ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

29.8.13

ယာဉ်ထိန်းရဲ တပ်ဖွဲ့တွင် ရဲမေအင်အား ၆၀၀ ကျော် တိုးချဲ့ခန့်အပ်မည်

မြန်မာနိုင်ငံအတွင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ရန် ရဲမေအင်အား ၆၀၀ ကျော်အထိ တိုးချဲ့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားသည်။

တွံတေးမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၀ ခုမှ အိမ်ခြေ ၁၀၀၀ ကျော်အား စားကျက်မြေအတွင်း ပါဝင်သည်ဟုဆိုကာ ဖယ်ရှားခိုင်းထား

တွံတေးမြို့နယ်ရှိ ကျေးရွာအုပ်စု ဆယ်ခုမှ အိမ်ခြေ ၁၀၀၀ ကျော်အား စားကျက် မြေအတွင်း ပါဝင်သည်ဟု ဆိုကာ ဖယ်ရှားခိုင်း ထားကြောင်း သိရသည်။

ယင်းကဲ့သို့ ရွေ့ပြောင်းခိုင်းမှုကို သြဂုတ် ၁၂ ရက်က ကျေးရွာအုပ်စု ဆယ်ခုရှိ အိမ်ခြေ ၁၀၀၀ ကျော်ထံသို့ ၁၅ ရက်အတွင်း ဖယ်ရှားပေးရန် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး ၁၅ ရက် ပြည့်သော်လည်း ထပ်မံအကြောင်းကြားခြင်း၊ ဖယ်ရှားခိုင်းခြင်း မရှိသေးကြောင်း

ရန်ကုန်လေဆိပ်နှင့် စက်မှုဆိပ်ကမ်းတို့တွင် အကောက်ခွန်မဲ့ တင်သွင်းလာသည့် ဆေးဝါးများ အပါအ၀င် တရားမ၀င် တင်သွင်းလာသော ပစ္စည်းများ ဖမ်းဆီးရမိ

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မြန်မာ့စက်မှု ဆိပ်ကမ်းတို့တွင် ပြည်ပမှ တရားမ၀င် တင်သွင်းလာသော ပစ္စည်းများကို သြဂုတ်လ အတွင်းက ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သတင်းရရှိသည်။

ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အမှိုက်ပုံ မြေနေရာတွင် လက်ရှိနေအိမ် များ ဖျက်သိမ်းပြောင်းရွှေ့ ပြီးပါက ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည်ဟု သတင်းများထွက်ပေါ်

ရန်ကုန်တိုင်း ဒေသကြီး၊ ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အမှိုက်ပုံ မြေနေရာတွင် လက်ရှိနေအိမ်များ ဖျက်သိမ်းပြောင်းရွှေ့ ပြီးပါက ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး စည်ပင်မှ ယင်းအမှိုက်ပုံဝင်းကို ခြံစည်းရိုး ခတ်နေကြောင်း ဒေသခံများက ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်၏ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုစစ်တမ်း (EIA) မူကြမ်း ယနေ့ ( သြဂုတ် ၃၀ ရက် ) ထုတ်ပြန်မည်

သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုစစ်တမ်း (EIA) မူကြမ်းကို သြဂုတ် ၃၀ ရက် (ယနေ့) တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း Resource & Environment Myanmar မှ သိရသည်။

ဇွဲကပင်တောင်ပေါ် ကေဘယ်လ်ကားနဲ့တက်ရေး စီမံကိန်း

ကရင်ပြည်နယ်ဇွဲကပင်တောင်ပေါ်စေတီကို ရဟန်းရှင်၊လူ၊ ပြည်သူအများ သွားရောက် ဖူးမျှော်နိုင်ဖို့ Cable Car တပ်ဆင်တည်ဆောက်တော့မှာ ဖြစ်ပါတယ်။
ဇွဲကပင်တောင်ဟာ ဘားအံမြို့တောင်ဘက်(၇)မိုင်အကွာက ဇွဲကပင်တောင်ဟာ မြင့်မားမတ်စောက်တာကြောင့် ဘုရားဖူးများ တက်ရောက်ဖို့ အခက်အခဲ ရှိခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း က ရည်းစားဟောင်း ကို သတ်ပြစ် ရန် အမိန့် ပေး

အန်ဟာဆု အော်ခက်စတြာ တီးဝိုင်း က အဆို တော် ဟွန်ဆန်ဝိုလ်း ကို ညစ်ညမ်း ရုပ်ရှင် ဖန်တီးမှု နဲ့  မြောက် ကိုရီးယား ခေါင်း ဆောင် ကင်ဂျုံအန်း
က ပစ်သတ် ဖို့  အမိန့် ပေး ခဲ့ လို့  သြဂုတ် လ ၂၀ ရက် နေ့  မှာ သူ နဲ့  အခြား ၁၂ ဦး ကို သေနတ် နဲ့  ပစ်သတ် ပြီး အဆုံး စီရင် ခဲ့ ပါတယ်။

