ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

31.8.16

eVisa နဲ့ ပြည်ပခရီးသွားများကို တာချီလိတ်၊ မြ၀တီနဲ့ ကော့သောင်း နယ်စပ်ဂိတ်များကနေ ၀င်ခွင့်ပြုမယ်


Online ကနေ Visa လျှောက်ထားရတဲ့ eVisa စနစ်နဲ့ ပြည်ပခရီးသွားများကို တာချီလိတ်၊ မြ၀တီနဲ့ ကော့သောင်းနယ်စပ်ဂိတ်များကနေ ၀င်ခွင့်ပြုမယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်းအား ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကံစမ်းမဲဆန်ဆန် မက်ဆေ့ခ်ျ ၀န်ဆောင်မှုများ လုံးဝခွင့်မပြုတော့ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဆက်သွယ်ရေး အော်ပရေတာ သုံးခုစလုံးသို့ အကြောင်းကြားပြီးဖြစ်

ကံစမ်းမဲဆန်ဆန် မက်ဆေ့ခ်ျ ၀န်ဆောင်မှုများကို လုံးဝခွင့်ပြုတော့မည် မဟုတ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဆက်သွယ်ရေး အော်ပရေတာ သုံးခုစလုံးသို့ အကြောင်းကြားထားပြီး ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ကလေးငယ်များတွင် အာဟာရချို့တဲ့မှု ပြဿနာမှာ အကြီးမားဆုံး ဖြစ်လာ


နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ကလေးငယ် အများစုသည် အာဟာရ ချို့တဲ့မှု ပြဿနာကို အကြီးမားဆုံး ရင်ဆိုင်နေကြရပြီး ၀က်သက်နှင့် အခြား ကူးစက်ရောဂါများကြောင့် သေဆုံးရခြင်းမှာလည်း အာဟာရ နည်းပါး၍ ကိုယ်ခံအား ကျဆင်းမှုကြောင့် အဓိက ဖြစ်သည်ဟု သိရှိရသည်။  

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားချိန်မှ လက်ရှိအချိန်အထိ စာချုပ်နှင့် ပတ်သက်၍ ပြန်လည်စိစစ်ခြင်း၊ အကြံပေးခြင်းတို့ မပြုလုပ်ရသေးကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူ ပြောကြား

မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ထားချိန်မှစပြီး လက်ရှိအချိန်အထိ မြစ်ဆုံစီမံကိန်း စာချုပ်နှင့် ပတ်သက်ပြီး ပြန်လည်စိစစ်ခြင်း၊ အကြံပေးခြင်းတို့ မပြုလုပ်ရသေးကြောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ စီးပွားရေး စာရွက်စာတမ်း ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကြည်ကြည်သာအောင်က ပြောကြားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တွင် နိုင်ငံခြားသားသုံးဦး ပါဝင်နေခြင်းသည် ပြည်တွင်းရေး ပြဿနာကို နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးရာ ရောက်စေသဖြင့် ကော်မရှင်၌ ပြည်တွင်းမှ တတ်သိ ပညာရှင်များဖြင့်သာ ပါဝင် ဖွဲ့စည်းသင့်ကြောင်း ........


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံခြားသားသုံးဦး ပါဝင်နေခြင်းသည် ပြည်တွင်းရေးပြဿနာကို နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးရာရောက်စေသဖြင့် အဆိုပါကော်မရှင်တွင် ပြည်တွင်းမှ တတ်သိပညာရှင်များဖြင့်သာ ပါဝင်ဖွဲ့စည်းသင့်ကြောင်း အစိုးရအားတိုက်တွန်းသည့် အရေးကြီးအဆိုကို လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြည်သူ့လွှတ်တော်၌ တင်သွင်းသည်။

(၂၁) ရာစု ပင်လုံညီလာခံ စတင်သည့်နေ့တွင် နှစ်ဖက်တပ်များမှ တရားဝင် အပစ်အခတ် ရပ်စဲရေးအား ကြေညာပေးရန် အရပ်ဘက် အဖွဲ့အစည်း ၁၀၀ ကျော် သဘောထား ထုတ်ပြန် ကြေညာ

(၂၁) ရာစု ပင်လုံညီလာခံ စတင်သည့်နေ့တွင် နှစ်ဖက်တပ်များမှ တရားဝင် အပစ်အခတ် ရပ်စဲရေးအား ကြေညာပေးရန် အရပ်ဘက် အဖွဲ့အစည်း ၁၁၃ ဖွဲ့မှ သြဂုတ် ၃၀ ရက်တွင် သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

30.8.16

မြန်မာ့စီးပွားရေးဘဏ် ဘဏ်စရိတ်နှုန်းထားများ ပြောင်းလဲသတ်မှတ်


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့စီးပွားရေးဘဏ်များတွင် နိုင်ငံတော် ဘဏ်များမှ ကောက်ခံ လျက်ရှိသော

Water Taxi ကို ရွှေပြည်သာမှ ပုဇွန်တောင်ထိ ပြေးဆွဲမည်ဟုဆို

ယာဉ်ကြော ကျပ်တည်းမှုများကို လျှော့ချနိုင်ရန် ကြိုးစားသည့်အနေနှင့် Water Taxi ကို ရွှေပြည်သာမှ ပုဇွန်တောင်မြို့နယ်အထိ ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

အဆိုပါ Water Taxi ပြေးဆွဲနိုင်ရန် အများပိုင် ကုမ္ပဏီတစ်ခုကို လုပ်ပိုင်ခွင့် ပေးသွားမည်ဖြစ်ပြီး စက်တင်ဘာလအတွင်း တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

"လှိုင်မြစ်က သွားလို့ရတယ်။ ငမိုးရိပ်ချောင်းက ရေနည်းနည်း တိမ်တဲ့အတွက် အပေါ့စားလှေနဲ့ သွားဖို့ရှိတယ်။ ပြည်တွင်းလုပ်ငန်းနဲ့ ဖက်စပ်လုပ်ငန်းတွေကို စက်တင်ဘာထဲမှာ တင်ဒါခေါ်ဖို့ ရှိပါတယ်။ မကြာခင်မှာ ဆိပ်ကမ်းတွေကို ပြင်ဆင်သွားဖို့ လုပ်မှာပါ"ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

အဆိုပါ Water Taxi ၏ လမ်းကြောင်းမှာ ရွှေပြည်သာ၊ လှိုင်သာယာမှ စတင်ထွက်ခွာမည်ဖြစ်ပြီး မှတ်တိုင်သုံးခု ထားရှိမည်ဖြစ်ကာ ယင်းနေရာများမှ ဘတ်စ်ကားများနှင့် ချိတ်ဆက်နိုင်စေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

"Water Taxi က ရန်ကုန်မြို့ရဲ့လူထုနဲ့ သိပ်တော့ မရင်းနှီးသေးပါဘူး။တကယ် အောင်မြင်မယ်ဆိုရင်တော့ ယာဉ်ကြောကျပ်တည်းမှုကို အထိုက်အလျောက် ပြေလည်သွားစေနိုင်ပါတယ်"ဟု ယာဉ် ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးတရုတ်လေးက ပြောဆိုသည်။

လက်ရှိရန်ကုန်မြို့တော်၏ ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူ 
ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကို ဇူလိုင်လ ၁၈ ရက်က ဖွဲ့စည်းခဲ့ပြီး စက်တင်ဘာလအတွင်း လက်ရှိ ခရီး သည်တင်ယာဉ်များကို ထိန်းချုပ်ထားသည့် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို)ကော်မတီကို ဖျက်သိမ်း၍ အဆိုပါအဖွဲ့က တာဝန်ယူ လုပ်ဆောင်တော့မည် ဖြစ်သည်။
Credit To >>> The Voice Weekly

ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း လူမှုစီးပွား အခြေအနေကို သုတေသနပြု လေ့လာမည်


ကမ္ဘာ့ဘဏ်၏ ချေးငွေ အမေရိကန် ဒေါ်လာသန်း တစ်ရာဖြင့် အကောင်အထည်ဖော်မည့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအတွက် မြစ်ဝှမ်းဒေသရှိ သဘာဝ ဂေဟစနစ်နှင့် လူမှုစီးပွား အခြေအနေတို့ကို သုတေသနပြု လေ့လာမည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်း Component 1 Director ဖြစ်သူ ပါမောက္ခ ဒေါက်တာ ခင်နီနီသိန်းက ပြောကြားသည်။

ချင်းတွင်းမြစ်ရေ ရုတ်တရက် အရောင်ပြောင်းခြင်းသည် နန့်စကားချောင်း အတွင်း မိုးများ၍ တောင်ပြိုခြင်းကြောင့်ဟု သိရ


သြဂုတ် ၂၂ ရက်က ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ အနက်ရောင်ပြောင်း လဲသွားမှုကို ဒေသခံများ စိုးရိမ်နေ သလို ၂၄ ရက်တွင် ဟုမ္မလင်းဒေသခံ များ မြင်တွေ့၍ စိုးရိမ်နေမှုများမှာ ပြီးခဲ့သည့်ရက်ပိုင်းက မိုးရွာသွန်းမှု ယခင်ကထက် များခဲ့သောကြောင့် ခန္တီးမြို့အထက်ပိုင်း လဟယ်အစပ် တွင်ရှိသော နန့်စကားချောင်း တစ်လျှောက် တောင်များပြို၍ မြေ အနက်ရောင် များ ရေနှင့်အတူ ချင်းတွင်းမြစ်ထဲ စီးဆင်းလာသည့်အတွက် မြစ်ရေ မည်းနက်နေခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးဇင်မောင်ထံမှ သိရသည်။

29.8.16

ကိုဖီအာနန်ကို ရခိုင်အရေး အကြံပေးကော်မရှင် ဥက္ကဋ္ဌခန့်အပ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးရန် ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်မည်

မစ္စတာကိုဖီအာနန် ဦးဆောင်သော ရခိုင်အကြံပေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့်ပတ် သက်၍ ဆွေးနွေးရန် ရခိုင်ပြည် နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး ပြုလုပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

စီမံကိန်း မစတင်ရသေးသည့် အဆောက်အအုံ ၁၃၀ ကျော်ကို ထပ်မံ ဖြေလျှော့ပြီး ခွင့်ပြု

 မြေပြင်လုပ်ငန်းများပင် မစတင်ရသေးဘဲ ပြီးခဲ့သည့် အစိုး ရ လက်ထက်က တည်ဆောက်ရန် တင်ပြထားသည့် အထပ်မြင့်အဆောက်အအုံ ၁၃၀ ကျော်ကိုတည်ဆောက်နိုင်ရန် ခွင့်ပြုပေးမည်ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သတင်းရရှိသည်။

အဆင့်မြင့်ကော်ဖီ ကုန်ချောထုတ်စက်များ စက်တင်ဘာတွင် စတင်လည်ပတ်မည်

အရည်အသွေးတန်းမြင့် ကော်ဖီများ ထုတ်လုပ်နိုင်သည့် အဆင့်မြင့်ကော်ဖီကုန်ချောထုတ် စက်များကို Winrock International က အကူအညီပေး၍ တပ်ဆင်နေပြီး စက်တင်ဘာလဆန်း၌ လည်ပတ်နိုင်မည်ဖြစ်ကြောင်း မန္တလေးကော်ဖီအစုအဖွဲ့ ကုမ္ပဏီလီမိတက်မှ သတင်းရရှိသည်။

စက်တင်ဘာတွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်နှစ်လုံးဖြစ်နိုင်ကြောင်း မိုးဇလသတိပေး


တတိယရေကြီးကာလ ဖြစ်သော စက်တင်ဘာတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိ အားနည်းရပ်ဝန်းသုံးကြိမ်ဖြစ်ပေါ် နိုင်ပြီး နှစ်ကြိမ်သည် မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလဌာနက သတိပေးထား သည်။

အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၁၈ ရာခိုင်နှုန်းကျော်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ရာခိုင်နှုန်းခန့်ရှိနေ

မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁၈ ရာခိုင်နှုန်းကျော်ရှိနေပြီး နိုင်ငံခြားသားရင်းနှီး မြှုပ်နှံမှု၅ ရာခိုင်နှုန်းခန့်ရှိနေတယ်လို့ သိရပါတယ်။

ကမ္ဘာ့ကုန်သွယ်မှု ခုနစ်နှစ်တာအတွင်း အနှေးကွေးဆုံးသို့ ရောက်ရှိ

ကမ္ဘာ့ကုန်သွယ်မှုပိုင်းမှာ နှေးကွေးကျဆင်းနေမှုတွေ ဖြစ်ပေါ်နေလျက်ရှိနေပြီးတော့ ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေဟာလည်း ယင်းတို့ရဲ့ နိုင်ငံရပ်ခြားနဲ့ ကုန်သွယ်လုပ်ငန်းတွေကို ယခုနှစ်ထဲမှာ ချင့်ချိန်လုပ်ဆောင်နေတာတွေရှိနေတယ်လို့သိရပါတယ်။

အိမ်နီးချင်းမြန်မာနိုင်ငံက ငလျင်ကြောင့် ထိုင်းဘက်က ဓါတ်ငွေ့ပိုက် လိုင်းတွေ ထိခိုက်ခဲ့ခြင်းမရှိဘူးလို့ PTT ပြော


သြဂုတ်လ ၂၄ ရက်က မြန်မာနိုင်ငံမှာလှုပ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် ထိုင်းနိုင်ငံဘက်က သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွေပါအ၀င် စွမ်းအင်ပေးပို့မှုစနစ်တွေအပေါ် ထိခိုက်ခဲ့ခြင်းမရှိဘူးလို့ PTT ကုမ္ပဏီက အတည်ပြုပြောကြားလိုက်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေစာရင်းမှာ အမေရိကန် ထိပ်ဆုံးကရပ်တည်


နိုင်ငံသားတစ်ဦးချင်းချမ်းသာကြွယ်ဝမှုစုစုပေါင်းတန်ဖိုးပိုင်းအရ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေစာင်းမှာ နံပါတ်တစ်နေရာက ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။

26.8.16

Miss Golden Land Myanmar 2016 ပြိုင်ပွဲကို သြဂုတ်လ(၂၅)ရက်က ရန်ကုန်မြို့ မင်ဓမ္မလမ်းရှိ MCC ခန်းမတွင် ကျင်းပ





Miss Golden Land Myanmar 2016 ပြိုင်ပွဲကို သြဂုတ်လ(၂၅)ရက်က ရန်ကုန်မြို့ မင်ဓမ္မလမ်းရှိ MCC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် အလှမယ်များမှ နောက်ဆုံးအဆင့်အနေဖြင့် ရေကူးဝတ်စုံများ၊ ညနေခင်းဝတ်စုံများဖြင့် လှပစွာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်တစ်ခု ထပ်မံလှုပ်နိုင်ကြောင်း ထိုင်းပညာရှင်တစ်ဦး သတိပေး


