24.8.16

ကမ္ဘာ့​ငွေ​ဈေး၊ ထိုင်းဘတ်​​ငွေ​ဈေး မြင့်​တက်​ခြင်းနှင့်​ ထိုင်းနိုင်​ငံအတွင်း ၀ယ်​ယူရခက်​ခဲလာခြင်းေ​ကြာင့်​ မြ၀တီနယ်​စပ်​မှ ကားတင်​သွင်းမှု ယခင်​ထက်​ သိသာစွာ​ လျော့ကျလာ

ကမ္ဘာ့​ငွေ​ဈေး၊ ထိုင်းဘတ်​​ငွေ​ဈေး မြင့်​တက်​ခြင်းနှင့်​ ထိုင်းနိုင်​ငံအတွင်း တင်​သွင်းမည့်​ လိုင်​စင်​နှင့်​ ကိုက်​ညီသည့်​ ​မော်​​တော်ယာဉ်​ ၀ယ်​ယူရ ခက်​ခဲလာခြင်း​ကြာင့်​ မြ၀တီ နယ်​စပ်​မှ ကားတင်​သွင်းမှု ယခင်ထက်​သိသာစွာ ​လျော့ကျလာ​​ကြောင်​ နယ်​စပ်​သွင်းကုန် ​ထုတ်​ကုန် ​လုပ်​ငန်းရှင်​များထံမှ သိရသည်​။

ကားတင်သွင်းမှု မူဝါဒသစ်ကြောင့် ရန်ကုန်နှင့် ပြည်တွင်းဈေးကွက်တွင် ကားဈေး မြင့်တက်နေသော်လည်း ထိုင်းနိုင်ငံအတွင်း ကားဝယ်ယူရ ခက်ခဲခြင်းနှင့် ၀ယ်လိုအားရှိသည့် မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် ရေကြီးရေလျှံ ဖြစ်နေခြင်းကြောင့် ယခုလတွင် မြ၀တီနယ်စပ်မှ ကားတင်သွင်းမှု ပိုမိုလျော့နည်းလာခဲ့သည်။

“ကားဝယ်လက် မရှိတာရယ်၊ ထိုင်းဘက်မှာ ကားဝယ်ရ ခက်တာရယ်ကြောင့် တင်သွင်းခွင့်လိုင်စင် ရောင်းမယ်ဆိုရင်တောင် ၀ယ်မယ့်လူ မရှိဘူး။ လိုင်စင်ပါတဲ့ မော်ဒယ် အလိုက် ကားဝယ်ရ ခက်ခဲနေပါတယ်။ တင်သွင်းခွင့်လိုင်စင် သက်တမ်းအဖြစ် လာမယ့် အောက်တိုဘာလထိ တင်သွင်းလို့ ရပေမယ့် ခုကတည်းက ကားအ၀င် မရှိသလောက် ဖြစ်နေပါတယ်” ဟု တရားဝင် ကားတင်သွင်းနေသူ တစ်ဦးက ဆိုသည်။

ထို့အတူ ထိုင်းနိုင်ငံထုတ် Vigo ကားများ အပါအ၀င် လုပ်ငန်းသုံးကားများအား အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများမှ လာရောက် ၀ယ်ယူမှု များပြားနေခြင်းကြောင့်လည်း ကား ဈေးမြင့်တက်နေသည်ဟု ၎င်းက ပြောကြားသည်။ အိမ်​နီးချင်းနိုင်​ငံများ ၀ယ်​လက်​မြင့်​မားလာသည့်​ အတွက်​ ကားတစ်​စီးလျှင် ​ဘတ်​သုံး​သောင်းအထက်​ မြင့်​တက်​လာခဲ့ကာ ထိုင်းဘတ်​​ငွေ​ဈေး​ကြောင့်​လည်း မြန်​မာကျပ်​​ငွေ ၁၀ သိန်း၊ ၁၅ သိန်းထိ​ ဈေးမြင့်တက်​သွားသည်​ဟု ဆိုသည်​။

