ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

24.6.13

ပန်းချီဆရာတစ်ဦး လေးလွှာတိုက်ခန်း ဝရန်တာမှ ခုန်ချ

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဆရာစံ(အရှေ့မြောက်)ရပ်ကွက်၊ ဦးချစ်မောင်လမ်း၊ ဓမ္မာရုံမှတ်တိုင် အနီးရှိ ငါးထပ်တိုက် လေးလွှာ တိုက်ခန်းရှေ့ ဝရန်တာမှ အသက် ၃၆ နှစ် အရွယ်ရှိ ပန်းချီဆရာတစ်ဦး ခုန်ချ သေဆုံးခဲ့မှု ဇွန်လ ၂၃ ရက် ညနေ ၄နာရီ မိနစ် ၃၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း မျက်မြင် တွေ့ရှိသူ အချို့က The Voice သို့ ပြောကြားသည်။

ခုန်ချ သေဆုံးသူမှာ ပန်းချီဆရာ စောခူကြီး ဆိုသူဖြစ်ပြီး အမှတ် ၁၆၀ ဦးချစ်မောင်လမ်း၊ ငါးထပ်တိုက် လေးလွှာ ညာဘက် အခန်းတွင် နေထိုင်သူ ဖြစ်ကြောင်း၊ မခုန်ချမီ မိနစ်ပိုင်းအလိုက တိုက်ခန်းအတွင်း လမ်းလျှောက်နေပြီး ၎င်း၏ဇနီးက အဝတ်လျှော်စက် ပိတ်ရန် တိုက်ခန်း အနောက်ဘက်သို့ သွားရောက်နေစဉ် ပန်းချီဆရာက အရှေ့ ဝရန်တာ တံခါးကို ဖွင့်ကာ ခုန်ချခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ဇနီး ပြောကြားချက်ကို ကိုးကား၍ စစ်ဆေးသည့် ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အရက် ဖြတ်ထားသည်မှာ မကြာသေး၍ ဂရုစိုက်ရန် လိုအပ်နေသူ ၎င်းကို ဇနီးသည်က ဂရုတစိုက် ကြည့်နေသော်လည်း အဝတ်လျှော်စက် ပိတ်ချိန် တစ်ခဏ အတွင်းမှာပင် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တိုက်အနီးတွင် မုန့်မျိုးစုံ ဖွင့်လှစ် ရောင်းချသူ ဒေါ်သင်းသင်းဦးက ရှင်းပြသည်။

“သူပြုတ်ကျတဲ့ နေရာမှာ ကားတစ်စီးက ကွယ်နေတော့ ကားပေါ်ကပဲ ပြုတ်ကျတယ် ထင်နေတာ၊ ဘေးက အကြော်သည် အဒေါ်ကြီး အော်တော့မှ တိုက်ပေါ်က ပြုတ်ကျတာမှန်း သိတာ” ဟု မျက်မြင် တွေ့ရှိသူ ဦးခင်မောင်မြင့်က ပြောကြားသည်။

ခုန်ချခဲ့သူသည် ပလက်ဖောင်းကို မေးတင်ကာ ပြုတ်ကျခဲ့ပြီး လာရောက် ကူညီခဲ့သူကို မပီမသ စကားများ ပြန်လည် ပြောကြားခဲ့ပြီးနောက် ၁၅ မိနစ် အကြာတွင် ငြိမ်ကျသွားရာ အငှားယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့စဉ် လမ်းခုလတ်တွင် သေဆုံးခဲ့ကြောင်း ကိုယ်တိုင်ပွေ့ထူကာ ကူညီခဲ့သူ ဦးခင်မောင်မြင့်က ရှင်းပြသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ဗဟန်းမြို့နယ် ရဲစခန်းသို့ တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ရာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို မေးမြန်းပါရန် ရဲအရာရှိတစ်ဦးက ပြန်လည်ဖြေကြားသည်။

Ref:The Voice Weekly

ကျောက်ဖြူ၌ အောက်တိုဘာလမှစ၍ မြို့လုံးကျွတ် လျှပ်စီးသုံးစွဲနိုင်တော့မည်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း မြို့လုံးကျွတ် မီးရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာန ကျောက်ဖြူမြို့ ၆၆ ကေဗွီဓါတ်အားလိုင်း တည်ဆောက်ရေးဌာနက သိရှိရသည်။

မြို့လုံးကျွတ်မီးသုံးစွဲခြင်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းမှ စတင်အသုံးပြုနိုင် ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်အားခွဲရုံ၊ ၆၆ KV ဓာတ်အားလိုင်းနှင့် ၁၁ KV ဓာတ်အားလိုင်းများကို တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။

"ဘယ်တော့လောက်မီးပေးနိုင်မလဲဆိုတာတော့ အတိအကျပြောလို့မရသေးဘူး။ အခုတော့မီးပေးဖို့ လိုအပ်တဲ့ ဓာတ်အားလိုင်းတွေ တည်ဆောက်နေတယ်။ အဲဒါတွေပြီးရင်တော့ ကျိန်းသေပေါက် လျှပ်စစ်မီးရရှိကြမှာပါ" ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ကျောက်ဖြူမြို့တွင် ၆၆ကေဗွီဓါတ်အားလိုင်းတည်ဆောက် နေသည့် အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

ကျောက်ဖြူမြိုနယ်အတွင်းသို့ ကျောက်ဖြူ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ၌ အစိုးရသာမက ပုဂ္ဂလိက လုပ်ငန်းရှင်များဖြစ်သည့် ဗလကြီးနှင့် နန်းမြနှစ်ဦးပေါင်း၍ ဒီဇယ်မီးဖြင့်ကို တစ်ယူနစ်လျှင် ၈၀၀ ကျပ်နှုန်းဖြင့် မြို့တစ်ဝက်နီးပါးကို လျှပ်စစ်ဓါတ်အားပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဖြူဒေသတွင်း၌ အစိုးရမှ လျှပ်စစ်မီးကို တစ်နေ့ (၁၇)နာရီပေးနေချိန် ၊ ပုဂ္ဂလိက ဒီဇယ်မီးဖြင့် လျှပ်စစ်ဖြန့်ဝေသူ တို့က ၂၄နာရီ မီးပေးနေခြင်းဖြစ်သည်။

"ဓာတ်ငွေ့နဲ့ မီးရအောင်လုပ်ပြီး ဖြန့်မယ်ဆိုရင်လဲ မီတာခ တစ်ယူနစ် ၅၀၀ ဆို ဘာမှမထူးဘူး တစ်မြို့ လုံး မီးရအောင်ဆောင်ရွက်ပေးတာတော့ ၀မ်းသာပါတယ်"ဟု ကျောက်ဖြူမြို့ ရပ်ကွက်အုပ်ချုပ်ရေး မှူး တစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း (E.S.E)နှင့် မြို့မီးလင်းရေးကော်မတီတို့ ပူးပေါင်း၍ တစ်ရက်လျှင် ဓာတ်အား (၁၇)နာရီ ဖြန့် ဖြူးပေးလျက်ရှိသည်။

အဆိုပါ ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားသုံးစွဲခမှာ ၁ယူနစ်မှ ယူနစ် ၁၀ အတွင်း ကျပ် ၃၅၀၊ ၁၀ ယူနစ်အထက် ၁ယူနစ်လျှင် ကျပ်(၅၀၀)နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း မြို့မီးလင်းရေးကော်မတီ ထံက သိရှိရသည်။
 
Ref: Myit Makha Mediagroup

ဒါရိုက်တာ ဦးစင်ရော်မောင်မောင်ကျန်းမာရေး


 
 
“သနားစရာဦးစင်ရော်မောင်မောင်ကိုဝင်ရောက်အားပေးခဲ့ရတယ်။သူ့ခမျာဗျာ.............”လို့ မြန်မာ့ရုပ်ရှင်လုပ်
ငန်းညွှန်မှူးဦးသိန်းထွန်းအောင်ကသူ့ရဲ့ဖေ့ဘုတ်စာမျက်နှာTheinHtunAungဓါတ်ပုံနဲ့ တကွချစ်စနိုးရေးသားသ
တင်းတင်ထားလို့ ဒါရိုက်တာ ဦးစင်ရော်မောင်မောင်ရဲ့ ဘက်ဘက်ဒူးခေါင်းအား (ArthroscopicOperation)  ဘန်ကောက်ဆေးရုံကြီးတွင်ခွဲစိတ်တဲ့ကျန်းမာရေးအခြေအနေကိုမိတ်ဆွေတို့ ပိုမိုသတိပြုမိစရာရှိခဲ့ပါတယ်။ဇွန်
၂၁ရက်နေ့ကခွဲစိပ်ကုသခံတဲ့အကြောင်း“ယနေ့နေ့လည်၁၁း၀၀နာရီအချိန်တွင်ကျွန်တော်၏ဘယ်ဘက်ဒူးခေါင်း
အား ဘန်ကောက်ဆေးရုံတွင် အောင်မြင်စွာ ခွဲစိတ်ပြီးစီးပြီးဖြစ်ပါကြောင်း။ဘုရား၊တရား၊သံဃာ၊မိဘ၊ ဆရာကျေးဇူးရှင်များနှင့်ကျွန်တော်၏Facebookမှချစ်သူငယ်ချင်းမိတ်ဆွေအပေါင်းတို့အားရင်ထဲမှလှိုက်လှိုက်လှဲ
လှဲကျေးဇူးအထူးတင်ရှိအပ်ပါသည်။”လို့ လည်းဒါရိုက်တာ ဦးစင်ရော်မောင်မောင်ကသူ့ ရဲ့ ဖေ့ဘုတ်စာမျက် နှာZinYawMgMgမှာဖေါ်ပြထားလို့ လက်မထောင်နိုင်အောင်ကျန်းမာရေးအခြေအနေကောင်းပုံကိုတွေ့ မြင်
သိရှိကြရပါတယ်။
Ref: popular

Android Game များကို Cheat / Hack လုပ်နည်း








 