သြဂုတ် ၂၄ ရက် ငလျင် အပြီးတွင် မြန်မာနိုင်ငံ၌ နောက် ထပ် အနည်းဆုံး ရစ်ခ်ျတာစကေး ၇ ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်နိုင်ခြေရှိကြောင်း ထိုင်း နိုင်ငံမှ ဝါရင့်ဘူမိဗေဒပညာရှင် ဆူဝစ်ခိုဆူဝမ်က သတိပေးပြော ကြားလိုက်သည်။

ဟောင်ကောင်တွင် ပထမဆုံး ဇီကာပိုးကူးစက်သူ တွေ့ရှိ

 ဟောင်ကောင်တွင် ပထမဆုံးဇီကာပိုးကူးစက်မှုကို  တွေ့ရှိ၍  ခြင်မှတစ်ဆင့်ကူးစက်သော ရောဂါပိုးပျံ့နှံ့မှုအတွက် တပ်လှန့်ထားသည်။

ကမ္ဘာတစ်ဝန်း အလုပ်လက်မဲ့ လူငယ်ဦးရေ တိုးပွားမှုနှုန်း စိုးရိမ်စရာကောင်း လောက်အောင် မြင့်တက်လာနေဟု ILO ပြော


ကမ္ဘာတစ်ဝန်းလုံးမှာ လက်ရှိ အလုပ်လက်မဲ့ဖြစ်နေကြတဲ့ လူငယ်အရေအတွက်ဟာ ယခုနှစ်အတွင်း ယခင်နှစ်ကထက် ၅၀၀,၀၀၀ ကျော်တိုးပွားလာခဲ့ပြီး စုစုပေါင်းဦးရေ ၇၁ သန်းထိ ရောက်ရှိလာတော့မယ်ဆိုပြီး ကုလအဖွဲ့အစည်းက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ယင်းဦးရေပမာဏဟာ သုံးနှစ်အတွင်း အမြင့်ဆုံးနှုန်းထားလည်းဖြစ်တယ်လို့ ဆိုထားပါတယ်။

ဆီးရီးယားနိုင်ငံတွင်းရှိ အိုင်အက်စ်များအား တူရကီတင့်ကားများ ဝင်ရောက်တိုက်ခိုက်


တူရကီတပ်မတော်မှ တင့်ကားတပ်ဖွဲ့များသည် သြဂုတ် ၂၄ ရက် နံနက်အစောပိုင်းက ဆီးရီးယားနိုင်ငံတွင်းသို့ ဝင်ရောက်ကာ တူရကီနှင့် ဆီးရီးယားနယ်စပ်အနီးရှိ အစ္စလာမ္မစ်နိုင်ငံအဖွဲ့(အိုင်အက်စ်)တို့အား တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်း၌ ဖော်ပြသည်။

နိုင်ငံသားစီစစ်ရေးကဒ်တွေကို အီလက်ထရောနစ်ကဒ်စနစ်ကူးပြောင်းဖို့ရှိနေပြီး အဆိုပါလုပ်ငန်းအတွက် ပြည်တွင်းပြည်ပကုမ္ပဏီ ၁၅ ခုက အဆိုပြုလျှောက်လွှာတင်ထား

နိုင်ငံသားစီစစ်ရေးကဒ်တွေကို အီလက်ထရောနစ်ကဒ်စနစ်ကူးပြောင်းဖို့ရှိနေပြီး အဆိုပါလုပ်ငန်းအတွက် ပြည်တွင်းပြည်ပကုမ္ပဏီ ၁၅ ခုက အဆိုပြုလျှောက်လွှာတင်ထားတယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတာဝန်ရှိ သူတွေက ပြောဆိုပါတယ်။

25.8.16

ဆီးရီးယားနယ်စပ်မြို့မှ IS များကို မောင်းထုတ်ရန် တူရကီက စစ်ဆင်ရေးတစ်ရပ် စတင်


တူရကီနှင့် ထိစပ်နေသော အဓိကကျသည့် ဆီးရီးယားနယ်စပ်မြို့မှ IS ဂျီဟတ်များကို မောင်းထုတ်ရန်အတွက် တူရကီစစ်တပ်နှင့် နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့တို့ သည် သြဂုတ် ၂၄ ရက်က စစ်ဆင်ရေးတစ်ခု စတင်ခဲ့ကြောင်း တူရကီဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၀၇ ကျပ် ၀န်းကျင်သို့ ပြန်လည်ကျဆင်း

ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၀၇ ကျပ်ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး ဈေးကွက်အသိုင်းအ၀ိုင်းထံမှ သိရသည်။

မော်တော်ယာဉ်အစားထိုးစီမံချက်အပါအဝင် ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များအား အကောက်ခွန်ရှင်းလင်းထုတ်ပေးမှု အခြေအနေ

အကောက်ခွန်ဦးစီးဌာနအနေဖြင့် မော်တော်ယာဉ် အစားထိုးစီမံချက်အပါအဝင် ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များအပေါ် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ သည့် ၂၅-၁ဝ-၂ဝ၁၁ ရက်နေ့မှ ၂၄-၈-၂ဝ၁၆ ရက်အထိ

အင်အားပြင်းထန်သော ငလျင်ကြီးများ လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များ ထပ်မံလှုပ်ခတ်နိုင်သည့်အတွက် ပြည်သူများသတိပြုရန် သတိပေးချက်ထုတ်ပြန်

ငလျင်ပညာပေး ပိုစတာတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- Relief and Resettlement Department - Myanmar)
အင်အားပြင်းထန်သော ငလျင်ကြီးများ လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များ ထပ်မံလှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့်ဒေသတစ်ဝိုက်နှင့် ငလျင်လှုပ်ခြင်းကို ခံစားခဲ့ရသည့် ဒေသများမှ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားသည်။

မြန်မာတွင် ဗဟိုပြုသည့် ငလျင်ဒဏ် ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ပါ ရိုက်ခတ်

မြန်မာနိုင်ငံအလယ်ပိုင်းတွင် အင်အား ၆ ဒဿမ ၈ အဆင့် ငလျင်လှုပ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးဌာနက ပြောပြီး ယင်းငလျင်ဒဏ်ကြောင့် နိုင်ငံတွင်း အဆောက်အအုံများ လှုပ်ခါမှု ခံစားရပြီး ဒေသတွင်း ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပါ ငလျင်ဒဏ် ခံစားရကြောင်း သိရသည်။

ရွှေဈေး ကျပ်ကိုးသိန်းနီးရှိလာ

 ရွှေဈေးကွက်တွင် အ ခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၈၀,၀၀၀ ကျော်ပေါက်ဈေးဖြစ်ခဲ့ပြီး အရောင်းအ၀ယ်မဖြစ်ကြောင်း ရွှေဈေးကွက်မှ သတင်းရရှိသည်။

24.8.16

ပြည်ပလုပ်သား ခေါ်ယူမည့် ထိုင်းအေဂျင်စီများ ဘတ် ငါးသန်း အာမခံကြေး ထားရန် ထိုင်းအစိုးရ စီစဉ်

ထိုင်းနိုင်ငံ၏ လုပ်သား လိုအပ်ချက်အတွက် ပြည်ပ အလုပ်သမားများ ရရှိရန် အလုပ် ရှာပေးသည့် ထိုင်းအေဂျင်စီများကို ဘတ်ငွေ ငါးသန်း အာမခံကြေး ထားရှိရန်နှင့် အလုပ်ခေါ်မည့် ထိုင်းလုပ်ငန်းရှင်များကို ဘတ်ငွေ တစ်သန်း ထားရှိရန် ထိုင်း အစိုးရက စီစဉ်နေကြောင်း ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်နေသည့် မြန်မာ  ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများထံမှ စုံစမ်း သိရှိရသည်။

မန္တလေး စည်ပင်နယ်နိမိတ်အတွင်းရှိ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည့် အဆောက်အအုံ ၁၀ လုံးဖြိုဖျက်