“ပြီးတော့ အိမ်နီးချင်း တခြားနိုင်ငံတွေလည်း ထိုင်းမှာ လုပ်ငန်းသုံးကားတွေကို ဈေးပိုပေးပြီး ၀ယ်နေတယ်။ ထိုင်းဘတ်ငွေလည်း ယခင်နှစ်​လ​က ဘတ်​တစ်​သိန်းရဖို့ မြန်​မာ ကျပ်​ငွေ ၃၂၇၀၀၀၀ ခန့်သာ ​ပေးခဲ့ရ​ပေမယ့် ဒီ​နေ့ (၂၂- ၈- ၂၀၁၆) မှာ ဘတ်​တစ်​သိန်းရဖို့ ကျပ်​ ​၃၃၆၇၀၀၀ ပေးပြီး ​ငွေလဲ​နေရပြီ။ ကား​ဈေးကလည်း တစ်​စီးဘတ်​ ၃၀၀၀၀ နီးပါး ​ဈေးတက်​သွားတဲ့အတွက်​ ဘတ်​ ၁၀ သိန်းတန်တဲ့ ကားဆိုရင် ​အရင်ထက်​​ သိန်း ၂၀ ၀န်း ကျင်​မြင့်​တက်​သွားပြီ” ဟု ဆိုသည်။

မြန်​မာထိုင်းနယ်​စပ်​ မြ၀တီမြို့တွင်​ မြန်​မာကျပ်​​ငွေနှင့်​ ထိုင်းဘတ်​​ငွေ နှစ်​မျိုးစလုံးဖြင့် ရောင်းဝယ်​​ဖောက်​ကားမှု ပြုလုပ်​လျက်ရှိရာ (ဘတ်​...၁၀၀ = ကျပ်​ ၃၄၈၀)​(ဘတ်​​ရောင်း​ဈေး=၂ ဒသမ ၈၆ဘတ်​)(ဘတ်​၀ယ်​=၂ ဒသမ ၈၇ ဘတ်​) တို့ဖြင့်​ အ​ရောင်းအ၀ယ်​ ဖြစ်​လျက်​ရှိကာ ဒေါ်လာ​ဈေးမှာ တစ်​​ဒေါ်၁၂၀၈ ကျပ်​​ထိ မြင့်​တက်​လျက်​ရှိ​​ကြောင်း သိရသည်​။

ထို့အပြင် ထိုင်းနိုင်ငံထုတ်ကားများ ဈေးမြင့်တက်လာခြင်းနှင့်အတူ တင်သွင်းမည့် ကား၏ လိုင်စင်ပါ C.C ကွဲလွဲခြင်း၊ ထိုင်ခုံ C .Tar ကွဲလွဲခြင်း၊ ကားတင်သွင်းသည့် Modal Year ကွဲလွဲခြင်းအတွက် နှစ်နှစ်အထိ အမြင့်နှုန်းဖြင့် အခွန်ဆောင်ခွင့်ရှိပြီး 2014 Modal ထိ တင်သွင်းခွင့်ရှိသော်လည်း မော်တော်ယာဉ် ၀ယ်ယူရခက်ခဲခြင်းက ကားတင်သွင်းမှုကို လျော့ကျစေသည်ဟု ဆိုသည်။ မြ၀တီနယ်စပ်မှ မော်တော်ယာဉ်များနည်းတူ ပြည်တွင်း၌ တည်ဆောက်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်​ရန်အတွက်​​ ၁၉၉၅ ​မော်​ဒယ်​ လုပ်ငန်းသုံး စက်​ယန္တရားများဖြစ်​သည့်​ လမ်းကြိတ်​စက်​၊ ကရိန်း၊ ဘက်​ဟိုးများ၊ လယ်ယာသုံး၊ စပါးခြွေလှေ့စက်များ ပုံမှန်တရားဝင်​ တင်​သွင်းလျက်ရှိသည်ဟု ဆိုသည်။ 



Credit To >>> Eleven Media Group

0 comments:

Post a Comment