ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

3.4.13

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ KIO နယ်မြေမှာ ပြုလုပ်မည်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO နဲ့ မြန်မာအစိုးရတို့ကြား ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ်ထဲမှာ တွေ့ဆုံကြဖို့ စီစဉ်နေတဲ့ အကြောင်း နှစ်ဘက် တာဝန်ရှိ သူတွေက ပြောပါတယ်။
တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပွားပြီးနောက် ငြိမ်းချမ်းရေးအတွက် အစောပိုင်း ဆွေးနွေးပွဲတွေ တရုတ်နိုင်ငံမှာ နှစ်ကြိမ်လုပ်ခဲ့ပြီးတဲ့နောက် အခုတခါမှာတော့ KIO ထိန်းချုပ်ရာ နယ်မြေမှာ ဆွေးနွေးဖို့ ပြင်ဆင်နေကြတာပါ။ KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကြား ဆွေးနွေးပွဲ အလားအလာတွေကိုတော့ မဆုမွန်က တင်ပြပေးထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကြား တတိယအကြိမ်အဖြစ် ဒီလထဲ တွေ့ဆုံရာမှာတော့ KIO ထိန်းချုပ်နယ်မြေမှာ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။

တွေ့ဆုံဖို့အတွက် နေ့ရက် အတိအကျ နောက်ဆုံး မသတ်မှတ်ရသေးပေမဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံဖို့အတွက်ကိုတော့ သဘောတူထားကြတဲ့ အကြောင်း မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ က ပြောပါတယ်။

“ဆွေးနွေးပွဲကတော့ နှစ်ဘက်စလုံးကတော့ hour and hour ညှိနှိုင်းနေဆဲပါ။ အခုတော့ စောပြီးဖြစ်မယ့်အနေအထားတော့ ရှိပါတယ်ခင်ဗျ။ ဒါပေမဲ့ တရားဝင်စာ ကို စောင့်နေပါတယ်။ ကျနော် သိသလောက်ကတော့ ၀န်ကြီး ဦးအောင်မင်းက ဒီ KIO အဖွဲ့အစည်းကို ဒီတကြိမ် ဆွေးနွေးပွဲကို မြန်မာနိုင်ငံထဲမှာ ရှိတဲ့ မြစ်ကြီးနား (သို့မဟုတ်) KIO ဘက်က သဘောတူတဲ့နေရာ ပြည်တွင်းမှာ လုပ်ဖို့ သူ့အနေနဲ့ အရင်ဆုံး အဆိုပြုထားတယ်ခင်ဗျ။ ကျနော်တို့လည်း သူတို့ရဲ့ official reply letter ကို ၀န်ကြီး ဦးအောင်မင်း က စောင့်နေပါတယ်ခင်ဗျ။”

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားပြီးတဲ့နောက် တွေ့ဆုံ ဆွေးနွေးမှုတွေကို တရုတ်နိုင်ငံက ကြားဝင် ကမကထ လုပ်ပေးခဲ့ပြီးတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှာ နှစ်ကြိမ်တိတိ တွေ့ဆုံခဲ့ကြတာပါ။

အစိုးရရဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ ကတော့ အစောပိုင်းတုန်းက လုံခြုံရေး အခြေအနေတွေကြောင့် တတိယနိုင်ငံ တခုမှာ တွေ့ဆုံခဲ့ရတာ ဖြစ်ပေမဲ့ အခုတကြိမ်မှာတော့ အခြေအနေတွေဟာ တိုးတက်လာတာနဲ့အမျှ ပြည်တွင်းမှာ
တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ ပြောပါတယ်။

“ဆွေးနွေးပွဲတိုင်းမှာတော့ ၀န်ကြီး ဦးအောင်မင်းအနေနဲ့ ပြည်တွင်းမှာ ဆွေးနွေးဖို့ အဆိုပြုခဲ့တာချည်းပါပဲ။ ဒါပေမဲ့ ဒီလိုမျိုး ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာတော့ ယုံကြည်မှု စပြီး တည်ဆောက်ပြီး လုပ်ရတာဖြစ်တဲ့အတွက် တဘက်အဖွဲ့အစည်းဘက်ကနေ ကျနော်တို့ ပြည်တွင်းကို လာဖို့ အခက်အခဲရှိတဲ့ အခြေအနေမှာတော့ တဘက်အဖွဲ့အစည်းဘက်က ချိန်းဆိုတဲ့နေရာတွေကို သွားတယ်။ အခုကတော့ တစုံတခုအထိ ယုံကြည်မှု နှစ်ဘက်ကြားထဲမှာ တဖြေးဖြေး စပြီးတော့ တည်ဆောက်လာနိုင်တယ်လို့ ကျနော်တို့အနေနဲ့လည်း မှတ်ယူတယ်။ ၀န်ကြီးအနေနဲ့လည်း မြစ်ကြီးနား သို့မဟုတ် ဒါ KIO ဘက်က ညှိနှိုင်းလို့ရတဲ့ နေရာမှာ ဆွေးနွေးပွဲ တည်ဆောက်လိုပါတယ် ဆိုတာကို လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ၀န်ကြီးအနေနဲ့ ပို့ထားတယ်လို့ ရှင်းပြပါတယ်။”

နောက်ဆုံးအကြိမ်အဖြစ် ရွှေလီမြို့က တွေ့ဆုံပွဲ အတွင်းမှာတော့ မြန်မာအစိုးရဘက်က ကာကွယ်ရေး ၀န်ကြီးဌာန ထိပ်တန်း အရာရှိတွေ အပါအ၀င် စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်တွေပါ ပါဝင်ခဲ့ကြတာပါ။

ငြိမ်းချမ်းရေးအတွက် ခိုင်ခိုင်မာမာ သဘောတူညီချက် မရခဲ့ပေမဲ့လည်း ဆက်လက်
ဆွေးနွေး ညှိနှိုင်းသွားဖို့လည်း သဘောတူခဲ့ကြပါတယ်။ နောက်ဆုံး အကြိမ် တွေ့ဆုံမှု အတွင်းမှာတော့ တရုတ်အစိုးရဘက်က စွက်ဖက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့သလို အခုအခါမှာ ဒီလိုအခြေအနေတွေကို နှစ်ဘက် စလုံးက ရှောင်ရှားလိုတဲ့ သဘောထားတွေ ရှိနေတယ်လို့လည်း ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့က ကိုစားဂျီးက ပြောပါတယ်။

“အထူးသဖြင့် တရုတ်ပြည်က ဖိအားကြောင့်က နှစ်ဘက်စလုံးက အမြန်ဆုံး အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ သူတို့ရဲ့ အကျိုးစီးပွားအတွက် ဖိအားပေးတဲ့ဟာ များတဲ့အတွက်ကြောင့် တခြားတနေရာ စဉ်းစားတဲ့ဘက်လည်း ရှိရင် ရှိမှာပေါ့နော့်။ အပေါ်ယံအားဖြင့်တော့
မြစ်ကြီးနားမှာလို့ ပြောတယ်။ အဓိကအားဖြင့် တရုတ်ပြည်ရဲ့ ဖိအားတော့ နှစ်ဘက် စလုံးမှာ နည်းနည်းများထင်တယ်။ တရုတ်ပြည်မှာ ဆွေးနွေးဖို့လည်း ဒီအခြေအနေတွေ ရှိနေတယ်။”

ဒီလိုမျိုး ကချင်နဲ့ မြန်မာအစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လုပ်ဆောင်နေချိန်မှာပဲ ကချင်ပြည်နယ်တွင်းမှာ စစ်ရေးတည်ငြိမ်နေသလို အနေအထားမှာ ထင်ရပေမဲ့ တပ်အင်အားတွေ ဖြည့်တင်း ထားတဲ့ မြန်မာ တပ်တွေဘက်က ကချင်တပ်တွေ အနီးအထိ ပေါ်ပေါ်ထင်ထင် သွားလာနေတာမျိုးတွေရှိလို့ အချိန်မရွေး ပြန်ပြီးတော့ စစ်ဖြစ်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့လည်း ကချင်ဒေသခံ ကိုစားဂျီးက သုံးသပ်ပါတယ်။

ဒါကြောင့် ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံစဉ်မှာတော့ အောက်ခြေတပ်တွေအနေနဲ့ စစ်အင်အား တိုးချဲ့ပြီးတော့ ချတာ၊ နယ်မြေအတွင်း စစ်ပြင်ဆင်တဲ့ ပုံစံမျိုးနဲ့ စစ်ရေးပြတာမျိုးတွေ မလုပ်သင့်ဘူးလို့လည်း သူကပြောပါတယ်။

အခုလို နှစ်ဘက်တွေ့ဆုံမှုတွေ လုပ်ပြီး ဆွေးနွေးနေချိန်မှာပဲ ပြီးခဲ့တဲ့ မတ်လလယ် ပိုင်းတုန်းက ကချင်တပ်တွေနဲ့ အစိုးရတပ်တွေကြား ကချင်ပြည်နယ် ပန်ဝါဒေသနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဘက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ပွားခဲ့ပါသေးတယ်။

ပထမဆုံး လက်နက်ကုန်သွယ်မှု ထိန်းချုပ်ရေးစာချုပ် ကုလအတည်ပြု

ကမ္ဘာ့နေရာအနှံ့မှာရှိတဲ့ အကြမ်းဖက်သမားတွေ၊ စစ်ရာဇ ၀တ်ကောင်တွေဆီကို လက်နက်ပစ္စည်းတွေ မရောက်ရှိအောင် တားမြစ်ဖို့ ရည်မှန်းတဲ့ အပြည်ပြည်ဆိုင်ရာ လက်နက်ကုန်သွယ်မှု ထိန်းချုပ်ရေး ပထမဆုံး သဘောတူ စာချုပ်စာတမ်းကို ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ တခဲနက်တည်း အတည်ပြု လိုက်ပါ တယ်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၅၄ နိုင်ငံက ဒီသဘာတူညီချက်ကို မဲပေးခဲ့ပါတယ်။ အီရန်၊ မြောက်ကိုရီး ယားနဲ့ ဆီးရီးယား နိုင်ငံတွေကတော့ ကန့်ကွက်မဲပေးပြီး၊ နိုင်ငံပေါင်း ၂၃ နိုင်ငံကတော့ ကြားနေခဲ့ပါတယ်။

ဒီသဘောတူညီချက်ကို လိုက်နာမယ်ဆိုပြီး နိုင်ငံပေါင်း ၅၀ က လက်မှတ်ထိုးလိုက်ပြီ ဆိုတာနဲ့ ဒီသဘောတူညီချက်ဟာ တရားဝင် ဖြစ်လာမှာပါ။ စာချုပ်ပါအတိုင်းဆိုရင်တော့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇ၀တ် မှုတွေမှာ ပါဝင်ပတ်သက်သူလို့ သင်္ကာမကင်း ဖြစ်ခံရသူတွေကို စစ်မြေပြင်သုံး လက်နက်ထုတ်လုပ်သူတွေအနေနဲ့ ဒီလက်နက်တွေ တိုက်ရိုက် ရောင်းချတာမျိုး တားမြစ်ထားပါတယ်။

ဒီသဘောတူညီချက်ဟာ ပြင်းထန် ထိရောက်ပြီး အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောပါတယ်။ လက်နက်ပစ္စည်း တရားဝင် ကုန်သွယ်ရောင်းချနိုင်ဖို့ တိုင်းပြည်အတွက် အခွင့်အရေးကို လည်း အကာအကွယ် ပေးထားတယ်လို့ ဆိုပါတယ်။