လူနေထူထပ်မှု မြင့်မားလာသည့် မန္တလေးမြို့တော်၏ စည်ပင်သာယာရေး နယ်မိတ်အတွင်း ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားသည့် အထပ်မြင့် (အာရ်စီ) အဆောက်အအုံ ၁၀ လုံးကို ဖြိုဖျက်ခဲ့ရကြောင်း အဆိုပါ ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနထံမှ သိရသည်။ 

ကမ္ဘာ့​ငွေ​ဈေး၊ ထိုင်းဘတ်​​ငွေ​ဈေး မြင့်​တက်​ခြင်းနှင့်​ ထိုင်းနိုင်​ငံအတွင်း ၀ယ်​ယူရခက်​ခဲလာခြင်းေ​ကြာင့်​ မြ၀တီနယ်​စပ်​မှ ကားတင်​သွင်းမှု ယခင်​ထက်​ သိသာစွာ​ လျော့ကျလာ

ကမ္ဘာ့​ငွေ​ဈေး၊ ထိုင်းဘတ်​​ငွေ​ဈေး မြင့်​တက်​ခြင်းနှင့်​ ထိုင်းနိုင်​ငံအတွင်း တင်​သွင်းမည့်​ လိုင်​စင်​နှင့်​ ကိုက်​ညီသည့်​ ​မော်​​တော်ယာဉ်​ ၀ယ်​ယူရ ခက်​ခဲလာခြင်း​ကြာင့်​ မြ၀တီ နယ်​စပ်​မှ ကားတင်​သွင်းမှု ယခင်ထက်​သိသာစွာ ​လျော့ကျလာ​​ကြောင်​ နယ်​စပ်​သွင်းကုန် ​ထုတ်​ကုန် ​လုပ်​ငန်းရှင်​များထံမှ သိရသည်​။

ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီး ၂၀ တွင် အများပိုင်ကုမ္ပဏီများ၏ ခရီးသည်တင်ယာဉ်လိုင်းများကိုသာ ပြေးဆွဲခွင့်ပြုတော့မည် ဖြစ်ပြီး လာမည့် နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် စတင်မည်

ရန်ကုန်မြို့ရှိ အဓိကမလမ်းမကြီး ၂၀ တွင် အများပိုင်ကုမ္ပဏီများ၏ ခရီးသည်တင် ယာဉ်လိုင်းများကိုသာ ပြေးဆွဲခွင့်ပြုတော့မည်ဖြစ်ပြီး ယင်းအစီအစဉ်ကို နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် စတင်မည်ဖြစ်ကြောင်း မထသ (မြို့တွင်း) ဒုဥက္ကဋ္ဌ ဦးမင်းဇော်၏ ပြောကြားချက်အရ သိရသည်။

ပြည်တွင်းရွှေဈေးနှုန်း စံချိန်တင်ဈေးနှုန်းအထိ ဖြစ်ပေါ်ပြီး ကျပ် ၈၆၈၀၀၀ ကျော်အထိ ရောက်ရှိ

နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာသောကြောင့် သြဂုတ် ၂၃ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၆၈၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး သြဂုတ် ၂၂ ရက် အဖွင့်ဈေးနှင့် နှိုင်းယှဉ်ပါက နှစ်ရက်အတွင်း ၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ရန်ကုန်မြို့အခြေစိုက် ရွှေဈေးကွက်အတွင်း ရောင်းဝယ်သူများထံမှ သိရသည်။

ဆရာ ဆရာမများအား လစာတိုးပေးနိုင်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြား

ဆရာ ဆရာမများအား လစာတိုးပေးနိုင်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးက ပြောကြားသည်။

၂၁ ရာစုပင်လုံသို့ ရွေးကောက်ပွဲ အနိုင်မရသည့်ပါတီ ၇၀ ကိုယ်စားပြု ကိုယ်စားလှယ်ငါးဦးသာ တက်ရောက်ခွင့်ဆိုသော အစိုးရ၏ သတ်မှတ်ချက်အား လက်မခံကြောင်း ရွေးကောက်ပွဲ အနိုင်မရသည့် တိုင်းရင်းသားပါတီ အများစုပါဝင်သော နိုင်ငံရေးပါတီများ ကြေညာချက်ထုတ်ပြန်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံသို့ ရွေးကောက်ပွဲ အနိုင်မရသည့် ပါတီ ၇၀ ကိုယ်စားပြု ကိုယ်စားလှယ် ငါးဦးသာ တက်ရောက်ခွင့်ပြုသည့် အစိုးရ၏ သတ်မှတ်ချက်အား လက်မခံကြောင်း တိုင်းနှင့် ပြည်နယ် အသီးသီးအခြေစိုက် ရွေးကောက်ပွဲအနိုင်မရသည့် နိုင်ငံရေးပါတီများက ကြေညာချက်ထုတ်ပြန်မှုများ ရှိသည်။

ဝန်ကြီးဌာန ၁၆ ခုမှ အသုံးစရိတ်များ လျှော့ချ၍ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော် အတည်ပြု

၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်က သြဂုတ် ၂၃ ရက်တွင် အတည်ပြုခဲ့သည်။ အဆိုပါဥပဒေတွင် အစိုးရမှ တင်ပြသည့် နိုင်ငံတော်၏ အသုံးစရိတ် ကျပ် ၂၀၇၃၆ ဘီလျံ မှ ကျပ်ဘီလျံ ၄၇၀ ၀န်းကျင်ကို ဖြတ်တောက်ကာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံစစ်မဲ့ဇုန်နယ်မြေအတွင်း၌ မြေမြှုပ်မိုင်းဗုံးသစ်များကို မြောက်ကိုရီးယားချထားဟုဆို

ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသော စစ်မဲ့ဇုန်နယ်မြေအတွင်း မြောက်ကိုရီးယားနိုင်ငံက မြေမြှုပ်မိုင်းဗုံးသစ်များကို ချထားကြောင်း တောင်ကိုရီးယားယွန်ဟပ်သတင်းအေဂျင်စီက သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန်ကြေညာသည်။

23.8.16

မြစ်ကြီးနား-ကန်ပိုက်တီးလမ်းတွင် ပစ်ခတ်မှုများ ဖြစ်ပေါ်နေ၍ ညအချိန် ခရီးသွားလာမှုအား ပိတ်ပင်ထား

မြစ်ကြီးနား-ကန်ပိုက်တီး လမ်းကြောင်းပေါ်တွင် ပစ်ခတ်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် လမ်းပိတ်ထားရမှုများ ဖြစ်ပေါ်ခဲ့ပြီး ညပိုင်း အချိန်ခရီးသွားလာမှု ပိတ်ပင်ထားကြောင်း သတင်းရရှိသည်။

၂၁ ရာစုပင်လုံနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့ UNA၊ NBF၊ UNFC အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ မဟာမိတ်အဖွဲ့ အနေဖြင့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တို့နှင့် တွေ့ဆုံမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကိုမင်းနှောင်းထောက ပြောကြားသည်။

မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု လျင်မြန်စွာ တိုးတက်လာပြီး အလားအလာ အားကောင်းနေ


မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုဟာ လျင်မြန်စွာတိုးတက်လာနေပြီးနောက်ထပ် တိုးတက်လာမယ့် အလားအလာများအားကောင်းလျက်ရှိတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံကုန်သွယ်မှု ဘက်စုံ လေ့လာ ဆန်းစစ်ခြင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

အင်ဒိုနီးရှား ဘာလီကျွန်းတွင် တိုက်ခိုက်မှုများလုပ်မည့် သတင်း ရထား၍ လုံခြုံရေးမြှင့်ထား

