ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

4.7.13

သားအတွက် ပထမဆု ယူပေးနိုင်ခဲ့တဲ့ ဘက်ခမ်း

ဘောလုံးလောကကနေ အနားယူခဲ့ပေမယ့်ဘက်ခမ်းကတော့အောင်မြင်မှုတွေ ဆက်ရဆဲပါပဲ။ ခုရခဲ့တဲ့ ဆုကတော့ မီတာ ၁၀၀ပြေးပွဲမှာပထမဆုရခဲ့တာပဲဖြစ်ပါတယ်။ သားဖြစ်သူ ခရုဇ်ရဲ့ကျောင်းမှာ တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ နှစ်စဉ်အားကစားပွဲရှိပြီး ကျောင်းသား ဖခင်တွေရဲ့ပြေးပွဲမှာ ဘက်ခမ်းဟာ ကျန်ပြိုင်ပွဲဝင်တွေကို သက်သောင့်သက်သာ ကျော်ဖြတ်ကာ ပထမဆု ရသွားခဲ့တာဖြစ်ပါတယ်။

ဘက်ခမ်းဟာ ဘောလုံးလောကကနေ အနားယူခဲ့ပြီးနောက်မှာ မိသားစုကို အချိန်ပိုပေးလာခဲ့ပြီး ဒီအတွက်ကြောင့် နည်းပြဘ၀ထဲ ၀င်မှာမဟုတ်ဘူးလို့ ငြင်းဆန်ထားသူပါ။ ခရုဇ်တို့ရဲ့ ကျောင်းမှာ ကျင်းပတဲ့ ပြိုင်ပွဲဟာ မိဘတွေလည်း ပါဝင်ဆင်နွဲနိုင်ပြီး ဗစ်တိုးရီးယားဟာ သားအတွက် အမေများပြေးပွဲမှာ ၀င်ပြိုင်ခဲ့ပေမယ့် မက္ကာနေးကို ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။

Ref: ရိုးရာလေး

INDO ASIAN INTERNATIONAL TRADE EXPO ကုန်စည် ပြပွဲ ကျင်းပမည်



   NDO ASIAN INTERNATIONAL TRADE EXPO ကုန်စည် ပြပွဲကိုရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ လာမည့် ဇူလိုင်လ ၁၂ ရက်နေ့မှ စ၍ ၂၂ ရက်နေ့အထိ ၁၁ ရက်တိုင် စည်ကားစွာကျင်းပသွားမည် ဖြစ်သည် ကို သိရသည်။ ယခုပြပွဲသည် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ပထမဆုံး အကြိမ် လာရောက်ပြသည့် ပြပွဲလည်းဖြစ် သည်။ ပြပွဲ ကျင်းပစဉ် ကာလအတွင်း TV နှင့် FM များမှ တိုက်ရိုက် LIVE ထုတ်လွှင့် ပြသသွားမည် ဖြစ် ပြီးဖျော်ဖြေရေး အစီအစဉ်များ ကလေးများအတွက် အခမဲ့ကစားကွင်းများလည်းပါဝင်မည်ဖြစ်သည်။ ပြပွဲကို အခမဲ့ ၀င်ရောက် ကြည့်ရှု ရမည် ဖြစ်ပြီး ပြည်သူများ အတွက် သွားလာရေး လွယ်ကူ အဆင်ပြေ စေရန် အခမဲ့ လိုင်းကားများကိုလည်း စီစဉ်ပေးမည် ဖြစ်သည်။အဆိုပါ ပြပွဲ၌ နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ထုတ်လုပ်သည့် ကွန်ပျူတာ နှင့် ဆက်စပ် ပစ္စည်းများ ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး လုပ်ငန်းသုံး ဆေးနှင့် ဆက်စပ် ပစ္စည်းများ ၊ မော်တော်ယာဉ် နှင့် ဆက်စပ် ပစ္စည်းများ ၊ ပရိဘောဂ နှင့် အိမ်ဆောက် ပစ္စည်းများ အိမ်အလှဆင် ပစ္စည်း များ ၊ အီလက်ထရောနစ်ပစ္စည်းများ ၊ ဖက်ရှင်အသုံးအဆောင် အလှကုန် ပစ္စည်းများ ၊ မီးဖိုချောင် သုံးပစ္စည်း များကို မိတ်ဆက် ပြသမည် ဖြစ်ပြီး ပစ္စည်းတိုင်း အတွက် အထူးလျော့ဈေးများဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ၀ယ်ယူသူတိုင်းအတွက် လက်ဆောက်ပစ္စည်းများလည်း ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

လေးလံသော လွယ်အိတ်များဖြင့် ကျောင်းတက်ခြင်းက ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်



   မူလတန်းအရွယ် ကျောင်းသားကျောင်းသူများတွင် ခန္ဓာကိုယ်အတွက်ဝန်ဖြစ်စေသည်အထိ လေးလံသော .ကျောပိုးအိတ် ၊ လွယ်အိတ်များကို အသုံးပြုကျောင်းတက်နေခြင်းက ၄င်းတို့၏ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုထိခိုက် ပျက်စီစေနိုင်ကြောင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗခိုင်အုပ်က ပြောကြားကြောင်း သိရသည်။ မူလတန်းအရွယ်ကလေးများ၏ ခန္ဓာကိုယ်ခါးဆစ်ရိုးလေးများကနုနယ်ကာ ကျောရိုးမကြီး တွင် ရှိသော အရိုးနုလေးများ တစ်ခုနှင့် တစ်ခု ထိကပ်နေသည့်အတွက် အရိုးနုများ ပိမိပြီး ခန္ဓာကိုယ် ဖွံ့ဖြိုး သင့် သကေ် မဖွံ့ဖြိုး တော့ကြောင်း ၊ ၄င်းအပြင် အာရုံကြော များကိုလည်း ထိခိုက် စေနိုင်ကြောင်း သိရသည်။ ထို ကိစ္စအတွက် အသင်းမှ အလေးအနက်ထားကာ ပညာပေးရန် စီစဉ်ဆောင်ရွက်နေကြပြီး အခြေခံပညာမူလ တန်းကျောင်း မှ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်သည့်အခါ ယင်းကိစ္စကို သေချာချပြ ၍ ဆွေးနွေး သွားမည် ဖြစ်ကြောင်း ၊ မူလတန်းအရွယ်များတွင်ရှိသမျှ ဘာသာရပ်စာအုပ်တိုင်းကို စုပြုံ သယ်ဆောင်ကြရာမှ ယခုကဲ့သို့ ခန္ဓကိုယ် အတွက် ၀န်ဖြစ်စေသည့် ကိစ္စမျိုး မဖြစ်စေရန် တစ်ရက်အတွင်း အမှန်တကယ် သင်ကြားမည့် ဘာသာရပ်များကိုသာ ထည့်သွင်းသယ်ယူစေခြင်းဖြင့် စီစဉ်ထား ကြောင်း သိ ရှိရသည်။

Ref..pyichit-thar

ပိုမိုဈေးသက်သာသည့် အိမ်ရာများ လှိုင်သာယာ မြို့နယ်အတွင်း တည်ဆောက်မည်



   ရတနာ နှင့် ဧရာဝဏ် တန်ဖိုးနည်းအိမ်ရာများထက် ပိုမိုဈေးသက်သာမည့် အိမ်ရာတစ်ခုကို လှိုင်သာယာ မြို့နယ်တွင် တည်ဆောက်မည် ဖြစ်ကြောင်းကို သိရှိရခဲ့ပါသည်။ အဆိုပါ တန်ဖိုးနည်း အိမ်ရာတိုက်ခန်းများ ကို ငွေကျပ် သိန်း ၁၀၀ ၀န်းကျင်ဖြင့် ၀ယ်ယူ နိုင်မည် ဖြစ်ကြောင်း ၊ အိမ်ရာ တည်ဆောက်ရေး လုပ်ငန်းများ ကို ပြင်ဆင်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၊ အိမ်ရာအတွက် လိုအပ်သည်များကို ပြင်ဆင်လျက် ရှိကာ လိုအပ်သည့် အခြေခံအဆောက်အအုံများကို အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် လှိုင်သာယာမြို့နယ်တွင် တည်ဆောက်မည့် အဆိုပါ တန်ဖိုးနည်း အိမ်ရာကို အများဆုံး ၆ ထပ် အ ထိသာ တည်ဆောက်ကြမည်ဖြစ်ပြီး အိမ်ခန်းပေါင်း ၄၀၀၀ ၀န်းကျင် အထိသာမည် ဖြစ်ကြောင်း ရန်ကုန်မြို့ Trader Hotel တွင် ကျင်းပခဲ့သော Urban Development Conference မှ သိရှိရသည်။

Ref...pyichit-thar

အိန္ဒိယရောက် မြန်မာဒုက္ခသည် ၁၀၀ ကျော်ကို အစိုးရ သွားရောက် ခေါ်ယူမည်


  ရေပိုင်နက် ကျော်လွန်မှုကြောင့် အိန္ဒိယနိုင်ငံ ပို့ဘလဲ (Port Blair) ကျွန်း ရေတပ်စခန်း ဌာနချုပ်တွင် ဖမ်း ဆီးခံပြီးနောက် လွတ်မြောက်လာသူများနှင့် မဟာစင်ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယဘက် သို့ရေမျော ကမ်းတင် ရောက်ရှိသွားခဲ့သည့် မြန်မာဒုက္ခသည် ၁၀၀ ကျော်ကို လေယာဉ်ဖြင့် အခမဲ့ သွားရောက်ကာ ခေါ် ယူ မည်ဖြစ်ကြောင်း သိရသည်။ “အိန္ဒိယရပိုင်နက်ထဲမှာ ပင်လယ်မျှော့ခိုးငုပ်တဲ့သူတွေက သူတို့နိုင်ငံရဲ့ရေ ပိုင်နက်ဥပဒေအရ အဖမ်းခံရပြီးနော် အခုလွတ်လာကျတဲ့ သူတို့ကို Open Camp မှာ ထားပြီတော့ အိန္ဒိယက ပဲ ကျွေးထားတယ်။ မဟာစင်ကြောင့် ရေဘေးဒုက္ခရောက်တာက ၃ ယောက်ပဲပါတယ်။ စုစုပေါင်းအားလုံး ၁၁၉ယောက် ပါ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စီရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိန်ဦးက ဧရာဝတီသို့ ပြောသည်။ အိန္ဒိယ ရေပိုင်နက် ဥပဒေဖြင့် အဖမ်းခံထားရသူများ၏ မြန်မာနိုင်ငံသားဖြစ်မှုကို ကာလကတ္တားနှင့် နယူးဒေလီမှ မြန်မာနိုင်ငံခြားရေး ၀န်ထမ်းများက သွားရောက်စစ်ဆေး အတည်ပြု ခဲ့ကြောင်း သူကဆက်ပြောသည်။ အိန္ဒိယနိုင်ငံ၏ ရေပိုင်နက် ဥပဒေအရ ပိုင်နက်ကျူးကျော်လာသူများကို သူတို့ဥပေဒမှ ထောင်ဒဏ် ၂ နှစ် ချမှတ်နိုင်ကြောင်း သိရသည်။“ဒီကနေ လူမှုဝန်ထမ်း ကယ်ဆယ်ရေး၊ကျန်း မာရေးနဲ့ လ၀က က၀န်ထမ်း စုစုပေါင်း ၆ ယောက်လိုက်သွားပြီး အဲဒီလူတွေအတွက် လိုအပ်တဲ့ ကျန်းမာရေး လိုအပ်ချက်များကိုစောင့်ရှောက်မှုပေးမယ်။ အများစုက ဧရာဝတီတိုင်းက ဖြစ်တယ်။ အစည်းအဝေးမှာတော့ သူတို့ကို တိုင်းဒေသကြီးတွေအရောက် ကားတွေနဲ့ ပို့ပေးဖို့ ပြောထားတယ်” ဟု ဦးစိန်ဦးက ပြောသည်။
   လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်မည့် ယင်းအစီအစဉ်အတွက် အခမဲ့လေယာဉ်ကို ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကို ဝင်းကပံ့ပိုးပြီး MAI လေကြောင်းလိုင်းကို အသုံးပြုမည်ဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်း ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာထံမှ သိရသည်။ MAI လေကြောင်းလိုင်း က အဓိကရုဏ်းများကြောင့် မလေးရှားနိုင်ငံမှ ပြန်လာလိုသည့် မြန်မာနိုင်ငံသားများအတွက်ကို အခမဲ့လေ ယာဉ်တစ်စီးစာ လှူဒါန်းခဲ့ဖူးသည်။ရာသီဥတုကြောင့်ဖြစ်စေ၊ တခြားအကြောင်း အမျိုးမျိုးကြောင့် ဖြစ်စေ ရေ ပိုင်နက်ကျော်လွန်မှုကြောင့် အိမ်နီးချင်းနိုင်ငံများသို့ မြန်မာနိုင်ငံသားများ ရောက်ရှိမှု မကြာခဏဖြစ်လေ့ဖြစ် ထရှိကြောင်း၊ ၎င်းတို့အား ပြန်လည် ကယ်ဆယ်ရေးအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချ ထားရေး ၀န်ကြီးဌာနတွင် နှစ်စဉ်ဘတ်ဂျက် သတ်မှတ်ထားကြောင်း သိရသည်။