အမေရိကန်အလုပ်ရှင်တွေ H1B ဗီဇာ စလျှောက်ကြပြီ

အမေရိကန်ပြည်ထောင်စုမှာ အလုပ်လုပ်ဖို့ အထူးကျွမ်းကျင် တဲ့ နိုင်ငံခြားသား လုပ်သားတွေအတွက် (နိုင်ငံခြားသား အများစု မျှော်လင့်တောင့်တကြတဲ့) ပြည်ဝင်ခွင့် ဗီဇာတွေကို အမေရိကန် အလုပ်ရှင်တွေ လျှောက်ထားနေကြပါတယ်။ ဒါဟာဆိုရင် အမေရိကန် ပြည်ထောင်စုမှာ လုပ်သားဈေးကွက် လျှင်လျှင်မြန်မြန်ကို တိုးတက်ကောင်းမွန်လာတဲ့ လက္ခဏာလို့ ယူဆကြပါတယ်။

အမေရိကန် ကုမ္ပဏီတွေအနေနဲ့ တနှစ် တနှစ်ကို နိုင်ငံခြားသားအလုပ်သမား ၆ သောင်း ၅ ထောင်ကျော်အထိ ခေါ်ယူနိုင်ပါတယ်။ လုပ်ငန်းတွေအတွက် အနည်းဆုံး ဘွဲ့တခု ရဖို့လိုပြီး၊ အများစုကတော့ နည်းပညာဆိုင်ရာ လုပ်ငန်းတွေအတွက် ဖြစ်ပါတယ်။ အမေရိကန် တက္ကသိုလ်တွေကနေ အဆင့်မြင့်ဘွဲ့ ရထားတဲ့ နောက်ထပ် ၂ သောင်းကိုလည်း အလုပ်ဗီဇာ လျှောက်ထား ခေါ်ယူခွင့် ရမှာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ နိုင်ငံသားနဲ့ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဌာနကနေ အခုနှစ် အောက်တိုဘာ လကစပြီးတော့ H1B ဗီဇာတွေ ထုတ်ပေးနိုင်ဖို့ အခု တနင်္လာနေ့မှာ လျှောက်ထားချက်တွေ စတင် လက်ခံနေပါပြီ။ ဒါပေမဲ့လည်း လျာထားတဲ့ နိုင်ငံခြားသား အလုပ်သမား ၆ သောင်း ၅ ထောင်အတွက်ကို အခုသီတင်းပတ်အကုန်မှာ နောက်ဆုံးထား တင်သွင်းလျှောက်ထားရမှာ ဖြစ်ပါတယ်။

နိုင်ငံခြားသား အလုပ်သမားတွေ အနေနဲ့ကတော့ အမေရိကန် ပြည်ထောင်စုမှာ ကနဦးအားဖြင့် ၃ နှစ်အထိ နေထိုင် အလုပ်လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။ ပြည့်သွား ရင် နောက်ထပ် ၃ နှစ် သက်တမ်းတိုးဖို့ လျှောက်ထားနိုင်ပါတယ်။

လိုအပ်နေတဲ့ အလုပ်နေရာတွေကို အပြည့်အ၀ ဖြည့်ဆည်းနိုင်ဖို့ အမေရိကန် ပညာရေးစနစ်ကနေ ကျွမ်းကျင်သူတွေ မမွေးထုတ်ပေးနိုင်တာကြောင့်၊ အခုလို နိုင်ငံခြားသား အလုပ်သမားတွေ ကို ခေါ်ယူရတာ ဖြစ်တယ်လို့ JP Morgan Chase ဘဏ်ရဲ့ အကြီးတန်း စီးပွားရေး ပညာရှင်တဦး က ဗွီအိုအေ ကို ပြောပါတယ်။ လိုအပ်နေတဲ့ ဒီအလုပ်တွေဟာ အထူး ကျွမ်းကျင်မှုရှိဖို့တော့ လိုတယ်လို့တော့ ထပ်လောင်း ပြောဆိုသွားပါတယ်။

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ နေပြည်တော်သို့ရောက်ရှိ

တစ်နာရီခန့်တွင် နေပြည်တော် လေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည် ။ ဂျင်မီကာတာ အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်က သွားရောက် ကြိုဆို ခဲ့သည်။ ဂျင်မီကာ တာသည် မြန်မာနိုင်ငံတွင် ၅ ရက်ခန့် ကြာမြင့်မည် ဖြစ်ပြီး မြန်မာ အစိုးရနှင့် နိုင်ငံရေး ခေါင်းဆောင်များ အပါအ၀င် လူမှုအဖွဲ့အစည်း များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ကနဦး သတင်းများအရ သိရသည်။၎င်းသည် အမေရိကန် သမ္မတ အဖြစ် ၁၉၇၇ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့နိုင်ငံ အချို့သို့ သွားရောက်ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်ငန်းများ ပြုလုပ်ခဲ့ သောကြောင့် ၂၀၀၂ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့ကြောင်း သိရသည်။

နျူကလီယား စက်ရုံတွေ ပြန်ဖွင့်ဖို့ မြောက်ကိုရီးယား ပြင်ဆင်

မြောက်ကိုရီးယားက သူရပ်ဆိုင်းထားတဲ့ ပလူတိုနီယမ် နျူကလီးယား ဓာတ်ပေါင်းဖို ကို ပြန်ပြီး လည်ပတ်ဖို့ စလုပ်တော့မှာဖြစ်သလို၊ ယူရေနီယံ သန့်စင်မှုတွေ လုပ်တော့မယ့် အရိပ်အယောင်တွေကိုပါ ပြလာတာမို့ ကိုရီးယား ကျွန်းဆွယ်ဒေသတွင်း အရင်က တင်းမာနေမှုတွေဟာ ပိုတိုးလာနေပါတယ်။

မြောက်ကိုရီးယား အစိုးရအနေနဲ့ Yongbyon နျူကလီးယား ဓာတ်ပေါင်းဖိုကို ပြန်ပြင်ပြီး လည်ပတ်ဖို့ စလုပ်မှာဖြစ်သလို ဒါဟာ လက်နက်ထုတ်လုပ်ဖို့ရော နိုင်ငံတွင်း လျှပ်စစ်မီး လိုအပ်ချက် ကို ဖြည့်ဆည်းဖို့ကိစ္စပါ ပါတယ်လို့ အစိုးရအရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး KCNA အစိုးရ သတင်းဌာနက အင်္ဂါနေ့မှာ ဖော်ပြပါတယ်။

ဒီလုပ်ဆောင်မှုတွေထဲမှာ ယူရေနီယံ သန့်စင်စက်ရုံနဲ့ ၅ မီဂါဝပ် ဓာတ်ပေါင်းဖို လည်ပတ်ဖို့ ပါဝင်ပြီး ဒီကနေတဆင့် လောင်စာချောင်းတွေနဲ့ လက်နက်အဆင့်သုံး ပလူတိုနီယံ ထုတ်ဖို့အထိ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဒီနျူကလီယား ဓာတ်ပေါင်းဖိုကို နိုင်ငံတကာက စီးပွားရေး အကူအညီပြန်ပေးဖို့ သဘောတူ ညီချက်နဲ့ ၂၀၀၇ ခုနှစ်ထဲမှာ ပိတ်ထားခဲ့တာပါ။

မြောက်ကိုရီးယား နိုင်ငံဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပြဿနာ ဖြစ်နေတဲ့ အနေအထား မှာ ရောက်နေသလို၊ လက်ရှိ ပြဿနာဟာလည်း တရားလွန်နေပြီလို့ ကုလသမဂ္ဂက အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားကို ဘယ်သူကမှ တိုက်ခိုက်ချင်စိတ်မရှိကြဘဲ ဒီပြဿနာတွေ အတွက် ညှိနှိုင်းဖြေရှင်းရေးကသာ တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ တတိယအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုတွေနဲ့ ဒုံးကျည် ပစ်လွှတ်မှုတွေကြောင့် ကုလသမဂ္ဂက ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ခဲ့တဲ့အပေါ် အမျက်ထွက်နေတဲ့ မြောက်ကိုရီးယား အစိုးရက ခြိမ်းခြောက်မှုတွေ လုပ်နေတာ သီတင်းပတ်နဲ့ ချီနေပြီ ဖြစ်ပါတယ်။

မကြာခင်ရက်တွေ အတွင်းမှာလည်း မြောက်ကိုရီးယား နိုင်ငံအတွက် အရေးကြီး ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စတွေထဲမှာ နျူကလီးယား လက်နက်ထုတ်ဖို့ပါ ပါဝင်တယ်လို့ မြောက်ကိုရီး ယား ခေါင်းဆောင် ကင်ဂျုံအွန်း (Kim Jong Un) က ပြောကြားခဲ့ပါတယ်။

ရေကျော်ဗလီ မီးလောင်မှုနှင့်ပက်သက်ပြီး သတင်းစာရှင်းလင်း

ယနေ့ နံက်ပိုင်းက ဖြစ်ပွားခဲ့သော ၄၈ လမ်း မီးလောင်မှုနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ယနေ့၊ နံနက် ၁၁ နာရီ ခန့်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည်။ ယင်းသတင်းစာ ရှင်းပွဲ၌ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက "မီးသတ်သမားတွေ အထဲဝင်ဖို့ လုပ်နေတုန်းမှာ အထဲမှာ ဗလီဆရာ နှစ်ယောက်ရှိတယ်။ သူတို့က သော့ကို ဖွင့်မပေးကြဘူး။ သော့နှစ်လုံး ခတ်ထားတာကို ဖျက်ပြီး ၀င်ကြရတယ်။ အထဲက ကလေးတွေ မီးခိုးမွှန်ပြီး သေဆုံးကြတာ။ အမှန်ဆိုရရင် သူတို့လေးတွေ မသေသင့်ပဲ သေကြရတာပါ။ ဗလီဆရာ နှစ်ယောက်ရဲ့ မှားယွင်းစွာ ဆုံးဖြတ်ချက်ကြောင့်။ သူတို့သော့ဖွင့် ပေးကြမယ်ဆိုရင် ကလေးတွေကို ကယ်နိုင်မှာပါ။ အဲဒီနှစ်ဦးကို ကျွန်တော်တို့ အရေးယူပါ့မယ်"ဟုပြောခဲ့သည်။ ပြင်ပတွင် ထွက်ပေါ်နေသော ကောလာဟလများ ကဲ့သို့မဟုတ်ပဲ အတွင်းရှိ မီးအားမြှင့်စက် အပူရှိန်လွန်ကဲရာမှ မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း ဦးမြင့်ဆွေက ပြောပါသည်။

အနုပညာရှင်များ မိတ္ထီလာမြို့ ဒုက္ခသည် စခန်းများသို့ သွားရောက်လှူဒါန်း

မိတ္ထီလာမြို့ မီးဘေးသင့် စခန်း (၈)ခုရှိ ဒုက္ခသည် များအား ကျားဝတ်ပုဆိုး လေးတောင်ကျော် မဝတ်လုံချည် လေးတောင် ငါးရာကျော် ခြုံစောင် နှစ်ရာကျော် ခန့်မှန်းတန်ဖိုး သိန်း ၁၉၀ကျော် တို့အား အပြစ်မဲ့ နာကျင်သူ များအတွက် ကရုဏာ တွဲလက်များ ခေါင်းစဉ်ဖြင့် ဧပြီ ၁ ရက်တွင် သွားရောက် လှူဒါန်းကြောင်း သိရသည်။ ဆရာတော် ရှင်ဆန္ဒာဓိက နှင့်အတူ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းရုံးမှ မင်းသား မင်းသမီများ ၊ NLD ၊ ၈၈- မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ အောင်ပရဟိတ၊ အောင်ကွန်ယက် တို့မှ ပူးပေါင်းပါဝင် ကုသိုလ်ပြု ကြသည်။

သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်

သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက် မည်ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ မကြာမီ တရားဝင် ချစ်ကြည်ရေး ခရီး သွားရောက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟိုင်နန်ကျွန်း ဘိုအောင်းမြို့တွင် ကျင်းပမည့် ၂၀၁၃ ခုနှစ် အာရှဒေသ ဆိုင်ရာ ဘိုအောင်း ဆွေးနွေးပွဲသို့လည်း တစ်ဆက်တည်း တက်ရောက်မည် ဖြစ်သည်။

မိသားစုနှင့်အတူ ဒီနှစ်သင်္ကြန်မှာ တရားစခန်းဝင်မယ့် မိုးဟေကို

ပရိသတ် တွေရဲ့ အားပေးမှု နေရာ တစ်နေရာ ရရှိထားတဲ့ မိုးဟေကိုက ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူး တဲ့ ‘Black List’ ဇာတ်ကားကို နေမင်း၊ ဝါဝါအောင် တို့နဲ့အတူ ရိုက်ကူး နေပါတယ်။ မိုးဟေကိုက မိခင်ကို ပြည်ပ နိုင်ငံမှာ ဆေးသွားကုသ ပေးခဲ့ပြီး ရှောပင်းလည်း ထွက်ဖြစ်ခဲ့ ပါသေးတယ်။ ခရီးထွက် ဖြစ်နေတဲ့ အချိန်မှာတော့ ကားရိုက်တွေကို ခဏနားခဲ့ ပါတယ်။ ခရီးနဲ့ ပတ်သက်ပြီး မိုးဟေကိုက…”မိုးခရီးသွားနေလို့ ခဏနား ထားပါတယ်။ အမေကလည်း နေမကောင်း တာနဲ့ ဆေးခန်း သွားပြတယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ရှောပင်းလည်း ထွက်ခဲ့တယ်။ ဇာတ်ကားတွေကို ကြိုဖြတ်ပြီးတော့ နှစ်ပတ်ကြာ သွားခဲ့တယ်။ အဓိကတော့ အမေဆေးခန်း သွားပြ တာပါ”လို့ ပြောပါတယ်။ နှစ်တိုင်း သင်္ကြန်ကို မိသားစုနဲ့အတူ ဖြတ်သန်းလေ့ရှိတဲ့ မိုးဟေကိုက ဒီနှစ် သင်္ကြန်ကိုတော့ မိသားစုနဲ့ အတူ တရားစခန်း ဝင်ဖို့ ရှိကြောင်း ပြောပါ တယ်။ မိုးဟေကိုက သင်္ကြန်ပြီး ရင်တော့ ဓာတ်ပုံ ကြော်ငြာအတွက် နိုင်ငံခြားမှာ သွားရောက် ရိုက်ကူးဖို့ ရှိကြောင်း ပြောပြခဲ့ပါတယ်။

အောင်မြင်ရမယ်ဆိုတဲ့ စိတ်တော့မထားဘူးဆိုသူ ဖွေးဖွေး

ယောက်ျားလေး ပုံစံအိုက်တင်နဲ့ လိုက်တယ်လို့ ပရိသတ်တွေ ပြောနေတဲ့ မင်းသမီး ကတော့ ဖွေးဖွေးပဲ ဖြစ်ပါတယ်။ လူငယ်ပီပီ သူ့ရဲ့ သရုပ်ဆောင် ဟန်တွေက သွက်လက်ပြီး ပေါ့ပေါ့ပါးပါး သွားလာ လှုပ်ရှား တတ်တဲ့ အမူအရာ လေးက ပရိသတ်တွေကို တစ်မျိုး ဆွဲဆောင် စေတယ်။

ဇာတ်ကား ရိုက်တာပဲ ဖြစ်ဖြစ်၊ ကြော်ငြာပဲ ဖြစ်ဖြစ် ဖွေးဖွေး အနေနဲ့ အဆူအပြော သန်တဲ့ ဒါရိုက်တာနဲ့ ကြုံရင် စိတ်ကသိ ကအောက်ဖြစ်ဖူး လားလို့ မေးကြည့်တော့ ဖွေးဖွေးက “ဖွေးကို ဒါရိုက်တာ တစ်ဦးက ထပ်ခါတလဲလဲ ခိုင်းရင် ပိုကြိုက်တယ်။ ပိုပြီး ပျော်တယ်။ ပညာ ပိုရတယ်လေ။ အနုပညာ ဘဝမှာ အမြဲတမ်းပဲ ဖွေးအလုပ် ကိုရော၊ ဖွေးကိုယ်တိုင် ကိုရော တော်စေချင်၊ ဖြစ်စေချင်တဲ့ လူကောင်း တွေနဲ့ပဲ ကြုံဖူးတယ်။ ဖွေးမလုပ် နိုင်သေးတဲ့ အလုပ်ကို သူတို့ ခိုင်းသမျှ အားထုတ် လုပ်ရတာကို ပိုကြိုက်တယ်။ အပြစ်လို့ ကို မမြင်သလို၊ ဖိအားတစ်ခု လို့လည်း မမြင်ဘူး” လို့ပြောပြ ခဲ့ပါတယ်။

သရုပ်ဆောင် အနုပညာရှင် တွေရဲ့သင်ဆရာတွေ ဖြစ်တဲ့ ဒါရိုက်တာက အရေးကြီးသလို၊ ဇာတ်ကား တစ်ခုလုံးကို ညွှန်းဆိုစေတဲ့ ဇာတ်ညွှန်း ဆရာတွေလည်း ဖွေးဖွေး ဘယ်လို သဘော ထားလဲလို့ မေးကြည့်တော့ ”ဇာတ်ညွှန်း ဆရာတွေက ဖွေးတို့ သရုပ်ဆောင်တွေ အတွက် တကယ်လို အပ်တဲ့၊ အရေးပါတဲ့ ပုဂ္ဂိုလ်ပါ။ တစ်ခါတလေ ဇာတ်ညွှန်းဆရာ ရေးလိုက်တဲ့ ကာရိုက်တာ အနေအထားကလေ တအားကို ခံစားစေပြီး တကယ့်လက် တွေ့လိုပဲ။

အဓိက ကတော့လေ ဇာတ်ညွှန်း ဆရာရော၊ ဒါရိုက်တာ ရောနှစ်ယောက်စလုံးက သရုပ်ဆောင် တွေကို နားလည်မှ၊ ကိုယ်ချင်းစာမှ အဆင်ပြေမှာပါ။ ဖွေးက ကြော်ငြာရိုက်တာပဲဖြစ်ဖြစ်၊ ဒီဗီဒီရိုက်တာပဲဖြစ်ဖြစ်၊ ဇာတ်ကား ရိုက်တာပဲဖြစ်ဖြစ် အားလုံးကိုအားထုတ်ပြီးလုပ်တယ်။ ဇာတ်ကားကျတော့ mood ပေါ်မူတည်ပြီး မျက်နှာအနေအထား၊ အသံအပြောင်းအလဲတွေကအစ သူ့အလိုလိုကို ပြောင်းတာ”လို့ ပြောပြ ခဲ့ပါတယ်။

အနုပညာ သည်တချို့က အိပ်မက်နဲ့ ဘဝထပ်တူ ကျသလို၊ တချို့ကတော့ အောင်မြင်မှုလေး ပိုင်ဆိုင်ရခါနီး ကနေ အနုပညာ လောကမှ ပျောက်ကွယ်သွားကြပြီး တခြား စီးပွားရေးလိုင်း ဘက်ရောက်သွား တတ်ကြတယ်။ ဖွေးဖွေးကော အိပ်မက်နဲ့ ဘဝထပ်တူကျရဲ့လားလို့ မေးကြည့်တော့ “အနုပညာကို ဝါသနာ ပါခဲ့တယ်။ ငယ်ငယ် ကတည်းက မက်ခဲ့တဲ့ အိပ်မက်မို့ အခုတစ်ထပ် တည်းကျတော့ ပျော်တယ်။ အဲဒီကရတဲ့ ပျော်ရွှင်မှု ပီတိကိုပဲ စားတယ်။ ငါဒါလုပ်ရင် ဒါပြန်ရရမယ်။ အောင်မြင်ရမယ် ဆိုတဲ့ စိတ်တော့ မထားဘူး။ ပရိသတ်တွေ ကလည်းကိုယ့်ကို စောင့်ကြည့် တတ်တယ်လေ”လို့ ပြောပြ ခဲ့ပါတယ်။

အတိတ် ၊ပစ္စုပ္ပန် အနုပညာပြေးလမ်းပေါ်က စိုးသူ ပုံရိပ်များ

မြန်မာနိုင်ငံ အလယ်ပိုင်း၌ အဆိုကျော်တို့ ထွက်ပေါ်ခဲ့ရာ တောင်တွင်းကြီး ဇာတိဖြစ်သော အကယ်ဒမီ ကိုစိုးသူသည် သူချစ်သော အနုပညာလောက အတွင်းသို့ ပြန်လည်ဝင် ရောက်လာခဲ့ပြီ ဖြစ်သည်။ အမည်ရင်းမှာ စိုးသူလွင် ဖြစ်ပြီး အနုပညာ မောင်နှမများက ကိုပေါက်စ ဟုလည်း ချစ်စနိုး ခေါ်ကြသည်။ ၁၉၈၃- ၈၄ ခုနှစ်တွင် ဒါရိုက်တာ နေဝင်းထွန်း၏ ” မိုက်ကြွေး မိုက်ပြစ်” ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ စတင်ဝင်ရောက် လာခဲ့ပြီး ၁၉ နှစ်ကြာမျှကျင်လည် ဖြတ်သန်းခဲ့ကာ ရုပ်ရှင်ဇာတ်ကားပေါင်း ၁ဝဝ ကျော်နှင့် ဗီဒီယိုဇာတ်ကားပေါင်း ၁ဝဝကျော် ရိုက်ကူး အောင်မြင်ခဲ့သူ ဖြစ်သည်။

၁၉၈၃-၁၉၈၄ ခုနှစ်က ဒါရိုက်တာ ဦးနေဝင်းထွန်း ရိုက်ကူးသည့် ” မိုက်ကြွေးမိုက်ပြစ်” အဖြူအမည်း ရုပ်ရှင် ဇာတ်ကားကြီးသည် ကိုစိုးသူ၏ ပထမဆုံး ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ ထိုနှစ်မှာပဲ မင်းသားကြီး ဦးမြတ်လေးနှင့် ဒေါ်ဆွေဇင်ထိုက်တို့ ပါဝင်သော “ရွှေပန်းကန် ပေါ်ကျတဲ့ မျက်ရည်” အဖြူအမည်း ရုပ်ရှင် ဇာတ်ကားကြီးကို ဒုတိယမြောက် ဇာတ်ကားအဖြစ် ပါဝင်ရိုက်ကူးခဲ့သည်။