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် တိုက်ခိုက်မှုများလုပ်ဆောင်မည် သတင်းရထား၍ အာဏာပိုင်များက လုံခြုံရေးမြှင့်တင်ထားသည်။

ရပ်ဆိုင်းထားသည့်ဟိန္ဒားသတ္တုတွင်းစီမံကိန်းကို ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲပြီးမှသာ ပြန်လုပ်ခွင့်ပြုမည်


တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ရပ်ဆိုင်း ထားသော ဟိန္ဒားသတ္တုတွင်းစီမံကိန်း ကို ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီ အစဉ် ရေးဆွဲပြီး မှသာ ပြန်လည်လုပ်ကိုင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း တနင်္သာ ရီတိုင်းဒေ သကြီး အစိုးရအဖွဲ့သယံ ဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ၀န်ကြီးဦးမြင့်မောင်က သြဂုတ် ၂၁ ရက်က ပြောသည်။

လာမည့်နှစ်တွင် ဂျပန်အနောက်ပိုင်း၌ F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ အမေရိကန်ဖြန့်ကြက်မည်

ဂျပန်နိုင်ငံအနောက်ပိုင်း ရာမဂုချိစီရင်စု အိုင်ဝါကူနီမြို့တော်ရှိ အမေရိကန် စစ်ဘက်အခြေစိုက်စခန်းတစ်ခု၌ လာမည့်နှစ် ဇန်နဝါရီမှ သြဂုတ်လထိ F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၁၆ စင်း ဖြန့်ကြက်ရန် အမေရိကန်ပြည်ထောင်စုက စီစဉ်နေကြောင်း ဂျပန်အစိုးရက ယနေ့ပြောကြားသည်။

22.8.16

ဝန်ဆောင်ခ ကျပ်ခြောက်သောင်းကျော်ဖြင့် ထိုင်းသို့ လုပ်သား ပို့ဆောင်မည်


မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လုပ်သား စေလွှတ်ရာတွင် ဝန်ဆောင်ခငွေကို ကျပ် တစ်သိန်းခွဲ ကောက်ခံခဲ့ရာမှ ကျပ် ၆၅၅ဝဝ ဖြင့်သာ အလုပ်သမား ပို့ဆောင်မည်ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (M.W.R.N) မှ ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောကြားသည်။

သြဂုတ်လ ၂ဝ ရက်က မြောက်ဒဂုံမြို့နယ် အလုပ်သမား သင်တန်းကျောင်းတွင် ပြုလုပ်သော “ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမား စေလွှတ်ရေး လုပ်ငန်းစဉ်တွင် အခမဲ့ ဝန်ဆောင်မှု ဖြစ်စေရေး ဦးတည် ဆောင်ရွက်နေမှု အခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲ”တွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ထိုင်းနိုင်ငံကို မြန်မာအလုပ်သမား စေလွှတ်မှုမှာ အလုပ်သမားဘက်က ကျခံရတဲ့ ကုန်ကျစရိတ်ကို လုပ်ငန်းရှင်က မျှခံ ကုန်ကျပေးဖို့ ကျန်ရှိနေသေးတဲ့ လုပ်ငန်း အစုအဖွဲ့တွေနဲ့လည်း ဆွေးနွေးနေတယ်။ အလုပ်သမားတွေက ကုန်ကျစရိတ် နည်းရင် တရားဝင် သွားမယ်။ ဒါဆို ဖြစ်နေတဲ့ ပြဿနာတွေလည်း နည်းသွားမယ်”ဟု ဦးစိန်ဌေးက ဆိုသည်။

ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်မည့် မြန်မာ အလုပ်သမားများ အနေနှင့် နိုင်ငံကူး လက်မှတ်ကြေး၊ စာရွက်စာတမ်းကြေးနှင့် ခရီးစရိတ်များ ပေးရမည်ဖြစ်ပြီး ထိုင်းလုပ်ငန်းရှင်က ဗီဇာကြေး ဆေးစစ်ခနှင့် အလုပ်အကိုင် ပါမစ်ကြေးတို့ကို ကျခံမည်ဖြစ်သည်။

ကုန်ကျစရိတ် မျှခံ ကုန်ကျမှုကို လက်ရှိတွင် ထိုင်းနိုင်ငံမှ ပင်လယ်စာ ထုတ်လုပ် တင်ပို့နေသည့် Thai Union Group နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျန်ရှိနေသေးသော အလုပ်ရှင်များနှင့်လည်း အဆိုပါစနစ် အကောင်အထည် ဖော်နိုင်ရန် ဆက်လက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်ထံမှ သိရသည်။ 

“ပြည်ပကို အလုပ်သမား စေလွှတ်တဲ့အခါမှာ သက်သက်သာသာနဲ့ သွားဖို့ နောက်ဆုံး အခမဲ့ ဝန်ဆောင်မှု ဖြစ်ဖို့အတွက် အေဂျင်စီတွေနဲ့ရော၊ လုပ်ငန်းရှင်တွေကိုရော ဆွေးနွေးခဲ့တာပါ။ အခုက အစိုးရမှာ သတ်မှတ်ချက်က တစ်သိန်းခွဲ ဖြစ်ပေမယ့် လျှော့ယူမယ်ဆိုတော့ အလုပ်သမားတွေအတွက် ပိုကောင်းသွားတယ်”ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ဆိုသည်။

အဆိုပါ Thai Union Group အောက်တွင် စက်ရုံ ကိုးရုံရှိပြီး လက်ရှိတွင် ရွှေပြောင်းလုပ်သား လေးသောင်းကျော်ကို အလုပ် ပေးထားသည်။

လက်ရှိတွင် အဆိုပါ ဝန်ဆောင်ခ နှုန်းဖြင့် လုပ်သား စေလွှတ်ရာတွင် လုပ်သား နှစ်ထောင်ခန့် ရှိပြီဖြစ်ကြောင်း၊ ထိုသို့ အလုပ်ရှင်မှ ကုန်ကျစရိတ် မျှခံမှု စနစ်ကို စောင့်ကြည့်ကာ လိုအပ်သော ပညာပေးမှုများကို ထပ်မံ ပြုလုပ်မည်ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်(M.W.R.N)ထံမှ သိရသည်။
Credit To >>> The Voice Weekly

မြစ်ဆုံကော်မရှင် ၏ပထမဆုံးအစည်းအဝေးယနေ့ ပြုလုပ်မည်

ဧရာဝတီမြစ်ဆုံစီမံကိန်း အဆုံးအဖြတ်ပေးရေးအတွက် ဧ ရာဝတီမြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့ လာဆန်းစစ်သုံးသပ်ရေးကော်မ ရှင်အဖွဲ့၏ ပထမဆုံးအစည်းအ ဝေးကို သြဂုတ် ၂၂ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ ဖန်တံတားဖွင့်လှစ် ခရီးသွားအများအပြားဖြင့် စည်ကား


တရုတ်နိုင်ငံ ဟူနန်ခရိုင်ရှိ အမျိုးသားပန်းဥယျာဉ်တွင် ဖန်ဖြင့်ပြုလုပ်ထားသော မီတာ ၄၃ဝ ရှည်လျားသည့် တံတားအသစ်တစ်စင်းကို သြဂုတ် ၂ဝ ရက်က ဖွင့်လှစ် ခဲ့ရာ ခရီးသွားအများအပြား လာရောက်အပန်းဖြေလျက်ရှိကြောင်း သိရသည်။

အစိုးရကို ယုံကြည်၍ NCA မထိုးသောအဖွဲ့များ ပင်လုံညီလာခံတက်ရန် ကြိုးစားခြင်းဖြစ်ဟု ဗိုလ်ချုပ်ဂွန်မော်ပြော

