ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

30.7.15

အကျဉ်းသား ၇၀၀၀ နီးပါး လွတ်ငြိမ်းချမ်းသာခွင့်ပေး"


အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေကြသည့် အကျဉ်းသူ၊ အကျဉ်းသား ၆၉၆၆ ဦးအား ယနေ့ (ဇူလိုင် ၃၀ ရက်) တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်များ ပေးလိုက်သည်။

ဇေကမ္ဘာဝင်း မူးယစ်ဆေးဝါး ဖမ်းမိမှုကို အချိန်မရွေး အစစ်ဆေးခံနိုင်ကြောင်း ဦးခင်ရွှေ ပြောကြား


 
ရန်ကုန်မြို့တော် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း (မင်္ဂလာဒုံဥယျာဉ်မြို့တော်) အတွင်း ကမ္ဘာတွင် စိတ်ကြွဆေးပြား ဒုတိယအများဆုံး ဖမ်းဆီးရမှုနှင့် ပတ်သက်ပြီး အချိန်မရွေး အစစ်ဆေးခံနိုင်ကြောင်း ဇေကမ္ဘာ ဦးခင်ရွှေက ပြောကြားသည်။

29.7.15

အာတိတ်ရှိ ရုရှား ရေတပ်အင်အားကို တိုးမြှင့်မည်


 
ရုရှားနယ်စပ်နားတွင် နေတိုးက စစ်အင်အား တိုးမြှင့်ရန် လုပ်ဆောင်နေခြင်းကြောင့် အာတိတ်နှင့် အတ္တလ္တိတ်တို့ရှိ ရုရှားရေတပ်များကို အင်အားတိုးမြှင့်မည် ဖြစ်ကြောင်း ရုရှား အစိုးရက ထုတ်ပြန်ခဲ့သည်။

အီဂျစ်နိုင်ငံ၊ ကိုင်ရိုတွင် စက်ရုံတစ်လုံး မီးလောင်ပြီး လူ ၂၅ ဦးထက်မနည်း သေဆုံး

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်အနီး စက်ရုံတစ်လုံးတွင် ဇူလိုင် ၂၈ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးရန် ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားမှုနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဆိုပါက ရင်ဆိုင်သွားမည်ဟု သူရဦးရွှေမန်း တုံ့ပြန်

လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးရန် ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားမှုနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဆိုပါက ရင်ဆိုင်သွားမည်ဟု ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးရွှေမန်းက တုံ့ပြန်ပြောကြားသည်။

28.7.15

အာဖရိက ခေါင်းဆောင်များနှင့် အရေးကြီးဆွေးနွေးပွဲများ ကျင်းပရန် အာဖရိကသို့ အိုဘားမား ရောက်ရှိ


အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် အာဖရိက ခရီးစဉ်တွင် ဒုတိယ ခရီးတစ်ထောက်နားသည့် အနေနှင့် အီသီယိုးပီးယားသို့ ရောက်ရှိနေပြီး လက်ရှိအာဏာရ အမေရိကန်ခေါင်းဆောင်၏ ခရီးစဉ်အဖြစ် လာရောက်ခြင်း ဖြစ်သည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘာတွင် စိတ်ကြွဆေးပြား ပမာဏ ဒုတိယအများဆုံး ဖမ်းဆီးမှုအဖြစ် ဇေကမ္ဘာဝင်းတွင် ဖမ်းမိ

 ကမ္ဘာတွင် ဒုတိယအများဆုံး၊ အရှေ့တောင်အာရှတွင် အများဆုံး စိတ်ကြွဆေးပြား ပမာဏ အမေရိကန်ဒေါ်လာ ၁၃၃ သန်းကျော် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြား ၂၆ သန်းကျော်ကို ဇူလိုင်လ ၂၆ ရက် နံနက် ၅ နာရီက ရန်ကုန်မြို့တော် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းရှိ ကွန်တိန်နာယာဉ် တစ်စီးပေါ်တွင် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ကျော်ဝင်းက ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယ၌ စစ်လေယာဉ်များလေ့လာ


အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ဇူလိုင် ၂၆ ရက်တွင် အိန္ဒိယနိုင်ငံတောင်ပိုင်း Karnataka ပြည်နယ် မြို့တော် ဘန်ဂလိုမြို့ရှိ Hindustan Aeronautics Limited လေယာဉ် ကုမ္ပဏီဗဟိုရုံးသို့ သွားရောက်လေ့လာခဲ့သည်။

