20.3.13

ယူ-၂၁ နည်းပြ အဖြစ် ရေပန်းစားနေသော ဖီးလ်နဗီးလ်

လာမည့် နွေရာသီတွင် ကျင်းပမည့် ဥရောပ ယူ-၂၁ ပြိုင်ပွဲတွင် အင်္ဂလန် အသင်းကို ကြီးကြပ်ပေးမည့် နည်းပြ ရာထူးအတွက် ဖီးလ်နဗီးလ်ကို တာဝန်ပေးရန် FA က စဉ်စားနေကြောင်း သိရသည်။ အဲဗာတန် ကပ္ပတိန် ဖြစ်သူ နဗီးလ်မှာ ၂၀၁၂ ဖေဖော်ဝါရီလအတွင်း ဘယ်လ်ဂျီယံနှင့် ကစားခဲ့သော ခြေစစ်ပွဲတွင် အင်္ဂလန် ယူ-၂၁ နည်းပြ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ ထို့အပြင် လက်ရှိနည်းပြ စတူးဝပ်ပီယာ့စ်၏ လက်ထောက်အဖြစ်

တိုးမြှင့် တာဝန်ယူခဲ့ရသေးသူဖြစ်သည်။ FA က ကျေညာချက် တစ်ခုအတွက် ပြန်ခဲ့ရာတွင် အတွေ့အကြုံ ရှိသော ငယ်ရွယ်သူ နည်းပြတစ်ဦးကို လိုအပ်နေကြောင်း လူငယ်များ ဘောလုံး အဆင့်အတန်း တိုးတက်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ နဗီးလ်မှာ အင်္ဂလန် လက်ရွေးစင် အသင်းကြီး အတွက် ၅၉ ပွဲ ကစားပေးခဲ့သူဖြစ်ပြီး သူ၏ အစ်ကို ဂယ်ရီနဗီးလ်မှာ လက်ရှိ အင်္ဂလန်နည်းပြ ဟော့ဆန်၏ ညာလက်ရုံး သဖွယ် သတ်မှတ်ခံစားရသူဖြစ်သည်။ လွန်ခဲ့သော မေလက အင်တာဗျူး တစ်ခုတွင် နဗီးလ်က သူသာ နည်းပြ အဖြစ် တာဝန်ယူခွင့် ရခဲ့လျှင် အတိုင်းမသိ ကြည်နူးပျော်ရွှင်မိမည်ဖြစ်ကြောင်း၊ ဘယ်လ်ဂျီယံနှင့်ပွဲတွင် နည်းပြ အဖွဲ့ဝင် ဖြစ်ခဲ့သည်ကိုပင် ဂုဏ်ယူမဆုံး ဖြစ်ရကြောင်း ပြောဆိုခဲ့ဖူးသည်။

0 comments:

Post a Comment