ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

5.1.14

ဘန်ကောက်တွင်ထက်ထက်မိုးဦးလည်ပင်:ခွဲစိတ်ကုသမူခံယူ

အကယ်ဒမီထက်ထက်မိုးဦးသည်ယနေ့ (ဇန်န၀ါရီ ၅ရက်နေ )
နေ့ လည်ပိုင်းကထိုင်းနိုင်ငံဘန်ကောက် Yunhee နိုင်ငံတကာ
ဆေးရုံကြီးတွင် လည်ပင်:ခွဲစိတ်ကုသမူခံယူကြောင်းသိရပြီး
ဒေသစံတော်ချိန်နေ့လည် ၂နာရီမှာစတင်ခွဲစိတ်ခဲ့ပြီးညနေ၆နာရီ

၈၈ မျိုးဆက်ကျောင်းသားများ ဆန္ဒပြပွဲ

ရန်ကုန် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံအနီးတွင် ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၃နာရီမှ ၅ နာရီ အထိ ၈၈ မျိုးဆက်ကျောင်းသားများ အပါအဝင် နိုင်ငံရေးနှင့် အရပ်ဘက် လူမှုအဖွဲ့ ၅၉ ဖွဲ့တို့ ပူးပေါင်း၍ ဆန္ဒထုတ်ဖော် ခဲ့ကြပြီး လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့်၊ နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိရေး စသည်တို့ကို တောင်းဆိုခဲ့ကြသည်။
ယခု ဆန္ဒပြပွဲသည် အစိုးရက လောင်စာဆီဈေး မြှင့်တင်မှုကို ဆန္ဒပြခဲ့သည့် ၂၀၀၇ ခုနှစ် နောက်ပိုင်း ၈၈ မျိုးဆက် ကျောင်းသားများ၏ ပထမဆုံး ဆန္ဒထုတ်ဖော်မှု ဖြစ်သည်။

၂၀၁၃ နှစ်ကုန်ပိုင်းအထိ နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကျော် ရရှိခဲ့ပြီး ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်ရရှိ

၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကျော် ရရှိခဲ့ပြီး ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် ရရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ သတင်းရရှိသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ နယ်စပ်စခန်းများမှ ကုန်သွယ်မှုဆောင်ရွက်ရာတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ကုန်သွယ်ခဲ့ပြီး နယ်စပ်စခန်းများမှ ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၃၆၁၁ ဒသမ ၇၆၂ သန်းရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်တွင် City Taxi အဖြစ် မှတ်ပုံတင်ထားခြင်းမရှိသေးသော တက္ကစီအများအပြားရှိနေ၍ လိုက်လံဖမ်းဆီးနေ

ရန်ကုန်မြို့တော်စည်ပင်တွင် City Taxi အဖြစ် မှတ်ပုံတင်ထားခြင်းမရှိသေးသော တက္ကစီအများအပြားရှိနေ၍ ၎င်းတို့အား ဆက်တိုက်စစ်ဆေးဖမ်းဆီးနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်၊ ပုဒ်မ ၁၈ ဖျက်သိမ်းရန်၊ နေပြည်တော်ကောင်စီအား ရွေးချယ်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးရန်အတွက် နေပြည်တော်၌ ပထမဆုံးအကြိမ် တစ်ကိုယ်တော်ဆန္ဒပြ

တစ်ကိုယ်တော်ဆန္ဒပြနေစဉ်၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ပေးရန်၊ ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန်နှင့် နေပြည်တော်ကောင်စီ ကို ရွေးချယ်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးရန်ဟူသည့် အချက်သုံးချက်ဖြင့် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူအား ပုဒ်မ ၁၈ ဖြင့်ပင် အရေးယူမည်ဖြစ်ကြောင်း ပျဉ်းမနားမြို့နယ် ရဲမှူး ဦးသန်းမြင့် က ပြောကြားသည်။

(၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ရန်ကုန်မြို့တွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တည်ရှိသော မဟာဗန္ဓုလပန်းခြံအပါအ၀င် ဘုရားများနှင့် အခြားအပန်းဖြေဥယျာဉ်များတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကား

ဇန်န၀ါရီလ ၄ ရက်၌ ကျရောက်သော မြန်မာနိုင်ငံ၏ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ရန်ကုန်မြို့တွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တည်ရှိသော မဟာဗန္ဓုလပန်းခြံအပါအ၀င် တန်ခိုးကြီးဘုရားများနှင့် အခြားအပန်းဖြေဥယျာဉ်များ၌ လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

လွတ်လပ်ရေးနေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ပိတ်သဖြင့် လေ့လာချင်သူများ လေ့လာခွင့်မရ