တောင်ငူမြို့တွင် စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေး စီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒပြပွဲဦးဆောင်မည့် သူများအား CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ခေါ်ယူတွေ့ဆုံပြီးနောက် စီမံကိန်းကန့်ကွက်သည့် ဆန္ဒပြပွဲ ဖျက်သိမ်း

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဇူလိုင် ၂၈ ရက်၌ ပြုလုပ်မည့် စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေး စီမံကိန်းအား ကန့်ကွက်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်မည့် သူများအား စီမံကိန်း တည်ဆောက်မည့် စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် စီမံကိန်းအား ကန့်ကွက်ကြောင်း ဆန္ဒပြပွဲအား ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

အပစ်ရပ်လက်မှတ်ထိုးရာတွင် လက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ရန် အစိုးရက ငြင်းဆန်နေဟု UNFC ထုတ်ပြန်

နိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းစွာ အဖြေရှာမည်ဟုပြော ကြားနေသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အား လုံးပါဝင်လက်မှတ်ထိုးရန် အစိုး ရက အကြောင်းအမျိုးမျိုးပြ ငြင်း ပယ်နေကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက် ဒရယ်ကောင်စီ(UNFC) က ဇူလိုင် ၂၇ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်သည်။

27.7.15

အရပ်သားစစ်စစ် သမ္မတဖြစ်ခဲ့လျှင်ပင်


လာမည့်အထွေထွေရွေးကောက်ပွဲတွင် အတိုက်အခံဘက်ကအနိုင်ရခဲ့လျှင် တပ်မတော်အနေဖြင့် အဆိုပါရလဒ်ကို လက်ခံမည်လားဆိုသည့် BBC သတင်းဌာန၏အမေးကို ‘‘ဘယ်သူရရ တရားနည်းလမ်းကျကျနဲ့ရတဲ့ result မှန်သမျှ အကုန်လက်ခံပါတယ်’’ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖြေကြားခဲ့သည်။

အာဖဂန် မင်္ဂလာဆောင် တစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂၀ ထက်မနည်း သေဆုံး


အာဖဂန်နစ္စတန် နိုင်ငံတွင် မင်္ဂလာပွဲ တစ်ခု၌ ပစ်ခတ်မှု ဖြစ်ပွားရာ အနည်းဆုံး လူ ၂၀ သေဆုံးပြီး နောက်ထပ် ၁၀ ဦးမျှ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

NLD အစိုးရဖြစ်လာပါက ပြည်သူမလိုလားချိန် အာဏာစွန့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော



၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီကို ပြည်သူက အစိုးရအဖြစ် ရွေးကောက် တင်မြှောက်ခဲ့ပါက ပြည်သူ မလိုလားတော့ချိန်တွင် အာဏာစွန့်လွှတ်၍ ပြန်ဆင်းပေးမည်ဟု ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက် သည်။

အစိုးရ အဖွဲ့ကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းရန် စဉ်းစားမည်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား

 
အစိုးရ အဖွဲ့ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းသွားရန် အလေးအနက် စဉ်းစားမည်ဟု ထိုင်းအာဏာသိမ်း စစ်အစိုးရ ဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာက ပြောကြားလိုက်သည်။

ရေကြောင်းကုန်စည်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်များ သြဂုတ်လဆန်းပိုင်းတွင် ချပေးမည်ဟုဆို



အထွေထွေအာမခံ လုပ်ကိုင်သည့် ပုဂ္ဂလိက အာမခံကုမ္ပဏီများ ကို သြဂုတ်လဆန်းပိုင်းတွင် ရေကြောင်းကုန် စည် အာမခံလုပ်ပိုင်ခွင့် ချပေးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနဒုဝန်ကြီးကပြောသည်။

မြန်မာအမျိုးသားလေကြောင်းမှ ဟောင်ကောင် တိုင်ပေခရီးစဉ်များနိုဝင်ဘာတွင် စတင်မည်

 
 မြန်မာအမျိုးသား လေကြောင်း(MNA)မှ ဟောင်ကောင်နှင့် တိုင်ပေခရီးစဉ်ကို ယခုနှစ် နိုဝင်ဘာလတွင် စတင်ပျံသန်းသွားမည်ဟု သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယခရီးစဉ် စတင်