ထိုင်းနယ်စပ် ဂိတ်လေးခုမှ ကမ္ဘာလှည့် ခရီးသည် ၀င်ခွင့်ပြုပြီးနောက် မြ၀တီနယ်စပ်၌ ဧည့်လမ်းညွှန် သင်တန်းများ ဖွင့်လှစ်မည်

မြန်မာ-ထိုင်း နယ်စပ်ရှိ ဂိတ်လေးခုမှတစ်ဆင့် ကမ္ဘာလှည့် ခရီးသည်များ ၀င်ထွက်သွားလာ လည်ပတ်ခွင့်ကို သြဂုတ် ၂၈ ရက်မှ စတင်ခွင့်ပြုခဲ့ပြီးနောက် မြ၀တီမြို့တွင် ဧည့်လမ်းညွှန် သင်တန်းများ ဖွင့်လှစ်ရန် အစီအစဉ် ရှိကြောင်း ဟိုတယ် ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။

ခရီးသည်တင်ယာဉ် ၀န်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားမှုတွင် ဆက်ဆံရေး မပြေလည်မှုနှင့် ယာဉ်စီးခ ပိုတောင်းမှု အများဆုံးဖြစ်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများနှင့် ပတ်သက်၍ တိုင်ကြားမှုတွင် ဆက်ဆံရေး မပြေလည်မှုနှင့် ယာဉ်စီးခ ပိုမိုတောင်းခံသည့် အမှုဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မထသ (ဗဟို) ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

ဆလီနာ ဂိုမက်ဇ်နှင့် ဂျော့ရှဲလ်လေးတို့ ပေါ်တူဂီသို့ သွားရောက်ရန် စီစဉ်လျက်ရှိ

ကမ္ဘာကျော် သရုပ်ဆောင်နှင့် အဆိုတော် ဆလီနာ ဂိုမက်ဇ်နှင့် Union J အဖွဲ့မှ ဂျော့ရှဲလ်လေး တို့သည် လာမည့် စက်တင်ဘာ ၁၁ ရက်တွင် ပေါ်တူဂီ နိုင်ငံ လစ္စဘွန်းမြို့သို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ အိုဘားမား မဆုံးဖြတ်ရသေး

ဆီးရီးယားပဋိပက္ခအတွင်း ဓာတုလက်နက်အသုံးမှုအပေါ်မှာ အမေရိကန်နိုင်ငံက စစ်ရေးအရ အရေးယူဖို့အတွက် ဆွေးနွေးနေဆဲဖြစ်ပြီး အခုချိန်ထိ သမ္မတ Barack Obama က ဆုံးဖြတ်ချက် မချရသေးဘူးလို့ သိရပါတယ်။

မြေယာသိမ်းပိုက်တဲ့ တရုတ်ဘူဒိုဇာကြောင့် ၄ နှစ်သမီးငယ်သေဆုံး

တရုတ်နိုင်ငံမှာ မြေယာပိုင်ဆိုင်မှုအတွက် အငြင်းအခုန်ဖြစ်ရာက ဘူဒိုဇာနဲ့ ၀င်တိုက်ခဲ့တဲ့အတွက် ၄ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးသွားခဲ့သလို၊ ဒီဖြစ်ရပ်အတွက် အင်တာနက် အွန်လိုင်းပေါ်မှာ လည်း ဒေါသတကြီး တုန့်ပြန်မှုတွေ ပေါ်ပေါက်လာပါတယ်။

နိုင်ငံတကာအာရှနယ်မြေအငြင်းပွါးမှု အမေရိကန် စိုးရိမ်

အာရှရေပိုင်နက်ထဲ နယ်မြေပိုင်ဆိုင်မှုအငြင်းပွါးတဲ့ အခြေနေတွေ တဖြေးဖြေးတင်းမာနေရာ ကနေ ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ကပြောကြားလိုက်ပါတယ်။

ဆီးရီးယားအရေး လုံခြုံရေးကောင်စီ သဘောကွဲ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှား နဲ့ အမေရိကန်နိုင်ငံတွေဟာ ဆီးရီးယား အရေး တံခါးပိတ်ဆွေးနွေးပွဲကို ဒုတိယနေ့အဖြစ်ပြုလုပ်ခဲ့ကြပေမယ့် စစ်ရေးအရ အရေးယူဖို့အတွက်တော့ တညီတညွတ်တည်း ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။ သူတို့ရဲ့ ကြာသပတေးနေ့ အစည်းအဝေးဟာ