Irrawaddy

ခွေးလှေးယားစေ့ နှစ်ရည်က မြွေပွေးအဆိပ် ပြေနိုင်ကြောင်း လေ့လာတွေ့ရှိ

မြွေပွေးအဆိပ်၏ သေစေနိုင်သော သတ္တိကို ခွေးလှေးယားသီးစေ့အနှစ်ရည်နှင့် ၎င်းအနှစ်ရည် ထိုးသွင်း ထားသော ယုန်၏သွေး ရည်ကြည်တို့က ချေဖျက်နိုင်စွမ်းရှိကြောင်း ဆေးသုတေသန ဦးစီးဌာ န(အောက်ြ မန် မာပြည်)က သုတေသနပြုလေ့ လာတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ခွေးလှေးယားသီးစေ့ အနှစ်ရည်အချိုးအစား အမျိုးမျိုးကို မြွေပွေးအဆိပ်နှင့် ပေါင်းစပ်၍ ဓာတ်ခွဲ ခန်းတွင် မွေးမြူထား သည့် ကြွက်ဖြူများ၏ အကြောအတွင်းသို့ ထိုးသွင်းစမ်းသပ်ရာ အနှစ်ရည် ၀ ဒသမ ၂၁ မီလီဂရမ်သည် မြွေပွေးအဆိပ်ကို ချေဖျက်နိုင်သည့်အပြင် ခွေးလှေးယားသီး အနှစ်ရည် တစ်ပတ်တစ်ကြိမ်ဖြင့် သုံးကြိမ်ထိုးထားသော ယုန်များ၏ သွေးရည် ကြည် ၁၀၀ မိုက်ခရိုလီတာ သည်လည်း မြွေပွေးအဆိပ်၏ သေစေနိုင်သော သတ္တိကို ချေဖျက်နိုင်ကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ခွေးလှေးယားသီးစေ့ အနှစ်ရည်ရဲ့ အချိုးအစားပေါ်မူတည်ပြီး မြွေပွေးအဆိပ်ကို ၁၀၀ ရာခိုင်နှုန်း ချေဖျက်နိုင်ပါတယ်” ဟု သုတေသနပြုလုပ်မှုတွင် ပါဝင် သူ ဒေါက်တာဒေါ်အေးအေးမြင့် က ပြောသည်။မြေဆိပ်ဖြေဆေး ထုတ်လုပ်ရန် အတွက်မူ ခွေးလှေးယားသီးစေ့ အနှစ်ရည်၏ ဘေးထွက်ဆိုးကျိုးများနှင့် မြွေပွေးအဆိပ်ကို ချေဖျက်နိုင်မည့် အနှစ်ရည်ပမာဏကိုလည်း တိတိကျကျဖြစ်စေရန် သုတေသနများ ဆက်လက်ပြုလုပ်ရမည်ဟု ၎င်းက ဆိုသည်။မြေဆိပ်ဖြေဆေးများအား ကျေးလက်ကျန်းမာရေး ဆေးခန်းများအထိ ထားရှိပေးထားသော်လည်း အရေအတွက်နည်းပါးလွန်း သဖြင့် လုံလောက်အောင် ထိုးပေးနိုင်ခြင်းမရှိကြောင်း မြွေကိုက်ခံရမှု ကာကွယ်ရေးစီမံချက်မှ သိရသည်။

“အခုက ပဲစိုက်ရာသီရောက်ပြီလေ။ ဒီမှာက မြွေပွေးအရမ်းပေါတယ်။ အကိုက်ခံရတာလည်း များတယ်။ အခုလို မြွေဆိပ်ဖြေဆေး နည်းအသစ်ကို ဆေးအဖြစ် ထပ်ထုတ်နိုင်ရင်တော့ တောင်သူတွေအတွက် ပိုပြီး ကောင်းလာမယ် ထင်တယ်” ဟု မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့မှ ဒေသခံ ပဲစိုက်တောင်သူတစ်ဦးက ပြောသည်။ ပဲခူး၊ ဧရာဝတီ၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများသည် မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှု အများဆုံးဒေသများဖြစ်သည်။မြန်မာနိုင်ငံတွင် ဆေးရုံဆေးခန်းများ၏ စာရင်းများအရ မြွေကိုက်ခံရမှုကြောင့် တစ်နှစ်လျှင် လူဦးရေ ၁၀၀၀ ကျော် အသက်ဆုံးရှုံးလျက်ရှိသည်။ အဆိပ်ရှိသော မြွေကိုက်ခံရမှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်မှာ မြွေပွေးကိုက်ခံရမှုများဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မြွေဆိပ်ဖြေဆေးကို မြင်း၏သွေးဖြင့် အဓိကထား အသုံးပြု၍ ထုတ်လုပ်နေခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုံလောက်သည့် ပမာဏ မထုတ်လုပ်နိုင်သေးပေ။ဆေး သုတေသနဦးစီးဌာန (အောက်မြန်မာပြည်) သည် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလတွင် ကြက်ဥအနှစ်ကို အသုံးပြု၍ မြွေပွေးအဆိပ်အား ချေဖျက်နိုင်သော မြွေဆိပ်ဖြေဆေးထုတ်လုပ်နိုင်ခဲ့သည်။



Ref: 7daynewsjournal

အသက်ကို ဥာဏ်စောင့် ၊ ဘာကြောင့် ဖုန်းအကြာကြီး မပြောသင့်သလဲ။


သင့်သူငယ်ချင်းများ၏ ကျန်းမာရေးအတွက် Share ပေးပါ။

ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )

အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ဖြန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။

ဝိုးးးးးးးး ၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ် ဆို ရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံ လှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရို တိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေ ဖြစ်နိုင်ပါသလဲ ။
 
အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေ ဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံ လှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန် ကို လျော့ ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင် ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။

ကိုသက်တန့် ဆီမှ ကူးယူဖော်ပြပါသည်။

Ref:It Group

စတိဗ်ဂျော့ ခံယူချက်


အသက် ၂၃ နှစ်မှာ ကျနော်က အမေရိကန်ဒေါ်လာ ၁ သန်း တန်ဖိုး ရှိတဲ့ သူတစ်ယောက်ပေါ့။ ၂၄ နှစ်မှာ ၁၀ သန်း၊ ၂၅ နှစ်မှာ သန်း ၁၀၀ ကျနော်ဟာ ထိုက်တန်တဲ့ လူတစ်ယောက် ဖြစ်လာခဲ့တယ်။ သို့ပေမယ့် ဒါတွေက အရေးမကြီးပါဘူး။ ဘာလို့လဲဆို ကျနော်က ငွေအတွက် လုပ်ခဲ့တာ မဟုတ်ဘူးလေ။" ------- စတိဗ်ဂျော့
 
သင်ခန်းစာ -

ကြိုးစားသူရဲ့  အောင်မြင်မှုနောက်ကို ထိုက်တန်တဲ့ တန်ဖိုး ရလဒ်များက အလို အလျောက် ရောက်ရှိ လာစေပါတယ်။
-
Ref: quote
Aung Kham (TSJ team)


"ကွန်ပျူတာမောက်စ်ကို တီထွင်ခဲ့သူ ကွယ်လွန်"

ကွန်ပျူတာမောက်စ်ကို တီထွင်ခဲ့သူ ဒေါက်ဂလပ်စ် အန်ဂျဲလ်ဘတ် သည် ဇူလိုင် ၃ ရက်ညက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ သူ၏နေအိမ်တွင် ကွယ်လွန် သွားပြီဖြစ်ကြောင်းသိ ရသည်။သူ၏ တီထွင်မှုသည် ကွန်ပျူတာလောက၀ယ် ကြီးစွာသောပြောင်းလဲမှုဖြစ်စေခဲ့သဖြင့် ဆုငွေများချီးမြှင့်ခံခဲ့ရသည်။ သူ၏ ပထမဆုံးသော ကွန်ပျူတာမောက်စ် နမူနာပုံစံကို ၁၉၆၃ ခုနှစ်ကတည်းက တင်ပြခဲ့ပြီး၊ ယင်းမှာ သစ်သားဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ကွန်ပျူတာမောက်စ်(mouse) ဆိုသည်မှာ အသုံးပြုသူ၏ရွေးချယ်မှုကိုလက်ဖြင့်လုပ်ဆောင်သောကိရိယာ(Manually Operated User Selection Equipment)ဆိုသည့် အင်္ဂလိပ်ဝေါဟာရကို အတိုကောက်ပြုထားခြင်းဖြစ်သည်။ မစ္စတာ ဒေါက်ဂလပ်စ် အန်ဂျဲလ်ဘတ် သည် ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ်ရှိနေပြီဖြစ်ကြောင်းသိရသည်။


Ref: CNN

ကျောက်တံခါး ရဲစခန်းမှာသရုပ်ဆောင် ရဲတိုက်ကို ဆေးခြောက် နဲ့ အတူဖမ်းမိ

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် မှာ သရုပ်ဆောင် ရဲတိုက်ကို ယမန်နေ့ညက ဆေးခြောက်တွေ နဲ့ဖမ်းစီးရမိတယ်လို့ ကျောက်တံခါး မြို့နယ် မှုးရုံးက သိရပါတယ်။Author- မိုးစက်

Ref: Kumudra

လူတိုင်းသိထားသင့်တဲ့ မစ္ဆရိယ ၅-မျိုး





(ကိုယ်ရတာကို သူတစ်ပါးအား မရစေလိုတာ မစ္ဆရိယ)

(၁) အာဝါသမစ္ဆရိယ
--------------------

ကိုယ့်နေတဲ့ နေရာမှာ သူများလာနေရင် မကြိုက်တာ၊ဟုတ်လား၊ ကိုယ့်အဆောက်အဦးထဲ သူများလာရင် မ ကြိုက်တာ ‘အာဝါသမစ္ဆရိယနော်’။ ‘အာဝါသမစ္ဆရိယ’ ဆိုတာက အိမ်မှာတင်မစ္ဆရိယ ဖြစ်တာမဟုတ်ဘူး၊ မီးရ ထားနဲ့ သွားတာတောင် ပေါင်ကားထိုင်သေးတယ်၊ အနားနားမှာ ဒိပြင်လူလာထိုင်မှာစိုးလို့၊ အထုပ်လေးတင် ထားမယ်၊ မထိုင်စေချင်ဘူး နေရာမပေးချင်ဘူး၊ အဲဒါမျိုး ပြောတာ အာဝါသမစ္ဆရိယ ဆိုတာ။

