ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

23.6.13

မာယာများတဲ့ အလင်္ကာနဲ့ ပတ်သက်လို့ နေမင်းက ဒီလိုဆိုတယ်

မာယာများတဲ့အလင်္ကာ ဇာတ်ကားဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး လူပြောများနေတဲ့အတွက် ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ထားတဲ့ နေမင်းကို ဧရာဝတီက မေးမြန်းကြည့်တော့ သူက အရင်က ကောင်းခဲ့တဲ့ ကားတွေ၊သေသေချာချာ လုပ်ပြခဲ့တဲ့ ကားတွေကို ဘာသံမှမကြားရဘဲ ဒီကားကျမှ ဝေဖန်တဲ့အသံတွေ ထွက်တဲ့အတွက် သူ့ပရိသတ်အစစ်တွေဟုတ်ချင်လည်းဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူးလို့ ပြော လာပါတယ်။

“ဟိုးအရင်တုန်းကလည်း အနာဂတ် = ကလေးငယ် ဆိုတဲ့ ကားမျိုးဆိုရင်ကျနော်တို့ လေးရက်ထဲနဲ့ နေ့ မအိပ်ညမအိပ် လုပ်ခဲ့ပြီး ကြိုးစားခဲ့တာပဲ။ အဲဒီလို အများကြီးကြိုးစားတဲ့အထဲမှာမှ ဒီဟာက သေချာကြိုးစား ပြီး လုပ်ခဲ့တာ မဟုတ်ဘူး။ ဇာတ်တခုအနေနဲ့ပဲ လုပ်ခဲ့ကြတာပါ။ ဆိုလိုတာကတော့ ပရိသတ် ဟုတ်ချင် လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး၊ ပိုပြီးတော့တွင်တွင်ကျယ်ကျယ် ဝေဖန်မှု ပြင်းထန် လွန်းတယ်။ ရှေ့က တခြားသော တင်ပြမှုတွေရဲ့ပျံ့နှံ့မှုကျတော့ ဒါမျိုး မဟုတ်ဘူး။ အဲဒီတော့ ကျနော့်ကို တကယ်ချစ်တဲ့ပရိသတ်ရှိသလို၊ နောက်ထပ် တိုးလာတဲ့ပရိသတ်တွေလည်းရှိတယ်လေ။ ကျနော့်ရဲ့ကောင်း ခဲ့တာလေးတွေကို အသိအမှတ် ပြုစေချင်တယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သိရတာကနောက်နောင် မလုပ်သင့်ဘူးလို့ သိရတဲ့ သဘောပေါ့။ ကျနော်ရိုက်ထားတဲ့ ကားတွေက စိတ်အခြေခံရယ်၊ ကိုယ်ချင်းစာ တရားရယ်ထားတဲ့ ကားတွေများတယ်။အမှားပြင်ဆင်ချက် အနေနဲ့ ဒီအမှားကို ဖယ်ပြီးတော့ အမှားမပါတဲ့ ဟာတွေကိုကျနော်ကြိုးစားပါမယ်” လို့ နေမင်းက ဆိုပါတယ်။

ဆက်လက်ပြီး နေမင်းက “ကျနော် ဒီကားအရှေ့မှာ ရိုက်ခဲ့တာ အရမ်းရိုင်းတဲ့ကာရိုက်တာ၊ ရိုင်းတာမှ ကလိမ်ကကျစ်နဲ့ အရမ်းရိုင်းတာ။ အဲဒီကားဆိုရင် အရမ်းကြိုးစားစိတ်နှစ်ပြီး လုပ်ခဲ့ရတယ်၊ ကြိုးစားပြီး ဆန်းသစ်မှုတခုအနေနဲ့ လုပ်ကြတာပါပဲ။ အခု ဒီကားကျတော့ လုပ်နေကျ အတိုင်း အဆင်ပြေအောင် သရုပ်ဆောင်ခဲ့တာပါပဲ။ ဥပမာတခုဟြေရရင် သဘောတရားတခုက ခြေလှမ်းတခုကိုပန်းတိုင်ရောက်အောင် လှမ်း တဲ့သဘောပါပဲ၊ အဲဒီထဲမှာခြေလှမ်းတွေလည်း အများကြီး လှမ်းခဲ့ ကြတယ်၊ အဲဒီမှာမှ အားနဲ့အင် နဲ့ အောင်မြင်သွားတဲ့ ခြေလှမ်းရှိတယ်၊ ညှောင့်ဆူးသွားပြီး ခြေထောက်နာသွားတဲ့ ခြေလှမ်း ရှိတယ်၊ မစင်နင်းမိသွားတဲ့ ခြေလှမ်းရှိတယ်၊ ပရိသတ်တွေ အမြင်ဆန်းအောင် ဆိုပြီး အနုပညာကို ချပြတဲ့ သဘော ပါပဲ။ အဲဒီအတွက် ပရိသတ်က ဝေဖန်ပေးတဲ့အတွက် ကျနော် ကျေးဇူးတင်ပါတယ်။ ရုပ်ရှင်လောကထဲမှာ၊ ရုပ်ရှင် အသိုင်းအ၀န်း အချင်းချင်း မညီမျှတဲ့ ကာရိုက်တာမျိုး ဖြစ်တယ်၊ အဲဒီလိုကားမျိုး နောက်ထပ် မဖန်တီးဖို့ သတိပေးခံရတဲ့ အခြေနေမျိုးပေါ့။ အဲဒီတော့ ဖယ်ရမယ့် အထဲမှာ ပါသွားပြီ။ နောက်တခါ ပရိသတ်နဲ့ အဆင်ပြေမယ့် ပုံစံတွေပဲ ကျနော့် အနုပညာကို တင်ဆက်ပါမယ်” လို့ ပြောပါသေးတယ်။

သူရိုက်ခဲ့တဲ့ဇာတ်လမ်း တည်ဆောက်မှု ပုံစံတွေက ဇာတ်ရုပ်နဲ့ တူအောင်ပဲ လုပ်ခဲ့တာချည်းပဲ၊ ပရိသတ် ကြိုက်ခြင်း၊ မကြိုက်ခြင်း ဆိုတာထက် ပရိသတ်ကို ကြည့်စေချင်လို့ တင်ပြတာ၊ အဲဒီအပေါ်မှာ ကောင်းခြင်း၊ ဆိုးခြင်းကို တင်ပြပြီးတော့ပဲ လုပ်ခဲ့တာလို့လည်း သူက ဆိုပါတယ်။ နေမင်းက “သဘောက ၀တ်ပြီးသား အင်္ကျီကို ထပ်မ၀တ်ချင်တဲ့သဘောပါပဲ။ တင်ပြမှုမှာလည်း ကျဉ်းမြောင်းတဲ့ ပေါင်ထဲကကိုယ်နိုင်သလောက်၊ သိသလောက်၊ တတ်သလောက်၊ ကိုယ်လေ့လာမိသလောက် ကြိုးစားတင်ပြတဲ့ သဘောပါပဲ။ အမှန်၊ အမှား၊ ညှောင့်ထိုး၊ အနံ့နံတာတွေအားလုံးကို ဖယ်ပြီးတော့ အားနဲ့အင်နဲ့ တင်ပြတာမျိုးကို ကြည့်ချင်ကြတဲ့ ပရိသတ်တွေဖြစ်အောင် ကြိုးစားရဦးမှာပါ” လို့ ဧရာဝတီကို ပြောသွားပါတယ်။

ဧရာဝတီ

မရမ်းကုန်း ကမ္ဘာအေးဗီလာဝင်းတွင် မီးလောင်

မရမ်းကုန်းမြို့နယ်၊(၅)ရပ်ကွက်၊ ကမ္ဘာအေးဗီလာဝင်း တိုက်အမှတ် D ၊ (၃)လွှာ ရှိ ထိုင်းနိုင်ငံသားများနှင့် မလေးရှားနိုင်ငံသားတို့နေထိုင်သည့် အခန်းတွင်ယနေ့နေလည်က AIRCON SAFEGUARD အပူချိန် လွန်ကဲပြီး ၀ါယာရှော့ဖြစ်ကာ မီးခိုးများအူထွက်လာသည်။

့် မီးသတ်ယာဉ် (၁၅) စီး၊အုပ်ချုပ်မှုယာဉ် (၄)စီး၊ အထောက်အကူပြုယာဉ်(၃)စီးတို့ဖြင့်ငြိမ်းသတ်ခဲ့ရာ မီးငြိမ်း သွားခဲ့ပြီးမီးလောင်မှုကြောင့် တန်ဘိုး(၅)သိန်းကျပ်ခန့်ဆုံးရှုံးခဲ့ သဖြင့်တိုက်ခန်းငှားရမ်းနေထိုင်သူ တိုက်ခန်းတာဝန်ခံ ထိုင်းနိုင်ငံသား Mr.-----၊(၄၁)နှစ်၊ ပတ်စပို့အမှတ်AA-1498829 ကုမ္ပဏီဝန်ထမ်းအပေါ် မရမ်းကုန်းမြို့မရဲစခန်း(ပ) ၂၇၃/၂၀၁၃ ၊ပုဒ်မ-၂၈၅ ဖြင့်အမှုဖွင့် အရေးယူထားသည်။

အခင်းဖြစ်မီးလောင်ရာတွင်မီးငြိမ်းသတ်စဉ် မြန်မာနိုင်ငံမီးသတ်ဌာနချုပ်မှ တပ်ကြပ်ထွန်းထွန်းမှာ မီးခိုးမွှန်၍ သတိလစ်သွားသဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ကုသလျက်ရှိကြောင်း Yangon Police မှသိရ သည်။

Popular Myanmar News Journal

Time Magazine ရဲ့ July မျက်နှာဖုံးမှာ သုံးနှုန်းထားတဲ့ Buddhist နဲ့ Terror ဆိုတဲ့ အသုံးအနှုန်းအား နိုင်ငံတော်အစိုးရ ကန့်ကွက်ပြီ

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 တွင် မြန်မာနိုင်ငံမှ ဗုဒ္ဓ၏သားတော် သံဃာတစ်ပါးဖြစ်သူ ဦးဝီရသူအား မျက်နှာဖုံးတင်၍ "THE FACE OF BUDDHIST TERROR" ဆောင်းပါး အား ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသည် ဘာသာရေးခွဲခြားမှုမရှိဘဲ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားသည့် နိုင်ငံဖြစ် သည်။  မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံသား အများစုက ယုံကြည်လေးမြတ်စွာ ကိုးကွယ် ကြသော်လည်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပုဒ်မ ၃၆၂ တွင် “နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာ နှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဖွဲ့စည်းပုံ   အခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများ ဟူ၍ အသိအမှတ်ပြုသည်” ဟူ၍ ပြဌာန်းထားသည်။

ဗုဒ္ဓဘာသာသာသနာသည် ကံ ကံ၏ အကျိုးကို လည်းကောင်း၊ ကိုယ်တိုင် ကျင့်ကြံအားထုတ်၍ ရရှိသည့် အသိအမြင်ကို အခြေခံ၍လည်းကောင်း ရွေးချယ်ဆုံးဖြတ်ခွင့် ပေးထားသည့် မြင့်မြတ်သော ငြိမ်းချမ်းရေး ကို ရှေ့ရှုသည့် ဘာသာတရား ဖြစ်သည်။ ဗုဒ္ဓ၏ သားတော်များ ဖြစ်သည့် သံဃာတော် များသည်လည်း (၂၂၇)သွယ်သော သိက္ခာပုဒ်တို့ကို လိုက်နာစောင့်ထိန်းကြရပြီး သာသနာတော်သန့်ရှင်း၊ တည်တံ့၊ ပြန့် ပွားရေးအတွက် နှစ်ပေါင်း ထောင်နှင့်ချီ၍ ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ် ခဲ့ကြသူများ ဖြစ်သည်။

ထို့ပြင် “၉၆၉” အမှတ်တံဆိပ်သည် ဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်တော်(၉)ပါး၊ ဗုဒ္ဓတရားတော်၏ ဂုဏ်တော် (၆)ပါးနှင့် သံဃာတော်တို့၏ ဂုဏ်တော် (၉)ပါးကို ကိုယ်စားပြုသော၊ ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကိုးကွယ် သည့် ရတနာသုံးပါးကို ရည်ညွှန်းသည့် သင်္ကေတ အမှတ်တံဆိပ် ဖြစ်ပြီး ငြိမ်းချမ်းရေး သင်္ကေတဖြစ်သည့် အားလျော်စွာ ဗုဒ္ဓသာသနာတော်ကို ညိုးနွမ်းစေနိုင်မည့် နေရာဌာနနှင့် ကိစ္စများတွင် အသုံးမပြုရန် သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းများက အလေးထား မေတ္တာရပ်ခံလျက် ရှိသည်ကိုလည်း တွေ့ရှိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီလူ့ဘောင်သို့ အသွင်ကူးပြောင်းစ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်း မလိုလားအပ်သော ပဋိပက္ခများ ဆက် လက် ဖြစ်ပေါ်လာခြင်း မရှိစေရန် နိုင်ငံတော်အစိုးရ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာများနှင့် ပြည်သူ များ ပူးပေါင်း၍ ကြိုးပမ်း တည်ဆောက်နေသောအချိန် ဖြစ်သည်။ ကိုးကွယ် ယုံကြည်ချက်ဆိုင်ရာ ကိစ္စရပ်များသည် သိမ်မွေ့နက်နဲသော အကြောင်းခြင်းရာများ ဖြစ်၍ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု၊ ဘာသာသာသနာများအကြား အပြန်အလှန် လေးစားယုံကြည်မှုတို့နှင့်အတူ အထူးအလေးထား ဆောင်ရွက်သင့်ကြောင်း တွေ့ရသည်။

တိုင်းမ်မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့လာခဲ့ပြီး မြန်မာနိုင်ငံသား အများစု ကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အထင်အမြင်လွဲမှားစေပြီး လက်ရှိ ဆောင် ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်ကြောင်း တွေ့ရသည်။

သို့ဖြစ်၍ THE FACE OF BUDDHIST TERROR ဆောင်းပါး ရေးသားဖော်ပြခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 အား ကန့်ကွက်ကြောင်း ဖော်ပြအပ်ပါသည်။

[Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/06/23/id-3765]

Time မဂ္ဂဇင်း ဖော်ပြချက်အပေါ် မြန်မာလူထုအမြင်

မှော်ဘီမြို့နယ်မှာ ပြုလုပ်ကျင်းပတဲ့ သံဃာ့ညီလာခံတွင် အရှင်ဝီရသူ လျှောက်ထားနေစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)
ဒီသီတင်းပတ်ထုတ် Time မဂ္ဂဇင်း မျက်နှာဖုံးမှာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးရဲ့မျက်နှာကို ဘာသာရေး အကြမ်းဖက်သူတစ်ဦး အဖြစ် ဖော်ပြလိုက်တာဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးနဲ့ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို သွေးထိုးလှုံ့ဆော်ပေး သ လိုဖြစ်စေမှာ ကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီလို နိုင်ငံတကာ သတင်းမီဒီယာမှာ မြန်မာနိုင်ငံတွင်းက မတူ ကွဲပြားတဲ့ ဘာသာရေးနဲ့ပတ်သက်ပြီး သတင်းဆောင်းပါးရေးသား ဖော်ပြမှုတွေကြောင့် အုပ်စုမတူသူတွေ ကြား အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။ မြန်မာပြည်သူ အချို့ရဲ့ သဘောထားတုံ့ပြန်ချက်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ကမ္ဘာမှာ သြဇာကြီးမားတဲ့ Time မဂ္ဂဇင်းကြီးမှာ အစွန်းရောက် ဗုဒ္ဓဘာသာဝင်တွေက ရန်လိုအကြမ်းဖက် တယ်လို့ ရေးသားဖော်ပြချက်ဟာ ကမ္ဘာ့ဘာသာကြီး တခုဖြစ်တဲ့ ဗုဒ္ဓဘာသာအပေါ်မှာ ထိပါးစော်ကား သလိုဖြစ်စေတဲ့အတွက် သူ့အနေနဲ့ ဝမ်းနည်းမိပြီးတော့ နိုင်ငံမှာလည်း ဒီလိုလူမျိုးရေး မုန်းတီးမှုတွေ မဖြစ်ပေါ်အောင် အုပ်ချုပ်သူကနေ စလို့ ပြည်သူတွေအထိ အခြေခံဥပဒေနဲ့အညီ နေထိုင်ကျင့်ကြံ ပြောဆို သင့်တယ်လို့ အစ္စလာမ် ဘာသာဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်းက သုံးသပ်ပါ တယ်။

“ဒီလိုဖော်ပြခံရတဲ့အတွက် ကျနော်အနေနဲ့ စိတ်မကောင်းပါဘူး။ သတင်းမှာ ဖော်ပြချက်အရကတော့ ဗုဒ္ဓဘာသာ တခုလုံးကို စော်ကား လိုက်သလိုပဲ ကျနော် အဲ့သလို ခံစားရတယ်။ ဆိုတော့ လူပုဂ္ဂိုလ် တစ်ဦးကြောင့်၊ အဖွဲ့အစည်း တစ်ခုကြောင့် ကမ္ဘာ့ဘာသာကြီးတခုက နစ်နာရတယ်။ ကမ္ဘာ့ဘာသာကြီး တစ်ခုက အဝေဖန်ခံရတယ် ဆိုတဲ့ဟာက တော်တော် စိတ်မချမ်းသာစရာပါ။

"ဒါမျိုးတွေ လုပ်လို့မရအောင် ဒါမျိုးတွေမဖြစ်အောင် ကျနော်တို့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကို သွားတဲ့ အခါမှာ နိုင်ငံထဲမှာရှိတဲ့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ ကျောင်းသား များ၊ နိုင်ငံရေးသမားများ အကုန်လုံးပေါ့နော်။ အကုန်လုံး လွှတ်တော်ကိုယ်စားလှယ်ကအစ နိုင်ငံတော် အစိုးရအဖွဲ့ လူကြီးတွေကအစ အကုန်လုံးက လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်စေတဲ့ စကားတွေကို မပြောပဲနဲ့၊ ဖြစ်ရပ်မှန်ကိုပဲ တင်ပြပြောဆိုဆွေးနွေးလို့ရှိရင်၊ ကျနော်တို့ မလိုလားအပ်တဲ့ပြဿနာတွေ နည်း သွားနိုင်ပါတယ်။ အခုလို ကမ္ဘာ့နံမည်ကြီး ဘာသာတခုဖြစ်တဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့ ဒါမျိုးရေး ထားသည် Time မဂ္ဂဇင်းတခုပေါ်မှာ ဖော်ပြခံရတာ ဟာ ကျနော် ထင်ပါတယ်။ ကျနော်တို့နိုင်ငံတော် အ တွက် နစ်နာမှု၊ ကျနော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာလည်း ထိခိုက်တယ်လို့ ကျနော်ယုံကြည်ပါတယ်။”

Time မဂ္ဂဇင်းမျက်နှာဖုံးပါ ပုံစာရေးသားချက် နောက်သတင်းခေါင်းစဉ်ဖော်ပြချက်ဟာ ပြင်းထန်လွန်း ပြီးတော့ လတ်တလော ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံအတွက် အခြေအနေတွေဟာ ပိုပြီးတော့ ဆိုးဝါးသွားစေနိုင်တယ်လို့ ဘလော့ဂါ နေဘုန်းလတ်က သုံးသပ်ပါတယ်။

“ဆောင်းပါးမှာ ခေါင်းစဉ်ကလည်းနည်းနည်းပြင်းထန်တယ်။ ဖတ်တဲ့သူတွေ ဖတ်ပြီးတဲ့အခါမှာ ဦးတည်ချက် လွဲသွားနိုင်တယ်။ ဦးဝီရသူပုံကို သုံးထားတယ်။ ခေါင်းစဉ်ကလည်း The Face of Buddhist Terror ဆိုပြီး တပ်ထားတယ်။ အဲ့ဒီ့အနေအထားတခုက အခုလက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်တွေအပေါ်မှာ ပိုပြီးတော့ ဆိုးလာအောင်၊ အရှိန်အဟုန် ပိုပြီးတော့ ကောင်းလာအောင် သူက သွေးထိုးတဲ့ပုံစံမျိုး အဲ့လိုမျိုးဖြစ်နေ တယ်။ ဒီအချိန်မှာ ဖြန်ဖြေတဲ့ သဘောတရားတွေပဲ ရေးသင့်တဲ့အချိန်မှာ အဲ့လိုမျိုး တဘက်သတ် ရေးတဲ့ အခါကျတော့ ရေးထားတဲ့ အကြောင်းအရာတွေက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ဖြစ်ပျက်နေတဲ့ အဖြစ် အပျက်တွေအပေါ်မှာ သေးငယ်သွားအောင်၊ ငြိမ်သွားအောင်လုပ်တဲ့ဟာမျိုးမဟုတ်ဘဲနဲ့၊ ပိုပြီးတော့ ဒီအဖြစ် အပျက်ကြီးက ပိုပြီးတော့ ကြီးထွားလာနိုင်တယ်။ ဒီဆောင်းပါးကြောင့်လေ။ Time အနေနဲ့ကလည်း ဒီကိစ္စ ကို ဖွတဲ့သဘောပေါ့လေ။ အဲ့လိုမျိုးဖြစ်တယ်လို့ ထင်တယ်။ ခက်တာက Buddhist ဆိုတဲ့စကားလုံးကို သုံးထားတဲ့အခါကျတော့ ဦးဝီရသူကို တိုက်ခိုက်တယ် ဆိုပေမဲ့ အားလုံးက ဗုဒ္ဓဘာသာကို တိုက်ခိုက်တဲ့ သဘောမျိုးတွေ မြင်လာ ပြီးတော့ တုန့်ပြန်မှုတွေကလည်း ရှိလာတဲ့အခါကျတော့ မကောင်းဘူးပေါ့။ လက်ရှိဖြစ်လာတဲ့ အဖြစ်အပျက်က ပိုပြီးတော့ ဆိုးလာနိုင်တာပေါ့။”

ဒီသတင်းဆောင်းပါးကို ရေးသားသူအနေနဲ့လည်း ကိုယ်ရေးလိုက်တဲ့ သတင်းဆောင်းပါးကြောင့် ဘယ်လို မျိုး အကျိုးသက်ရောက်မှုတွေ ဖြစ်သွားနိုင်မလဲဆိုတဲ့စဉ်းစားချက်နဲ့ သတင်းသမားကျင့်ဝတ်နဲ့ အညီ ရေး သား သင့်တယ်လို့လည်း ကိုနေဘုန်းလတ်က ထောက်ပြပြောဆို ပါတယ်။

တဆက်တည်းပါပဲ မန္တလေးတိုင်း မုံရွာမြို့က ဒေသခံသတင်းသမားတစ်ဦးဖြစ်တဲ့ ကိုတိုးကြီးက လည်းမြန်မာနိုင်ငံ အလယ်ပိုင်းက ဒေသတချို့မှာ မတည်ငြိမ်မှုတွေဖြစ်ခဲ့ပြီးတဲ့နောက် အခုလိုမျိုး နိုင်ငံ တကာ သတင်းစာနယ်ဇင်းတွေရဲ့ သတင်းဖော်ပြချက်ဟာ မီးလောင်ရာ လေပင့်သလိုမျိုး ပဋိပက္ခတွေ ကို ပိုတွန်းအားပေးသလို ဖြစ်သွားနိုင်တယ်လို့ သူ့အမြင်ကိုပြောပါတယ်။

“မြန်မာပြည်တွင်းထဲမှာ Crusade တွေနဲ့ ပတ်သက်ပြီးတော့ မတည်မငြိမ်ဖြစ်နေတဲ့ကာလမှာ Time မဂ္ဂဇင်းက ဒါကို အောက်ဆီဂျင် လုပ်ပေးလိုက်တယ်လို့ပဲမြင်တယ်။ မီးလောင်ရာ လေပင့်တယ်ဆိုတဲ့ ပုံစံမျိုးပေါ့ ။ အဲ့တော့ ဒါတွေဟာ မလိုလားအပ်ပါဘူး။ တကယ်ပဲ မြန်မာပြည် ရဲ့ ပြုပြင်ပြောင်းလဲရေးကို တစိုက်မတ်မတ်နဲ့ ဝိုင်းဝန်းပြီး စိတ်ရင်းစေတနာအမှန်နဲ့ ကူညီစောင့်ရှောက်ချင်တယ်ဆိုရင်၊ ဒီလိုပုံစံတွေ မလုပ်သင့်ပါဘူးလို့ ကျနော်ရဲ့ကိုယ်ပိုင်အမြင် ဖြစ်ပါတယ်။”

ဘယ်လူမျိုး၊ ဘယ် ဘာသာမဆို အစွန်းရောက်သွားရင် အကျိုးရလာဒ် မကောင်းနိုင်သလို မိမိလုပ်ဆောင် ချက် ကောင်းအောင် စွမ်းဆောင်နိုင်ဖို့ကလည်း အဓိကကျတယ်လို့လည်း နာရေးကူညီမှုအသင်း ရန်ကုန်ရဲ့ ဥက္ကဌ ဦးကျော်သူက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“ဒါကတော့ ကိုယ်ကောင်းကောင်းနေတယ်ဆိုရင် ဘယ်သူတွေ၊ ဘယ်လို ဘာရေးရေးပေါ့၊ ဘယ်သူတွေ ဘာပြောပြော ကိုယ်ကောင်းနေဖို့ပဲ အရေးကြီးပါတယ်။ ကိုယ်တွေ၊ကိုယ်နိုင်ငံကဗုဒ္ဓဘာသာတွေ ကောင်းနေ ဖို့ပဲ အရေးကြီးတယ်။ ကောင်းကောင်းမနေပဲ အစွန်းရောက် လုပ်တယ်ဆိုရင်တော့ နံမည်ကတော့ ပျက် သထက် ပျက်မှာပဲ။ ဒါဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့လေ။ ခရစ်ယာန်ပဲဖြစ်ဖြစ်၊ ဟိန္ဒူပဲဖြစ်ဖြစ်၊ အစ္စလာမ် ပဲဖြစ်ဖြစ် ဖြစ်တာက အစွန်းရောက်တယ်ဆိုရင် မကောင်းဘူး။”

ဒီသတင်းဆောင်းပါးပါ အချက်အလက်တွေကြောင့် နိုင်ငံတွင်း နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လာ ကြတဲ့ ဘာသာမတူသူတွေကြား အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဆက်မဖြစ်စေချင်တော့ဘူးလို့လည်း မန္တလေးဒေသခံ တစ်ဦးဖြစ်တဲ့ ကိုလှိုင်ဘွားက ဆိုပါတယ်။ ဒါကြောင့် ဒီအကြမ်းဖက်မှုတွေကို ဖန်တီးပေးနေသူတွေကိုလည်း လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်လို့ သူကပြော ပါတယ်။

“ဒီမှာ မိထ္ထီလာမှာဖြစ်တယ်။ လားရှိုးမှာဖြစ်တယ်။ ဥက္ကံမှာဖြစ်တယ်ဆိုတာက မပြေးသော်ကန်ရာရှိပေါ့ ဗျာ။ နောက်သူတို့ပြောခဲ့တဲ့စကားလေးတွေလည်း ရှိတာပါပဲ။ အဓိကကတော့ ရောင်တော်ပြန်လွှတ်ပြီး အစိုးရက ဖန်တီးပေးနေတယ်လို့လည်း ယူဆလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓဘာသာအဖွဲ့ အစည်းတွေက အကြမ်းဖက်အဖွဲ့အစည်းတွေလို့ ကျနော်ကတော့ မယုံကြည်ပါဘူး။ ဒါပေမဲ့ သူပြော တာလေးတွေနဲ့ တိုက်ဆိုင်ပြီးတော့ နောက်မှာ ဖြစ်လာတဲ့ ဇာတ်လမ်းလေးတွေရှိတာပေါ့လေ။ အဲ့တာ မျိုးလေးတွေဖြစ်လာတော့ အသုံးချခံနေရတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ မဖြစ်စေချင်ဘူးပေါ့ဗျာ။ ပြည်တွင်း မှာနေတာ မူဆလင်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် အကုန်လုံးက ဒီနိုင်ငံသားတွေချည်းပါပဲ ဟုတ်တယ် မဟုတ်လား။ အစိုးရအနေနဲ့ ဒီဟာကို စီမံကိန်းချပြီး လုပ်နေတယ်ဆိုလို့ရှိရင်လည်း ဆက်ပြီးတော့ မလုပ် သင့်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက အတူမွေး၊ အတူကြီးပြင်းပြီးတော့ အတူလက် တွဲပြီးတော့ လုပ်ခဲ့ကြတဲ့သူတွေချည်းပါပဲ။”

