ရန်ကုန်တိုင်းဒေသကြီး မော်ဘီမြို့၌
သံဃာတော်အပါး ၂၀၀ ခန့်ပါဝင်သော ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့်
အကြိုညှိနှိုင်းဆွေးနွေးပွဲကို ဇွန်လ ၁၃-၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့ရာ
အဆိုပါဆွေးနွေးပွဲတွင် ဆရာတော် ဦးဝီရသူမှ အဆိုတင်သွင်းထားသည့်
ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကို ဘာသာခြားနဲ့မယူဖို့ ကန့်သတ်ထားသော
မျိုးစောင့်ဥပဒေမူကြမ်းကို ရေးဆွဲ ကာ တရားဝင်တည်ပြုနိုင်ရေးအတွက် လွှတ်တော်
သို့ လူထုထောက်ခံလက်မှတ်များဖြင့် တင်ပြသွားမည့် အပေါ် ရခိုင်အမျိုးသမီးများ
အစည်းအရုံး (RWU) ဥက္ကဌ ဒေါ်စောမြ ရာဇာလင်းနှင့် အာရ်ကန်တိုင်းမ်စ်တို့
သီးသန့်တွေ့ဆုံ မေးမြန်း ထားခြင်း ကို ဖော်ပြလိုက် ပါသည်။
အာရ်ကန်တိုင်းမ်စ်။ ။ မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘယ်လို အမြင်သဘောထားတွေ ရှိပါသလဲ။
ဒေါ်စောမြရာဇာလင်း။ ။ တကာနဲ့ ဆရာရယ်လို့ သံယာတော်တွေကိုဆရာ အဖြစ်အလေးထားပြီး ကိုးကွယ်လာခဲ့ကြတာမြန်မာ့ လူ့ဘောင် အသိုင်းအ၀ိုင်းရဲ့ ဓလေ့တစ်ခုဆိုရင်မမှားနိုင်လို့ အရင်ဆုံးပြောချင် ပါတယ်။ တာကာပူရင် ဆရာမနေသာဖြစ်ရတဲ့ ကြီးမားသော ပဋိပက္ခတွေ မြန်မာနိုင်ငံလုံးဆိုရအောင် ပေါ်ပေါက်ခဲ့တယ်။ အဲဒါကြောင့် မြန်မာပြည်ရဲ့ အနာဂတ်ကို စဉ်းစားပူပန်ပြီး မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ တင်သွင်းဖို့ သံယာတော်တွေ စဉ်းစားလာခဲ့ကြခြင်းလို့ ကျမနားလည်ပါတယ်။ နောက်တခုက - တရားဝင်လက်ထပ် ထိန်းမြားခြင်းမဟုတ်ဘဲ ဘာသာခြားနဲ့အိမ် ထောင်ပြုလိုက်ပြီးနောက် - ဒုက္ခတပုံကြီးနဲ့ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းတွေကို ပြန်ရောက်လာကြတဲ့ အမျိုးသမီးတွေရဲ့ ဘ၀ကိုအများအပြား မြင်တွေ့လာကြရတဲ့အခါ အမျိုးသမီးတွေရဲ့ လုံချုံရေးနဲ့ ဗုဒ္ဓဘာသာကိုယ်ကွယ်တဲ့ လူမျိုးတွေရဲ့ အနာဂတ်အတွက် စဉ်းစားကြတယ်။ နည်းလမ်းရှာကြတယ်လို့ ထင်ပါတယ်။