http://burma.irrawaddy.org/wp-content/uploads/2015/07/MinAH.jpg
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မနေ့က အိန္ဒိယနိုင်ငံသို့ သွားရောက်ကြောင်း အစိုးရသတင်းတွင်ဖော်ပြသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တူ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး ၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် တင်အောင်စန်း၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်မှူးချုပ် မောင်မောင်ကျော် တို့လိုက်ပါသွားကြသည်။ မြန်မာ့တပ်မတော် အကြီးအကဲတစ်ဦးအနေဖြင့် အိန္ဒိယသမ္မတနိုင်ငံသို့ ဒုတိယအကြိမ်မြောက် သွားရောက် သော ခရီးစဉ်ဖြစ်သည်။ ပြီးခဲ့သည့် လအတွင်းက အိန္ဒိယတပ်များက မြန်မာနယ်စပ်ကိုကျော်ဖြတ်ကာ နာဂသူပုန်များတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
Credit to>>> Irrawaddy

လာမည့် ၂ နှစ်အတွင်း ထိုင်း-မြန်မာနယ်စပ်တွင် နယ်စပ်ဆေးရုံ ငါးခု ဖွင့်လှစ်သွားမည်


ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးများက နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်တွင် ဆေးရုံ ဆေးပေးခန်း ကျန်းမာရေးဌာန ၅ ခုကို လာမည့် ၂ နှစ်အတွင်း ဖွင့်လှစ်သွားနိုင်ရေး စီစဉ်လျက်ရှိသည်။

အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀ဝနှုန်းသတ်မှတ်ပါက အချိန်ပိုကြေးကိုလျှော့ချပေးရန် လုပ်ငန်းရှင်အချို့က ဝန်ကြီးဌာနသို့ တင်ပြထားမှုအပေါ် အလုပ်သမား များကန့်ကွက်


ရန်ကုန်၊ ဇူလိုင် ၂၆-အဆိုပြု အနိမ့် ဆုံးလုပ်ခကို ကျပ် ၃၆၀၀ နှုန်း သတ် မှတ်ခဲ့ပါက အချိန်ပိုကြေးကို လျှော့ ချပေးရန် လုပ်ငန်းရှင်အချို့တင်ပြ ထားမှုကို အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အလုပ်သမားများထံ ပြန်လည်ချပြရာ အဆိုပါတင်ပြချက်ကို အလုပ်သ မားများက ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ဘာသာရေးကို နိုင်ငံရေးတွင် အသုံးမချသင့်ကြောင်းနှင့် အမျိုးဘာသာသာသနာ ထိခိုက်အောင် လုပ်၊ မလုပ် ဆိုခြင်းနှင့် ပတ်သက်၍ ပြည်သူများ၏ ဆုံးဖြတ်မှုကို ခံရဲကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဘာသာရေးကိစ္စများကို နိုင်ငံရေးတွင် အသုံးမချသင့်ကြောင်းနှင့် မိမိအနေဖြင့် အမျိုးဘာသာ သာသနာ ထိခိုက်အောင် လုပ်၊ မလုပ် ဆိုခြင်းနှင့်ပက်သက်၍ ပြည်သူများက ဆုံးဖြတ်မည်ဖြစ်ကာ အဆိုပါ ဆုံးဖြတ်ချက်ကို ခံရဲသည်ဟု ဒေါ်အောင်ဆန်းစုကြည်က မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်လူထုတွေ့ဆုံပွဲ၌ ပြည်သူတစ်ဦး၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ပြောကြားသည်။

24.7.15

အပစ်ရပ်စာချုပ် အချောမသတ်နိုင်ဘဲ ဆွေးနွေးပွဲရပ်နား


 တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) အချောသတ်ရေး ဆွေးနွေးပွဲဟာ ဆွေးနွေးတဲ့အချက် ၁၃ ချက်အနက် ၁၀ ချက်ကို သဘောတူညီခဲ့ပြီး ကျန်အချက်သုံးချက်ကို သက်ဆိုင်ရာ ခေါင်းဆောင်တွေထံက အဆုံးအဖြတ်ရယူဖို့ ဆွေးနွေးပွဲကို ဒီကနေ့ အဆုံးသတ်လိုက်ပြီး လာမယ့်သြဂုတ်လမှာ ပြန်ဆွေးနွေးကြဖို့ ချိန်းဆိုပါတယ်။

အိုလံပစ်ဒုတိယအဆင့် ခြေစစ်ပွဲအတွက် အမျိုးသမီးအသင်း ပြင်ဆင်လျက်ရှိ

ဘရာဇီးလ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၆ အိုလံပစ်အားကစားပွဲတော် အမျိုးသမီး
ဘောလုံးပြိုင်ပွဲ၏ ဒုတိယအဆင့်ခြေစစ်ပွဲစဉ်များအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း
သည် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသည်။