(၂) ကုလမစ္ဆရိယ
-------------------

ကိုယ်နဲ့ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ မိတ်ဆွေဖွဲ့ရင် မကြိုက်တာ၊ ကုလမစ္ဆရိယ၊ ဘုန်း ကြီးတွေကျတော့ ကိုယ့်ဒကာ, ဒကာမများကို သူများဒကာ, ဒကာမဖြစ်မှာ မကြိုက်တာ ကုလမစ္ဆရိယပဲ၊ကိုယ့် မိတ်ဆွေ သူ့မိတ်ဆွေ လာလုပ်မှာမကြိုက်ဘူး၊ ကုလမစ္ဆရိယ။

(၃) လာဘမစ္ဆရိယ
-------------------

ကိုယ်ရတာမျိုး သူများ မရစေချင်တာ လာဘမစ္ဆရိယ။

(၄) ဝဏ္ဏမစ္ဆရိယ
-----------------

ကျော်ကြားမှုနဲ့ သတ်သက်လာလို့ ရှိရင် ကိုယ်ပဲကျော်ကြားချင်တယ်၊သူများ မကျော်ကြားစေချင်ဘူး။


(၅) ဓမ္မမစ္ဆရိယ
---------------

ကိုယ်သိတဲ့တရားကို သူများကိုမပေးချင်ဘူး၊ ကိုယ်သိတဲ့ ဗဟုသုတတွေကကိုသူများကို မဖြန့်ဝေချင်ဘူး၊ သူ တစ်ယောက်ထဲပဲ တကယ့်ကိုဂုရုကြီးလုပ်ချင်တယ်ပေါ့လေ၊ တစ်လောကလုံးရဲ့ဂုရုကြီး၊ သူပဲသိတယ်၊ကျန်တဲ့ လူတွေ မသိရဘူး၊ အဲဒါမျိုး လုပ်ချင်တာ၊ အဲဒါ ဓမ္မမစ္ဆရိယ လို့ခေါ်တယ်။

‘အာဝါသမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ၊ ဝဏ္ဏမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ’ ဆိုပြီးတော့ မစ္ဆရိယငါးမျိုး ရှိတယ်၊

   မစ္ဆရိယဆိုတာ ကိုယ်ရထားတဲ့ အနေအထားမျိုး သူများကို မရစေချင်တာ အဲဒါကို ပြောတာနော်၊ ဒါလည်း ပဲ မရစေချင်ဘူး ဆိုတော့ သူက ဒေါသနဲ့ ယှဉ်တယ်။ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ရန်ကုန်ရောက်ရင် ရွှေတိ ဂုံဘုရားဖူးပြီး တိရစ္ဆာန်ရုံကို သွားကြည့်တာပေါ့၊ တိရစ္ဆာန်ရုံသွားတဲ့အခါမှာ အထူးအားဖြင့်ဘာကြည့်ချင်တုန်း ဆိုတော့ ညနေဘက် ကျားတွေ၊ ခြင်္သေ့တွေ အစာကျွေးတာကို ကြည့်ချင်တယ်၊ ပိုစိတ်ဝင်စားတယ်၊အဲဒီမှာ ဘာအကဲခတ်မိလဲဆို ကျားတွေ၊ခြင်္သေ့တွေက အစာကိုဝဝလင်လင် စားရတာမဟုတ်ဘူး၊ သူတို့ခမျာပိန်ပြီး အရမ်းဆာလောင်နေကြတာလေ၊ ညနေ အစာကျွေးမယ့်သူလာလို့ရှိရင် သူတို့ယောက်ယက်ခတ်နေပြီ၊ အ စာကျွေးမယ့်လူက အမဲသားတစ်ပေါင်လောက် တစ်တုံးလောက်အထဲကို ပစ်ထည့်လိုက်ပြီဆိုရင်အဲဒီ ကျားတွေ၊ ခြင်္သေ့တွေက ပါးစပ်နဲ့ အစာကို ကိုက်ပြီး ဟိုလိုက်ရန်လုပ် ဒီလိုက်ရန်လုပ်နဲ့၊ ဆာနေတာ စားလိုက် ပါလား၊ အေးအေးဆေးဆေး မစားဘူး။ ဘာကြောင့် အဲဒီလိုဖြစ်တာတုန်းဆိုရင် မစ္ဆရိယကြောင့်၊ သူရထားတဲ့ အစာကိုလာမထိနဲ့ပေါ့၊ အဲဒီအဓိပ္ပါယ်မျိုးရှိတယ်။ ကြောင်လေးတွေ ကြွက်ခုတ်ပြီးရင်ပါးစပ်ထဲမှာအစာရောက် သွားရင် မာန်ဖီတော့တာပဲ မဟုတ်လား၊ အဲဒီတော့ မစ္ဆရိယက ဒေါသနဲ့ ယှဉ်တယ်ဆိုတာ သိပ်ထင်ရှားတယ်၊
ခွေးကလေး နှစ်ကောင်၊ ကစားနေတဲ့ ကြားထဲမှာ အမဲရိုးလေး ပစ်ချကြည့်၊ ကိုက်ကြပြီ၊ ဒါကြောင့်မို့ မစ္ဆရိယဟာ ဒေါသနဲ့ ယှဉ်တယ်လို့ ပြောတာ၊ မစ္ဆရိယပေါ်လာရင် ဒေါသဝင်လာတာပဲ၊ ဣဿာပေါ်လာရင် လည်း ဒေါသပဲ။ သို့သော် အဲဒီမစ္ဆရိယနဲ့ ဣဿာဟာ တစ်ပြိုင်တည်း ဖြစ်သလားဆို မဖြစ်ဘူး၊ ဘာဖြစ်လို့ တုံး၊ အာရုံချင်း မတူဘူး၊ စိတ်ရဲ့ဦးတည်ချက်တွေဟာမတူကြဘူးတဲ့၊ဣဿာဆိုတာ သူများအောင်မြင်မှုပေါ် ဦးတည်တယ်၊ မစ္ဆရိယ ဆိုတာ ကိုယ့်အောင်မြင်မှုပေါ် ဦးတည်တယ်၊ မတူကြဘူး။ 


ပါမောက္ခချုပ်ဆရာတော်ကြီးဒေါက်တာအရှင်နန္ဒမာလာဘိဝံသ အပြည်ပြည်ဆိုင်ရာထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်
Credit to Yelatt မှကူးယူဖော်ပြပေးပါသည်

သရဲကား မိုင်တိုင် ၂၆ ဇူလိုင် ၅ ရက်နေ့ ရုံတင်မယ်

မိုင်တိုင် ၂၆ ဆိုတဲ့ သရဲကား ရုံတင်ပြသဖို့အတွက် စာနယ်ဇင်းအကြို မိတ်ဆက်ပြသတဲ့ အခမ်းအနားကို ဇူလိုင် ၂ ရက်နေ့က Junction Mawtin အဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပ ခဲ့ပါတယ်။

 
ဒီဇာတ်ကားဟာ ပြင်ဦးလွင်အတက် မိုင်တိုင် ၂၆ မှာ ဖြစ်ခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလို့ သိရပြီး သရုပ်ဆောင် ခွန်းဆင့်နေခြည်က ဒီဇာတ်ကားရဲ့ ထုတ်လုပ်သူ ဖြစ်ပါတယ်။
 
ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က ရိုက်ကူးထားပြီး သူထူးစံ၊ ခွန်းဆင့်နေခြည်နဲ့ သရုပ်ဆောင်များစွာ ပါဝင်ပါတယ်။ ဒီဇာတ်ကားကို ဇူလိုင်လ ၅ ရက်နေ့ကျရင် တော်ဝင်စင်တာမှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။
မိုင်တိုင် ၂၆ စာနယ်ဇင်းပွဲနေ့က ခွန်းဆင့်နေခြည် (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)
 
ထုတ်လုပ်သူ သရုပ်ဆောင် ခွန်းဆင့်နေခြည်က သူတို့ ပထမ ရိုက်ခဲ့လို့ ပရိသတ် သိသွားတဲ့ ဇာတ်ကားက မိုင်တိုင် ၇၆ ဖြစ်တဲ့ အကြောင်း၊ အဲဒီကားကို သရ၀ဏ် ထုတ်လုပ်ရေးက မင်းအုပ်စိုး ထုတ်တာဖြစ်ပြီး ဒါရိုတာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ပဲ ရိုက်တာ ဖြစ်ကြောင်း၊ အဲဒီကားက ပရိသတ်ရဲ့ ရင်ထဲကို အထိုက်အလျောက် ရောက်သွားခဲ့ပြီး ပရိသတ် အားပေးမှုလည်း ရခဲ့တဲ့အတွက် အခု ဖြစ်ရပ်မှန်ဇာတ်ကား မိုင်တိုင် ၂၆ ကို ရိုက်ဖြစ်တဲ့အကြောင်း ပြောပါတယ်။

“ဦးမျိုးမင်းက အခုဇာတ်လမ်းက တကယ့် ဖြစ်ရပ်မှန်တဲ့၊ ပြင်ဦးလွင် အတက် ခြောက်ထပ်ကွေ့ ဆိုတဲ့နားမှာ ကားခဏခဏ မှောက်ပြီး လူတွေ ခဏခဏ သေတယ်တဲ့၊ အဲဒီမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် တခုကို ရိုက်ဖို့အတွက်ဟြေတော့ ခွန်းဆင့်ကလည်း ရိုက်ဖို့ အဆင်ပြေတယ်၊ စိတ်ဝင်စားတယ်ဆိုပြီး ဒီဇာတ်ကို ရိုက်ခဲ့တာ” လို့ ခွန်းဆင့်နေခြည်က ဆိုပါတယ်။

ဒီဇာတ်လမ်းကို ဖတ်ကြည့်တဲ့ အချိန်မှာ ကြက်သီးတွေတောင် ထတယ်လို့ သိရပါတယ်။

“လုပ်နိုင်မယ်လို့လည်း ယုံကြည်တယ်၊ အဲဒါကြောင့် ရိုက်ဖြစ်တာ။ ဒီဇာတ်ကား ရိုက်တုန်းက စိတ် အနှောင့် အယှက်တွေ အရမ်း ဖြစ်တယ်၊ စိတ်တွေလည်း ကယောက် ကယက် တွေ ဖြစ်ခဲ့တယ်၊ ကြောက်စိတ်တွေ ဖြစ်ခဲ့တယ်၊ မိုင်တိုင် ၇၆ တုန်းက ကြောက်ပေမယ့်၊ ဒီကားမှာ စိတ်ခံစားမှု ပိုပြင်းတယ်လို့ ခံစားရတယ်။ တယောက်ယောက်က ၀င်နွှယ် နေသလိုမျိုး ခံစားရတယ်၊ တယောက်ယောက်က အနှောင့်အယှက် ပေးနေသလိုလည်း ခံစားရတယ်၊ စိတ်သောကတွေလည်း အများကြီး ဖြစ်ခဲ့ရတယ်၊ ခွန်းဆင့်က ပဌာန်းဆက် ပါတယ်လို့ ဟြေလို့ရမလားတော့ မသိဘူး၊ အဲဒီလို ကာရိုက်တာမျိုး သရုပ်ဆောင် ရမယ်ဆို ကိုယ်မဟုတ်တော့ဘူး၊ ကိုယ့်ကို တယောက်ယောက်က ၀င်ပူးပြီး ဖြစ်သွားသလိုပဲ၊ တကယ် ဖြစ်နေသလို မြင်ရတယ်” လို့ ခွန်းဆင့်နေခြည်က ဇာတ်ကားအကြောင်း ရှင်းပြပါတယ်။

