21.6.13

မြန်မာ မြန်မာငွေမဲ ခဝါချပေးခဲ့တဲ့ ဂျပန်ဘဏ် ဒဏ်ရိုက်ခံရ


  အမေရိကန်နိုင်ငံက အီရန်၊ ဆူဒန် နဲ့ မြန်မာနိုင်ငံတွေနဲ့ စီးပွားရေး လုပ်ဆောင်မှုတွေ တားမြစ် ပိတ်ပင်ထားတဲ့အချိန်မှာ ၊ အမေရိကန်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းကနေတဆင့် အဲဒီနိုင်ငံတွေ ကိုယ်စား ငွေမည်း ခ၀ါချမှုတွေ လုပ်ဆောင်ပေးခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးဘဏ်ကို ဒေါ်လာသန်း ၂၅၀ ဒဏ်ရိုက်လိုက်ပါတယ်။ တိုကျို မစ်ဆူဘီရှီဘဏ်ဟာ ဒေါ်လာသန်းပေါင်း ၁၀၀ ဖိုးလောက်ရှိတဲ့ ၊ ငွေကြေး အလွှဲအပြောင်း ၃ သောင်းခန့်ကို သက္ကရာဇ် ၂၀၀၀ နဲ့ ၂၀၀၇ ခုနှစ်အကြား နယူးမှာရှိတဲ့ဘဏ်ခွဲတွေကတ ဆင့်ဆောင်ရွက်ခဲ့တယ်လို့ နယူးယောက်မြို့အရာရှိများမှဖော်ထုတ်ပြောကြားခဲ့ကြပါတယ်။ ဒီငွေကြေးအလွှဲ ရန်သူနိုင်ငံတခုနဲ့ စပ်ဆက်မှုရှိနေတယ် ဆိုတာကို ဖေါ်ထုတ်ဖို့၊ အထက်ညွန်ကြားချက်အရတမင် တကာ မဖော်ထုတ်ပဲနေခဲ့ကြတယ်လို့ စစ်ဆေးရေးအရာရှိတွေက ဆိုပါတယ်။ အစောပိုင်းကတော့ ၊ ဒီအမှု အတွက် ဒဏ်ငွေ ၈ သန်းခွဲကို အမေရိကန် အာဏာပိုင်တွေကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့အဲဒီဘဏ် ကတော့ ဒီတရားမ၀င်ငွေကြေးလွှဲပြောင်းမှုနဲ့ ပတ်သက်ပြီး အမေရိကန်အရာရှိတွေကို သူတို့နဲ့သဘောနဲ့ သူတို့အကြောင်းကြားခဲ့ပြီးဖြစ်တယ်၊ အဲဒီအချိန်ကစပြီး ဘဏ်တွင်းထိန်းချုပ်မှုတွေကို တိုးတက်ကောင်းမွန်  လာအောင် လုပ်ဆောင်လာခဲ့တယ်လို့ ပြောပါတယ်။ 

Ref..ဗွီအိုအေ

0 comments:

Post a Comment