ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။
ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။
တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်
နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။
အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို
အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က
အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။
28.6.16
စတော့အိတ်ချိန်းစာရင်းဝင် FMI ကုမ္ပဏီအုပ်စုက စံချိန်တင်ဝင်ငွေရရှိခဲ့
FMI ကုမ္ပဏီအုပ်စုက စုစုပေါင်း ၀င်ငွေ ကျပ် ၁၁၀ ဘီလီယံ ကျော်
စံချိန်တင်ဝင်ငွေရရှိခဲ့တယ်လို့ ယးကုမ္ပဏီအုပ်စုက ယနေ့မှာ
ကြေညာထုတ်ပြန်လိုက်ပါတယ်။
RCEP ကုန်သွယ်မှုစာချုပ် ချုပ်ဆိုမယ့် နိုင်ငံတွေအကြားကုန်သွယ်မှုပိုင်း မှာအခွန်အကောက်တွေ ဖယ်ရှားဖို့ အာဆီယံတိုက်တွန်းမည်
ဒေသတွင်း အားလုံးပါဝင်တဲ့ စီးပွားရေး ပူးပေါင်းမှု သဘောတူစာချုပ် (RCEP) ပါ နိုင်ငံပေါင်း ၁၆ နိုင်ငံအတွင်း ကုန်ပစ္စည်း ကုန်သွယ်မှု၉၂ ရာခိုင်နှုန်းလောက်ကို အခွန်အကောက်တွေ ဖယ်ရှားဖို့ အာဆီယံ
အုပ်စုဘက်က အဆိုပြုတိုက်တွန်းသွားဖို့ရှိပါတယ်။
ဘရက်ဇစ်အလှုပ်နှင့် မြန်မာအပေါ်သက်ရောက် နိုင်ခြေ
လူထုခေါင်းဆောင် နိုင်ငံ့ ခေါင်းဆောင်၏ထိုင်းနိုင်ငံခရီးစဉ် အောင်မြင်မှုသတင်းတွေအကြား စီးမျောဝမ်းသာနေရသောနေ့ရက်များအတွင်း ကမ္ဘာကို ကိုင်လှုပ်လိုက်သလိုဖြစ်သွားသည့်ကိစ္စ တစ်ရပ်လည်းဖြစ်ပေါ်ခဲ့ပါ၏။ အောက်စ်ဖို့ဒစ်ဂျစ်တယ်အဘိဓာန်၌ပင် ဝေါဟာရသစ်တစ်လုံးထပ် တိုးလိုက်ရပြီး ကမ္ဘာ့မီဒီယာအများစုမျက်နှာဖုံးသတင်းဖြစ်ခဲ့သော ဘရက်ဇစ် (Brexit) ဖြစ်သည်။ ဗြိတိန် (အင်္ဂလန်)နိုင်ငံဥရောပသမဂ္ဂမှထွက်သည့် (Br နှင့် Exit ကို ပေါင်းလိုက်၍) ဟူသော အဓိပ္ပာယ်။ ဇွန်လ ၂၃ ရက် ဗြိတိန်လူထုဆန္ဒခံယူပွဲတွင် ဥရောပသမဂ္ဂထဲဆက်မနေလိုတော့ နုတ်ထွက်မည်ဟု ဗြိတိန်ပြည်သူ ၅၂ ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ကြ၍ အီးယူထဲဆက်နေဖို့ တောက်လျှောက်ဆော်သြစည်းရုံးခဲ့သော လက်ရှိဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက တာဝန်ယူ၊ တာဝန်ခံခြင်းကို ပြသသည့်အနေဖြင့် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာလိုက်၏။ ဇွန်လ ၂၄၊  ၂၅ ရက် (ဥရောပစံတော်ချိန်များအရ)တွေအထိ မီဒီယာတို့သာမက အင်စတီကျုဒ့်ကြီးတွေ၊ ပညာရှင်သင့်ခ်တင့်ခ်များပါ မကျန် ဤဖြစ်ရပ်၊ ဤကိစ္စကို ဖော်ပြကြ၊ မှတ်ချက်ပြုကြနှင့် တောက်လျှောက်အလုပ်များနေခဲ့ကြ၏။ ကာလတစ်ရပ်အထိလည်း ဆက်လက်ဆွေးနွေးငြင်းခုံသုံးသပ်နေကြရပါလိမ့်ဦးမည်။ ဂလိုဘယ်သက်ရောက်မှုအဖြစ်လည်း နှစ်များချီ၍ ပေါ်ပေါက်နေပါဦးမည်။ ထုံးစံအတိုင်း အကောင်းအဆိုးကတော့ ဒွန်တွဲ၍ လွန်ဆွဲနေပါလိမ့်ဦးမည်ပင်။
ထိုအကျိုးဆက်၊ သက်ရောက်မှုက ဘာတွေဖြစ်လာနိုင်သလဲ။ လေ့လာထားမိသမျှအပေါ် ခြုံငုံ၍ နှစ်ပိုင်းခွဲကြည့်မြင်   သုံးသပ်ပါ မည်။ လတ်တလောအတွက်ပဲဆို လိုကြောင်းကိုတော့ ကြိုတင်ပြော ထားလိုပါ၏။
ဥရောပနှင့် ကမ္ဘာ
လောလောဆယ်မှာ စတာ လင်ပေါင်ငွေတန်ဖိုး ၃၁ နှစ်အ တွင်း အနိမ့်ဆုံးထိုးကျသွားသည်။ ဒါကို ပြဿနာသိပ်မဟုတ်ဟုယူ ဆ၍ရကြောင်း Financial Times က တွက်ချက်ပြ၏။ ပြဿနာက ဘာတွေဖြစ်လာနိုင်သည်လဲ။ ယူအက်စ်အခြေစိုက်ကမ္ဘာကျော် ဉာဏ်ကြီးရှင်အဖွဲ့ထဲပါသော CFR (Council on Foreign Relations) နိုင်ငံခြားဆက်ဆံရေး ကောင်စီဥက္ကဋ္ဌ ရစ်ချက်ဟားစ်က တော့ ပြင်းပြင်းထန်ထန်ဝေဖန်၏။ လွန်ခဲ့သော နှစ်လ ဤလူထုဆန္ဒခံ ယူပွဲလုပ်မည်ဆိုကတည်းက ကမ္ဘာကို မွှေနှောက်တော့မည်ဟုလည်း CFR ကတောက်လျှောက်ပြောခဲ့ ၏။ အင်္ဂလန်၊ ဝေးလ်စ်တို့ ဦး ဆောင်ပြီး စကော့တလန်နှင့် မြောက်အိုင်ယာလန်တို့  ပါဝင် သော ယူနိုက်တက်ကင်းဒမ်းပြဿ နာချည်းသာမဟုတ်။ သမိုင်းဆိုင် ရာတွေအရ ပြန်နှိုးဆွလှုပ်ခတ်စေ နိုင်ခြင်းများက လောလောဆယ် လပိုင်းလောက်ဖြစ်ပေါ်မည့် ဈေး ကွက်မတည်မငြိမ်ဖြစ်မှု၊ သုံးသပ် ချက်တွေ ထွေပြားရှုပ်ထွေးမှုတို့ ထက် အနာဂတ်ကို ပိုသက်ရောက်စေလိမ့်မည်ဟု ဥရောပကျွမ်းကျင် သူ ဂျာနယ်လစ် ရောဘတ်တွမ့်ဘ်စ်က ဖောရင်းပေါ်လစီမဂ္ဂဇင်းကြီး မှာ ဆောင်းပါးရှည်တစ်ပုဒ်ဖြင့် သုံးသပ်ပြထား၏။ ဗြိတိန်အပါအ ၀င် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံထဲ၌ ယခုဘရက်ဇစ်က နဂို မစွမ်းရင်းကရှိနေကြသော ပြင် သစ်နှင့် နယ်သာလန်တို့ကိုလည်း လှုံ့ဆော်ရာကျပေမည်။ ယူကေ ထဲက စကော့တလန်နှင့် မြောက် အိုင်ယာလန်မှ မဲဆန္ဒရှင်အများစု ကြီးကတော့ အီးယူထဲဆက်ရှိနေ ရေး မဲပေးခဲ့ကြသဖြင့် အင်္ဂလိပ် တွေ ဘယ်လိုရှေ့ဆက်စခန်းသွား မည်လဲဟု ပူပန်မှုများလည်းရှိလာ ၏။