   Cheat လုပ်တယ်ဆိုတာ လိမ်လည်လှည့်စားတယ်လို့တော့ Dictionary မှာရေးထားပါတယ်ဗျ ဟဲဟဲ ... Cheat Code တွေဆိုတာတော့သိကြတယ်မှတ်လား ဒါပေမယ့်အဲလိုတော့ ပုံသေသတ်မှတ်ထားတာမျိုးမ ဟုတ်ဘူး ကိုယ့်ဘာသာကိုယ်ရှာယူရတာဗျ Game CIH ကပါ၊ အဲဒါဆိုရင်စလိုက်ရအောင် ကိုယ် Cheat လုပ်ချင်တဲ့ Game ကို ဖွင့်လိုက်ပါ ကျွန်တော် ဥပမာအနေနဲ့ Fruit Ninja နဲ့ပြောပြပါ့မယ်ဗျ။ Fruit Ninja ရဲ့ Score ကိုတိုးကြည့်ပါမယ်။ သူကဖွင့်ပြီးစပြီဆိုတာနဲ့ Score 0 ပါ။ အသီး ၁ လုံးခွဲရင် Score 1 တက်ပါ တယ်။ ၃-၄ လုံးခွဲပြီးတာနဲ့ Pause လုပ်လိုက်ပါဗျ။ အဲဒီအချိန်မှာ Score က 4 ဖြစ်နေတဲ့ဟာလေးကိုမှတ် ထားပါ။ Home ကိုနှိပ်ပြီး Game အပြင်ကိုထွက်လိုက်ပါ။ Game CIH ကိုဖွင့်ပါ။ ပြီးရင် Home ကိုနှိပ်ပြီးပြန် ထွက်လိုက်ပါ။ အဲအခါမှာသင့်ဖုန်းရဲ့အပေါ်မှာ ဘားတန်းလေးတစ်ခုတွေ့ပါလိမ့်မယ်။ ညာဘက်အစွန်ဆုံး ကမြှားလေးကိုနှိပ်လိုက်ရင် အတွင်းကိုခေါက်ပြီးဝင်သွားပါလိမ့်မယ်။ ခုနက Fruit Ninja ကိုပြန်ဖွင့်ပါ။ဆော့ လက်စ pause လုပ်ထားတဲ့ Score က 4 နော်။ အပေါ်ဘက်ဘယ်ဘက်ထောင့်နားလေးမှာ Game CIH က ခေါက်ဝင်နေတဲ့ ဘားသေးသေးလေးကိုနှိပ်ပါ။ မှန်ဘီလူးလေးကိုနှိပ်ပါ၊ Input Number နှိပ်ပါ။ Search Box တစ်ခုကျလာပါလိမ့်မယ်။ အဲဒီမှာခုနက မှတ်ထားတဲ့ 4 ကိုရိုက်ထည့်လိုက်ပါ။ OK နှိပ်ပါ။ Searching လုပ်နေပါလိမ့်မယ်။ ပြီးရင် အပေါ်ဆုံးမှာ 423452 ဘာညာကွိကွပေါ့ Found ဆိုပြီးပြပါလိမ့်မယ်ဗျ။ အောက် ဘက်က Back ဆိုတာလေးကို နှိပ်လိုက်ပါ Minimize လုပ်သွားပါလိမ့်မယ်။ပြီးရင် Game ကို ဆက်ကစားပါ Score နဲနဲတက်လာတာနဲ့Pause နှိပ်လိုက်ပါ။ လက်ရှိရနေတဲ့ Score ကိုမှတ်ထားပါ၊ 13ထားပါတော့။ 
   Game CIH ကခေါက်ဝင်နေတဲ့ ဘားသေးသေးလေးကိုနှိပ်ပါ၊ မှန်ဘီလူးလေးကိုနှိပ်ပါ။ Input Number ကိုမနှိပ်ပါနဲ့။ (+) အပေါင်း ပုံလေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ 13 နဲ့ပါတ်သတ်မဲ့ Search Found တွေပေါ်လာ ပါလိမ့်မယ်။ အဲဒါလေးကိုနှိပ်ပြီး ကိုယ်လိုချင်တဲ့ Score ကိုသာရွေးပြီး Modify လုပ်ကြည့်လိုက်ပါ။ Related Found တွေမတွေသေးဘူးဆိုရင် Back နဲ့ထွက် Game ပြန်ကစား၊ ရပ်၊ Game CIH ကိုပြန်ဖွင့် +နှိပ်ပါ့ဗျာ ဒါပါပဲ။ လုပ်ကြည့်လိုက်ကြပါ အဆင်ပြေမှာပါဗျ ။ 
မှတ်ချက် ။ Root လုပ်ထားဖို့တော့လိုမယ်နော်။
Ref..paythee

ဒေါင်းရန်
http://adf.ly/P134I

မသေခင် ဒီအစားအစာ ၂ဝမျိုးကို သင်စားကြည့်သင့်တယ်လို့ အင်္ဂလန်ထုတ် The Telegraph ဂျာနယ်က ဖော်ပြခဲ့သတဲ့။

အဲဒီအစာ ၂ဝမျိုးက-----

(၁) ငါးပူတင်း (ဂျပန်)

(၂) ပင့်ကူကြော် (ကမ္ဘောဒီးယား)

(၃) ပိုးတံုးလံုး (Witchetty grub) (ၾသစေတးလ်) (ဝါးပိုးလိုလို အီကုတ္လိုလို)

(၄) ရေဘဝဲအရှင် (ကိုးရီးယား)

(၅) ရေဘဝဲအငန် (Shiokara) (ဂျပန်)

(၆) နှံကောင် (ကမ္ဘာအနှံ့)

(၇) ဆေးဘဲဥ (တရုတ်) (အမေရိကန်သတင်းထောက်တွေက ကမ္ဘာပေါ်မှာအစက်ဆုတ်ဆုံး အစားအစာလို့ ပြောခဲ့ဖူးတယ်)

(၈) မြွေစိမ်အရက် (တရုတ်)

(၉) Puffinလို့ခေါ်တဲ့ ပင်လယ်ငှက်ရဲ့နှလုံး (Iceland)

(၁ဝ) Escamol (မက်ဆီကို) (Escamol က Liometopumပုရွတ်ဆိတ်ရဲ့ သားလောင်း)

(၁၁) အိမ်မွေးပိုးဇာကောင်သားလောင်း (ကိုးရီးယား)

(၁၂) Tong zi dan (တရုတ်) (Tong zi dan ဆိုတာ ကလေးရဲ့ကျင်ငယ် နဲ့စိမ်ထားတဲ့ ကြက်ဥ၊ ဆေးဖက်ဝင်တယ်တဲ့)

(၁၃) Hakarl (Iceland) (Hakarlဆိုတာ ငမန်းခြောက်ပုပ်၊ ကြည့်ရတာ ငပိကောင်လိုမျိုးထင်တယ်)

(၁၄) ကြွက်အရက် (တရုတ်) (ကြွက်သားပေါက်နဲ့စိမ်ထားတဲ့ အရက်)

(၁၅) ကြက်အမောက် (ဥရောပ)

(၁၆) Surströmming (ဆွီဒင်)
(Surströmmingဆိုတာ မြောက်အတ္တလန္တိတ်ငါးသလောက်တစ်မျိုးကို စည်သွပ်ထားတာ)

(၁၇) ရော်ဂီတောင် ကနုကမာကြော် (အမေရိကန်)

(၁၈) Black Ivory Coffee
(ဒီကော်ဖီက ဆင်ကို ကော်ဖီစေ့တွေစားစေပြီး ဆင်ရဲ့မစင်ကနေ ကော်ဖီစေ့တွေပြန်စစ်ထုတ်ပြီး
ပြုလုပ်ထားတဲ့ ကော်ဖီ၊ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးကော်ဖီတဲ့ တစ်ကီလိုကို ဒေါ်လာ ၁၁ဝဝဝ ပေးရသတဲ့။ ထိုင်းက ထွင်တာလို့ သိရတယ်)

(၁၉) Balut (ဖိလစ်ပိုင်) (Balut ဆိုတာက ဘဲသန္ဓေသားဥ)

(၂ဝ) ငါးခေါင်းပုပ် (အလက်စကား)

ဒီထဲမှာ ပုံနဲ့တကွ ဖော်ပြထားတယ်.. အားမနာနဲ့ စားချင်တာ စားကြည့်ကြနော်

http://www.telegraph.co.uk/foodanddrink/foodanddrinkpicturegalleries/9997605/20-strange-foods-to-try-before-you-die.html?frame=2537568

နိုင်းနိုင်းစနေ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားကို သွား

 
 
မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ယမန်နေ့မနက်ပိုင်းက ရုရှားနိုင်ငံ ကို ချစ်ကြည်ရေး ခရီးထွက်ခွာသွားပါတယ်။

ယခုနောက်ပိုင်း ကာလအတွင်း မြန်မာနိုင်ငံက ကာကွယ်ရေး ဦးစီချုပ်ရဲ့ ရုရှားနိုင်ငံ တရားဝင် အလည် အပတ် သွားခြင်းဟာ ပထမဆုံးလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ မတ်လက ရုရှား ကာကွယ်ရေး ၀န်ကြီး General Sergey K Shoigu ဟာ နှစ်ပေါင်း ၅၀ အတွင်းပထမဆုံးအနေနဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပြီး ၂ နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်ရေး၊ စစ်ဘက် ဆက်ဆံမှု တိုးမြင့်ရေးတွေ လုပ်ဆောင်ဖို့ သဘောတူခဲ့ပြီး ရုရှားနိုင်ငံကို လာရောက်ဖို့လည်း ဖိတ်ကြားခဲ့တာပါ။

ရုရှား-မြန်မာ ၂ နိုင်ငံ စစ်တပ်များအကြား ဆက်ဆံရေး တိုးမြှင့်ရေးကိစ္စ ဆွေးနွေးဖို့ အခုခရီးစဉ်ကို သွား တာ ဖြစ်ပြီး စိန့်ပီတာစဘတ်မြို့မှာ ယဉ်ကျေးမှုနဲ့ စက်မှုဆိုင်ရာတွေလည်း လေ့လာမှာဖြစ်သလို ရုရှားမှာ ပညာတော်သင်ရောက်နေကြတဲ့ မြန်မာစစ်အရာရှိတွေကိုလည်း တွေ့ဆုံအားပေးစကား ပြောမှာဖြစ်တယ်လို့ ယနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက ဆိုပါတယ်။

အခု ခရီးစဉ်ဟာ ရုရှား ကာကွယ်ရေး ၀န်ကြီးရဲ့ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သွားရောက်တာဖြစ်ပြီး ၄င်းနဲ့အတူ မြောက်ပိုင်း တိုင်းမှူး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ( ကြည်း) က အရာရှိတွေ လည်း လိုက်ပါသွားကြတယ်လို့ သိရပါတယ်။
Ref: blog.irrawaddy

ဆွဲဆောင်မှုရှိတဲ့ အလှနဲ့ မော်ဒယ် မိုးမြင့်သဇင်

သူမကတော့ ညို့အားပြင်းချက်များစွားကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ် မိုးမြင့်သဇင်ပါ။ သူမရဲ့ Nick Name ကတော့ဖူးပါ။ သူမကိုကြည့်ရင်သရုပ်ဆောင်မင်းသမီး လှအဉ္ဖလီတင့်ရဲ့ညီမလို့တောင်ထင်မိပါတယ် သူမရဲ့မွေးနေ့ကတော့ ၁၉၉၀ စက်တင်ဘာ ၂၇ ဖြစ်ပြီး၊ အရပ်တော့ ၅ပေ ၅ လက်မမြင့်ကာ၊ ကိုယ်အလေး 
ချိန်၁၁၀ ပေါင်ဖြစ်ပါတယ်။ သူမဟာဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပြီး Miss Ngwe Saung & Photogenic of Miss Color of Fall  ဆုတွေရရှိထားသူလေးဖြစ်ပါတယ်။ သူမရဲ့ဝါသနာအလုပ်ကတော့မော်ဒယ်လ်နှင့် သရုပ်ဆောင်ဖြစ်ပါတယ်။ ခုလတ်တလောမှာ show နဲ့ ပြက္ခဒိန်တွေလုပ်နေပါတယ်။ သူမရဲ့အဓိက Hobby ကတော့ အစာစားခြင်းနှင့်အင်တာနက်သုံးခြင်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာဘွဲ့ရထားသူလေးဖြစ် ကာ၊ Single လဲဖြစ်ပါတယ်။
Ref...myanmarcelebrit


နိုင်ငံရေးသိပ္ပံဘာသာရပ်ဝင်ခွင့် ရမှတ်အနိမ့်ဆုံး ၄၇၀ ရရှိရမည်


   ရန်ကုန်တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ်တို့တွင် နိုင်ငံရေးသိပ္ပံဘာသာရပ် ပထမနှစ်သင်တန်း စတင် ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ကြောင်း နှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အင်္ဂလိပ်စာအနိမ့်ဆုံးရမှတ် ၇၅ မှတ်နှင့် စုစုပေါင်းအနိမ့်ဆုံးရမှတ် ၄၇၀ မှတ်ရရှိထားသူများ ကျောင်းဝင်ခွင့်လျှောက်ထားနိုင်မည်ဖြစ်သည် ကိုပညာရေးဝန်ကြီးဌာနမှသိရသည်။ ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့တွင် ၀ိဇ္ဇာ ၊ သိပ္ပံ ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသားများရွေးချယ်၍ ပထမနှစ်သင်တန်း မှပါရဂူဘွဲ့ရရှိသည်အထိ အထူးပြုစုပျိုးထောင်ရေး စီစဉ်ဆောင်ရွက်ရန် တက္ကသိုလ်ပညာရေးအဖွဲ့များကောင် စီနှင့် တက္ကသိုလ်ဗဟိုကောင်စီတို့က အတည်ပြုထားပြီးဖြစ်သည်။
   ယင်းတက္ကသိုလ်ဝင်ခွင့်အတွက် ကျောင်းသားရွေးချယ်ရာတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခဲ့သည့် ဘာသာတွဲများ ကိုသတ်မှတ်ချက်မပြုဘဲ မည်သည့်ဘာသာတွဲဖြင့် အောင်မြင်သည်ဖြစ်စေ ဘာသာတွဲအား လုံးမှ တက္ကသိုလ်ဝင် စာမေးပွဲရမှတ်အပေါ် အခြေခံ၍ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်းသိရသည်။ကျောင်းသား များအားသင်ကြားပို့ချရာတွင် စာတွေ့၊လက်တွေ့သင်ကြားပို့ချခြင်းများကို နိုင်ငံတကာအဆင့်မီသင်ကြားပို့ချ မည်ဖြစ်ပြီး စာသင်ခန်းအရွယ်အစားအပါအ၀င်သင်ကြားရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများပြည့်စုံ စွာ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