၂၀၁၄ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင်ကျရောက်သော မြန်မာနိုင်ငံ၏ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ရန်ကုန်မြို့၊ ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ဖွင့်လှစ်ခြင်းမရှိသောကြောင့် လာရောက် လေ့လာချင် သူများအနေဖြင့် လေ့လာခွင့် မရခဲ့ကြောင်းသိရသည်

ဘဝဆိုတာပျော်စရာလား

မိမိခန္ဓာရဲ့ အပြစ်မမြင်တော့ သူများခန္ဓာရဲ့ အပြစ်ကို မမြင်ဘူး။ မိမိခန္ဓာရဲ့ အနိစ္စ၊ဒုက္ခ၊ အနတ္တ၊ အသုဘတွေက ခန္ဓာရဲ့အပြစ်တွေပဲ၊ တစ်လောကလုံးလည်း ခန္ဓာ
နဲ့တည်ဆောက်ထားတာ။ ဘဝတိုင်း ဘဝတိုင်းက ခန္ဓာတွေနဲ့ တည်ဆောက်ထားတာ။
ရုပ်နာမ်တွေနဲ့ တည်ဆောက်ထားတာ။
ရုပ်တွေ နာမ်တွေဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတွေ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတွေကို မမြင်နိုင်တဲ့အတွက် သံသရာမှာပျော်တယ်၊ သံသရာကို မငြီးငွေ့ဘူး။

ထိုင်း ခြေစမ်းခရီး အဖွင့်ပွဲစဉ်တွင် မြောင်တောင် ကလပ်ကို မြန်မာ ယူ၂၂ အသင်း အနိုင်ရ

အာရှဖလား U-22 ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် ယူ၂၂ အသင်းသည် ယနေ့ညနေ ၅ နာရီတွင် ထိုင်းပရီးမီးယားလိဂ် ထိပ်သီးကလပ် မြောင်တောင်ယူနိုက်တက် အသင်းနှင့်ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ၃ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

တရုတ်-မြန်မာနယ်စပ်မှ စိတ်ကြွရူးသွပ်ဆေးပြား အများဆုံးဝင်ရောက်နေပြီး ၂၀၁၃ ခုနှစ်အတွင်း စိတ်ကြရူးသွပ်ဆေးပြားပေါင်း ၉ ဒသမ ၇ သန်း ဖမ်းဆီးရမိ

တရုတ်-မြန်မာ နယ်စပ်မှ စိတ်ကြွရူးသွပ်ဆေးပြား အများဆုံးဝင်ရောက်နေပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာအထိ စိတ်ကြွရူး သွပ်ဆေးပြားပေါင်း ၉ဒသမ၇ သန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး အစိုးရ မဆိုင်သလိုမနေဖို့ လွတ်လပ်ရေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည် သတိပေး

တရားမျှတမှုမရှိတဲ့ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲရေးကိစ္စ အစိုးရအနေနဲ့ မဆိုင်သလိုနေလို့ မရဘူးလို့ မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်ရေးနေ့မှာ သတိပေး ပြောဆိုလိုက်ပါတယ်။

ဘွဲ့မရသော ထူးချွန် ကမ္ဘာကျော် ပုဂ္ဂိုလ်များ

Ellen DeGeneres
အမေရိကန် အမျိုးသမီးထုကို လွှမ်းမိုးနိုင်ပြီး အောင်မြင်သော အိမ်ရှင်မ စကားဝိုင်း အစီအစဉ်ဖြင့် အမေရိကန်တွင် လူသိများ ကျော်ကြားခဲ့သူ ဖြစ်သည်။

New Orleans တက္ကသိုလ်တွင် တက်ရောက်ရန် ကျောင်းအပ်နှံခဲ့ပြီး ပထမ နှစ်ဝက်တွင်ပင် သူမအတွက် ကျောင်းတက်ရန် မလိုအပ်ဟူ၍ ကျောင်းထွက် ခဲ့သည်။

အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုး သက်ရောက်မှုများ

အိပ်ရာဝင် နောက်ကျခြင်းဟာ ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု တွေကို ဖြစ်စေတတ် ပါတယ်။ကျန်းမာရေးဆိုင် ရာ ပြဿနာတွေ ဖြစ်ပေါ်စေရုံမျှ မကဘဲ သင့်ရဲ့နေစဉ် လုပ်ငန်း ဆောင်တာတွေကိုလည်း ထိခိုက်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့် တက် စေပါတယ်။ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြီးမားစွာ ထိခိုက်စေ ပါတယ်။ဒီလိုဆိုးကျိုး သက်ရောက်မှုတွေကို ဖော်ပြလိုက်ပါတယ်။

ရိုးမားကို အနိုင်ရပါကလည်း ဂျူဗင်တပ်အနေဖြင့် စကူဒက်တိုဖလားရရှိရန် မသေချာသေးဟု ပရန်ဒယ်လီဆို

