ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

10.11.16

အိန္ဒိယ အစိုးရက ငွေမည်းတွေနဲ့ ငွေစက္ကူတုတွေကို ထိရောက်စွာနှိမ်နင်းဖို့ စတင်လုပ်ဆောင်

ဝန်ကြီးချုပ် နရန်ဒရာ မိုဒီဦးဆောင်တဲ့ အိန္ဒိယ အစိုးရအဖွဲ့ ဟာငွေမည်းတွေနဲ့ ငွေအတုတွေ လည်ပတ်နေတာကြောင့် တိုက်ဖျက်ဖို့အတွက် စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်လိုက်ပါပြီ။ အိန္ဒိယနိုင်ငံရဲ့ငွေကြေးတွေထဲက ရူပီး ၅၀၀တန် နဲ့ ၁၀၀၀ တန်တို့ဟာ နိုဝင်ဘာ ၉ရက်နေ့ကစပြီးအသုံးပြုလို့ရတော့မှာမဟုတ်ပါဘူး။အဆိုပါ ငွေ၅၀၀ နဲ့၁၀၀၀ တို့ကို ဖျက်သမ်းလိုက်ပါပြီ။အဲဒီအတွက် ပြည်သူတွေဟာ သူတို့ရဲ့ငွေတွေကို ဘဏ်ဒါမှမဟုတ် စာတိုက်တွေမှာ အကောင့်ဖွင့်ကာ သွားသွင်းထားဖို့ကို အစိုးရကတိုက်တွန်းထားပါတယ်။

Jeff Bezos နဲ့ ထိပ်တိုက်တွေ့မယ့် သမ္မတသစ် Donald Trump

အမေရိကန်သမ္မတ အသစ်စက်စက်နဲ့ Amazon CEO ဖြစ်သူJeff Bezos တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ကောင်းမွန်တဲ့ ဆက်ဆံရေးမရှိပါဘူး။

ထရန့်လက်ထက် အမေရိကန်-မြန်မာဆက်ဆံရေး ပိုကောင်းလာမည်ဟု မျှော်လင့်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ထရန့်အစိုးရလက်ထက် တွင် အမေရိကန်-မြန်မာဆက်ဆံ ရေး ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

အလှကုန်ပစ္စည်း အတုအပများသည် ကင်ဆာရောဂါအထိ ဖြစ်လာနိုင်သဖြင့် ၀ယ်ယူသုံးစွဲသူများ အထူးသတိပြုရန်လိုအပ်

မြန်မာနိုင်ငံ အလှကုန်ဈေးကွက်အတွင်း တင်သွင်းရောင်းချနေသည့် အလှကုန်ပစ္စည်း အတုအပများတွင် ပါဝင်သည့် ဓာတုပစ္စည်းများကြောင့် နောက်ဆုံးအဆင့် ကင်ဆာရောဂါအထိ ဖြစ်ပွားစေနိုင်သဖြင့် ၀ယ်ယူသုံးစွဲသူများ အထူးသတိပြုရန် လိုအပ်ကြောင်း မြန်မာနိုင်ငံအလှကုန်အသင်း၏ အလှအပရေးရာ အထူးအကြံပေး မ၀င်းမင်းသန်းက ပြောကြားသည်။

ဒေါ်နယ်ထရန့်၏ အောင်ပွဲကြောင့် ဒေါ်လာတန်ဖိုး ကျဆင်း၊ ရွှေဈေး မြင့်တက်ပြီး ကမ္ဘာ့ဈေးကွက် ဂယက်ရိုက်

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့် အောင်ပွဲခံခဲ့သောကြောင့် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများ အထိတ်တလန့် ဖြစ်သွားခဲ့ကြပြီး စတော့များ ထိုးကျသွားခဲ့သည်။ ဈေးကွက်က လိုလားသော ဟီလာရီကလင်တန်သည် ရွေးကောက်ပွဲတွင် ရုန်းကန်နေရကြောင်း မဲရလဒ်များက ဖော်ပြခဲ့ပြီးနောက် တိုကျိုစတော့ ဈေးကွက်၏ စံအညွှန်း Nikkei ၂၂၅ သည် ၄ ဒသမ ၈၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၈၃၆ ဒသမ ၆၉ သို့ ရောက်ရှိခဲ့သည်။

အမေရိကန် ရွေးကောက်ပွဲ ဂယက်ကြောင့် ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး ကျဆင်းပြီး ရွှေဈေးတက်ကာ ပြည်တွင်း ဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း ၁၂၈၅ ကျပ်နှင့် ရွှေဈေး ကျပ် ၈၉၂၀၀၀ ကျော်ရှိနေ

နိုဝင်ဘာ ၉ ရက်တွင် ဖြစ်ပေါ်သော အမေရိကန် ရွေးကောက်ပွဲ ဂယက်ကြောင့် ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး ကျဆင်းပြီး ရွှေဈေး တက်လာခြင်းကြောင့် ပြည်တွင်း ဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၁၂၈၅ ကျပ်အထိ ကျဆင်းခဲ့ပြီး ရွှေဈေး ကျပ် ၈၉၂၀၀၀ ကျော်သို့ ရောက်ရှိခဲ့ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြား ငွေကြေးနှင့် ရွှေရောင်းဝယ်သူများထံမှ သိရသည်။

နိုဝင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၆ ရက် အတွင်း နိုင်ငံခြားငွေလဲနှုန်း ၁၂၈၀-၁၂၈၃ ကြားတွင် ငြိမ်သက်နေရာမှာ နိုဝင်ဘာ ၇ ရက်မှ စတင်ကာ အမေရိကန် ရွေးကောက်ပွဲ ဂယက်ကြောင့် အလှုပ်အခတ် များလာခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၇ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၂၈၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၁၂၈၈ ကျပ်အထိ ဆက်လက် မြင့်တက်ခဲ့သည်။ နိုဝင်ဘာ ၈ ရက်တွင်လည်း ၁၂၈၈ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ၁၂၉၃ ကျပ်အထိ မြင့်တက်ခဲ့ပြီးနောက် နိုဝင်ဘာ ၈ ရက် ညပိုင်းတွင် ပြန်လည် ကျဆင်းခဲ့သည်။

သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ ရှယ်ယာဈေးနှင့် အရောင်းကျဆင်း


သီလ၀ါအထူးစီးပွားရေး ဇုန်အများပိုင်ကုမ္ပဏီ(MTSH) ၏ ရှယ်ယာဈေးနှုန်းနှင့် ရှယ်ယာအ ရောင်းအ၀ယ် ဆက်တိုက်ကျဆင်း လာကြောင်း သတင်းရရှိသည်။

နှစ်လအတွင်း ကမ္ဘာလှည့်အပျော်စီးသင်္ဘော ကိုးစီး ပြည်တွင်းသို့ ဝင်ရောက်ရန်ရှိ

ယခုနှစ်ပွင့်လင်းရာသီ ခရီးသွားကာလအတွင်း ပြည်တွင်းသို့ ကမ္ဘာလှည့်ခရီးသည်တင်အ ပျော်စီးသဘောင်္ကြီးများ စတင်ဝင် ရောက်လျက်ရှိရာ နိုဝင်ဘာနှင့်ဒီ ဇင်ဘာနှစ်လအတွင်း အပျော်စီး သင်္ဘောကိုးစီး ထပ်မံလာရောက် ရန်ရှိကြောင်း Myanmar Voya-ges ကုမ္ပဏီမှ သိရသည်။