  ဥရောပသမဂ္ဂအနေဖြင့် အရှေ့ဥရောပ ထွန်းသစ်ဖွံ့ဖြိုး လာနေသော နိုင်ငံများအရေး၊ လူ ၀င်မှုကြီးကြပ်ရေးနှင့် လွတ်လပ် သော ဗီဇာကင်းမဲ့စနစ်စသည့် ကိစ္စရပ်များ၌ ထဲထဲဝင်ဝင်အဖြစ် ဆုံး၊ ပြဿနာအတက်ဆုံးက အ ကြမ်းဖက်ဝါဒဖြစ်နေ၏။ စီးပွား ရေးအရ ကွန်မြူနတီကြီးတစ်ရပ် (The Whole) အဖြစ်လည်း ဖော် ဆောင်ဖို့ဆိုသည်က စိတ်ကူးအိပ် မက်အဆင့်က မတက်လာခဲ့။ ရုရှား၏ ကိုယ်ကျိုးသိပ်ကြည့်မှု များ၊ တရုတ်၏ စီးပွားရေးအခြေချ မှုတိုးပွားခိုင်မာလာပြီး ဂျာမနီကို ကျော်တက်သွားမှုများ၊ တူရကီ ၏ နေတိုးကို အာခံလာမှုများအပြင် ယူအက်စ်ကိုယ်တိုင်အီးယူနှင့် ညှိနှိုင်းဖို့ ပါဝါအမာကိစ္စတိုင်း၌ မရေမရာမချင့်မရဲဖြစ်လာနေရခြင်းများက ဘရပ်ဆဲလ် (အီးယူရုံးချုပ်၊ နေတိုးဌာနချုပ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးဗဟိုဌာန၊ နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုလ်တို့ ရုံးစိုက်ရာ)ပုံစံသစ်နည်းလမ်းကို ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးမူဘောင်များအတွင်း ပိုအငြင်းပွား ဖွယ်များစေသည်ဟု ယူဆကြသူ အများအပြားရှိခဲ့ပါ၏။ ရှိဆဲဖြစ် ပြီး၊ ရှိနေပါလိမ့်ဦးမည်။
‘‘....ဗြိတိန်ပြည်သူတွေက တော့ မထူးခြားနားတဲ့လမ်း ကြောင်းနဲ့ ရှေ့ဆက်ဖို့ ရှင်းရှင်း လင်းလင်းရွေးချယ်လိုက်ကြပါပြီ။ ကျွန်တော့်အမြင်အရ ဒါအတွက် တိုင်းပြည်အနေနဲ့ ဒီလမ်းသစ်ကို ရည်မှန်းသလို သွားနိုင်ဖို့ လတ် ဆတ်သစ်လွင်တဲ့ ခေါင်းဆောင်မှု လိုအပ်လာပါလိမ့်မယ်။ ဗြိတိန်ဆို တဲ့ သင်္ဘောကြီးကို ဆက်ပဲ့ကိုင်ဖို့ မာလိန်မှူးရွေးချယ်ပြီးတဲ့အထိ ရက်သတ္တပတ်တွေ၊ လပိုင်းတွေ မှာ ကျွန်တော့်တာဝန်ကို အကောင်းဆုံးထမ်းရွက်သွားပါဦးမယ်။ တိုင်း ပြည်ရဲ့ နောက်တစ်ဆင့် ဦးတည် ရည်မှန်းရာကို ဆက်သွားကြဖို့ရာ မှာတော့ ကျွန်တော်က ပဲ့နင်းကြီး ဆက်ဖြစ်ခွင့်မရှိတော့ပါဘူး’’။