NCA လက်မှတ်မရေးထိုး  ထားသော အဖွဲ့များအနေဖြင့် အစိုးရကို ယုံကြည်သည့်အတွက် ၂၁ ရာစု ပင်လုံညီလာခံသို့တက် ရောက်ရန် ကြိုးပမ်းနေခြင်းဖြစ် ကြောင်း ကေအိုင်အို ထိပ်ပိုင်း ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်က ပြောကြားသည်။

ရုရှားအရှေ့ဖျားဒေသတွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှု၌ အစ်ကန်ဒါ-အမ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်


ရုရှားတပ်ဖွဲ့များသည် နိုင်ငံအရှေ့ဖျားဒေသ၌ စစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အစ်ကန်ဒါ-အမ် အမျိုးအစား ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၁၉ ရက်တွင် ပြောကြားသည်။

19.8.16

အဖမ်းအဆီး ကြမ်း၍ တရုတ်သို့ ဆန်တင်ပို့မှု ခေတ္တ ရပ်ဆိုင်း


တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့နေသော မြန်မာ့ဆန်များကို တရုတ် အစိုးရဘက်က အဖမ်းအဆီး များပြားနေခြင်းကြောင့် လတ်တလော တရုတ်နိုင်ငံဘက်သို့ ဆန်တင်ပို့မှု ခေတ္တ ရပ်ဆိုင်းထားကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။ 

KIO ဌာနချုပ် လိုင်ဇာအနီး လက်နက်ကြီးကျဟုဆို

ကချင်လွတ်လပ်ရေးအဖွဲ့(KIA) ဌာနချုပ် လိုင်ဇာအနီးသို့ လက်နက်ကြီးကျရောက်လာသဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ညီလာခံအား တစ်စုံတစ်ရာ အနှောက်အယှက် ဖြစ်နိုင်ကြောင်း KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူကပြောသည်။

ရွှေတိဂုံစေတီတော်တွင် လုံခြုံရေးတင်းကျပ်ထား

 ရွှေတိဂုံစေတီတော် လုံ ခြုံရေးအတွက် ယခုရက်ပိုင်းအ တွင်း ယခင်ထက် ပိုမိုတင်းကျပ် စွာ ဆောင်ရွက်ထားပြီး ဘုရားရင် ပြင်တော် နေရာအနှံ့ကို လုံခြုံရေး ကင်မရာများဖြင့် တပ်ဆင်စောင့်ကြည့်နေကြောင်း ရွှေတိဂုံဂေါပ ကအဖွဲ့ဝင် ဦးသောင်းထိုက်က ပြောကြားသည်။ စေတီတော်လုံခြုံရေးအတွက် စေတီတော်တွင် ခန့်အပ် ထားသည့် လုံခြုံရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ၂၄ နာရီ အလှည့်ကျ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေသည်ဟု ၎င်းကဆိုသည်။

ခွင့်ပြုပုံစံနှင့်ကိုက်ညီမှုမရှိဘဲ အဆောက်အအုံများဆောက်လုပ်နေမှု အိမ်ရှင်နှင့် လိုင်စင်ရကြီးကြပ်အင်ဂျင်နီယာအား အရေးယူမည်


အဆောက်အအုံနှင့် ကုန်ရုံဌာနသို့တင်ပြခြင်းမရှိဘဲ ဆက်လက်ဆောက်လုပ်သော အဆောက်အအုံအား ခွင့်ပြုချက်မဲ့အဆောက်အအုံအဖြစ် သတ်မှတ်၍ အိမ်ရှင်နှင့် လိုင်စင်ရကြီးကြပ်အင်ဂျင်နီယာအား မန္တလေးမြို့တော်စည်ပင်သာယာ၏ တည်ဆဲဥပဒေ၊နည်းဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

18.8.16

နယ်စပ်လမ်းကြောင်း ၁၂ ခုတွင် တရားမ၀င် ကုန်စည်စစ်ဆေးရေး စခန်းများ ဖွင့်လှစ်ရန် စီစဉ်

တရားမ၀င်ကုန် စည်စီးဆင်းမှုတားဆီးရေး တိုင်း ဒေသကြီးနှင့် ပြည်နယ် ခြောက်ခုရှိ လမ်း ကြောင်း ၁၂ခုတွင် စစ်ဆေးရေးစခန်းများဖွင့်လှစ်ရန် စီစဉ်နေကြောင်း

ကမ္ဘာ့အကြီးဆုံး လေယာဉ် ပွဲဦးထွက် ခရီးစဉ် ပျံသန်း

ကမ္ဘာ့အကြီးဆုံး လေယာဉ်၏ ပွဲဦးထွက် ဝေဟင်ပျံသန်းမှုကို နည်းပညာပြဿနာကြောင့် တစ်ကြိမ်ကြိုးစားမှု ပယ်ပျက်ပြီး လေးရက်အကြာ သြဂုတ် ၁၇ ရက်တွင်   အောင်မြင်စွာပျံသန်းသည်။

လာမည့်နွေကာလ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းရန် မဂ္ဂါဝပ် ၃၀၀ ထွက်ရှိမည့် ဓာတ်အားပေးစက်ရုံ တင်ဒါကို သြဂုတ် ၁၈ ရက်တွင် စတင်စိစစ်မည်ဖြစ်ပြီး စက်အသစ်ဖြစ်ရန်နှင့် Duel Fuel စနစ်သုံးနိုင်သည့် စက်ဖြစ်ရန် စည်းမျဉ်းများ ပြင်ဆင်သတ်မှတ်

လာမည့်နွေကာလ ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန် မဂ္ဂါဝပ် ၃၀၀ ထွက်ရှိမည့် ဓာတ်အားပေးစက် ရုံတင်ဒါကို သြဂုတ် ၁၈ ရက်၌ စတင်စိစစ် မည်ဖြစ်ပြီး စက်အသစ်ဖြစ်ရန်နှင့် Duel Fuel စနစ် သုံးနိုင်သည့် စက်ဖြစ်ရန် အချက်များ တင်ဒါစည်းမျဉ်းတွင် ပြင်ဆင်ထည့်သွင်းထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ သိရသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် အနေဖြင့် ထုတ်ချေးနိုင်သည့် ငွေပမာဏ၊ အချိန်အတိုင်းအတာ၊ ချေးငွေအမျိုးအစားတို့မှာ လယ်သမားများ အပါအ၀င် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရန် တကယ်ထိရောက်စွာ ၀န်ဆောင်မှု ပေးနိုင်ပြီလား ဆိုသည်ကို အားမနာတမ်း ဆန်းစစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အကြံပြုဆွေးနွေး

မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်အနေဖြင့် ထုတ်ချေးနိုင်သည့် ငွေပမာဏ၊ အချိန်အတိုင်းအတာ၊ ချေးငွေအမျိုးအစားတို့မှာ လယ်သမားများ အပါအ၀င် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရန် တကယ်ထိရောက်စွာ ၀န်ဆောင်မှု ပေးနိုင်ပြီလား ဆိုသည်ကို အားမနာတမ်း ဆန်းစစ်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က အကြံပြုဆွေးနွေးသည်။

17.8.16

၅ နှစ်အတွင်း တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၁၈၀,၀၀၀ ခန့် ဖော်ထုတ်ရန် စီစဉ်ထား

၅ နှစ်အတွင်း တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၈၀,၀၀၀ ခန့်ဖော်ထုတ်သွားဖို့အတွက် မြေနေရာ ရှာဖွေ နေတယ်လို့
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမြဲတန်းအတွင်းဝန် ဦးကျော်လင်းက အစိုးရသစ်ရဲ့ ပထမရက် ၁ဝဝ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများသတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

