ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

21.6.13

ဆရာတော် ဦးဝီရသူအား Time မဂ္ဂဇင်းက "The Face of Buddhist Terror" ဟု ဖော်ပြထားချက်အား Eleven Media Group က လုံးဝ သဘောမတူပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်

ဆရာတော် ဦးဝီရသူအား Time မဂ္ဂဇင်းက "The Face of Buddhist Terror" ဟု ဖော်ပြထားချက်အား Eleven Media Group က လုံးဝ သဘောမတူပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်အပ်ပါသည် ။ "ကျွန်တော်အနေနဲ့ ဆရာတော်ဦးဝီရသူနဲ့ အယူအဆ အတော်များများ မတိုက်ဆိုင်ပါဘူး။ ဒါပေမယ့် Time မဂ္ဂဇင်းက ဒါမျိုးလုပ်တာကိုတော့ လုံးဝ လက်မခံဘူး။ သံဃာတစ်ပါးအနေနဲ့တော့ ပါရာဇိကကံ မကျသ၍ သံဃာဟာ သံဃာပါပဲ။ မစိုးရိမ်ကျောင်းတိုက်မှာ နာယက ဆရာတော်တစ်ပါးဖြစ်ဖို့ မလွယ်ဘူးဆိုတာ ကျွန်တော်သိတယ်။

ဘာသာရေးဟာ မဏ္ဍိုင်ကြီး သုံးခုနဲ့ ကင်းကင်းရှင်းရှင်း မရပ်တည်တာတွေ၊ ဗုဒ္ဓဘာနဲ့ ပက်သတ်လို့ အလွန်အကျွံ အစွန်းရောက်တာတွေ၊ လူနည်းစု မွတ်စလင်တွေကို အမုန်းပွားပြီး သူတို့ရဲ့ စီးပွားရေး လူမှုရေး ထိခိုက်အောင် လုပ်တာတွေကိုတော့ ကျွန်တော် လုံးဝ သဘောမတူပါဘူး။ ဆရာတော် ဦးဝီရသူနဲ့ အမြင်မတူတာက သီးခြားစီပါ။ Time မဂ္ဂဇင်းက အခုလို လုပ်တာကိုတော့ လက်မခံနိုင်ပါဘူး။ Time မဂ္ဂဇင်းရဲ့ ဖော်ပြချက်က မျှတမှုမရှိတဲ့ လုပ်ရပ်လို့ ဂျာနယ်လစ် တစ်ယောက်အနေနဲ့ ယူဆပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ ဘာသာ၊သာသနာကို အထင်သေး အမြင်အသေးလုပ်ဆောင်တာ ဖြစ်တဲ့ အတွက် ကန့်ကွက်ပါတယ်။

Time ရဲ့ ဒီလုပ်ရပ်ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ခရီးလမ်းအတွက် အနှောက်အယှက် ဖြစ်စေပါ တယ်။ မလိုအပ်ဘဲ ပဋိပက္ခကို ပိုဆိုးသွားစေနိုင်တယ်" 
- ဒေါက်တာ သန်းထွဋ်အောင် CEO (Eleven Media Group)

Eleven Media Group

တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများ ဇူလိုင်ပထမပတ် ထုတ်ယူနိုင်မည်

နိုင်ငံတစ်ဝန်း ၂၀၁၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီးသူတိုင်း အတွက် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း များကို ရန်ကုန်နှင့် နေပြည်တော်တို့ရှိ စာစစ်အဖွဲ့ ဦးစီးဌာနများတွင် လာမည့် ဇူလိုင်လ ပထမပတ်၌ စတင်ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာန ထံမှ သိရသည်။

အမှတ်စာရင်း ထုတ်ရာတွင် တံဆိပ်ခေါင်း၊ လျှောက်လွှာနှင့် စာအုပ်ကြေး ကျပ် ၄၀၀ ကျော်ကုန်ကျမည်ဖြစ် ပြီး အဆိုပါ အမှတ်စာရင်းများကို နာရီပိုင်းအတွင်း ထုတ်ယူနိုင်ကြောင်း အဆိုပါ စာစစ်အဖွဲ့ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ အမှတ်စာရင်း ထုတ်လိုသူများသည် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအတွင်း လူကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စား လှယ်ဖြင့်လည်းကောင်း လာရောက်ထုတ် ယူနိုင်ပြီး အမှတ်စာရင်း တင်သွင်းရာတွင် အခက်အခဲတွေ့ပါက စာစစ်အဖွဲ့ တာဝန်ရှိသူများထံ အကြောင်း ကြား နိုင်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

"နယ်မြို့တွေက မြို့နယ် ပညာရေးမှူးက စုပြီး လာထုတ်မယ်ဆိုရင် ထုတ်ပေးပါတယ်။ အားလုံးက ရန်ကုန် နဲ့ နေပြည်တော် ရုံးမှာပဲ ထုတ်လို့ရတယ်” ဟု မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က The Voice သို့ပြောဆိုသည်။ အမှတ်စာရင်း ထုတ်ယူရာတွင် အမည်၊ ခုံအမှတ်၊ ဖခင်အမည်နှင့် စာစစ်ဌာန အမည် တို့သာ လိုအပ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စာစစ်အဖွဲ့ဦးစီးဌာန ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

ကိုနေဝင်းနှင့် မဇ္မျိမ တေးဂီတ အဖွဲ့ သားများ၊အင်းလေးဒေသဖွံ့ ဖြိုး တိုးတက်ရေးအတွက် တေးဂီတ ဖြင့် တောင်ကြီးမြို့ တွင်ရန်ပုံငွေပွဲ ပြုလုပ်

ကိုနေဝင်းနှင့်အဖွဲသားများသည်၊၂၀-၆-၂၀၁၃ တွင် တောင်ကြီးမြို့ သို့ ရောက်ရှိ လာခဲ့ ပြီး ၊ အင်းလေးဒေသ ဖွ့ံ ဖြိုးရေးနှင့် ပညာရေးကျန်းမာရေးထောက်ပံ့ ကူညီ ပေးရေးအတွက် ရန်ပုံငွေ ပွဲများကို တောင်ကြီးမြို့ ပေါ် ရှိ heart rock cafe ၊ ဧရာဝတီ လ္ဘက်ရည်ဆိုင်၊ အချစ်ရွာလ္ဘက်ရည်ဆိုင်နှင့် သပြေရိပ် စားသောက်ဆိုင် များတွင် သီဆို ဖျော်ဖြေ ပြီးရန်ပုံငွေအလှူများ ကောက်ခံခဲ့ သည်။

ဆက်လက်ပြီး၂၁-၆-၂၀၁၃ တွင် ည-၇နာရီတွင် တောင်ကြီး ချယ်ရီကွင်း ဟိုတယ် ၊၂၂-၆-၂၀၁၃ တွင် အောင်ပန်း၊ကလော ဟဲဟိုးဒေသတို့ တွင်ဆက်လက်ဖျော်ဖြေတင်ဆက်သွားမည်ဟုသိရှိ ရသည်။

အလှူငွေ ထည့်ဝင်လိုသူများ ပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။
ဆက်သွယ်လှူဒါန်းရန် --

ဦးနေမျိုး (မေတ္တာမွန်ပညာရေးကွန်ရက် ) ၀၉၅၂၂၈၂၇၅
ဦးအောင်ဇေ (ပန်းပျိုးလက် ) ၀၉၄၉၂၄၉၇၉၆
ဒေါ်ချိုမြဦး (ချိုပညာရိပ်) ၀၉ ၄၂၈၃၄၀၃၀၁
တို့ တွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။

Shan state youth (media group)

RCSS /SSA အဖွဲ့တစ်ဖွဲ့က ဒေသခံရွာသားတစ်ဦးအား ဖမ်းဆီး

ရှမ်းပြည်နယ် နောင်ချိုမြို့နယ် ပင်တီးကျေးရွာအုပ်စု ခဲဆန် ကျေးရွာနေ ရွာသားတစ်ဦးအား RCSS/SSA အဖွဲ့တစ်ဖွဲက ဇွန် ၂၀ ရက်ည ၁ နာရီခန့်တွင် ကြိုးတုတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ သည်။

ယင်း RCSS/SSA အဖွဲ့သည် ဇွန် ၁၉ ရက် ည ၁၂ နာရီခန့်တွင် နောင်ချိုမြို့နယ် နားကော်ကျေးရွာ သို့ ရောက်ရှိလာပြီး ရွာသားတစ်ဦးပိုင်သော ထော်လာဂျီအား အခကြေးငွေ မပေးဘဲ အတင်းယူ သွားကြောင်း၊ ည ၁၂ နာရီခန့်တွင် နားကော် ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ကြိုးတုတ်ထားသော ရွာသားတစ်ဦး ပါလာကြောင်း ၊ ထော်လာဂျီအား ပြန်ထားခဲ့ပြီး ၎င်းကြိုးတုတ်ထားသော ရွာသားအား ဖမ်းဆီးခေါ်ဆောင်၍ ရွာထဲမှ ထွက်သွားကြောင်း နားကော်ရွာသားတစ်ဦးမှ ပြောပြ သည်။

“ အဲဒီရှမ်းစစ်တပ်က ဒေသခံရွာသားတွေကို အမြဲတမ်း အနိုင်ကျင့်နေကြတာ၊ အခုလည်းကြည့် ရွာသား တစ်ဥိးကို ဖမ်းသွား ပြန်ပြီ ၊ သူတို့လုပ်သမျှ ခံနေရအောင် ဒီမြို့ဒီရွာမှာ တရားဥပဒေ မရှိတော့ဘူးလား လို့ မေးစရာဖြစ်နေပါပြီ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့လို ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ ရွာသားတွေအပေါ် အခုလိုအနိုင်ကျင့်တာ လက်မခံနိုင်ဘူးဗျာ၊ ရှမ်းစစ်တပ်ခေါင်းဆောင် စ၀်ယွက်ဆစ်က ဟိုတစ်နေ့က ကျောက်မဲလာပြီး ဒေသခံတွေကို တွေ့ဆုံအားပေး စကား ပြောသွားတယ်လို့ ကြားပါတယ်၊ သူတို့ကလိုက်ပြီး စည်းရုံးနေပေမယ့် သူ့လက်အောက်က ငယ်သားတွေက အခုလိုမျိုး အနိုင်ကျင့်နေတာ ကို ဘာမှအပြစ်မပေးဘူးလား၊ ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား၊ စဉ်းစားစရာဖြစ်နေပါပြီ ” ဟု ခဲဆန်ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးယွက်ဆစ် သည် ရှမ်း တိုင်းရင်းသားများနှင့် တွေ့ဆုံပွဲများ ပြုလုပ်လျက်ရှိရာ ဇွန် ၂၀ ရက်တွင် တောင်ကြီးမြို့၌ မြို့ခံ ရှမ်းတိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

စိုင်းလုံ

မူဆယ် တရားရုံးမှ ထွက်ပြေးသည့် လူသတ်တရားခံ ၃ ဦးအနက် တဦး ဖမ်းမိ

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် မူဆယ်ခရိုင် တရားရုံးအချုပ်မှ ထွက်ပြေးခဲ့သည့် လူသတ်တရားခံ တဦးကို ဇွန် ၁၇ ရက်နေ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့၏အကူအညီဖြင့် ပြန်လည်ဖမ်းဆီးမိခဲ့သော်လည်း အဓိက တရားခံကို ဖမ်းမမိသေးကြောင်း သိရသည်။

တရုတ်နိုင်ငံ လုံချွမ်ခရိုင်ရဲတပ်ဖွဲ့မှ မစ္စတာ ရန်လီပင်းနှင့် အဖွဲ့သည် တရားခံ ၃ ဦးအနက် ပြစ်မှုပုဒ်မ ၃၀၂/ ၃၂၆ ဖြင့် တရားစွဲ ခံထားရသော ထွက်ပြေး တရားခံ အိုက်ဆမ်ကို တရုတ်ပြည် တောင်ယာတဲ တတဲတွင် ဖွက်ပေးထားသည့် ၎င်း၏အစ်ကိုဖြစ်သူ အိုက်ရီနှင့်အတူ ဖမ်းမိခဲ့ပြီး မူဆယ်မြို့ နှစ်နိုင်ငံနယ်စပ်ထွက်ပေါက် ၁ နန်းတော်ဂိတ်တွင် မူဆယ်ခရိုင် ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း မူဆယ်မြို့ ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်မှူးတဦး က ဧရာဝတီသို့ ပြောသည်။