တတိယမြောက် ဇာတ်ကား အဖြစ် ဒါရိုက်တာဦးဘတင်ရိုက်ကူးသည့် “ချစ်တာမာန်” ရုပ်ရှင်ဇာတ်ကားကို မင်းသမီးဒေါ်လဲ့လဲ့ဝင်းလှိုင်နှင့် ပါဝင်သရုပ်ဆောင်ခဲ့ပြီး မန္တလေးတွင် သွားရောက် ရိုက်ကူး ခဲ့သည်။ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)၏ ” နှလုံးသား တစ်ထောင့်ထဲက အလွမ်းမိုးရိပ် တွေပါ ညို” ဝတ္ထုကို “မျက်ဝန်းထဲမှာ မိုးရွာ ပြီညို” ရုပ်ရှင်ဇာတ်ကား အဖြစ် ရိုက်ကူးခဲ့ရာ ပါဝင်သရုပ်ဆောင် ခဲ့ပြီး အကယ် ဒမီဆုစာရင်းဝင် ခဲ့သော်လည်း လွဲချော်ခဲ့ရသည့် ဇာတ်ကားလည်း ဖြစ်သည်။ ထို့ပြင် ဒါရိုက်တာ ဦးကြီးမြင့် ရိုက်ကူးသည့် “မြင်မြင်ချင်းပဲ ချစ်မိတယ်” ရုပ်ရှင်ဇာတ်ကားတွင် မင်းသား ပြေငြိမ်း၊ ခိုင်ခင်ဦးတို့နှင့် အတူပါဝင် သရုပ်ဆောင် ခဲ့သည်။

အဆိုပါ ဇာတ်ကားတွင် ကိုစိုးသူအနေဖြင့် အနုပညာလုပ်ပြခွင့် အများဆုံး ရရှိခဲ့သည့် ဇာတ်ကားဖြစ်သလို ပြေငြိမ်းနှင့် ခိုင်ခင်ဦးတို့၏ အနု ပညာပံ့ပိုးမှု အားကောင်းသောကြောင့် ပရိသတ်များ ကျေနပ်နှစ်ခြိုက် စေခဲ့သည့် ဇာတ်ကား ဖြစ်သည်။ မင်းသား ပြေငြိမ်းနှင့် ကိုစိုးသူတို့အတူ တွဲ၍သရုပ်ဆောင်မှု အနုပညာပြခွင့် ရခဲ့ခြင်းကြောင့် ကိုစိုးသူအတွက် အမှတ်တရ ဖြစ်စေသည့် ဇာတ်ကားလည်း ဖြစ်သည်။

၁၉၈၇ ခုနှစ်က အမျိုးသား ရုပ်ရှင်ထုတ်လုပ်ရေး၊ ဒါရိုက်တာဦးကြည်စိုးထွန်း ရိုက်ကူးခဲ့သည့် ” ဒိုး” ဇာတ်ကားတွင် မင်းသားဦးကျော်သူနှင့် အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မြန်မာ့ရုပ်ရှင်လောက၌ ကိုစိုးသူ၏ နာမည်ဂုဏ်သတင်းကျော်ကြားခဲ့သော ဇာတ်ကားလည်းဖြစ်သည်။ “ဒိုး” ဇာတ်ကားကြီးသည် အမျိုးသားစာပေ ဆုရ စာရေးဆရာ မောင်ညွန့်လွင်၏ “တဒင်္ဂလေးများ” အမည်ရှိဝတ္ထုကို ရုပ်ရှင်အဖြစ် ပုံဖော်ရိုက်ကူး ခဲ့ခြင်း ဖြစ်သည်။ ပရိသတ်များ ကြိုက်နှစ်သက်အားပေးမှု အရှိဆုံး ဇာတ်ကားဖြစ်ခဲ့ပြီး အကယ်ဒမီ တစ်ပြေးသည့် ရုပ်ရှင် ဇာတ်ကား ဖြစ်ခဲ့သော်လည်း ဆုနှင့် လွဲချော်ခဲ့ရသည်။

ထို့အတူပင် “နှောင်းတမြေ့မြေ့” ဇာတ်ကားသည်လည်း အကယ်ဒမီဆု လွဲချော်ခဲ့သည် ဖြစ်ရာ ကိုစိုးသူ၏ အနုပညာသက်တမ်း တစ်လျှောက် အကယ်ဒမီဆုနှင့် လွဲချော်ခဲ့သည့် ဇာတ်ကား ၃ ကားရှိခဲ့ခြင်း ကလည်း ဘဝအတွက် အမှတ်တရ ရှိစေခဲ့ပါသည်။

ဒါရိုက်တာ ဘဘဦးသုခ ရိုက်ကူးသည့် ” မိုက်တယ်ဆိုတာ လွယ်ပါတယ်” ဇာတ်ကားတွင် မင်းသားကြီးဦးညွှန့်ဝင်း၊ မင်းသမီးကြီး ဒေါ်ဆွေဇင်ထိုက်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဒါရိုက်တာ

စာရေးဆရာ ဦးကျော်နိုင် ရိုက်ကူးသည့် ” နံ့သာလူးချိန် ပန်းခူးချိန်” ဇာတ်ကားတွင် မင်းသားကြီး ဦးကျော်ဟိန်း၊မင်းသမီးကြီးဒေါ်ခင်သန်းနုတို့နှင့် အတူ ပါဝင် သရုပ်ဆောင် ခဲ့ရပြီး ပရိသတ်များက “မင်းသားစိုးသူ”ဟု စတင်သတိထားမိ စေခဲ့သော ဇာတ်ကားလည်း ဖြစ်သည်။

ဒါရိုက်တာ ဦးသက်မောင်မောင် ရိုက်ကူးသည့် ” မြင်မြင်ချင်းပဲချစ်မိတယ်” ရုပ်ရှင် ဇာတ်ကားတွင် ခေတ်ပြိုင်မင်းသား တစ်ဦးဖြစ်သူ ပြေငြိမ်းနှင့် အတူတွဲဖက်၍ ရိုက်ကူး ခဲ့သည်။ ဆရာမကြီး ဒေါ်ခင်နှင်းယု၏ နာမည်ကြီး ဝတ္ထုဖြစ်သော ” အောင်မြင်သောနေ့” ကို ဒါရိုက်တာ ဦးသက်မောင်မောင်က ရိုက်ကူးခဲ့ပြီး မင်းသားကြီးဦးညွန့်ဝင်း၊မင်းသမီးကြီးဒေါ်ဆွေဇင်ထိုက်၊ ဦးထွန်းထွန်းဝင်း၊ ဒေါ်မြင့်မြင့်ခိုင်၊စိုးမြတ်သူဇာ၊ တင့်တင့်ထွန်းတို့ နှင့်အတူပါဝင်သရုပ်ဆောင်ခဲ့သည်။ အနုပညာညီအစ်ကိုဖြစ်သော ဦးကျော်သူနှင့်တွဲဖက်သရုပ်ဆောင်ခဲ့သော အဆိုပါ ” ဒိုး” ရုပ်ရှင်ဇာတ်ကားသည် အထူးအောင်မြင်ခဲ့သည်။ ၁၉၉၇ ခုနှစ် တွင်” အောင်မြင်သောနေ့” ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ၁၉၉၅ခုနှစ် အတွက် အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။

ဂီတအနုပညာနှင့် ကိုစိုးသူ

၁၉၈၄-၁၉၈၅ ခုနှစ်က ဂျူပီတာကို ကျော်မင်းနှင့် ပလေးဘွိုင်းက Lead Guiter သမား ကိုကြည် ဝင်းသောင်း၊ သူငယ်ချင်းဖြစ်သူ ကိုဝင်းမြင့်ဦးတို့၏ ကမ်းလှမ်းတိုက်တွန်းမှုဖြင့်စီးရီးခွေထုတ်ဖြစ်ခဲ့သည်။ “ရည်းစားလေးအချစ်ရဲ့မှတ်တမ်း” တစ်ကိုယ်တော်စီးရီးဖြင့်လည်း ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး တေးစီးရီး၁၁ခွေထွက်ရှိခဲ့သည်။ကိုစိုးသူသည် သူ၏ ပထမဆုံး စီးရီးမှာမမေဆွိက စုံတွဲသီချင်းနှစ်ပုဒ် ပါဝင်ကူညီ သီဆို ပေးခဲ့ပြီး တေးရေးဆရာ ဝင်းမင်းထွေးက “ရည်းစားလေး” သီချင်းကို ရေးသားပေးခဲ့သည်။ ရုပ်ရှင် အနုပညာ ဘက်၌ အောင်မြင်မှု ရရှိခဲ့သလို ပင်ဂီတအနုပညာ ဘက်၌လည်း အောင်မြင်မှု ရရှိခဲ့သူဖြစ်သည်။

ကိုစိုးသူ၏ ပထမ အနုပညာရင်ခုန်ခံစားမှုစကား

ကိုစိုးသူက ဂီတအနုပညာနှင့် ပတ်သက်၍ စတင်ထိတွေ့ဖြစ်ခဲ့ပုံကို ” ကျောက်ဆည်မြို့တန်ဆောင်တိုင်မှာ ကျောက်ဆည် ဝန်ကြီးဌာနက နေပွဲတွေလုပ်ကြတော “ဧရာလှိုင်း”ဆိုတဲ့ တီးဝိုင်းကို ငှားပြီးဖျော်ဖြေခဲ့တယ်။ အဲဒီ” ဧရာလှိုင်း” တေးဂီတဝိုင်းမှာ သီချင်းတက်ဆိုဖူးခဲ့တာ ကျွန်တော်ခြောက်တန်းနှစ်ရောက်တဲ့ အချိန်ပေါ့။ ကျွန်တော်က အဆိုတော်ဦးဘိုဘိုဟန်ရဲ့ “ပွမ်ပွမ် မြည်တဲ့အသည်း”သီချင်းကိုဆိုပြီး ကျွန်တော်ရဲ့ညီမလေး ယဉ်သူဇာလွင်က ကလို့ပေါ့။ ကျွန်တော့်ရဲ့ပထမဆုံးဂီတနဲ့ပတ်သက်လို့ စင်ပေါ်က အတွေ့အကြုံလည်းဖြစ်သလိုစင်ပေါ်စဆိုတဲ့ သီချင်းလည်း ဖြစ်ပါတယ်”ဟု ပြော ပြသည်။ဆက်လက်ပြီး အနုပညာလောကထဲသို့ ပထမဆုံးခြေလှမ်း အဖြစ်စတင်သရုပ်ဆောင်တစ်ယောက်အနေဖြင့် ပါဝင်သရုပ်ဆောင် ခွင့်ရရှိခဲ့သည့် ရုပ်ရှင်ဇာတ်ကားကြီးနှင့် ပတ်သက်၍

