ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

19.7.13

ဒုံးပျံအင်ဂျင် စီမံကိန်းအတွက် ဗြိတိန်အစိုးရက ကုမ္ပဏီကို ငွေကြေးထောက်ပံ့မည်

Sabre ဒုံးပျံအင်ဂျင် နည်းပညာကို ဗြိတိသျှ ကုမ္ပဏီ တစ်ခုဖြစ်သော Reaction Enginesက တီထွင်ခဲ့သည်။ ဗြိတိန်အစိုးရသည် ဒုံးပျံအင်ဂျင် စီမံကိန်း တစ်ခု အတွက် ငွေကြေး ထည့်ဝင် ထောက်ပံ့သွား မည်ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်သည်။ Sabre ဒုံးပျံအင်ဂျင် နည်းပညာကို ဗြိတိသျှ ကုမ္ပဏီ တစ်ခုဖြစ်သော Reaction Enginesက တီထွင်ခဲ့သည်။

မန္တလေးမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ်ပွဲကျင်းပ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ကံတက်ကုန်း မစိုးရိမ် ကျောင်းတိုက်တွင် (၆၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ပတ်သက်သော ကိုယ်ရေး အတ္ထုပတ္တိများ ဟောပြောခြင်း၊ သီချင်းဆိုပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။

ဒန်ဘရောင်း၏ဝတ္ထု Inferno ကို ရိုက်ကူးရန် တွမ်ဟန့်ခ်နှင့် ဒါရိုက်တာရွန်ဟောင်းဝပ် တတိယအကြိမ် လက်တွဲ

Da Vinci Code၊ Angels and Demons အစရှိတဲ့ ဝတ္ထုတွေကို ရေးသားခဲ့တဲ့ နာမည်ကျော်စာရေးဆရာ ဒန်ဘရောင်း ရဲ့ နောက်ဆုံးထွက်ဝတ္ထု Inferno ကို ရုပ်ရှင် အဖြစ် ရိုက်ကူးဖို့အတွက် နာမည်ကျော် သရုပ်ဆောင်တွမ်ဟန့်ခ်နဲ့ ဒါရိုက်တာ ရွန်ဟောင်းဝပ်တို့ဟာ တတိယအကြိမ် ထပ်မံလက်တွဲခဲ့တယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

iPhone 5 အတွက် သက်ကယ် ကာဗာ

ရေလမ်းခရီးသွားသူများအတွက် ထုတ်လုပ်ထားခြင်း ဖြစ် ပါတယ်။ ရေလမ်း ခရီး ရယ်လို့ မဟုတ်ပဲ မိုးရေစိုစွတ်တဲ့ ဒေသမှာနေထိုင်သူတို့၊ ပင်လယ် ကမ်းခြေ ခရီးသွားသူတို့ ဖြစ်ပါတယ်။

ရေအနက် ၆.၆ ပေအထိ ကျလို့ဘာမှ မဖြစ်ပါဘူး။ ပင်လယ်ထဲကျလည်း ဘာမှ မဖြစ်ပါဘူး။

ချွေးကို သောက်ရေပြောင်းတဲ့ စက် ထွက်ပြီ

လူကနေထွက်တဲ့ချွေးကို သောက်ရေ အဖြစ် ပြန်လည် စစ်ပေးတဲ့ စက်တ မျိုးကို ဆွီဒင်နိုင်ငံက တီထွင် ထုတ်လုပ် လိုက်ပါတယ်။

ချွေးတွေနစ်နေတဲ့ အဝတ်ကို အဲဒီစက်ထဲ ထည့်လိုက်မယ် ဆိုရင် စက်ကနေ ရေ မော်လီကျူး ဒြပ်ပေါင်းကိုသာ စစ်ထုတ်ပြီး သောက်ရေ အဖြစ် ပြန်ထုတ်ပေးမှာ ဖြစ်ပါတယ်။