ဘာသာမတူ၊ လူမျိုးမတူသူတွေ အတူယှဉ်တွဲနေထိုင် လာခဲ့တဲ့ မြန်မာနိုင်ငံတွင်းမှာ ပဋိပက္ခတွေမဖြစ်ပဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရေးနဲ့ မတူညီမှုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေကို လက်မခံနိုင်ဘူးလို့လည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုကပြောပါတယ်။

“ကျနော်တို့သမဂ္ဂရဲ့ မူက ငြိမ်းချမ်းရေးကို သွားတာဗျ။ ဘာသာမတူ၊ လူမျိုးမတူတွေ ကျနော်တို့နိုင်ငံမှာ အတူယှဉ်တွဲနေထိုင်ကြတဲ့ အခြေအနေမှာ တဘက်နဲ့တဘက် ပဋိပက္ခဖြစ်မှာကို ကျနော်တို့ မလိုလားဘူး။ တဘက်နဲ့တဘက်ကို အုပ်စုဖွဲ့ပြီး အကြမ်းဖက်တိုက်ခိုက်တာကို ကျနော်တို့ လုံးဝမလိုလားဘူး။ အဲ့သလို အုပ်စုဖွဲ့အကြမ်းဖက်မှုရဲ့ နောက်ကွယ်မှာ ဘယ်သူပဲရှိနေရှိနေ ဒီဟာကို ကျနော်တို့ လုံးဝဆန့်ကျင်ရမယ်။ ဒါကိုလုံးဝ ကန့်ကွက်ရမယ်၊ ရှုံ့ချရမယ်။ ကျနော်တို့က ပြဿနာဖန်တီးမှုတွေကို လုံးဝ လက်မခံဘဲ နဲ့၊ ကျောင်းသားထု အချင်းချင်း ပြည်သူလူထုအချင်းချင်းရော၊ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အလေ့အထရတဲ့အထိကို ကျနော်တို့က ကြိုးစားပြီးတော့ လိုက်ပြီးတော့ စည်းရုံးရမှာပဲ။"

Time မဂ္ဂဇင်းမျက်နှာဖုံးမှာပါတဲ့ မြန်မာသံဃာတော်တပါးဖြစ်တဲ့ အရှင်ဝီရသူရဲ့ ဓာတ်ပုံကိုဖော်ပြပြီး အကြမ်းဖက်မှုကို လိုလားသူအဖြစ် မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အပေါ် အစွန်းရောက် ရန်လို တိုက်ခိုက်လိုသူတွေ အနေနဲ့ သတင်းခေါင်းစီးပေး ရေးသားဖော်ပြချက် အပေါ် နိုင်ငံရေးသမား ကျောင်း သား လူငယ်တွေနဲ့ လူမှုရေးလှုပ်ရှားသူတွေရဲ့ အမြင်တချို့ကို စုစည်းတင်ပြခဲ့ တာဖြစ်ပါတယ်။

VOA Burmese

Snowden ကိုသူလျှိုမှုတွေနဲ့ တရားစွဲ

အမေရိကန်အစိုးရရဲ့ ထိပ်တန်းလျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ်တွေကို လူသိရှင်ကြားဖွင့်ချခဲ့သူ Edward Snowden ကို သူလျှိုလုပ်မှုတွေနဲ့ ဗဟိုအစိုးရရှေ့နေတွေက တရားစွဲလိုက်ပြီလို့ တာဝန်ရှိ သူတွေက ပြောပါ တယ်။ ဟောင်ကောင်မှာရှိနေတဲ့ Snowden ကို ဟောင်ကောင် အာဏာပိုင်တွေအနေနဲ့ ယာယီဖမ်းဝရမ်းနဲ့ ဖမ်းဆီးဖို့အတွက်လည်း အမေရိကန် တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ NSA မှာ ကွန်ထရက်တာ အဖြစ်အလုပ်လုပ်ခဲ့တဲ့ Snowden က လျှို့ဝှက်အချက်အလက်တွေကို ယူပြီး ဟောင်ကောင်ကို ထွက်ပြေးတိမ်းရှောင်ခဲ့တာဖြစ်ပါတယ်။ အစိုးရရှေ့နေတွေက Snowden ကို ဗာဂျီးနီးယား ပြည်နယ်မှာ တရားစွဲလိုက်တာဖြစ်ပြီး တရားစွဲဆိုထားတဲ့ ရာဇဝတ်မှုတွေကိုလည်း အများပြည်သူ မသိရအောင် ချိတ်ပိတ်ထားတယ်လို့ အမေရိကန် တာဝန်ရှိ သူတွေက သတင်းဌာနတွေကို ပြောပါတယ်။ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတွေ အပြောရာ စွဲဆို ချက်တွေထဲမှာ သူလျှိုလုပ်မှု၊ ခိုးဝှက်မှုနဲ့ အစိုးရရဲ့လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြောဆိုမှုတို့ ပါဝင်တယ် လို့ ပြောပါတယ်။

Snowden က သတင်းမီဒီယာတွေကို ဖွင့်ပြောခဲ့တဲ့အချက်တွေထဲမှာအမေရိကန်ထောက်လှမ်းရေး အေဂျင် စီတွေဟာ ကမ္ဘာတဝန်းက တယ်လီဖုန်း နဲ့ အင်တာနက်ဆက်သွယ်မှုမှတ်တမ်း အမြောက်အများကို ရ ယူထောက်လှမ်း ခဲ့တယ်လို့ ပြောပါတယ်။ သာမန်အရပ်သားတွေအပေါ်မှာ အစိုးရက အကြီးအကျယ်စောင့် ကြည့် ထောက်လှမ်းနေတာကို ဖော်ထုတ်ဖို့ အရေးကြီးတဲ့အတွက် ခုလို အများပြည်သူသိအောင်လုပ်ရတာ လို့ Snowden ကပြောပါတယ်။ ခုလို NSA ရဲ့ ထောက်လှမ်းရေး အစီအစဉ်တွေကြောင့် အကြမ်းဖက် တိုက်ခိုက်ဖို့ စီအစဉ်မှုတွေကို ကြိုတင် တားဆီးကာကွယ်နိုင်ခဲ့တယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

VOA Burmese

နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ကမ္ဘာ့အင်အားကြီး နိုင်ငံများ (P5+1) အီရန်သမ္မတ သစ်ရိုဟန်နီနှင့် ဆွေးနွေးပွဲ ပြုလုပ်ရန် ကမ်းလှမ်း

ကမ္ဘာ့အင်အားကြီး နိုင်ငံများ (P5+1)က အီရန်နိုင်ငံ၏ နျူကလီးယား ဆိုင်ရာ အစီအစဉ်များနှင့် ပတ်သက် ၍ အီရန် သမ္မတအဖြစ် ရွေးချယ် ခံရသော ရိုဟန်နီနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် ကမ်းလှမ်းမှု တစ်ရပ်အား ပြုလုပ်သွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံက ပြောကြား ခဲ့သည်။

ရိုဟန်နီအနေဖြင့် သမ္မတအဖြစ် ကျမ်းကျိန်ပြီးနောက် မကြာမီတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ဆွေးနွေး ပွဲ ပြုလုပ်ရန် ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလဗ်ရော့ဗ်က ဇွန် ၂၁ ရက် တွင်ပြောကြားခဲ့သည်။ ရိုဟန်နီသည် ဇွန် ၁၄ ရက်က ကျင်းပသော အီရန် သမ္မတ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၏ ထောက်ခံမဲစုစုပေါင်း ၅ဝ ဒသမ ၇ ရာခိုင်နှုန်းရရှိကာ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ် သည်။

ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်နှင့် ဂျာမနီ နိုင်ငံတို့ ပါဝင်သည့် ကမ္ဘာ့အင်အားကြီး နိုင်ငံများ (P 5+1) နှင့် အီရန်နိုင်ငံသည် အီရန်၏နျူကလီးယား အစီအစဉ်များနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးပွဲများ အကြိမ်ပေါင်း များစွာ ပြုလုပ်ခဲ့သည်။

အနောက် နိုင်ငံများက ပြောဆိုလျက်ရှိ သည့် အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ် များသည် စစ်ဘက် ဆိုင်ရာများတွင် သုံးစွဲရန်ကြိုးပမ်းနေသည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ အီရန်နိုင်ငံ သည် နျူကလီးယားမပြန့်ပွားရေးစာချုပ်တွင် လက်မှတ်ရေးထိုးထားပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်း အင် အေဂျင်စီတွင်လည်း အဖွဲ့ဝင် နိုင်ငံဖြစ်သည့်အတွက်နျူကလီးယား နည်းပညာအား ငြိမ်းချမ်းရေး ရည်ရွယ်ချက် ဖြင့်သာ သုံးစွဲခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြ၀တီ

ကျေးဇူးပြုပြီး sign လုပ်ပေးကြပါ




Time မဂ္ဂဇင်း၏ ဇူလိုင်လထုတ် မျက်နှာဖုံးတွင် သုံးနှုန်းထားသော Buddhist နှင့် Terror ဆိုသည့် အသုံး အနှုန်းကို ကန့်ကွက်ရန် အွန်လိုင်းသုံးစွဲသူများ လက်မှတ်ထိုးခြင်း share လုပ်ခြင်းများ ပြုလုပ်လျက်ရှိ Time မဂ္ဂဇင်း၏ ဇူလိုင်လထုတ် မျက်နှာဖုံးတွင် သုံးနှုန်းထားသော Buddhist နှင့် Terror ဆိုသည့် အသုံးအနှုန်းကို ကန့်ကွက်ရန် အွန်လိုင်းသုံးစွဲသူများက ၄၈ နာရီအတွင်း လက်မှတ်ပေါင်း ၅၀၀၀၀ ရရှိရန် လို အပ်ကြောင်းနှိုးဆော် လျက်ရှိပြီး လက်မှတ်ထိုးခြင်း share လုပ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့လက်မှတ်ထိုးခြင်း share လုပ်ခြင်းများကိုအောက်ပါလင့်တွင်ဝင်ရောက်ပြုလုပ်နိုင်ကြောင်း သိရသည်။

http://www.avaaz.org/en/petition/Buddhist_is_not_Terror_Please_Reevaluate_July_Issue_Time_Cover_Story_Title/?copy

စစ်ရေး လေ့ကျင့်မှု ပြီးဆုံးခဲ့ပြီးနောက် ဂျော်ဒန် နိုင်ငံတွင် အမေရိကန် တပ်ဖွဲ့ဝင် ၇ဝဝ ခန့် ထားရှိခဲ့ဟု အိုဘားမား ပြောကြား


ဆီးရီးယားနှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသော ဂျော်ဒန်နိုင်ငံ အတွင်းရှိ သဲကန္တာရ ဒေသတွင် ဇွန် ၉ ရက်က စတင် ပြုလုပ်ခဲ့သော နိုင်ငံပေါင်းစုံ စစ်ရေး လေ့ကျင့်မှုသည် ဇွန် ၂ဝ ရက်တွင် ပြီးဆုံးခဲ့ပြီးနောက် တိုက်ပွဲဝင်ရန် အသင့် အနေအထားတွင် ရှိသော အမေရိကန် တပ်ဖွဲ့ဝင် ၇ဝဝ ခန့်ကို ဂျော်ဒန်နိုင်ငံတွင် ထားရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ထုတ်ဖော် ပြောကြား ခဲ့သည်။

ဂျော်ဒန်နိုင်ငံတွင် လုံခြုံရေးဆိုင်ရာအခြေအနေများ စိတ်ချရသည့်အနေအထားသို့ ရောက်ရှိလာသည် အထိ အမေရိကန်တပ်ဖွဲ့ဝင်များကို ၄င်းနိုင်ငံတွင်ထားရှိသွားမည်ဖြစ်ကြောင်း အိုဘားမားကထပ်လောင်း  ပြော  ကြားခဲ့သည်ဟု သိရသည်။ ဂျော်ဒန် နိုင်ငံတွင် ကျင်းပခဲ့သော စစ်ရေး လေ့ကျင့်မှုတွင် နိုင်ငံ ၁၉ နိုင်ငံမှ တပ်ဖွဲ့ဝင် အရေအတွက် ၈ဝဝဝ ခန့်ပါဝင်ပြီး အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် Patriot ဒုံးကျည်စနစ်များ၊ တိုက်လေယာဉ် များနှင့် ဆက်သွယ်ရေး လေ့ကျင့်မှု စနစ်များ ပါဝင်ခဲ့ကြောင်း သိရသည်။

မြ၀တီ

ဒဂုံမြို့သစ်အရှေ့ပိုင်းက လယ်သိမ်းခံ တောင်သူတွေ လျော်ကြေးစတင်ရရှိ

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ကျည်စုအရှေ့ကျေးရွာမှာ မက်စ်မြန်မာ ကုမ္ပဏီက သိမ်းယူထားတဲ့ ဧက ၄ဝဝ နီးပါးရှိတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးအဖြစ် ကုမ္ပဏီဘက်ကနေ လယ်တစ်ဧကကို ကျပ်ငွေ သိန်း ၂ဝ နှုန်းနဲ့ မနေ့က ပေးလျော်ခဲ့တယ်လို့ သိရပါတယ်။