Ref..facebook

ဘီယာနဲ့ကင်ဆာ

ဘီယာကို တစ်နှစ်အတွင်းမှာ နှစ်ပိုင့်(pints)ထက် ပိုသောက်ခဲ့မယ် ဆိုရင် ကင်ဆာဖြစ်ပွားမှုနှုန်း မြင့် တက်လာတယ်ဆိုတာကို သိပ္ပံပညာ ရှင်တွေက အတည်ပြုပေးခဲ့ပါတယ်။ ယမကာကြောင့်ကျန်းမာရေးထိခိုက် မှု လေ့လာရေးအဖွဲ့ ဥက္ကဌပါမောက္ခ Dr.Sir Ian Gilmore က"အင်္ဂလန် နိုင်ငံမှာ အစိုးရက တစ်နေ့ကို ဝိုင် တစ်ဖန်ခွက်သောက်သုံးသင့်တယ်လို့ ပြောထားပေမယ့် ယမကာသောက် သုံးတဲ့ အမျိုးသမီးတွေမှာ ရင်သား ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်လာ နေပါတယ်" လို့ပြောကြားထားပါ တယ်။

ယမကာကြောင့် ကျန်းမာရေးထိ ခိုက်မှု လေ့လာရေးအဖွဲ့ဟာ ဥရောပ ကော်မရှင်ရဲ့ ရန်ပုံငွေနဲ့လည်ပတ်နေ ပြီး ကမ္ဘာတစ်ဝန်းက တက္ကသိုလ် ပေါင်း၃၀ကျော်နဲ့ လေ့လာမှုအဖွဲ့ တွေနဲ့ ချိတ်ဆက်ထားပါတယ်။ ဘီ ယာကို တစ်နှစ်အတွင်းမှာ နှစ်ပိုင့်ထက် လျှော့သောက်ခဲ့မယ်ဆိုရင် ကင်ဆာ ရောဂါဖြစ်နိုင်ချေ အဆ ၆၀ဝ ကာကွယ် နိုင်တယ်လို့ နယူးကာဆယ်တက္ကသိုလ် က သုတေသီပါမောက္ခ Dr.Peter Anderson က ပြောကြားထားပါတယ်။

အီသနော၊ အဆီတယ်ဒီဟိုက်၊ အဆိပ်ဓာတ်(toxins)တွေနဲ့ ကင်ဆာ ဖြစ်စေတဲ့ carcinogens တွေဟာ အယ်လ်ကိုဟောထဲမှာ ပါဝင်နေတဲ့အ တွက် နေ့စဉ်သောက်သုံးသင့်တဲ့ ပမာဏ ထက် ပိုမသောက်သင့်ပါဘူး။ နှစ်စဉ် ဗြိတိန်နိုင်ငံသား ၄၅၀ဝဦး ထက် မနည်းဟာ အယ်လ်ကိုဟောနဲ့ ဆက် စပ်နေတဲ့ အူမကြီးကင်ဆာ၊ အသည်း ကင်ဆာ၊ အစာရေမျိုကင်ဆာ၊ ရင်သား ကင်ဆာတွေကြောင့် သေဆုံးနေရ ကြောင်း အခုသုတေသနမှာ ဖော်ပြ ထားပါတယ်။
 
Ref: Health Updates Journal

ကုသိုလ်တော်ကျောက်စာ ကမ္ဘာ့ယဉ်ကျေးမှုမှတ်တမ်းဝင်


  မန္တလေးမြို့မှာရှိတဲ့  ကုသိုလ်တော်လို့ခေါ်တဲ့ မဟာလောကမရဇိန်ကျောက်စာကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ UNESCO အဖွဲ့ကြီးက Memory of World ကမ္ဘာ့မှတ်တမ်းစာရင်းမှာ ထည့်သွင်း သတ်မှတ်ပေးခဲ့ပါတယ်။ စာရွက်စာတမ်း၊ အထောက်အထား၊ မှတ်တမ်းစတဲ့ သမိုင်းအတွက်အရေးပါတဲ့ အထောက်အထားတွေကို ထိန်းသိမ်းနိုင်ဖို့အပြင်သမိုင်းအချက်အလက်တွေကို လူတိုင်းလေ့လာကြည့်ရှုနို င်အောင်ကူအညီပေးတဲ့ ကမ္ဘာ့မှတ်တမ်းစာရင်းမှာ ထည့်သွင်းဖို့ တောင်ကိုရီးယားနိုင်ငံ Gwangju မှာ ကျင်း ပတဲ့ ယူနက်စကိုအစည်းအဝေးမှာ လက်ခံလိုက်တာဖြစ် ပါ တယ်။ ဇွန်လ ၁၈ ရက်ကနေ ၂၁ ရက်အထိ ကျင်းပတဲ့ ကမ္ဘာ့မှတ်တမ်းစာရင်းဝင်သတ်မှတ်တဲ့ ကော်မတီ အစည်းအဝေးကို နိုင်ငံပေါင်း ၄၀ ကျော်ကနေ ၅၄ နေရာအတွက် အသစ်တင်သွင်းခဲ့ပြီး ဒီအထဲမှာ မြန်မာနိုင်ငံက ကုသိုလ်တော်အပြင် နီပေါနဲ့ အစ္စရေးနိုင် ငံတွေက သမိုင်းဝင်နေရာတွေလည်းပါဝင်ပါတယ်။ အခုအခါမှာ ကမ္ဘာ့မှတ်တမ်းစာရင်းမှာ ထည့်သွင်းသတ် မှတ်ခံရတဲ့နေရာ ၂၉၉ ခုရှိပြီဖြစ်ပါတယ်။
   ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် နေရာအဖြစ် သတ်မှတ်တာခံရဖို့ မြန်မာနိုင်ငံကနေရာ ၈ နေ ရာအတွက် ကုလသမဂ္ဂမှာ လျှောက်ထားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ပထမဆုံးမေင်းဖြစ်တဲ့ အနော်ရထာမင်း လက်ထက်တည်ထားတဲ့ပုဂံမြို့နဲ့ဘုရားပုထိုးတွေ ပျူခေတ်လက်ရာတွေကုန်းဘောင်ခေတ်ရွှေကျောင်းတော် ရခိုင်က မြောက်ဦးပုထိုးတွေ၊ မွန်ဘုရင်တွေရဲ့မြို့တော် ဟံသာဝတီပဲခူး၊ အထက်မြန်မာပြည်ရှေးဟောင်းမြို့ တော်တွေအပြင် အင်းလေးရေကန်ကြီးနဲ့ ပြဒါးလင်းဂူတွေကိုပါ World Heritage Site ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် နေရာတွေအဖြစ် လျှောက်ထား တာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

အမေရိကန် ဒေါ်လာဈေး မြင့်တက်နေသော်လည်း ပြည်တွင်းဈေးကွက်အတွင်း ပဲမျိုးစုံဈေး ကျဆင်း

အိန္ဒိယ ဈေးကွက်အတွင်း ရူပီးငွေဈေး ဖောင်းပွကာ ၀ယ်လိုအား နည်းနေသောကြောင့် အမေရိကန် ဒေါ်လာဈေး မြင့်တက်နေသော်လည်း ပြည်တွင်းပဲဈေးကွက်အတွင်း ပဲမျိုးစုံဈေး ကျဆင်းနေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ သိရသည်။

"အဓိကက အိန္ဒိယမှာ ရူပီးဖောင်းပွ နေတာရယ် အိန္ဒိယရဲ့ ၀ယ်လိုအား နည်းသွားတဲ့ အတွက်ကြောင့် ပြည်တွင်းဈေးကွက်မှာ ငွေလဲနှုန်း မြင့်နေပေမယ့် လတ်တလော အခြေအနေမှာ ပဲမျိုးစုံ ဈေးပြန်ကျတယ်။  အထူးသဖြင့် မတ်ပဲနဲ့ ပဲစဉ်းငုံဈေးတွေက ဇွန်လဆန်းပိုင်းကထက် ကျနေတယ်။ နောက်တစ်ချက်က သူတို့ဆီမှာ ဇွန်လထဲမှာ စိုက်ပျိုးတဲ့ ဧကနဲ့ ရာသီဥတု အနေအထားကို စောင့်ကြည့်နေတဲ့ အတွက်လည်း ၀ယ်လိုအား နည်းသွားတာပါ" ဟုလည်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

ပြည်တွင်းဈေးကွက်အတွင်း ဇွန်လဆန်းပိုင်း အတွင်းက မတ်ပဲတစ်တန်လျှင် ကျပ် ၅၅၀၀၀၀၊ ပဲစဉ်းငုံ တစ်တန်လျှင် ကျပ် ၆၄၀၀၀၀ နှင့် ကျပ် ၆၅၀၀၀၀ ကြား ရှိခဲ့ရာမှ ယခုရက်ပိုင်းအတွင်း မတ်ပဲတစ်တန်လျှင် ကျပ် ၅၃၀၀၀၀၊ ပဲစဉ်းငုံ တစ်တန်လျှင် ကျပ် ၆၂၀၀၀၀ ဈေး ရှိနေကြောင်း သိရသည်။

အိန္ဒိယ ဈေးကွက်အတွင်း ဇွန်လဆန်းပိုင်း အတွင်းက တစ်ဒေါ်လာလျှင် ၅၆ ရူပီး ရှိခဲ့ရာမှ ယခုရက်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် ၅၉ နှင့် ၆၀ ရူပီးကြား ရှိနေကြောင်း၊ ဇွန်လ ၂၁ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၉၇၀ ကျပ်နှင့် ရောင်းဈေး ၉၇၅ ကျပ်ရှိခဲ့ကြောင်းလည်း သိရသည်။
ပြည်ပတင်ပို့မှု အနေဖြင့်လည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ဧပြီ ၁ ရက်မှ ဇွန် ၇ ရက်အထိ ပဲမျိုးစုံတန်ချိန် ၂၃၄၃၂၆ အထိ တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၇၂ ဒသမ ၅၅၈ အထိ ရရှိခဲ့ကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကာလတူက ပဲမျိုးစုံတန်ချိန် ၃၅၉၃၉၉ အထိ တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၂၂၂ ဒသမ ၇၅၈ သန်းအထိ ရရှိခဲ့ရာ ယခုနှစ် ပဲမျိုးစုံ တင်ပို့မှုမှာ ယခင်နှစ် ကာလတူထက် ကျဆင်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု အခြေအနေ
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် (၁-၄-၂၀၁၃ မှ ၇-၆-၂၀၁၃)
                                 တန်ချိန်            တန်ဖိုး(အမေရိကန်ဒေါ်လာ)
မတ်ပဲ                          ၈၃၄၇၅            ၅၃.၅၈၇
ပဲတီစိမ်း                       ၇၅၁၂၉            ၆၄.၈၀၆
ပဲစဉ်းငုံ                        ၄၀၈၂၅            ၂၉.၆၆၉
ပဲလွန်းဖြူ                       ၈၈၃၀              ၅.၈၉၃
မြေထောက်ပဲ                  ၄၆၀၀             ၄.၃၆၂