ဥရောပမှာ အမျိုးသားရေး ၀ါဒီတွေတစ်ကျော့ပြန်ခေါင်း ထောင်လာမှာ စိုးရိမ်သူများက တော့ လူထုဆန္ဒခံယူပွဲလုပ်ဖို့ ကိုယ်တိုင်ဆုံးဖြတ်ခဲ့သော ဒေးဗစ်ကင်မ ရွန်းကိုပဲ စကားနာထိုးနေကြသည်။ ၀န်ကြီးချုပ်သစ်ထပ်မံရွေးချယ်ခန့်အပ်ဖို့က နှစ်ပတ်ကနေ နှစ်လခန့်ကြာနိုင်ခြေရှိပြီး အီးယူထဲမှ ဗြိတိန်အပြီး နုတ်ထွက်ရေးအ တွက်ကတော့ ၂ နှစ်ခန့်ကြာပါဦး မည်။ ကုန်သွယ်ရေးသဘောတူ ညီချက်များ၊ စာရင်းဇယားလုံခြု ရေးတို့မှသည် အစစအရာရာအ မြောက်အမြားစေ့စပ်ညှိနှိုင်းကြရ မည့်အတွက် ဖြစ်၏။
မြန်မာအပေါ်
သင်္ကြန်ကာလများကတည်း က ဗြိတိန်လူထုဆန္ဒခံယူပွဲအဖြေ ယခုလိုထွက်လာလျှင် ဘာဖြစ်နိုင် သလဲဟု မေးခွန်းအချို့ရှိခဲ့ပါသည်။ ခပ်အေးအေးလူလူပဲနေ ကြပါ၊ အခြေအနေအရ အကောင်းဆုံးကို ရွေးထုတ်သုံးသပ်ကြည့်ကြ မည်ဟုသာ ယေဘုယျအဖြေရခဲ့ ကြသည်။ ဇွန်လ ၂၄ ရက် နေ့လယ်ပိုင်း ဘရက်ဇစ်ဖြစ်သွားပြီဆိုတော့ဘာသက်ရောက်မည်လဲ၊ ဘာ ဆက်ဖြစ်ပြီး ဘာလုပ်ကြမည်ထင် သလဲ၊ အစိုးရကကော ဘယ်လို တုံ့ပြန်နိုင်၊ ရှိလာနိုင်သလဲဟူ သော မေးခွန်းများ၊ ချင့်ချိန်သုံး သပ်ချက်၊ ဝေဖန်ချက်များ တစ် ကျော့ပြန်တက်လာပြန်သည်။ ထို အချိန်နှင့် တစ်ပြိုင်တည်းမှာ မြန် မာ့ခေါင်းဆောင်ထိုင်းနိုင်ငံ၊ ဘန် ကောက်၌ မိန့်ခွန်းတစ်ရပ်ပြော ကြားနေပါ၏။ မိန့်ခွန်းဆိုသည် ထက် အထူးလက်ချာ (Special Lecture) ဟု ခေါင်းစည်းတပ် ထားသည်။ ထိုင်းနိုင်ငံခြားရေးဝန် ကြီးဌာနမှာ မြန်မာ၏ ‘‘နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်’’ (Her Exce-llency) အဖြစ် ကမ္ဘာကို ပြောကြား နေခြင်းပင်။ လက်ချာခေါင်းစဉ်က ‘‘မြန်မာ၊ အာဆီယံနှင့် ကမ္ဘာ...ရှေ့ဆက်မည့် ခရီးနည်းလမ်း’’ ဖြစ်ပါ ၏။
ဥရောပသမဂ္ဂ၊ ဗြိတိန်တို့နှင့် မြန်မာပြန်လည်ထိတွေ့ဆက်ဆံ မှုစတင်လာခဲ့သည်က ၂၀၁၁ ခုနှစ်လူထုခေါင်းဆောင် နေအိမ်အ ကျယ်ချုပ်မှ ပြန်လွတ်မြောက်ခဲ့ပြီး ဟီလာရီကလင်တန်ခရီးစဉ်ပြီး သည်နှင့် ကပ်လျက်ကာလများ ဖြစ်၏။ အေပက် (APEC) အာရှ ပစိဖိတ်ထိပ်သီးညီလာခံကာလ ၂၀၁၁ အကုန်၊ ၂၀၁၂ အကူးဖြစ် ၏။ အာရှသည် ယူအက်စ်၏ ပစိ ဖိတ်ဖြတ်ကျော်မိတ်ဖက် (TPP) မဟာဗျူဟာကြီးအကြောင်း ဟီ လာရီကလင်တန်အသေးစိတ် ရေးသားခဲ့ဖူးပြီး မြန်မာသည် အာရှ၏ အချက်အချာ၊ မဏ္ဍိုင် (Pivot) ပြန်ဖြစ်လာတော့မည်ဟူ သော ညွှန်းဆိုချက်ကို ယူအက်စ် သာမက ဥရောပခေါင်းဆောင် များကလည်း အတော်အလေးအ နက်ပြုခဲ့ကြပါသည်။ နောက်လေး လအကြာမှာ ကြားဖြတ်ရွေး ကောက်ပွဲဖြင့် ဒီချုပ်အမြင် ခရီး စတင်ပျံသန်းလာခဲ့၏။