မက်စ်မြန်မာ ကုမ္ပဏီကနေ ဒေသခံတောင်သူတွေကို ခုလိုလျော်ကြေးငွေ ပေးအပ်ခဲ့တာနဲ့ ပတ်သက် လို့ ဒေသခံတောင်သူတစ်ဦးဖြစ်တဲ့ ဦးဝင်းဌေးက RFA ကို အခုလို ပြောပါတယ်။ “မနေ့တုန်းက ကျနော်တို့ လယ်သမားတွေကို လျော်ကြေးပေးပါတယ်ခင်ဗျ၊ တစ်ဦးကို လယ်တစ်ဧကကို သိန်း နှစ်ဆယ်နှုန်းနဲ့ ဘဏ်စာချုပ်ချုပ်ပါတယ်၊ စုစုပေါင်း ၂၈ သိန်းနှုန်းနဲ့ ဖြတ်တဲ့နေရာမှာ ၈ သိန်းက မုန့်ဖိုးအဖြစ်နဲ့ လာမယ့် အင်္ဂါနေ့မှာ သူတို့ပေးပါမယ်ခင်ဗျ၊ သိန်း ၂ဝ နှုန်းနဲ့ ဘဏ်စာအုပ်တွေ ဖွင့်ပေးပါတယ်ခင်ဗျ၊”

မက်စ်မြန်မာ ကုမ္ပဏီဟာ အဲဒီလယ်တွေအတွက် လျော်ကြေးအဖြစ် မူလက တစ်ဧကကို ကျပ်ငွေ ၂၈ သိန်းနှုန်းပေးလျော်ဖို့ သဘောတူထားခဲ့ပေမယ့် အဲဒီဒေသမှာ လယ်တွေသိမ်းယူထားတဲ့ တခြားကုမ္ပဏီတွေ ရဲ့ ကန့်ကွက်မှုကြောင့် အခုလို လယ်တစ်ဧကကို ကျပ်သိန်း ၂ဝ နှုန်းဘဲ ပေးလျော်ခဲ့တာဖြစ်ပြီး ကျန်ငွေ ၈ သိန်း ကိုတော့ အပိုကြေးအဖြစ် ပေးသွားဖို့ရှိတယ်လို့ လယ်သိမ်းခံ တောင်သူတွေက ပြောပါတယ်။

ဒဂုံဆိပ်ကမ်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း ၊ ဒဂုံမြို့သစ် အရှေ့ပိုင်းနဲ့ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွေမှာရှိတဲ့ ဧကသောင်းချီတဲ့ လယ်မြေတွေကို မက်စ်မြန်မာ၊ ဧဒင်၊ မြင့်ဇေယျာ၊ ဆင်းရွှေလီ၊ ပင်လယ်ကိုးသွယ်၊ ဒဂုံအင်တာနေရှင်နယ်စတဲ့ ကုမ္ပဏီ ၁၆ ခုက အကျိုးတူပေါင်းစည်း လယ်ယာစနစ် အကောင်ထည်ဖော်ဖို့ ဆိုပြီး ၂ဝဝ၈ ခုနစ်က သိမ်းယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလယ်ယာမြေတွေ သိမ်းယူခဲ့တဲ့ ကုမ္ပဏီတွေထဲမှာ မက်စ်မြန်မာ ကုမ္ပဏီက ပထမဆုံးအကြိမ် လျော်ကြေးငွေပေးခဲ့တာဖြစ်ပါတယ်။

RFA Burmese

ဂျပန်၊ တောင်ကိုရီးယား အကူအညီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အားကောင်းလာစေမည်

မြန်မာနိုင်ငံမှာ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ဒေါ်လာငွေ ဘီလျံပေါင်းစွာ ရင်းနှီးမြှုပ်နှံလာတဲ့ အတွက် နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေ လိုအပ်တဲ့အခြေခံအဆောက်အဦးတွေ ကောင်းမွန်လာပြီး မြန်မာ နိုင်ငံရဲ့ စီးပွားရေး ပြန်လည်တိုးတက်မှု ရရှိလာလိမ့်မယ်လို့ အမေရိကန်အခြေစိုက် Int’l Business Times အွန်လိုင်းစာစောင်က ဒီကနေ့ ဖော်ပြပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကြောင့် လာမယ့်နှစ်တွေအတွင်း မြန်မာနိုင်ငံဟာ စီးပွားရေး နိုးထလာနိုင် ပြီး၊ ဒေါ်လာ ၄၅ ဘီလျံလည်ပတ်နေတဲ့ စီးပွားရေးကနေ ၂ဝ၃ဝ ခုနှစ်အရောက်မှာ ဒေါ်လာ ၃ဝဝ ဘီလျံ ရှိတဲ့ စီးပွားရေးကို ပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်လာလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် ကမ္ဘာကျော် စီမံခန့်ခွဲရေး အကြံပေးအဖွဲ့ဖြစ်တဲ့ McKinsey ကုမ္ပဏီရဲ့ ခန့်မှန်းချက်တွေကို ကိုးကားဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေခံအဆောက်အဦးပိုင်း နိမ့်ကျနေတာ၊ ကျွမ်းကျင်လုပ်သား နည်းပါးနေ တာတွေရှိပေမယ့် ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ များမကြာခင်ကာလမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အဆင်ပြေတဲ့ အခြေအနေတွေရောက်ရှိအောင် အခြေခံအဆောက်အဦးပိုင်းမှာကူညီဖို့ စီမံကိန်းကြီးတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မကြာသေးခင်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ခရီးစဉ် အတွင်း ဒေါ်လာ ၁ ဒသမ ၇ ဘီလျံဖိုး အကြွေးတွေလျှော်ပေးခဲ့သလို အခြေခံအဆောက်အဦးတွေ တည်ဆောက်နိုင်အောင် နောက်ထပ် ၁ ဘီလျံခွဲကျော်ကို ထုတ်ချေးဖို့ ကတိပြုခဲ့ပါတယ်။ အလား တူ တောင်ကိုရီးယားနိုင်ငံဟာလည်း ရန်ကုန်မြို့နဲ့ ဒလမြို့ကို ဆက်သွယ်တဲ့ ချစ်ကြည်ရေး မြစ်ကူးတံတား တစ်စင်း တည်ဆောက်ပေးဖို့ရှိသလို တခြားအခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာလည်း ကူညီပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

RFA Burmese

ထိုင်းနိုင်ငံမှာ ရောင်းစားခံ မြန်မာ ၁ဝ ဦး ကယ်တင်လိုက်နိုင်

ထိုင်းနိုင်ငံတောင်ပိုင်း တလန်ခရိုင် ကတန်မြို့နယ်က ဖက်ကျော်စင်လှေဆိပ်မှာ လှေပေါ်ကို ရောင်းစားခံ ရတော့မယ့် မြန်မာနိုင်ငံသား ၁ဝ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း(MAT)အဖွဲ့နဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့တွေက ဒီကနေ့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က လူကုန်ကူးသူတွေက ငါးဖမ်းလှေတွေဆီကို ရောင်းစားခံခဲ့ရတဲ့ အသက် ၁၈ နှစ်အရွယ် မောင်သက်လင်းထွန်းဆိုသူက စတင်ဆက်သွယ် အကူအညီတောင်းခံခဲ့ရာကနေ ဒီကနေ့မှာ သွားရောက်ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ကယ်တင်လိုက်နိုင်သူ ၁ဝ ဦးဟာ ပဲခူးတိုင်းက ၄ ဦး၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကျောက်ဆိပ်တောင်အုပ်စု၊ ရွှေပြည်ရွာက ၄ ဦး၊ ရန်ကုန်တိုင်းက ၂ ဦး ဖြစ်ပါတယ်။

ဒါပေမယ့် လှေပေါ်ကို ရောင်းချခဲ့တဲ့ ရန်ကုန်သားဆိုတဲ ပွဲစားကိုတော့ နယ်မြေခံရဲတွေက မဖမ်းဆီးပေးခဲ့ ဘူးလို့ MAT ဒါရိုက်တာ ဦးကျော်သောင်းက အခုလိုပြောပါတယ်။ "စိတ်မကောင်းစရာ တစ်ခုကတော့ အဲဒီမြန်မာအလုပ်သမားတွေကို လှေပေါ်ချဖို့အတွက် အခန်းထဲမှာပိတ်ထားတဲ့ ရန်ကုန်သားလို့ခေါ်တဲ့ တစ်ယောက်ကို ပုလိပ်တွေကခေါ်မလာဘူး၊ သူ့တို့ကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ အမြန်ဆုံးပို့ ပါမယ်တဲ့၊ ကလေးတွေကလည်းပဲ ကျနော်တို့ အမြန်ပြန်ရရင်ပြီးရောဆိုပြီးတော့ လူကုန်ကူးမှုနဲ့ အမှု ဖွင့်တဲ့ပုံစံမျိုးမဟုတ်ပဲနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ပြန်ပို့မယ့်သဘောရှိတယ်"

ဒီမြန်မာပြည်သားတွေဟာ ပြီးခဲ့တဲ့သီတင်းပတ် စနေနေ့ကရောင်းစားခံခဲ့ရတာဖြစ်ပြီး လှေပေါ်တက် ဖို့ စောင့်ဆိုင်းနေစဉ်မှာ အခုလိုကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလှေဆိပ်မှာတင်ပဲ ပင်လယ်ထဲရှိ ငါးဖမ်းလှေ အမှတ် ၁၈ ပေါ်မှာပါသွားတဲ့ စတင်ဆက်သွယ်လာသူ ပဲခူးတိုင်း၊ ပြွန်တန်ဆာ မြို့နယ် အေးရွာက မောင်သက်လင်းထွန်းနဲ့ ချမ်းအေးရွာသား အရှည်ကြီးဆိုသူ ၂ ဦးတို့ ရှိနေသေးကြောင်း၊ သူတို့ကိုတော့ လှေပိုင်ရှင်နဲ့ ညှိနှိုင်းပြီး မနက်ဖြန်လှေကမ်းကပ်ရင် ခေါ်ဆောင်ပေးမှာဖြစ်ပြီး၊ ပွဲစားတွေ ကိုတော့ လူကုန်ကူးမှုနဲ့ အရေးယူမယ်လို့ ရဲကပြောဆိုကြောင်း ဦးကျော်သောင်းက ပြောပါတယ်။

အခု၂ဝ၁၃ ခုနှစ်အတွင်း အဲဒီကတန်လှေဆိပ်အပါအဝင် ထိုင်းနိုင်ငံတောင်ပိုင်း အရှေ့ဘက်နဲ့ အနောက် ဘက် ကမ်းရိုးတန်းဒေသတွေက ငါးဖမ်းစက်လှေတွေမှာ ရောင်းစားခံထားခဲ့ရတဲ့ မြန်မာနိုင်ငံသား ၁၂ဝ ဦးကို ကယ်တင်နိုင်ခဲ့ပြီးပြီလို့လည်း သိရပါတယ်။

RFA Burmese

ငြိမ်းချမ်းရေးဆိုင်ရာ အတတ်ပညာရှင်အဖွဲ့ ဖွဲ့စည်းဖို့ မြစ်ကြီးနားမြို့မှာ ရှင်းလင်းပွဲကျင်းပ

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့အစိုးရတို့ နောက်ဆုံးတွေ့ဆုံပွဲမှာ သဘောတူညီခဲ့တဲ့ အချက်တွေထဲက အတတ်ပညာရှင်အဖွဲ့ (Technical Team) ဖွဲ့စည်းရေးအတွက် (PCG) ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က ကချင်ပြည်နယ် လူထုအခြေပြုအဖွဲ့အစည်း ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ မြစ်ကြီးနားမြို့က စိန့်ပတ်ထရစ် ဘုရားကျောင်းမှာ ဒီကနေ့တွေ့ဆုံပြီး ရှင်းပြခဲ့ပါတယ်။

ကေအိုင်အိုအဖွဲ့က ကိုယ်စားလှယ်တွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ ပြည်သူလူထုပါဝင်တဲ့ ပညာရှင် အဖွဲ့ (Technical Team) ဖွဲ့စည်းထားမယ်ဆိုရင် နောင်လာမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ပီစီဂျီအဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက RFA ကိုအခုလို ပြော ပါတယ်။

"နိုင်ငံတော် အစိုးရနဲ့ ကေအိုင်အို ငြိမ်းချမ်းရေးဆွေးနွေးတဲ့အချိန်မှာTechnical Team ကို ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်၊ ဒါကြောင့်မို့ နှစ်ဦးနှစ်ဖက်ဆွေးနွေးပွဲ မစတင်မီ ကြိုတင်ပြီးတော့မှ ပြင်ဆင် ညှိနှိုင်းစရာရှိတဲ့ဟာတွေကို ညှိနှိုင်းဖို့အတွက် ဖွဲ့စည်းထားတာဖြစ်တယ်၊ ဆွေးနွေးပွဲလုပ်တဲ့အခါမှာ ပိုပြီး အထောက်ကူပြုလာမယ်၊ ပိုပြီးတွင်ကျယ်လာမယ်ပေါ့၊ ပိုပြီးအောင်မြင်လာမယ်လို့ကျနော်တို့ထင်တယ်"

ပြီးခဲ့တဲ့ မေလ ၃ဝ ရက်နေ့က ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ရလဒ်အရ အချက် ၆ ချက်ပါ သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အဲဒီအချက်တွေထဲက တစ်ချက်ဖြစ်တဲ့ အတတ်ပညာရှင် Technical Team အဖွဲ့ ဖွဲ့စည်းဖို့ အကောင်အထည်ဖော်နေတာဖြစ်တယ် လို့ သိရပါတယ်။

ဒီအဖွဲ့မှာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ကချင်လူမျိုးတွေ ပါဝင်နိုင်ဖို့အတွက် လူထုအစည်းအဝေးပွဲတွေကို ဇူလိုင် လဆန်းပိုင်းမှာ မြို့နယ်အနှံ့ ကျင်းပသွားမယ်လို့ သိရပါတယ်။

RFA Burmese

၁၁ နှစ်သမီး အရွယ် မိခင်

ဘယ်လ်ဂျီယမ်နိုင်ငံမှ အသက် ၁၁ နှစ်အရွယ် မိန်းကလေး တစ်ယောက်မှာ သမီး တစ်ယောက် မွေးဖွား ခဲ့ပါတယ် ။ သူမဟာ လက် ထပ်ပွဲ ဒုတိယ ရက်မှာ နီးစပ်ရာ ဆေးရုံကို သွားရောက်ပြီး မွေးဖွား ခဲ့ရခြင်း ဖြစ်ပါတယ် ။