အားလပ်ရက်မှာ လည်ပတ်စရာ စစ်ကိုင်း နှစ်(၇၀၀) ပြည့်ပွဲတော်

အညာဒေသမြို့တွေထဲမှာ အေးချမ်းတိတ်ဆိတ်ပြီး သူတော်စင် များ ပျော်မွေ့ရာ စစ်ကိုင်းမြို့ကြီးကတော့ နှစ် (၇၀၀)ပြည့်ခဲ့ပါပြီ။ လာမယ့် ဇူလိုင် ၂၆ ရက်ကနေ ၂၉ ရက်အထိ စစ်ကိုင်း နှစ် (၇၀၀)ပြည့်ပွဲတော်ကြီးကို စည်စည်ကားကားနဲ့ ကျင်းပကြတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌ မစုစုနွေးအား ခရီးသည်တင်ယာဉ်ပေါ်မှ ဖမ်းဆီးကာ ပဲခူးအင်းတကော် ရဲစခန်းမှ တရားရုံးသို့ ခေါ်ဆောင်သွားဟု ၎င်း၏ခင်ပွန်း ပြောကြား

မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌ မစုစုနွေးအား ဇူလိုင်၂၃ ရက် နံနက်ပိုင်းက ပဲခူးအင်းတကော် ရဲစခန်းမှ ဖမ်းဆီးစစ်ဆေးကာ တရားရုံးသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

အိုင်အက်စ်တို့ကို တိုက်ခိုက်ရန် တူရကီရှိ လေတပ်စခန်း တစ်ခုကို အမေရိကန် အသုံးပြုခွင့်ရ


အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်ရန်အတွက် ၎င်းတို့၏ အဓိက လေတပ်အခြေစိုက်စခန်းအား တူရကီက အမေရိကန်ကို အသုံးပြုခွင့် ပေးလိုက်ကြောင်း သိရသည်။

သမ္မတ အကြံပေးဟောင်းပါတီမှ လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၃ဝဝ ခန့် ပါဝင်ယှဉ်ပြိုင်မည်


 နိုင်ငံတော် သမ္မတအကြံပေးဟောင်းဖြစ်သည့် ဒေါက်တာ နေဇင်လတ် တည်ထောင်ထားသော အမျိုးသားတိုးတက်ရေးပါတီမှ လာမည့် ရွေးကောက်ပွဲ၌ မဲဆန္ဒ နယ် ၃ဝဝ ခန့်တွင် ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် ငွေကျပ် ၄၅ သိန်းတန် တန်ဖိုးနည်း တိုက်ခန်းများ ဖော်ဆောင်မည်



ရန်ကုန်မြို့တွင် တစ်နှစ်ထက်တစ်နှစ် လူနေထူထပ်မှု များပြားလာပြီး အခြေခံ လူတန်းစား များအတွက် နေစရာ အခက်အခဲ ဖြစ်ပေါ်နေမှု ဖြေလျှော့နိုင်စေရန် ငွေကျပ် ၄၅ သိန်း တန်ဖိုးရှိ တန်ဖိုးနည်း တိုက်ခန်းများကို ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တန်ဖိုးနည်း တိုက်ခန်းအိမ်ရာ ဖော်ဆောင်ရေး တော်ဝင်မိသားစု ကုမ္ပဏီလီမိတက်မှ သိရသည်။

ငွေဆောင်မြို့ပြ နှစ် ၂၀ စီမံကိန်း မူကြမ်းရေးဆွဲပြီးစီး


ငွေဆောင်မြို့ပြနှစ် ၂၀ စီမံကိန်းမူကြမ်း အား ရေးဆွဲပြီးစီးခဲ့ပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သတင်းထုတ် ပြန်ခဲ့သည်။

အင်းစိန်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွား၍ လမ်းသွားလမ်းလာတစ်ဦး ကျည်ဆန်ထိမှန်

အင်းစိန်မြို့နယ်တွင် ကေအင်န်ယူ၊ ကေအင်န်အယ်လ် အေငြိမ်းချမ်းရေးကောင်စီအဖွဲ့ က သေနတ်ဖြင့် ပစ်ခတ်ခဲ့၍လမ်း သွားလမ်းလာအမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်းစိန် မြို့မရဲစခန်းမှ စခန်းမှူးက ပြောသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် လုပ်ကိုင်နိုင်ရန် ဗီယက်နမ် ကုမ္ပဏီတစ်ခု တရားဝင်လိုင်စင် ရရှိ