ဆိုလိုချင်သည့်၊ သုံးသပ်ရ မည့်နေရာရောက်ပါပြီ...။
ထိုထိုကာလများကတည်း က ဥရောပသမဂ္ဂ၊ ယူအက်စ်၊ ဂျပန်၊ သြစတြေးလျစသော လစ် ဘရယ်ဒီမိုကရေစီနိုင်ငံကြီးတွေ ထံမှာ မြန်မာအပေါ် ကွေးလွယ် ဆန့်လွယ်၍ လုံးလုံးအပြုသဘော ဆောင်သော မူဝါဒနှင့် ထောက်ပံ့ ကူညီမှုများစတင်ခဲ့ပါ၏။ အီးယူ ထဲမှာ ဗြိတိန်၊ နော်ဝေး၊ ပြင်သစ်၊ ဂျာမနီတို့က မြန်မာကို ဂရုအပြု ဆုံးဟု ယူဆနိုင်သည်။ ကာလတစ်ရပ်အလွန်မှာ ၂၀၁၅ ရွေးကောက် ပွဲ၊ ၂၀၁၆ ဧပြီလ ၁ ရက်အစိုးရ သစ်...။
၂၀၁၂ နှစ်ဆန်းကတည်းက မြန်မာအပေါ်ထားရှိခဲ့ကြသည့် မူဝါဒများ၊ ဆက်ဆံမှုနှင့် ဆောင် ရွက်ချက်များ၏ အီဗော်လူးရှင်း သည် မြန်မာ့ဆင့်ကဲဖြစ်ထွန်းတိုး တက်မှုများနှင့် ထပ်တူပိုမိုနီးကပ် များပြားမြင့်တက်တိုးပွားလာနေ ပါ၏။ စစ်ဘက်ဆိုင်ရာမှလွဲ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် တိုင်း၌ သက်ဝင်လှုပ်ရှားဖြစ်ပေါ် နေပြီလည်း ခိုင်မာသေချာလှ၏။ ယူအက်စ်က အဆင့်တိုင်း၊ ခြေ လှမ်းတိုင်းအတွက် အဆင့်များ၊ ခြေလှမ်းများ (Steps For Steps) မူဝါဒရှိပြီးသလို အီးယူ၊ အင်္ဂလန် အပါအ၀င် ဖော်ပြပါနိုင်ငံကြီး (ဖွံ့ ဖြိုးပြီး)တိုင်းက ထိရောက်သော မှန်မှန်တိုးတက် ဆောင်ရွက်မှု (Effective and Graduall) ပေါ် လစီမျိုး ကိုယ်စီထားရှိကြပြီးဖြစ် သည်။ ဘဏ္ဍာရေး၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု၊ သတင်းအချက် အလက်၊ သံတမန်ရေး၊ ထောင့်စေ့ သော နယ်ပယ်ကဏ္ဍတိုင်း နီးပါး အတွက် စနစ်တကျရှိနှင့်ပြီးဖြစ် သလို ဆင့်ကဲမွမ်းမံချက်တွေဖြင့် သာ အလုပ်လုပ်နေကြပါ၏။ အ သေးစိတ်လေ့လာချက်စာတမ်း များ၊ ထုတ်ပြန်ချက်များ၊ တရားဝင်ဆုံးဖြတ်ချက်များ၊ အမြောက် အမြားရှိနှင့်၊ တည်နှင့် ပြီးဖြစ်သလို လေ့လာရန်လည်း အားလုံးလက် လှမ်းတမီမှာရှိပါ၏။