အသက် ၁၁ နှစ်အရွယ် ဒီဘယ်လ်ဂျီယမ် သူဟာ ကစားကွင်းမှာ တခြားသူတွေရဲ့ အနိုင်ကျင့် ဗိုလ်ကျတာ ခံနေရတုန်း အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ် ။ ဒီအမျိုးသားကတော့ ဒီကောင် မလေးကို စစတွေ့ခြင်း အသက် ၁၅ နှစ်လောက်ရှိပြီလို့ ထင်ခဲ့ပါတယ်လို့ ၀န်ခံခဲ့ပါတယ် ။ သူတို့ ချိန်းတွေ့ပြီး တစ်ပတ်လောက်အကြာမှာ ဒီမိန်းကလေးမှာ ကိုယ်ဝန်ရှိလာခဲ့တယ် ။

သူမမှာ ကိုယ်ဝန်ရှိနေပြီ ဆိုတာ သိလိုက်ရတဲ့အခါ သူဟာ ဒါယောင်္ကျား တစ်ယောက်ရဲ့ တာဝန်ပဲ ဆိုပြီး ကောင်မလေးကို လက်ထပ်ယူဖို့ ဆုံးဖြတ် ခဲ့ပါတယ် ။ ဒါပေမယ့်လည်း ဒီအမျိုးသားဟာ အရွယ် မရောက်သေးသူနဲ့ ကာမ ဆက်ဆံခဲ့တဲ့ အတွက် ထောင် ၆ နှစ်ထိ ကျခဲ့ရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရ ပါတယ် ။

ဒီ ၁၁ နှစ်အရွယ် မိန်းကလေးကတော့ ကျောင်းမတက် ချင်တော့ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ သူမ ဟာ အခု မိခင်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့အတွက် လို့ပြောခဲ့ပါတယ် ။ သူမနောက်ဆုံးပြောခဲ့ တာကတော့ “ ကျွန်မ အရုပ်တွေနဲ့ နောက်ထပ် မကစားချင်တော့ပါဘူး ကျွန်မမှာ အရုပ်သစ်တစ်ရုပ် ရနေပြီလေ ” တဲ့ ။ အော် လော ကကြီးလည်း ဘာတွေဖြစ်နေပါလိမ့် ။

သက်တန်.ချို

အမေရိကန် နိုင်ငံ စစ်ဘက်သုံး ရဟတ်ယာဉ်များ ထိုင်းနိုင်ငံသို့ ရောင်းချရန် ပြင်ဆင်လျက်ရှိ

အမေရိကန် ဒေါ်လာ ၇၇ သန်းတန်ဖိုးရှိ Lakota စစ်ဘက်သုံး ရဟတ်ယာဉ် ခြောက်စင်းအား ထိုင်းနိုင်ငံ သို့ရောင်းချရန် အမေရိကန်နိုင်ငံက ပြင်ဆင်လျက်ရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်ရှိ အရာရှိအသိုင်းအဝိုင်း က ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်လွှတ်တော်အနေဖြင့် ထိုင်းနိုင်ငံကဝယ်ယူရန်ကမ်းလှမ်းလာသော အဆိုပါရဟတ်ယာဉ် ခြောက် စင်းအား ရောင်းချပေးနိုင်ရန်အတွက် စဉ်းစားလျက် ရှိကြောင်း ကာကွယ်ရေး ဆိုင်ရာပူးပေါင်းဆောင်ရွက် မှု အေဂျင်စီက ဇွန် ၂၁ ရက်က ပြောကြားခဲ့ သည်။ ထိုင်းနိုင်ငံသည် အမေရိကန်နိုင်ငံ၏ ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နိုင်ငံ ဖြစ်ကြောင်း ပင်တဂွန်ပြောရေးဆိုခွင့် ရှိသူ ဒုတိယဗိုလ်မှူးကြီး ကက်သရင်း ဝယ်လ်ကင်ဆန်က ထိုင်းနိုင်ငံသို့ ရဟတ်ယာဉ်များ ရောင်းချ ပေးရန် စီစဉ်ထားမှု အပေါ် အတည်ပြု ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ အနေဖြင့် Lakota ရဟတ်ယာဉ် များအား အရေးပေါ် တုံ့ပြန်မှု အစီအစဉ်များနှင့် နယ်စပ် ဒေသလုံခြုံရေး အတွက် သုံးစွဲလျက် ရှိသည်။

မြ၀တီ

လက်ဘနွန် ဒေသတွင်း လုံခြုံရေးကို လက်ဘနွန် စစ်တပ်က ဆက်လက် တာဝန်ယူမည်

လက်ဘနွန် နိုင်ငံအတွင်း အချို့နေရာ များတွင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည့် အတွက် လက်ဘနွန် တပ်မတော် အနေဖြင့် နိုင်ငံတွင်း လုံခြုံရေးအား ဆက်လက် တာဝန်ယူ ထိန်းသိမ်းရန် ဆုံးဖြတ် ထားကြောင်းနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သော အဆိုပါ စစ်တပ် ဆန့်ကျင် ဆန္ဒပြမှု များသည် တပ်မတော် သားများ အနေဖြင့် စိတ်ဓာတ် ပျက်ပြားပြီး နိုင်ငံတွင်း ဆူပူ အုံကြွမှုများ ဖြစ်ပွားရာတွင် ပါဝင် လာစေရန် ရည်ရွယ်လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း လက်ဘနွန် ကာကွယ်ရေး ဝန်ကြီး ဖေးယက်ဇ်ဂိုစ်က ဇွန် ၂၁ ရက်တွင် ပြုလုပ်သော အစည်း အဝေး၌ ပြောကြားခဲ့သည်။

ထို့အပြင် တပ်မတော်သည် အကြောင်းမဲ့ သက်သက် ရပ်တည်နေခြင်း မဟုတ်ဘဲ နိုင်ငံ၏ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်းရန် လိုအပ်လျှင် တပ်မတော် ကိုသာ အားကိုး အားထားပြု ရမည်ဖြစ်ကြောင်း ၄င်းက အလေးထား ပြောကြား ခဲ့သည်။ ထို့ပြင် ယခု ဖြစ်ပွားနေသော ဆူပူအုံကြွမှု များနှင့် သွေးထိုးလှုံ့ဆော် မှုများတွင် လက်ဘနွန် ပြည်သူများ မပါ ဝင်ကြရန် ၄င်းက တိုက်တွန်း ပြောကြား ခဲ့သည်။ လက်ဘနွန် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားအောင် လုပ်ဆောင် ပါက တပ်မတော် အနေဖြင့် သည်းခံ ခွင့်လွှတ်သွားမည် မဟုတ်ကြောင်း လက်ဘနွန် နိုင်ငံမှ တပ်မှူး တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး ဂျင်းကာ ဝှာဂျီက ဇွန် ၂ဝ ရက်တွင် ပြောကြား ခဲ့သည်။

မြ၀တီ

မြန်မာ-တရုတ် ဘသာဝဓာတ်ငွေ့ပိုက်လိုင်းအတွင်း ဓာတ်ငွေ့ ထည့်သွင်း

မြန်မာ-တရုတ်သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင် သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်း အတွင်း မြန်မာပြည်အပိုင်းဖြစ်သည့် ကျောက်ဖြူမြို့မှနမ့်ခမ်း Metering Station အထိထည့်သွင်းခြင်းကို ဇူလိုင်လ (၁) ရက်နေ့မှ ၂၀ရက်နေ့ထိ ဓာတ်ငွေ့ဖိအား (၃၀) Bar (435Psi) ရသည်အထိထည့်သွင်းပြီး ဇူလိုင်လ (၂၁)၇က်နေ့ မှ၃၀ရက်နေ့ထိ ဓာတ်ငွေ့ထည့်သွင်းထားသည့် ပိုက်လိုင်းအား (Commissioning) ပြုလုပ်ခြင်း ဆောင်ရွက်ရာ တွင်ပိုက်လိုင်းတစ်လျှောက်တည်ဆောက်ထားသည့် ValueHouseStation များ ရှိဓာတ်ငွေ့များမှကျယ်လောင် သည့်အသံနှင့်မီးတောက်များထွက်ပေါ် မည်ဖြစ်ပြီး ၄င်းဖြစ်စဉ်သည် ဖြစ်ရိုးဖြစ်စဉ် သာဖြစ်သဖြင့် အန္တရာယ်တစ်စုံ တစ်ရာ ဖြစ်ပေါ်မည် မဟုတ်သောကြောင့် အထိတ်တလန့်ဖြစ်ခြင်းမဖြစ်ကြရန် ဓာတ်ငွေ့ ပိုက်လိုက်ဖြတ်သန်း သွား သည့် ကျေးရွာများမှ ဒေသခံ ပြည်သူများသို့လည်း အကြောင်းကြားထားကြောင်း သိရသည်။ 

လားရှိုးသား

ဝါးခယ်မမြို့နယ် အထက်ပေကုန်း ကျေးရွာတွင် မြစ်ကမ်းပါးပြိုကျ လာမှုကြောင့် လူနေအိမ်များ စတင်ပြောင်းရွှေ့

ဝါးခယ်မမြို့နယ် အထက်ပေကုန်း ကျေးရွာတွင် ရွှေလောင်းမြစ်ရေ တိုက်စားမှုများကြောင့် ကမ်းပြိုမှု ကို နှစ်စဉ်ကြုံတွေ့နေရပြီး ယခုနှစ်တွင်လည်း ကမ်းပါးပြိုကျမှုများ စတင်ဖြစ်ပွားလာမှုကြောင့် လူနေအိမ် များ ဘေးလွတ်ရာကို စတင်ပြောင်းရွှေ့ နေရကြောင်း သတင်းရရှိသည်။

အထက်ပေကုန်း ကျေးရွာသည် ရွှေလောင်းမြို့၏ တစ်ဖက်ကမ်းတွင် တည်ရှိပြီး ရွှေလောင်းမြစ်ရေ တိုက်စားမှုကို ၂၀၀၈ ခုနှစ်မှ စတင်ကာနှစ်စဉ်ကြုံတွေ့ နေရကြောင်း ၂၀၁၂ ခုနှစ်ထိ ကမ်းပါးပြိုကျမှု များကြောင့် လူနေအိမ်ခြေပေါင်း ၂၂၄ လုံး ဆုံးရှုံးခဲ့ပြီး ကျေးရွာ၏ သုံးပုံတစ်ပုံမှာ နေအိမ်များ စွန့်ခွာ ကာ ပြောင်းရွှေ့နေထိုင်ကြရကြောင်း၊ မြစ်ရေစီးမှု ပိုမိုပြင်းထန်သော စက်တင်ဘာနှင့် အောက်တိုဘာလ များတွင် ကမ်းပါးပြိုကျမှုများကို ပိုမိုကြုံတွေ့ လာရနိုင်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

"ဒီနှစ်မှာတော့ မြစ်ကမ်းဘေးက အိမ် ၁၅ အိမ်လောက် ပြောင်းပေးထားရပြီ။ ကမ်းပြိုတာကို ကာကွယ်ဖို့ ရွာခံတွေပဲ စုပေါင်းလုပ်နေရတာ အကြိမ်ကြိမ်ဆိုတော့ ငွေကြေးလဲ သိပ်မတတ်နိုင်တော့ဘူး၊ ၀န်ကြီးချုပ် လာကြည့်ပြီး ကူညီမယ်လို့လည်း ပြောသွားသေးတယ်။ ဒါပေမဲ့ အခုထိ ဘာမှမထူးဘူး။ နှစ်တိုင်း ရွာကအကုန်အကျခံပြီး ကမ်းပြိုတာသက်သာဖို့ နည်းမျိုးစုံ လုပ်နေတာပဲ ဒီနှစ်တော့ ရွာမှာလဲ ပိုက်ဆံသိပ် မတတ်နိုင်တော့ဘူး။ ဒီအတိုင်း ကမ်းပြိုတာ ထိုင်ကြည့်နေရ တော့တာပဲ" ဟု အထက်ပေကုန်းကျေး
ရွာ ကမ်းပြိုမှု တားဆီးကာကွယ်ရေး ကော်မတီ အတွင်းရေးမှူး ဦးမြင့်ဝင်းကပြောကြားသည်။

"အရင်က အိမ်နောက်မှာ ခုနစ်ဧကလောက် အကျယ်ရှိတယ်။ ကမ်းပြိုတာ တဖြည်းဖြည်းနဲ့ ပါသွားတာ အခုဆို အိမ်နားကိုမြစ်က ကပ်နေပြီ။ အခုကမ်းက အထဲလှိုက်စားပြီး အလွှာလိုက် ပြိုကျတဲ့ အဆင့် မရောက်သေးဘူး။ တအိအိ ပါသွားတာပဲ ရှိသေးတယ်။ ကျားကြီးဆွဲချိန် (ရေပြန်ဆင်းသော စက်တင်ဘာ၊
အောက်တိုဘာလ) ရောက်ရင်တော့ မပြောတတ်ဘူး။ တာဝန်ရှိသူတွေ ကူညီကြဖို့ပဲ မျှော်နေရတယ်"ဟု ကမ်းပြိုမှု တားဆီးကာကွယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောကြားခဲ့သည်။

eleven media group

အမေရိကန် ထောက်လှမ်းရေး ဟောင်းကို တရားစွဲပြီ

သူ့ကို သူလျှို လုပ်မှု၊ ခိုးယူ မှုတွေနဲ့ စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်

အမေရိကန် ထောက်လှမ်းရေး အတွက် စာချုပ်နဲ့ အလုပ် လုပ်ခဲ့တဲ့ ထောက်လှမ်းရေး ဟောင်း အက်ဝက်ဒ် စနိုဒန်ကို အမေရိကန် ပြည်ထောင်စု ကနေ ရာဇဝတ်မှု စွဲချက် တွေနဲ့ တရား စွဲဆို လိုက်ပြီ ဖြစ်ပါတယ်။ မစ္စတာ စနိုဒန်ဟာ အမေရိကန် အစိုးရရဲ့ အင်တာနက် ထောက်လှမ်းရေး အစီအစဉ် တွေကိုဖွင့်ချ ဖေါ်ထုတ် လိုက်တာ ဖြစ်တဲ့ အတွက် သူ့ကို သူလျှို လုပ်မှု၊ ခိုးယူ မှုတွေနဲ့ စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်။