မိုင်တိုင် ၂၆ က ဖြစ်ရပ်မှန် သရဲကားလို့ ဆိုပါတယ်။ ဒီကားမှာ ခွန်းဆင့်နေခြည် အနေနဲ့ သရုပ်ဆောင်ချက်တွေ လိုအပ်သွားတယ်လို့ ကိုယ့်ကိုယ်ကိုယ် မထင်ဘူး ဆိုတဲ့အကြောင်း၊ ပြည့်စုံတယ်လို့ ယုံကြည်နေကြောင်း၊ ပီပြင် နေတယ်လို့လည်း ခံစားရကြောင်း ပြောပါတယ်။

“တမင် လုပ်ယူထားတာ မဟုတ်ဘဲ စိတ်ကိုလွှတ်ထားပြီး လုပ်တဲ့အတွက် ပီပြင်သွားတာလို့ ထင်တယ်၊ ဒီကားကို ကိုယ်တိုင်လည်း ခဏခဏ ကြည့်ဖြစ်တယ်။ ကြည့်တဲ့ အခါတိုင်းလည်း ငိုချင်တယ်၊ ကြက်သီးတွေလည်း ထတယ်” လို့ သူက ဆက်ဟြေပါတယ်။

ခွန်းဆင့်နေခြည်က ကာရိုက်တာ စုံအောင် ရိုက်ဖူးပြီး သူရတဲ့ အနုပညာကြေး ထဲကနေ ပရလောကသား တွေအတွက် အမြဲတမ်း အလှူအတန်း လုပ်ပေးတယ်၊ ပရလောက သားတွေနဲ့ ပတ်သက်တဲ့ ကားတွေရိုက်တဲ့အခါ ပရိသတ် စိတ်ဝင်စားမှု ရတဲ့အတွက်ကြောင့် လှူဖြစ်တာလို့ ဆိုပါတယ်။

ဒီကားကို နိုင်ငံခြားမှာ သွားပြဖို့လည်း စီစဉ်ထားကြောင်း၊ အခုလောလောဆယ် စင်ကာပူမှာ ဆင်ဆာ တင်ထားကြောင်းနဲ့ မြန်မာကားတွေ ပြလို့ရတဲ့ နိုင်ငံတိုင်းမှာ ပြဖို့ ရည်မှန်းထားကြောင်း၊ ပရိသတ်တွေ အတွက် စဉ်းစားပြီး ပရိသတ် အားပေးမှုများရင် နှစ်ပတ်အထိ ရုံတင်ဖို့ စီစဉ်ထားကြောင်း ထုတ်လုပ်သူ ခွန်းဆင့်နေခြည်ရဲ့ အဆိုအရ သိရပါတယ်။

ဒီဇာတ်ကားက ဘယ်လောက်အထိ ကြောက်စရာ ကောင်းမလဲ၊ ကြည့်ရှုသူတွေအတွက် ဘာတွေ ရမလဲ ဆိုတာတော့ ရုံတင်တဲ့ အချိန်မှာ ထွက်ပေါ်လာမယ့် အသံတွေကို စောင့်နားထောင်ရဦးမှာပါ။
  
Ref: http://mmforward.blogspot.com

ဓာတ်အားလိုင်း တာဝါတိုင်ပေါ် တက်၍ သံချောင်းများ ခိုးသူဖမ်းမိ

 
   ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် မန်တဲကျေးရွာအုပ်စု ခါလိန်ကျေးရွာ အနောက်တစ်မိုင်အကွာ ရှိ ရွှေလီ၊ မန်ဆန်ရွှေစာရံ မဟာဓာတ်အားလိုင်း တာဝါတိုင်အမှတ် (၁၃၄) အမြင့် ၇၂ ပေပေါ်တွင် ယမန်နေ့ နံနက် ၈ နာရီက အမည်မသိလူတစ်ဦး တက်ရောက်ပြီး တာဝါတိုင်တွင် တပ်ဆင်ထားသော သံချောင်းများ ခိုးဖြုတ်ယူနေသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များက တာဝါတိုင်ပေါ်သို့ တက်နေသည့်သူအား အောက်သို့ဆင်းစေခဲ့သည်။အဆိုပါ တာဝါတိုင်ပေါ်တက်နေသည့်သူမှာ လှကွယ် (ခ) ဂုဏ ၃၅ နှစ် (ဘ) ဦးနန္ဒိယ နောင်ပိန်မြို့နယ် လုပ်ပါကျေးရွာနေသူဖြစ်ပြီး တာဝါတိုင်ပေါ်တက်၍ ခိုးဖြုတ် ယူခဲ့သော ပစ္စည်းများမှာ အရှည် ၄ ပေခွဲ၊ ပတ်လည် ၁ ပေခွဲရှိ သံချောင်း နှစ်ချောင်း၊ ၂၄ ဆိုဒ် မူလီတိုင် အ လွတ် ငါးချောင်းနှင့် ခေါင်းပါ တစ်ချောင်း၊ ၃ဝ ဆိုဒ် မူလီတိုင် ခေါင်းပါ တစ်ချောင်းနှင့် အလွတ်တစ်ချောင်း၊ အမ်ဝိုင်ယာဖမ်း ကလစ်တစ်ခု၊ စတန်းဗို့တစ်ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။ အဆိုပါပစ္စည်းများ ခိုးသူ လှကွယ် (ခ) ဂုဏအား သီပေါ ရဲစခန်းမှ (ပ)၇၅/၁၃ ပုဒ်မ ၆(၁)အရ အမှုဖွင့် အရေးယူ ထားကြောင်း သိ ရ သည်။

မြ၀တီ

HIV ကုသဖို့ နည်းလမ်းသစ် တွေ့

အမေရိကန် ပြည်ထောင်စုက HIV ဗိုင်းရပ်စ် ကူးစက် ခံထား ရတဲ့ အမျိုးသား နှစ်ဦးမှာ သွေးကင်ဆာ ဖြစ်တဲ့ အတွက် ရိုးတွင်း ခြင်ဆီ အစားထိုး ကုသ ခဲ့ရာ ကနေ အဲဒီ လူ ၂ ဦးမှာ HIV ပိုး ထပ် မတွေ့ရ တော့ဘူးလို့ ဆရာဝန် တွေက ပြောပါတယ်။အဲဒီ အတွက် သူတို့ကို HIV ကုသမှု ပေး နေတာကို ရပ်နားထား ပါတယ်။
 
ဒါပေမယ့်လို့ အခုလို ရိုးတွင်း ခြင်ဆီ အစားထိုး တာကို HIV ဗိုင်းရပ်စ် အတွက် ကုထုံး တခု လိုတော့ ပြောဖို့ရာ အရမ်း စောလွန်း သေးတယ် လို့ ဘရစ်ဂမ် နဲ့ အမျိုးသမီး ဆေးရုံ က ဆရာဝန် တွေက ပြောပါတယ်။ အကြောင်း ကတော့ HIV ပိုးဟာ အချိန် မရွေး ပြန်ပေါ် လာနိုင်တာ ကြောင့်လို့ ဆိုပါတယ်။

သူတို့ နှစ်ဦး မတိုင်ခင် အရင် လူနာ တဦး ကိုတော့ ရိုးတွင်း ခြင်ဆီ အစားထိုး ကုသပြီး နောက် ဒါဟာ AIDS ကူသမှု ဆိုပြီး ဖေါ်ပြ ပြောဆို ခဲ့ဖူး ပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီ သူကို အစားထိုး လိုက်တဲ့ ရိုးတွင်း ခြင်ဆီဟာ HIV ပိုးကို ခံနိုင်ရည် ရှိတဲ့ လူ ကနေ ဒါန ပြုထားတဲ့ ရိုးတွင်း ခြင်ဆီ ဖြစ်လို့ ပါတယ်။

ဒါပေမယ့် အခု အမျိုးသား နှစ်ဦး ကိုတော့ ရိုးရိုး သာမန် အလှူရှင် တွေဆီက ရိုးတွင်း ခြင်ဆီ နဲ့သာ ကုသ ခဲ့တာ ဖြစ်တယ် ဆိုပြီး နိုင်ငံ တကာ AIDS ကျွမ်းကျင် သူများ ဖွဲ့စည်း ထားတဲ့ IAS ညီလာခံမှာ ဖေါ်ပြ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ကုသမှု ပြုခဲ့ ပြီးနောက် လူနာ တဦးမှာ HIV ပိုး မတွေ့တာ ၂ နှစ်ရှိ သွားပြီ ဖြစ်ပြီး နောက်တဦး ကတော့ ၄ နှစ်ကြာ ပြီ ဖြစ်တယ်လို့ ပြောပါ တယ်။
Ref: BBC

ဒုက္ခသည်များအတွက် နိုင်ငံတကာမှ အကူအညီ ပေးခြင်းများကို အလွဲသုံးစား ပြုမှုများ ကြုံတွေ့နေရဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြား



    လာဘ်ပေးလာဘ်ယူမှုကို အစိုးရ ၀န်ကြီးဌာနများတွင် ကြုံတွေ့ရသည့် ပြဿနာဟု ထင်ရသော်လည်း လက်ရှိတွင် ဒုက္ခသည်များအတွက် နိုင်ငံတကာမှ အကူအညီ ပေးခြင်းများကို အလွဲသုံးစား ပြုမှုများ ကြုံတွေ့ လာရပြီ ဖြစ်သည်ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့ပါသည်။ ဇူလိုင် ၁ ရက် က နေပြ ည်တော်၌ ပြုလုပ်ခဲ့သည့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီအစည်းအဝေး တွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးများကို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကပြောကြား ခဲ့ခြင်း ဖြစ်သည်။ "လာဘ်ပေးလာဘ်ယူ မှုများသည် သာမန်အားဖြင့် အစိုးရ၀န်ကြီးဌာနများမှ လုပ်ရိုးလုပ်စဉ် အဖြစ်ကြုံတွေ့ရလေ့ရှိသည့် ပြဿနာဟုထင်ရသော်လည်း ယခုကဲ့သို့ခေတ်သစ်ကာလမျိုး၌နိုင်င်ငံဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် လက်နက်ကိုင်ပဋိပက္ခဒေသနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ခံစားရသည့် ဒုက္ခသည်များအတွက် နိုင်ငံတကာမှ လှူဒါန်းခြင်းများ၊ အကူအညီ ပေးခြင်းများကို အလွဲသုံးစားပြုခြင်း များ အား တွေ့ကြုံလာခဲ့ရပြီ ဖြစ်သည်" ဟု ဒါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့ကြောင်း ဇူလိုင်၂ ရက်က နိုင် ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ လာဘ်ပေးလာဘ်မှုများသည် များသောအားဖြင့် က မ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် ပိုမိုတွေ့ရပြီး လာဘ်ပေးလာဘ်ယူမှုသည် ဆင်းရဲသည့် ပြည်သူများထံမှ ရယူ သည့် လာဘ်စားမှုဟုလည်း ခေါ်ဆိုကြကြောင်း၊ စီးပွားရေး လောကအတွင်း လာဘ်ပေးလာဘ်ယူမှုကိုပြုခြင်း သည် ရိုးသားသည့် ကုန်သည်များအား မွဲပြာကြစေခဲ့ကြသည်ဟု ဆိုထားကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားသည်။ ကော်မတီ အနေဖြင့် အဂတိတရား ကင်းရှင်းရေးနှင့် လာဘ်ပေးလာဘ် ယူမှု ပပျောက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ပီပီပြင်ပြင် ဆောင်ရွက်ရန်နှင့် လုပ် ငန်းများဆောင်ရွက်ရာတွင် စစ်ဆေးအရေးယူမှုတစ်ခုတည်းကိုအာရုံစိုက်လုပ်ဆောင်ခြင်းမပြုရန်လာဘ်ပေး လာဘ်ယူမှု ဖြစ်ပေါ်လာရသည့် အကြောင်းအရာများကို စိစစ်ပြီး ဇာစ်မြစ်ကို ဖော်ထုတ်ဖြေရှင်းရန် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။
   အစိုးရသစ် လက်ထက်တွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေများ အတည်ပြုနိုင်ရေးကို ဆက် လက် ဆောင်ရွက်နေသည်ဟု ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင် .မြင့်က ဇွန် ၂၉ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးနှင့်ပွင့် လင်းမြင်သာမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင်ပြောကြားသည်။ မြန်မာနိုင်ငံတွင်ဆင်းရဲနွမ်းပါးမှုများကြောင့် လာဘ်ပေးလာဘ်ယူမှုများအား လုပ်ကိုင်ဆောင်ရွက်နေသည်ကို တွေ့ရှိရပြီး ယင်းသို့ဆောင်ရွက်မှုများရှိနေ ပါသောကြောင့် နိုင်ငံပိုမိုဆင်းရဲနေရခြင်း ဖြစ်သည်ဟုဦးခင်အောင်မြင့်ကသုံးသပ်ထားသည်။ ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သည့် အဖွဲ့ဝင်ကိုးဦးပါဝင်သော လာဘ်ပေးလာဘ်ယူမှု အရေး ယူဆောင်ရွက်ရေး ကော်မတီကို နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ယခုနှစ် ဇန်န၀ါရီ ၉ ရက်က စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။  သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် မတ် ၃၁ ရက်တွင် ကျင်းပခဲ့သည့် မိန့်ခွန်း နာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားတွင် အစိုးရဌာနများ၌ ဖြစ်ပေါ်နေသော လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကို တိုက်ဖျက်သွားရန် ထည့်သွင်းပြောကြားခဲ့သည်။၂၀၁၂ ခုနှစ်က နိုင်ငံတကာ အဂတိလိုက် စားမှု တိုက်ဖျက်ရေးအဖွဲ့ (Transparency International) မှ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အဂတိ လိုက်စားမှု အခြေအနေ အစီရင်ခံစာ စစ်တမ်းများအရ နိုင်ငံပေါင်း ၁၈၀ ကျော်တွင် မြန်မာနိုင်ငံသည် အဂတိလိုက်စား မှု အဆိုးရွားဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်နေပြီး မြန်မာနိုင်ငံထက် ဆိုးရွားသည့် နိုင်ငံများမှာ ဆူဒန်၊ အာဖ ဂန်နစ္စတန်၊ မြောက်ကိုရီးယားနှင့် ဆိုမာလီယာ နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

