဆိုပါ ဂဏန်းပါရှိနေခြင်းမှာ မသင့်လျော်ဟုဆိုကာ တားမြစ်ခြင်းဟု ညောင်ရွှေမြို့ မင်္ဂလာအောင်မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဦးဇော်ဇော်က ဆိုသည်။

''ဒီ ၉၆၉ စာတန်းကြီးပါနေတာ မသင့်တော်ပါဘူးဆိုပြီးတော့၊ ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက် မှာစိုးလို့ ကျွန်တော် ကနေတစ်ဆင့် အများအထင်အမြင်လွဲမှားမှု မရှိအောင် တားမြစ်ရခြင်းဖြစ် ပါတယ်။ တရားပွဲကို တားမြစ်တာမဟုတ်ပါ ဘူး။ ၉၆၉ တံဆိပ်ကို ဖယ်ခိုင်းတာပါ။ ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် အထက်ကခိုင်းရင် အမိန့်ကို နာခံရပါတယ်'' ဟု ဦးဇော်ဇော် က ပြောသည်။

တရားပွဲကို ဇွန်လ ၁၃ ရက်တွင် ပြုလုပ်ရန်ရှိပြီး ဆိုင်းဘုတ်များကို ဇွန်လ ၈ ရက်က စတင်ထောင် ရာ နောက်နေ့နံနက် ၉ နာရီ အချိန်တွင် ၉၆၉ ဂဏန်းများပေါ်တွင် အဖြူရောင်စတစ်ကာဖြင့် ဖုံးအုပ်စေခြင်းဖြစ်သည်။ အဆိုပါအခြေအနေများ ဖြစ်ပေါ်လာ ပြီးနောက် တရားပွဲဖြစ်မြောက်ရေး ကော်မတီနှင့် ညောင်ရွှေအုပ်ချုပ်ရေးမှူး၊ မင်္ဂလာအောင်မြေ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်တို့ ပါဝင်သော အစည်းအဝေးကို ဇွန်လ ၁ဝ ရက်၊ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးအပြီး ကော်မတီဝင်များ၏ ဆုံးဖြတ်ချက်အရ ဖုံးအုပ်ထားသည့် ၉၆၉ ဂဏန်းများကို ညနေ ၅ နာရီတွင် ပြန်လည်ခွာပစ်ခဲ့ကြသည်။ ''အားလုံး ပြေလည်သွားပါပြီ၊ ကျွန်တော်တို့နဲ့ တရားပွဲဖြစ်မြောက်ရေးကော်မတီဝင်တွေနဲ့လည်း တွေ့ပြီးပြီ ၉၆၉ ကိုပြန်ခွာတာ ကတော့ သူတို့သဘောပါပဲ။ ကျွန်တော်တို့ မကန့်ကွက် ပါဘူး'' ဟု ဦးဇော်ဇော်က မဇ္ဈိမကို ပြောသည်။

တရားပွဲကို မြစေတီ ပရိယတ္တိစာသင်တိုက်မှ အရှင်ဝိဇာနန္ဒ၊ မြနန်းစေတီ နန်းဦးပရယတ္တိ စာသင်တိုက်မှ အရှင်သဒ္ဓမ္မ၊ မြစေတီရဲကျောင်းပရိယတ္တိစာသင်တိုက်မှ အရှင်ဂန္ဓသာရတို့က ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ဟောကြားမည်ဖြစ်သည်။ တရားပွဲကို ဖြစ်မြောက်အောင် ကြိုးပမ်းသွားမည်ဖြစ်ပြီး အေးအေးချမ်းချမ်းဖြစ်အောင်လည်း ဆောင်ရွက်သွားမည်ဟု တရားပွဲဖြစ်မြောက်ရေးကော်မတီဝင် ကိုဇော်မင်းထူးက မဇ္ဈိမကို ပြောသည်။