“ထွက်ပြေး လူသတ်တရားခံ ၃ ဦးထဲက ၁ ဦးကိုပဲ ဖမ်းမိပါသေးတယ်။ တရုတ်ပြည်က ရဲတွေရဲ့ အကူအညီ နဲ့ ဖမ်းမိတာပါ။ ထွက်ပြေး တရားခံကို လက်ခံထားတဲ့ သူ့အစ်ကိုကိုလည်း အခု ဖမ်းထားပါတယ်။ ကျန်တဲ့ တရားခံတွေကို လိုက်လံ ဖမ်းဆီးမှုတွေ လုပ်နေပါတယ်” ဟု တာဝန်မှူးက ဆိုသည်။

ထိုဖြစ်စဉ်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့တွင် လူသတ်မှု ဖြစ်ခဲ့၍ ဖမ်းဆီးခံခဲ့ရသူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (ပန်းဆေး ပြည့်သူ့စစ် ခေါင်းဆောင်) ပန်းဆေး ဦးကျော်မြင့်၏တူ လီဖန် (ခ) မောင်ရဲအောင်ထွေး အပါအဝင် ၅ ဦးအား တရားရုံး အချုပ်တွင် ရုံးထုတ်ရန် စီစဉ်နေစဉ် ရဲများကို အမှုဖြစ်နေသူ ၅ ဦးက တွန်းတိုက် ထွက်ပြေးသဖြင့် ရဲက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တရားခံ ၂ ဦးနှင့် ရဲတပ်သား တဦး ထိမှန်သွားကြောင်း၊ သေနတ် ကျည်ဆံ ထိမှန်ခဲ့သည့် ရဲတပ်သားမှာ သေဆုံးသွားခဲ့ပြီး လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက် သွားကြောင်း သိရသည်။

“ထွက်ပြေးသွားတဲ့ သူထဲက ပန်းဆေးဦးကျော်မြင့်ရဲ့တူ လီဖန်က ခေါင်းဆောင်ဆိုတော့ သူ့ကို အဓိက ဖမ်းပြီး အရေးယူ ခိုင်းစေချင်တယ်။ အခုလည်း မိတဲ့ တရားခံကို လားရှိုး မြို့ ပြည်နယ် တရားရုံး ကို ပြောင်းထားတယ်လို့ ကြားရတယ်။ ပြောင်းရင်တော့ ဒေသခံတွေအနေနဲ့ တရားရုံးကို လိုက်ကြည့်လို့ မရတော့ဘူး” ဟု မူဆယ်မြို့တွင်နေထိုင်သည့် စိုင်းအိုက်က ဧရာဝတီသို့ ပြောသည်။

မူဆယ်မြို့သည့် တရုတ်နိုင်ငံ နယ်စပ်ဒေသမြို့ဖြစ်သည့် အတွက် ဒုစရိုက်သမားများ တဘက်နိုင်ငံသို့ အလွယ်အကူ ထွက်ပြေး တိမ်းရှောင်နိုင်သည့် နေရာဖြစ်သည့် အတွက် နှစ်နိုင်ငံ ရဲတပ်ဖွဲ့များ ပူးပေါင်း ကာ ဆောင်ရွက်နေရကြောင်း၊ ထိုသို့ ဆောင်ရွက် မှသာလျှင် ဒုစရိုက်သမားများကို အလွယ်တကူ ဖော် ထုတ်နိုင်မည် ဖြစ်ကြောင်း၊ ဆက်လက် ကျန်ရှိနေသေးသည့် ထွက်ပြေး တရားခံ နှစ်ဦးကို အမြန် ရှာဖွေ ပေးစေလိုကြောင်း စိုင်းအိုက်က ဆိုသည်။

“လူသတ်တရားခံတွေ တရားရုံးကနေ ထွက်ပြေးတိမ်းရှောင်တာ တခါမှမကြုံဖူးဘူး။ ဒါပထမဆုံး အကြိမ်ပဲ။ သူတို့ ကိုတော့ ပြည်နယ်တရားရုံး ပြောင်းရွှေ့စစ်ဖို့ လုပ်နေပါပြီ။ မူဆယ်မြို့က လုံခြုံရေး အင်အားမကောင်း လို့ ပြောင်းလိုက်တာပါ” ဟု မူဆယ်မြို့ ခရိုင်တရားရုံး ရှေ့နေတဦးက ဧရာဝတီသို့ ပြောသည်။

ထွက်ပြေးရာမှ ဖမ်းမိသည့် လူသတ်တရားခံများကို လားရှိုးပြည်နယ် တရားရုံးသို့ ပြောင်းရွှေ့ထားကာ လားရှိုး ရှေ့နေများဖြင့် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် သေနတ် ထိမှန်ထား သည့် တရားခံ ၂ ဦးလည်း လားရှိုးမြို့ ပြည်နယ် ရဲစခန်းတွင် ရောက်ရှိနေကြကြောင်း အဆိုပါရှေ့နေက ဆိုသည်။

“ပန်းဆေး ဦးကျော်မြင့်ရဲ့တူ လီဖန်ကို အမြန်ဆုံး ဖမ်းဆီးဖို့နဲ့ ပြစ်ဒဏ် အမြန်ချဖို့ လိုအပ်ပါတယ်။ လီဖန် မမိသေးတာ စဉ်းစားစရာ ဖြစ်နေတယ်။ သူ့ကို အဓိကဖမ်းဖို့လိုအပ်မယ်လို့ ထင်ပါတယ်” ဟု နမ့်ခမ်းမြို့နယ် တွင် နေထိုင်သည့် အမျိုးသား တဦးက ပြောသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့က ရှမ်းပြည်နယ်နေ့ ပွဲဈေးတန်းတွင် နမ့်ခမ်းဒေသခံ ငွေနဂါး သောက်ရေသန့် ပိုင်ရှင် ၏သား၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရှမ်းပြည် အစိုးရ သတ္တုတွင်း ၀န်ကြီးဌာန ၀န်ကြီး ဦးအိုက်ပေါင်း၏မြေးစိုင်းအိုက်လိန်နှင့်အဖွဲ့အား ပန်းဆေးဦးကျော်မြင့်၏တူလီဖန်(ခ)မောင်ရဲအောင်ထွေးနှင့် အဖွဲ့က ဓားဖြင့် ၀င်ခုတ်ရာမှ စိုင်းအိုက်လိန် သေဆုံးပြီး ၎င်း၏ သူငယ်ချင်းဖြစ် သူ စိုင်းလှိုင်းပန်မှာ ဓား ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း၊ ထို့ကြောင့် လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် ၅ ဦးကို မူဆယ် ရဲစခန်း က ဖမ်းဆီး ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။

လူသတ် တရားခံများကို မတ်လဆန်းပိုင်တွင် နမ့်ခမ်းမြို့နယ် ရဲစခန်းမှ မူဆယ်ခရိုင် ရုံးသို့လွှဲပြောင်း လိုက်ကြောင်း၊ တရားခံ ဘက်က လားရှိုးမြို့မှ ရှေ့နေ တဦးအား ငှားရမ်းထားပြီး မူဆယ် ခရိုင်တရားရုံးသို့ ရုံးထုတ်စဉ် တရားခံ ၃ ဦးလွတ်မြောက်ခဲ့ပြီး အဓိက တရားခံအပါအဝင် ၂ ဦးကို မမိသေးကြောင်း သိရသည်။

မူဆယ်တရားရုံးမှ ထွက်ပြေးသူ ၃ ဦးအနက် တဦးကို တရုတ်ပြည်တွင် ဖမ်းမိခဲ့သည် (ဓာတ်ပုံ – Renaud EGRETEAU )

Irrawaddy

Sexy ခန်းတွေကိုလည်း လိုအပ်ရင်ရိုက်ရလိမ့်မယ်လို့ ဆိုလာတဲ့ ခန့်စည်သူ

ဂျာနယ်များ၊ သတင်းမီဒီများ နှင့် အင်တာနက်စာမျက်နှာများတွင် လက်ရှိ မြန်မာဗီဒီယိုဇာတ်ကားများ ပွင့်လင်းလာမှုကို ဝေဖန်မှုများစွာနဲ့ ရေးသားဖွဲ့နွဲ့ ထားကြတာကိုလည်းတွေ့ရပါတယ်။ တစ်ချို့က လက်ခံ ကြပေမယ့် အများစုကတော့ လက်ခံတာမတွေ့ရပါဘူး။

မြန်မာဗီဒီယိုဇာတ်ကားတွေမှာ အနမ်းချင်းဖလှယ်တာအပြင် အိပ်ရာပေါ်တွင် အတူအိပ်ပြီး ကုတင်ယိမ်းယိုင် မှုမျိုး၊ ချစ်သူ၊ သမီးရည်းစား ချိန်းတွေ့ကြချိန် အင်္ကျီကြယ်သီး စဖြုတ်တာတွေဟာ မသင့်တော်ဘူး။
သရုပ်ဆောင်တွေအနေနဲ့လည်း ရှောင်သင့်တာလေးတွေတော့ ရှောင်သင့်တယ်ဆိုပြီးဝေဖန်မှုများ ဆက်တိုက်ထွက်ပေါ်လာပြီနောက် လက်ရှိ အနုပညာလောကမှာ ဆင်ဆာကင်းလွတ်မှုနောက်မြန်မာ ဇာတ်ကားတွေအပေါ် အမြင်လေးတွေကို အနုပညာ လောကသားတစ်ဦးဖြစ်တဲ့ ခန့်စည်သူကို မေးမြန်း
ကြည့်ဖြစ်ခဲ့ရာမှာတော့...ခန့်စည်သူက လက်ရှိ မြန်မာ့ဗီဒီယိုဇာတ်ကားတွေနဲ့ ပတ်သက်ပြီး အခုလိုပြောပြသွားခဲ့ပါတယ်.........................
Myanmar Daily News

ရန်ကုန်-မန္တလေး စာသင်ကျောင်း ၁၀ ကျောင်းတွင် ဥစားကြက်ခြံများ တည်ထောင်မည်

အခြေခံ မူလတန်းကျောင်းများတွင် ကျောင်းသူကျောင်းသားများ ကြက်ဥ ပုံမှန်စားသုံးနိုင်ရန်အတွက် ရန်ကုန်-မန္တလေး မြို့ကြီးများ ပတ်ဝန်းကျင်ရှိ မူလတန်းကျောင်း ၁၀ ကျောင်းတွင် ကြက်အကောင်ရေ ၂၀၀ မွေးမြူနိုင်သည့် ဥစားကြက်ခြံများ တည်ထောင်ပေးရန် အစီအစဉ် ရှိသည်ဟု Myanmar C.P Livestock Co.,Ltd.မှ အကြီးတန်း အမှုဆောင် အကြံပေး ဒေါက်တာသန်းထိုက်က ဇွန်လ ၁၇ ရက်နေ့ တွင် နေပြည်တော်ရှိ MICC ၌ ကျင်းပသည့် အခြေခံပညာကျောင်းများ နွားနို့ တိုက်သည့် အခမ်းအနား တွင် ပြောကြားသည်။

ကြက်မွေးမြူမည့် ကျောင်းများကို ဆင်းရဲနွမ်းပါးသည့် မိသားစုများရှိသော နေရာဒေသကို ရွေးချယ်ပြီး ကြက်စာ၊ ကြက်မျိုးပေါက်များကို ပထမအသုတ်တွင် အခမဲ့ ပံ့ပိုးပေးမည် ဖြစ်ကြောင်း၊ ဒုတိယအသုတ် တွင် ပထမအသုတ်က ရရှိသည့် ဝင်ငွေအချို့တစ်ဝက်ကို အသုံးချ၍ နောက်ဆက်လက် မွေးမြူမည့် ကြက်မွေးမြူရေး လုပ်ငန်းများအတွက် ရင်းနှီးသွားမည် ဖြစ်ကြောင်း၊ ပိုလျှံငွေများကို ဘဏ်တွင် အပ်နှံ၍ တချို့တစ်ဝက်ကို ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြန်လည် အသုံးချမည် ဖြစ်ကြောင်း၊ ကျောင်းသား ကလေးငယ်များ အာဟာရ ပြည့်ဝစေရန် ဥစားကြက် မွေးမြူမှုမှတစ်ဆင့် ကြက်ဥပုံမှန် စားသုံးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျောင်းကြက်ခြံများ တည်ထောင်ပေးရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြော ကြားသည်။ “ကြက်တစ်ကောင်က ကြက်ဥ သုံးလုံးထွက်တိုင်း ကျောင်းသားတွေက တစ်လုံးစားခွင့်ရှိ တယ်”ဟု ၎င်းကဆိုသည်။