ဗီယက်နမ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် FPT အား ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ကြိုးဖုန်းဝန်ဆောင်မှု (fixed- line service) ကို လုပ်ကိုင်ရန်အတွက် လိုင်စင်ချထားပေး လိုက်ပြီဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။

23.7.15

ဧရာဝတီမြစ်တွင် မြစ်ကမ်းပါးပြိုကျမှုများ၊ ပြိုကျလုဆဲဆဲ အခြေအနေများကြောင့် အင်းဝမြို့ဟောင်း လာမည့်နှစ်အတွင်း ပျောက်ကွယ်သွားနိုင်ကြောင်း ပညာရှင်များ သတိပေး


ဧရာဝတီမြစ်တွင် မြစ်ကမ်းပါးပြိုကျမှုများ၊ ပြိုကျလုဆဲဆဲ အခြေအနေများကြောင့် လာမည့်နှစ်အတွင်း တံတားဦးမြို့နယ်ရှိ အင်းဝမြို့ဟောင်းမှာ ပျောက်ကွယ်သွားနိုင်ကြောင်း ဘူမိရုပ်သွင် ပညာရှင်ဖြစ်သူ ပါမောက္ခ ဦးမောင်မောင်အေးက ဇူလိုင် ၂၂ ရက်တွင် ရန်ကုန်မြို့ရှိ IBC ၌ ကျင်းပသည့် တတိယအကြိမ်မြောက် လူထုအခြေပြု ဧရာဝတီကွန်ဖရင့်တွင် ပြောကြားခဲ့သည်။

တရုတ်လူမျိုး ၁၀၀ ကျော် တရားမ၀င် သစ်ခိုးမှုနဲ့ထောင်ကျ


သစ်ခိုးထုတ်လုပ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တရားရုံးကနေ ဒီကနေ့မှာ ပြစ်ဒဏ်စီရင်ချက် ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

ယခင် တပ်မတော်အစိုးရ လက်ထက်က ကျပ် ၂၉ ဘီလျံကျော် ကြွေးကျန်ရှိခဲ့သည့် လုပ်ငန်းရှင်များကို မွေး/ရေ/ကျေးလက် ၀န်ကြီးဌာနက တရားစွဲဆို

ယခင်အစိုးရ (တပ်မတော်အစိုးရ) လက်ထက်က ကျပ် ၂၉ ဘီလျံကျော် ကြွေးကျန်ရှိခဲ့သည့် လုပ်ငန်းရှင်များကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနက တရားစွဲဆိုထားကြောင်း သိရသည်။

သစ်ခိုးထုတ် တရုတ်နိုင်ငံသား ၁၅၅ ဦးအနက် ၁၅၃ ဦးအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်



တရားမ၀င် သစ်ခိုးထုတ်မှုဖြင့် မြစ်ကြီးနား အကျဉ်းထောင်တွင် ထိန်းသိမ်းထားသော သစ်ခိုးထုတ် တရုတ်နိုင်ငံသား ၁၅၅ ဦးအနက် ၁၅၃ ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။ ၁၅၅ ဦးအနက် အသက်မပြည့်သေးသည့် ကလေးနှစ်ဦးအား ထောင်ဒဏ် ၁၀ နှစ်စီ အပြစ်ပေးခဲ့ပြီး အမျိုးသမီး တစ်ဦးကိုလည်း တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ထောင်ဒဏ် ၁၅ နှစ်ကို မြစ်ကြီးနားခရိုင် တရားရုံးမှ ခရိုင်တရားသူကြီး ဦးစိုးစိုးနှင့် ဒုခရိုင်တရားသူကြီး ဦးမြင့်ရွှေတို့က နှစ်ဖွဲ့ခွဲ့ကာ အသီးသီး ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။ 

22.7.15

မဲစာရင်းကြောင့် ရွေးကောက်ပွဲနေ့တွင် ပြဿနာ အရှာမခံနိုင်ဟု ဦးတင်အေးပြော

မဲစာရင်း, ရွေးကောက်ပွဲ, ဦးတင်အေး
အမှားများနေသည့် မဲစာရင်းကြောင့် ရွေးကောက်ပွဲလုပ်သည့်နေ့တွင် ပြဿနာ အရှာမခံနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုလိုက်သည်။