တရုတ်တွင် ပိတ်ပင်ထားသည့် ညစ်ညမ်းရုပ်ရှင်အား လူစည်ကားရာနေရာရှိ LED Screen ကြီးပေါ်တွင် မှားယွင်းပြသမိ

 
တရုတ်နိုင်ငံတွင် China လိင်မှုဆိုင်ရာ ညစ်ညမ်းပုံရိပ်များကြောင့် ပိတ်ပင်ထားသည့် ရုပ်ရှင်တစ်ခုကို လူစည်ကားသည့် နေရာမှ LED Screen ကြီးပေါ်တွင် ပြသမိခဲ့ကြောင်း သိရှိရသည်။ အများပြည်သူ သွားလာနေသော နေရာတွင် ထောင်ထားသည့် ကြီးမားလှသည့် LED Screenကြီးပေါ်တွင် ဆိုးဆိုးရွားရွား အပြာပုံရိပ်များ ထွက်ပေါ်လာခြင်းကြောင့် အများအတွက် အံ့ဩစရာ ဖြစ်ခဲ့ရသည်။

ဂျီလင်းခရိုင်ရှိ ရင်ပြင်တစ်ခုတွင် စိုက်ထူထားသော LED Screenကြီး၌ The Forbidden Legend: Sex and Chopsticks ဇာတ်ကားသည် (၁၀)မိနစ်မျှ ပြသနေခဲ့ရာ ဖြတ်သွားဖြတ်လာများ ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရသည်။ ယင်းသည် LED Screenတွင် ထုတ်လွှင့် ပြသမှုများကို တာဝန်ယူထားသည့် ကုမ္ပဏီမှ ဝန်ထမ်း တစ်ဦး၏ အမှားကြောင့် ဖြစ်သည်။

နည်းပညာ ကျွမ်းကျင်သူ တစ်ဦးသည် ၎င်း၏ ကွန်ပျူတာဖြင့် ယင်းဇာတ်ကားကို ကြည့်ရှုနေခြင်းဖြစ်ပြီး အဆိုပါ ကွန်ပျူတာသည် LED Screenတွင် ပြသမှုကို တိုက်ရိုက် ချိတ်ဆက်ထားသည်ကို သတိမမူမိဘဲ ရှိနေခဲ့ခြင်းဟု သိရသည်။ ယွမ်မူဆိုသော အဆိုပါ ဝန်ထမ်းသည် ၎င်း၏ အမှားကို သတိပြုမိချိန်တွင် ကွန်ပျူတာကို ပိတ်သိမ်းပြီး ရုပ်ရှင်ဇာတ်ကား ကူးယူထားသည့် DVDကိုလည်း ပြန်ထုတ်ထားလိုက်သည်။

သို့သော်လည်း ယင်းမတော်တဆ ဖြစ်ရပ်အကြောင်း လျင်မြန်စွာ လူသိခဲ့ပြီး ဂျီလင်း ဘူတာအနီးတွင် လူအများက LED Screenကြီးကို ဓာတ်ပုံရိုက်ကာ အင်တာနက်ပေါ် လွှင့်တင်ခဲ့ကြသည်။ ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ရပ်အပေါ် ရဲတပ်ဖွဲ့က စုံစမ်းမှုများ ပြုလုပ်နေသော်လည်း အများစုကမူ ယင်းကို ဟာသအနေဖြင့်သာ သဘောထားကြကြောင်း သိရသည်။ ယင်းဇာတ်ကားသည် (၁၇)ရာစုနှစ် တရုတ်ဝတ္ထုရှည် The Plum in the Gloden Vase ကို အခြေခံ ရိုက်ကူးထားခြင်းဟုလည်း သတင်းများက ဖော်ပြခဲ့သည်။

Ref: planet myanmar network

ရန်ကုန် စီးပွားရေး မြို့တော်ရှိ အဆောက်အအုံများကို ကာလာခွဲပြီး ဇုန်သတ်မှတ်မည်ဟု သိရ

ရန်ကုန် စီးပွားရေး မြို့တော်ကြီးတွင် အနာဂတ် ကာလ၌ အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် စက် မှုဇုန်များ၊ လူနေအိမ်များ၊ ရပ်ကွက်အတွင်း လုပ်ငန်း လုပ်ကိုင်သော စက်ရုံ ပိုင်ရှင်များနှင့် မြို့နေ လူတန်း စားများ ပြဿနာ ဖြစ်ပွားမှုများ၊ တိုင်တန်းမှုများကြောင့် မြို့နယ်များကို ကာလာခွဲပြီး သတ်မှတ်မည် ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ''ဒေ သအလိုက် ကာလာခွဲခြား သတ်မှတ်နိုင်ဖို့ တိုင်းဒေသကြီး အစိုးရကို တင်ထားတယ်။ လိုအပ်လာရင် ပြည်ထောင်စု အစိုးရ အဖွဲ့ကို ဆက်လက် တင်ပြသွားမှာပါ''ဟု ၎င်းက ပြောကြားခဲ့သည်။ မြို့နယ်နှ င့် ဒေသ အလိုက် ကာလာဖြင့် ခွဲခြား သတ်မှတ်ရာတွင် ပန်းရောင်ဆိုပါက လေးထပ်ထက် ပိုမို ဆောက်လုပ်ခွင့် မပြု ခြင်း၊ ပန်းရောင် အရင့်ဆိုလျှင် အထပ်မြင့် ဆောက်နိုင်ပြီး အညိုရောင် အဆင့် ဆိုလျှင် အဆောက်အအုံ အားလုံး ဆောက်နိုင်သော အရောင်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ သတ်မှတ် လိုက်ပါက ပြည်သူများနှင့် လုပ်ငန်းရှင်များ ကြားတွင် မကြာခဏ ဖြစ်ပေါ်နေသော တိုင် ကြားမှုများ ပပျောက်သွားစေမည် ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းရှင်များ အနေဖြင့်လည်း ထိုသို့ ကာလာ သတ်မှတ်ထားသောကြောင့် စက်ရုံများနှင့် အဆောက် အအုံ အမြင့်များ ဆောက်လုပ်ရာတွင် လုပ်ငန်း ရပ်ဆိုင်းခြင်းနှင့် အရှုံးပေါ်မှုများ မဖြစ်ပေါ်နို င်ကြောင်း သိရသည်။ လုပ်ငန်းရှင်များ အနေဖြင့် အဆောက်အအုံ အမြင့်များနှင့် စက်ရုံများ ဆောက်လုပ်ရာတွင် အဆိုပါ ကာလာများကို ကြည့်၍ မြေဝယ်ယူခြင်း၊ အထပ်မြင့် ဆောက်လုပ်ခြင်း များကြောင့် ကုန်ကျစရိတ် သက်သာပြီး လုပ်ငန်းစဉ် အတွက် လုပ်ဆောင်ရမှုများ နည်းသွားစေမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ မြို့ နယ်နှင့် ဒေသများကို ကာလာသတ်မှတ် လိုက်ပါက အစိုးရ ရုံးများနှင့် ပုဂ္ဂလိက ရုံးများ ဆောက်လုပ်ရ မည့် နေရာများကိုလည်း သီးခြား သတ်မှတ်ပေးမည် ဖြစ်ရာ ရန်ကုန်မြို့တော်၏ မြို့တော် အင်္ဂါရပ်များကို ပြီးပြည့် စုံသော အဆင့်သို့ ရောက်ရှိလာ မည် ဖြစ်ကြောင်း သိရသည်။ ယခု အချိန်တွင် သုံးထပ်ထက်ပိုသော အဆောက်အအုံများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ဒီဇိုင်း တင်ပြရပြီး ခွင့်ပြုချက် မရဘဲ ဆောက်လုပ် ထားသော အဆောက် အအုံများကို မဖျက်မချင်း တရားစွဲဆိုပြီး အရေးယူ ဆောင်ရွက် မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အရောင်ကာလာ သတ်မှတ်ပြီးပါက ဆိတ်ငြိမ် ရပ်ကွက်များ လည်း ပါ လာမည် ဖြစ်သည်။ ရန်ကုန် မြို့ရှိ ဒေသအသီးသီးတွင် လုပ်ငန်းရှင် များက မြေဝယ်ယူပြီး အဆောက် အအုံ ဆောက်လုပ်ရာတွင် အိမ်နီးချင်းများ၏ ကန့်ကွက်မှုများကြောင့် အဆောက်အအုံ အမြင့် များ ဆောက် လုပ်ခွင့် မရကြောင်း သိရသည်။

Ref: မြဝတီ

ဗုဒ္ဓဘာသာဝင်အမျိုးသမီးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင့်ရိုက်