ကျောင်းပတ်ဝန်းကျင်တွင် ကြက်ခြံများ ထူထောင်မည် ဆိုပါက ဆောင်းရာသီတွင် ကျရောက်တတ်သည့် ကြက်ငှက်တုပ်ကွေး ကဲ့သို့ ရောဂါများနှင့် အခြားကြက်နှင့် ဆက်စပ်သည့် ရောဂါများ ကူးစက်မှုမခံ ရစေရေးအတွက် ကာကွယ်ရေး လုပ်ငန်းများကို ဂရုတစိုက် လုပ်ဆောင်ပြီးမှသာ ကြက်မွေးမြူရေးခြံ လုပ်ငန်းများကို ထူထောင်သင့်သည်ဟု မွေးမြူရေး လုပ်ငန်း ရှင်များက ပြောကြားသည်။ မွေးမြူရေး လုပ်ငန်း ဘာသာရပ်ကို ကျောင်းသင်ခန်းစာတွင် ပညာပေးအဖြစ် ထည့်သွင်းသင့်သည်ဟု ပျဉ်းမနားမြို့ခံ အငြိမ်းစား ဝန်ထမ်းတစ်ဦးကလည်း ဆိုသည်။

Myanmar C.P Livestock Co.,Ltd.သည် ရန်ကုန်မြို့ ပတ်ဝန်းကျင်၌ ၂၀၁၀ ပြည့်နှစ်မှစ၍ ကျောင်း ခုနစ်ကျောင်းတွင် ဥစားမွေးမြူရေး ကြက်ခြံများ ထူထောင်ပေးခဲ့ပြီး စာသင်ကျောင်း နှစ်ကျောင်းသည် ဥစားကြက် မွေးမြူရေးလုပ်ငန်း ပထမအသုတ် ပြီးစီး၍ ဒုတိယအသုတ် လုပ်ငန်းများ စတင်နေသည်ဟု ယင်းကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။

The Voice

800MHz CDMA ကဒ်(၂၇၀၀)ကျော်ကို နောက်ဆုံးအကြိမ် မဲနှိုက်ရောင်းချ

တာချီလိတ်မြို့တွင် 800MHz CDMA ကဒ်(၂၇၀၀)ကျော်ကို နောက်ဆုံးအကြိမ် မဲနှိုက်ရောင်းချရာ ယခု အကြိမ်တွင် လာရောက်လျှောက်ထားသူမှာ (၂၄၆၂)ဦးရှိပြီး ယခင်မဲမပေါက်ပဲ ကျန်ရှိနေသည့်(၈၃၆)ဦး အပါအ၀င် စုစုပေါင်း (၃၂၉၈)ဦးရှိသည်။

ယခုအကြိမ်သည် 800MHz CDMA များကို ရောင်းချပေးသည်မှာ နောက်ဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ ( သတင်းအပြည့်အစုံ နှင့် ပေါက်မဲအမည်များအား မကြာမှီ ဖော်ပြပါမည်။ )

Tachileik Online News

လက်ထပ်ဖို့ ဘာသာပြောင်းရမယ်ဆိုတာ လူအခွင့်ရေး ချိုးဖောက်မှု ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကဘာ သာခြား ယောက်ျား တစ်ဦးအနေနဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို လက်ထပ်လိုချင်ရင် ဗုဒ္ဓ ဘာသာဝင်အဖြစ် ပြောင်းလဲရမယ်လို့ အခုရက်ပိုင်းအတွင်း သံဃာတချို့က မိန့်ကြားနေကြတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

"ကျမတို့နိုင်ငံရဲ့ ဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ နားလည်တယ်၊ အထူးသဖြင့် ဒါတရားတော်ထဲမပါဘူးဆိုရင် ကိုယ့်နိုင်ငံရဲ့ဥပဒေနဲ့ ကိုက်ညီလား၊ မလား ကြည့်ရမှာတစ်ဖက်၊ နောက်တစ်ဖက်ကလည်း ဇင်မာအောင် တို့ ပြောသလို၊ အမျိုးသမီးအခွင့်အရေး လူ့အခွင့်အရေးဘက်က ကြည့်ရမှာပေါ့"  RFA က ပုံမှန် တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မလေးရှားရောက် မြန်မာနိုင်ငံသားတွေ သေကြေဒဏ်ရာရမှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ မှာ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေအတွက် သက်ဆိုင်ရာသံရုံးတွေက ထိထိရောက်ရောက် တာဝန်ယူကူညီဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ "အစိုးရဆိုတာ ကိုယ့်ရဲ့လူမျိုးတွေ ကို နိုင်ငံသူနိုင်ငံသားတွေကို ဘယ်မှာပဲဖြစ်ဖြစ် ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ ယဉ်ကျေးမှု တစ်ခု ထူထောင်ဖို့လိုတယ်၊ အလုပ်သမားတွေတင်မကဘူး၊ နိုင်ငံခြားကိုရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေ ကို စောင့်ရှောက်ရမယ်"

တဆက်တည်းမှာပဲ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက သမ္မတအဖြစ် ဝင်ရောက်အရွှေးခံမယ်လို့ ဝါရှင်တန်ဒီစီမှာ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သဘောထားကို မေးမြန်းရာမှာတော့ အခုလိုပွင့်ပွင့်လင်း လင်း ပြောဆိုတာကို နှစ်သက်ကြောင်း ဖြေကြားခဲ့ပါတယ်။

RFA

ဘရာဇီးရဲတွေနဲ့ ဆန္ဒပြသူတွေထိပ်တိုက်တွေ့


  ဘရာဇီးလ်နိုင်ငံမှာ သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မှုစနစ် ချွတ်ယွင်းတာတွေ၊ အဂတိ လိုက်စားမှုတွေနဲ့ လာမယ့်နှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ ကုန်ကျစရိတ် ကြီးမြင့်မှုတွေအပေါ် မကျေနပ်တဲ့ အနေနဲ့နိုင်ငံတဝှမ်းက မြို့ပေါင်းတစ်ရာလောက်မှာ ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပွားလျှက်ရှိပါတယ်......
Rio de ဂျနဲရိုးမြိ့က လမ်းမတွေပ်ါမှာ လူသောင်းနဲ့ချီ စုဝေးရောက်ရှိနေကြရာမှာ မြို့တော်ခန်းမဆီ ချီတက် လာနေတဲ့ ဆန္ဒပြသူ တွကေို ရဲတွေက မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ပါတယ်။
   Confederations ဖလား ဘောလုံးပွဲကျင်းပမယ့် ဆယ်လ်ဗားဒေါမြို့က ဘောလုံးအားကစားရုံတခုရဲ့အနီး အပြင်ဘက်မှာလည်း ဆန္ဒပြသူတွေနဲ့ ရဲတွအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဘရာဇီးလ် သမ္မတ ဒေလ်မာ Rousseff ဟာ လာမယ့် သီတင်းပတ်မှာ သွားဖို့ရှိ တဲ့ သူ့ရဲ့ဂျပန်နိုင်ငံခရီးစဉ်ကို ဆိုင်းငံ့လိုက်ပါတယ်။ အခုလ အစောပိုင်းတုန်းက လူထု သယ်ယူ ပို့ဆောင်ရေး စရိတ်တွေကို ၁၀ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်လိုက်တဲ့အတွက် ဆန္ဒပြမှုတွေပေါ်ပေါက်ခဲ့ရတာပါ။ သယ်ယူ ပို့ဆောင်ရေး စရိတ်တိုးမြှင့်သတ်မှတ်မှုကို အစိုးရကအခုအခါပြန်ရုတ်သိမ်းလိုက်ပြီ ဖြစ်ပေမယ့် ဆန္ဒပြမှုများ ဆက်လုပ်သွားမယ်လို့ ဆန္ဒပြသူတွကပြောပါတယ်။

Ref...RFA

အမျိုးသမီးသုံးယောက်မှာ တစ်ယောက်နှုန်းနဲ့ အကြမ်းဖက်ခံရ



  ကမ္ဘာမှာ အမျိုးသမီးသုံးယောက်မှာ တစ်ယောက်ဟာ အိမ်တွင်းအကြမ်းဖက်မှုခံနေရပြီး၊ အာရှနဲ့ အရှေ့ အလယ်ပိုင်း ဒေသနိုင်ငံတွေမှာ ပိုပြီးအဖြစ်များတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပြောကြားခဲ့သည်။ ကမ္ဘာတှမ်း အမျိုးသမီးများ အကြမ်းဖက်ခံရမှုနဲ့ ကျန်းမာရေးပြဿနာဆိုင်ရာ ပထမဆုံးအကြိမ် စနစ်တ ကျလေ့လာခဲ့ရာမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ လင်ယောင်္ကျားတွေရဲ့ အကြမ်းဖက်နှိပ်စက်မှု ခံစားနေ ရကြောင်း တွေ့ရှိခဲ့တာဖြစ်ကြောင်း၊ ရရှိတဲ့အချက်အလက်တွေဟာ တုန်လှုပ်စရာကောင်းကြောင်း WHO ရဲ့မိသားစု၊ အမျိုးသမီးများနဲ့ ကလေးသူငယ် ကျန်းမာရေးဌာနခွဲ အကြီးအကဲက ပြောပါတယ်။ ဒါပေမဲ့ အ မျိုးသမီးတွေဟာ အကြမ်းဖက်ခံရကြောင်း ထုတ်ဖေါ်ပြောဆိုလေ့ မရှိကြတဲ့အပြင်၊ ဒီကိစ္စကို ဖြစ်ရိုးဖြစ်စဉ် သဘောအနေနဲ့သဘောထားနေကြပြီး၊ ကျန်းမာရေးနဲ့ တရားဥပဒေဆိုင်ရာ အစီအမံအကာအကွယ်တွေ ကင်းမဲ့နေတယ်လို့ ဆိုပါတယ်။
   နိုင်ငံပေါင်း ၈၁ နိုင်ငံကို လေ့လာခဲ့ရာမှာ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရမှုဟာ အာရှတိုက်မှာ အမြင့်ဆုံးဖြစ်တယ်လို့ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ အရှေ့တီမော၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင် ငံတွေမှာတော့ အိမ်တွင်းအကြမ်းဖက်မှု ၃၇.၇ ရာနှုန်းရှိပြီး၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ၃၇ ရာနှုန်း၊ အာ ဖရိက ဆာဟာရအောက်ပိုင်းနိုင်ငံတွေမှာ ၃၆.၆ ရာနှုန်းရှိတယ်လို့ သိရပါတယ်။ ချမ်းသာတဲ့နိုင်ငံများဖြစ်တဲ့ အမေရိက၊ ဥရောသမဂ္ဂ ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတေးလျနဲ့ နယူးဇီ လန် နိုင်ငံတွေမှာတော့ ၂၃. ၂ ရာနှုန်းသာရှိတယ်လို့ ဆိုပါတယ်။ 