 တပ်မတော်သာ ပြောဆို ကတိပြုထားသည့်အတိုင်း ခေတ် မီတပ်မတော် (Standard Army) ဖြစ်လာမည်။ နောက်တစ်ဆင့် တက်၍ ပရော်ဖက်ရှင်နယ်အင်စတီကျူးရှင်းဖြစ်လာမည်ဆိုပါက အရှေ့တောင်အာရှ၌ အဆင့်အမြင့်ဆုံး စစ်တပ်အဖြစ်ရောက်ရှိဖြစ်တည်လာစေနိုင်သော အစီအစဉ်များပင်ရှိပြီး ဖြစ်၏။ ပြည်တွင်း ရေးက သီးခြားဖြစ်၏။ အီးယူ၊ ဗြိတိန်၊ ယူအက်စ်တို့လည်း တိုက်ရိုက်စွက်ဖက်၍မရ၊ လုပ်မည် လည်းမဟုတ်။ ကုသမဂ္ဂအရာသာ ဖြစ်၏။ စစ်လက်နက်မှ လွဲ၍ ကျန် သော ထိတွေ့ဆက်ဆံမှုများပင် စစ်ဘက်အချင်းချင်း တိုက်ရိုက် စတင်ဖို့ လမ်းစပေါ်ရောက်နေပြီ လည်း ဖြစ်သည်။ ပြည်တွင်းရေး သည် အမျိုးသားရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးအပေါ်မူတည်နေပြီး လူမှုစီးပွားတိုးတက်ရေးက မှန်မှန်သွားနိုင်လျှင် မှန်မှန်ဖြစ်ထွန်းပါလိမ့်မည်။ ကာလတစ်ရပ်မည်မျှ ကြာမည်လဲဆိုခြင်းကတော့ မိမိတို့အားလုံး၊ ဗမာအပါအ၀င် တိုင်းရင်းသားအားလုံးအပေါ်မူတည်မည်။ ခေါင်းဆောင်မှုအပိုင်း၌ သိပ်မပြောကြငြား နည်းဗျူဟာနှင့် လက်တွေ့အော်ပရေးရှင်းပိုင်းတွေမှာတော့ သုံးသပ်ကြ၊ ဆင်ခြင်ကြ၊ ပြောဆိုဝေဖန်ကြဆိုတာတွေရှိ၏။ ရှိရမည်။ ရှိလည်းရှိပါမည်။ အဓိကနှင့် သာမညခွဲမြင်ဖို့၊ အပြုသဘောဆောင်ဖို့၊ ထိရောက်ဖို့ပဲလိုပါ၏။ ယဉ်ကျေး၍ အဆင့်မြင့်လျှင် အတိုင်းထက်အလွန်ဖြစ် မည်။ ပိုမြန်မြန်ခရီးပေါက်မည်။
လူထုခေါင်းဆောင်နှင့် ဒီချုပ် အစိုးရထိပ်ပိုင်းကို ယူအက်စ်နှင့် ပို၍ နီးစပ်ထိတွေ့လိမ့်မည်ဟု ရာခိုင်နှုန်းအများစုက သုံးသပ်ခဲ့ ကြသည်။ လောလောဆယ် သုံးလလောက်အတွင်းမှာတော့ ဥရောပ အ၀န်းအ၀ိုင်းနှင့် အထူးသဖြင့် ဗြိတိန်၊ နော်ဝေးတို့နှင့် ပိုနီးစပ်ပုံရ သည်ဟု သုံးသပ်သူပိုများလာပါ ၏။ လက်ရှိချမှတ်ဆောင်ရွက်နေ သော မြန်မာ့နိုင်ငံခြားရေးမူဝါဒ မှာ ‘‘လွတ်လပ်တက်ကြွစွာ ပူး ပေါင်းဆောင်ရွက်ရေး’’ဟု ယေဘုယျပြောနိုင်၏။ ရာစုနှစ်ထက်ဝက် ကျော်အာဏာရှင်စနစ်မှ အရပ် သားအစိုးရအဖြစ် သုံးလပင်မ ပြည့်သေးသော ကူးပြောင်းစနိုင်ငံ ငယ်အဖို့ ဘယ်နိုင်ငံကို ဘာလုပ် မည်။ ဘယ်နိုင်ငံကို ဘယ်လိုထား မည်ဟု ယတိပြတ်မသတ်မှတ် နိုင်။ အင်္ဂလန်လို၊ ယူအက်စ်လို၊ အီးယူလို၊ ဂျပန်နှင့် သြစတြေးလျ လိုတွေကတော့ မြန်မာအပေါ် ထားသည့် မူဝါဒက ၎င်းတို့ပြည် တွင်းရေး (အစိုးရပြောင်းခြင်း)၊ ဒေသတွင်းအရေး (ယခုဘရက် ကစ်)များကြောင့်တော့ ပြောင်းလဲ မည်မဟုတ်။ ကာယကံရှင် မြန်မာ ပေါ်၌သာမူတည်ပါ၏။