Mizzima Burmese

သမ္မတနှင့် RCSS/SSA တို့ စစ်ပြေးဒုက္ခသည်များ နေရာချထားရန် ဆွေးနွေး

၁၁.၆.၂၀၁၃၊ အင်္ဂါနေ့

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကာင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) နှင့် နိုင်ငံတော် သမ္မတဦးသိန်းစိန်တို့ နေပြည်တော်တွင်တွေ့ဆုံကာ တခြားနိုင်ငံများတွင် ရောက်ရှိနေသော စစ်ပြေး ဒုက္ခသည်များအားပြန်လည်ခေါ်ယူ နေရာချထားမှုများ လုပ်ပေးရန် တောင်းဆိုခဲ့ကြောင်း RCSS/SSA ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ ဗဟိုကော်မတီဝင် ဦးစိုင်းလှက ပြောသည်။

၎င်းက ''ပြန်လည်ထူထောင်ရေးပိုင်းတွေမှာ တဖြည်းဖြည်းနဲ့ အကောင်အထည်ဖော်ပေးသွားမယ်လို့ သမ္မတကြီးကလည်းပြောပါတယ်။ စစ်ဘေးဒုက္ခသည်အဖြစ် တခြားနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားအဖြစ် ရွာလုံးကျွတ်ရောက်ရှိနေ သူတွေကို ပြန်လည်နေရာချထားရေး၊ ရွှေ့ပြောင်းလုပ်သားတွေအတွက် သန်းခေါင်စာရင်း၊ မှတ်ပုံတင်ပြုလုပ်ပေးရေး တို့ကို ထပ်မံဆွေးနွေးဖို့ သမ္မတက ပြောကြားသွားပါတယ်'' ဟု ပြောသည်။

ထပ်မံတွေ့ဆုံရန်အတွက်မူ ရက်အတိအကျ ချိန်းဆိုမှုမရှိသေးကြောင်း ၎င်းက ထပ်မံပြောကြားသည်။ ရှမ်းပြည်တောင်ပိုင်းမှ စစ်ဘေးဒဏ်ကြောင့် အခြားနိုင်ငံများတွင် ရွှေ့ပြောင်းလုပ်သားများအဖြစ် သွားရောက်နေထိုင်သူ ငါးသိန်းခန့်ရှိနေပြီး ပြည်တွင်း IDP (စစ်ဘေးရှောင်သူ) တစ်သောင်းကျော် ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် သမ္မတဦးသိန်းစိန်နှင့် RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် တို့တွေ့ဆုံပြီး ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည်ဆောက်ရန်၊ RCSS/SSA အား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုပေးရန်၊ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးကိစ္စများ ဆွေးနွေးခဲ့ပြီး ရှမ်းပြည်နယ်တွင် စစ်ပွဲများပြန်လည်ဖြစ်ပွားနေမှုကြောင့် ''ငြိမ်းချမ်းရေးပူးတွဲဖော်ဆောင်ရေးကော်မတီ'' တစ်ရပ်ဖွဲ့ပေး ရန် တောင်းဆိုမှုခဲ့ရာ ယင်းကို သမ္မတက လက်ခံခဲ့ သည်။

RCSS/SSA တပ်အား မတရားအသင်းမှ ပယ်ဖျက်ပေးရန်ကိစ္စကိုလည်း ထပ်မံတောင်းဆိုခဲ့ပြီး သမ္မတဦးသိန်းစိန်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးပြီးမှသာ ထိုကိစ္စအား အကောင်အထည်ဖော် မည်ဟု ပြောခဲ့ကြောင်းလည်း ဦးစိုင်းလှ က ပြောသည်။

ရှမ်းပြည်(တောင်ပိုင်း) တပ်မတော်အား မတရားအသင်းမှ ဖျက်သိမ်းပေးရန် ၂ဝ၁၂ ခုနှစ် မေလ ၁၉ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတုံမြို့တွင် ဒုတိယအကြိမ် အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွင်လည်း တောင်းဆိုခဲ့ခြင်းဖြစ်ရာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း ဖျက်သိမ်းပေးမည်ဟု ကတိပြုခဲ့ဖူးသည်။