Ref..RFA

မြန်မာနိုင်ငံအပေါ် တားဆီးချက်တွေ ILO ရုတ်သိမ်း


   မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသေးတဲ့ တားဆီးကန့်သတ်ချက်တွေအားလုံးကို နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO က မနေ့ကပြန်လည်ရုတ်သိမ်းကြောင်း ဇွန်လ ၁၈ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါ တယ်။ ဒီဆုံးဖြတ်ချက်ကို နိုင်ငံတကာအလုပ်သမားညီလာခံမှာ တက်ရောက်လာသူ ကိုယ်စားလှယ်တွေ က မဲပေးဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ၂ဝဝဝ ပြည့်နှစ်ညီလာခံမှာ မြန်မာအပေါ် ချမှတ်ခဲ့တဲ့အချက်တွေကို ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတကာ အလုပ်သမားညီလာခံဟာ ပြီးခဲ့တဲ့နှစ်ဇွန်လက မြန်မာအပေါ် ကန့်သတ်ချက်တချို့ကို ဆိုင်းငံ့ခဲ့ပြီး၊ ဇွန်လ ၁၈ ရက်နေ့ကကျင်းပခဲ့တဲ့ ညီလာခံမှာတော့ မြန်မာနိုင်ငံတွင်း အဓမ္မလုပ်အားယူခိုင်းစေမှုနဲ့ ပတ်သက်ပြီး သီးသန့်ဆွေးနွေးပွဲပုံမှန်ပြု လုပ်ရေးအပါအဝင် ကျန်ရှိနေတဲ့ အရေးယူဆောင်ရွက်ရေးအားလုံးကို ရုတ်သိမ်းဖို့အတည်ပြု ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားယူ ခိုင်းစေမှုတွေကြောင့် ILO ဖွဲ့စည်းပုံ ပုဒ်မ (၃၃) အရ  ILO က အရေးယူခဲ့တာဖြစ်ပြီး၊ ဒါပေမဲ့ လက်ရှိမြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲလာတဲ့ အခြေ အနေတွေနဲ့ အဓမ္မလုပ်အားယူခိုင်းစေမှု တိုက်ဖျက်ရေးဆိုင်ရာ တိုးတက်လာတဲ့  ဆောင်ရွက်ချက်တွေေ ကြာင့်ကျန်ရှိနေတဲ့ ကန့်သတ်ချက်အားလုံးကို ပြန်လည်ရုပ်သိမ်းလိုက် တာjဖစ်ပါ တယ်။
   အခုလို တားဆီးကန့်သတ် အရေးယူထားတာတွေအားလုံး ရုတ်သိမ်းလိုက်တာကြောင့် ILO နဲ့ မြန်မာနိုင် ငံကြား ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိသွားပြီဖြစ်ပြီး။ မြန်မာနိုင်ငံမှာ အဓ္ဓမလုပ်အားယူခိုင်းစေမှု လုံးဝကို ပပျောက်သွားရေးအတွက် နိုင်ငံတကာကလည်း ဝိုင်းဝန်းကူညီကြဖို့ နိုင်ငံတကာ အလုပ်သမားညီလာခံက တိုက်တွန်းလိုက်ပါတယ်။
 Ref..RFA

Lytro မီးလုံး ကင်မရာမှာ Wi-Fi ပါပြီ

၂၀၁၁ ခုနှစ် အောက်တိုဘာလက စတင်ဖြန့်ချိတဲ့ Lytro ကင်မရာက အခုတော့ Firmware အသစ် Update ကြောင့် Wi-Fi ပါရှိသွားပါပြီ။ Software update လုပ်ရုံပါပဲ။

Lytro အမည်ရ ကင်မရာက ခရီးသွားသူများဆောင်ဖို့ အတွက် ဖြစ်ပါတယ်။ ကြည့်လိုက်ရင် ဓာတ်မီးတစ်ခုလို့ ထင်ရပေမယ့် သူက light field camera ဖြစ်ပါတယ်။ 8 GB သိမ်းဆည်းနိုင်တဲ့ တစ်လုံးကို ၃၉၉ ဒေါ်လာ၊ 16GB ကို ၄၉၉ ဒေါ်လာနဲ့ ဖြန့်ချိရောင်းချခဲ့တာပါ။

ဈေးကြီးပေမယ့် ပစ္စည်းက အမြင်ဆန်းတော့ ဝယ်ယူသူများပြားခဲ့ပါတယ်။ တစ်ခုအားနည်းချက်ကတော့ ကင်မရာ ပုံထွက် အရည်အသွေးပါ။ 1.2 MP သာရှိပြီး ပုံထွက် 1080 × 1080 pixels အထိသာ ပေးစွမ်းနိုင်ပါတယ်။ ဒီတော့ JPEG Format ပဲ ပေးစွမ်းမှာပါ။ LCD မျက်နှာပြင် သေးသေးလေးတောင် ပါရှိပါသေးတယ်။ ရိုက်ကူးမယ့်ပုံကို Preview ကြည့်ရအောင် ဖြစ်ပါတယ်။

Firmware update အကြောင့် Chip မှာ Wi-Fi ပါရှိလာပြီး iPhone, iPad နဲ့ အခြား Apple Device များဖြင့် ဓာတ်ပုံများ အလွယ်တကူ Share နိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။
Ref: Aung Kham (TSJ team)

တစ်နေ့အနည်းဆုံး သုံးမျိုး စားသင့်သော အမျှင်ဓာတ်များသည့် အစာများ


(၁) ပဲစိမ်း - ပဲစိမ်းတွေမှာ အမျှင်ဓာတ်ငါးရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။

(၂) သစ်သီးခြောက် - သဖန်းသီး၊ ဆီးသီး၊ မက်မွန်သီးနဲ့ စွန်ပလွံသီးခြောက်တွေဟာ အူလမ်းကြောင်း ကျန်း မာရေးကို ကူညီနိုင်ပါတယ်။ ဒါ့အပြင် အူမကြီးရဲ့ လုပ်ငန်းဆောင်တာ ကို လည်း ကောင်းမွန်စေပါတယ်။ ဆီးသီးခြောက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် ဝမ်းချုပ်ခြင်း ကင်းစေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။

(၃) စတော်ဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး - အမျှင်ဓာတ် အများအပြား ပါဝင်ပါတယ်။

(၄) အခွံချွတ်မထားသော ကောက်နှံစာ - ပေါင်မုန့်ဖြူထက် အညိုရောင်ပေါင်မုန့်လို အခွံချွတ်မထားတဲ့ အနှံတွေမှာ အမျှင်ဓာတ် အများအပြားပါဝင်ပါတယ်။

(၅) ပန်းဂေါ်ဖီစိမ်း - ဗီတာမင်စီလိုပဲအမျှင်ဓာတ်ပါဝင်မှုလည်း များပါတယ်။

(၆) အာလူးမီးဖုတ် - အာလူးမီးဖုတ်ရဲ့အရေခွံဟာ အမျှင်ဓာတ် ပါဝင်မှုအများဆုံးအပိုင်းဖြစ်ပါတယ်။ အာ လူးမှာပါတဲ့အမျှင်ဓာတ်တစ်ဝက်နီးပါးဟာ အာလူးအရေခွံမှာ ရှိနေပါတယ်။ အာလူးပြုတ်၊ အာလူးသုတ်၊ အာ
လူးထောင်းတွေမှာလည်း အမျှင်ဓာတ်ပါဝင်မှုများလို့ စားသင့်ပါတယ်။

(၇) ပဲအမျိုးမျိုး - အမျှင်ဓာတ် ပါဝင်မှုများတဲ့အပြင် ပရိုတင်းဓာတ်လည်း ပါဝင်ပါတယ်။

(၈) ဆီးသီး၊ သစ်တော်သီးနှင့် ပန်းသီး - ဆီးသီး၊ သစ်တော်သီးနဲ့ ပန်းသီးတွေက အမျှင်ဓာတ် ပါဝင်မှု များတဲ့ အသီးတွေပါ။ အရေခွံတွေမှာလည်း ပက်တင်ဓာတ် ပါဝင်လို့ စားသင့်ပါတယ်။

(၉) အစိမ်းရောင် ဟင်းသီးဟင်းရွက်များ - ဟင်းနုနယ်ရွက်၊ ကိုက်လန်၊ မုန်ညင်း စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက အမျှင်ဓာတ် ပါဝင်မှုများပါတယ်။

(၁ဝ) ငှက်ပျောသီး - ငှက်ပျောသီးမှာပျမ်းမျှအားဖြင့် အမျှင်ဓာတ် ပါဝင်မှု များတဲ့အပြင် ပိုတက်စီယမ်နဲ့ တခြားသတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။

(၁၁) မုန်လာဥနီ - အမျှင်ဓာတ် ပါဝင်မှုများတဲ့အပြင် ဗီတာမင်အေလည်း ပါဝင်ပါတယ်။

(၁၂) အုန်းသီး - အုန်းသီးမှာ အမျှင်ဓာတ် ပါဝင်မှု များပေမယ့် အဆီဓာတ်လည်း ပါဝင်မှု ရှိပါတယ်။

Ref..ငွေစုစံ

မလေးရောက် မြန်မာများသို့ ဖုန်းခေါ်ဆိုခွင့် ယခုလကုန်အထိ အခမဲ့ပေးမည်

မလေးရောက် မြန်မာများကို ဖုန်း ဆက်သွယ်လိုပါက ယခုလကုန် အထိ အခမဲ့ ခေါ်ဆိုခွင့်ပေးမည်ဟု VMG TELECOMS ကုမ္ပဏီမှ သိရသည်။

အခမဲ့ ဖုန်းခေါ်ဆိုခွင့်ကို Y-Talk Calling Center များမှ တစ်ဆင့်ဆောင် ရွက်ပေးသွားမည်ဖြစ်ပြီး မည်သူမဆို မလေးရှား မှ မြန်မာများအား နေ့စဉ် နံနက် ၉ နာရီမှ ည ၁ဝ နာရီအထိ အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်သည်။

''အကြောင်းအမျိုးမျိုးကြောင့် မလေးမှာ ရှိတဲ့မြန်မာတွေ သူတို့ မိသား စုနဲ့ ဖုန်းပြောဆိုနိုင်ဖို့အတွက် အလှူ သဘောမျိုးနဲ့ ကူညီပေးတာပါ။ ဒီအစီ အစဉ်က လုပ်ပေးတာ ၃ ရက်လောက်ပဲ ရှိပါသေးတယ်''ဟု VMG TELECOMS မှ မဖြိုးမီမီရှိန်က ပြောသည်။

အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည့်နေရာ များမှာ ဗဟန်းမြို့နယ်ရေတာ ရှည်လမ်း သစ်ရှိ Y-Talk Calling Center နှင့် ကျောက်မြောင်း သတိပဌာန်လမ်းရှိ Y-Talk Calling Center တို့ ဖြစ်သည်။

''ဖုန်း ခေါ်ဆိုဖို့အတွက် ဆိုင်က ဝန်ထမ်းတွေ ဆောင်ရွက်ပေးမှာပါ။ ဆိုင် တစ်ဆိုင်မှာဖုန်း ၁ဝ လုံး အခန်း ၁ဝ ခန်း ထားပေးထား တယ်။ နှစ်ဆိုင်ပေါင်း အလုံး ၂ဝ ရှိပါတယ်။ ကြိုက်သလောက် ဖုန်းပြောနိုင်ပါတယ်'' ဟု ၄င်းက ဆက် ပြောသည်။

Y-Talk စနစ်တွင် ပုံမှန်ကောက် ခံသည့် နိုင်ငံခြားခေါ်ဆိုခမှာ မလေးရှား နိုင်ငံဆိုလျှင် တစ်မိနစ် ၅၁ ကျပ် ကောက် ခံကြောင်း သိရသည်။

VMG TELCOMS Y-Talk ဖုန်းခေါ်ဆိုသည့် စနစ်ကို မြန်မာ့ဆက် သွယ်ရေးနှင့် ရတနာပုံတယ်လီပို့ ကုမ္ပ ဏီတို့ ပူးပေါင်းဝန်ဆောင် မှု ပေးခြင်း ဖြစ်ပြီး လက်ရှိတွင် Y-Talk စနစ်ကို ရတနာပုံတယ်လီပို့ ဝက်ဘ်ပို့တယ်နှင့် မိုဘိုင်းဖုန်း၊ ကိုယ်ပိုင်ကွန်ပျူတာများ တွင် ငွေဖြည့်ကတ်ဝယ်၍ အသုံးပြုနိုင်ကြောင်း သိရသည်။
 
Ref: Popular Myanmar News Journal

အစွန်းရောက်တွေရဲ့ အသုံးချခံဖြစ်လာတဲ့ ဖေ့စ်ဘုတ်


ဖေ့စ်ဘုတ်ဟာကမ္ဘာတ၀ှန်း သုံးစွဲသူပေါင်း သန်း ၁ ထောင်ကျော်ရှိပြီး တိုးတက်များပြားလာနေပါတယ်။

ဖေ့စ်ဘုတ်ကို အစွန်းရောက်သူတွေရဲ့ အသုံးချခံဖြစ်လာတဲ့ သာဓက တခုအနေနဲ့ အင်ဒိုနီးရှားနိုင်ငံရှိ
မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို့ ကြံစဉ်သူများရဲ့ သတင်းတပုဒ်နဲ့ ထင်ရှားမယ် ထင်ပါတယ်။