အခုတော့ သူဟာဟောင်ကောင်ကို ထွက်ပြေးသွားခဲ့ပြီ ဖြစ်လို့၊ သူ့ကိုဖမ်းဆီးပြီး အမေရိကန်ကို ပြန်လွှဲ ပေး ဖို့ အမေရိကန်က တောင်းဆို ထားတယ် ဆိုတဲ့ သတင်းတွေ အပေါ် ဟောင်ကောင် အစိုးရ ကတော့ ဘာမှ မပြောပဲ မှတ်ချက် ပေးဖို့ ငြင်း ဆိုထား ပါတယ်။ မစ္စတာ စနိုဒန်ဟာ အခု ပုန်းရှောင် နေတယ်လို့ ယူဆရ ပါတယ်။ ဟောင်ကောင်နဲ့ အမေရိကန် ပြည်ထောင်စုဟာ တရားခံ လွှဲပြောင်းရေး သေဘာတူ စာချုပ် ချုပ် ဆို ထားတာ ဖြစ်ပါတယ်။

အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေဟာ သန်းနဲ့ ချီတဲ့ အီးမေးလ်တွေနဲ့ တယ်လီဖုန်း ပြောကြား ချက် အချက် အလက် တွေကို စုစောင်း ရယူ နေခဲ့တာ ဖြစ်တယ်လို့ မစ္စတာ စနိုဒန်က ဖွင့်ချ ခဲ့တာ ဖြစ် ပါတယ်။

BBC Burmese

ဖိလစ်ပိုင်နှင့်အမေရိကန် နှစ်နိုင်ငံပူးပေါင်း၍Panatag သောင်စွယ်အနီး ရေ တပ်ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်မည်

ဖိလစ်ပိုင်နှင့် အမေရိကန် နှစ်နိုင်ငံ ပူးပေါင်း၍ တောင်တရုတ် ပင်လယ်အတွင်း တရုတ်နှင့် ဖိလစ်ပိုင် နိုင်ငံ တို့ အကြား ပိုင်နက်နယ်မြေ ဆိုင်ရာ အငြင်းပွားနေသည့် Panatag သောင်စွယ်၏ အရှေ့ဘက် ၁ဝ၈ ကီလိုမီတာ (၆၇ မိုင်) အကွာ တွင် ရေတပ်ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကို ဇွန် ၂၇ ရက်မှ ဇူလိုင် ၂ ရက်အထိ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဖိလစ်ပိုင် ရေတပ်မှ ပြောရေးဆိုခွင့် ရှိသူ ရေတပ်ဗိုလ်မှူး ဂရီဂိုရီဖာဘစ်က ဇွန် ၂ဝ ရက် တွင် ပြောကြားခဲ့သည်။

ထိုသို့စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် အငြင်းပွားလျက် ရှိသော အဆိုပါ သောင်စွယ်နှင့် ပတ်သက်၍ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုသည် ဖိလစ်ပိုင်နိုင်ငံ လက်အတွင်း၌ ရှိသည်ကို အခိုင်အမာ ပြသမှု တစ် ရပ် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ အဆိုပါ စစ်ရေး လေ့ကျင့်ခန်း၏ လေ့ကျင့်ရေး နယ်နိမိတ် အဖြစ် ရေပြင်ဧရိယာ ၁၂၃၄၇ စတုရန်း ကီလိုမီတာအား အသုံးပြုသွားမည် ဖြစ်ပြီး လေ့ကျင့်ခန်း တွင် ဖိလစ်ပိုင် ရေတပ်နှင့် ကမ်းရိုးတန်း ကာကွယ်ရေး တပ်ဖွဲ့မှ ရေယာဉ်နှင့် လေယာဉ်များ၊ ကမ်းတက် တပ်ဖွဲ့ဝင်များ၊ အထူး စစ်ဆင်ရေး တပ်ဖွဲ့ဝင်များနှင့် အတူ အမေရိကန် နိုင်ငံမှ ရေတပ် စစ်သင်္ဘောများ၊ ကမ်းတက် ရေယာဉ်နှင့် လေယာဉ်များ ပါဝင်လေ့ကျင့် သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ

သတ္တ သတ္တာဟ မဟာ ဗောဓိ စေတီ တော်မြတ် ကြီးသို့ ဘုရား ဖူးများ အဆင်ပြေ စေရေး မော်တော်ယာဉ် လိုင်းများ ပြေးဆွဲ ပေးလျက်ရှိ

နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ဥဒယရံသီ ကုန်းတော်တွင် တည်ထား ကိုးကွယ်လျက် ရှိသော သတ္တ သတ္တာဟ မဟာဗောဓိ စေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော်လို သည့် ပြည်သူများ သွားလာမှု အဆင်ပြေ စေရေးအတွက် နေပြည်တော် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကော် မတီ (မြို့တွင်း)မှ အားမာန်သစ် အမှတ် (၈) ယာဉ်လိုင်းဖြင့် ဘောဂသီရိ၊ ပျဉ်းမနား၊ မြို့မဈေး၊ ပုဗ္ဗသီရိ၊ သတ္တ သတ္တာဟစေတီ ခရီးစဉ်အား လည်း ကောင်း၊ ရွှေမြို့တော် အမှတ်(၂) ယာဉ်လိုင်းဖြင့် ဘောဂသီရိ၊ ပျဉ်းမနား၊ မြို့မဈေး၊ ချင်းရွာ၊ သတ္တ သတ္တာဟ စေတီ ခရီးစဉ် အားလည်းကောင်း၊ တော်ဝင် ယာဉ်လိုင်း များဖြင့် တပ်ကုန်း၊ သတ္တသတ္တာဟ စေတီ ခရီးစဉ်တို့အား လည်းကောင်း နေ့စဉ် ပြေးဆွဲပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

အီတာလျှံ-ထိုင်း ကုမ္ပဏီအား ဒေသခံ ခြံပိုင်ရှင် တစ်ဦးမှ ပထမဆုံးအကြိမ် တရားစွဲဆိုရန် စီစဉ်

ထားဝယ်-ပူနမ်ရွန် လမ်းမပေါ်တွင် ဒေသခံများမှ ခြံစည်းရိုး ကာရံထားသည်ကို တွေ့ ရစဉ်

ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသ၌ တည်ဆောက်လျက်ရှိသော ထားဝယ် အထူးစီးပွားရေး ဇုန်နှင့် ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် ပူနမ်ရွန်သို့ ဆက်သွယ်ထားသော အရှည်ကီလိုမီတာ ၁၇၀။ ၁၀၆ မိုင်ရှိ လမ်းမဖောက်လုပ်ခြင်း စီမံကိန်း အကောင်အထည် ဖော်လျက်ရှိသည့် အီတာလျံ-ထိုင်း ကုမ္ပဏီ (Italian-Thai Development Co;Ltd) အား ဒေသခံ ခြံပိုင်ရှင် တစ်ဦးက ကုမ္ပဏီမှဖောက်လုပ်ထားသော လမ်းပေါ်တွင် ၎င်းတို့၏ခြံမြေအတိုင်း ခြံစည်းရိုးများ ကာရံထားကာ ကုမ္ပဏီအား တရားစွဲဆိုရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

"၂၀၀၈ ခုနှစ်မှာ ဒီလမ်းကို စဖောက်ခဲ့ပြီး လမ်းဖောက်လုပ်မှုအတွက် ဒေသခံတွေကို အကြောင်းမကြား၊ သဘောတူညီချက် မယူဘဲ ကုမ္ပဏီဘက်က ကိုယ့်သဘောနဲ့ကိုယ် လုပ်ခဲ့တယ်။ ဒေသခံတွေရဲ့ ဥယျာဉ်ခြံတွေထဲမှာရှိတဲ့ နှစ်ရှည်ပင်တွေလည်း ဆုံးရှုံးခဲ့ရတယ်။ သင်္ကြန်မတိုင်ခင်ကလည်း ဒေသခံအချို့ ကို လျော်ကြေးတွေ အဆင်ပြေသလို လုပ်ပြီးပေးသွားတယ်။ ခရိုင်က သတ်မှတ်ထားတာက အပင်ငယ် တစ်ပင်ကို ကျပ် ၃၀၀၀၀ ပါ။ ဒါကို သူတို့က ၁၀၀၀၀ ကျော်လောက်နဲ့ပဲ လျော်သွားတယ်။ ဒါကို သဘော မတူတဲ့သူ ၁၆ ယောက်ကလည်း လျော်ကြေးမယူခဲ့ပါဘူး။

ဦးတို့ခြံက ဧက ၃၀ ကျော် ရှိတာမှာ ၃၅ နဲ့ ၃၆ ကီလိုမီတာ အကြားက လမ်းဖောက်တာ နှစ်ဧကကျော် ပါသွားပါတယ်။ ဇွန် ၁၈ ရက်က သူတို့ဖောက်ထားတဲ့ လမ်းပေါ်မှာ ပါသွားတဲ့ ဦးခြံကို ခြံခတ်ပြီး လမ်းပိတ် လိုက်တယ်။ အဲဒီတော့ ကုမ္ပဏီကလာပြီး ဦးကို ၂၁ ရက်မှာ လျော်ကြေးပေးမယ် ပြောတယ်။ အခုထိ လာ မပေးပါဘူး။ ဒီအတွက် လမ်းဖောက်လုပ်ရာမှာ တာဝန်ရှိတဲ့ Road Link to Thailand က project မန်နေဂျာ ထိုင်းလူမျိုး Mr. Phaiboon ကို သူတစ်ပါးအကျိုး ပျက်စီးစေမှု ပုဒ်မ ၄၂၇ နဲ့ ရေဖြူမြို့နယ် တရားရုံးမှာ တရားစွဲဆိုဖို့အတွက် ဦးတိုက်လျှောက်ထားပါမယ်။ မြို့နယ်ရဲစခန်းကိုတော့ တိုင်ချက်ဖွင့်ပြီး ပါပြီ" ဟု ရေဖြူမြို့နယ် (ဂ) ရပ်ကွက်နေ ဦးဝင်းလွင်ဦးက ပြောကြားခဲ့သည်။

တရားစွဲဆိုမှုနှင့် ပတ်သက်၍ ရေဖြူမြို့နယ် စခန်းမှူးအား ဆက်သွယ်မေးမြန်းခဲ့ရာ တိုင်ချက်ဖွင့်ထားသည် မှာ မှန်ကန်ကြောင်း တရားစွဲဆို ထားမှုကိုမူ လာမည့်တနင်္လာနေ့တွင် တရားရုံး ဖွင့်လှစ်သည့် အချိန်ရောက် မှသာ သိရှိမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှ အဓိက တည်ဆောက်သူဖြစ်သည့် ထိုင်းနိုင်ငံ အခြေစိုက် Italian-Thai Development Co;Ltd (ITD) အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ များပြားသည့် ၎င်းစီမံကိန်းအတွက် ငွေကြေးထပ်မံ ထည့်ဝင်ရန် အခက်အခဲ ရှိနေသောကြောင့် အဆိုပါ စီမံကိန်းမှ ထွက်ခွာသွားတော့မည်ဟု ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက စီမံကိန်း တာဝန်ရှိသူများက ပြောကြားထားသည်။

အရှေ့တောင်အာရှတွင် အကြီးဆုံး ဖြစ်လာဖွယ်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို စတင်ဆောင်ရွက်ရာမှ ယခုအချိန်အထိ ဒေသခံများနှင့် မကြာခဏ ပြဿနာ ဖြစ်ပွားခဲ့ကြပြီး ယခုကဲ့သို့ တရားစွဲဆိုမှုမျိုးမရှိခဲ့ဖူးဘဲ ဒေသခံတစ်ဦးက ကုမ္ပဏီအပေါ် တရားစွဲဆိုမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးမည်ဆိုခြင်းမှာ ယခင်သဘောတူလက်မှတ်ရေးထိုးထားချက်များအား အတည်ပြုခြင်းသာဖြစ်ဟု သမ္မတရုံးဝန်ကြီးပြောကြား

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးမည်ဆိုခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနှင့် ယခင်သဘောတူလက်မှတ် ရေးထိုးထားချက်များအား အတည်ပြုခြင်းသာဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြော
ကြားသည်။

ဇွန် ၂၁ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ကျင်းပသော World Refugee Day အခမ်းအနား အပြီးတွင် သတင်းထောက်များ မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ပြည်နယ်အဆင့် လက်မှတ်ထိုးရာတွင် အချက်လေးချက် ပါဝင်ကြောင်း အပစ်အခတ် ရပ်စဲရေး၊နယ်မြေတစ်ခုနှင့်တစ်ခုသွားလာရာတွင် လက်နက်ကိုင်ဆောင်သွားလာခြင်း မပြု လုပ်ရေး၊ ကျော်ဖြတ်သွားလာရာတွင် သတင်းပို့ရန် စသည့်အချက်များအား ပိုမိုခိုင်မာရန် နိုင်ငံတကာ အဖွဲ့အစည်းများ ရှေ့မှောက်၌ လက်မှတ်ရေးထိုးရန် ပြုလုပ်နေခြင်းသာဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။ "သမ္မတကြီးပြောတဲ့ Nationwide Ceasefire Accord ဆိုတဲ့ အချက်ဟာ ထိုးပြီးသား အချက်တွေ ကို ပြန်ပြီးအတည်ပြုတာပဲ ဖြစ်တယ်။ ပိုပြီးယုံကြည်မှုရအောင် အတည်ပြု တာဖြစ်တယ်။ ကျန်တဲ့အချက်တွေ ဘာမှမတိုးပါဘူး" ဟုသမ္မတရုံးဝန်ကြီးဦးအောင်မင်းက ပြောကြားသည်။

ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မကြာခင်ကာလတွင် ငြိမ်းချမ်းတော့မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်း မည့် အချိန်ကာလအား အတိအကျ မပြောနိုင်သော်လည်း စိတ်ကူးအိပ်မက်ဖြစ်ပြီး အိပ်မက်များသည် လက်တွေ့တွင် ဖြစ်ပေါ်လာကြောင်း၊ မိမိအနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတွင်တာဝန်ယူ ဆောင် ရွက်နေသူတစ်ဦး ဖြစ်သဖြင့် အခြားသူများထက် ယုံကြည်မှု ပိုမိုခိုင်ခိုင်မာမာထား၍ ဆန္ဒပြင်းပြင်းပြပြထား ကာ ဖြစ်အောင် လုပ်ဆောင်မည်ဟု ဆုံးဖြတ်ထားကြောင်း ၎င်းကဆိုသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လွှတ်တော်သို့ မတင်ပြခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များ စိတ်မကောင်းဖြစ်ရသည်ဟု ပြောဆိုခြင်းမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦး ပါရှိကြောင်း၊ ဆွေးနွေးပွဲ လုပ်တိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ပြီး ၎င်းတို့က လွှတ်တော်သို့ ပြန်မရှင်းပြခြင်းသာဖြစ်ပြီး မိမိအနေဖြင့် တာဝန်ကျေကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ တောင်းဆိုနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးအတွက် ဥပဒေပြုရေးဖြစ်သော လွှတ်တော်နှင့်သာ သက်ဆိုင်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အနေဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လိုအပ်ပါက တိုင်းရင်းသားများဘက်မှ အကြံပြုချက်သာ ပေးမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဆိုသည်။

eleven media group

မြန်မာ မိုဘိုင်းဖုန်းလိုင်းတိုးချဲ့ရေး တင်ဒါ ဟွာဝေး (huawei )ကုမ္ပဏီ ရရှိ

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT ကနေ မိုဘိုင်းဖုန်းလိုင်း တိုးချဲ့ဖို့ရေး ပူးပေါင်း ဆောင်ရွက်ဖို့ တရုတ် နိုင်ငံက ဝှာဝေး ကုမ္ပဏီ ကို ရွေးချယ် လိုက်ပြီ ဖြစ်ပါတယ်။

အခုလို ပူပေါင်းဆောင်ရွက်ခွင့် ရရေး အတွက် MPT ရဲ့ တင်ဒါ ကို လျှောက်ထား ခဲ့တဲ့ နိုင်ငံခြားတယ်လီဖုန်း ကုမ္ပတွေထဲမှာ Errison Nokia နဲ့ ZTE တို့လည်း ပါဝင်တဲ့ အထဲကမှ ဟွာဝေးကို ရွေးချယ်လိုက် တာ ဖြစ်ပါ တယ်။ MPT ဟာ ရှေ့မဝေးတော့တဲ့ အနာဂတ်မှာတော့ အစိုးရ ကနေ ဘတ်ဂျက် ချပေးမှုနဲ့ ဝန်ကြီး ဌာနအောက်မှာ မဟုတ်ဘဲ ကိုယ်ပိုင် ကော်ပိုရေးရှင်း တခု အနေနဲ့ ရပ်တည်နိုင်အောင် ဆောင်ရွက်နေပြီး အဲဒီက တဆင့်ကနေ ပုဂ္ဂလိက ပိုင် ကုမ္ပဏီ တခု ဖြစ်လာဖို့ကို ကြိုးပမ်းနေတယ်လို့ MPT က အရာရှိတဦး ကနေ ဘီဘီစီကို ပြောပါတယ်။

BBC Burmese

မိုဘိုင်းဖုန်း လိုင်စင် ချပေးတော့မယ်

မြန်မာနိုင်ငံမှာ လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ ဆိုရင် မိုဘိုင်းဖုန်း လုပ်ကိုင်ခွင့် လိုင်စင် အတွက် တင်ဒါ လျှောက် ထား ကြတဲ့ ကုမ္ပဏီ ၁၁ ခု ထဲကနေ ၂ ခုကို ရွေးချယ်ပြီး လုပ်ကိုင်ခွင့်တွေ ချပေးတော့ မှာ ဖြစ်ပါတယ်။ 

တင်ဒါ လျှောက်ထားတဲ့ ကုမ္ပဏီ တွေထဲက တခု ဖြစ်တဲ့ Digicel ကုမ္ပဏီရဲ့ အော်ပရေးရှင်း ဒါရိုက်တာ လော်နာ မက်ဖာဆင်ကို ဆက်သွယ် ပြီး အခု လောလောဆယ် လုပ်ငန်း လုပ်ကိုင်ခွင့် ရွေး ချယ်ပေးမယ့် စနစ်နဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု ပိုင်းမှာ ဘယ်လို ရှိပါသလဲ ဆိုတာကို စတင်ပြီး မေးကြည့်တော့-
 Digicel ။ ရွေးချယ် မှုက ပွင့်လင်းမြင်သာမှု အပြည့်ရှိတယ်။ အစိုးရဘက်ကလည်း ပြောထားတဲ့ အချိန် ကာလ အပိုင်းအခြား အတိုင်း အတိအကျ လုပ်ကိုင် ဆောင်ရွက်တာကို တွေ့ရပါတယ်။ ကုမ္ပဏီတွေရဲ့ တင်ဒါ လျှောက်ထား ချက်တွေကိုလည်း သေချာ လေ့လာတယ်လို့ သိရတဲ့ အတွက် Digicel အနေနဲ့ ကျေနပ်မှု ရှိပါတယ်။

မေး။ လာမယ့် ၂၇ ရက်နေ့မှာ ရွေးချယ်ခံရတဲ့ သူဘယ်သူဆိုတာ သိရတော့မှာ ဆိုတော့ အဲဒီ အပေါ်မှာ ဘယ်လို မျှော်လင့် ထားသလဲ။ ရရင် ဘာဆက်လုပ်မလဲ။
Digicel ။ အဲဒီ ၂၇ ရက်နေ့မှာ အဖြေထွက်မယ်လို့ ပြောထားတော့ အားလုံးကစိတ်လှုပ်ရှားစွာနဲ့ မျှော်နေကြ တာပါ။

အရွေးခံရဖို့လည်း မျှော်လင့်ပါတယ်။ တကယ်လို့ အရွေးခံရရင်တော့ အရင်က Digicelက ပြောထားခဲ့တဲ့ အတိုင်း လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့မှာ ဖုန်းတွေ သုံးစွဲလို့ ရနေအောင် လုပ်စရာ ရှိတာတွေ အကုန် လုပ်မှာပါ။ အဲဒီနေ့မှာ မြန်မာ နိုင်ငံ လူဦးရေရဲ့ ၅၂ ရာခိုင်နှုန်း ဖုန်းသုံးစွဲနိုင် စေရပါမယ်။

မေး။ အဲဒီ အတွက် ဘယ်လောက်ရင်းနှီးမြှုပ်နှံမလဲ။
Digicel ။ အခုအချိန်မှာတော့ ဒီဇင်ဘာ ၁ ရက်နေ့ အဆင်သင့် ဖြစ်အောင် ဘယ်လောက် သုံးမလဲ ဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ အရင်က Digicel အကြီးအကဲ ဒင်းနစ္စ အိုဘရိုင်း ပြောထားခဲ့တဲ့ အတိုင်းပါပဲ မြန်မာ နိုင်ငံမှာ Digicel အနေနဲ့ ဒေါ်လာ ၉ ဘီလီယံ လောက် ရင်းနှီးမြှုပ်နှံ သွားဖို့ ရှိပါတယ်။

မေး။ ဒီလောက် ငွေတွေအများကြီး ရင်းနှီးမြှုပ်နှံမှာ ဆိုတော့ အဲဒါက မြန်မာ လူထု အပေါ်မှာ ဘယ်လို အကျိုးရှိနိုင်မလဲ။
Digicel ။ မြန်မာလူထုအတွက် အကျိုးဖြစ်ထွန်းမှာပါ။ ဆယ်သွယ်ရေးစနစ် တိုးတက်ကောင်းမွန်တဲ့နိုင်ငံ တိုင်းမှာ အကျိုးဖြစ်ထွန်းတဲ့ သာဓကတွေရှိပါတယ်။ Digicel ရဲ့ရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ ပါပူဝါ နယူးဂီနီ တို့ ဟေတီ တို့ကိုပဲ ကြည့်ပါ။ သုံးစွဲသူလူထုအတွက်က အရှုံးမရှိပါဘူး။ ဆက်သွယ်ရေးစနစ် တွေကောင်း မယ် ။ အင်တာနက် ကောင်းကောင်း သုံးလို့ ရမယ် ဆိုတော့ ပြင်ပ ကမ္ဘာနဲ့လည်း လွယ်လွယ်ကူကူ ဆက်သွယ် မှုတွေ လုပ်လာ နိုင်မယ်လေ။

မေး။ အလုပ်အကိုင် ဖော်ဆောင်နိုင်မှု ဘက်မှာရော ။ မြန်မာ တွေအတွက် ဘယ်လို အကျိုးရှိမလဲ ၊ မြန်မာ လုပ်သား တွေ ထဲက ဘယ်လောက်အလုပ်ပေးသွားဖို့ ရှိလဲ။
Digicel ။ လူတွေကို ထောင်နဲ့ ချီပြီး ခန့်ထားဖို့ စဉ်းစားထားပါတယ်။ ပြီးတော့ Digicelမှာ အလုပ်ရမှ မဟုတ်ပါဘူး။ ဒီကဏ္ဍနဲ့ ဆက်သွယ် လုပ်ကိုင်ကြမယ့် လူတွေလည်း အကျိုး ရှိကြမှာပါ။ ဥပမာ top up တွေ ရောင်းတာမျိုး ၊ Digicel ရဲ့ ဖုန်းနဲ့ ဝန်ဆောင်မှုတွေကို တဆင့် ပြန်ရောင်းတာမျိုး လုပ်တဲ့ လူတွေ လည်း အဆင်ပြေမှာပါ။ လူတွေ သိန်းနဲ့ချီပြီး အလုပ်တွေ အဆင်ပြေလာ နိုင်မှာပါ။

လက်ရှိ အချိန်မှာလည်း Digicel မှာ လူ ၈၉၅ ယောက်ကို ခန့်အပ်ပြီး လေ့ကျင့် သင်တန်းတွေ ပေးထားလို့ လုပ်ငန်း ဆောင်ရွက်ဖို့ အတွက်လည်း အသင့် ဖြစ်နေကြပါတယ်။ ပြီးတော့ ဒီမှာက ဝန်ထမ်းတွေကို အမြဲ လေ့ကျင့် ပေးနေတာ ဖြစ်လို့ တချိန်ကျရင် ကုမ္ပဏီရဲ့ အကြီးအကဲ နေရာတွေမှာ မြန်မာ နိုင်ငံ သားတွေ ဖြစ်နေတာကို တွေ့ရမှာပါ။ မြန်မာ နိုင်ငံမှာ လုပ်ငန်း လုပ်ကိုင် ခွင့်ရခဲ့ရင် မြန်မာ လုပ်သား ၉၇ ကနေ ၉၉ ရာခိုင်နှုန်းကို ခန့်ထားပြီး လုပ်ကိုင်သွားဖို့ ရှိပါတယ်။

BBC Burmese

ဖူဂျီ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်

ဂျပန်နိုင်ငံရဲ့အထင်ကရအဖြစ်ဆုံး ဖူဂျီ (Fuji)တောင်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ထိန်း သိမ်း စောင့်ရှောက် ရမယ့်နေရာအဖြစ် သတ်မှတ်လိုက်လို့ ဂျပန်နိုင်ငံအထူးဂုဏ်ယူနေပါတယ်။ ပေ တစ်သောင်းနှစ်ထောင် ကျော်မြင့် တဲ့ Fuji တောင်ဟာ ဂျပန်လူမျိုးတွေအတွက် ယဉ်ကျေးမှုအရရော ဘာသာရေးအရပါ တန်ဖိုးထားရတဲ့နေရာပါ။

UNESCO ကုလသမဂ္ဂ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့က အဲဒီလို သတ်မှတ်ဖို့ မဲပေးရွေးချယ်နေတာကို Fuji တောင်တဝိုက် မြို့တွေမှာ ဒေသခံတွေ အများနဲ့သက်ဆိုင်တဲ့ခမ်းမတွေကနေ ရုပ်မြင်သံကြား အကြီး ကြီးတွေနဲ့ အချိန်နဲ့တပြေးညီ ကြည့်ရှုနေခဲ့ကြပြီး၊ နောက်ဆုံး အဖြေထွက်လာတော့ ဝမ်းသာအားရ အော် ဟစ် အားပေးခဲ့ကြပါတယ်။

UNESCO က ကမ္ဘောဒီးယားနိုင်ငံ Phnom Penh မြို့တော်ကနေ ရွေးချယ်ပေး လိုက်တာပါ။ ကမ္ဘာတလွှား က နေရာဒေသပေါင်း ၉၆၀ ကျော်ကို ကမ္ဘာ့ အမွေအနှစ် ထိမ်းသိန်းစောင့်ရှောက်ရမယ့်နေရာတွေအဖြစ် UNESCO က သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ သူတို့က သိပ်ထူးခြားလှပတဲ့နေရာတွေ ဒါမှမဟုတ် ယဉ်ကျေးမှုအရ အဖိုးတန်တဲ့နေရာတွေကို အဲဒီလို သတ်မှတ်ပေးတာဖြစ်ပါတယ်။

VOA

ဇေယျာရွှေမြေအသင်း ကွင်းလုံခြံရေး စီစဉ်မှုအားနည်းသဖြင့် ဒဏ်ငွေ ၅ သိန်း ပြစ်ဒဏ်ချမှတ်


၀၁၃ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲရဲ့ ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံးကစားသမားဆုအား ၏ ဇေယျာရွှေမြေအသင်း နောက်ခံလူ ဇော်လင်းထွန်းက ကမ္ဘောဇ - ဇေယျာရွှေမြေ ပွဲစဉ်မတိုင်မီ လက်ခံရ ယူနေစဉ်။
Myanmar National Leagueတွင်ဇေယျာရွှေမြေ အသင်းကွင်းလုံခြံရေး စီစဉ်မှုအားနည်းသဖြင့် ဒဏ်ငွေ ၅ သိန်းပြစ်ဒဏ်ချမှတ်လိုက်ကြောင်း စည်းကမ်းထိမ်းသိန်းရေးမှ ပြစ်ဒဏ်များကိုသတင်းထုတ်ပြန်သည်။