အီတလီနည်းပြ ပရန်ဒယ်လီက ဂျူဗင်တပ်သည် ယနေ့ညတွင်
ကစားမည့် ရိုးမားနှင့်ပွဲစဉ်တွင် အနိုင်ရရှိပါကလည်း စကူဒက်တို
ဖလားကို ရရှိရန် မသေချာသေးကြောင်း ပြောကြားလိုက်သည်။

ဂျူဗင်တပ်သည် ဒုတိယနေရာမှ ရိုးမားကို (၅)မှတ်ဖြတ်ကာ

ဘာစီလိုနာ၏ ရလဒ်ကို အက်သလက်တီကို စောင့်နေကြောင်း အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီ ပြောကြား

ဒီယေဂိုဆီမြွန်နီက အက်သလက်တီကိုမက်ဒရစ်သည် လက်ရှိချန်ပီယံ
ဘာစီလိုနာ၏ ရလဒ်ကို စောင့်ဆိုင်းနေကြောင်း ပြောကြားလိုက်
သည်။ အက်သလက်တီကိုမက်ဒရစ်သည် ပြီးခဲ့သည့် စနေနေ့က
မာလာဂါကို အဝေးကွင်းတွင် (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက်
ဘာစီလိုနာနှင့် (၁)ပွဲပိုကစားကာ

ဒီမိုကရေစီနှင့်မညီသည့် ဥပဒေများ ပယ်ဖျက်ပေးရေး ၈၈ ပွင့်လင်း ဆန္ဒပြ


မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတွေအများအပြား ဖမ်းဆီးတရားစွဲဆို ထောင်ချရလေ့ရှိတဲ့ ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို ချိုးဖောက်မှု အပါဝင် ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့ မတရားတဲ့ ဥပဒေများ ပယ်ဖျက်၊ ပြင်ဆင်ရေး၊ ဥပဒေနှင့် မလျော်ညီတဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေ ရပ်တန့်ရေးအတွက် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီကနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီးမှာ ဆန္ဒပြနေကြပါတယ်။

တော့တင်ဟမ် ပရိသတ်ဘက်သို့ လက်အမူအရာ ပြသခဲ့သည့် ဝဲလ်ကော့အား ဝင်းဂါး ကာကွယ်

လန်ဒန်မြောက်ပိုင်း ဒါဘီပွဲစဉ် အတွင်း တော့တင်ဟမ် ပရိသတ်များဘက်သို့ လက်အမူအရာ ပြသခဲ့သည့် သီယိုဝဲလ်ကော့ကို အာစင်ဝင်းဂါးက ကာကွယ်ပြောကြားခဲ့သော်လည်း မိမိအနေဖြင့် ၎င်း၏ ဒူးဒဏ်ရာကြောင့် အသင်း၏ တိုက်စစ်ပိုင်းအတွက် စိုးရိမ်မိကြောင်း အာဆင်နယ် မန်နေဂျာက ပြောကြားသွားခဲ့သည်။

KNUနှင့် သမ္မတ၊ ကာချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံ

ရန်ကုန်၊ မဇ္ဈိမ။ ။သမ္မတဦးသိန်းစိန်နှင့် ကရင်အမျိုးသားအစည်းအရုံး KNUတို့ ဇန်နဝါရီ ၅ရက် နံနက်ပိုင်းက နေပြည်တော်ရှိ လယ်တောအိမ်ရာတွင် တွေ့ဆုံခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မဇ္ဈိမကိုပြောသည်။

ရှစ်လေးလုံး စုံညီအစည်းအဝေးတွင် ကြီးလေးကြီးတွေ့ဆုံရေး အပါအဝင် အချက်ခြောက်ချက် တင်ပြမည်

ရန်ကုန်မြို့တော်တွင် ကျင်းပမည့် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု ကြေညာစာတမ်း အကောင်အထည်ဖော်ရေး စုံညီအစည်းအဝေးတွင် ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက် များ ဖော်ဆောင်ရေး ကော်မတီ (အထက်ဗမာပြည်)က ကြီးလေးကြီး တွေ့ဆုံရေး အပါအဝင် အချက်ခြောက်ချက် တင်ပြသွားမည် ဖြစ်ကြောင်း ယင်းကော်မတီ ပြန်ကြားရေးကော်မတီဝင် ဦးသန့်စင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတနဲ့ ဦးစီးချုပ်တို့ KNU ဥက္ကဌနဲ့ တွေ့ဆုံ

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်တွေဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ နေပြည်တော်မှာ ဒီနေ့တွေ့ဆုံပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲအတွက် ကြိုးပမ်းနေတာတွေကို ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။