သမ္မတဦးသိန်းစိန်နှင့် RCSS/SSA တို့ ဇွန်လ ၁ဝ ရက်က နေပြည်တော်ရှိ ရတနာသိင်္ဃဟိုတယ် တွင် တွေ့ဆုံခဲ့ကြပြီး အစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ဝန်ကြီးဦးအောင်မင်းနှင့် အစိုးရအဖွဲ့ဝန်ကြီး၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့သည်။ ရှမ်းပြည် ပြည်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်ဘက်မှ ဒုဗိုလ်မှူးကြီးယွက်စစ်နှင့် အတိုင်ပင်ခံ ဦးခွန်စိုင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ ဗိုလ်မှူးချုပ်အောင်ထွေး၊ ဆက်ဆံရေးရုံး တာဝန်ခံမှူး၊ ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့သည်။

အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် RCSS/SSA တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ၂ဝ၁၁ခုနှစ် ဒီဇင်ဘာလ ၂ရက်ကလက်မှတ်ရေးထိုးခဲ့ပြီး ယခုအကြိမ် သမ္မတနှင့် တွေ့ဆုံမှုသည် ခုနစ်ကြိမ်မြောက် ဖြစ် သည်။ RCSS/SSAနှင့် အစိုးရငြိမ်းချမ်းမှုဖော်ဆောင်ရေးအဖွဲ့တို့ အပစ်အခတ် လက်မှတ်ရေး ထိုးပြီးနောက်ပိုင်း ရှမ်းပြည်တောင်ပိုင်းဒေသတွင် စစ်ပွဲ ၇ဝ ကျော်ခန့်ဖြစ်ပွားပြီး ဖြစ်ကြောင်း ဦးစိုင်းလှကပြောသည်။

Mizzima Burmese

မြန်မာနှင့် ဂျပန်၊ သြစတြေးလျ၊ ထိုင်းကုမ္ပဏီတို့ ပူးပေါင်းကာ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် ၂၇ ထပ်ရှိ ကားပါကင်၊ ဈေးဝယ်စင်တာများ ပါဝင်သော အထပ်မြင့် အဆောက်အအုံတစ်ခု ဆောက်မည်

၁၁.၆.၂၀၁၃၊ အင်္ဂါနေ့

KABAR AYE EXECUTIVE RESIDENCE ၏ ပုံစံငယ်အား တွေ့ရစဉ်

 မြန်မာနှင့် ဂျပန်၊ သြစတြေးလျ၊ ထိုင်း ကုမ္ပဏီတို့ ပူးပေါင်းကာ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် ၂၇ ထပ်ရှိ အထပ်အမြင့် အဆောက်အအုံတစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း အကျိုးတူ ဆောက်လုပ်မည့် Living Square Co.,Ltd ထံမှ သိရသည်။

အမှတ်(၆၅) မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းပေါ်တွင် အဆိုပါ ၂၇ ထပ်ရှိ အဆင့်မြင့် အဆောက်အအုံကို တည်ဆောက်မည်ဖြစ်ပြီး ကားပါကင်အဖြစ် မြေအောက်ထပ် သုံးထပ်နှင့် အထပ်ငါးမှ ခုနစ်အထိ သုံးထပ် စုစုပေါင်း ခြောက်ထပ်၊ ဈေးဝယ်စင်တာအဖြစ် မြေညီထပ်မှ လေးထပ်အထိ စုစုပေါင်း ငါးထပ်နှင့် ရှစ်ထပ်မှ စတင်ကာ ၁၉ ထပ်အထိ အဆင့်မြင့် အခန်းရှစ်ခန်းစီ ပါဝင်သော အဆောက်အအုံ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အထပ် ၂၀ မှစ၍ ၂၇ ထပ်အထိ ကျန်အထပ်များတွင် Fitness Centre, Coffee Bar နှင့် မိုးမျှော် တိုက်ခန်းများအဖြစ် ထည့်သွင်း ဆောက်လုပ်ထားကာ Architectual Design ကို ဂျပန်မှ MS Group, Structural and M&E Design ကို သြစတြေးလျ Meinhardt တို့မှ မြန်မာနိုင်ငံရှိ Living Square Co.,Ltd. နှင့် ပူးပေါင်းဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