ကျောက်စိမ်းတူးဖော်ခြင်း ယာယီရပ်ဆိုင်းရန်နှင့် တရားဝင်၊ တရားမ၀င် ပြည်ပတင်ပို့မှုများ ပိတ်ပင်တားဆီးရန် လုပ်ငန်းရှင် နှစ်သောင်းကျော် လက်မှတ်ရေးထိုးတောင်းဆို


ကျောက်စိမ်းတူးဖော်ခြင်း ယာယီရပ်ဆိုင်းရန်နှင့် တရားဝင်၊ တရားမ၀င် ပြည်ပတင်ပို့မှုများ ပိတ်ပင်တားဆီးရန် လုပ်ငန်းရှင် ၂၀၀၀၀ ကျော် လက်မှတ်ထိုးတောင်းဆိုခဲ့ကြောင်း မန္တလေးကျောက်စိမ်း လုပ်ငန်းရှင်များက မီဒီယာစင်တာတွင် သြဂုတ် ၁၆ ရက်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ၁၉၈၂ ဥပဒေအရ နိုင်ငံသားပြုမှုကို သေချာစိစစ်ခြင်း မပြုဘဲ နိုင်ငံသား (သို့တည်းမဟုတ်) နိုင်ငံသားပြုခွင့်ရသူအဖြစ် ထောက်ခံတင်ပြပေးနေကြောင်း ဒေသခံများ ပြောကြား

ဘင်္ဂါလီများကို နိုင်ငံသားစိစစ်ရာတွင် တစ်ဦးချင်းခေါ်ယူ စစ်ဆေးခြင်းမရှိဘဲ အချိန်တိုအတွင်း နိုင်ငံသား (သို့တည်းမဟုတ်) နိုင်ငံသားပြုခွင့်ရသူအဖြစ် ထောက်ခံ တင်ပြပေးနေကြောင်း ဒေသခံများက ပြောကြားပြီး ထိုသို့ ထောက်ခံ တင်ပြလိုက်ခြင်းကို ဘူးသီးတောင် မြို့ခံလူထု မကျေနပ်မှုများ ပေါ်ပေါက်နေကာ မြို့နယ်စုံစမ်း စစ်ဆေးရေးအဖွဲ့ကို အယုံအကြည် မရှိကြောင်း ရှုတ်ချသွားမည်ဟု သိရသည်။

ပြည်ပ ချေးငွေ အမေရိကန် ဒေါ်လာသန်း ၈ ထောင်ကျော် ပေးဆပ်ရန် ကျန်ရှိနေသေးကြောင်း ဒုဝန်ကြီးဆို

မြန်မာနိုင်ငံ အနေဖြင့် ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ သန်း ၈၇၄၂ ဒသမ ၄၈ သန်း (သို့မဟုတ်) ၈ ဒသမ ၇၄၂ ဘီလျံကျော် ပေးဆပ်ရန် ကျန်ရှိနေသေးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ယနေ့(သြဂုတ် ၁၆ ရက်)တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး၌ ပြောကြားခဲ့ပါသည်။

အစိုးရသစ်လက်ထက် ငါးနှစ်အတွင်း တန်ဖိုးနည်းအိမ်ခန်း တစ်သိန်းရှစ်သောင်း ဖော်ဆောင်သွားရန် စီစဉ်ထားသော်လည်း မြေနေရာ မရသေးဟုဆို

လက်ရှိအစိုးရသစ်လက်ထက် ငါးနှစ်အတွင်း တန်ဖိုးနည်းအိမ်ရာ တစ်သိန်းရှစ်သောင်း ဖော်ဆောင်သွားရန် စီစဉ်ထားသော်လည်း မြေနေရာ မရသေးကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းက သြဂုတ် ၁၆ ရက် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပသည့် အစိုးရသစ်၏ ပထမ ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ အခမ်းအနား၌ ပြောကြားသည်။

16.8.16

အင်ဒိုနီးရှားလေယာဉ်များ အမေရိကန်သို့ ပျံသန်းခွင့် ပြန်လည်ခွင့်ပြု

အင်ဒိုနီးရှားလေကြောင်းလိုင်းများကို စည်းကြပ်အဖွဲ့၏ လုံခြုံရေးပြန်လည်သုံးသပ်ပြီးနောက် အမေရိကန်သို့ ပျံသန်းပြေးဆွဲခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်သည်။

မန္တလေးကျောက်စိမ်းဈေးကွက်တွင် အထက်ပိုင်းကျောက်များ အရောင်း အ၀ယ်အေးစက်၊ ခါးပိုင်းနှင့်အောက်ပိုင်းကျောက်များ သိသာစွာ အ၀ယ်လိုက်

တရုတ်နိုင်ငံ ဘက်တွင် ရေကြီးရေလျှံမှုများဖြစ် ပွားနေသောကြောင့် မန္တလေးမြို့၏ အဓိကကျောက်စိမ်းဈေး ကွက်ဖြစ် သော မဟာအောင်မြေကျောက်မျက် ရတနာရောင်းဝယ်ရေးစခန်း အတွင်း ဈေးမြင့်သည့် အထက်ပိုင်းကျောက် များ အရောင်းအ၀ယ်အေး စက်နေပြီး ခါးပိုင်းနှင့်အောက်ပိုင်းကျောက်များ မှာ သိသာစွာအ၀ယ်လိုက် လာကြောင်း ကျောက်စိမ်း ကုန်သည်များနှင့်ပွဲစား များထံမှ သိရသည်။

Brand New မော်တော်ယာဉ်များသာ ရန်ကုန်လိုင်စင်ပေးမည်ဟု သတင်းထွက်

နောက်ဆုံးပေါ် (Brand New) မော်တော်ယာဉ်များကိုသာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်လိုင်စင် (ပါကင်ပါမစ်) ပေးမည်ဟု မော်တော်ယာဉ် ဈေးကွက်အတွင်း သတင်း ထွက်ပေါ်လျက် ရှိကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များထံမှ သိရသည်။

■မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့နှင့် ဗဟို လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း■


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၅၉/၂၀၁၆
၁၃၇၈ ခုနှစ်၊ ၀ါခေါင်လဆန်း ၉ ရက်
(၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်)

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့နှင့် ဗဟို လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း

ကျောက်ဖြူမြို့ ကမ်းထိန်းရေကာတာ ကျိုးပေါက်မှုတွင် ငါးဟောက်၊ ငချိုင့်ကဏန်းကောင်များ ထိုးဖောက်ခြင်းကြောင့် မဟုတ်ဘဲ တာပေါင်အရည်အသွေး ကျဆင်းလာခြင်းကြောင့်ဟုဆို

ကျောက်ဖြူမြို့ ကမ်းထိန်းရေကာတာ ကျိုးပေါက်ခြင်းမှာ ငဟောက်၊ ငချိုင့်ကဏန်းကောင်များ ထိုးဖောက်ခြင်းကြောင့် မဟုတ်ဘဲ နှစ်သက်တမ်း ကြာမြင့်လာပြီး မြေသားများ အရည်အသွေး ကျဆင်းလာကာ ခိုင်ခန့်မှု လျော့နည်းလာသဖြင့် ကျိုးပေါက်သွားရခြင်း ဖြစ်ကြောင်း မြို့နယ်စည်ပင် ကော်မတီဦးစီးဌာနမှ သိရသည်။

ကချင်ပြည်နယ် ဖားကန့်-မိုးကောင်းလမ်းပိုင်းတွင် တပ်မတော်နှင့် ကေအိုင်အေတို့ သြဂုတ် ၁၅ ရက် နံနက်ပိုင်းက စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ခရီးသွားများ ပိတ်မိနေ