နန်းထိုက်တော်ဝင်စားသောက်ဆိုက်ပိုင်ရှင်က unity journal ကိုတရားစွဲရန်ပြင်ဆင်

ယူနတီဂျာနယ် အတွဲ၂၊ အမှတ်၂ ၇အချပ်ပိုAတွင် ဖော်ပြပါရှိသော “နန်းထိုက်တော်ဝင်ပိုင်ရှင် ဦးအိုက် လင်း အား ကျင့်၅၉အရ ကြိုးတုတ်ဖမ်းဆီးပြီး နီးစပ်ရာရဲစခန်းသို့ပို့မည်”ဟူသော သတင်းနှင့် ပတ်သတ်၍ unity journal နှင့် အဆိုပါသတင်းကို ရေးသားသော

Password Lock ကျနေသော Lumia 920 ကို Hard Reset လုပ်ခြင်း

အကြောင်းကြောင်းကြောင့် Nokia Lumia with Windows Phone 8 မှာ Password ထားမိပြီး မေ့သွားလို့ ပြန်လုပ်ယူလို့ မရတော့တဲ့ အခါ Lock ကျသွားတက်ပါတယ်။ Password ကလည်း ဘယ်လိုမှ စဉ်းစားလို့မရ၊ Try ရင်း Try ရင်း Lock Time ကလည်း တစ်ဖြည်းဖြည်း နာရီတွေ များလာပြီဆိုရင် Hard Reset ချဖို့ လိုအပ်လာပါလိမ့်မယ်။

ကြီးကြီးကြိုက်သူများအတွက် ဈေးသက်သာ Huawei Ascend Mate

အရွယ်က ၆.၁ လက်မ အရွယ်ကြီး Ascend Mate ဖုန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝရီလ ကတည်းက စတင်ဖြန့်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေကို ယခု ရက်ပိုင်းအတွင်း ပဲ ရောက်ရှိတာပါ။

ဘီယာခွက်ခြင်း တိုက်ပြီး Facebook မှာ Friend ဖြစ်မယ်

ဘီယာခွက်မှာ QR Code နဲ့ BuildIn Chip တွေပါတယ်။ အဲ့ဒီ ခွက်တွေ ခွက်ခြင်းတိုက်လိုက်တာနဲ့ Facebook မှာ Friends မဟုတ်သေးတဲ့သူတွေ Friends ဖြစ်သွားကြမယ်တဲ့။ Brazil က Budweiser ဘီယာက ထွင်လိုက်ပါတယ်။

ကမ္ဘာ့စီးပွားရေးအပေါ် အာဆီယံနိုင်ငံများ ဦးဆောင်နိုင်မှုအခြေအနေ အပါအ၀င် အာရှ CEO များ၏ Asia Driving the World ဆွေးနွေးပွဲ ဘန်ကောက်တွင် ကျင်းပ

ကမ္ဘာ့စီးပွားရေးအပေါ် အာဆီယံနိုင်ငံများ ဦးဆောင်နိုင်မှု အခြေအနေ အပါအ၀င် အာရှ CEO များ၏ Asia Driving the World ဆွေးနွေးပွဲကို ဇူလိုင် ၁၉ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Plaza Athenee Hotel ၌ ကျင်းပခဲ့သည်။

အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးချိန် ရန်ကုန်မြို့ အပါအ၀င် အခြားမြို့များ၌ ၀မ်းနည်းခြင်း အထိမ်းအမှတ် ဥသြဆွဲခြင်း၊ ကားဟွန်းတီးခြင်းများ ပြုကာ ဂါရ၀ပြု

အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးချိန်တွင် ရန်ကုန်မြို့ အပါအ၀င် မြန်မာတစ်နိုင်ငံလုံးရှိ မြို့အများစု၌ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) မှ စီစဉ်မှုဖြင့် ပြည်သူလူထု တစ်ရပ်လုံးက ၀မ်းနည်းခြင်း အထိမ်းအမှတ် ဥသြဆွဲခြင်း၊ ကားဟွန်းတီးခြင်း၊ တစ်မိနစ် ငြိမ်သက် အလေးပြုခြင်းများဖြင့် ဂါဝရ ပြုခဲ့ကြကြောင်း သိရသည်။

အစိုးရမှ ခွဲတမ်းဖြင့် ရောင်းချပေးနေသည့် ပြည်တွင်းထုတ်ဓာတ်ဆီအား သန်လျင်ရေနံချက်စက်ရုံ JV ဆောင်ရွက်ချိန်တွင် ရပ်ဆိုင်းမည်

သန်လျင်ရေနံချက် စက်ရုံအား နိုင်ငံခြား ရင်းနှီြး မှုပ်နှံသူများနှင့် အကျိုးတူ ပူးပေါင်းဆောင် ရွက်ရန် (Joint Venture) လုပ်ဆောင်နေပြီး အဆိုပါ စီမံကိန်း စတင်ချိန်တွင် ပြည်တွင်းရှိ ဓာတ်ဆီဆိုင် များသို့ အစိုးရအနေဖြင့် မဖြစ်မနေ ရောင်းချပေးနေ သည့် ပြည်တွင်းထုတ် ဓာတ်ဆီရောင်းချမှုအား ရပ်ဆိုင်းမည်ဖြစ်ပြီး ပြည်တွင်း၌ ရောင်းချမည့် အဆင့်မြင့်ဓာတ်ဆီ (92 Ron) အား ပြည်ပမှသာ အပြည့်အ၀ ၀ယ်ယူတင်သွင်း ခွင့် ပေးအပ်မ ည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံနှင့် ထိစပ်လျက်ရှိသော နယ်စပ်ဂိတ်ပေါက် သုံးခုကို သြဂုတ်လ ပထမပတ် စတင်ဖွင့်လှစ်မည်

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော ထိုင်းနိုင်ငံ နယ်စပ်ဂိတ်ပေါက်များ ဖြစ်သော ကရင်ပြည်နယ်ရှိ မြ၀တီ-မဲဆောက်၊ ရှမ်းပြည်နယ်ရှိ တာချီလိတ်-မယ်ဆိုင်နှင့် တနင်္သာရီ တိုင်းရှိ ကော့ေ သာင်း-ရနောင်း စသည့် နယ်စပ်ဂိတ်ပေါက် သုံးခုကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ပထမပတ်တွင် ထိုင်းနိုင်ငံ သားများနှင့် ကမ္ဘာလှည့် ခရီးသွား များ မြန်မာနို င်ငံတွင်းသို့ လာရောက် လည်ပတ်နိုင်ရန် စတင် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

အာဇာနည်များက ပေးခဲ့သည့် သင်ခန်းစာများက ကမ္ဘာတည်သရွေ့ အမွေအနှစ်အဖြစ် ကျန်ရှိနေမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြေအောက်သယံဇာတများဖြစ် သည့် ရေနံ၊ ကျော က်မျက် ရတနာများကို ထုတ်ယူ သုံးစွဲပါက တစ်နေ့တွင် ကုန်ဆုံးသွားရမည် ဖြစ်သော်လည်း အာဇာနည်ကြီးများ၏ စိတ်ဓာတ်နှင့် ၎င်းတို့ က ပေးခဲ့သည့် သင်ခန်းစာများ သည် နိုင်ငံ တည်ရှိ နေသရွေ့ ကမ္ဘာတည် ရှိနေသရွေ့ အမွေအနှစ်အဖြစ် ကျန်ရစ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ဇူလိုင် ၁၉ ရက်က ကျင်းပသော (၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပြည်သူများအား ကူညီမှုများ ထိရောက်စွာ ပေးနိုင်ရန် အင်အားမရှိသေးသည့် NLD ပါတီကို ပြည်သူများ အနေဖြင့် အင်အားပွားပေးကြရန် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ

ပြည်သူများကို ကူညီမှုများ ထိရောက်စွာ ပေးနိုင်ရန် အင်အား မရှိသေးသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ပြည်သူများ အနေဖြင့် အင်အားပွားပေးကြရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မေတ္တာရပ်ခံခဲ့သည်။

မောတောင်နှင့် ထီးခီး အပြင် ကယားပြည်နယ်နှင့် ထိုင်းနယ်စပ်ရှိ မယ်စဲနယ်စပ် ကုန်သွယ်ရေး စခန်းသစ်ကို ထပ်မံဖွင့်ပေးမည်

မကြာမီဖွင့်လှစ်သော နယ်စပ်ကုန်သွယ်ရေး စခန်း များဖြစ်သည့် မောတောင်နှင့် ထီးခီး နယ်စပ် ကုန်သွယ်ရေး စခန်းများအပြင် ကုန်သွယ်မှု လျင်မြန်ချောမွေ့ စေရေးအတွက် နောက်ထပ် နယ်စပ် ကုန်သွယ်ရေး စခန်းသစ်များလည်း ထပ်မံဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှ င့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။

မန္တလေးတိုင်းအတွင်း ကမ်းပြိုမှုများအတွက် ကျပ်သိန်းပေါင်း ၁၄၀၆၀ အသုံးပြု ဆောင်ရွက်သွားမည်

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကမ်းပြိုမှုများကို ကျပ်သိန်းပေါင်း ၁၄၀၆၀ အသုံးပြု ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှ င့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (မန္တလေး) မှ သိရသည်။

ဂျပန်-မြန်မာ ခရီးသွားလုပ်ငန်း ပိုမိုမြင့်တက်အောင် ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ ပြောကြား

ဂျပန်-မြန်မာ ခရီးသွားလုပ်ငန်း ပိုမိုမြင့်တက်စေရန် အတွက် နှစ်နိုင်ငံ ယဉ်ကျေးမှုများကို ပေါင်းကူးဆက်သွယ် သွားမည်ဟု JTB Co.,ltd နှင့် Myanmar Polestar Travel and Tours တို့ပူးပေါင်း၍ JTB Polestar Co.,ltd ဖွင့်ပွဲအခမ်းအနားတွင် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူမှ ပြောကြားခဲ့သည်။

ငလျင်ကြောင့် ပြိုကျခဲ့သော ဧရာဝတီ မြစ်ကူးတံတား ဇူလိုင်၂၄ ရက်တွင် စတင်ဖွင့်လှစ်မည်

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၁ ရက်က ပြိုကျပျက်စီးခဲ့သော ရတနာသိင်္ခ ဧရာဝတီမြစ်ကူး တံတားအား လာမည့် ဇူလိုင် ၂၄ ရက်၌ စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး အထူးအဖွဲ့ ၃ တာဝန်ရှိသူများက ပြောကြားသည်။

ရစကြိုမြို့နယ်၊ ရှစ်အိမ်တန်း ကျေးရွာတွင် ရေလှိုင်းကာတန်းများ မျောပါပျက်စီးပြီး ကျေးရွာအတွင်း မြစ်ရေလျှံမှုဖြစ်ပေါ်

ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှု ဆိုးရွားစွာ ကြုံတွေ့နေသော ရေစကြိုမြို့နယ်၊ ရှစ်အိမ်တန်း ကျေးရွာတွင် မြစ်ရေမြင့်တက် လာမှုကြောင့် ကမ်းပြိုမှု သက်သာစေရန် ပြုလုပ် ထားသော ရေလှိုင်းကာတန်း များ မျောပါပျက်စီး သွားပြီး ကျေးရွာအတွင်း မြစ်ရေများ ၀င်ရောက်လာကြောင်း သိရသည်။