''အချိန်အားဖြင့်တော့ နှစ်နှစ်ကျော်လောက် ကြာမယ်။ အခုကတော့ Soil Test တွေစလုပ်နေပါပြီ''ဟု Living Square Co.,Ltd. မှ Technical Manager တစ်ဦးက ဆိုသည်။ အဆိုပါ အဆောက်အအုံတွင် မီးဘေးအန္တရာယ် ကာကွယ်မှုစနစ်၊ အမှိုက်တိုက်ရိုက် စွန့်ပစ်စနစ်နှင့် အရစ်ကျ ၀ယ်ယူစေခြင်းများ၊ အခန်းတိုင်းတွင် ပရိဘောဂ အပြည့်အစုံ ပါရှိခြင်းအပြင် အပေါ်ဆုံးထပ်တွင် အရေးပေါ် ကိစ္စများအတွက် ရဟတ်ယာဉ်တစ်စင်းစာ ဆင်းနိုင်သော ကွင်းအထိ ပြုလုပ်ပေးထားကြောင်းလည်း သိရသည်။

ယင်းလူနေအိမ်ခန်းများသည် အနည်းဆုံး စတုရန်းပေ ၁၁၀၀ မှ အများဆုံး ၃၀၀၀ ကျော်အထိ ကျယ်ဝန်းမည်ဖြစ်ကာ အကြမ်းဖျင်းဈေးနှုန်းမှာ အနည်းဆုံး သိန်း ၃၀၀၀ ကျော်မှ အများဆုံး သိန်း ၇၅၀၀ ကျော်အထိ ကျသင့်မည်ဟု ခန့်မှန်းတွက်ချက်ထားကြပြီး KABAR AYE EXECUTIVE RESIDENCE ဟု အမည်ရှိ ယင်းအဆောက်အအုံကို ယခုနှစ် ဇွန်လမှစတင်ကာ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

ပုဂ္ဂလိက မီဒီယာများကို အလုံးစုံ မယုံကြည်သောကြောင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာရှိသင့်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်း ပြောကြား

၁၁.၆.၂၀၁၃၊ အင်္ဂါနေ့

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်းအားတွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
ပုဂ္ဂလိကမီဒီယာများကို အလုံးစုံမယုံကြည်သောကြောင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ရှိသင့်သည်ဟု ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်းက ပြောကြားသည်။

ဇွန် ၉ ရက်က ရန်ကုန်မြို့၌ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်နှင့် အဖွဲ့ဝင်များ၊ ဥပဒေကြမ်း ကော်မတီမှ အတွင်းရေးမှူး ဦးစောလှထွန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် အဖွဲ့ဝင်များ တွေ့ဆုံပြီး ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေမူကြမ်း၊ အများပြည်သူ ၀န်ဆောင်မှုမီဒီယာ ဥပဒေကြမ်းများနှင့် ပတ်သက်ပြီး ဆွေးနွေးစဉ် ဦးရဲထွန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