Ref: EMG





























Android ဖုန်းတွေမှာ ဖြစ်တတ်တဲ့ Lock Pattern

Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင် မကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ ရတယ်ပေါ့ဗျာ … အဲ ဒါပေ မယ့် … ကိုယ်ပေးထားခဲ့တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာ ဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲ ဆိုတာ ခေါင်းထဲမှာ မမှတ်မိတော့ရင်တော့ ဘယ်လိုလုပ်မလဲ…

ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးတွေက အသုံးဝင်မှာပါ … ဖုန်းထဲမှာ google account တော့ ဝင် ထား ဖို့လိုပါတယ် …

အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ … Wi-Fi ချိတ်ထားဖို့ လို ပါ တယ် … ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။ပြီးတော့ တခြားဖုန်း တစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ … Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock pattern ပြီးတော့ Settings > Accounts & Sync ကနေ Add Account
ပြီးတော့ google account ကိုထည့်လိုက်ပေါ့ဗျာ …

ပြီးတော့ ဖုန်းချလိုက်ပါ …
အောက်က အဆင့်တွေ ဆက်လုပ်လို့ ရပါပြီ …
Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင်တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ” ဆိုပြီး ပေါ်လာပါမယ် …

OK နှိပ်လိုက်ပါ။

စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern? ဆိုတာလေးကို နှိပ်လိုက်ပါ ...
သင်ဖုန်းထဲမှာ ထည့်ထားတဲ့ username နဲ့ password ဖြည့်ပြီး Sign in လုပ်လိုက်ပါ … ဝင်သွားပြီ ဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ … ဒီတစ်ခါတော့ မှတ်ထားပေါ့နော် … ပြီးရင် Continue နှိပ်ပါ …

Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် … ပြီးရင် Confirm နှိပ်ပါ … ဒါဆိုရင်ေ တာ့ သင် ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် …

အကယ်လို့ … ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် …

အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည် တာပဲဖြစ်ပါတယ်။
ဒါပေမယ့် Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???

PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့ Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ … ပြီးရင် Restart ကျပါမယ် … မကျရင် ကိုယ့်ဟာကို ချလိုက်ပါ … ပြန်တက်လာတဲ့အခါ Pattern Lock ဖြည်ပြီးသား ဖြစ်နေမှာပါ …
Ref: myanmarfamily.org

မြန်မာနိုင်ငံတွင် လမ်း၊ တံတားဆိုင်ရာ နည်းပညာ ဖွံ့ဖြိုးရန် အမေရိကန် USAID အဖွဲ့မှ ဒေါ်လာတစ်သန်းခွဲ ကူညီမည်

ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းအား ရှင်းလင်းပွဲတွင် တွေ့ရစဉ်

မြန်မာနိုင်ငံတွင် လမ်း၊ တံတားနှင့် ပတ်သက်ပြီး နည်းပညာ အကူအညီ ပေးရန်အတွက် အမေရိကန်နိုင်ငံ USAID  မှ အမေရိကန်ဒေါ်လာ တစ်သန်းခွဲ ကူညီဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ဇွန် ၂၂ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ "မြန်မာနိုင်ငံမှာ လမ်း၊ တံတားနဲ့ပတ်သက်ပြီး နည်းပညာ အကူအညီပေးဖို့ USAID က အမေရိကန်ဒေါ်လာ တစ်သန်းခွဲ ပေးထားတယ်။ သူတို့က technical assistant ပေးမှာဖြစ်တဲ့အတွက် သူတို့ဆီက ပါမောက္ခတွေ လာသင်ပေးမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာဆို သုဝဏ္ဏ သင်တန်းကျောင်းလိုမျိုးမှာ သင်တန်းပေးသွားဖို့လည်း ရှိတယ်။ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းက ကလေးတွေ တက်ချင်တယ်ဆိုရင်လည်း စီစဉ်ပေးပါ့မယ်" ဟုလည်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ USAID အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် လမ်း၊ တံတားဆိုင်ရာ သင်တန်းများကို ယခုနှစ် အတွင်းမှ စတင်ကာ သင်တန်းများပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းသားများ၏ လုပ်ဆောင်နိုင်စွမ်းကို ကြည့်၍ နှစ်အလိုက် ဘတ်ဂျက်များ ချထားပေးကာ သင်တန်းပို့ချပေးရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ အခမ်းအနားကို ဇွန် ၂၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ Function Hall တွင် ကျင်းပခဲ့ ရာ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရှိရသည်။

EMG

အသက် ၁၀၀ နှင့်အထက် ဘိုးဘွားဦးရေ ကိုးနှစ်အတွင်း လေးဆနီးပါး မြင့်တက်

အသက်ရာကျော် ဘိုးဘွားများ ပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် ဘိုးဘွားများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
မြန်မာနိုင်ငံ၌ ၂၀၀၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကိုးနှစ်အတွင်း အသက် ၁၀၀ နှင့်အထက် ဘိုးဘွားဦးရေမှာ လေးဆနီးပါး မြင့်တက်လာပြီး လက်ရှိတွင် ၁၀၈ ဦးရှိကြောင်း ဇွန် ၂၂ ရက်က မင်္ဂလာဗျူဟာ အသင်းချုပ်၌ ကျင်းပခဲ့သည့် 'န၀မအကြိမ်မြောက် မင်္ဂလာဗျူဟာ ပရဟိတ အသက်ရာကျော် ဘိုးဘွားများ ပူဇော်ပွဲ' အခမ်းအနားမှ သိရသည်။

အဆိုပါ လူဦးရေစာရင်းမှာ မင်္ဂလာဗျူဟာ အသင်းချုပ်မှ နှစ်စဉ် အသက် ၁၀၀ နှင့်အထက် ဘိုးဘွားများပူဇော်ပွဲ ကျင်းပရန်အတွက် မြန်မာတစ်နိုင်ငံလုံးသို့ ဖိတ်ခေါ်ရာမှ ရရှိထားသော စာရင်းများဖြစ်ရာ တစ်နိုင်ငံလုံး အနေဖြင့် စစ်တမ်းကောက်ယူပါက ယခုဦးရေထက် ပိုမိုများပြား နိုင်ကြောင်းလည်း သိရသည်။စာရင်းများအရ မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ်ရှိ အဘွားဒေါ်မြကြည်မှာ မြန်မာနိုင်ငံ၌ အသက်အကြီးဆုံးဖြစ်ပြီး အသက် ၁၂၁ နှစ် ရှိပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက် လူဦးရေ ခြောက်သန်းခန့်ရှိပြီး အသက် ၈၀ မှ ၉၀ ၀န်းကျင် သက်ကြီးရွယ်အိုလည်း များပြားလာကြောင်း၊ သန်းခေါင်စာရင်းများအရ လူ ၁၀ ဦးတွင် တစ်ဦးမှာ အသက် ၆၀ နှင့် အထက်များဖြစ်နေပြီး လာမည့် ၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ လူလေးဦးတွင် တစ်ဦးနှုန်းမှာ အသက် ၆၀ နှင့်အထက်များ ဖြစ်လာနိုင်ကြောင်း သိရသည်။

"ဒီစာရင်းတွေ အရဆိုရင် မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုတွေ ပိုများလာပြီး သက်ကြီးရွယ်အို စောင့်ရှောက်မှု လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ဖို့ လိုလာပြီလို့ ဆိုရမှာပါ" ဟု မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမင်းဆွေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက် သက်ကြီးဦးရေမှာ ၁၉၉၀-၁၉၉၁ ခုနှစ်တွင် စုစုပေါင်း လူဦးရေ၏ ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၂-၂၀၀၃ ခုနှစ်တွင် ၈ ဒသမ ၀၅ ရာခိုင်နှုန်းအထိ တိုးတက်များပြားလာခဲ့ပြီး လက်ရှိကာလတွင် ၁၁ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက်ရှိသူ သက်ကြီးရွယ်အို အရေအတွက်မှာ လက်ရှိအချိန်တွင် စုစုပေါင်း လူဦးရေ၏ ၁၁ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ မိသားစု လူနေမှုပုံစံများ ပြောင်းလဲလာပြီဖြစ်၍ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများအတွက် စောင့်ရှောက်ရန် လိုအပ်ချက်များ ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက် သက်ကြီးအရေအတွက်မှာ ၂၀၀၇ ခုနှစ်တွင် လူဦးရေ စုစုပေါင်း၏ ၈ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှာ ၂၀၁၀ ပြည့်နှစ်တွင် ၉ ဒသမ ၁ ရာခိုင်နှုန်းသို့ တိုးလာခဲ့ပြီး လက်ရှိတွင် နိုင်ငံ့လူဦးရေ သန်း ၆၀ အနက် ၁၀ ရာခိုင်နှုန်းမှာ သက်ကြီးရွယ်အိုများဖြစ်ကြကြောင်း သိရသည်။
Ref: EMG

မြန်မာဘက်မှ တင်သွင်းလာသော စကျင်ကျောက်များ တရုတ်နိုင်ငံ ရွှေလီတွင် လိုက်လံဖမ်းဆီး သိမ်းယူနေ


မြန်မာနိုင်ငံဘက်က နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် အခွန်ဆောင်ပြီး တင်သွင်းလာသော စကျင်ကျောက်များအား တရုတ်နိုင်ငံရွှေလီတွင် လိုက်လံဖမ်းဆီးသိမ်းယူနေကြောင်း လုပ်ငန်းရှင်များ၏ပြော ကြားချက်အရ သိရသည်။ "မြန်မာနိုင်ငံက စကျင်ကျောက်တွေကို ဟိုတုန်းကတည်းက တရုတ်နိုင်ငံ ထဲကို တင်ပို့ခဲ့တာရှိတယ်။ တင်ပို့တယ်ဆိုတာ တရားဝင်လမ်းကြောင်းက နိုင်ငံတော်ကိုအခွန်သုံးရာခိုင်နှုန်းဆောင် ပြီး တင်ပို့တာပါ။ အခုမှ ကောက်ကာငင်ကာ ရွှေလီမှာ တရုတ်ရဲက ဖမ်းပြီးတော့ အကုန်လုံး သိမ်းယူသွားပါ တယ်" ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ တရုတ်ပြည်ရွှေလီထဲသို့ဝင်လာသော စကျင်ကျောက်များဖမ်းဆီးရာတွင် မည်သည့် အကြောင်းကြောင့် ဖမ်းသည်ဆိုသည်ကို ပြောပြခြင်း မရှိဘဲ အခုရက်ပိုင်းအတွင်းဖမ်း ဆီးနေခြင်းဖြစ်ကြောင်း၊ တရုတ်ရဲ အနေနှင့် ယင်းကဲ့သို့ မထင်လျှင် မထင်သလို လုပ်တတ်သည့် သဘော ရှိကြောင်း၊ လေလောဆယ်တွင် စကျင်ကျောက်မှာ တရုတ်ပြည်ထဲအထိ သွင်း၍ရောင်းချရသောကြောင့် ၀ယ်သူဈေးကွက် ဖြစ်နေကြောင်း၊ များသောအားဖြင့် တစ်ဖက်လုပ်ငန်းရှင်များ အနေနှင့်လည်း ရဲနှင့်ပေါင်း ထားပြီး ညစ်ပတ်သောနည်းများ ကျင့်သုံးလေ့ရှိကြောင်း ဒေသခံ ကျောက်ကုန်လုပ်ငန်းရှင် တစ်ဦးကလည်း ဆိုသည်။ "သူတို့ဘက်ရောက်ရင် သူတို့ထင်သလို လုပ်ပါတယ်။ အလုပ်လာလုပ်တဲ့ သူတွေဆိုရင် တရားဝင် စာအုပ်အနီ လုပ်ထားလည်း စာအုပ်ကို ဖြဲဆုတ်ပြီး တရားမ၀င် ၀င်ရောက်လာတာဆိုပြီး ဖမ်းတာမျိုးလည်း ရှိတယ်။ ပြီးတော့ တရုတ်ယွမ်ငွေ ၅၀၀ တောင်းတယ်။ မပေးနိုင်ရင် ထောင်ထဲပို့တယ်။ ထင်သလိုလုပ် တာပဲ။ အခုလည်း ကျောက်တွေကို အစဉ်အဆက် တင်ပို့နေရာကနေ အခုမှ ရွှေလီထဲ ရောက်ကာမှ ဖမ်းတယ်ဆိုပြီး ယူသွားတာပါ။ အခု အဖမ်းခံရတာ သုံးဦးပါ။ တန်ဖိုးအား ဖြင့်ကျပ်သိန်း ၁၃၀ လောက်ပဲ ရှိတယ်ဆိုပေမယ့် တရားဝင် တင်သွင်းလာတဲ့ ပစ္စည်းအပေါ် အခုလို အနိုင်ကျင့်တာမျိုးကတော့ မကောင်း ပါဘူး" ဟု ကျောက်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