မြန်မာသံရုံး ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့တဲ့ သူတွေရဲ့ ဂျိဟာ့ဒ် စိတ်ဓာတ် ( The Spitit of Jihad) ဖေ့စ် ဘုတ် စာမျက်နှာကို အင်ဒိုနီးရှားရဲတွေက ခြေရာခံ လိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မုတ်ဆိတ်တွေနဲ့ လူတွေဟာ ရိုင်ဖယ်သေနတ်တွေကိုင်ပြီး The Spitit of Jihad စာတမ်းပါ ဗီနိုင်းကို ကိုင်ပြီး ဓာတ်ပုံတွေနဲ့ တကွ အဆိုပါ ဖေ့စ်ဘုတ်စာမျက်နှာကို ဖန်တီးသူတွေထဲက တဦးဖြစ်တဲ့ Sefa Riano ဆိုသူကိုလည်း အင်ဒိုနီးရှား ရဲတွေက ခြေရာခံလိုက်နိုင်တာဖြစ်တယ်လို့ ယနေ့ အေပီ သတင်းတပုဒ်က ဆိုပါတယ်။

လွန်ခဲ့တဲ့ ဧပြီလတုန်းက Sefa Riano ဆိုသူက သူ့မိဘတွေကို နောက်ဆုံးနုတ်ဆက် စကားပြောဆို
တောင်းပန်ခဲ့တဲ့ စကားကို အဆိုပါ ဖေ့စ်ဘုတ်စာမျက်နှာက Status မှာ သူက ရေးထားတယ်လို့ သိရပါ တယ်။

“ဘုရားသခင်ရဲ့ အလိုတော်အရ ကျနော်ဟာ မြန်မာသံရုံးကို အရေးယူပါတော့မယ်၊ ကျနော့်ရဲ့ ရုန်းကန် ကြိုးစားမှုကိုလည်း သင် တို့ တာဝန်သိသိနဲ့ မျှဝေပေးကြမယ်လို့ မျှော်လင့်ပါတယ်” လို့ Sefa Riano က ရေးသားထားပါတယ်။

ဒီလိုနဲ့ ရက်တော်တော်ကြာတော့ ရဲက ဖေ့စ်ဘုတ်နာမည်က Mambo Wahab ကို သုံးနေတဲ့ အသက် ၂၉ နှစ်ရှိတဲ့ Riano ကို ဂျကာတာ မြို့လယ်မှာ တရက်သောည သန်းခေါင် မတိုင်ခင်ပဲ ဖမ်းလိုက်ပါတော့ တယ်။

သူ့အဖော် နောက်တယောက်ကတော့ ကျောပိုးအိတ်ထဲမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေထည့်ထား တဲ့ ရေပိုက် ၅ ခုကို မော်တော် ဆိုင်ကယ်နဲ့ သယ်ယူခဲ့သူပါ။

သူတို့ကတော့ ဗုဒ္ဓဘာသာအများစုရှိ တဲ့ မြန်မာနိုင်ငံမှာ မွတ်စလင်တွေအပေါ် နှိပ်ကွယ်နေတာတွေ ဆန့်ကျင် တဲ့အနေနဲ့ လုပ်ခဲ့တာလို့ ပြောခဲ့ကြပါတယ်။ အခုတော့ ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ တရားရင်ဆိုင်
နေရပါပြီ။

အင်ဒိုရဲက ပြောရာမှာတော့ အင်ဒိုနီးရှားမှာ လူငယ်အများစုဟာ ဖေ့စ်ဘုတ်တွေအသုံးပြုလာတာ ဖေ့စ်ဘုတ် သုံးစွဲသူ သန်း ရာချီ အသုံးပြုသူတွေလည်း ရှိနေကာ အကြမ်းဖက်သမားတွေကို လူသစ်စုဆောင်းတဲ့ အလုပ်
တွေကို လူမှု ကွန်ရက်တွေ က တဆင့် လူငယ်တွေကို ပစ်မှတ်ထား အသုံးချလာတယ်လို့ ပြောပါတယ်။

မွတ်စလင် အများစု နေထိုင်ကြတဲ့ အစ္စလမ်နိုင်ငံတွေက ဖေ့စ်ဘုတ်သုံးစွဲသူတွေဟာ အစွန်းရောက်
ဟောပြော၊ ပို့ချမှုတွေ လုပ်တာကို အုပ်စုဖွဲ့ပြီး လုပ်ကိုင်လာနေကြကာ ဖြစ်တယ်လို့လည်း သုတေသန လုပ်နေသူတွေက ထောက်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာပဲ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အကြမ်းဖက်သမား ၅၀ ကနေ ၁၀၀ ထိ ကို ဖေ့စ်ဘုတ် အသုံးချပြီး တိုက်ရိုက် လူသစ်စုဆောင်းတာခံခဲ့ရတယ်လို့ အင်ဒိုနီးရှားနိုင်ငံက အကြမ်းဖက် တိုက်ဖျက်ရေး ဌာန အရာရှိတွေက ပြောကြပါတယ်။

အင်ဒိုနီးရှားမှာ အစွန်းရောက် ဖေ့စ်ဘုတ် အုပ်စု အနည်းဆုံး ၁၈ ခု ရှိပြီး အဲဒီအထဲက ဖေ့စ်ဘုတ်စာမျက်နှာ တခုမှာ Like လုပ်ထားသူပေါင်း ၇၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

သူတို့တွေဟာ အစ္စလမ်ဘာသာအကြောင်း ဆွေးနွေးသလိုနဲ့ အကြမ်းဖက်မှုတွေ လှုံ့ဆော်တဲ့ အရေး အသား၊ အကြံပေးချက်၊ ဗုံးလုပ်နည်း စတာတွေကို မျှဝေတာဖြစ်တယ်လို့လည်း အင်ဒို အရာရှိက ပြောပြ ပါတယ်။

အင်ဒိုနီးရှား ဆက်သွယ်ရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ Gatot S. Dewabroto က ဖေ့စ်ဘုတ် ရဲ့ ဆက်သွယ် ရေး စနစ်က အရမ်းမြန်တာကြောင့် သူတို့ ရေးသားချက်တွေကို အမြန်ဖယ်ရှားပိတ်ဆို့ဖို့လ ည်း လုပ်ရတာရှိပြီး စာမျက်နှာ တခုကိုတော့ ပိတ်ပစ်ခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိဟောင်းတဦးဖြစ်ပြီး အစ္စလမ်မစ် အစွန်းရောက်မှုတွေ အပေါ်
လေ့လာနေသူ ဖြစ်တဲ့ William McCants က နိုင်ငံတော်တော်များများက အစိုးရတွေဟာ အစွန်းရောက်
ရေးသားပြောဆိုမှုတွေကို သတိ ထားမိလာကြပြီး လူမှု မီဒီယာအသစ်တခုဆီကို ဦးတည် ရွေ့အောင် ကြိုးစားနေကြတယ်လို့ ပြောပါတယ်။

အမုန်းစကားတွေ ဖြန့်ဝေ၊ အမုန်းတရားဖြစ်စေမယ့် ဗီဒီယိုတွေ ယူကျုမှ တင်ပြီး ၀ါဒဖြန့်ချီမှုပုံစံနဲ့ လုပ် လာနေတဲ့ အကြမ်း ဖက် အားပေးလုပ်ရပ်တွေဟာ နိုင်ငံတော်တော်များများမှာ ရင်ဆိုင်လာနေရ တာပါ။

ဖေ့စ်ဘုတ်ကို ကောင်းမွန်တဲ့နေရာမှာ အသုံးချတဲ့သူတွေ ရှိသလို အဲဒီလို မဟုတ်တဲ့နေရာတွေမှာ အသုံးချ တာတွေလည်း များလာနေတာပါ။

ဖေ့စ်ဘုတ် အသုံးပြုသူ မြန်မာတွေအနေနဲ့လည်း အင်ဒိုနီးရှားက အစွန်းရောက်တွေက ဖေ့စ်ဘုတ်ကို အသုံးချသလိုမျိုး မဖြစ်အောင် တာဝန်သိစိတ်၊ ယဉ်ကျေးတဲ့ စိတ်၊ လူသားစိတ်တွေနဲ့ အသုံးပြုကြမယ် ဆိုရင် အလွန် တန်ဘိုးရှိမှာဖြစ်ပါတယ်။

ဖေ့စ်ဘုတ်ဟာ တကယ်တော့ " မီး " နဲ့ တူပြီး သုံးတဲ့သူတွေအပေါ် မူတည်နေတာမို့ သင်ခန်းစာ ယူစရာ လည်းဖြစ်ပါတယ်။
Ref: ဧရာဝတီ

စင်ကာပူ လေထုညစ်ညမ်းမှု အဆိုးဆုံး အခြေအနေရောက်


   အင်ဒိုနီးရှားနိုင်ငံအတွင်းတောမီးလောင်ကျွမ်းမှုကနေ ဖြစ်ပေါ်လာတဲ့ မီးခိုး တိမ်တိုက်တွေဟာ အိမ်နီးချင်း စင်္ကာပူနိုင်ငံရဲ့ ကောင်းကင်မှာ မကြုံစဖူး အုံ့ဆိုင်းနေပါတယ်။ ဒီဖြစ်ရပ်ကြောင့် အိမ်နီးချင်း ၂ နိုင်ငံအကြား ဆက်ဆံရေး အပေါ် ခြိမ်းခြောက်မှုတွေ ဖြစ်နေပါတယ်။
   မီးခိုးမြူမှုန်တွေကြောင့် လေထုညစ်ညမ်းမှု ပမာဏဟာ အဆိုးရွားဆုံး အနေအထားဖြစ်တဲ့ ၃၇၁ အမှတ်အထိ ရောက်ရှိ နေတဲ့အတွက် စင်္ကာပူ အာဏာပိုင်တွေက ပြည်သူတွေကို အဆောက်ဦတွေအတွင်းမှာသာ နေထိုင်ကြဖို့ ကြာသာပတေးနေ့မှာ နှိုးဆော်ထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ တောင်ယာလုပ်ကိုင်သူတွေက နွေရာသီကာလမှာ တရားမ၀င်တောမီးရှို့တာကနေ အခုလို မီးခိုးမြူမှုန်တွေ ထွက်ပေါ်နေ တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အခုသီတင်းပတ်အတွင်းမကြုံစဖူး ထူးထူးကဲကဲ များပြားလှတဲ့ မီးခိုးတိမ်တိုက်တွေကြောင့် အိမ်နီးချင်း ၂ နိုင်ငံအကြား သံတမန်ပိုင်းဆိုင်ရာ တင်းမာမှုတွေ ဖြစ်ပွားခဲ့ရပါတယ်။
    ဒီပြသနာကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ စင်္ကာပူ သဘာဝ ပတ်ဝန်းကျင်ရေးရာဆိုင်ရာ ၀န်ကြီး ဗီဗီယမ် ဘားလတ် ကရစ်ရှ်နန် Vivian Balakrishnan က ကြာသာပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။ အခုတကြိမ်ကြုံတွေ့နေရတဲ့ မီးခိုးမြူမှုန်တွေဟာ အရင်ကထက် ပိုပြီး ဆိုးရွားနေကြောင်း သူကပြောပါတယ်။
    အင်ဒိုနီးရှားကလည်း သူတို့နိုင်ငံက တောင်သူတွေကို ပညာပေးမှုတွေ လုပ်ဆောင်နေတဲ့အကြောင်း တုန့်ပြန်ချေပပြောဆို ပါတယ်။ အစဉ်အလာအရ တောင်ယာစိုက်ပျိုးဖို့အတွက် မြေယာရှင်းလင်းတဲ့နေရာမှာ မီးရှို့ပြီး ရှင်းလင်းတဲ့ နည်းဟာ ကုန်ကျစားရိတ် သက်သာမှု အရှိဆုံးဖြစ်တာကြောင့် တောမီးရှို့နေကြတာလည်းဖြစ်ပါတယ်။ 