   မုံရွာမြို့နယ်၊ ဇလုပ်ကျေးရွာ၊ သီရီမင်္ဂလာသုဓမ္မာကျောင်းတိုက်တွင် နှစ်လည်ဆွမ်းကျွေးတရားနာပွဲ ကျင်း ပပြုလုပ်နေသည့်အချိန်တွင် အမျိုးသမီးလူအုပ်စုတစ်စု ရောက်ရှိလာပြီး တရားဟောဆရာတော်များနှင့် ပဋိ ပက္ခဖြစ်ပွားရာမှတစ်ဆင့် အမျိုးသမီးတစ်ဦးကဘုန်းကြီးတစ်ပါး၏ ခေါင်းအားပန်းအိုးဖြင့်ရိုက်ခဲ့သောအမှုဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အဆိုပါကျောင်းတိုက်တွင် ပျံလွန်တော် မူသွားသော ကျောင်း ထိုင်ဆရာတော် ဥူးဥာဏောဘသ၏ တစ်နှစ်ပြည့် ဆွမ်းကျွေးတရားတော်နာပွဲအား နံနက်(၆း၃၀) အချိန်မှ စ၍ မုံရွာမြို့နယ် သံဃနာယကဆရာတော် ဦးဝိဇ္ဇောဘာသအပါအ၀င် ပင့်သံဃာ(၇)ပါးတို့အား ပင့်ဖိတ်ပြု လုပ်ခဲ့သည်ဟု သိရသည်။ ထိုအချိန်တွင် ဇလုပ်ကျေးရွာတွင် နေထိုင်သူများဖြစ်ကြသည့် အရေအတွက် (၂၈)ဦးပါဝင်သည့် ရွာသူအုပ်စုတစ်စုသည် သံတူရွင်း၊တုတ်၊ခဲ အစရှိသည်တို့အား ကိုင်ဆောင်ပြီးဝင်ရောက် လာကာ သံဃာတော်များအား ဆဲရေးတိုင်းထွာခြင်းများအား ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။ ထိုအချိန်တွင် သံဃာတော်တစ်ပါးမှ အဆိုပါဖြစ်စဉ်အား လက်ကိုင်ဖုန်းဖြင့် ရိုက်ကူးနေစဉ်တွင် ဇလုပ်ရွာသူ မဇင်မာအေးမှ ထိုလက်ကိုင်ဖုန်းအား လုယူခဲ့ကြောင်း၊ ထိုသို့ပြုလုပ်သည်ကို ဆရာတော်ဦးဏ္ဍန္ဒကနှင့် ဦးဇင်းဦးဝါသေဌတို့မှ ဝင်ရောက်တားမြစ်ရာမှတစ်ဆင့် မရွှေမုန်းက အနီးရှိ ဘုရားပန်းအိုးအား ကောက်ယူကာ ဦးဝါသေဌအား ရိုက်လိုက်သဖြင့် ဦးဝါသေဌ နဖူးကွဲသွားခဲ့ကြောင်း သိရသည်။ ထို့နောက် မမြင့်မြင့်သန်းဆိုသူက သူမစီး လာသောဖိနပ်ဖြင့် ဆရာတော် ဦးဏ္ဍန္ဒက အားရိုက်ရာ ဆရာတော်၏ ဂုတ်ပိုးကို ထိမိခဲ့သည်။
   ထိုကဲ့သို့ ပြုမူမှုများကြောင့် တရားနာပွဲအား ရပ်ဆိုင်းလိုက်ရပြီး ဆရာတော်များ ပြန်လည်ကြွချီရာတွင် ထိုအမျိုးသမီးအုပ်စုမှပင် အမျိုးမျိုးညစ်ညမ်းစွာ ဆဲရေးတိုင်းထွာခဲ့သည်ဟုဆိုသည်။ သံဃာတော်များဘက်မှ ငြိမ်းချမ်းစွာဖြင့် မည်သည့်တုံ့ပြန်မှုကိုမျှ မပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ ယင်းနောက်အာဏာပိုင်များနဲ့  ရဲများရောက်ရှိလာပြီးနောက် လူစွဲကွဲသွားခဲ့ပြီး ကျောင်းတိုက်ကိုလည်း ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။ အဆို ပါကိစ္စနှင့်ပတ်သတ်ပြီး သံဃာတော်များဘက်မှ ဦးဇာဂရမှ မုံရွာအမှတ်(၁) ရဲစခန်းတွင် တိုင်ကြားခဲ့သည်ဟု ထပ်မံသိရှိရသည်။ အဆိုပါရွာသည်အုပ်စုနှစ်ခြမ်းကွဲနေပြီး ယခုပြဿနာမှာသူ့ဆရာတော်၊ ငါ့ဆရာတော်ဖြင့် လုကာ ကျောင်းထိုင်နေရာလုရာမှတစ်ဆင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရွာခံများကို မေးမြန်းမှုများအရ သိရ သည်။ ယခု အမျိုးသမီးများ၏နောက်ကွယ်တွင် အားပေးလှုံ့ဆော်သူ ရွာခံမျက်နှာဖုံး အချို့လည်းရှိနေပြီး လက်ရှိကျောင်းထိုင်အဖြစ် သီတင်းသုံးနေသောဆရာတော်သည် အဆိုပါရွာခံလူပုဂ္ဂိုလ်များ ကိုးကွယ်လို သည့် ဆရာတော်မဟုတ်သည့်အတွက် ယခုကဲ့သို့ ပြုမူခဲ့ခြင်းဖြစ်နိုင်ကြောင်း ရွာခံများ၏ ပြောကြားချက်များ အရ သိရှိရသည်။

Source..ThanLarWaddy Times (fB)

ဘယ်သူ့တာဝန်လဲ


   အမျိုးသားတစ်ဦးဟာဆို ဟိုတယ်ရဲ့ ၁၁ ထပ် သူ့အခန်းကနေ ဧည့်ကြိုကောင်တာဆီကို အလျင်စလိုဖုန်း ကို ခေါ် နေပါတယ်။"ဒီမှာ ကျုပ်မိန်းမနဲ့ကျုပ်စကားများနေလို့ ဒီလိုမြန်မြန်လာပေးပါ။ ဟိုတယ်ပြတင်းပေါက် ကနေ ခုန်ဆင်းချမယ်လို့လည်း ပြောနေတယ်"လို့ အမျိုးသားက ပြောလိုက်ပါတယ်။ ဟိုတယ်မန်နေဂျာက "ကျွန်တော့်အနေနဲ့ လူကြီးမင်းတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စမှာမပါချင်ဘူးခင်ဗျာ။ဟိုတယ်နဲ့ဟိုတယ်ဝန်ထမ်း မျာအနေနဲ့ ဒီလိုကိစ္စမျိုးမှာ ၀င်ရောက်စွက်ဖက်ဖို့ ၀တ္တရားမရှိပါဘူး"လို့ အမျိုးသားကို ပြန်ပြောလိုက်ပါတယ်။ အဲဒီအခါ စိတ်ဆိုးတကြီးနဲ့ အမျိုးသား ထပ်ပြောလိုက်တာက "သောက်ကျိုးနဲ..ဒါ ကိုယ်ရေးကိုယ်တာ ကိစ္စ။ ဟုတ်လား။ ဒီမှာ သောက်ရေးမပါတဲ့ ပြတင်းပေါက်က မပွင့်ဘူးကွ။ အဲဒါ ဟိုတယ်က မြန်မြန်လာလုပ်ပေးရ မယ့် ကိစ္စမဟုတ်ဘူးလားကွ .. ဟေ"တဲ့။

နန်းခင်ဇေယျာ မြန်မာပြည်မှာ ဘီကီနီဝတ်မည်မဟုတ်


နန်းခင်ဇေယျာကို Miss International 2012 နိုင်ငံတကာ မယ်ပြိုင်ပွဲမှာ ဘီကီနီ တွေ့ခဲ့ရပါတယ်။ အဲဒါဟာ ပြည်ပမှာ သွားရောက်ယှဉ်ပြိုင်စဉ် အဲဒီပြိုင်ပွဲရဲ့ သတ်မှတ်ချက်တွေအရ ဝတ်ခဲ့ရတာဖြစ်တယ်လို့ နန်းခင်ဇေယျာက ဆိုပါတယ်။ဘီကီနီနဲ့ ဓာတ်ပုံ အရိုက်ခံစဉ်မှာ "ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သလို ခံစားရတယ်" လို့နန်းခင်ဇေယျာက ပြန်ပြောပြပါတယ်။ဒါကြောင့် ဘီကီနီကို မြန်မာပြည်မှာ ဆိုရင် ဘယ်တော့မှလည်း ၀တ်မှာမဟုတ်သလို ၀တ်ပြီးတော့လည်း ဓာတ်ပုံ အရိုက်ခံမှာ မဟုတ်ဘူးလို့ အလှမယ် နန်းခင်ဇေယျာက ဆိုပါတယ်။နန်းခင်ဇေယျာက ကိုးရီးယား ဖက်ရှင်နဲ့ Hot ဖြစ်တဲ့ ဖက်ရှင် ပုံစံတွေကို ကြိုက်ပေမယ့် သူနဲ့ လိုက်ဖက်မယ် မထင်ဘူး လို့လည်း ဆိုပါတယ်။ဧရာဝတီနဲ့ မကြာသေးခင် တွေ့ဆုံစဉ်မှာ ပြောပြခဲ့တာပါ။

အင်တာဗျူး အပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း ပင်မစာမျက်နှာ http://burma.irrawaddy.org/archives/43565 မှာ ဖတ်ရှုနိုင်ပါပြီ။

Ref: Irrawaddy

စက်လှေ နစ်မြုပ်မှုအား တပ်မတော်(ရေ) စစ်ရေယာဉ်မှ ကူညီ ကယ်ဆယ်ပေး


ကော့သောင်းမြို့မှ စိန်ဖြိုးအောင်(၃) စက်လှေသည်  ပင်လယ်ပြင်ရှိ ငါးဖမ်းလှေများမှ ငါးများ သယ်ယူတင်ဆောင်ကာ Check Point သို့ စစ်ဆေးခံရန် ပြန်လာစဉ် ရာသီဥတု ဆိုးရွားပြီး တင်ဆောင်လာသည့် ငါးပုံးများ ရွေ့လျားမှုကြောင့် လှေတစ်ခြမ်း စောင်းကာ ဇူလိုင် ၂ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ၉ မိုင် ၅ ဖာလုံခန့် အကွာ၌ နစ်မြုပ်ခဲ့သည်။



အဆိုပါ ဖြစ်စဉ် ဖြစ်လျှင်ဖြစ်ချင်း တပ်မတော်(ရေ)မှ စစ်ရေယာဉ်သည် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ဇူလိုင် ၂ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် ထွက်ခွာခဲ့ရာ စက်လှေနစ်မြုပ်ရာ နေရာသို့ ရောက်ရှိချိန်၌ နစ်မြုပ်ဆဲ စက်လှေ ၏ ရေပေါ်ပေါ်နေသော လှေဦးပိုင်းတွင် ခိုတွယ်နေသည့် ပဲ့နင်း အပါအဝင် ရေလုပ်သား ရှစ်ဦးအား တပ်မတော်(ရေ)မှ စစ်သည်များက အချိန်မီ ကယ်တင်၍ လိုအပ်သော ဆေးဝါးကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ၎င်းတို့၏ နေရပ်ဒေသများသို့ ကူညီ ပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Ref: myawady