တခုပြောရမှာက-အမျိုးဘာသာ သာသနာနဲ့ ဓလေ့တွေကို ထိန်းသိမ်းသို့ စဉ်းစားတဲ့အခါမှာ ကျားရော/ မရော(၂)မျိုးသော လူသားများအတွက်ပါ စဉ်းစားကြမှာဖြစ်ပါတယ်။ အမျိုးသမီးအတွက်သက်သက် ကွက်ပြီးရေးဆွဲခြင်းမျိုး မဖြစ်သင့်ပါ။ ဥပဒေ တခုရေးဆွဲတယ်ဆိုတာ အားလုံးအတွက် ဖြစ်ရပါလိမ့်မယ်။ အဲဒီ ဥပဒေကို ဖြစ်သင့်မဖြစ် သင့်အတည်ပြုမှာကတော့ ပြည်သူ့လွှတ်တော်နဲ့ပဲ ဆိုင်ပါတယ်။
အာရ်ကန်တိုင်းမ်စ်။ ။ တလင်တမယားစနစ်ဆိုတာ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အရေးကို ထိစိုက်စေပါသလား။
ဒေါ်စောမြရာဇာလင်း။ ။ အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်ရည်စုပ်ထိုးလို့ ရခိုင်စကားပုံ၊ မြန်မာစကားပုံ တွေမှာ ရှိတယ်။ ဒီစကားပုံဟာ အိမ်ထောင်ပြုကြသူ ကျား-မ (၂)ဦးစလုံးအတွက် ပြောထားတဲ့ ခေတ်ဟောင်း ဥပမာစကားကြီး တခုဖြစ်ပါတယ်။ ဖြစ်နိုင်ရင် တလင်မယားအဖြစ်နဲ့ ဘ၀သက်ဆုံးတိုင်တာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ တခါတခါ အိမ်ရှင်အမျိုးသားက ပြင်ပမှာရူပ်ပွေလေလွင့်ပြီးနေတာ။ တရားဝင်အိမ်ထောင်ဖက် အပိုထားတာ။ တရားမ၀င် အိမ်ထောင်ဖက် အပိုထားတာတို့ ဖြစ်ပေါ်လာရင် အမျိုးသမီးက ထုံးတန်းစဉ်းလာကြောင့် နောက်အိမ်ထောင် မရှာရဲတာ မဖြစ်သင့်ဘူး။ နောက်တခု အိမ်ထောင်ပြုထားကြတဲ့ အိမ်ထောင်ရှင် ၂ ဦးစလုံးက တဦးကိုတဦး လုံးဝမခင်တွယ်ကြဘူးဆိုရင် ၂ ဦးသဘောအရ ကွာရှင်းခွင့်ရှိပါတယ်။ ကိုယ့် သဘောအရ နောက်အိမ်ထောင် စဉ်းစားလို့ ရပါတယ်။
အာရ်ကန်တိုင်းမ်စ်။ ။ မျိုးစောင့် ဥပဒေဆိုတာ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ ပြောတဲ့အပေါ်မှာ ဘာတွေပြောချင်ပါသလဲ။
လူအမျိုးမျိုး စိတ်အမျိုးမျိုးလို့ပဲ ပြောရမှာဖြစ်ပါတယ်။ လူ့အခွင်အရေးဥပဒေမှာ လူတဦးစီရဲ့ အခွင်အရေး ကိုကာကွယ်ထားသလို ထိုလူသားတွေ ကိုးကွယ်တဲ့ ဘာသာသာသနာများကိုလည်း အကာအကွယ် ပေးထားတာရှိပါတယ်။ လွတ်လပ်စွာကိုးကွယ်ခွင့် ဆိုတာဟာ ဘာသာနဲ့ ကိုးကွယ်သူ ၂ ခုစလုံးကို ကာကွယ်ပေးထားသလို ထိုဘာသာကို ကိုးကွယ်သူက ကိုယ့်ဘာသာရဲ့ လုံခြုံရေးကို ကာကွယ်ခွင့် ရှိပါတယ်။