ကချင်ပြည်နယ် ဖားကန့်-မိုးကောင်း လမ်းပိုင်းကြားရှိ ကာမိုင်းမြို့နယ်တွင် သြဂုတ် ၁၅ ရက် နံနက်ပိုင်းက စတင်ပြီး တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ခရီးသွားများ ပိတ်မိနေကြောင်း အဆိုပါ လမ်းပိုင်းပေါ်တွင် ပိတ်မိနေသည့် မိုးညှင်းဒေသခံ တစ်ဦးက ဆက်သွယ် ပြောကြားသည်။

15.8.16

မော်လိုက် ရေနံတွင်းများမှ ရေနံစိမ်းနှင့်ရေနံချေးကို ဒေသခံများဝယ်ခွင့်ရရေး တိုင်းအစိုးရမှ ဆောင်ရွက်ပေးမည်

စစ်ကိုင်းတိုင်း ဒေသကြီး မော်လိုက်မြို့နယ်လေ သာအုပ်စု အင်းတော်ရွာရှိ အင်းတော် သမအသင်းမှ လုပ်ကိုင်နေသော ရေနံတွင်း များမှ ရေနံစိမ်းနှင့် ရေနံ ချေးကို ဒေသခံများလွတ်လပ်စွာ ၀ယ်ခွင့်ရရေး တိုင်းအစိုးရမှ ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဦးကမ်ဇာမုံကပြောသည်။

အရန်ဆန်ဝယ်ရန် ဘက်ဂျက်ခွင့်မပြု

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဦးစီးဝယ်ယူမည့် နိုင်ငံတော် အရန်ဆန် ဝယ်ယူရေး အစီအစဉ်အတွက် ဘက်ဂျက်ခွင့်ပြုခြင်း မရှိကြောင်း အဆိုပါ ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် (ဝန်ကြီးရုံး) ဦးမြင့်စိုးက ပြောကြားသည်။

မြစ်ဆုံစီမံကိန်း ပြန်လည်ဆောင်ရွက်ရန် သင့်၊ မသင့် လူထုဆန္ဒနှင့်အညီ ဆောင်ရွက်သင့်ဟု ကြံ့ခိုင်ရေးပါတီ ပြောကြား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ မြစ်ဆုံ စီမံကိန်း ပြန်လည် ဆောင်ရွက်ရန် သင့်၊ မသင့်ကို လူထုဆန္ဒနှင့်အညီ ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီက ပြောဆိုသည်။

သက်တမ်းရင့် နှစ်ရှည်ပင်များ ခုတ်လှဲ၍ လွှတ်တော်အသစ် ဆောက်ရန် အစီအစဉှ်SNLD ပါတီကန့်ကွက်

ရှမ်းပြည်နယ် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ သက်တမ်းရင့် နှစ်ရှည်ပင်များ ခုတ်လှဲ၍ လွှတ်တော် အဆောက်အအုံသစ် ဆောက်လုပ်မည့် အစီအစဉ် ရပ်ဆိုင်းပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)ပါတီက ကန့်ကွက်စာ ထုတ်ပြန်ခဲ့သည်။

ရုရှားသမ္မတပူတင်အား ဂျပန်နိုင်ငံသို့ အလည်အပတ်လာရောက်ရန် ဂျပန်အစိုးရကြိုးပမ်း

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ရုရှားသမ္မတ ဗလာဒီမာ ပူတင်အား ဂျပန်နိုင်ငံ ရာမာဂုချိစီရင်စုသို့ အလည်အပတ် လာရောက်ရန် ဖိတ်ခေါ်မည်ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို မြန်မာ့စီးပွားရေးဘဏ်နှင့် ပြည်တွင်းဘဏ်များမှ ဘီလီယံ ၃ဝ ထုတ်ချေးမည်

မြန်မာ့စီးပွားရေးဘဏ်နှင့် ပြည်တွင်းဘဏ် ခြောက်ခုပူးပေါင်းကာ ပြည်တွင်းရှိ SME လုပ်ငန်းများကို ကျပ် ၃ဝ ဘီလီယံ ထုတ်ချေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောသည်။

12.8.16

ရေပိုင်နက် အငြင်းပွားမှုတွင် ဥပဒေအား လေးစားရန် ဖိလစ်ပိုင်နှင့်ဂျပန်က တရုတ်ကို တိုက်တွန်း

တောင်တရုတ်ပင်လယ်ရှိ နယ်မြေအများစုအား တရုတ်က ပိုင်ဆိုင်ကြောင်း ထုတ်ပြန်မှုသည် ဥပဒေကြောင်းအရ မညီညွတ်ဟု အပြည်ပြည်ဆိုင်ရာ ခုံသမာဓိတရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ရေပိုင်နက်အငြင်းပွားမှု ပြဿနာများ ဖြေရှင်းရာတွင် ဥပဒေကို လေးစားလိုက်နာရန် ဖိလစ်ပိုင်နှင့် ဂျပန်တို့က သြဂုတ် ၁၁ ရက်တွင် တရုတ်ကို ပူးတွဲတိုက်တွန်းခဲ့သည်။

ပုဂ္ဂလိက ကုမ္ပဏီများအား သစ်ခုတ်ခွင့် လုံးဝခွင့်မပြုတော့ဘဲ ရပ်ဆိုင်းမည်ဖြစ်ပြီး မြန်မာ့သစ်လုပ်ငန်းကသာ သစ်ထုတ်လုပ်မှု ပြုတော့မည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သမ္မတရုံးထံ တင်ပြထားကြောင်း သိရ

မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်ခွင့် တစ်နှစ်ရပ်ဆိုင်းခြင်းနှင့် ပဲခူးရိုးမတွင် သစ်ခုတ်ခွင့် ၁၀ နှစ် တားမြစ်ခြင်းအပြင် မြန်မာ့သစ်လုပ်ငန်းမှ ယခင်ပုဂ္ဂလိက ကုမ္ပဏီများကို သစ်ခုတ်ခွင့်ပြုခဲ့ရာမှ လက်ရှိတွင် ပုဂ္ဂလိက ကုမ္ပဏီများအား သစ်ခုတ်ခွင့် လုံးဝမပြုရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သမ္မတရုံးသို့ တင်ပြထားကြောင်း သစ်တောဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဆို ပြည်သူ့လွှတ်တော်တွင် အတည်ပြု


ယနေ့ (သြဂုတ် ၁၀ ရက်) တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြီးခဲ့သည့် သြဂုတ် ၂ ရက်က မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာ သန်းဝင်း တင်သွင်းခဲ့သည့် “နိုင်ငံအဝန်း အဂတိလိုက်စားမှုများ ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း” အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး ယင်းအဆိုကို လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၈၈ ဦးအနက် ၃၇၀ ဦးက ထောက်ခံမဲပေးခဲ့ကြသည့် အတွက် ယင်းအဆိုကို ပြည်သူ့လွှတ်တော်၌ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့ပါသည်။

သီလဝါရှယ်ယာဈေး ကျပ်လေးသောင်းခွဲသို့ကျ


ရန်ကုန်စတော့အိတ် ချိန်းတွင် သြဂုတ် ၁၀ ရက် နံနက် အဖွင့်ဈေး၌ သီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီသည် အနိမ့်ဆုံးဈေးဖြစ်သည့် ရှယ်ယာ တစ်စုလျှင် ကျပ် ၄၅,၀၀၀ သို့ စံချိန်တင် ကျဆင်းခဲ့ကြောင်း သတင်းရရှိသည်။