ယခုနှစ် အောက်တိုဘာလကုန် အထိစာရင်းများအရ တစ်နိုင်ငံလုံးတွင် ဟိုတယ်အလုံးပေါင်း ၈၉၁ လုံးရှိကာ အခန်းပေါင်း ၃၂၃၉၁ ခန်းရှိခဲ့ပြီး နိုဝင်ဘာလတွင် လိုင်စင်ချထားပေးပြီးသော ဟိုတယ် အလုံးပေါင်း ၉၀၇ လုံးနှင့် အခန်းပေါင်း ၃၄၀၇၆ ခန်း ရှိကြောင်း သိရသည်။
"လစဉ်ကို ဟိုတယ်ခန်းတွေ တိုးလာနေပါတယ်။ ဒီနိုဝင်ဘာလထဲမှာကိုပဲ ရန်ကုန်တိုင်း ဒေသကြီးမှာ ဟိုတယ်က လေးလုံးနဲ့ အခန်း ၁၅၀ ကျော်လောက် တိုးလာပါတယ်" ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ထွန်းဦးက ပြောကြားသည်။




