''အများပြည်သူဝန်ဆောင်မှု မီဒီယာ ရှိသင့်သလား မရှိသင့်ဘူးလားက ပြဿနာပါ။ စီးပွားရေးသမား ကတော့ စီးပွားရေးအမြင်နဲ့ ပြောမှာပေါ့။ ကျွန်တော်တို့ အခြေမကျခင်မှာ ကျွန်တော်တို့ကို လာပြိုင်တယ် ဆိုတာမျိုးပေါ့။ သို့သော် ပြည်သူလူထုဘက်က အကျိုးရှိမှုဘက်က ကြည့်တဲ့အခါ ဒါကိုရှိသင့်တယ် လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ပုဂ္ဂလိကက ကိုင်ထားတဲ့ မီဒီယာတွေကို အလုံးစုံ မယုံကြည်ဘူး။ အရင် ကျွန်တော်တို့ခေတ်က သတင်းစာတွေလို ပါတီတစ်ခုကောင်းကြောင်း ပါတီတစ်ခုရဲ့ ပုဂ္ဂိုလ်ရေး မကောင်းကြောင်း တစ်ဖက်သတ် ရေးလွန်းလို့ ကျွန်တော်က မျှတတဲ့ပြိုင်ဆိုင်မှု၊ မျှတတဲ့ သတင်းအချက်အလက်ကို ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်က ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီကလည်း မဟုတ်ပါဘူး။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီကပါ'' ဟု ဦးရဲထွန်းက ပြောကြားသည်။

ဦးရဲထွန်း၏ ပုဂ္ဂလိကမီဒီယာများကို အလုံးစုံမယုံကြည်သောကြောင့် အများပြည်သူဝန်ဆောင်မှု မီဒီယာ ရှိသင့်သည်ဟုပြောဆိုမှုအပေါ် စာနယ်ဇင်းကောင်စီအဖွဲ့ဝင်များက ကန့်ကွက်ခဲ့ကြသည်။ ဦးရဲထွန်း၏ ပြော ဆိုမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီမှ ဒေါက်တာမျိုးသန့်တင်က ''အများပြည်သူ ၀န်ဆောင်မှု မီဒီယာရှိတာကို ကျွန်တော်တို့ အနေနဲ့ မကန့်ကွက်ဘူး။ ဒါပေမဲ့ အခုတင်လိုက်တဲ့ အများပြည်သူ ၀န်ဆောင်မှု မီဒီယာဥပဒေထဲမှာက မျှတတဲ့ ပြိုင်ဆိုင်မှု၊ မျှတတဲ့ သတင်းအချက်အလက်တွေ တစ်ခုမှ မပါဘူး'' ဟု ပြောကြားသည်။

ဒီမိုကရေစီလို့ အမည်ခံထားတဲ့ ပါတီတွေက ဒီမိုကရေစီကို ဆန့်ကျင်ပြီး Freedom of Press ကို ထိခိုက်စေတဲ့ လုပ်ဆောင်မှု ပြောဆိုမှုတွေရှိရင် ကန့်ကွက် ဝေဖန်ရမှာပဲ။ အဲဒီလိုပဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက Freedom of Press ကို ကာကွယ်တယ်ဆိုရင် ကြိုဆိုရမှာပဲ။ ကျွန်တော်တို့ကတော့ ဘယ်ပါတီဆိုတာထက် Principle အတိုင်း ရပ်တည်မှာပါ...

''အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ်နဲ့ သွားမယ်ဆိုရင် ဥပဒေကိုရေးပြီးကာမှ ဥပဒေကို အများပြည်သူ ကို ဆွေးနွေးခိုင်းတာထက် အဲဒီလို ပြောင်းသင့် မပြောင်းသင့်ကို သဘောတူမတူ အရင်ဆုံး ဆွေးနွေးပွဲ လုပ်သင့်တယ်လို့ ထင်ပါတယ်။ အများပြည်သူကသဘောတူတယ်ဆိုမှ ဘယ်ပုံဘယ်နည်းနဲ့ အကောင် အထည်ဖော်မယ် ဆိုတာမျိုး လုပ်မယ်ဆိုရင် သဘာဝကျပါတယ်'' ဟု ဦးဖေမြင့်က ပြောကြားသည်။