တရုတ်နိုင်ငံ ရွှေလီဘက်ခြမ်းတွင် မြန်မာနိုင်ငံဘက်မှ တင်သွင်းသော စကျင်ကျောက်များအား အရောင်းပြ ခန်းများ ဖွင့်လှစ်ရောင်းချနေကြောင်း။ ထိုပြခန်းများတွင် ခင်းကျင်းပြသမည့် စကျင်ကျောက်များကို မြန်မာ ဘက်ခြမ်းမှ ၀င်ရောက်လာသော အလုပ်သမားများအား စကျင်ကျောက် ပွတ်တိုက်ရန် ပုတ်ပြတ်နှုန်းဖြင့် ငှားရမ်းလေ့ရှိကြောင်း သိရှိရသည်။ "စကျင်ကျောက်ပွတ်တဲ့ ကလေးတွေလည်း မြန်မာဘက်ကပဲ။ ဒီဘက် မှာ တစ်ရက် ကျပ် ၅၀၀၀ လောက်နဲ့ လာပွတ်ကြတာ။ ဒါပေမဲ့ တစ်ရက်လုံးလုပ်ပြီးမှ ပိုင်ရှင်က ပိုက်ဆံမပေး ချင်ရင် ပွန်းတယ်ပဲ့တယ်ဆိုပြီး အလျော်ခိုင်းတာတွေ ရှိတယ်။ ဒါပေမဲ့ မပေးရင် ရဲလက်အပ်မယ် ဆိုတာ မျိုးပေါ့။ လုပ်ငန်းရှင်တွေတင် ခံရတာမျိုး မဟုတ်ဘူး။ အားလုံးက ဒီဘက်က ညစ်ပတ်တာကို ခံနေရတာပါ" ဟု တရုတ်မြန်မာ နယ်စပ်ဒေသမှ ဒေသခံတစ်ဦးက ဆိုသည်။

GSM တယ်လီဖုန်းများအား အင်တာနက် မြန်နှုန်းတိုးမြှင့် အသုံးပြုနိုင်



   မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ငှားရမ်းအသုံးပြုခွင့်ပေးခဲ့သည့် အင်တာနက်အသုံးပြုနိုင်သော GSM, WCDMA, CDMA-800 MHz တယ်လီဖုန်းလိုင်းများထဲမှ GSM ကိုလည်း အင်တာနက်မြန်နှုန်းအားအသုံးပြု သည့်ဖုန်းအမျိုးအစားပေါ် မူတည်၍ တိုးမြှင့်အသုံးပြု" နိုင်ကြောင်းသိရသည်။ ''မြန်မာနိုင်ငံမှာ ယခုလက်ရှိ အသုံးပြုနေတဲ့ ဖုန်းတွေကို 2G, 3G ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ WCDMA, CDMA-800 MHzတွေက 3G   network ၊ GSM က 2G network ဆိုပြီးတော့ပေါ့၊ အင်တာနက် အသုံးပြုခကိုလည်း GSM အတွက် တစ်မိ နစ်နှစ်ကျပ်၊ ကျန်တဲ့ဖုန်းတွေက တစ်မိနစ်လေးကျပ်ပေးရပါတယ်၊ အင်တာနက်မြန်နှုန်းဆိုတာ ကိုယ်ဝယ်ယူ ခဲ့တဲ့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ပြောင်းသုံးနိုင်ပါတယ်။
   မိမိဖုန်းမှာ 3G စနစ်ပါရင် network operators ထဲက network automatically ကို မှတ်ထားလိုက်ရင် နီးစပ်ရာ အင်တာနက်လိုင်းများမှ 3G ရှိရင် 3G လိုင်းကို  ဖုန်းကတစ်ဆင့် သုံးနိုင်မှာပါ၊ 3G  စနစ်သုံး WCD MA, CDMA-800 MHz ဖုန်းတွေလည်း 3G network  မမိရင် 2G စနစ်ကိုပဲ အလိုလိုပြောင်းသွားမှာပါ။ တစ် သိန်းအောက်ပေးရတဲ့ Huawei ဟန်းဆက်တွေမှာ မြန်မာနိုင်ငံနှင့် သင့်လျော်တဲ့ စနစ်တွေတော်တော်များ များ ပါဝင်ပါတယ်။ CDMA-800 MHz အတွက် အင်တာနက်လိုင်းက သီးသန့်ဖြစ်နေလို့  ပြောစရာမလိုပေ မယ့် GSM နှင့် WCDMA ဖုန်းတွေ ဝယ်တဲ့အခါမှာ 2G စနစ်ပဲ သုံးနိုင်တဲ့ဟန်းဆက်ကို ဝယ်လိုက်ရင်  3G network ကို သုံးလို့ရမှာ မဟုတ်ပါဘူး'' ဟု မိုဘိုင်းလ်နှင့် အင်တာနက် အသုံးပြုနေသူ တစ်ဦးထံမှ သိရသည်။
 
Ref..thithtoolwin

တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးအား ၀င်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးရာ အကြီးအကဲ ပြောကြား

တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးအား ၀င်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နိုင်ငံခြားရေးရာအကြီးအကဲယန်ကျဲချီမှပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

နိုင်ငံခြားရေးရာအကြီးအကဲယန်ကျဲချီမှနှစ်နိုင်ငံ ပူးပေါင်းဆောက်ရွက်ရမည့် ကိစ္စရပ်များကို ရေရှည်တည်တံ့ ခိုင်ခံ့အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံတစ်ခု၏ ပြည်တွင်းရေးအား ၀င်ရောက်စွက်ဖက်မှုကိုဆန့်ကျင်ကြောင်း၊မြန်မာပြည်သူများအနေဖြင့်မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သင့်လျော်သောလမ်းကြောင်း ရွေးချယ်နိုင်ရန်လိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံမှုအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော်နှင့် မြန်မာနိုင်ငံတို့အကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းအကောင်အထည်ဖော်ရေး၊ မိတ်ဖက်ဆက်ဆံရေးအတွက် နှစ်နိုင်ငံ နိုင်ငံခြားရေး ဒုတိယ၀န်ကြီးများမှ သဘောတူညီမှု လက်မှတ်များ ရေးထိုးခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံတော် ကောင်စီဝင် နိုင်ငံခြားရေးရာ အကြီးအကဲ ယန်ကျဲချီသည် မြန်မာနိုင်ငံသို့ ဇွန်လ ၂၃ ရက်နေ့ကအလုပ်သဘောအလည်အပတ်ခရီးရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ရောက်ရှိစဉ်အတွင်း   ဒုတိယသမ္မတ ဦးဥာဏ်ထွန်းအပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲနေသည့် အခြေအနေများ၊ စီးပွားရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယန်ကျဲချီသည် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း တောင်တရုတ်ပင်လယ်ရှိ ဟိုင်နန်ကျွန်းကမ်းလွန်တွင် အမေရိကန် သူလျှိုလေယာဉ်နှင့် တရုတ်ဂျက်လေယာဉ်တို့ ဝေဟင်တွင် တိုက်မိသည့်ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း နှစ်နိုင်ငံကြား တင်းမာမှုများ ပြေလျော့စေရန် ကြိုးစားခဲ့သူ ဖြစ်သည်။ယန်ကျဲချီသည် တရုတ်နိုင်ငံခြားရေး မူဝါဒ၏ အဓိက ပဲ့ကိုင်ရှင်များတွင် တစ်ဦးအပါအ၀င်အဖြစ် နာမည်ကျော်ကြားသူ ဖြစ်သည်။
Ref: EMG

အရာရာကို လူ့အခွင့်အရေးရှုထောင့်ကနေ ကြည့်လို့မရဘူးဆိုတဲ့ ဒေါ်စောမြရာဇာလင်းနဲ့ တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန်တိုင်းဒေသကြီး မော်ဘီမြို့၌ သံဃာတော်အပါး ၂၀၀ ခန့်ပါဝင်သော ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ဇွန်လ ၁၃-၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲတွင် ဆရာတော် ဦးဝီရသူမှ အဆိုတင်သွင်းထားသည့် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကို ဘာသာခြားနဲ့မယူဖို့ ကန့်သတ်ထားသော မျိုးစောင့်ဥပဒေမူကြမ်းကို ရေးဆွဲ ကာ တရားဝင်တည်ပြုနိုင်ရေးအတွက် လွှတ်တော် သို့ လူထုထောက်ခံလက်မှတ်များဖြင့် တင်ပြသွားမည့် အပေါ် ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU) ဥက္ကဌ ဒေါ်စောမြ ရာဇာလင်းနှင့် အာရ်ကန်တိုင်းမ်စ်တို့ သီးသန့်တွေ့ဆုံ မေးမြန်း ထားခြင်း ကို ဖော်ပြလိုက် ပါသည်။

အာရ်ကန်တိုင်းမ်စ်။ ။ မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘယ်လို အမြင်သဘောထားတွေ ရှိပါသလဲ။

ဒေါ်စောမြရာဇာလင်း။ ။ တကာနဲ့ ဆရာရယ်လို့ သံယာတော်တွေကိုဆရာ အဖြစ်အလေးထားပြီး ကိုးကွယ်လာခဲ့ကြတာမြန်မာ့ လူ့ဘောင် အသိုင်းအ၀ိုင်းရဲ့ ဓလေ့တစ်ခုဆိုရင်မမှားနိုင်လို့ အရင်ဆုံးပြောချင် ပါတယ်။ တာကာပူရင် ဆရာမနေသာဖြစ်ရတဲ့ ကြီးမားသော ပဋိပက္ခတွေ မြန်မာနိုင်ငံလုံးဆိုရအောင် ပေါ်ပေါက်ခဲ့တယ်။ အဲဒါကြောင့် မြန်မာပြည်ရဲ့ အနာဂတ်ကို စဉ်းစားပူပန်ပြီး မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ တင်သွင်းဖို့ သံယာတော်တွေ စဉ်းစားလာခဲ့ကြခြင်းလို့ ကျမနားလည်ပါတယ်။ နောက်တခုက - တရားဝင်လက်ထပ် ထိန်းမြားခြင်းမဟုတ်ဘဲ ဘာသာခြားနဲ့အိမ် ထောင်ပြုလိုက်ပြီးနောက် - ဒုက္ခတပုံကြီးနဲ့ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းတွေကို ပြန်ရောက်လာကြတဲ့ အမျိုးသမီးတွေရဲ့ ဘ၀ကိုအများအပြား မြင်တွေ့လာကြရတဲ့အခါ အမျိုးသမီးတွေရဲ့ လုံချုံရေးနဲ့ ဗုဒ္ဓဘာသာကိုယ်ကွယ်တဲ့ လူမျိုးတွေရဲ့ အနာဂတ်အတွက် စဉ်းစားကြတယ်။ နည်းလမ်းရှာကြတယ်လို့ ထင်ပါတယ်။