ဘရက်ဇစ်ကဂလိုဘယ်အ လှုပ်အခတ်တော့ သေချာသည်။ ထိုရှော့ခ် (Shock) ၏ နောက်ဆက်တွဲ (ကုန်ပစ္စည်းအမှာ/အပို့ကိစ္စ မျိုးကဲ့သို့) ရိုက်ခတ်မှုတော့ မြန်မာအပေါ်တစ်ဆင့်ခံ အသုံးချနေ သည့် ကြားနိုင်ငံများထံမှနေ၍ သက်ရောက်မှုအနည်းငယ်ရှိလာ နိုင်ပါသည်။ အရေးကြီးမူဝါဒပိုင်း ဆိုင်ရာများ ပြောင်းသွားဖွယ်မရှိပေ။
Credit To >>> 7 Day Daily
ပြည်ပတွင် အကျဉ်းကျနေသောနိုင်ငံသားများအား မြန်မာသံရုံးက အကာအကွယ်ပေးရန်နှင့် ထောင်ဝင်စာမှန်မှန်ပို့ရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား
 ပြည်ပနိုင်ငံများတွင် အကျဉ်းကျနေသော နိုင်ငံသားများ အား မြန်မာသံရုံးများက အကာအ ကွယ်ပေးရမည်ဖြစ်ပြီး ထောင်ဝင် စာမှန်မှန်သွားတွေ့ရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့သည်။
ဇွန်လ ၂၅ ရက်တွင် ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ မြန်မာ အသင်းအဖွဲ့အစည်းများနှင့်တွေ့  ဆုံစဉ် ထိုင်းနိုင်ငံ ဘန်ခွမ်အကျဉ်း ထောင်တွင် အကျဉ်းကျ မြန်မာ နိုင်ငံသားများ ထောင်ဝင်စာလာ တွေ့သူမရှိသောကြောင့် အခက် အခဲဖြစ်နေသည်ဟု ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန် ရက် (MWRN)ဥက္ကဋ္ဌ ဦးစိန်ဌေးက  တင်ပြရာ ဒေါ်အောင်ဆန်းစုကြည် က အထက်ပါအတိုင်း ပြောကြား ခြင်းဖြစ်သည်။
စွန့်ပစ်အမှိုက်မှလျှပ်စစ်ထုတ်မည့် စက်ရုံအတွက် လိုအပ်စက်ပစ္စည်းများ ဂျပန်နိုင်ငံမှ စတင်ရောက်ရှိ
 စွန့်ပစ်အမှိုက်မှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မည့်စက် ရုံတည်ဆောက်ရန် ဂျပန်နိုင်ငံမှ မှာယူထားသည့် စက်ပစ္စည်းများ အားလုံး ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
မလေးရောက်မြန်မာ တရားမဝင်အလုပ်သမား ၁၇၀၀ ကျော်ကို နှစ်လအတွင်း တရားဝင်ဖြစ်ခွင့် အတွက် ဝန်ဆောင်မှုပေးမည်
မလေးရှားနိုင်ငံရောက် တရားမဝင် (OVER STAY) အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများကို တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ရရှိရန် ဝန်ဆောင်မှုပေးနေရာ ကျန်ရှိသည့် အလုပ်သမား ၁၇၀၀ကျော်ကို နှစ်လအတွင်း အပြီးဆောင်ရွက်ပေးမည်ဟု Diamond  Place service  ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသိန်းသန်းက ပြောသည်။