Ref..ဗွီအိုအေ

၈၀ကျော်မှ ကံပေါ်ခဲ့သူ

 
ဗိတိန်နိုင်ငံမှ ဖီးလစ်စ်ကွတ်ခ်အမည်ရှိ အမျိုးသမီးကြီး တစ်ဦးသည် အသက် ၈၅ နှစ် အရွယ်ရောက်မှ သူမ၏ ပထမဆုံး သတို့သမီး ဘဝကို ရရှိခဲ့သည်ဟု သိရသည်။ ဖီးလစ်စ်သည် ၂ဝဝ၈ ခုနှစ်တွင်သူမနှင့် စေ့စပ်ထားသော အမျိုးသား ကွယ်လွန်သွားပြီး ချိန်မှစ၍ သူမ၏ ချစ်ကြိုး ပျောက်ပျက် သွားခဲ့ပြီး မျှော်လင့်ချက်များ ပျောက်ဆုံးခဲ့ပြီဟု တွေးထင်ခဲ့သည်။

ထို့ပြင် သူမ၏ စိတ်ကူးယဉ် မေတ္တာ ဇာတ်လမ်းနှင့် ပတ်သက်၍လည်း သူမ၏ မိဘများက မနှစ် သက်ခဲ့သောကြောင့် မည်သည့်အခါမျှ လက်ထပ်ခွင့် မရခဲ့ပေ။ ထို့ကြောင့် အသက်အရွယ် ရလာသော အချိန်တွင် နေအိမ်၌ သူမတစ်ဦးတည်း အထီးကျန်စွာ နေထိုင်ခဲ့ ရသည်။ ထို့ကြောင့် သူမသည် ပြီးခဲ့သည့်နှစ်က ဘိုးဘွားရိပ်သာ တစ်ခုသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရာမှ သူမ၏ ဘဝကြင်ဖော် ဖြစ်လာမည့် အသက် ၈၆ နှစ် အရွယ် အမျိုးသားကြီး တစ်ဦးနှင့် တွေ့ဆုံ ခဲ့ရခြင်း ဖြစ်သည်။

သူမ၏ ကြင်ဖော် ဖြစ်လာခဲ့သည့် ဂျွန်ပလွန်မာ အမည်ရှိ အဆိုပါ အမျိုးသားကြီးသည် သူမနှင့် လက်မထပ်မီ နှစ်ကြိမ်တိုင်တိုင် လက်ထပ်ခဲ့ဖူးကြောင်း၊ ယခင်က ဥယျာဉ်အလုပ် လုပ်ကိုင် ခဲ့ဖူးကြောင်း သိရသည်။

ယခုအခါတွင် ဂျွန်ပလွန်မာနှင့် ဖီးလစ်စ်တို့ နှစ်ဦးသည် ကန်တာဘာရီမြို့ရှိ St. Mildred's ဘုရားကျောင်းတွင် ဇွန် ၁၄ ရက်က လက်ထပ် ထိမ်းမြားခဲ့ကြပြီး ဘိုးဘွားရိပ်သာတွင် နေထိုင်သည့် အသစ်စက်စက် ဇနီး မောင်နှံဖြစ်လာခဲ့ကြောင်း သိရသည်။
Ref: myawady

လုံခြုံရေးသတိရှိရန် ကုလသမဂ္ဂက ၀န်ထမ်းများကို သတိပေး


   ရန်ကုန်မှာနိုင်ငံတကာ အကူအညီရေးအဖွဲ့က နိုင်ငြံခားသူတယောက်တိုက်ခိုက်ခံခဲ့ရပြီး လက်သည်ကို မ မိသေးသေရွေ့ နိုင်ငံတကာ အကူအညီအရေးတွင် လုပ်ကိုင်နေတဲ့ သူတွေကိုတယောက်တည်း အပြင်သို့ တည်းသွားလာရင် သတိထားဖို့ ရုံးတွင်းသတင်းထုတ်ချက် ထုတ်ထားပါတယ်။ ဇွန်၁၃ရက်နေ့ညပိုင်းက ဒဂြုံမို့နယ်အလြံပဘုရားလမ်း ပလက်ဖာင်ေးပ်ါမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က နိုင်ငြံခားသူ တယောက်တည်း လမ်ေးလျှာက်နေစဉ် ဓားနဲ့ထိုးခံရပြီးနောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး လုံခြုံရေးနဲ့ပတ်သက်တဲ့ တာဝန်ရှိသူတွေက အခုလိုသတိပေးနေတာလည်း  ဖြစ်ပါတယ်။
   တဦးတည်ေးမှာင်တဲ့လမ်ေးတွနဲ့ လူသူကင်းမဲ့တဲ့နေရာတွေကို မသွားဖို့၊ နေဝင်ပြီးတာနဲ့ လက်သည်ကိုမမိ မချင်း မသွားဖို့လည်း သတိပေးထားတယ်လို့ ဒီဗွီဘီကရရှိတဲ့ စာမှာေ ရးသားထားပါတယ်။ ဒဏ်ရာရအမျိုး သမီးကို ဆေးရုံတင်လိုက်ရပြီး အခြေအေန စိုးရိမ်စရာ မရှိဘူးလို့ဆိုပါတယ်။ ဒီတိုက်ခိုက်ခံရတဲ့ သတင်းနှင့် ပတ်သက်ြပီး ရန်ကုန်အခြေစိုက် ကုလသမဂ္ဂဆိုင်ရာပြောခွင့်ရသူ ဦးအေးဝင်းကို မေမြန်းရာ ဖြစ်ပွားမှုများကို အတည်ပြုသော်လည်း ဒီကိစ္စဟာကာယကံရှင်ရဲ့ ကိုယ်ရေုးကိုယ်တာဖြစ်သလို ရုံးရဲ့ပေါ်လစီနဲ့လဲဆိုင်လို့ အသးစိတ်မပြောဆိုပါဘူးလို့ဖြေပါတယ်။ အခင်းဖြစ်တဲ့နယ်မြေအပိုင် ဒဂုံရဲစခန်းကို မေးမြန်းရာမှာတော့ တိုက်ခိုက်ခဲ့တဲ့သူကို လိုက်လံစုံစမ်း ဖမ်းဆီးဆဲဖြစ်ပြီး ဒီအမှုကိုကိုင်တွယ်တဲ့ ရဲတပ်ဖွဲ့ဝင်မရှိတဲ့အတွက် အသးစိတ် မပြောနိုင်ဘူးလို့ပြောပါတယ်။ တိုက်ခိုက်ခံရသူဟာ အမေရိကန်နိုင်ငံသား တရုတ်လူမျိုး ထရီ ဆာဝိုင်ယီဟာ (Teresa Wai Yee Ha) ဖြစ်ပြီး အမည်မသိအမျိုးသားတဦးကနေ နောက်ကျောဘက်ကချုပ် ကိုင်ပြီး ချွန်ထက်သောအရာနဲ့ လည်ပင်းကို တိုက်ခိုက်ခဲ့တာလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ လူမှုရေးကွန်ကရက် ၏ ဖေ့ဘုတ်စာမျက်နှာမှာရေးသားထားပါတယ်။

Ref...DVB

မြန်မာ မြန်မာငွေမဲ ခဝါချပေးခဲ့တဲ့ ဂျပန်ဘဏ် ဒဏ်ရိုက်ခံရ


  အမေရိကန်နိုင်ငံက အီရန်၊ ဆူဒန် နဲ့ မြန်မာနိုင်ငံတွေနဲ့ စီးပွားရေး လုပ်ဆောင်မှုတွေ တားမြစ် ပိတ်ပင်ထားတဲ့အချိန်မှာ ၊ အမေရိကန်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းကနေတဆင့် အဲဒီနိုင်ငံတွေ ကိုယ်စား ငွေမည်း ခ၀ါချမှုတွေ လုပ်ဆောင်ပေးခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးဘဏ်ကို ဒေါ်လာသန်း ၂၅၀ ဒဏ်ရိုက်လိုက်ပါတယ်။ တိုကျို မစ်ဆူဘီရှီဘဏ်ဟာ ဒေါ်လာသန်းပေါင်း ၁၀၀ ဖိုးလောက်ရှိတဲ့ ၊ ငွေကြေး အလွှဲအပြောင်း ၃ သောင်းခန့်ကို သက္ကရာဇ် ၂၀၀၀ နဲ့ ၂၀၀၇ ခုနှစ်အကြား နယူးမှာရှိတဲ့ဘဏ်ခွဲတွေကတ ဆင့်ဆောင်ရွက်ခဲ့တယ်လို့ နယူးယောက်မြို့အရာရှိများမှဖော်ထုတ်ပြောကြားခဲ့ကြပါတယ်။ ဒီငွေကြေးအလွှဲ ရန်သူနိုင်ငံတခုနဲ့ စပ်ဆက်မှုရှိနေတယ် ဆိုတာကို ဖေါ်ထုတ်ဖို့၊ အထက်ညွန်ကြားချက်အရတမင် တကာ မဖော်ထုတ်ပဲနေခဲ့ကြတယ်လို့ စစ်ဆေးရေးအရာရှိတွေက ဆိုပါတယ်။ အစောပိုင်းကတော့ ၊ ဒီအမှု အတွက် ဒဏ်ငွေ ၈ သန်းခွဲကို အမေရိကန် အာဏာပိုင်တွေကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့အဲဒီဘဏ် ကတော့ ဒီတရားမ၀င်ငွေကြေးလွှဲပြောင်းမှုနဲ့ ပတ်သက်ပြီး အမေရိကန်အရာရှိတွေကို သူတို့နဲ့သဘောနဲ့ သူတို့အကြောင်းကြားခဲ့ပြီးဖြစ်တယ်၊ အဲဒီအချိန်ကစပြီး ဘဏ်တွင်းထိန်းချုပ်မှုတွေကို တိုးတက်ကောင်းမွန်  လာအောင် လုပ်ဆောင်လာခဲ့တယ်လို့ ပြောပါတယ်။ 

Ref..ဗွီအိုအေ

ဘာစီလိုနာ ကွင်းလယ်လူ သီယာဂိုနှင့် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားသည့် မန်ချက်စတာယူနိုက်တက်

   မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဘာစီလိုနာ ကွင်းလယ်လူ သီယာဂို အယ်လ်ကန် ထရာကို ခေါ်ယူရန်အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရရှိခဲ့ပြီဟု သတင်းများ ထွက်ပေါ်လာသည်။
အင်္ဂလန် ချန်ပီယံ အသင်းသည် စပိန်လာလီဂါ ချန်ပီယံ အသင်း၏ လူငယ် ကွင်းလယ်ဖန်တီးရှင် ကစားသမားလေးအား တစ်နှစ်လုပ်ခ ပေါင်စတာလင် (၅)သန်းဖြင့် စာချုပ်ရန် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။ ထိုအနေအထားတွင် ဘာစီလိုနာ အသင်းနှင့် ယူနိုက်တက်တို့ကြား ပြောင်းရွှေ့ကြေး ဆက်လက် ညှိနှိုင်းရန်သာ လိုအပ်တော့သည်။ သတင်းများကမူ ပေါင်စတာလင် (၁၇)သန်းတန် ပြောင်းရွှေ့ကြေး တစ်ရပ်သည် သီယာဂို အိုးလ်ထရက်ဖို့ဒ်သို့ ရောက်လာစေမည့် ဆုံမှတ်ဟု သုံးသပ် ရေးသားနေကြသည်။
ယူနိုက်တက် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်သည် ကွင်းလယ်အင်အား တည်ဆောက်ရေးကို အလေးအနက် လုပ်ဆောင်ခဲ့ပြီး သီယာဂိုကိုလည်း အနှစ်သက်ဆုံး ကစားသမား တစ်ဦးအဖြစ် ချဉ်းကပ်ခဲ့သည်။ အသက်(၂၂)နှစ်ရှိ သီယာဂိုသည် ၎င်း၏ ဖခင်လည်းဖြစ်၊ အေးဂျင့်လည်းဖြစ်သည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်း မာဇင်ဟိုထံမှတစ်ဆင့် ယူနိုက်တက် တာဝန်ရှိသူများနှင့် ပုဂ္ဂိုလ်ရေး ညှိနှိုင်းမှု ပြုလုပ်ခဲ့ခြင်းဟု သိရသည်။ ဥရောပ အသက်(၂၁)နှစ်အောက် လူငယ်ချန်ပီယံရှစ် ဗိုလ်လုပွဲတွင် စပိန်အတွက် Hat-Trick သွင်းယူခဲ့သော ကစားသမားလေးကို ယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် လက်ထက်ကတည်းက အင်္ဂလန် ထိပ်သီးအသင်းကြီးက စိတ်ဝင်စားနေခဲ့ခြင်း ဖြစ်သည်။
Ref: soccer maynmar