အမှတ်တရရှိ ခဲ့ပုံကို

“ကျွန်တော့် အတွက် အမှတ်တရ အဖြစ်ဆုံး အခက်အခဲဆုံး ဇာတ်ကားဆိုရင် ပထမဦးဆုံးစရိုက်ခဲ့တဲ့ ” မိုက်ကြွေးမိုက်ပြစ်” ဇာတ်ကားကြီးပါပဲ။ ဒီဇာတ်ကားကဒရာမာလိုတအားငိုရတာမျိုး မဟုတ်ပေမယ့် အက်ရှင်ဖိုက်တင်လိုပုံစံမျိုးချည်းပဲ။နယ်မှာ အချိန်အကြာ ကြီးယူပြီး ရိုက်ခဲ့ရတာ။ဖိုက်တင်အက်ရှင်ဆိုပေမယ့်လည်း ဇာတ်ဝင် ခန်းတွေမှာ ပြေးလွှားရဆိုတော့ ပိုပင်ပန်းပါတယ်။ အဲဒီအချိန် အခါက ကျွန်တော်တို့ မြန်မာပြည်မှာက ဇာတ်ကားရိုက်ကူးရေး အတွက် ပစ္စည်းတွေက စုံစုံလင်လင်မရှိသေးတဲ့ကာလဆိုတော့ လူကြမ်းသရုပ်ဆောင်တွေဆိုရင် သိပ်သနားဖို့ကောင်းတယ်” ဟု ကိုစိုးသူက ရင်ခုန်အလွမ်းစိတ်တို့ဖြင့် အမှတ်တရစကားဆိုခဲ့သည်။

အမိမြေသို့ အပြန် ရှင်သန်နေဆဲ အနုပညာဝိဥာဉ်

၁၉၉ဝပြည့်နှစ် မြန်မာ့ရုပ်မြင်သံကြား နှစ်ပတ်လည် အခမ်းအနား အတွက် ” အချစ်ရိပ်အောက်ဝယ်” အမည်ရှိ ရုပ်မြင်သံကြား ဇာတ်လမ်းတစ်ခုကို ကိုယ်တိုင် ဒါရိုက်တာလုပ် သရုပ်ဆောင်ခဲ့သည်။ ၂ဝဝ၁ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ထွက်ခွာခဲ့ပြီး နှလုံးနှင့်ပတ်သက်သော ဆရာဝန်တစ်ဦးအဖြစ် အသက်မွေးရပ်တည်ခဲ့သည်။၂ဝ၁၂ ခုနှစ် စက်တင်ဘာလတွင် မိခင်ကျန်းမာရေးကြောင့် ပထမဆုံး အကြိမ် မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိလာပြီး ၂ဝ၁၃၊ ဖေ ဖော်ဝါရီလတွင် မိခင်ကျန်းမာရေးကြောင့်ပင် ထပ်မံရောက်ရှိလာ ခဲ့ခြင်းဖြစ်သည်။ သို့သော် သူ၏မိခင် ဒေါ်ခင်သူဇာ (အသက်- ၇၂ နှစ်) သည် ၁၆.၁.၂ဝ၁၃တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။ဖခင်ဦးခင်မောင်လွင် (ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယညွှန် ကြားရေးမှူးချုပ် -အငြိမ်းစား)နှင့် မိခင် ဒေါ်ခင်သူဇာ(ဗဟိုတရား ရုံးချုပ်ရှေ့နေ)တို့က တောင်တွင်းကြီးမြို့တွင် မွေးဖွားခဲ့ပြီး ၇ တန်း၊ ၈ တန်းကစ၍ ရန်ကုန်မြို့တွင် ကျောင်းတက်ကာ ပညာသင်ဆည်းပူးခဲ့သည်။ ၈တန်းမှ ၁ဝတန်း အထိရန်ကုန်မြို့၊ဒဂုံအ.ထ.က (၁) ကျောင်း ၌ ပညာသင်ဆည်းပူးခဲ့ရာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဆေးတက္ကသိုလ် ။ ညီအစ်ကို မောင်နှမ မွေးချင်းသုံးယောင်ရှိရာအစ်မဖြစ်သူ မချိုသူဇာလွင်ကအမေရိကန်၌နေထိုင်လျက်ရှိပြီး ညီမဖြစ်သူမယဉ်သူဇာလွင်က စင်ကာပူနိုင်ငံ၌ နေထိုင်လျက်ရှိသည်။ဇနီးဖြစ်သူမှာ ခင်မြမြဝတ်မှုံဆွေဖြစ်ပြီးသမီးဖြစ်သူမှာ အိန်ဂျယ်စိုးသူလွင်ခေါ် ဆုဝတ်မှုံစိုးဖြစ်ပြီး အမေရိကန်နိုင်ငံ၊မေရီလန်း (Maryland) ပြည်နယ်တွင် နေထိုင်လျက်ရှိသည်။

ငယ်ငယ်ကဝါသနာ

ငယ်ငယ်တုန်းက ရည်ရွယ်ချက်က သီချင်းဆိုတဲ့အဆိုတော်နားက ဂစ်တာကိုအဓိကတီးခတ်ရတဲ့ Lead ဂီတာသမား ဖြစ်ချင်တာ။ နောက်ရည်မှန်းချက်တစ်ခုက လူရွှင်တော်ကြီးတွေကို အားကျပြီး တအားရယ်ရတဲ့ ပြက်လုံးကောင်းကောင်းတွေထုတ်နိုင်တဲ့ လူရွှင်တော်ဖြစ်ချင်တာပါ” ဟု ကိုစိုးသူက ပြောဖူးသည်။

အလွမ်းမိုးတွေရွာ

ကိုစိုးသူသည် သူအမေရိကန်နိုင်ငံရောက်စ ၁နှစ်၊ ၂ နှစ် အတွင်း မြန်မာနိုင်ငံကိုလွမ်း ရပုံနှင့်ပတ်သက်၍လည်း ” အမေရိကကို ရောက်စနှစ်တွေတုန်းက တမင်သက်သက်ကို၂နှစ်ကျော်ကျော်၊ ၃ နှစ်လောက်အထိ သီချင်းတွေနားမထောင်မိအောင်၊ ရုပ်ရှင်တွေမကြည့်မိအောင်၊ ဘာရုပ်ရှင်၊ ဘာသီချင်းမှ မကြည့်မိ၊ နားမထောင်မိအောင်နေတယ်။ ကိုယ်ကိုယ်တိုင်သရုပ်ဆောင်ခဲ့တာရော၊ ကိုယ်ကိုယ်တိုင် ဘာကိုမှမကြည့်မိ၊ နားမထောင်မိအောင်ကြိုးစားပြီးနေတယ်။ တအား သတိရလွန်းလို့ နေ့တိုင်းမျက်ရည်ကျရတယ်” ဟုပြောသည်။

အနုပညာလောကအပေါ်အမြင်

” အရာရာကတော့ ဘုရားဟောပဲ။ ပြောင်းလဲနေတဲ့သဘောတရားရှိတယ်။ ကောင်းတဲ့ဘက်ကို တိုးတက် ပြောင်းလဲသွားရင်တော့ အကောင်းဆုံးဖြစ်မှာပေါ့။ ဒါလည်း ကျွန်တော့်လိုပဲ ကောင်းစေချင်တဲ့ဆန္ဒအားလုံးအတူတူရှိကြမှာပါ။ ဘက်စုံထောင့်စုံကအခွင့်အလမ်း တွေရမယ်။ ပံ့ပိုးမှုတွေရမယ်ဆိုရင် ကျွန်တော်တို့ ရုပ်ရှင်လောက ကြီးတစ်ခုလုံးပိုပြီးတိုးတက်လာမယ်။ဘက်စုံထောင့်စုံက အကုန်လုံး အဆင်ပြေလာရင် ပိုကောင်းတာပေါ့။ ပြည်သူတွေအတွက် လည်း ကောင်းတယ်။ ရုပ်ရှင်လောက အတွက်လည်း ကောင်းတယ်။ တိုင်း ပြည်အတွက်လည်းကောင်းတယ်လို့မြင်ပါတယ်”ဟု အနုပညာလောက နှင့်ပတ်သက်၍ မှတ်ချက်စကားပြောခဲ့သည်။

အတိတ်နှင့် ပစ္စုပ္ပန်

ကိုစိုးသူသည် သူ၏ ” Past & Present Soe Thu+Free Show ” ကို ၂ဝ၁၃ ခုနှစ်၊ မတ်လ ၃ဝ တွင် ကျင်းပမည်ဖြစ်သည်။ ဖျော်ဖြေပွဲ ခေါင်းစဉ်နှင့်ပတ်သက်၍ ” အတိတ်၊ ပစ္စုပ္ပန်မှာ ကျွန်တော့်အနေနဲ့ပရိသတ်အပေါ်ထားတဲ့စိတ်က အတူတူပဲရှိနေသေးတယ်ဆိုတဲ့ သဘောနဲ့ ဒီနာမည်လေးပေးဖြစ်တာပါ။ အဓိကကတော့ဘယ်အချိန်ပဲဖြစ်ဖြစ်ပရိသတ်ကိုကျေးဇူးတင်စွာနဲ့ အတတ်နိုင်ဆုံးပြန်ပေးဆပ်ချင်တဲ့အတွက် အခုလို စီစဉ်ဖြစ်သွားတာပါ” ဟုကိုစိုးသူကဖွင့် ဟဆိုခဲ့သည်။

အကယ်ဒမီပွဲတက်ခဲ့တဲ့ အကယ်ဒမီ မင်းသား

ကိုစိုးသူသည် ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံ၌ကျင်းပခဲ့သော ၂ဝ၁၁ ခုနှစ်၊ ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးခဲ့သည်။ အကယ်ဒမီပွဲ မှတ်ချက်စကားကတော့ ” အကယ်ဒမီပွဲက ကြည့်ရတာ တော်တော် လေးအဆင်ပြေပါတယ်။ ကြည့်ရတာ အင်မတန်ကို ကြည်နူးစရာ၊ ပျော်စရာကောင်းပါတယ်။ အကြိုက်ဆုံးကတော့ ဆုရတဲ့ တစ် ယောက်ချင်း ချက်ချင်းကျေးဇူးတင်စကားပြောရတာ တော်တော် အဆင်ပြေတယ်ထင်ပါတယ်” ဟူ၍ ဖြစ်သည်။

မှတ်မှတ်ရရ ‘ဒိုး’ ဇာတ်ကား ”

အဲဒီ “ဒိုး” ဇာတ်ကားရိုက်တာ ၁၉၈၆- ၈၇ ဝန်း ကျင်လောက်ကပါ။ ကိုကျော်သူတို့ရဲ့အမျိုးသား ရုပ်ရှင်ထုတ်လုပ်ရေးက အန်ကယ်ဦးစိန်တင်ကိုယ်တိုင်လာပြီးတော့ ဆရာ မောင်ညွန့်လွင်ရဲ့ အမျိုးသားစာပေဆုရ ” လင်္ကာလေးများပါ” ဆိုတဲ့ ဆရာ့ရဲ့ဝတ္ထုကို ရိုက်ချင်တယ်။ ဇာတ်ကိုဖတ် ကြည့်ပါဆိုလို့ ကျွန်တော်တို့ ဖတ်ကြည့်တယ်။သဘောကျတယ်၊ တိုင်ပင်တယ်။ ရိုက်မယ့် ဒါရိုက်တာကလည်း ဆရာဦးကြည်စိုးထွန်း။ အားလုံး သဘောတူညှိနှိုင်းပြီးတော့ ” ဒိုး” ဇာတ်ကား ရိုက်ဖြစ်တာပေါ့။ သရုပ်ဆောင်တွေကလည်း အကယ်ဒမီ ဒေါ်မေဝင်းမောင်တို့၊ အကယ်ဒမီ ဇင်မာဦးတို့၊ တခြား ဇာတ်ပို့၊ ဇာတ်ရံ တွေလည်း အများကြီး ပါပါတယ်။ အဓိကက အားကစားနဲ့ လူငယ် ပညာပေးဇာတ် လမ်းလေးပါ” ဟု “ဒိုး” ရုပ်ရှင်ဇာတ်ကား နှင့်ပတ်သတ်ပြီး မှတ်မှတ် ရရစကားဆိုခဲ့သည်။

ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်ပြီး ဖခင်ဆီက ပိုးရခဲ့တဲ့ ချစ်သုဝေ

ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ ‘ကျေးဇူးရှင်’ဇာတ်ကားမှာ သရုပ်ဆောင် နေတဲ့ ချစ်သုဝေက ဒီဇာတ်ကား မှာတော့ ဖက်ရှင်ပိုင်း တွေရော၊ ဆံပင်ပုံစံ လေးတွေရော အထူးကြိုးစား ထားတယ် လို့ပြောပါတယ်။ ချစ်သုဝေက ဖက်ရှင်ကို ငယ်ငယ်လေး ကတည်းက စိတ်ဝင်စား ခဲ့တာဖြစ်ပြီး ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်ပြီး ဖခင်ဆီက ပိုးရခဲ့တာ ဖြစ်ကြောင်းကို “ဖေဖေကလည်း အရင်က တေးသံသွင်းတို့၊ စတူဒီယိုတို့ မလုပ်ခင်က အဝတ်အစား ဒီဇိုင်းတွေ လုပ်တယ်။ အန်ကယ် ညီထွဋ်တို့၊ ကိုစိုးသူတို့၊ ကိုကျော်သူတို့ အန်တီ ကော်နီတို့ကို အမြဲတမ်း အဝတ်အစား တွေဝယ်ပေး၊ ဆင်ပေးဆိုတော့ ဖေဖေ့ပိုး ပါလာတယ် ပြောရမှာပဲ။ ငယ်ငယ်လေး ကတည်းက ကိုယ့်ဘာသာကိုယ် ဖက်ရှင် ထွင်ပြီး ဝတ်ရတာ ကြိုက်တယ်” လို့ပြောပါတယ်။

ချစ်သုဝေက လောလောဆယ် သင်္ကြန်ဘယ်မှာ ရှိမလဲဆိုတာ မသေချာ သေးကြောင်း၊ နှစ်တိုင်းသင်္ကြန်ကို သီချင်း ဆိုရင်းပဲ ဖြတ်သန်း ဖြစ်ခဲ့ကြောင်း၊ သီချင်း မဆိုခင်ကတော့ အိမ်မှာပဲ နေဖြစ်ပြီး သင်္ကြန်မှာ ရေပက်ရတာတို့၊ ထွက်လည်ရတာ တို့ကို သိပ်မကြိုက်ကြောင်း ပြောပါတယ်။ သင်္ကြန်မှာ ထူးထူးခြားခြား အမှတ်တရ ကတော့ ၂ဝဝဝ Vegas မဏ္ဍပ်မှာ ပထမဆုံး ရှိုးဖျော်ဖြေမှု အနေနဲ့ အင်္ဂလိပ် သီချင်းတွေစဆို ဖြစ်ခဲ့ကြောင်း ပြောပါတယ်။

ဒီနှစ် သင်္ကြန်မှာ ဝတ်စား ဆင်ယင်မှုတွေကို ထိန်းထိန်း သိမ်းသိမ်းနဲ့ ဖြတ်သန်း စေချင်ကြောင်း ပြောတဲ့ ချစ်သုဝေက “နာမည်ကိုက မြန်မာ့ရိုးရာ သင်္ကြန်လေ။ လူငယ်တွေဖြစ်တဲ့အတွက် ရာသီဥတု အရရော၊ တစ်ကိုယ်လုံးကြီး လုံခြုံနေအောင် ဝတ်ရမယ် ဆိုတာတော့ မဖြစ်နိုင်ဘူး။ သွားရလာရ လွယ်ကူရမယ်၊ ရေစိုခံရမယ်။ အပူသက်သာ ရမယ်။ လူငယ်တွေ ကလို့ခုန်လို့ ကောင်းရမယ်။ ဒါမျိုးတွေ ရွေးချယ်ရမယ် ဆိုတော့ ခေတ်တော့ မီရမယ်၊ ခေတ်ဆန် နေရမယ်။ အမျိုးသမီး တွေက အထိအခိုက် မခံဘူး။ မြန်မာလူမျိုးဆို ပိုဆိုးတယ်။ ပွင့်လင်းလာတဲ့ ခေတ်ကြီးထဲမှာ ကိုယ်သွားနေကျ လမ်းကြောင်းထက် နည်းနည်းလေး ထွင်လိုက်ရင် လက်ညှိုးတွေက ဝိုင်းထိုး ကြတယ်။

အဲဒါကြောင့် ကိုယ့်ရဲ့ မြန်မာဆိုတဲ့ ဟန်လည်း မပျောက်အောင်၊ ခေတ်ဆန်ဆန် လူငယ်အထာလေး ဖြစ်နေအောင် ဝတ်ရမယ်။ လုံခြုံပေါ့ပါး လွတ်လပ်ပြီး လှတာတွေ အများကြီးပဲ ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း Respectပေးနိုင်တဲ့သူ ဖြစ်အောင် သူတစ်ပါးကလည်း ကိုယ့်ကို Respect ပေးနိုင်တဲ့သူဖြစ်ေ အာင် ပျော်ပျော်ရွှင်ရွှင် လေးနဲ့ ဝတ်စား ဆင်ယင်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်း ဖြတ်သန်း သင့်ပါတယ်”လို့ ပြောပါတယ်။

နေပြည်တော်နောက်ခံလူ ချစ်စမ်းမောင် ဒဏ်ရာကြောင့် အနားယူရမည်

နေပြည်တော် အသင်း နောက်ခံလူ ချစ်စမ်းမောင်သည် ပြီးခဲ့သည့် နေရှင်နယ်လိဂ် ပွဲစဉ် ၇ ဇွဲကပင်အသင်း အား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့ပြီး တစ်လခန့် အနားယူရ မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတွင် ချစ်စမ်းမောင် ဒဏ်ရာရရှိခဲ့သဖြင့် ရွှေလှိုင်ဝင်းနှင့် လူစားလဲခဲ့ရပြီး ချစ်စမ်းမောင်ရရှိခဲ့သည့် ဒဏ်ရာမှာ ပြီးခဲ့သည့်နှစ်တွင် ရရှိခဲ့ဖူးသည့် ဒဏ်ရာဟောင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ချစ်စမ်းမောင်သည် လာမည့် ဇေယျာရွှေမြေအသင်း၊ ရတနာပုံ အသင်းများနှင့် ပွဲစဉ်အား လွဲချော်တော့ မည်ဖြစ်သည်။ ဇွဲကပင်အသင်းအား အနိုင်ရရှိခဲ့ သည့်ပွဲတွင် နေပြည်တော်အသင်းနည်းပြ ဦးမျိုးလှိုင်ဝင်း သည် ပွဲအပြီးသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ခြင်း မရှိ တွေ့ရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက “ နည်းပြကို သတင်းစာရှင်းလင်းပွဲတက်ဖို့ ခေါ်ထား ပြီးပါ ပြီ။ သူ့ဘက်က မတက်ရောက်ခဲ့တာပါ။ ဒါကို ပွဲ အပြီး အစီအရင်ခံစာမှာ ထည့်သွင်းမှာပါ”ပြောကြားခဲ့သည်။

မြန်မာမှ အာဆီယံအကောင်းဆုံးဆုအချို့ရရှိရန် ရေပန်းစားနေ

အာဆီယံ ဘောလုံးအဖွဲ့ချုပ်မှ ပထမဦးဆုံး အကြိမ်အဖြစ် ချီးမြှင့်မည့်  အာဆီယံအကောင်းဆုံး ဆုများ ပေးအပ်ပွဲ အခမ်းအနား တွင် မြန်မာနိုင်ငံမှ အကောင်းဆုံးဆုအချို့ ရရှိရန် ရေပန်းစားနေကြောင်း သိရ သည်။ အဆိုပါ အာဆီယံ အကောင်းဆုံးဆု များ ပေးအပ် ချီးမြှင့်ပွဲအခမ်းအနားကို လာမည့် ဧပြီ ၃ ရက် မလေး ရှားနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး အကောင်းဆုံးဆု ၁၈ ဆုအထိ ချီးမြှင့်မည်ဟု သိရသည်။ မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်သည် တစ်နှစ်တာ အကောင်းဆုံး ဘောလုံး အဖွဲ့ချုပ်ဆု ရရှိရန် ထိုင်း၊ ဗီယက်နမ်တို့နှင့် အတူ ရေပန်းစားနေပြီး မြန်မာ့ လက်ရွေးစင်အသင်းနည်းပြ ကူမာဒါသည်လည်း တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး အသင်းနည်းပြဆု ရရှိရန် ဆန်ခါတင်စာရင်းထဲ တွင် ရွေးချယ်ခံ ထားရကြောင်း သိရသည်။ ထို့ပြင် မြန်မာ့လက်ရွေးစင် အသင်းတိုက်စစ်မှူး၊ ရန်ကုန်ယူနိုက်တက် အသင်းတိုက်စစ်မှူး ကြည်လင်းမှာ လည်း အာဆီယံအကောင်းဆုံးအသင်း လူစာရင်းတွင် ပါဝင်နိုင်ကြောင်း ရေပန်း စားနေသည်။ အလားတူ မြန်မာ့လက်ရွေးစင် ဖူဆယ်ကစားသမား ပြည့်ဖြိုးမောင်မှာလည်း အာဆီယံအကောင်းဆုံး ဖူဆယ်အသင်း လူစာရင်းတွင် ရွေးချယ်ခံရနိုင်ရန် ရေပန်းစားနေသည်။ ဧပြီ ၃ ရက် မလေးရှား တွင် ကျင်းပမည့် အဆိုပါ အကောင်းဆုံးဆုပေးအပ်ပွဲအခမ်းအနားသို့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ဦးဆောင် သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့သည့် ပြီးခဲ့သည့် ဧပြီ ၁ ရက်က မလေးရှားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

နေမာကို ဥရောပသို့ ပြောင်းရန် ရော်နယ်ဒို တိုက်တွန်း

ဘရာဇီးသား နေမာ အနေနှင့် ၂၀၁၄ ကမ္ဘာ့ဖလား မတိုင်မီ ဥရောပသို့ ထွက်ကစားသင့်ကြောင်း တိုက်စစ်မှူးကြီး ရော်နယ်ဒိုက တိုက်တွန်း လိုက်သည်။ ၃၆ နှစ် ရှိပြီ ဖြစ်သော ရော်နယ်ဒိုက နောမာ အနေနှင့် လက်ရှိ ခြေစွမ်းများအရ ဘရာဇီး တွင်သာ ကျေနပ်မနေပဲ ဥရောပ ထိပ်တန်းကလပ် တစ်ခုခုသို့ ပြောင်းရွှေ့ ကစားသင့်ကြောင်း၊ အကယ်၍ ဥရောပသို့သာ ရောက်ရှိသွာပါက လက်ရှိ ခြေစွမ်းနှင့် အတွေ့ အကြုံသစ်များ ပေါင်းစပ်လိုက်လျင် ကမ္ဘာ့အကောင်းဆုံး နေမာအား ကမ်းလှမ်းသည့် ကလပ်များ ရှိနေသည့် ကြားမှ နေမာမှာ လက်ရှိ ကလပ် ဆန်းတို့စ်နှင့် စာချုပ်သက်တမ်းတိုးခဲ့ကြောင်း၊ မိမိအမြင်အရ ပြောရလျင် လက်ရှိ အရွယ်တွင် ဥရောပ ထွက်၍ အမြင်ကျယ်ကျယ်ဖြင့် ကစားသင့်ပြီဟု ယူဆကြောင်း ပြောဆို သွားခဲ့သည်။ ၂၁ နှစ်သား နေမာကို ဘိုင်ယန်၊ ဘာစီလိုနာ စသည့် ကလပ် အသင်းကြီးများက စိတ်ဝင်စား လျက် ရှိနေသည်။