''ဦးရဲထွန်းရဲ့ ပြောကြားချက်ကို ကန့်ကွက်ပါတယ်။ ဒီမိုကရေစီလို့ အမည်ခံထားတဲ့ ပါတီတွေက ဒီမိုကရေစီ ကိုဆန့်ကျင်ပြီး Freedom of Press ကိုထိခိုက်စေတဲ့ လုပ်ဆောင်မှုပြောဆိုမှုတွေရှိရင် ကန့်ကွက်ဝေဖန် ရမှာပဲ။ အဲဒီလိုပဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက Freedom of Press ကို ကာကွယ်တယ် ဆိုရင် ကြိုဆိုရမှာပဲ။ ကျွန်တော်တို့ကတော့ ဘယ်ပါတီဆိုတာထက် Principle အတိုင်း ရပ်တည်မှာပါ။ PSM နဲ့ ပတ်သက်ရင် ပြည်သူ့ဘဏ္ဍာနဲ့ စီးပွားရေး ၀င်လုပ်မှာကို လက်မခံပါဘူး။ မီဒီယာလွတ်လပ်ခွင့်ကို သွယ်ဝိုက်ထိန်းချုပ်ဖို့ လုပ်တာကို လက်မခံပါဘူး။ တကယ်လို့ အများပြည်သူအတွက် အမှန်တကယ် လုပ်ဆောင်မယ်ဆိုရင် ၇၀ ရာခိုင်နှုန်း မဟုတ်ပါဘူး။ ပြည်သူ့ဘဏ္ဍာကို ၁၀၀ ရာခိုင်နှုန်း အပြည့်ယူပါ။ ပြီးရင် အခကြေးငွေ မယူဘဲ ပြည်သူကို ဖြန့်ဝေပါ'' ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဒေါက်တာသိန်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူးဖြစ်သူ ဦးကျော်မင်းဆွေကလည်း ''Public Service Media ကို ဂျာနယ်လစ် Association တစ်ခုခုကနေ ရှယ်ယာခေါ်ပြီး စထောင်လိုက်တာမျိုး Independent ဖြစ်တဲ့သူက စထောင်လိုက်တာမျိုးက Public Service Media ဖြစ်တယ်။ အစိုးရဆီကို ဘက်ဂျက်တောင်းတာမျိုး လွှတ်တော်ကို ဘက်ဂျက်တောင်းတာမျိုးက မျှတတယ်။ ပြန်ကြားရေးက ဒါလုပ်တာဟာ Fair မဖြစ်ဘူး။ ပြန်ကြားရေးက လုပ်ခြင်းကြောင့် ပြန်ကြားရေးနဲ့ ကျွန်တော်တို့ ဟာ တောက်လျှောက် ဆက်ဆံခဲ့ခြင်းကြောင့် ပြန်ကြားရေးကလုပ်တာ ဘယ်တော့မှ မရိုးသားဘူး'' ဟု ပြောကြားသည်။

ထို့ပြင် လက်ရှိနိုင်ငံပိုင် သတင်းစာများသည် အကျိုးအမြတ်များစွာ ရရှိနေသည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားထားသော်လည်း ယင်းနိုင်ငံပိုင် သတင်းစာများအား အများပြည်သူ ၀န်ဆောင်မှု မီဒီယာအဖြစ် ပြောင်းလဲလုပ်ဆောင်ရာတွင် ပြည်သူ့ဘဏ္ဍာငွေများ အသုံးပြုမည် ဆိုသည့်အပေါ် မီဒီယာသမားများက ဝေဖန်ခဲ့ကြသည်။

''ဒုဝန်ကြီးဦးရဲထွဋ်က ဒီကနေ့ထုတ်နေတဲ့ ကြေးမုံနဲ့  မြန်မာ့အလင်းသည် အဆပေါင်းများစွာ ဘီလျံ နဲ့ မြတ်တယ်ဆိုပြီး ပြောထားပါတယ်။ သူကိုယ်တိုင် ပြောထားတာပါ။ သက်သေရှိပါ တယ်။ ကြော်ငြာနဲ့တင် ဒီသတင်းစာတွေကို လည်ပတ်နေလို့ ရတယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့ ၇၀ ရာခိုင်နှုန်း တောင်းသလဲ'' ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ) က ပြောကြားသည်။

