21.6.13

RCSS /SSA အဖွဲ့တစ်ဖွဲ့က ဒေသခံရွာသားတစ်ဦးအား ဖမ်းဆီး

ရှမ်းပြည်နယ် နောင်ချိုမြို့နယ် ပင်တီးကျေးရွာအုပ်စု ခဲဆန် ကျေးရွာနေ ရွာသားတစ်ဦးအား RCSS/SSA အဖွဲ့တစ်ဖွဲက ဇွန် ၂၀ ရက်ည ၁ နာရီခန့်တွင် ကြိုးတုတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ သည်။

ယင်း RCSS/SSA အဖွဲ့သည် ဇွန် ၁၉ ရက် ည ၁၂ နာရီခန့်တွင် နောင်ချိုမြို့နယ် နားကော်ကျေးရွာ သို့ ရောက်ရှိလာပြီး ရွာသားတစ်ဦးပိုင်သော ထော်လာဂျီအား အခကြေးငွေ မပေးဘဲ အတင်းယူ သွားကြောင်း၊ ည ၁၂ နာရီခန့်တွင် နားကော် ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ကြိုးတုတ်ထားသော ရွာသားတစ်ဦး ပါလာကြောင်း ၊ ထော်လာဂျီအား ပြန်ထားခဲ့ပြီး ၎င်းကြိုးတုတ်ထားသော ရွာသားအား ဖမ်းဆီးခေါ်ဆောင်၍ ရွာထဲမှ ထွက်သွားကြောင်း နားကော်ရွာသားတစ်ဦးမှ ပြောပြ သည်။

“ အဲဒီရှမ်းစစ်တပ်က ဒေသခံရွာသားတွေကို အမြဲတမ်း အနိုင်ကျင့်နေကြတာ၊ အခုလည်းကြည့် ရွာသား တစ်ဥိးကို ဖမ်းသွား ပြန်ပြီ ၊ သူတို့လုပ်သမျှ ခံနေရအောင် ဒီမြို့ဒီရွာမှာ တရားဥပဒေ မရှိတော့ဘူးလား လို့ မေးစရာဖြစ်နေပါပြီ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့လို ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ ရွာသားတွေအပေါ် အခုလိုအနိုင်ကျင့်တာ လက်မခံနိုင်ဘူးဗျာ၊ ရှမ်းစစ်တပ်ခေါင်းဆောင် စ၀်ယွက်ဆစ်က ဟိုတစ်နေ့က ကျောက်မဲလာပြီး ဒေသခံတွေကို တွေ့ဆုံအားပေး စကား ပြောသွားတယ်လို့ ကြားပါတယ်၊ သူတို့ကလိုက်ပြီး စည်းရုံးနေပေမယ့် သူ့လက်အောက်က ငယ်သားတွေက အခုလိုမျိုး အနိုင်ကျင့်နေတာ ကို ဘာမှအပြစ်မပေးဘူးလား၊ ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား၊ စဉ်းစားစရာဖြစ်နေပါပြီ ” ဟု ခဲဆန်ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးယွက်ဆစ် သည် ရှမ်း တိုင်းရင်းသားများနှင့် တွေ့ဆုံပွဲများ ပြုလုပ်လျက်ရှိရာ ဇွန် ၂၀ ရက်တွင် တောင်ကြီးမြို့၌ မြို့ခံ ရှမ်းတိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

စိုင်းလုံ

0 comments:

Post a Comment