ဗုဒ္ဒခြေတော်ရာချခဲ့သည့်နေရာ ၁၀ နေရာ

(၁) အိန္ဒိယပြည်၊ ဘုံဘိုင်မြောက်ပိုင်း၊ နမ္မဒါမြစ်ထဲ၌ ခြေတော်ရာတစ်ဆူ...။

(၂) အိန္ဒိယပြည်၊ ဘုံဘိုင်နယ်မြောက်ပိုင်း၊ နမ္မဒါမြစ်အထက်
သစ္စပန်တောင်ပေါ်၌ ခြေတော်ရာတစ်ဆူ...။

(၃) အိန္ဒိယပြည်မြောက်ပိုင်း ဥဒယာနတိုင်း၌ ခြေတော်ရာတစ်ဆူ...။(တရုတ်ဘုန်းတော်ကြီး ဖာယီယန်၏ မှတ်တမ်းအရ)

(၄) အိန္ဒိယပြည်၊ ပါတလိပုတ်မြို့တော်၏ တောင်ဘက်သုံးလိအကွာ၌ ခြေတော်ရာတစ်ဆူ...။(ဖာယီယန်၏ မှတ်တမ်းအရ)

(၅) သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) သုမနကုဋ(SriPada) တောင်ထိပ်၌ ခြေတော်ရာတစ်ဆူ...။

(၆) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မယူကမ်းပုံစည်းကျွန်း၊ သာစည်ထောင့်ရွှာအနီး၌ ခြေတော်ရာတစ်ဆူ...။

(၇) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုလားတန်းမြစ်ဝရှိ ဖရုံကာကျွန်းစု၊ မြေငူကျွန်း၊ဆံတော်ရှင်ဓာတ်တော် အနီးရှိ ခြေတော်ရာတစ်ဆူ...။

(၈) မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မန်းချောင်း(မန်းရွှေစက်တော်)၌ အောက်,အထက်ခြေတော်ရာနှစ်ဆူ...။

(၉) မြန်မာနိုင်ငံမြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင် အရှေ့မြောက်ဘက် တောင်စောင်း၌ ခြေတော်ရာတစ်ဆူ...။

(၁၀) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မဟီ(မအီ)မြစ်အတွင်း၌ အထက် အောက် ဝဲယာ ခြေတော်ရာတစ်စုံ...။စသည်တို့ ဖြစ်ကြကြောင်း
Ref:Bagan Online Media

အာဆင်နယ် အသင်းသည် ဂွန်ဇာလို ဟီဂူရင်းကို ခေါ်ယူနိုင်ရန် အနီးစပ်ဆုံးအခြေအနေသို့ ရောက်ရှိလာပြီ


  အကြို ညှိနှိုင်းမှုများ အပြီးတွင် အာဆင်နယ်သည် ဟီဂူရင်းအား တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)ဖြင့် စာချုပ်ရန် သဘောတူညီနိုင်ခဲ့ကြောင်း သိရှိရသည်။ ရီးယဲလ်မက်ဒရစ် အသင်း၏ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးသည် ကလပ်အသင်း နှစ်ခုကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှု အဆင်ပြေပါက အစ်တီဟတ်သို့ ရောက်ရှိရန် အသင့် ဖြစ်နေပြီဟု ယူဆရသည်။ ယခုသဘောတူညီမှုကြောင့် ဟီဂူရင်းသည် သီအိုဝဲလ်ကော့တ်၊ သောမတ်စ်ဗာမေလန်တို့နည်းတူ ကလပ်အသင်း၏ လုပ်ခ ခံစားခွင့် အမြင့်မားဆုံး ကစားသမား တစ်ဦး ဖြစ်လာမည်ဟု သိရသည်။
ဟီဂူရင်းသည် ရီးယဲလ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၆၄၀၀၀) ရရှိနေသူ ဖြစ်သည်။ အာဆင်နယ်သည် ၎င်းကို ဝယ်ယူရေးအတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ကို အကုန်အကျခံဖွယ်လည်း ရှိနေသည်။ အသက်(၂၅)နှစ်ရှိ ကစားသမားကို အာဆင်နယ်က ပေါင်စတာလင် သန်း(၂၀)မျှဖြင့် ဝယ်ယူနိုင်ရန် မျှော်လင့်လျှက် ရှိသည်။ ဟီဂူရင်းနှင့် အာဆင်နယ်တို့ကြား ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရရှိထားပြီဟု သတင်းများက ဖော်ပြနေသည့်တိုင် အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ်ကလည်း ကစားသမားကို ခေါ်ယူရန် ဆက်လက် ကြိုးပမ်းနေဆဲဟုလည်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

Ref..soccer myanmar


   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဘာသာခြားယော က်ျားတစ်ဦးအနေနဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို လက်ထပ်လိုချင်ရင် ဗုဒ္ဓဘာသာဝင်သို့ပြောင်း ရမယ်လို့ အခုရက်ပိုင်းအတွင်း သံဃာတချို့က မိန့်ကြားနေကြတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ် တယ်လို့ ပြောဆိုလိုက်ပါတယ်။
 "ကျမတို့နိုင်ငံရဲ့ ဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ နားလည်တယ်၊ အထူးသဖြင့် ဒါတရားတော်ထဲမပါဘူးဆိုရင် ကိုယ့်နိုင်ငံရဲ့ဥပဒေနဲ့ ကိုက်ညီလားမလား၊ ကြည့်ရမှာတစ်ဖက်၊ နောက်တစ်ဖက်ကလည်း ဇင်မာအောင်တို့ ပြောသလို၊ အမျိုးသမီးအခွင့်အရေး လူ့အခွင့်အရေးဘက်က ကြည့်ရမှာပေါ့" RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာဖြစ် ပါတယ်။ ဒါ့အပြင်မလေးရှားရောက် မြန်မာနိုင်ငံသားများ ထိခိုက်သေဆုံးဒဏ်ရာရမှုနဲ့ ပတ်သက်ပြီးမေးမြန်း ခဲ့ရာတွင်ပြည်ပရှိမြန်မာနိုင်ငံသားတွေအတွက် နိုင်ငံခြားမှာရှိတဲ့သက်ဆိုင်ရာ သံရုံးတွေကထိထိရောက်စွာ တာဝန်ယူကူညီဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ "အစိုးရဆိုတာ ကိုယ့်ရဲ့လူမျိုးတွေ ဘယ်မှာ ပဲဖြစ်ဖြစ် ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ ယဉ်ကျေးမှုတစ်ခု ထူထောင်ဖို့လိုတယ်၊ အလုပ် သမားတွေတင်မကဘူး၊ နိုင်ငံခြားကို ရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေကို ပါစောင့်ရှောက်ရမယ်" တဆက်တည်းမှာပဲ ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းက သမ္မတအဖြစ်ဝင်ရောက်ကာ အရွေးခံမယ်လို့ ဝါရှင်တန်ဒီစီမှာ ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး သဘောထားကိုမေးမြန်းရာ အခုလိုပွင့်ပွင့်လင်းလင်းပြောဆိုခဲ့  တာကို လေးစားနှစ်သက်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။     
သတင်း RFA

တိုက်တန်းနစ် သင်္ဘော တကယ်မမြှုပ်ခဲ့

 
အများစု သိထားတာက ၂၀ ရာစုရဲ့  အကြီးမားဆုံး ရေကြောင်း အက်ဆီးဒန့် ဖြစ်တဲ့ တိုက်တန်းနစ်ဟာ နှစ်မြှုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် တကယ် မနှစ်မြှုပ်ခဲ့ဘူးဆိုတာကိုလည်း အင်ဂျင်နေယာ Robin Gardiner က သက်သေပြခဲ့ပါတယ်။

သူ့ရဲ့ Titanic: The Ship That Never Sank? အမည်ရ စာအုပ်နဲ့ ဖြစ် ပါတယ်။ အမှန်တော့ တကယ် နှစ်မြှုပ်သွားတဲ့ သင်္ဘောက Olympic အမည်ရ တိုက်တန်းနစ်ရဲ့  မောင်နှမ သင်္ဘော (Sister ship) ဖြစ်ပါတယ်။ Sister ship ဆိုတာ အရွယ်အစားရော၊ အတွင်းအပြင်ရော အားလုံးနီးပါး တူတဲ့ သင်္ဘောကိုခေါ်ခြင်း ဖြစ်ပါတယ်။ Olympic သင်္ဘောက အသက်ပိုကြီး ပါတယ်။

Olympic ကို တိုက်တန်းနစ်နဲ့ အတူတူ တည်ဆောက်ပြီး ၁၉၁၀၊ အောက် တိုဘာလမှာ ရေချပါတယ်။ တိုက်တန်းနစ်ထက် အများကြီး စောပါတယ်။ ပင်လယ်မှာ တာဝန်ထမ်းဆောင်ရင်း ၁၉၁၁၊ စက်တင်ဘာလ ၂၀ ရက်နေ့ကျတော့ ဗြိတိန်တော်ဝင်ရေတပ် သင်္ဘော ဖြစ် တဲ့ HMS Hawke နဲ့ တိုက်မှု ဖြစ်ပွားပါတယ်။ နှစ်စင်းလုံး မမြှုပ်ပေမယ့် ကြီးကြီးမားမား ဒဏ်ရာကိုယ်စီ ရရှိခဲ့ကြပါတယ်။ အိုလံပစ် သင်္ဘော ဆိုရင် အောက်ခြေနဲ့ ဘေးကိုယ်ထည်တွေ တော်တော်လေး ပျက်ဆီး သွားပါတယ်။ ယင်းတိုက်မှုမှာ အပြစ်ရှိသူကလည်း အိုလံပစ် သင်္ဘော ပဲ ဖြစ်ပါတယ်။

ဒီတော့ အိုလံပစ် သင်္ဘောက အာမခံ လျော်ကြေးငွေ မရတော့ပါဘူး။ ကုမ္မဏီ အနေနဲ့ကတော့ အာမခံလျော်ကြေးငွေ ရရှိလိုဆဲ ဖြစ်ပါတယ်။ အသစ်ဆက်ဆက် တိုက်တန်းနစ်ကို အိုလံပစ်ဆိုတဲ့ အမည်ပြောင်းပေးလိုက် ပါတယ်။ အိုလံပစ်ကို တိုက်တန်းနစ် သင်္ဘောအဖြစ် နာမည်ပြောင်းပေး လိုက် ပြီး ခရီးများများ သွားခိုင်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ကို ခရီးသွားဖို့ ကြုံရပါတယ်။ အားလုံးနီးပါး ဆင်တူယိုးမှာ ဖြစ်အောင် အတတ်နိုင်ဆုံး ပြင်ဆင်ခဲ့ ပါတယ်။ ဒီတော့ တိုက်တန်းနစ်အဖြစ် ဟန်ဆောင်ပြီး ခရီးသွားတဲ့ အိုလံပစ်က မခိုင်တော့တဲ့ အတွက် ကြိမ်းသေ တစ်ခုခု ဖြစ်နိုင်တယ်ဆိုတာ ကြိုတွက်ပြီးသား ဖြစ် ပါတယ်။

၁၉၁၂ ဧပြီလ ၁၄ ရက်မှာ တကယ်ပဲ နှစ်မြှုပ်သွားပါတယ်။ အားလုံးက တိုက်တန်းနစ်လို့ပဲ သိထားကြပါတယ်။ ခရီးသည်ရော၊ သင်္ဘောသားတွေရော၊ သေဆုံးသူရဲ့  မိသားစုဝင် အသီးသီးရော၊ ကုမ္မဏီရော အားလုံး အသီးသီလျော်ကြေးငွေ ရရှိပါတယ်။ တိုက်တန်းနစ် ဟာ ဘယ်တော့မှ မမြှုပ်နိုင်တဲ့ သင်္ဘောလို့ အားလုံးက အသိအမှတ်ပြု လက်ခံထားပေမယ့် တကယ် နှစ်မြှုပ်သွားခဲ့လို့ ဖြစ်ပါတယ်။

သို့ပေမယ့် တိုက်တန်းနစ် ပိုင်ရှင် White Star Line ကုမ္မဏီ ဟာ ယနေ့မှာ ဆိုရင် ဗြိတိန်ပေါင် ၃၄ သန်းမကတဲ့ အကြွေးမြီနဲ့ နာမည်ဆိုး ကျန်ခဲ့စေ ပါတယ်။ ယနေ့တိုင် ရုံးဖွင့်ထားသေးပေမယ့် ဒေ၀ါလီ ခံရတော့မယ် ကုမ္မဏီ ဖြစ်ပါတယ်။