21.7.15

နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာစာချုပ် မြန်မာပါဝင် လက်မှတ်ထိုး

 ဓာတ်ပုံ - UN
မြန်မာနိုင်ငံဟာ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ စာချုပ်တခုဖြစ်တဲ့ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) မှာ ကနဦးအဆင့် ပါဝင်လက်မှတ် ရေးထိုးလိုက်ပါတယ်။

သစ်လုံးများ တင်ဒါစနစ်ဖြင့် ရောင်းချရန် ဖိတ်ခေါ်


ကျွန်းသစ် ၊ သစ်မာ သစ်လုံးများနှင့် ကျွန်းသစ်ခွဲသားများကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် လာမည့် ဇူလိုင်လ ၂၄ ရက် နှင့် ၂၇ ရက်နေ့ များတွင် ရောင်းချ ပေးသွားမည်ဟု မြန်မာ့ သစ်လုပ်ငန်း (MTE) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ငြိမ်းချမ်းရေး မရသေးပါက နိုင်ငံရေးမှ ထွက်ခွာရန် ခက်ခဲနိုင်ဟု တပ်ချုပ်ပြော

လက်နက်ကိုင်အဖွဲ့ အားလုံးနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ မပြီးပြတ်သေးပါက တပ် မတော်အနေဖြင့် နိုင်ငံရေးလုပ် ငန်းစဉ်မှ ပြန်လည်ထွက်ခွာရန် အခက်အခဲရှိနိုင်သေးကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ရွေးကောက်ပွဲတွင် အတိုက်အခံပါတီအနိုင်ရလျှင်လည်း လက်ခံမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

 
လာမည့် ရွေးကောက်ပွဲတွင် အတိုက်အခံပါတီက တရား နည်းလမ်းကျစွာ အနိုင်ရရှိပါက လက်ခံမည်ဖြစ်ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

20.7.15

တစ်နိုင်ငံလုံးအပစ်ရပ်မူကြမ်း လက်မှတ်ထိုးရေး နှင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ဆွေးနွေးရန် သေချာပြီဟု MPC အရာရှိပြော


 
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ခေါင်းဆောင်များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) မှ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၁၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

သုံးပတ်ကြာ ပိတ်ထားသည့် ဂရိဘဏ်များ ပြန်ဖွင့်


အစိုးရ၏ ကြွေးမြီပြဿနာများကြောင့် သီတင်းသုံးပတ်ကြာ ပိတ်ထားရသည့် ဂရိဘဏ်များကို ယခုအခါ ပြန်လည် ဖွင့်လှစ်လိုက်ပြီဟု သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေး ကဏ္ဍတွင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း ရင်းနှီးမြှုပ်နှံမည်ဟုဆို


မြန်မာနိုင်ငံ၏ မိုဘိုင်း ဆက်သွယ်ရေး ကဏ္ဍတွင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC  International Finance Corporation) က ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စီစဉ် ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာ ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။

၈၈ခေါင်းဆောင် ဦးကိုကိုကြီးနှင့် အဖွဲ့ဝင်အချို့ NLD ပါတီမှ ဝင်ပြိုင်မည်


 
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင့်လူ့ အဖွဲ့အစည်းမှ ဦးကိုကိုကြီး အပါအဝင်အချို့အဖွဲ့ဝင်များ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု NLD ၏ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ဇူလိုင် ၁၈ ရက်က အတည်ပြုပြောကြားလိုက်သည်။

“ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသူများအား ပညာရည်ချွှန်ဆုများ ပေးအပ်ချီးမြှင့်”


ထူးဖောင်ဒေးရှင်း ပညာဒါန ဘော်ဒါဆောင်မှ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြင့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀း၀၀)နာရီ အချိန်က ပူတာအိုမြို့ရှိ ထူးဖောင်ဒေးရှင်း ပညာဒါန ဘော်ဒါဆောင် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်သူများအတွက် မှန်ကန်သောအုပ်ချုပ်ရေးစနစ် ထူထောင်ပေးလို၍ ရွေးကောက်ပွဲယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော


မြန်မာနိုင်ငံတွင်ပြည်သူ များအတွက် မှန်ကန်သော အုပ်ချုပ်ရေးစနစ် တစ်ရပ် ထူထောင် ပေးလိုသောကြောင့် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ခြင်းဖြစ် ကြောင်း (၆၈) နှစ်မြောက် အာဇာ နည်နေ့ အခမ်းအနား၌ ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။