တခုပြောရမှာက-အမျိုးဘာသာ သာသနာနဲ့ ဓလေ့တွေကို ထိန်းသိမ်းသို့ စဉ်းစားတဲ့အခါမှာ ကျားရော/ မရော(၂)မျိုးသော လူသားများအတွက်ပါ စဉ်းစားကြမှာဖြစ်ပါတယ်။ အမျိုးသမီးအတွက်သက်သက် ကွက်ပြီးရေးဆွဲခြင်းမျိုး မဖြစ်သင့်ပါ။ ဥပဒေ တခုရေးဆွဲတယ်ဆိုတာ အားလုံးအတွက် ဖြစ်ရပါလိမ့်မယ်။ အဲဒီ ဥပဒေကို ဖြစ်သင့်မဖြစ် သင့်အတည်ပြုမှာကတော့ ပြည်သူ့လွှတ်တော်နဲ့ပဲ ဆိုင်ပါတယ်။

အာရ်ကန်တိုင်းမ်စ်။ ။ တလင်တမယားစနစ်ဆိုတာ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အရေးကို ထိစိုက်စေပါသလား။

ဒေါ်စောမြရာဇာလင်း။ ။ အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်ရည်စုပ်ထိုးလို့ ရခိုင်စကားပုံ၊ မြန်မာစကားပုံ တွေမှာ ရှိတယ်။ ဒီစကားပုံဟာ အိမ်ထောင်ပြုကြသူ ကျား-မ (၂)ဦးစလုံးအတွက် ပြောထားတဲ့ ခေတ်ဟောင်း ဥပမာစကားကြီး တခုဖြစ်ပါတယ်။ ဖြစ်နိုင်ရင် တလင်မယားအဖြစ်နဲ့ ဘ၀သက်ဆုံးတိုင်တာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ တခါတခါ အိမ်ရှင်အမျိုးသားက ပြင်ပမှာရူပ်ပွေလေလွင့်ပြီးနေတာ။ တရားဝင်အိမ်ထောင်ဖက် အပိုထားတာ။ တရားမ၀င် အိမ်ထောင်ဖက် အပိုထားတာတို့ ဖြစ်ပေါ်လာရင် အမျိုးသမီးက ထုံးတန်းစဉ်းလာကြောင့် နောက်အိမ်ထောင် မရှာရဲတာ မဖြစ်သင့်ဘူး။ နောက်တခု အိမ်ထောင်ပြုထားကြတဲ့ အိမ်ထောင်ရှင် ၂ ဦးစလုံးက တဦးကိုတဦး လုံးဝမခင်တွယ်ကြဘူးဆိုရင် ၂ ဦးသဘောအရ ကွာရှင်းခွင့်ရှိပါတယ်။ ကိုယ့် သဘောအရ နောက်အိမ်ထောင် စဉ်းစားလို့ ရပါတယ်။

အာရ်ကန်တိုင်းမ်စ်။ ။ မျိုးစောင့် ဥပဒေဆိုတာ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ ပြောတဲ့အပေါ်မှာ ဘာတွေပြောချင်ပါသလဲ။

လူအမျိုးမျိုး စိတ်အမျိုးမျိုးလို့ပဲ ပြောရမှာဖြစ်ပါတယ်။ လူ့အခွင်အရေးဥပဒေမှာ လူတဦးစီရဲ့ အခွင်အရေး ကိုကာကွယ်ထားသလို ထိုလူသားတွေ ကိုးကွယ်တဲ့ ဘာသာသာသနာများကိုလည်း အကာအကွယ် ပေးထားတာရှိပါတယ်။ လွတ်လပ်စွာကိုးကွယ်ခွင့် ဆိုတာဟာ ဘာသာနဲ့ ကိုးကွယ်သူ ၂ ခုစလုံးကို ကာကွယ်ပေးထားသလို ထိုဘာသာကို ကိုးကွယ်သူက ကိုယ့်ဘာသာရဲ့ လုံခြုံရေးကို ကာကွယ်ခွင့် ရှိပါတယ်။

အရာရာကို လူ့အခွင်ရေးဆိုတဲ့ ရှုထောင့်သက်သက်က ကြည်လို့မရဘဲ ဥပဒေကြောင်းအရ ကြည့်ရမှာတွေ လဲရှိပါတယ်။ (ဥပမာ- အိမ်တံခါးပျက်နေတဲ့ အိမ်တစ်လုံးက သေတ္တာတစ်လုံးကို လူတစ်ဦးတစ်ယောက်က တက်ယူလာတယ်ဆိုပါစို့ ထိုတက်ယူတဲ့သူမှာ ယူပိုင်ခွင့်ရှိတယ်လို့ လူ့အခွင့်အရေးအရ ပြောရင် မှန်ပါ့မလား။) ဒါကြောင့် တိုင်းပြည်အရေးကို ကြည့်တဲ့အခါ လူ့အခွင်အရေး ရှုထောင့်သက်သက်မှကြည့်ရင် အခက်အခဲရှိနိုင်မယ်လို့ ကျမမြင်တယ်။ ဖြစ်ခဲ့တဲ့ ပြသနာတွေကြောင့် ကျမတို့နိုင်ငံမှာ အချင်းချင်း စိတ်ဝမ်းကွဲ ပြားမှုတွေမဖြစ်လာအောင် အထူးသတိထားဖို့ လိုအပ်လာပါတယ်။

လူမျိုးတိုင်းမှာ အမျိုးဘာသာသာသနာ ကိုစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ကျမမြင်ပါတယ်။ အမျိုးသမီး၊ အမျိုးသား၊ အစိုးရ၊ သာသနာဘောင်မှ ပုဂ္ဂိုလ်များ စသည်ဖြင့် အားလုံးမှာ တာဝန်ရှိတယ်။ဥပမာတခုကို ကျမထပ်ပြောချင်ပါတယ်။

ဘီစီ (၆) ရာစုမှာ ပွင့်တော်မူခဲ့တဲ့ ဗုဒ္ဓသာသနာဟာ အေဒီ (၁၂) ရာစုကို ရောက်တဲ့အခါ အိန္ဒိယနိုင်ငံမှာ အားလုံးနီးပါး ပျောက်ကွယ်သွားခဲ့ပါတယ်။ အေဒီ (၃) ရာစုလောက်မှာ အုပ်စိုးခဲ့တဲ့ ဂုပ္ပတမင်းလက်ထက်မှာ ဘုရားပွင့်တော်မူခဲ့ရာ ညောင်ပင်ကအစ မြေလှန်တူးဖေါ် ဖျက်စီးပစ်ခဲ့တယ်လို့ သိရတယ်။ အခုကျမတို့ နေထိုင်တဲ့ ဘင်္ဂလားဒေ့(ခ်ျ)ဟာလည်း ဗုဒ္ဓဘာသာဝင်တွေနေခဲ့တဲ့ တိုင်းပြည်တခုဆိုတာ သာသနိက အဆောက်အဦးအဟောင်းတွေက သက်သေပြနေတယ်။

အမျိုးဘာသာသာသနာဟာ အလွန်အရေးကြီးပါတယ်။ ကိုယ့်ဘာသာကို လိမ္မာပါးနပ်စွာ ကာကွယ်ခြင်းဖြင့် တိုင်းပြည် အေးချမ်းမှုကို ရနိုင်တယ်လို့ မြင်ပါတယ်။ ဗုဒ္ဓသာရဲ့အခြေခံက ငြိမ်းချမ်းရေးပါပဲ။ ဘင်္ဂလားဒေ့(ခ်ျ)မှာ ဘူရ၀ါလို့ခေါ်တဲ့ မရမာကြီးတွေက ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားအောင် လုပ်တာ အားရစရာ ကောင်းပါတယ်။ တောင်ကိုးရီးယားမှာလည်း ဘုန်းကြီးတွေ လူ့ဘောင်တိုးတက်အောင် လူမှုရေးလုပ်ငန်း တွေ ကြိုးစားလုပ်ဆောင်လာကြတယ်လို့ သိရပါတယ်။ ကျမတို့နိုင်ငံမှာလည်း ဗုဒ္ဓဘာသာထွန်းကားအောင် ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်သူများအားလုံးက ဘာသာမနစ်နွမ်းအောင် ကြိုးစားကြဖို့ အထူး သတိထားကြဖို့နဲ့ မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးကို အခြေခံထားတဲ့ တရားတိုးပွားအောင် လုပ်ဖို့ တိုက်တွန်း ပါတယ်။
Ref: MMExpress

တစ်နှစ်ခွဲ ကာလအတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု (၇၄) ကြိမ် ပြုလုပ်ခဲ့

အစိုးရနှင့် KNU တို့ ၂၀၁၂ ခုနှစ် ဧပြီလအတွင်းက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲအား တွေ့ရစဉ်

တစ်နှစ်ခွဲ ကာလအတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု (၇၄) ကြိမ် ပြုလုပ်ခဲ့ရာ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ၂၂ ကြိမ်ဖြင့်အများဆုံး တွေ့ဆုံဆွေးနွေး ခဲ့သည်ဟု ဇွန် ၂၂ ရက်က ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် Myanmar Peace Center မှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေနှင့် သတင်းမီဒီယာ သမားများ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည့် အခမ်းအနားမှ သတင်းရရှိသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ ပါဝင်သည့် အဖွဲ့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် တောင်ကြီးမြို့တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)နှင့် ပထမဆုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း သိရသည်။ RCSS သည် ယခင်အစိုးရ လက်ထက်ကတည်းကပင် အပစ် အခတ် ရပ်စဲရေး သဘောတူညီမှု မရခဲ့သည့် အဖွဲ့ဖြစ်ပြီး အစိုးရသစ် လက်ထက်ရောက်မှသာ ထိုသို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် သဘောတူညီမှု ရရှိပြီးနောက်ပိုင်း နှစ်ဘက်တပ်များအကြား တိုက်ပွဲပေါင်း ၇၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
  
KNU အဖွဲ့သည် တတိယ အကြိမ်မြောက် အစိုးရနှင့် လက်မှတ်ရေးထိုးနိုင်သည့် အဖွဲ့ဖြစ်ပြီး လက်မှတ်ရေး ထိုးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၂ ရက်မှ လက်ရှိအချိန်ထိ ဆွေးနွေးမှု အကြိမ်ပေါင်း (၂၂) ကြိမ် ပြုလုပ် ခဲ့ရာ ပြည်ပတွင် (၁၀)ကြိမ် ပြည်တွင်းတွင် (၁၂) ကြိမ်ဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု ဦးလှမောင်ရွှေ၏ ပြော ကြားချက်အရ သိရသည်။ ထို့ပြင် KNU အဖွဲ့ခေါင်းဆောင်များသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နှစ်ဦးစလုံးနှင့် တွေ့ဆုံဆွေးနွေး မှု ပြုလုပ်ထားသည့် တစ်ခုတည်းသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့လည်းဖြစ်ကြောင်း သိရသည်။

EMG

တောင်ကိုရီးယားက မြန်မာနိုင်ငံကို စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖြစ် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပေးမည်

၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံကို စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖြစ် ချေးငွေအမေရိကန်ဒေါ်လာ သန်း ၅၀၀ ပေးအပ်သွားမည်ဖြစ်ကြောင်း အိန္ဒိယ သတင်းဌာန Business Standard မှ ရေးသားမှုအရ သိရသည်။အဆိုပါ ကြေညာချက်ကို တောင်ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးနှင့် နည်းဗျူဟာဝန်ကြီးနှင့် မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီးဒေါက်တာကံဇော်တို့ ဦးစီးပြုလုပ်သော နှစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှု အစည်းအဝေးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံ ပူးတွဲကော်မတီက အခြေခံ အဆောက်အဦကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ၀န်ဆောင်မှုနှင့် အားကစားကဏ္ဍ တိုးမြှင့်နိုင်ရေး အပါအ၀င် စီမံကိန်း ၃၉ ခု ပါဝင်သော နယ်ပယ် ၈ ခုအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က တောင်ကိုရီးယား၏ ကူညီမှုများကို ၀မ်းမြောက်ကြောင်း ဖော်ပြခဲ့ပြီး တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး ဟွန်အိုဆွတ်မှတစ်ဆင့် နိုင်ငံတော် သမ္မတကိုလည်း ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။

တောင်ကိုရီးယားနိုင်ငံက မြန်မာနှင့် ချစ်ကြည်ရေးတံတားအဖြစ် ဒလနှင့်ရန်ကုန်ကို ဆက်သွယ်သည့် တံတားတစ်စင်း တည်ဆောက်ပေးရန် ကမ်းလှမ်းထားပြီး ဒလတွင် လူနေအိမ်များ၊ စီးပွားရေး Complex များ၊ စက်မှုဇုန်များ တည်ဆောက်ရန် စိတ်ဝင်စားနေသည်ဟု ကိုရီးယား Yonhap သတင်းဌာနတွင် ဖော်ပြချက်အရ သိရသည်။ပြီးခဲ့သည့် မတ်လအထိ စာရင်းများအရ တောင်ကိုရီးယား နိုင်ငံသည် မြန်မာနိုင်ငံတွင် စတုတ္ထမြောက် အများဆုံး ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၈ ဘီလျံဖြင့် စီမံကိန်းပေါင်း ၇၇ ခုတွင် ရင်းနှီးမြှုပ်နှံထားသည်။မြန်မာနှင့် တောင်ကိုရီးယား နှစ်နိုင်ငံအကြား ကုန်သွယ်မှုမှာ ၂၀၁၂ ခုနှစ်ထိ အမေရိကန်ဒေါ်လာ ၅၇၃ ဒသမ ၄ မီလျံ ရှိထားသည်။
Ref: EMG

ရန်ကုန်မြို့တော်တွင် မီးရထား လိုင်းသစ်ခြောက်ခု ထပ်တိုးမည်ဟု သိရ

ရန်ကုန်မြို့ပတ် ရထားလမ်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဌေးသန်း)
 
နောက်ထပ်အနှစ် ၃၀ အတွင်း ရန်ကုန်မြို့တော်၌ မီးရထားလမ်းကြောင်းသစ် ငါးခု ထပ်မံတိုးချဲ့မည့်အပြင် မီးရထားလိုင်းသစ် ခြောက်ခုလည်း ထပ်မံတိုးချဲ့ရန် လျာထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းအကောင်အထည် ဖော်နေသည့် "မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း" အရ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့တော်နေ လူဦးရေ၏ သုံးရာခိုင်နှုန်းသာ မီးရထား သယ်ယူပို့ဆောင်ရေး စနစ်အား အသုံးပြုနေကြောင်းနှင့် လာမည့် ၂၀၄၀ တွင် ရန်ကုန်မြို့တော်နေ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းမှာ မီးရထား သယ်ယူပို့ဆောင်ရေး စနစ်အား အသုံးပြုလာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ထို့အတွက်ကြောင့် ရထားလမ်းကြောင်းများအား အဆင့်မြှင့်တင်ခြင်းနှင့် မီးရထား လမ်းကြောင်းများအား အသစ်ထပ်မံ တည်ဆောက်ခြင်းများ ပြုလုပ်မည့်အပြင် မီးရထားလိုင်းသစ် ခြောက်လိုင်းလည်း ထပ်တိုးရန် အဆိုပြု ထားခြင်းပြီး ထပ်တိုးချဲ့မည့် လိုင်းသစ်များကိုမူ "မဟာရန်ကုန် မြို့ပြစီမံကိန်း" တွင် အတိအကျ မပါရှိကြောင်းလည်း သိရသည်။ ရန်ကုန်မြို့ပတ် ရထားစနစ်တွင် လက်ရှိရထားလမ်းကြောင်း သုံးခုနှင့် လမ်းခွဲငါးခုရှိပြီး စုစုပေါင်း ၁၄၈ ဒသမ ၃ ကီလိုမီတာ ရှည်လျားပြီး ဘူတာပေါင်း ၈၀ ခန့်ရှိကြောင်း၊ ထပ်တိုးချဲ့မည့် ရထားလမ်းကြောင်း သစ်ငါးခု အပါအ၀င် လာမည့် ၂၀၄၀ ခုနှစ် အရောက်တွင် ရန်ကုန်မြို့ တွင် မီးရထားလမ်းကြောင်း ရှစ်ခုရှိလာမည် ဖြစ်ကြောင်းနှင့် ရထားလမ်းအရှည် စုစုပေါင်းမှာ ၃၅၀ ကီလိုမီတာ ရှိလာမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်မြို့အတွင်း နေ့စဉ်ရထား ပြေးဆွဲချိန် လေးချိန်သတ်မှတ်ကာ နံနက် ၄ နာရီမှ ၈ နာရီအထိ နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ၊ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ၊ ညနေ ၄ နာရီမှ ည ၉ နာရီအထိ မြို့ပတ်ရထား ငါးစင်းဖြင့် ရထားအခေါက်ရေ ၂၀၀ ခန့် ပြေးဆွဲလျက်ရှိသည်ဟု သိရသည်။ "၂၀၄၀ မှာဆိုရင် ရန်ကုန်မြို့မှာ မီးရထားလိုင်းခြောက်ခု ထပ်ဆောက်ဖို့ မျှော်လင့်ထားပါတယ်" ဟု ဇွန် ၅ ရက်က ရန်ကုန်မြို့ရှိ Chatrium Hotel တွင် ပြုလုပ်ခဲ့သော "မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း" နှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် JICA လေ့လာရေး အဖွဲ့၏ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်း အဖွဲ့ခေါင်းဆောင် Mr. Koji YAMADA က ပြောကြားခဲ့သည်။

EMG

တော်ဝင်ဆုထူးပန်တာဝါ ဆောက်ရန်ကိစ္စနှင့် ပတ်သက်၍ အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ကုမ္ပဏီတို့ အပြန်အလှန်ရှင်းလင်း



                                 ဇွန် ၂၃ ရက်က အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေမှ ရှင်းလင်းနေစဉ်

တော်ဝင်ဆုထူးပန်တာဝါ ဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီတို့ ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်နေ့များတွင် သတင်းမီဒီယာများအား ရှင်းလင်းခဲ့ကြောင်း သိရသည်။

"အန်တီဝါပိုင်တဲ့ မြေပေါ်မှာ ဆုထူးပန်တာဝါ (၁၂ ထပ် အဆောက်အအုံ) ဆောက်ဖို့ Father Land ကုမ္ပဏီကို ကန်ထရိုက် ငှားခဲ့တာပါ။ အဲဒီအတွက် ၂၀၁၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာ စာချုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန် တစ်နှစ်ကျော်တဲ့ အချိန်အထိ ဘာမှအကောင်အထည် မဖော်နိုင်သေးပါဘူး။ စာချုပ်စချုပ်တဲ့နေ့မှာ စရန်ငွေကျပ်သိန်း ၁၀၀၀ ပေးတယ်။ ဒုတိယအကြိမ် လုပ်ငန်းသဘောအရ ကျပ်သိန်း ၇၀၀၀ ထပ်ပေးခဲ့ပါတယ်။ စည်ပင်သာယာဘက်ကို ဆောက်လုပ်ခွင့် တင်ပြဖို့ အပိုင်းကိုလည်း တာဝန်ယူမယ်လို့ ပြောပြီးတော့ ဘာမှလှုပ်ရှားမှု မရှိခဲ့ပါဘူး။ သိန်းပေါင်း ၈၀၀၀ ယူပြီးနောက်ပိုင်း ကျပ်သိန်း ၁၀၀၀ ကို ငွေအရမ်းကျပ်နေလို့ဆိုပြီး ထပ်တောင်းပါတယ်။ စုစုပေါင်းကျပ် သိန်း ၉၀၀၀ ပါ။  ဒါပေမဲ့ ဘာမှမလုပ်ပြနိုင်ပါဘူး။ အခုအချိန်ထိလည်း အန်တီဝါ မြေပေါ်မှာ ပိုင် ၁ ချောင်းတောင် မရိုက်ရသေးပါဘူး။ ဒါကြောင့် မီဒီယာတွေကို အခုလို ခေါ်ရှင်းတာပါ။ ဒီနေ့ကစပြီး Father Land ကုမ္ပဏီနဲ့ ချုပ်ထားတဲ့ စာချုပ်ကို တရားဝင် ဖျက်သိမ်းလိုက်ပါပြီ။ အန်တီ ဒီကိစ္စကိုလုပ်တာ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး လုံးဝမပါပါဘူး" ဟု ဒေါ်ဝါ၀ါဝင်းရွှေက ရှင်းလင်းခဲ့သည်။

"လူမှုရေးအပိုင်း အရမှာလည်း ဒီနှစ်ဖေဖော်ဝါရီလ ၉ ရက်မှာ ဆူထူးပန်တာဝါရှေ့ မြေကွက်မှာ ညသန်းခေါင်ယံအချိန် ဦးကျော်မြင့် အပါအ၀င် လူ ၄ ဦးက အမဲသားပေါ်မှာ ဖယောင်းတိုင် လာထွန်းတယ်။ အဲဒါကို အဲဒီနားမှာနေတဲ့ သူတွေတွေ့တယ်။ အန်တီဝါ့ကိုပြောတော့ အန်တီဝါက သူ့တို့ဘာသာအရ လုပ်ငန်းအောင်မြင်အောင် လုပ်တာပဲဆိုပြီး တွေးခဲ့တယ်။ နောက်တစ်ပတ်လောက်ကြာတော့ အဲဒီလိုပဲ သူကိုယ်တိုင်လာပြီး ထပ်ထွန်းပါတယ်။ နောက်ဆုံးအကြိမ် ဖေဖော်ဝါရီလ ၁၇ ရက် နေ့မှာ ထပ်လုပ်ပါတယ်။ အဲဒီလိုလုပ်ပြီး သူတို့ပြန်သွားတော့ အဲဒီနားမှာနေတဲ့ လင်မယားနှစ်ယောက်က အနားကိုသွားပြီး မီးလောင်နေတဲ့ ပစ္စည်းတွေကို သဲနဲ့ပက်ငြှိမ်းပြီး ပစ္စည်းတွေ သွားယူခဲ့တယ်။ သူတို့ယူလာတဲ့ ပစ္စည်းတွေကို ကြည့်လိုက်တော့ အန်တီဝါ ဓာတ်ပုံအောက်မှာ အင်းကွက်တွေချထားပြီး ဆေးဖယောင်းတွေနဲ့ မီးထွန်းထားတာ ဓာတ်ပုံကို မီးလောင်နေပြီ။ အဲဒါကို အန်တီဝါသိတော့ အင်မတန် ၀မ်းနည်းခဲ့ရတယ်။ အဲဒါနဲ့ နောက်တစ်နေ့မှာ ဦးကျော်မြင့်ကိုခေါ်ပြီး ပြတယ်။ ဒီကိစ္စ မင်းကိုယ်တိုင် လုပ်သလားလို့မေးတော့ သူကိုယ်တိုင်လုပ်တာပါလို့ ၀န်ခံခဲ့ပါတယ်။ သူက အဲဒါကောင်းဖို့ လုပ်တာလို့လည်း ပြောပါတယ်။ စဉ်းစားကြည့်ပါ။ ကောင်းဖို့လုပ်တာဆိုရင် ဓာတ်ပုံကို မီးရှို့မလားလို့ မေးလိုက်တယ်။ အဲဒီမှာသူက ဒီအဆောက်အအုံကို သူနဲ့ဆက်မဆောက်လို့ ရပါတယ်လို့ ပြောသွားပါတယ်။ အန်တီဝါ အဲဒီအချိန်တုန်းက မိတ္ထီလာမှာ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်နေတဲ့ အချိန်မို့လို့ နှုတ်ပိတ်နေခဲ့တယ်။ ဒီလို အောက်လမ်းနည်းအရ အန်တီဝါ့ကို တိုက်ခိုက်တယ်ဆိုတော့ အန်တီဝါဘယ်လိုမှ ဆက်မလုပ်နိုင်တော့သလို Father Land ဆောက်လုပ်ရေးနဲ့လည်း လုံးဝမသက်ဆိုင်တော့ပါဘူး" ဟု ဒေါ်ဝါ၀ါဝင်းရွှေက ဆက်လက်ရှင်းပြခဲ့သည်။