အရာရာကို လူ့အခွင်ရေးဆိုတဲ့ ရှုထောင့်သက်သက်က ကြည်လို့မရဘဲ ဥပဒေကြောင်းအရ ကြည့်ရမှာတွေ လဲရှိပါတယ်။ (ဥပမာ- အိမ်တံခါးပျက်နေတဲ့ အိမ်တစ်လုံးက သေတ္တာတစ်လုံးကို လူတစ်ဦးတစ်ယောက်က တက်ယူလာတယ်ဆိုပါစို့ ထိုတက်ယူတဲ့သူမှာ ယူပိုင်ခွင့်ရှိတယ်လို့ လူ့အခွင့်အရေးအရ ပြောရင် မှန်ပါ့မလား။) ဒါကြောင့် တိုင်းပြည်အရေးကို ကြည့်တဲ့အခါ လူ့အခွင်အရေး ရှုထောင့်သက်သက်မှကြည့်ရင် အခက်အခဲရှိနိုင်မယ်လို့ ကျမမြင်တယ်။ ဖြစ်ခဲ့တဲ့ ပြသနာတွေကြောင့် ကျမတို့နိုင်ငံမှာ အချင်းချင်း စိတ်ဝမ်းကွဲ ပြားမှုတွေမဖြစ်လာအောင် အထူးသတိထားဖို့ လိုအပ်လာပါတယ်။
လူမျိုးတိုင်းမှာ အမျိုးဘာသာသာသနာ ကိုစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ကျမမြင်ပါတယ်။ အမျိုးသမီး၊ အမျိုးသား၊ အစိုးရ၊ သာသနာဘောင်မှ ပုဂ္ဂိုလ်များ စသည်ဖြင့် အားလုံးမှာ တာဝန်ရှိတယ်။ဥပမာတခုကို ကျမထပ်ပြောချင်ပါတယ်။
ဘီစီ (၆) ရာစုမှာ ပွင့်တော်မူခဲ့တဲ့ ဗုဒ္ဓသာသနာဟာ အေဒီ (၁၂) ရာစုကို ရောက်တဲ့အခါ အိန္ဒိယနိုင်ငံမှာ အားလုံးနီးပါး ပျောက်ကွယ်သွားခဲ့ပါတယ်။ အေဒီ (၃) ရာစုလောက်မှာ အုပ်စိုးခဲ့တဲ့ ဂုပ္ပတမင်းလက်ထက်မှာ ဘုရားပွင့်တော်မူခဲ့ရာ ညောင်ပင်ကအစ မြေလှန်တူးဖေါ် ဖျက်စီးပစ်ခဲ့တယ်လို့ သိရတယ်။ အခုကျမတို့ နေထိုင်တဲ့ ဘင်္ဂလားဒေ့(ခ်ျ)ဟာလည်း ဗုဒ္ဓဘာသာဝင်တွေနေခဲ့တဲ့ တိုင်းပြည်တခုဆိုတာ သာသနိက အဆောက်အဦးအဟောင်းတွေက သက်သေပြနေတယ်။
အမျိုးဘာသာသာသနာဟာ အလွန်အရေးကြီးပါတယ်။ ကိုယ့်ဘာသာကို လိမ္မာပါးနပ်စွာ ကာကွယ်ခြင်းဖြင့် တိုင်းပြည် အေးချမ်းမှုကို ရနိုင်တယ်လို့ မြင်ပါတယ်။ ဗုဒ္ဓသာရဲ့အခြေခံက ငြိမ်းချမ်းရေးပါပဲ။ ဘင်္ဂလားဒေ့(ခ်ျ)မှာ ဘူရ၀ါလို့ခေါ်တဲ့ မရမာကြီးတွေက ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားအောင် လုပ်တာ အားရစရာ ကောင်းပါတယ်။ တောင်ကိုးရီးယားမှာလည်း ဘုန်းကြီးတွေ လူ့ဘောင်တိုးတက်အောင် လူမှုရေးလုပ်ငန်း တွေ ကြိုးစားလုပ်ဆောင်လာကြတယ်လို့ သိရပါတယ်။ ကျမတို့နိုင်ငံမှာလည်း ဗုဒ္ဓဘာသာထွန်းကားအောင် ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်သူများအားလုံးက ဘာသာမနစ်နွမ်းအောင် ကြိုးစားကြဖို့ အထူး သတိထားကြဖို့နဲ့ မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးကို အခြေခံထားတဲ့ တရားတိုးပွားအောင် လုပ်ဖို့ တိုက်တွန်း ပါတယ်။

Ref: MMExpress
0 comments:
Post a Comment