တိုက်တန်းနစ် သင်္ဘော တကယ် မမြှုပ်ပဲ သူ့နဲ့ ဆင်တူ Olympic သင်္ဘောမြှုပ် သွားတယ်ဆိုတာကို Titanic: The Ship That Never Sank? အမည်ရ စာအုပ်မှာ လေ့လာတွေ့ရှိနိုင်ပါတယ်။
Ref: Bagan Online Media

ကမ္ဘာကျော် Unilever ကုမ္ပဏီက မြန်မာနိုင်ငံတွင် ၎င်းတို့၏ လူသုံးကုန်များ ထုတ်လုပ်ရန် ပထမဆုံး စက်ရုံကို ရှေ့လတွင် ဖွင့်လှစ်မည်

ကမ္ဘာကျော် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့် Unilever ကုမ္ပဏီက ၎င်းတို့၏ အမေရိကန်ဒေါ်လာ ၆၆၇ သန်း ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်အရ မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းများ ထုတ်လုပ်မည့် စက်ရုံကို လာမည့်လတွင် ဖွင့်လှစ်သွားမည်ဟု သိရသည်။အဆိုပါစက်ရုံမှ လုပ်ငန်းများကို လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း လုပ်ငန်းများ လည်ပတ်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သည်။ 

၎င်းတို့က လာမည့် ၁၀ နှစ်အတွင်း ကြီးထွားလာမည့် မြန်မာ့လူသုံးကုန် ဈေးကွက်တွင် ထိပ်တန်းအဖြစ် ရပ်တည်နိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်းနှင့် မြန်မာနိုင်ငံတွင် ဒုတိယမြောက် စက်ရုံကို ယခုနှစ်ကုန်ပိုင်းတွင် တည်ဆောက်ရန် လျာထားသော်လည်း အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။လတ်တလော အချိန်တွင် ၀န်ထမ်း ၁၅၀ ခန့်ဖြင့် စတင်သွားမည်ဖြစ်ပြီး နှစ်ကုန်ပိုင်းတွင် ၀န်ထမ်း ၁၀၀ ခန့် ထပ်မံခန့်သွားရန် ရှိနေသည်ဟု ဆိုသည်။
Ref: EMG

'သ' အက္ခရာ ကားဟောင်းများ အပ်နှံမှု ယခုနှစ် ဇွန်လအတွင်း၌ပင် လက်ခံမည်

'သ' အက္ခရာ ကားဟောင်းများကို ယခုနှစ် ဇွန်လအတွင်း၌ပင် အပ်နှံမှု စတင်လက်ခံ နိုင်မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိသည်။''ဒီလထဲမှာပဲ 'သ' အက္ခရာ ကားဟောင်းတွေ အအပ်လက်ခံဖို့ များတယ်။ အခု နောက်ပိုင်း 'လ' အက္ခရာ ကားဟောင်းတွေက သုံးလို့ ရနေတာကြောင့် အပ်တာနည်းလို့ ကားဟောင်းဈေး တက်သွားတာပါ။ မကြာခင် 'သ' အက္ခရာ ကားဟောင်းတွေ လက်ခံလိုက်ရင် ပုံမှန်ပြန်ဖြစ် သွားမှာပါ'' ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ 

လက်ရှိတွင် 'လ' အက္ခရာ ကားဟောင်း အပ်နှံမှုကို လက်ခံလျက် ရှိသော်လည်း အပ်နှံမည့်သူ လွန်စွာနည်းပါးလျက် ရှိသည့်အပြင် ကားစလစ်ဈေးနှင့် 'လ'အက္ခရာ ကားဟောင်း ဈေးများမှာလည်း မြင့်တက်လျက် ရှိသည်ဟု သိရသည်။'လ'အက္ခရာ ကားဟောင်း တစ်စီးလျှင် ကျပ်သိန်း ၁၀၀ နီးပါးအထိ ပေါက်ဈေးရှိနေပြီး ရောင်းချမည့်သူပင် မရှိကြောင်း၊ ကားစလစ် ဈေးများမှာလည်း ကျပ်သိန်း ၁၀၀ ကျော် အထိ မြင့်တက်လျက် ရှိကြောင်း သိရသည်။ နယ်ဝယ်လက်များထဲ၌ အများစုမှာ အမည်ပေါက်ဖြင့် ၀ယ်ယူလိုသူ များပြားကြောင်း၊ အမည်ပေါက် လုပ်ရန်အတွက် ကားဟောင်းအပ်အား ရရှိမှသာ အဆိုပါ ကားဟောင်းအပ်ကာ အမည်ပေါက်လုပ်၍ ရကြောင်း၊ အမည်ပေါက် လုပ်ပေးမည်ဟု ကတိပေးပြီးနောက် ကားဟောင်း ရှာမရသည့်အတွက် ရောင်းသူနှင့် ၀ယ်သူအကြား ကတိပျက်သည့် အနေအထားများ ရှိလာကြောင်း သိရသည်။

''နယ်ဝယ်လက်တွေထဲမှာ အများစုက နာမည်ပေါက်ပဲ ၀ယ်တာများတယ်။ အရောင်းပြခန်းတွေက ကားတွေသွင်းပြီး ကားဟောင်းပြန်ရှာ ၀ယ်နိုင်မှ အမည်ပေါက်နဲ့ ရောင်းပေးလို့ရတာ။ အခု အမည်ပေါက် လုပ်ပေးမယ် ပြောထားပေမယ့် ကားဟောင်း ရှာမရတော့ ကတိဖျက်သလိုဖြစ်ပြီး အခက်အခဲတွေလည်း တွေ့ကုန်တယ်'' ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားဝယ်ရောင်း တစ်ဦးက ပြောကြားသည်။

'သ' အက္ခရာ ကားဟောင်းများ အအပ် လက်ခံလိုက်ပါက ကားဟောင်းနှင့် စလစ်ဈေး ပြန်ကျမည် ဖြစ်ကြောင်း၊ ကားဟောင်း ဈေးမှာ ပုံမှန် ကျပ် ၈၅ သိန်းဝန်းကျင် ရှိကြောင်း၊ ထို့အတွက် 'သ' အက္ခရာ ကားဟောင်းများ အပ်နှံမှု လက်ခံပါက ကားဟောင်းဈေးမှာ ယခုပေါက်ဈေး ဖြစ်သည့် ကျပ်သိန်း ၁၀၀ နီးပါးဈေးမှ ပြန်လည် ကျဆင်းသွားမည်ဟု သိရသည်။လက်ရှိ ရန်ကုန်မြို့ ကားဈေးကွက် အတွင်း၌ နယ်ဝယ်လိုအားသာ ရှိကြောင်း၊ နယ်ဝယ်လက်များ အနေဖြင့် ရန်ကုန်ဝယ်လက် များကဲ့သို့ ၁၃၀၀ စီစီ အမျိုးအစား ကားကိုသာ အဓိက မထားဘဲ အင်ဂျင်ပါဝါ မျိုးစုံအား ၀ယ်ယူလျက် ရှိသည်ဟု သိရသည်။
Ref:EMG

လျှို့ဝှက်ကင်မရာရန်မှ ကာကွယ်ရန်

 
အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့်ဘယ်နားမှာတပ်ဆင်ထားလဲဆို တာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာ ပါ လာ တဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။
3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။


နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်က ကြည့်ရင် ကြေးမုံပြင် အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လားနှစ် ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။
 
ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက် မျက်နှာပြင်ကို  ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ် လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။
ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

Credit - Original up-loader

ZinYawNews

သရုပ်ဆောင်မေဇွန်အား အလုပ်နှင့်ထောင်ဒဏ် ၉ နှစ် ၄ လချမှတ်


    အိမ်အကူမလေး သေဆုံးမှုနှင့်ပတ်သက်ပြီး အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခြင်း ခံထားရ သည့် သရုပ်ဆောင်မေဇွန်အား ဇွန် ၂၀ ရက်က အပြီးသတ်အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။ သရုပ်ဆောင်မေဇွန်အား အနောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး(၃)မှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၂) အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၉ နှစ်၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ်သုံးလနှင့် ပုဒ်မ ၃၂၃အရ ထောင်ဒဏ် ၁ လတို့ကို သီးခြားကျခံစေရန်နှင့် ချုပ်ရက်ကိုထုတ်နုတ်ခံစားစေပြီး အယူခံဝင်ခွင့်ရှိကြောင်း ဇွန် ၂၀ ရက် မွန်းလွဲပိုင်းက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ မေဇွန်မှာ MRTV-4 ၏ Flower & Butterfly ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက် ဗဟိုလမ်းတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၀ ရက်ညက အိမ်ဖော်မလေးသေဆုံးမှုနှင့် ပတ်သက်ပြီး တရားစွဲဆိုခံရခဲ့ရပြီး ဇွန် ၂၀ ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
   မေဇွန်သည် ကျောင်းကိစ္စအရေးကြီးသဖြင့် ခရီးထွက်စဉ် သော့မှာ၎င်းနှင့်အတူပါသွားပြီး ယင်းသော့ကို မနုနုလွင်အား ပြန်လည်ပေးအပ်ခြင်းမရှိသဖြင့် အခန်းထဲတွင်သော့ခတ်ခံထားရကြောင်း ထင်ရှားခဲ့ပြီး အဆို ပါ ပြစ်ဒဏ်အပေါ် တရားခံ၏ရှေ့နေဖြစ်သူဦးအောင်မြင့်က ''ဒီပြစ်ဒဏ်က ပြင်းထန်တယ်လို့ထင်မိပါတယ် ။နောက်ပြီး မေဇွန်ကကျောင်းတက်နေဆဲ ကျောင်းသူဖြစ်ပြီး ငယ်ရွယ်တဲ့သူဖြစ်တာရယ်၊ အရင်ကပြစ်မှု ကျူးလွန်ခြင်း မရှိခဲ့ဖူးတာရယ်ကြောင့် ဒီပြစ်ဒဏ်အပေါ် သက်ညှာပေးဖို့ အယူခံတက်သွားမှာပါ'' ဟု ဇွန် ၂၀ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်က The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။
   သေဆုံးခဲ့သည့် မနုနုလွင်သည် နောက်စေ့၊ လက်မောင်း၊ ပခုံးတို့တွင် ဖူးယောင်ဒဏ်ရာများ ရရှိ ခဲ့ကြောင်း၊ လက်ဖျံ၊ ညာလက်ကောက်ဝတ်နှင့် ၀ဲပါးစောင်းတွင်သွေးခြည်ဥသည့် ဒဏ်ရာများနှင့်တကွ အရေပြားတွင် အစင်းရာများတွေ့ရှိခဲ့ကြောင်း၊ သေဆုံးပြီး ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူသည်ရရှိ သည့်ဒဏ်ရာများကြောင့် ကျောက်ကပ်ပျက်စီးပြီး ဇီဝကမ္မဖြစ်စဉ်အရ စိတ်ဓာတ်ကျဆင်း၍သေဆုံးရခြင်းဖြစ် ဖွယ်ရှိကြောင်း ဆေးစာတွင် ဖော်ပြချက်အရ စစ်ဆေးတွေ့ရှိရကြောင်း အဆိုပါတရားသူကြီးကဆိုသည်။ အခြားအိမ်အကူဖြစ်သည့် မဇင်ဇင်ထိုက်၏ထွက်ဆိုချက်အရ မေဇွန်သည်အိမ်အကူများအား မကြာခဏနှိပ် စက်ခဲ့ကြောင်းနှင့် မေဇွန်သည် ကျောင်းကိစ္စအရေးကြီးသဖြင့် ခရီးထွက်စဉ်သော့မှာ ၎င်းနှင့်အတူပါသွားပြီး ယင်းသော့ကို မနုနုလွင်အား ပြန်လည်ပေးအပ်ခြင်း မရှိသဖြင့် အခန်းထဲတွင် သော့ခတ်ခံထားရကြောင်း ထင်ရှားခဲ့ပြီး မေဇွန်နှိပ်စက်သဖြင့် သေဆုံးရခြင်းသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု တရားသူကြီး က ပြောကြားခဲ့သည်။

ဖေ့ဘုတ် (ဗဟုသုတ ဟင်းပေါင်းအိုးကြီး)