ဗြိတိန် ဥရောပသမဂ္ဂမှ ခွဲထွက်ရေးဆန္ဒခံယူပွဲအပြီး လေး ရက်အကြာ FMI ၏ ရှယ်ယာဈေး ကြမ်းခင်းဈေးအောက် ကျဆင်း
ဇွန်လ ၂၄ ရက်နေ့တွင် ထွက်ပေါ်ခဲ့သည့် ဗြိတိန်သည် ဥရောပသမဂ္ဂမှ နှုတ်ဆက်ထွက်ခွာရန် သေချာသွားပြီဆိုသည့် ဆန္ဒခံယူပွဲရလာဒ်ကြောင့် စတာလင်ပေါင်ဈေးနှုန်း စံချိန်တင်ကျဆင်းခဲ့သလို ကမ္ဘာ့စတော့ရှယ်ယာဈေးကွက်အနေနှင့် ယင်းတစ်နေ့တည်းမှာပင် အမေရိကန်ဒေါ်လာ ၂ ထရီလီယံလောက် ဆုံးရှုံးခဲ့သည်။
မြန်မာနှင့်နယ်သာလန် နှစ်နိုင်ငံလေကြောင်းသဘောတူစာချုပ် လက်မှတ်ရေးထိုး၊ နှစ်နိုင်ငံအကြား တစ်ပတ် ခုနစ်ကြိမ်ပျံသန်းမည်
မြန်မာနှင့်နယ်သာလန်နိုင်ငံတို့ကြား နှစ်နိုင်ငံ လေကြောင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇွန် ၂၇ ရက်က ရန်ကုန်မြို့ရှိ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပသည်။
ဆီးရီးယားသူပုန်များထံ စီအိုင်အေပေးပို့ခဲ့သော လက်နက်များ မှောင်ခိုဈေးကွက်သို့ ရောင်းချခဲ့ဟုဆို
အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ)နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့က ဆီးရီးယားသူပုန်များအတွက် ဂျော်ဒန်နိုင်ငံသို့ တင်ပို့ပေးခဲ့သော လက်နက်များကို ဂျော်ဒန် ထောက်လှမ်းရေး အရာရှိများက ခိုးယူကာ မှောင်ခိုဈေးကွက်တွင် လက်နက်ကုန်သည်များထံ ရောင်းချခဲ့ကြောင်း အမေရိကန်နှင့် ဂျော်ဒန် တာဝန်ရှိသူများအား ကိုးကားလျက် နယူးယောက်တိုင်း သတင်းစာက ရေးသားဖော်ပြသည်။ သို့ရာတွင် သတင်းစာပါ ဖော်ပြချက်နှင့်ပတ်သက်၍ စီအိုင်အေက လတ်တလောဝေဖန် ပြောကြားခြင်းမရှိပေ။
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း ငါးနိုင်ငံ ကုန်သွယ်ရေး၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်မည်
အာဆီယံဒေသတွင်း အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း(CLMVT) ငါးနိုင်ငံ ကုန်သွယ်ရေး၊ ငွေကြေး ရင်းနှီး မြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။