လုပ်ငန်း ဆက်မလုပ်ဖြစ်တော့၍ စရံအဖြစ် ပေးချေထားသည့် ငွေများအား ပြန်ပေးရန် ၁၁ ကြိမ်တိတိ ဒေါ်ဝါ၀ါဝင်းရွှေ၏ရှေ့နေ ဦးသန်းဋ္ဌေးမှတစ်ဆင့် ညှိနှိုင်းခဲ့ကြောင်း၊ ငွေများကို အရစ်များခွဲ၍ ပြန်ပေးဖို့ သဘောတူညှိနှိုင်းရန် ဇွန်လ ၂၁ ရက်နေ့အထိ ပြောခဲ့သော်လည်း Father Land လာရောက်ခြင်း မပြုခဲ့ဘဲ ရှောင်နေကြောင်း၊ ယင်းနောက်ပိုင်း ၎င်းတို့နှင့် ဆက်မလုပ်ဘဲ မြေအားပြန်ပေးရန်ပြောတော့ မြေပြန်လိုချင်ပါက စရန်ငွေအဖြစ် ကျပ်သိန်း ၉၀၀၀ အဆုံးခံရမည်ဖြစ်ကြောင်း ပြောသဖြင့် မြေကြီးအား ကျပ်သိန်း ၉၀၀၀ ဖြင့် ရွေးယူရမည့်သဘော ဖြစ်နေကြောင်း ဒေါ်ဝါ၀ါဝင်းရွှေ ဆက်လက်ရှင်းပြခဲ့သည်။

ယခု ဆုထူးပန် တာဝါအား ဆောက်လုပ်မှု ရပ်ဆိုင်းထားပြီး လုပ်ငန်းအပ်နှံသူ ဒေါ်ဝါ၀ါဝင်းရွှေမှ ပေးချေသည့် ငွေပမာဏ မူလသဘောတူထားသည့် ၁၂ ထပ် အဆောက်အအုံ ဆောက်လုပ်ရမည့် ငွေပမာဏပင် မပြည့်မီကြောင်း၊ ထပ်မံသဘောတူခဲ့သည့် ၂၁ ထပ် ဆောက်လုပ်ရန်မှာ မဖြစ်နိုင်ခြင်းကြောင့် လုပ်ငန်းရပ်ဆိုင်းထားရခြင်း ဖြစ်ကြောင်း၊ အကယ်၍ လုပ်ငန်းအပ်နှံသူဘက်မှ လုပ်ငန်းဆက်မလုပ် ဖြစ်ပါက ပေးချေထားသည့် စရံငွေ ကျပ်သိန်း ၉၀၀၀ ပြန်ပေးမည် မဟုတ်ဘဲ ဆုံးရှုံးမည် ဖြစ်သည်ကို အကြောင်းပြန်ထားကြောင်း ဇွန်လ ၂၂ ရက်နေ့တွင် Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများက သတင်းမီဒီယာများကို ရှင်းလင်းခဲ့သည်။
                     ဇွန် ၂၂ ရက်က Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ ရှင်းလင်းနေစဉ်

"အဓိက ပြဿနာက လုပ်ငန်းအပ်နှံသူဘက်က ပေးချေတဲ့ ငွေပမာဏ မပြည့်မီတာရယ်၊ သတင်းစာမှာ လူနေအိမ်ခန်းတွေ ရောင်းပေးဖို့ ကြော်ငြာတဲ့ ကိစ္စတွေကြောင့် အခုလို လုပ်ငန်းရပ်ထားရပြီး မီဒီယာတွေကို ရှင်းလင်းတာဖြစ်ပါတယ်။ကျွန်တော်တို့ဘက်ကတော့လုပ်ငန်းအပ်နှံသူက ငွေအပြည့်အ၀ ပေးမယ်ဆိုရင် ရှေ့
ဆက်ပြီး လုပ်ချင်ပါတယ်။ ကျွန်တော်တို့ကလည်း ဆက်ပြီးလုပ်မယ် ဆိုရင်လုပ်မယ်။ ဆက်မလုပ်ရင် စရံဆုံးမယ်လို့ သူတို့ကို အကြောင်းပြန်ထားပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ဘက်က တတ်နိုင်သလောက် ညှိနှိုင်းပြီးလုပ်ဖို့ တံခါးဖွင့်ပေး ထားပါတယ်" ဟုလည်း Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများက ဇွန်လ ၂၂ ရက်နေ့ သတင်းမီဒီယာများ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကျပ်သိန်း ၉၀၀၀ ပြန်ပေးရန် ရှောင်နေသည့်အတွက် ဒေါ်ဝါ၀ါဝင်းရွှေ အနေဖြင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်မြင့်အား တရားစွဲဆိုမည်လားဟု သတင်းမီဒီယာများ၏ မေးမြန်းချက်ကို "ဆောက်လုပ်ရေး လုပ်ငန်းအကြောင်း နားမလည်လို့ သူ့ကိုပုံအပ်ခဲ့တာ ဖြစ်ပါတယ်။ သူက အခုသိန်း ၉၀၀၀ ပြန်ပေးဖို့ကို ရှောင်နေတယ်။ သူမတရားလုပ်ပြီး သိန်း ၉၀၀၀ ကို စားမယ်ဆိုရင်လည်း စားပါစေ။ ဒါပေမဲ့ သိန်း ၉၀၀၀ ဆိုတာ မနည်းပါဘူး။ ပြန်မယူဘူးလို့လည်း မဟုတ်ပါဘူး။ ရှေ့ဆက်လုပ်မယ့် ကိစ္စကို အချိန်ယူပြီး စဉ်းစားမှာပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ကျပ်သိန်း ၉၀၀၀ မပေးချင်၍ ရှောင်နေသည့် အပေါ်တွင် Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ယင်းကိစ္စမှာ မဟုတ်မှန်ကြောင်းလည်း ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဒေါ်ဝါ၀ါဝင်းရွှေ၏ ရှေ့နေဖြစ်သူ ဦးသန်းဋ္ဌေးက "ဒီကိစ္စမှာ ငွေကိုအလွဲသုံးစား လုပ်တဲ့အတွက် တရားစွဲလို့ ရပါတယ်။ ဒါပေမဲ့ ဒေါ်ဝါ၀ါဝင်းရွှေ အနေနဲ့ ဥပဒေကြောင်းအရ မလုပ်ဘူးလို့ ပြောပါတယ်။ ကာယကံရှင် ခွင့်ပြုချက် ရရင်တော့ တရားစွဲမှာပါ" ဟု ပြောကြားခဲ့သည်။ထို့ပြင် ဇွန်လ ၂၄ ရက်နေ့ နိုင်ငံပိုင် သတင်းစာတွင်လည်း ဆုထူးပန်တာဝါ ဆောက်လုပ်မည့် မြေပေါ်မှ Father Land ဆောက်လုပ်ရေး ကုမ္ပဏီအား ၂၄ နာရီအတွင်း ထွက်ခွာပေးရန် ဒေါ်ဝါ၀ါဝင်းရွှေဘက်မှ ကြေညာသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Ref: EMG

ကော့သောင်းမှတစ်ဆင့် ထိုင်းခရီးသွား ၀င်ရောက်မှု ပိုမိုများပြားလာ

နိုင်ငံခြားသား ခရီးသွားများအား ကော့သောင်းဆိပ်ကမ်းတွင် တွေ့ရစဉ်

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ဖြစ်သော ဧပြီနှင့် မေလအတွင်း ကော့သောင်း Check Point သို့ ထိုင်းနိုင်ငံသား များ ၀င်ရောက်လည်ပတ်ခြင်းသည် အခြားနိုင်ငံသားများ ၀င်ရောက်လည်ပတ်ခြင်းထက် နှစ်ဆကျော် များသော်လည်း ၀င်ငွေရရှိသည့် ပမာဏနှင့် နှိုင်းယှဉ်၍ လူဦးရေ အချိုးချပါက သိသာစွာကွာခြားခြင်း မရှိကြောင်း သိရသည်။

နှစ်လအတွင်း ထိုင်းနိုင်ငံသား ၃၀၀၉၆ ဦး ၀င်ရောက်လည်ပတ်ခဲ့ရာ ထိုင်းဘတ်ငွေ ၂၉၆၈၉၄၀ ရရှိခဲ့ပြီး အခြားနိုင်ငံခြား ခရီးသွား ၈၃၁၉ ဦး ၀င်ရောက်လည်ပတ်ခဲ့ရာ အမေရိကန်ဒေါ်လာ ၈၃၁၉၀ ရရှိသဖြင့် ၁၃၇၇၄ ဒေါ်လာကျော်သာ ကွာခြားတော့ကြောင်းကို လ.၀.က ၏ စာရင်းများအရ သိရသည်။ ထိုင်းနိုင်ငံ သားများ လည်ပတ်ရာတွင် ၎င်းတို့ဝင်ရောက် လည်ပတ်သော Check Point ပေါ် မူတည်၍ ကောက် ခံငွေပြောင်းလဲသော်လည်း အခြားနိုင်ငံခြားသား ခရီးသွားများအား ကောက်ခံရာတွင် ပြောင်းလဲခြင်း မရှိကြောင်းကို လ.၀.က ဦးစီးမှူး ဦးထွန်းအောင်ခိုင်က ပြောကြားရာမှာ "ထိုင်းနိုင်ငံသားတွေက သူဌေး ကျွန်း၊ ရတနာကျွန်း Check Point တွေက၀င်တာများတယ်။ အဲဒီကနေ၀င်ရင် ထိုင်းဘတ်ငွေ ၁၀၀ ကောက် ခံတယ်။ မြို့မတံတားက၀င်ရင် ဘတ် ၃၀ ပဲ ကောက်ခံတယ်။ ဒီကနေ ၀င်တာနည်းတယ်။ တတိယ နိုင်ငံ သားတွေကိုတော့ ဘယ်နေရာကပဲ ၀င်ဝင် ၁၀ ဒေါ်လာစီ ကောက်ခံပါတယ်" ဟု ပြောကြားသည်။
နှစ်လအတွင်း သူဌေးကျွန်း၊ ရတနာကျွန်း Check Point တို့မှ ၀င်ရောက်လည်ပတ်ခဲ့သော ထိုင်းခရီးသွား ဦးရေမှာ ၂၈၆၅၈ ဦး ရှိပြီး မြို့မတံတားမှ ၀င်ရောက်ခဲ့သော ဦးရေမှာ ၁၄၃၈ ဦးသာရှိကြောင်း၊ တတိယ နိုင်ငံသားများ မြို့မတံတားမှ ၀င်ရောက်ခဲ့သော ဦးရေမှာ ၅၀၃၉ ဦးရှိပြီး သူဌေးကျွန်း၊ ရတနာကျွန်း Check Point တို့မှ ၀င်ရောက်လည်ပတ်ခဲ့သော ဦးရေမှာ ၃၂၈၀ ရှိသည်ဟု ဆက်လက်ပြောကြားသည်။

EMG