မြောက်ကိုရီးယားနဲ့ စစ်ရေးအဆက်ြဖတ်ဖို့ ကန်ဝန်ကြီးပြော

အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ မြန်မာ ကာကွယ်ရေး ၀န်ကြီးတို့ နှစ်ဦး ဟာ နှစ်ပေါင်း ၂၀ ကျော် အတွင်း ပထမဆုံးအကြိမ် အဖြစ် သီးခြား တွေ့ဆုံခဲ့ကြပါတယ်။ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါ ဆရီ ဘဂါဝမ်မြို့တော် မှာ ကျင်းပနေတဲ့ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ ASEAN နိုင်ငံတွေက ကာကွယ်ရေး ၀န်ကြီးတွေနဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊

ဆီးဂိမ်းဧည့်သည်တွေ အတွက် ဟိုတယ် ၃၃လုံး စီစဉ်ထားပေး

မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွင်း လာရောက်ကြည့်ရှုမယ့် ဧည့်သည်တွေအတွက် ဟိုတယ် ၃၃ လုံး စီစဉ်ထားပေးတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ

လူတွေဟာ အသက်ကြီးလို့ ရင့်ကျက်တာမဟုတ်သလို အသက်ငယ်လို့ မရင့်ကျက်တာလည်း မဟုတ်ပါဘူး။ ဘဝရဲ့စိန်ခေါ်မှုကို အကြိမ်ကြိမ်ရင် ဆိုင်ရဲပြီး ကြုံတွေ့ရတဲ့အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်ရင် ရင့်ကျက်တဲ့လမ်း၊ အောင်မြင်တဲ့လမ်းဆီ ကို လျှောက်လှမ်းနိုင်ပါတယ်။ ပေးဆပ်ဖို့လဲမ ဝံ့၊ စောင့်မျှော်ဖို့လဲမလုပ်ဘဲ လွယ်လွယ်ပြော၊ လွယ်လွယ်လက်လွတ်တတ်သူက ဘယ်တော့မှ အောင်မြင်တဲ့လမ်းဆီ မရောက်နိုင်ပါဘူး။

လူမှောင်ခိုကုန်ကူးသူ ၅ဦး သြစီရဲဖမ်းမိ

သြစတြေးလျနိုင်ငံက ပြည်တွင်း ပြည်ပ လူမှောင်ခိုကုန်ကူးမှုတွေမှာ အဓိကပါဝင်တဲ့ သံသယရှိသူ ငါးဦးကို ပြည်ထောင်စုရဲတွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

အခုလိုဖမ်းဆီးမှုကို သြစတြေးလျ ပြည်ထောင်ရဲ အယောက်ပေါင်း ၁၀၀ ကနေ တနိုင်ငံလုံး အတိုင်းအတာနဲ့ တစ်နှစ်နီးပါး ရှာဖွေမှုလုပ်ပြီး ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

တရုတ်မြန်မာ ပိုက်လိုင်းတစ်လျှောက် လယ်ယာမြေ ပျက်ဆီးမှုတွေ ဖြစ်ပေါ်နေ

တရုတ် CNPC ကုမ္ပဏီက လုပ်ဆောင်နေတဲ့ မြန်မာ တရုတ် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း တစ်လျှောက်မှာ မိုးတွင်းကာလအတွင်း လယ်ယာမြေ ပျက်ဆီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီက ပြောပါတယ်။

ရခိုင်ပြည်နယ်ကနေ ရှမ်းပြည်နယ်အထိ သွယ်တန်း ထားတဲ့ တောင်တန်း တစ်လျှောက်မှာ လယ်ယာမြေ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာလို့ မြန်မာ- တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီဝင် စိန်းရောင်စို အဖွဲ့ ခေါင်းဆောင် ဦးတင်သစ်က ပြောပါတယ်။

ဆစ်ဒနီအနောက်ပိုင်းမှာ အတိုက်အခံနိုင်မယ်လို့ ပြသနေ

သြစတြေးလျနိုင်ငံ အထွေထွေရွေးကောက်ပွဲ မကျင်းပခင် တပတ်ကျော်အလိုမှာပဲ ကြိုတင်ကောက်တမ်းတစ်ခု ထပ်မံထွက်ပေါ်လာပြီး ကောက်တမ်းအရ အရင် ရွေးကောက်ပွဲတုန်းက အတိုက်အခံပါတီနဲ့ အစိုးရပါတီတို့ အပြတ်အသတ် မဲအသာရမှု မရှိခဲ့တဲ့ နေရာမှာ အစိုးရပါတီ လုံးဝ ရှုံးနိမ့်သွားနိုင်တယ်လို့ ပြသနေပါတယ်။