ဂျာမန်မြေကအပြန် ဂျူဗင်တပ်ရဲ့ ချန်ပီယံလိဂ်မျှော်လင့်ချက်ေ၀၀ါးသွားခဲ့ပြီ

ပွဲအစ ၂၆စက္ကန့်မှာပဲ ကွင်းတစ်ဝက်လောက်ကနေ အလာဘာကန်သွင်း ရာမှာ အားမပါပေမယ့် ဘူဖွန် ဘောလုံးလမ်းကြောင်း တွက်ဆပုံမှား ယွင်းပြီး ဟန်ချက်ပျက်ခဲ့တာကြောင့် ဘိုင်ယန်တို့ အဖွင့်ဂိုးရခဲ့ပါတယ်။ ဒီဂိုးဟာ ချန်ပီယံလိဂ်မှာ ၄၉၁မိနစ် ဂိုးမပေးခဲ့ရတဲ့ ဘူဖွန်ရဲ့ မှတ်တမ်းကိုလည်း အဆုံးသတ်စေခဲ့ပါတယ်။

ဘိုင်ယန်ဟာ ကွင်းလယ်မှာ စတိုင်ဂါ၊ တိုနီခရူးစ်၊ ဂူစတာဗိုတို့နဲ့ ပွဲထွက်လာခဲ့ပြီး ဂျူဗီ ကိုကွင်းလယ် အသာစီး ယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပထမပိုင်းမှာ ဂျူဗီတို့ ဂိုးသွင်းခွင့်တွေ မဖန်တီးနိုင်ခဲ့ဘဲ ဘိုင်ယန်တိုက်စစ်ကို ခုခံရင်း အချိန်ကုန်ခဲ့ရတာပါ။ ဒါပေမဲ့ ဘိုင်ယန်တို့အဆုံးသတ်ပိုင်း အားနည်းခဲ့ပြီး ဧရိယာထဲကနေ အပိုင်ကန် သွင်း ဖို့ကြိုးစားနေတာကြောင့် ဂိုးထပ်ရမယ့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပါတယ်။ ဂျူဗီဟာ ပထမပိုင်းမှာ ဂိုးပေါက် ၃ကြိမ်ပဲ ကန်ခွင့်ရခဲ့ပြီး ကန်ချက်အားလုံးလည်း ဂိုးပေါက်မတည့်ခဲ့ပါဘူး။

ဒုတိယပိုင်းပြန်စပြီး ၃မိနစ်အကြာမှာ မန်ဇူကစ်ရဲ့ ထောင့်ဖြတ်ကန်ချက်ကို ဘူဖွန် ကာကွယ်နိုင်ခဲ့လို့ ဂျူဗီတို့ သက်သာရာရခဲ့ပေမယ့် ၆၂မိနစ်အရောက်မှာတော့ ဂူစတာဗိုရဲ့ကန်ချက်ကို ဘူဖွန် ပုတ်ထုတ်ခဲ့ပြီး ပြန် ထွက်လာတဲ့ ဘောလုံးကို မန်ဇူကစ်ရသွားရာမှာ ဒီကစားသမားက လွတ်နေတဲ့ မူလာဆီထိုးပေးခဲ့ရာကနေ မူလာအနီးကပ် ပိတ်သွင်းသွားနိုင်ခဲ့လို့ ဘိုင်ယန်တို့ ဒုတိယဂိုး ရခဲ့ပါတယ်။ ဂျူဗီဟာ ဒီပွဲမှာ ဘိုင်ယန်ရဲ့မြန်နှုန်း ကို မထိန်းနိုင်ခဲ့သလို ကစား ကွက်တည်မရခဲ့တာလည်း တွေ့ရပါတယ်။

အဲဒီနောက်မှာတော့ ဂျူဗီဟာ ဗူစီနစ်၊ ဂျီယိုဗင်ကိုတို့ကိုထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ဘိုင်ယန်ကပဲ ပွဲကိုစိုးမိုးနိုင်ခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာတော့ ဂျူဗီတို့ လျှက် တစ်ပြက်ကန်ချက်တွေနဲ့ ချေပဂိုးရဖို့ အားထုတ်ခဲ့ပြီး နျူအာ လက်စွမ်းပြသွားခဲ့လို့ ဥရောပပွဲ ၁၀ပွဲဆက် ဂိုးသွင်းနိုင်တဲ့ စံချိန်အဆုံးသတ် ခဲ့သလိုအဝေးဂိုးမရဘဲ ၂ဂိုးပြတ်ရှုံးနိမ့်ခဲ့ရလို့နောက်တစ်ဆင့်တက်ရေးအတွက်လည်း ခက်ခဲသွားခဲ့ရပါတယ်။

အသင်း ထိပ်ဆုံး ၄ သင်း စာရင်းဝင်ရန် ဂျရတ် မျှော်လင့်

အင်္ဂလန် အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားသကဲ့သို့ လီဗာပူးနှင့်လည်း စာချုပ်သစ် ကိစ္စ ဆွေးနွေးနေသည့် ဂျရတ်က လီဗာပူးအား ချန်ပီယံလိဂ် ၀င်ခွင့်ရစေမည့် ထိပ်ဆုံး ၄ သင်း စာရင်း ၀င်ရန် မျှော်လင့်နေကြောင်း ပြောဆိုခဲ့သည်။ လီဗာပူး အသင်းမှာ တနင်္ဂနွေနေ့က ဗီလာနှင့် အဝေးကွင်း ပွဲစဉ်တွင် ၁း၂ ဖြင့် အနိုင်ရရှိခဲ့ပြီး အဆင့် ၄ အသင်းနှင့် ၇ မှတ် အကွာ အဆင့် ၇ တွင် ရှိနေသည်။ ဂျရတ်က ကျွန်တော်တို့ အနေနဲ့ ပွဲတိုင်း ပွဲတိုင်းမှာ ကောင်းကောင်း ကစားသွားနိုင်ဖို့ ကြိုးစားသွားမှာပါ။ တချို့ပွဲတွေမှာ ထင်တိုင်း မပေါက်ပေမယ့် တကယ်ကြိုးစားရင် နိုင်ပွဲဆိုတာ ဖြစ်လာမှာပါပဲ။ အခုအချိန်မှာ လက်ကျန် ပွဲဟာ သိပ်မရှိတော့တာမို့ ထိပ်ဆုံး ၄ သင်း စာရင်းကို မျှော်လင့်ယုံသာ မျှော်လင့်နိုင်ပေမယ့် လာမယ့် နွေမှာ လိုတာတွေ ဖြည့်ပြီးရင် ကျွန်တော်တို့ဟာ အကောင်းဆုံး ၄ သင်းစာရင်းထဲပါကို ပါလာပါလိမ့်မယ် ဟု ပြောဆိုသွားခဲ့သည်။ နည်းပြ ရော်ဂျာမှာ ၃၂ နှစ် ရှိပြီဖြစ်သော ဂျရတ်အား စာချုပ်သစ် ကိစ္စ အဆင်ပြေရေးအတွက် ပူပင်စရာ မရှိကြောင်း ပြောဆိုခဲ့ပြီး ဖြစ်သည်။

ဘယ်ခံစစ်ကိုမဆို ထိုးဖောက်နိုင်ပါတယ်----ဖီးလစ်လမ်း

ဘိုင်ယန်အသင်းခေါင်းဆောင် ဖီးလစ်လမ်းက မိမိတို့၏တိုက်စစ်ပိုင်းမှာ မည်သည့်ခံစစ်ကိုမဆို ထိုးဖောက်နိုင် သည်ဟု ကြုံးဝါးသွားခဲ့သည်။ ဂျူဗင်တပ်မှာ ယခုရာသီ စီးရီးအေတွင် ခံစစ်အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နေကာ ပွဲ ၃၀ ကစားပြီးချိန်တွင် ၁၉ဂိုးသာ ပေးထားရခြင်းကြောင့် ဘိုင်ယန်အနေဖြင့် တိုက်စစ်ဆင်ရန် အခက်တွေ့နိုင်ဖွယ်ရှိနေသည်။

သို့သော် ဖီးလစ်လမ်းက “ဂျူဗင်တပ်ဟာ စီးရီးအေမှာ လွှမ်းမိုးထားနိုင်သလို သူတို့ကို အနိုင်ရဖို့လည်း မလွယ်ပါဘူး။ အသင်းလိုက်စုဖွဲ့မှုကောင်းသလို တစ်ဦးချင်းစွမ်းရည်လည်း ကောင်းတဲ့ အီတလီ ကလပ်ဖြစ် ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ကျွန်တော်တို့အသင်းရဲ့ လုပ်နိုင်စွမ်းကို သိထားပါတယ်။ ကျွန်တော်တို့အသင်းမှာ ထိပ်တန်းကစားသမားတွေ ရှိနေသလို ဘယ်ခံစစ်ကိုမဆို ထိုးဖောက်နိုင်ပါတယ်။ ဂျူဗင်တပ်ဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး အနိုင်ရဖို့ခက်ခဲပေမယ့် သူတို့ကိုအနိုင်ကစား ချင်ပါတယ်”ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘိုင်ယန်မှာ ယခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲတွင် ၁၈ဂိုးထိသွင်းယူ ထားနိုင်ပြီး ရီးရဲလ်နှင့်အတူ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေနိုင်သည်။

နောက်ဆုံးမိနစ်မှာ ဘာကာကို ချေပဂိုးသွင်းခဲ့တဲ့ ပီအက်စ်ဂျီ

ဘာကာနဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် ဘက်ခမ်း ပွဲထွက်ပါဝင်ခွင့်ရခဲ့ပြီး ၄-၄-၂ ကစားကွက်မှာ မာတူဒီနဲ့တွဲဖက် ကစားသွားခဲ့သလို တောင်ပံနှစ် ဖက် မှာတော့ မိုရာ၊ လာဗက်ဇီ တို့နဲ့ ခင်းကျင်းခဲ့ပါတယ်။ ပွဲအစ ၅မိနစ်မှာပဲ ပီကေးကို လှည့်ပြီး လာဗက်ဇီ ကန်သွင်းရာ မှာ တိုင်ထိထွက်ခဲ့လို့ ဘာကာတို့ ဖိအားများ မသွားခဲ့ရပေမယ့် အဲဒီနောက်မှာ ပွဲကပို အသက်ဝင်လာခဲ့ ပါတယ်။