ကင်ဆာကုသဆေးများသည် ကင်ဆာရောဂါ ဖြစ်စေနိုင်သည်


   ကင်ဆာဆရာဝန်တွေ အများကြီးအထဲမှာ ကျွန်တော်ကကင်ဆာဆေးဝါးများ(Chemotherapy) ကိုသုံးပြီး ကင်ဆာကို ကုသတဲ့သူဖြစ်ပါတယ်။ ခွဲစိတ်ကုပြီးသော ကင်ဆာရောဂါကိုကုသပေးတဲ့ ခွဲစိတ်ဆရာဝန်တွေ၊ ဓာတ်ရောင်ခြည်ကုထုံးများနဲ့ ကင်ဆာရောဂါကို ကုသပေးတဲ့ ဓာတ်ရောင်ခြည်ကင်ဆာ ဆရာဝန်ကြီးတွေ လည်းရှိကြပါသေးတယ်။ ကင်ဆာဆေးဝါးများကိုအသုံးပြုတဲ့ဆရာဝန်ဟာ သူသုံးတဲ့ဆေးဝါးများရဲ့အန္တရာယ် ကို သိဖို့လိုတာပေါ့။ လူနာကိုလည်း ဘယ်လိုဆိုးကျိုးတွေ ရှိသလဲဆိုတာ ရှင်းပြပေးဖို့တာဝန်တွေ ၇ှိတာပေါ့ ။ပျောက်စေဆရာ၊ရမ်းကုဆရာများလို ဤဆေးတော်ကြီးမှာ၉၆ပါးရောဂါအားလုံးကို ဘေးထွက်ဆိုးကျိုးများ မရှိပဲ အကုန်ပျောက်ကင်းနိုင်သည် ဆိုတာမျိုးတော့ ဘယ်ဖြစ်ပါ့မလဲ။ သည့်အတွက်ကြောင့် ကင်ဆာဆေးဝါး များရဲ့ အန္တရာယ်ကို အခွင့်အရေးရသလောက် မခြွင်းမချန်ရှင်းပြနေရတာပါပဲ။တဖက်ကလည်း သည်ကင် ဆာ ကုဆေးဝါးများဟာ တချို့သော ကင်ဆာရောဂါများကို လုံးဝအမြစ်ဖြတ်ပျောက် ကင်းသွားစေနိုင်တာ၊ လုံးဝမပျောက်ကင်းနိုင်ရင်တောင်မှ အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်တာဆိုတော့ သည်ဆေးခါးကြီး ကို သုံးနေရသေးတာပါပဲ။ ခေတ်တွေပြောင်းလာတာနဲ့အမျှဘေးထွက်ဆိုးကျိုးတွေ နည်းသည်ထက်နည်းပြီး ပိုအစွမ်းထက်လာတဲ့ ကင်ဆာဆေးသစ်တွေ လဲပေါ်ပေါက်လာနေဆဲပါ။ မကြာခင်လေးကကိုပဲကင်ဆာဆေး များနဲ့ ကုသခဲ့တဲ့လူနာတွေမှာ သွေးကင်ဆာ (AML) ပိုဖြစ်စေတယ်ဆိုတဲ့လက်တွေ့သုတေသန စစ်တမ်းတစ် ခု ပေါ်ထွက်လာခဲ့ပါတယ်။ ၁၉၇၅ခုနှစ်မှ ၂၀၀၈ခုနှစ်အတွင်း ကင်ဆာကုသဆေးများနဲ့ ကုသခံခဲ့ရတဲ့ လူ နာပေါင်းလေးသိန်းကျော်ကို သုသေတနပြုတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ ကင်ဆာဆေးများကြောင့် သွေးကင် ဆာရောဂါဖြစ်ပွားလာကြတယ်လို့ သတ်မှတ်ခံထားရတဲ့ လူနာထက်ဝက်လောက်ဟာ ရင်သားကင်ဆာနဲ့ လင်ဖိုးမား (NHL) ကင်ဆာများကြောင့် ကုသမှု ခံခဲ့ကြရသူတွေဖြစ်တယ်။  
  အစာရေမြိုပြွန်ကင်ဆာ၊ စအိုကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ များကြောင့် ကင်ဆာဆေးများသွင်းပြီးကုသခံခဲ့ကြရသူတွေမှာလည်း သွေးကင်ဆာအဖြစ်များစေတယ်လို့သိ ရပါတယ်။
   အဲ.နောက်အရေးကြီးတာတစ်ခုက ကင်ဆာဆေးများနဲ့တင်မက ဓာတ်ရောင်ခြည်နဲ့ပါ ပေါင်းပြီးကုသခံခဲ့ရ တဲ့ လူနာများမှာဆိုသွေးကင်ဆာဖြစ် ဖို့နှုန်းကပိုလို့တောင် များနိုင်တယ်လို့ဆိုပါတယ်။ ဓာတ်ရောင်ခြည်တစ် မျိုးထဲနဲ့ ကုသခံခဲ့ရတဲ့လူနာနဲ့ ကင်ဆာဆေးဝါးများနဲ့ပဲ ကုသခံခဲ့ရတဲ့လူနာချင်း ဘယ်သူ့မှာ သွေးကင်ဆာကို ပိုဖြစ်နိုင်သလဲ ဆိုရင်တော့ ကင်ဆာဆေး နဲ့ကုသခံခဲ့ရသူများကပိုပါတယ်တဲ့။ ဘယ်ကင်ဆာဆေးကြောင့် ပိုပြီးသွေးကင်ဆာဖြစ်ရတယ်၊ ဘယ်လောက်ကြာကြာသွင်းခဲ့လို့ ဖြစ်ရတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ အတိ အကျမသိရသေးပါ။ သုတေသနတွေ ထပ်ပြီးပြုလုပ်ဖို့ လိုပါလိမ့်ဦးမယ်။ ကင်ဆာကုသဆေးများရဲ့အခြေခံ သဘောက ခန္ဓာကိုယ်မှာ အသစ်ပွားများနေတဲ့ဆဲလ်တွေကို သတ်ပစ်တာဖြစ်တယ် ။ သွေးဖြူဥ ၊သွေးနီဥစ တဲ့သွေးဆဲလ်တွေဟာလည်း နေ့စဉ်လိုလို အသစ်ပွားများနေတာဆိုတော့ သူတို့ကိုထိခိုက်စေမှာ အမှန်ပါပဲ။ အသေးစိတ် နောက်ခံအကြောင်းရင်းကို ရှင်းမပြနိုင်သေးပေမယ့် ကင်ဆာကုသဆေးများရဲ့ ကင်ဆာကိုဖြစ် နိုင်ချေဆိုတာ အမှန်တကယ်ရှိပါတယ်လို့ ၀န်ခံသတိပေးလိုက်ပါရစေ။ ကြိုတင်ကာကွယ်ဖို့ကတော့ ကင် ဆာဆေးများနဲ့ ကုသရာမှာ “ရှဥ့်လဲလျှောက်သာ၊ပျားလဲစွဲသာ” ဆိုသလိုချင့်ချိန်စဉ်းစားပြီး ကုသကြဖို့ဖြစ်ပါ တယ်။

REF: http://www.medscape.com

စီးပွားရေး ခရီးသွားနှင့် ကမ္ဘာလှည့်ခရီးသည် အဓိက၀င်ရောက်ရာ ရန်ကုန်မြို့၌ ဟိုတယ်အခန်း လိုအပ်မှုကို လာမည့်ငါးနှစ်အထိ ဆက်လက်ကြုံတွေ့နိုင်ခြေ ရှိနေ

မြန်မာနိုင်ငံသို့ စီးပွားရေး ကိစ္စရပ်များဖြင့် လာရောက်သည့် စီးပွားရေး ခရီးသွားနှင့် ဒေသတွင်း လည်ပတ်လေ့လာရန် လာရောက်သည့် ကမ္ဘာလှည့် ခရီးသည်များ အဓိက၀င်ရောက်ရာ ရန်ကုန်မြို့၌ ဟိုတယ်အခန်း လိုအပ်မှုသည် လာမည့်ငါးနှစ်အထိ ဆက်လက်ကြုံတွေ့နိုင်ခြေ ရှိနေကြောင်း သုံးသပ်မှုများအရ သိရသည်။မြန်မာနိုင်ငံတွင် နိုင်ငံရေး နယ်ပယ်မှ အပြောင်းအလဲများပေါ် မူတည်ကာ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ ခရီးသွားအ၀င် တိုးတက်မှု ရှိလာခဲ့သည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုသည် ကမ္ဘာတစ်ဝန်းမှ စီးပွားရေး လုပ်ငန်းများအား မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားမှု မြင့်တက်လာစေခဲ့သည့်အတွက် စီးပွားရေး ခရီးသွား ရောက်ရှိမှုလည်း တိုးတက်လာခဲ့သည်ဟု ခရီးသွား လုပ်ငန်းနယ်ပယ်မှ သိရသည်။

"ခရီးသွားအ၀င် ဆက်လက်တိုးတက်နိုင်မှု၊ ဆောက်လုပ်ရေးလုပ်ငန်း နှေးကွေးမှု၊ စီးပွားရေး တိုးတက်မှု အလားအလာ၊ နိုင်ငံရေးပိုင်းဆိုင်ရာ စွန့်စားမှုတွေပေါ် မူတည်ပြီး ရန်ကုန်မြို့မှာ ဟိုတယ်အခန်း လိုအပ်မှုကို လာမယ့်ငါးနှစ်အထိ ဆက်လက်ကြုံတွေ့နိုင်ခြေ ရှိနေပါတယ်" ဟု Jones Lang LaSalle Inc.'s hotels and hospitality group မှ ထိုင်းနှင့် အင်ဒိုချိုင်းနား ဒေသဆိုင်ရာ ဒုတိယအမှုဆောင်ဥက္ကဋ္ဌ Andrew Langdon ၏ ပြောကြားချက်ကို Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ ခရီးသွား တိုးတက်မှုသည် နိုင်ငံတကာမှ ဟိုတယ်လုပ်ငန်းများအား ရင်းနှီးမြှုပ်နှံမှုများ လာရောက်ပြုလုပ်ရန် ဆွဲဆောင်မှု ဖြစ်လာခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း အရှေ့တောင်အာရှ ဒေသတွင်း အပါအ၀င် အမေရိကနှင့် ဥရောပဒေသရှိ နိုင်ငံများမှလည်း လာရောက်လေ့လာမှုများ ရှိခဲ့သည်။ယင်းအနက် ဗီယက်နမ်နိုင်ငံ Hoang Anh Gia Lai Group သည် ပထမဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လာပြီး အမေရိကန်ဒေါ်လာ သန်း ၄၄၀ မြှုပ်နှံမည်ဖြစ်ကာ တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၃ ခုနှစ် ဇွန်လမှ စတင်လုပ်ကိုင်နေသည်။

အမေရိကန်အခြေစိုက် ဟိုတယ်လုပ်ငန်း တစ်ခုဖြစ်သည့် Marriott International သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် စီစဉ်နေသည့် ရင်းနှီးမြှုပ်နှံမှုအတွက် လာမည့်ခြောက်လအတွင်း သဘောတူညီမှု ပြုလုပ်နိုင်ရန် မျှော်မှန်းထားပြီး Best Western International ကမူ ယခုနှစ် လုပ်ငန်းစတင် လည်ပတ်မည်ဟု သိရသည်။ "လာမယ့် ပွင့်လင်းရာသီမှာလည်း ဟိုတယ်အခန်း လိုအပ်ချက်က မြင့်တက်နေဦးမှာပါ" ဟု Myanmar Polestar ခရီးသွား ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းထင်က ပြောကြားသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား လာရောက်လည်ပတ်မှုသည် ၂၀၁၃ ခုနှစ်တွင် ခရီးသွားဦးရေ ၁ ဒသမ ၅ သန်းနှင့် ၂၀၁၄ ခုနှစ်တွင် ဦးရေနှစ်သန်း ပြည့်မီလာရန် ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေက ယခုနှစ် ဇွန်လအတွင်းက ပြောကြားခဲ့သည်။