''ကျွန်တော်တို့ သတင်းစာကို စီးပွားဖြစ်လုပ်နေတာ မဟုတ်ပါဘူး။ စီးပွားရှာတဲ့ လုပ်ငန်းတွေ အများကြီး ထဲမှာ သတင်းစာ မပါပါဘူး။ တိုင်းပြည်ကို ကာကွယ်တဲ့နေရာမှာ တပ်မတော်ဟာ အင်အားတောင့်တင်းဖို့ လိုပါတယ်။ ကျည်ဆန်တွေ လက်နက်တွေနဲ့မှ တိုင်းပြည်ကို ကာကွယ်လို့ရတာ မဟုတ်ပါဘူး။ သတင်းစာတွေဆိုတာ အုတ်တစ်ချပ် သဲတစ်ပွင့်ပါ။ သတင်းစာဆရာတွေထဲမှာ ချမ်းသာတဲ့ သတင်းစာ ဆရာ ရှိကောင်းရှိမယ်။ အင်မတန် နည်းပါတယ်။ ဘာကြောင့် ဖြစ်ဖြစ် အကျိုးအမြတ်ထက် တိုင်းပြည် အတွက်လုပ်နေကြတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ အနေနဲ့ အစိုးရအဖွဲ့ကို တင်ပြပေးပါ လို့ မေတ္တာရပ်ခံပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ဇွန် ၈ ရက်က ရန်ကုန်မြို့၌ ပင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ် ဦးဆောင်ပြီး အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပေဒကြမ်းအား ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲထားပြီး လာမည့်လွှတ်တော်တွင် တင်သွင်းသွားရန်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားမှု အခမ်းအနားအပြီး ယခုကဲ့သို့ တွေ့ဆုံမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အများပြည်သူ ၀န်ဆောင်မှု မီဒီယာနှင့် ပတ်သက်သည့် အခမ်းအနားတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ယင်းဥပဒေကြမ်းသည် ဥပဒေပုံစံ မဟုတ်ဘဲ မိမိလိုအပ်ချက်များကို စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဥပဒေများကိုလည်း ထိခိုက်သည်ဟူသည့် အချက်အပါအ၀င် အချက်ကိုးချက်ဖြင့် ထောက်ပြကန့်ကွက်ခဲ့ပြီး လွှတ်တော်ကော်မတီနှစ်ရပ်နှင့် တွေ့ဆုံစဉ်ကလည်း ယင်းအချက်ကိုးချက်ကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က တင်ပြခဲ့သည်။

Eleven Media Group

မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု လူ့အသိုင်းအ၀ိုင်းအတွင်း ယဉ်ကျေးမှု တစ်ခုသဖွယ် ဖြစ်လာခြင်းသည် နိုင်ငံအတွက် ၀မ်းနည်းစရာ၊ ရင်လေးစရာ ဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြား

၁၁.၆.၂၀၁၃၊ အင်္ဂါနေ့

နေပြည်တော်၌ ဇွန် ၁၀ ရက်က ပြုလုပ်သည့် ပွင့်လင်းမြင်သာရေးနှင့် ဖြောင့်မတ်ရေး အလုပ်ရုံဆွေးနွေးပွဲ အား တွေ့ရစဉ်

မြန်မာနိုင်ငံ၏အဂတိလိုက်စားမှု လူ့အသိုင်းအ၀ိုင်းအတွင်း ယဉ်ကျေးမှုတစ်ခုသဖွယ် ဖြစ်လာခြင်းသည် နိုင်ငံ အတွက်ဝမ်းနည်းစရာ၊ ရင်လေးစရာဖြစ်သည်ဟု ဇွန် ၁၀ ရက်တွင်နေပြည်တော်ရှိMICC တွင်ပြုလုပ်ခဲ့သော ပွင့်လင်းမြင်သာရေးနှင့်ဖြောင့်မတ်ရေး အလုပ်ရုံဆွးနွေးပွဲ၌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က ပြောကြားသည်။

''အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆွေးနွေးသုံးသပ်ကြရာမှာ ကျွန်တော်တို့ ၀န်ထမ်းတွေရဲ့ လစာကိစ္စကို ချန်ထားလို့မရပါ။ နိုင်ငံတော် အစိုးရအနေနဲ့ ၀န်ထမ်းများရဲ့ ၀င်ငွေတိုးလာအောင် နှစ်ကြိမ်ဆောင်ရွက်ပေး ခဲ့ပေမယ့် ကျေနပ်အားရလောက်တဲ့ အဆင့်ရောက်ဖို့ အလှမ်းဝေးပါသေးတယ်။ ဒါကလည်း နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကြေးအခြေအနေအရ အကန့်အသတ်တွေ ရှိနေတဲ့ကြားက ဆောင်ရွက်ပေးနေရတာ ဖြစ် ပါတယ်'' ဟု ဒုတိယသမ္မတက ပြောကြားသည်။

မြန်မာနိုင်ငံသည် Corruption Perception Index အဆင့်ကို ကြည့်ပါက ကမ္ဘာ့နိုင်ငံ ၁၇၄ နိုင်ငံထဲမှ အဆင့် ၁၇၀ ကျော် သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြီးစီးခဲ့သော WEF ၏ နိုင်ငံတကာ တွေ့ဆုံခန်းများတွင် မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နည်းပါးခြင်း၊ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းတွင် ပါရှိခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်လာမှု နည်းပါးခြင်းတို့သည် အဂတိ လိုက်စားမှုကြောင့် တစ်ခုအပါအ၀င် ဖြစ်ကြောင်း သိရသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ''အတိတ်ကို ပြန်ကြည့်တဲ့အခါ အကြွင်းမဲ့အာဏာဟာ လူကို အကြွင်းမဲ့ ပျက်စီးစေတယ် ဆိုတာကို ဦးစီးဦးဆောင်တဲ့ အပိုင်းက သိရှိနားလည်ပုံ အားနည်းခဲ့ကြတယ် လို့ ဝေဖန်သုံးသပ်ခဲ့ကြပါတယ်။ လက်ရှိနိုင်ငံတော် အစိုးရအနေနဲ့ သမိုင်းရဲ့ အမွေဆိုး၊ အမွေကောင်းတွေ ကို ဆက်ခံရမှာ ဖြစ်ပါတယ်။ အစိုးရသစ်အဖြစ် ဖွဲ့စည်းပြီးတဲ့နောက် ဗဟိုချုပ်ကိုင်မှု ဖြေလျော့ရေးအတွက် ဗဟိုပြုအာဏာ မူဝါဒအစား အောက်ခြေပြည်သူလူထု အခြေပြုတဲ့ မူဝါဒကို ချမှတ်ကျင့်သုံးနေပြီးဖြစ် ပါတယ်'' ဟု ပြောကြားသည်။

ဒုတိယသမ္မတက ဆက်လက်ပြောကြားရာတွင် ''ယခုကြုံတွေ့နေတဲ့ အဂတိလိုက်စားမှုဟာ လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၊ ၀န်ထမ်းလောကအသိုင်းအ၀ိုင်းအတွင်း ကြိမ်ဖန်များစွာနေရာပေါင်းများစွာမှာ ဖြစ်ပေါ်နေ ရင်းက အဂတိလိုက်စားမှုဆိုတာ တရားဥပဒေကို ကျောခိုင်းတဲ့လုပ်ရပ်၊ မိမိ၏ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ ၀န်ထမ်းဆိုတဲ့ ဂုဏ်ယူစရာကောင်းတဲ့ ဂုဏ်သိက္ခာများကို မျက်ကွယ်ပြုလာပြီး မြန်မာနိုင်ငံ လူ့အသိုင်းအ၀ိုင်းအတွင်း ယဉ်ကျေးမှု တစ်ခုသဖွယ် ဖြစ်လာတာဟာလည်း နိုင်ငံအတွက် ၀မ်းနည်းစရာ ရင်လေးစရာပဲ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

Eleven Media Group