27.7.15

ရေကြောင်းကုန်စည်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်များ သြဂုတ်လဆန်းပိုင်းတွင် ချပေးမည်ဟုဆို



အထွေထွေအာမခံ လုပ်ကိုင်သည့် ပုဂ္ဂလိက အာမခံကုမ္ပဏီများ ကို သြဂုတ်လဆန်းပိုင်းတွင် ရေကြောင်းကုန် စည် အာမခံလုပ်ပိုင်ခွင့် ချပေးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနဒုဝန်ကြီးကပြောသည်။


''ရေကြောင်းကုန်စည် အာမခံကို ပုဂ္ဂလိက အာမခံကုမ္ပဏီအကုန်လုံးကို ပေး မှာမဟုတ်ဘူး။ အထွေထွေ အာမခံလုပ်တဲ့ ကုမ္ပဏီတွေပဲ လုပ်ခွင့်ရှိတယ်။ အသက်အာ မခံတစ်ခုတည်း ကုမ္ပဏီတွေက လုပ်လို့မရ ဘူး''ဟု
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီးက ပြောသည်။

ရေကြောင်းပို့ကုန် အာမခံမှာ သုံး မျိုးရှိပြီး သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ပုဂ္ဂ လိက အာမခံကုမ္ပဏီများကို ရေကြောင်း ကုန်စည် အာမခံအမျိုးအစား တစ်မျိုးအား တိုးမြှင့် လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ယင်းက ဆက်ပြောသည်။
''ဒီလထဲမှာ အထက်ရဲ့ အတည် ပြုချက် ယူထားတယ်။ ဒီလမှာ စရင်စ၊
ဒါမှ မဟုတ်ရင် နောက်လဆန်းမှာ စနိုင်မယ်။ မြန် မာ့ပုဂ္ဂလိက
အာမခံကုမ္ပဏီတွေရဲ့ လုပ်သက် နဲ့ အတွေ့အကြုံတွေအပေါ် မူတည်ပြီး
ထပ် မံ တိုးမြှင့်လုပ်ကိုင်ခွင့် ပေးသွားဖို့လဲရှိတယ်'' ဟု ဘဏ္ဍာရေးဝန်ကြီးဌာန
ဒုဝန်ကြီး ဒေါက် တာမောင်မောင်သိမ်းက ဆိုသည်။

၂ဝ၁၃ ခုနှစ် မေလမှစတင်ကာ ပုဂ္ဂလိက အာမခံကုမ္ပဏီများကို လုပ်ငန်း လုပ်ကိုင်ခွင့် စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အ သက်အာမခံနှင့်
အထွေထွေအာမခံများဖြစ် သည့် မီးအာမခံ၊ မော်တော်ယာဉ်အလုံးစုံ အာမခံ၊
ငွေပို့ငွေသယ်အာမခံ၊ ငွေသားလုံခြုံ မှု အာမခံနှင့် သမာဓိအာမခံ စသည့်အာမခံ အမျိုးအစား ခြောက်မျိုးကို ကနဦးအနေနှင့် လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ၂ဝ၁၄ ခုနှစ် မေလတွင် အထူးခရီးသွား အာမခံ၊ ၂ဝ၁၅ ခုနှစ်တွင် ကျန်းမာရေးအာမခံတို့ကို ထပ်မံလုပ်ကိုင်ခွင့် ပြုခဲ့သည်။

ရေကြောင်း ကုန်စည်အာမခံမှာ ခရီးစဉ်တစ်ခေါက်ကို တစ်ကြိမ် အာမခံထား ရှိရခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း ကုန်စည်များ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ပါက အာမခံကုမ္ပဏီ မှ ပေးလျော်သွားရမည်ဖြစ်ကြောင်း သိရ သည်။
Credit to>>>Yangon Media Group

0 comments:

Post a Comment