Ref: first-11

နိုင်ငံရေးအကျဉ်းသားများ ယခုလအတွင်း လွတ်မြောက်မည်ဟုဆို

အကျဉ်းထောင်များတွင် ကျန်ရှိနေဆဲ နိုင်ငံရေးအကျဉ်းသားများ ယခုလအတွင်း၌ ပြန်လွတ်မြောက်တော့ မည်ဟု သမ္မတက ဖွဲ့ပးထားသည့် နိုင်/ကျဉ်းစိစစ်ရေး ကော်မတီဝင်လည်းဖြစ် နိုင်/ကျဉ်းဟောင်း အဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်သူ ဦးညိုထွန်း က ပြောသည်။''ဒီလ ၁ဝ ရက် ၁၅ ရက်အတွင်း လွှတ်ပေးမယ်ခင်ဗျ။ ပထမပတ်လည်း ဖြစ်နိုင်တယ်'' ဟု သူကဆိုသည်။လွှတ်ပေး ၏ရမည့် နိုင်ငံရေးအကျဉ်းသား ၂ဝ၃ ဦးရှိကြောင်း သမ္မတက ဖွဲ့ပေးထားသည့် နိုင်/ကျဉ်း စိစစ်ရေးကော်မတီတွင်ပါဝင်သော လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီတို့က အစိုးရထံတင်ပြထားသည်ဟုလည်း ဦးညိုထွန်း က အတည်ပြုသည်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့် ကိုးကြိမ်တိုင်ပေးပြီဖြစ်သော်လည်း နိုင်ငံ တဝှန်းရှိ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေဆဲဖြစ် သည်။နိုင် /ကျဉ်း စိစစ်ရေးကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုဘိုကြည်ကလည်း အကျဉ်းထောင် များအတွင်းမှနိုင်ငံရေးအကျဉ်းသားများကို လွတ်မြောက်ရန် ကြိုး စားနေ စဉ်မှာ ပင် နိုင်ငံရေးအကျဉ်းသားများ တိုးလာသည် ဟု ဇွန်လနှောင်းပိုင်းက မဇ္ဈိမကို ပြောခဲ့သည်။

နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများကို စစ်အစိုးရလက်ထက်က ပုဒ်မ အမျိုးမျိုးဖြင့် အကျဉ်းချခဲ့ သဖြင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ရာတွင် ယုံ ကြည်ချက်ကြောင့် အကျဉ်းကျသူ ဟုတ်/ မဟုတ် သတ်မှတ်ရန် အခက်အခဲ ရှိနေသဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် နိုင်/ကျဉ်း စိစစ်ရေးကော်မတီကို သမ္မတက ဖွဲ့စည်းခဲ့သည်။ မတ်လတွင် ထိုကော်မတီကို လူဦးရေထပ်မံ တိုးချဲ့ဖွဲ့စည်းခဲ့သည်။

သမ္မတက ဖွဲ့ပေးထားသည့် နိုင်/ကျဉ်း စိစစ်ရေးကော်မတီတွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဥက္ကဋ္ဌ၊ သမ္မတရုံး ဒုဝန်ကြီး ဦးအောင်သိမ်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျှက်ရှိပြီး ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေးအကျဉ်းသားများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ထိုင်းအခြေစိုက် နိုင်ကျဉ်း ပြန်လည်စောင့်ရှောက်ရေး ကော်မတီ (မြန်မာ) မှ ခေါင်းဆောင်များလည်း ပါဝင်သည်။

Ref: Mizzima

သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်း ၂၀၁၃ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်ဆုချီးမြှင့်

သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်းသည် ဇူလိုင် ၃ ရက်က နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်သော ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ ဂုဏ်ထူးဆောင် နာယကများဖြစ်သည့် သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်း၊ ဒေါ်နန်းရွှေမှုန်၊ ဒေါ်ခင်အေးမင်းတို့က ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး ကျောင်းသူများအနက် အောင်မှတ်အများဆုံးဆုရ မယွန်းရွှေစင်၊ ထူးချွန်အမျိုးသမီး ရဲတပ်ဖွဲ့ဝင် ဒုရဲမှူးဒေါ်ရီရီအေး၊ ထူးချွန်အမျိုးသမီး ကြက်ခြေနီတပ်ဖွဲ့ဝင် ဓာတ်ခွဲမှူး ဒေါ်ခင်သန်းစိုး၊ ထူးချွန်အမျိုးသမီး အားကစားမယ် မအောင်ငှိမ်း၊ ထူးချွန်အမျိုးသမီး မသန်စွမ်းအားကစားမယ် မသင်းသင်းခိုင်၊ ထူးချွန်အမျိုးသမီး မီးသတ်တပ်ဖွဲ့ဝင် မီးသတ်တပ်ကြပ်ကြီး သန်းသန်းဌေး၊ ၂၀၁၂ ခုနှစ် အများဆုံး သွေးလှူရှင် ဒေါ်မော်မော်ဦး စသူတို့အား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။

ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက ယဉ်ကျေးလှပ မြန်မာအမျိုးသမီးဘ၀ ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ရရှိသူများအား လည်းကောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က မြန်မာအမျိုးသမီးများနေ့ ၀တ္ထုတိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ရရှိသူများအား လည်းကောင်း အသီးသီး ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။

Ref: first-11

မြန်မာနိုင်ငံတွင် မဲခေါင်တက္ကသိုလ် ထူထောင်ရေး မဲခေါင်အောက်ပိုင်း နိုင်ငံများသို့ နိုင်ငံခြားရေးဝန်ကြီး အဆိုပြု

မြန်မာနိုင်ငံတွင် မဲခေါင်တက္ကသိုလ် ထူထောင်သွားရေးအတွက် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ခြောက်ကြိမ်မြောက် မဲခေါင်မြစ်အောက်ပိုင်း အစီအမံဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် မဲခေါင်မြစ်အောက်ပိုင်း အစီအမံဆိုင်ရာ မိတ်ဆွေနိုင်ငံများ၏ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် အဆိုပြုခဲ့သည်။နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယင်းအစည်းအဝေးများသို့ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘာဂါဝန်မြို့တွင် ဇွန် ၂၉ ရက်မှ ဇူလိုင် ၂ ရက်အထိ ပြုလုပ်ခဲ့သော (၄၆) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့စဉ် တစ်ဆက်တည်း တက်ရောက်ခဲ့ခြင်းဖြစ်သည်။
 
မဲခေါင်မြစ် အောက်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံကျသော ပညာရေးကဏ္ဍတွင် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံတွင် မဲခေါင်တက္ကသိုလ် ထူထောင်ရေးကို အဆိုပြုခဲ့ခြင်းဖြစ်သည်။ထို့ပြင် နိုင်ငံခြားရေး ၀န်ကြီးသည် ဇူလိုင် ၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် အာဆီယံ-အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီနှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ-အမေရိကန် ဆွေးနွေးဖက် ဆက်ဆံရေးနှင့် အနာဂတ် ဦးတည်ချက်၊ အာဆီယံနှင့် အမေရိကန်အကြား ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် ကဏ္ဍများနှင့် ဒေသနှင့် အပြည်ပြည်ဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့သည်။

Ref: first-11

သစ်ပင်မီးရှို့ပြီး ရဲကားကို လက်သီးဖြင့် ထိုးခဲ့သူ သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုးအား ဗဟန်းတရားရုံးမှ ထောင်ဒဏ်သုံးလ တစ်ရက်နှင့် ငွေဒဏ်ခြောက်သိန်းချမှတ်

ပြစ်ဒဏ်ချမှတ်ခြင်း ခံရသော သရုပ်ဆောင် မင်းအုပ်စိုးအား တရားရုံးမှ အထွက်တွင် တွေ့ရစဉ်

သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုးအား ဗဟန်းမြို့နယ် တရားရုံးမှ ဇူလိုင်လ ၃ ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့သည်။အမိန့်ချမှတ်ခဲ့သော အမှုများမှာ ပုဒ်မ ၆ (၁) ကျူးလွန်မှု မြောက်သဖြင့် သုံးလနှင့် ဒဏ်ငွေသုံးသိန်း၊ ပုဒ်မ ၄၃၅ ကျူးလွန်မှု မြောက်သဖြင့် ထောင်ဒဏ်တစ်ရက်နှင့် ဒဏ်ငွေသုံးသိန်း ချမှတ်ခဲ့ကြောင်း ဗဟန်းမြို့နယ် တရားရုံးမှ စုံစမ်းသိရှိရသည်။သရုပ်ဆောင် မင်းအုပ်စိုးသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တာမွေမြို့နယ် ဖိုးစိန်လမ်းအတွင်း အရက်သေစာ သောက်စားမူးယစ်ကာ လမ်းအတွင်းရှိ သစ်ပင်အား မီးရှို့ခြင်း၊ လာရောက်မီးငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား ဆဲဆိုခြင်း၊ လုံခြုံရေး လုပ်ဆောင်ရန် ရောက်ရှိလာသော တာမွေရဲစခန်းမှ ရဲကားကို လက်သီးဖြင့် ထိုးခြင်းတို့ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် တရားစွဲဆို ခံထားရခြင်း ဖြစ်သည်။

တရားစွဲဆို ခံရသော အမှုများမှာ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ မူးယစ်မှု၊ မီးရှို့မှု၊ ၀တ္တရားနှောင့်ယှက်မှု စသည့်အမှုများဖြင့် သက်ဆိုင်ရာ ရဲစခန်းမှ တရားစွဲဆိုထားခြင်း ဖြစ်သည်။သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုးသည် အရက်သေစား သောက်စားကာ ပြစ်မှုများကို ကျူးလွန်ခဲ့သော်လည်း တမင်ရည်ရွယ်ချက် မရှိပဲ ကျူးလွန်ခြင်းဖြစ်ကြောင်း တရားလို/ပြ သက်သေများကို စစ်ဆေးရာတွင် တွေ့ရှိရသဖြင့် ယင်းကဲ့သို့ ပြစ်ဒဏ်များကိုသာ ချမှတ်ခဲ့ကြောင်း တရားခွင်တွင် တရားသူကြီး၏ ပြောကြားမှုများအရ သိရှိရသည်။ယခင် အမှုများဖြစ်သည့် မူးယစ်မှု၊ ၀တ္တရားနှောင့်ယှက်မှုတို့မှာ ယခင်လများတွင် တရားရုံးမှ ဒဏ်ကြေးငွေများအဖြစ် စုစုပေါင်း ၅၅၀၀၀ ကို ကျခံပြီးပြီဖြစ်ကြောင်း သိရှိရသည်။သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုး ဗဟန်းတရားရုံးတွင် တရားရင်ဆိုင်သည့် ကာလမှာ တစ်နှစ်ခွဲခန့် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။

Ref: first-11

ဆီးဂိမ်းစ်အား ဂုဏ်ပြုသောအားဖြင့် မြိတ်မှနေပြည်တော်သို့ ခရီးရှည် လမ်းလျှောက်

၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်သော မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းပွဲတော်အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြိတ်မှနေပြည်တော်သို့ ခရီးရှည် လမ်းလျှောက်ခြင်းကို ၂၀၁၃ ခုနှစ် ဇွန် ၁ ရက်တွင် အမျိုးသားနှစ်ဦးမှ စတင်ခဲ့ကြောင်း သိရသည်။အဆိုပါ အမျိုးသားနှစ်ဦးမှာ မြိတ်မြို့၊ ကန်ဖျားရပ်မှ ဦးအောင်သူ (၄၅ နှစ်)နှင့် မြိတ်တောင်နယ်မြေ၊ မြို့မ (၁)ရပ်ကွက်မှ ဦးအောင်ဝမ်း (၄၁ နှစ်) တို့ဖြစ်ပြီး ဇွန် ၁ ရက်တွင် မြိတ်မြို့ကန်ဖျား မြေနီလမ်းမှ စတင်ထွက်ခွာသွားပြီး မိုင် ၇၀၀ ကျော်ရှိသော ခရီးရှည်ကြီးကို ခြေလျင်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ "ဆီးဂိမ်းကို ကြိုဆိုတဲ့ အနေနဲ့နေပြည်တော်ကိုသွားတာပါ။တစ်နေ့ကိုမိုင် ၂၀ လောက် ခြေလျင်လျှောက်သွား မယ် နေပြည်တော် ရောက် တဲ့အထိ တစ်လကျော် ကြာလိမ့်လို့ ပြောတယ်။ ပထမတော့ တစ်ယောက်တည်းသွားဖို့ စီစဉ်ထားပြီး ခရီးထွက်ခါနီးမှာ နှစ်ယောက်ဖြစ်သွားတယ်" လို့ ဦးအောင်သူ၏ဇနီး ပြောကြားခဲ့သည်။

Ref:first-11