ဒါပေမဲ့ ဇာဗီပြန်လာတာကြောင့် ဘာကာ ကွင်းလယ်ဟာ ပိုအလုပ်ဖြစ်ခဲ့ပြီး ပီအက်စ်ဂျီ ကတော့ တောင်ပံ ကစားသမားတွေရဲ့မြန်နှုန်း နဲ့ ဘာကာကို ပြန်လည်ခြိမ်းခြောက်ခဲ့ပါ တယ်။ ပွဲချိန် ၁၅မိနစ်မှာပဲ ပက်စ်တိုရီရဲ့ အဝေးကန်ချက်ကို ဗဲလ်ဒက်စ် ကာကွယ်ခဲ့ရ သလို ၁၉မိနစ်မှာရတဲ့ ပြစ်ဒဏ်ဘောကို အီဘရာဟီမိုဗစ်ခ်ျ အနိမ့်ဘောကန်သွင်းရာ မှာ ဒီဂိုးသမားက လက်စွမ်းထပ်ပြခဲ့ပါတယ်။ ပွဲချိန် ၃၈မိနစ်အရောက်မှာတော့ ကွင်းလယ် ကနေ အဲလ်ဗက်စ် လှလှပပ ဖြတ်တင်ပေး လိုက်တဲ့ဘောလုံးကို မက်ဆီ ကန်သွင်းနိုင်ခဲ့လို့ ဘာကာတို့ အဖွင့်ဂိုးရခဲ့ပါတယ်။ ဒီဂိုးဟာ မက်ဆီရဲ့ ၅၉ဂိုးမြောက် ချန်ပီယံလိဂ်သွင်းဂိုးဖြစ်ပြီး ချန်ပီယံလိဂ်ဂိုးသွင်းဘုရင် ရာအူးလ်ရဲ့ ၇၁ဂိုး စံချိန်ကိုမှီဖို့ ၁၂ဂိုးအကွာ ကိုရောက်ခဲ့ပါတယ်။

၄၂ မိနစ်မှာ ဧရိယာထိပ် ကနေ မက်ဆီကန်သွင်းတာ ဂိုးထောင့်ကနေ ကပ်ထွက်သွားခဲ့ပြီး မက်ဆီလည်း ဒဏ်ရာရ သွားခဲ့ပါတယ်။ ဒါကြောင့် နောက် ၃မိနစ်အကြာမှာ မက်ဆီကို ဖာဘရီဂတ်စ်နဲ့လူစားလဲခဲ့ရပြီး ဘာကာတို့ တိုက်စစ်အားလျော့သွားခဲ့ပါတယ်။ ပွဲချိန် ၇၃မိနစ်မှာ အီဘရာဟီမိုဗစ်ခ်ျ ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ခဲ့ပေမယ့် ဗဲလ်ဒက်စ် တည့်တည့်ကို ကန်မိသွားလို့ ချေပဂိုးမရခဲ့တာပါ။ ဒါပေမဲ့ နောက်သုံးမိနစ် အကြာမှာတော့ ပြစ်ဒဏ်ဘောကနေ ဆေးလ်ဗား ခေါင်းတိုက်ရာမှာ တိုင်ထိထွက် ခဲ့ပြီး ဒီဘောလုံးကို မိုဗစ်ခ်ျက လူကျွံအနေ အထားကနေ ပိတ်သွင်းပြီး ပီအက်စ်ဂျီ အတွက်ချေပဂိုး ရယူပေးခဲ့ပါတယ်။

ပွဲချိန် ၈၉မိနစ်အရောက်မှာတော့ ဆန်းချက်ဇ်ကို ဧရိယာထဲဆွဲလှဲလို့ ဘာကာတို့ပင်နယ်တီရခဲ့ပြီး ဇာဗီကဂိုး အဖြစ်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ (၁-၂)ဂိုးနဲ့ပွဲပြီးတော့မယ်လို့ ထင်ခဲ့ပေမယ့် နာကျင်အချိန်ပို အရောက် မှာတော့ မိုဗစ်ခ်ျခေါင်းတိုက်ချပေးတဲ့ဘောလုံးကို မာတူဒီက ဧရိယာထိပ်ကနေ ကန်သွင်းပြီး ပီ အက်စ်ဂျီ အတွက် ချေပဂိုးပြန်သွင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာကာတို့ အဝေးဂိုး ၂ဂိုး ရခဲ့တာကြောင့် နောက် တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။

ခံတွင်းရနံ့ဆိုးခြင်းကို ကာကွယ်နည်း

မေးခွန်းက ရိုးရိုးလေးပါ။ သင့်လုပ်ဖော် ကိုင်ဖက် သို့မဟုတ် သင့်မိတ်ဆွေ တစ်ယောက် ယောက်မှာ ခံတွင်းက အနံ့ဆိုး ထွက်နေတယ်ဆို ရင် သင်က သူတို့ကို ပြောပြမလား။ အခြားလူတွေ အားလုံးကိုပဲ သင်ရဲ့ အဖြေဟာလည်း "မပြောပါဘူး" လို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် သင့်ခံတွင်းက အနံ့ဆိုး ထွက်နေတယ် ဆိုရင်လည်း ဘယ်သူကမှ သင့်ကို ပြောပြမှာ မဟုတ်ဘူးပေါ့။

ခံတွင်းရနံ့ ဆိုးခြင်းရဲ့ ဖြစ်စဉ်က ခံတွင်းအတွင်းမှာ စားကြွင်စားကျန်နဲ့ ကလာပ်စည်း အသေတွေကို စားသုံးတဲ့ ဗက်တီး ရီးယားက ထုတ်လုပ်တဲ့ အငွေ့ ပျံလွယ်တဲ့ ဆာလဖာ ဒြပ်ပေါင်း တွေကြောင့် ဖြစ်ပါတယ်။ သာမန် ပလုတ်ကျင်း ဆေးရည်၊ သွားတိုက် ဆေးနှင့် ခံတွင်းဖြန်းဆေး တို့ဟာ ခံတွင်းရနံ့ ဆိုးကို မွှေးရနံ့နဲ့ ဖုံးလိုက် တာဖြစ်တဲ့ အတွက် ကြာရှည် မခံပါဘူး။

Closys ၊၊ ဆိုတဲ့ ဒြပ်ပေါင်းက တော့ ဆာလဖာ ဒြပ်ပေါင်းတွေကို ဖယ်ရှားလိုက်ပြီး သန့်ရှင်းတဲ့ ခံတွင်း ရနံ့ကို လျင်မြန်စွာ ဖြစ်ပေါ်စေပါ တယ်။ ခံတွင်းထဲက ဗက်တီးရီးယား ကိုလည်း သေစေပါတယ်။ ဒါကြောင့် ခံတွင်းရနံ့ဆိုး ပြဿနာ ရှိသူတွေ သွားတိုက်ဆေး ဝယ်မယ်ဆိုရင် နောက် ဘက်က ပါဝင် ပစ္စည်းများကို သေချာ ဖတ်ပြီးမှ ဝယ်ပါ။

ခါးနာခြင်းကို ကုသနည်း

သင့်မှာ နာတာရှည် ခါးနာသည့် ဝေဒနာကို ခံစားနေရ ပါသလား။ ဒါဆိုရင် ဆိုဖာပေါ်မှာ ထိုင်မနေ တော့ဘဲ အားကစား ခန်းမသို့ သွားဖို့ အကြောင်း ပြချက် ကောင်းကောင်း တစ်ခုရပါပြီ။ အားကစား ခန်းမ သွားပြီး ပြင်းထန်တဲ့ ကိုယ်လက် လေ့ကျင့်ခန်း လုပ်ခြင်းဟာ ကျောရိုးဆစ် ခွဲစိတ်ကုသခြင်း ကဲ့သို့ ခါးနာ ဝေဒနာကို သက်သာစေနိုင်ပါ တယ်။ အင်္ဂလန် သုတေသီများက အသက် ၁၈ နှစ်မှ အသက် ၅၅ နှစ် အရွယ် လူနာ ၃၄၉ ယောက်ကို လေ့လာဆန်းစစ်မှု တစ်ရပ်ပြုလုပ်ခဲ့ပါ တယ်။ ခါးနာလူနာ တစ်ဝက် ကို ကျောရိုးဆစ် ခွဲစိတ်မှု ပြုလုပ်စေပြီး တစ်ဝက်ကိုတော့ ၃ ပတ်ကြာ ပြင်း ထန်တဲ့ ကိုယ်လက် လေ့ကျင့် ခန်းများ ပြုလုပ်စေ ခဲ့ပါတယ်။ ရလဒ်များကို နှိုင်းယှဉ် ခဲ့တဲ့အခါ ထိုအုပ်စု နှစ်ခုစလုံးမှ လူနာများရဲ့ ခါးနာဝေဒနာ သက်သာ မှုဟာ အတူတူ ပါပဲတဲ့။ ခွဲစိတ်ကုသမှု မခံယူဘဲနဲ့ လေ့ကျင့်ခန်း ပြုလုပ်ပြီး ခါးနာဝေဒနာ သက်သာ နိုင်ပါတယ်။

ဆေးဖက်ဝင် ငရုတ်သီး

ငရုတ်ပင်ကို ရုက္ခဗေဒ အခေါ်အဝေါ် အရ capsicum annuum ဟု ခေါ်သည်။ ကမ္ဘာပေါ်တွင် ငရုတ်သီး စားသုံးသူ အတော်များများ ရှိပေသည်။ ကျန်းမာရေး သုတေသီများက ငရုတ်သီး၏ ပါဝင်ပစ္စည်း များကို လေ့လာ စမ်းသပ်ခဲ့ရာ ဗီတာမင် C ၊ သံဓာတ်၊ သတ္တုဓာတ်၊ ကယ်လ်စီ ယမ်ဓာတ်၊ ဗီတာမင် B နှင့် ဖော့စ်ဖောရပ်စ် ဓာတ်တို့် ကြွယ်ဝစွာ ပါဝင်နေကြောင်း တွေ့ရှိရသည်။ ငရုတ်သီးကို သင့်တင့်သည့် ပမာဏ စားသုံးပေး ခြင်းဖြင့် သွေးတိုး ရောဂါ၊ ဆီးချိုသွေးချို ရောဂါနှင့် သွေးတွင်း ကိုလက် စထရောလ် များခြင်းတို့ ဖြစ် နိုင်ခြေကို ထိန်းသိမ်း နိုင်သည်ဟု လည်း သိရသည်။

ရှာလကာရည်၏ ကောင်ကျိုးများ

စိမ်းနေသေးတဲ့ ပန်းသီး အရသာလို ချဉ်တဲ့အရသာ ရှိတဲ့ ရှာလကာ ရည်က ဗက်တီးရီးယား များကို ဒုက္ခပေး တဲ့ အရာ၊ Fungus ခေါ် မှိုရဲ့ ရန်သူ၊ ရေခူတုပ် ခြင်းကို အဆိပ် ပြေစေတဲ့ အရာဖြစ်သလို အောက်ပါ ကျန်းမာရေး အခြေအနေ တွေကို ကုစားရာမှာ အသုံး ဝင်ပါတယ်။

-ဝက်ခြံ

-ကိုယ်နံ့

-ပွန်းပဲ့ဒဏ်ရာ များ

-ဗောက်

-ပါးစပ်ခြောက် ခြင်း

-ခြေနံ့ထွက်ခြင်း

-ခေါင်းမှသန်းများ

-ခေါင်းကိုက်ခြင်း

-ကြို့ထိုးခြင်း

-အင်ပျဉ်

-အစာမကြေခြင်း

-အင်းဆက်ပိုးမွှား များနှင့် ပင့်ကူ ကိုက်ဒဏ်ရာများ

-ဆီများတဲ့ ဆံပင်

-နေလောင်ဒဏ်ရာများ

-ကြွက်နို့