ထိုပြင်MNL -တွင် ပွဲပယ်ခံ ကစားသမားများအဖြစ် ဇေယျာရွှေမြေ မှ ရဲလင်းအောင် (၃ ၀ါ- ၁ ပွဲပယ်။ မျိုးမင်းဇော် (၆ ၀ါ ၂ပွဲ)၊ ဇွဲကပင်မှနိုင်ဦးလွင်(၃၀ါ ၁ပွဲ)၊ ဧရာဝတီ-နေလင်းအောင်(၆၀ါ ၂ပွဲ)၊ မနောမြေမှ အီဗရာဟင် (၃ ၀ါ ၁ ပွဲ)၊ရန်ကုန်မှကြည်လင်း(၂ ၀ါ ၁နီ- ၁ပွဲ) နေပြည်တော် မှချစ်စမ်းမောင်နှင့် ဂျောင် (၃ ၀ါ ၁ ပွဲစီ)၊ ကျော်ဇင်ထက်(၂ ပွဲပယ် ဒဏ်ငွေ ၁ သိန်း)တို့ အသီးသီးပြစ်ဒဏ်ချမှတ်ကြောင်းသိရသည်။

Popular Myanmar News Journal

အခွံမာသီးကို စားသုံးပါက အသည်းရောဂါကို လျှော့ချနိုင်

အစိမ်းရောင် ဟင်းရွက်၊ နေကြာဆီ၊ အခွံမာသီးနဲ့ ဟင်းနုနယ်ရွက် တွေဟာ အသည်း ရောဂါရဲ့ လက္ခဏာ တွေကို လျှော့ချနိုင်တယ်လို့ လေ့လာမှု အသစ်အရ တွေ့ရှိ ထားပါတယ်။

ဗီတာမင် E မြင့်မားစွာ ပါဝင်တဲ့ အစားအစာ တွေကို စားသုံး တာကြောင့် အဝလွန်တဲ့ အတွက် ဖြစ်နိုင်တဲ့ အသည်းရောဂါ ဆိုင်ရာ လက္ခဏာ တွေကို လျှော့ချ နိုင်တယ်လို့ သိပ္ပံပညာရှင် တွေက ယုံကြည် ကြ ပါတယ်။ အဝလွန်တာကြောင့် အသည်း အဆီဖုံး ရောဂါ ဖြစ်ပေါ်တတ်ပါ တယ်။ အသည်းမှာ အဆီတွေစု ကာ အတာကြောင့် မဟုတ်တဲ့ အသည်း အဆီဖုံး ရောဂါဖြစ်ပြီး ဆိုးရွားတဲ့ ရောဂါဖြစ်ကာ Cirrhosis ခေါ်တဲ့ အသည်းမှာ အမာရွတ် ဖြစ်ပေါ် ပါတယ်။ အဲဒီ ရောဂါကြောင့် အသည်း အလုပ် မလုပ်နိုင်တာနဲ့ အသည်း ကင်ဆာ ဖြစ်တတ် ပါတယ်။

လေ့လာမှု တွေအရ ဗီတာမင် E ဟာ အဝလွန် တာကြောင့် ဖြစ်တဲ့ အသည်း အဆီဖုံး ရောဂါ ဝေဒနာတွေ ကို သက်သာ စေနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗီတာမင် E မှာ ဓာတ်တိုး ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် နှလုံးရောဂါ၊ ကင်ဆာနဲ့ အယ်လ်ဇိုင်းမား ရောဂါအပါ အဝင် ရောဂါမျိုးစုံကို ကာကွယ်နိုင် တယ်လို့ ဆိုပါတယ်။ အသက်ကြီး သူတစ် ယောက်အတွက် ဗီတာမင် E နေ့စဉ် လိုအပ်ချက် ပမာဏ ဟာ လေးမီလီဂရမ် ဖြစ်ပါတယ်။ ပဲပိစပ်၊ ပြောင်းဖူးနဲ့ သံလွင်ဆီမှာ ဗီတာမင်တွေ အမြင်မားဆုံး ပါဝင် ပါတယ်။ အခွံမာသီးနဲ့ အစေ့အဆန်တွေ မှာလည်း ဗီတာမင် E အမြောက်အမြား ပါဝင်ပါတယ်။ အားဖြည့် ထားတဲ့ ကွေကာနဲ့ အစိမ်းရောင် ဟင်းရွက်မှာလည်း ဗီတာ မင် E များစွာ ပါဝင်တယ်လို့ သိရပါတယ်။

ဒေါက်တာခင်မိုးမိုး

လိင်အသားပေးဇာတ်ဝင်ခန်းများ ထိန်းချုပ်သင့်ပြီလား

မင်းသားနှင့်မင်းသမီးတို့၏ ပွင့်လင်းလွတ်လပ်သော ချစ်ရည်လူးသည့်ဇာတ်ဝင်ခန်းများကို မြန်မာနိုင်ငံတွင် တစ်နှစ်၊ နှစ်နှစ်အတွင်း ပေါ်ပေါ်ထင်ထင် ကြည့်ရှုကြရလိမ့်မည်ဟု မည်သူမျှမျှော်လင့်ထားမည် မဟုတ် ပါ။  မြန်မာဇာတ်ကားဇာတ်ဝင်ခန်းအချို့ကို နိုင်ငံခြားဇာတ်ကားများကဲ့သို့ အမြင်မသင့်တော်သော ဇာတ်ဝင်ခန်းများအား ကြည့်ရလိမ့်မည်ဟုလည်း တွေးဆထားကြမည်လည်း မဟုတ်ပါ။ မြန်မာဒါရိုက်တာ ရိုက်သည့် ဇာတ်ဝင်ခန်း၊ မြန်မာသရုပ်ဆောင်များ၏ သရုပ်ဆောင်ချက်များ ဟုတ်ပါလေစဟု ရင်သပ်ရှုမော အံ့သြရလောက်သည့် လိင်အသားပေးဇာတ်ဝင်ခန်းပါ မြန်မာဇာတ်ကားအချို့ ဗီဒီယိုဈေးကွက်အတွင်း ထွက်ပေါ်လာသည်။ မြန်မာ့ယဉ်ကျေးမှုစံနှုန်းနှင့် နှိုင်းယှဉ်ချိန်ထိုးကာ ကြည့်ရှုသူအများစုက ကန့်ကွက်ကြ သည်။  ကြိုဆိုလက်ခံသူအချို့လည်း ရှိသည်။

အသက်မပြည့်သေးသူ မြန်မာမင်းသမီး သရုပ်ဆောင်ထားသော ဇာတ်ဝင်ခန်းအချို့ လူပြောများနေဆဲမှာ ပင် လင်မယားအတူနေသည့် ဇာတ်ဝင်ခန်းပါ ဇာတ်ကားတစ်ကား ထွက်လာပြန်သည်။ ကြိုဆိုသူ အနည်းစု ရှိသော်လည်း ယင်းဇာတ်ကားဖန်တီးသူတို့ ပရိသတ်ကို တောင်းပန်ဖြေရှင်းလာရသည်။ ပြန်ကြားရေး ၀န်ကြီးဌာန၏ ဗီဒီယိုဆင်ဆာဖြေလျှော့ပေးမှုအပေါ် အနုပညာဖန်တီးသူများက မယုံမရဲနှင့် မိမိတို့ဖန်တီးချင် သည့် ဇာတ်လမ်းလေးများ သွေးတိုးစမ်းတင်ပြနေရချိန်တွင် လိင်အသားပေးဟုဆိုသော ဇာတ်ကားများ ထွက်ရှိလာခြင်းကြောင့် ရရှိထားသည့် လွတ်လပ်ခွင့်ကို အဆုံးရှုံးမခံနိုင်သူတို့ စိုးရိမ်ပူပန်လာကြသည်။ တစ်ချိန်တည်းမှာပင် မြန်မာဗီဒီယိုဆင်ဆာအဖွဲ့ကလည်း ယဉ်ကျေးမှုနှင့် မသင့်လျော်သည့် ပြကွက်များကို ပိုပိုတင်းကျပ်တော့မည်ဟု စကားဦးသန်းလာပြီဖြစ်သည်။ “အဲဒါမှမရရင် ခွေကို ဈေးကွက်ထဲက ပြန်သိမ်း တဲ့အထိ အရေးယူပါမယ်။ အိပ်ရာခန်းတွေကို လိုအပ်လို့ထည့်တာကထည့်ပေါ့။ ဒါပေမယ့် မူဝါဒသတ်မှတ် ထားတာကို ကျော်ပြီးရိုက်ရင် ပထမထောက်ညွှန်မယ်။ မရရင်ဒီအခန်းတွေကို ဖြတ်တောက်ရမယ်”” ဟု မြန်မာဗီဒီယိုဆင်ဆာအဖွဲ့မှ အဖွဲ့ဝင် ဦးခင်မောင်ချင်းက ပြောသည်။

တင်းကျပ်သည့် ဆင်ဆာမူဝါဒဟု မြန်မာအနုပညာရှင်တို့ ပြောဆိုဝေဖန်ခဲ့သော ဆင်ဆာခေတ်သည် လွန်ခဲ့သည့် တစ်နှစ်ခွဲတွင် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။ ဆင်ဆာအဆီးအတားမရှိတော့သည့်နောက် “ဘယ်လိုကားတွေ ရိုက်လာကြမှာလဲ”” လို့ ပရိသတ် က မေးခွန်းမထုတ်နိုင်သေးခင်မှာပင် သရဲတစ္ဆေ ဇာတ်ကားများ တရစပ်ထွက်ရှိလာသည်။ ယင်းနောက်မှာတော့ နောက်ခံအချစ် သီချင်းဖွင့်ပြီး ပန်းခြံ ထဲတွင် ပြေးလွှားနေသော ချစ်သူစုံတွဲများ၊ ပန်းပွင့်လေးပေါ် လိပ်ပြာနား၍ ၀တ်ရည်သောက်သုံးနေသည့် တင်စားချက်ပြကွက်များ နေရာတွင် မြန်မာမင်းသားနှင့် မင်းသမီးတို့ အကြင်နာပေးခြင်း (နှုတ်ခမ်းချင်း ထိတွေ့နမ်းရှုတ်ခြင်း)၊ လင်မယားခုတင်ပေါ်က  ဇာတ်ဝင်ခန်းအချို့ နေရာယူလာသည်။ လွတ်လပ်ခွင့်ပေး လိုက်ချိန်တွင် ယခင်က မရိုက်ခဲ့ရသော ဆင်းရဲမွဲတေသည့် သရုပ်မှန်စရိုက်၊ မီးပြတ်သည့်အကြောင်း၊ ကုန်ဈေးနှုန်းမြင့်တက်သည့်အကြောင်း၊ အစိုးရဌာနပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှု စသည်တို့ကို အနုပညာဖြင့် ပြောင်မြောက်အောင် ဖော်ထုတ်သည့်ဇာတ်ကားများ ထွက်မလာခဲ့ဘဲ သရဲကား များနှင့် နမ်းရှုတ်သည့်ဇာတ်ကားများထွက်လာခြင်းမှာ ဆင်ဆာလွတ်လပ်ခွင့် တဖွဖွတောင်းသူတို့ပင် မျက်စိ လည် ကုန်သည်။
 
“ကျွန်မ ဆင်ဆာလွတ်လာခွင့်ရတာနဲ့ ကိုမြအေးနဲ့ကိုမင်းကိုနိုင်တို့ရဲ့ဝတ္ထုတွေ ဗီဒီယိုရိုက်တယ်။ အောက်ခြေ လူတန်းစား မိသားစုဘ၀တွေကို အရင်က မရိုက်ခဲ့ရသမျှ အတိုးချရိုက်ကူးတယ်။ ဒါကို ပရိသတ်ကလည်း အားပေးကြတာတွေ့ရတယ်။ ပရိသတ်တောင့်တတာက ဇာတ်လမ်းဆန်းသစ်တာလို့ ကျွန်မထင်ပါတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုမြအေးတို့၏ ၀တ္ထုများကို ဗီဒီယိုဇာတ် ကားပြန်လည်ဖန်တီးခဲ့သူ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုသည်။ “အခု မြန်မာကားမှာက နှုတ်ခမ်းချင်း နမ်းလိုက်တာကိုပဲ အနမ်းခံရတဲ့ မင်းသမီးက အသေးစိတ်ပြန်ခံစားပြနေတယ်။ ဒါကို ကလေးတွေ အတုယူမှားနိုင်တယ်။ လွတ်လပ်ခွင့်ရလာတဲ့အခါ ရှေ့ဆက်သွားရမှာကို မဟုတ်တမ်းတရားတွေရိုက်ပြီး လွတ်လပ်ခွင့်ကို အဆုံးရှုံးခံကြတော့မှာလား။ ပြောရင်တော့ ခင်ဗျားကြီးက အသက်ကြီးလို့  မရိုက်ရဲ တိုင်းပြောတယ် ဖြစ်မယ်။ ကလေးတွေအတွက် စဉ်းစားပါ” ဟု ချစ်တင်းနှောခန်းများ မပါပါက အနုပညာ မမြောက်ဆိုသည့် ရှုထောင့်ကို လက်မခံသည့် ဒါရိုက်တာမောင်တင်ဦးကဆိုသည်။

တင်းကျပ်သည်ဆိုသော ဆင်ဆာအချက် ၁၀ ချက်မှ လေးချက်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် လျှော့ပေါ့ လိုက်ပြီးနောက် တင်ပြလာသည့် မြန်မာဇာတ်ကားများကို နိုင်ငံတော်မူဝါဒ၊ ကိုးကွယ်သည့်ဘာသာ၊ ပြည်သူ တို့၏ အကျင့်စာရိတ္တ၊ တရားဥပဒေစိုးမိုးမှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ အမျိုးသားယဉ်ကျေးမှုတို့ကို ထိခိုက်ခြင်းရှိ၊ မရှိ ယင်းအချက်ခြောက်ချက်အပေါ်အခြေခံ၍ ဆင်ဆာကြည့်ရှုခဲ့ခြင်းဖြစ်သည်။ ထိုအချက်ထဲ က လွတ်ရင်ပြီးရော မောင်နှင့်နှမ၊ သားနှင့်အမိ အတူကြည့်လို့ မသင့်သည့် မြန်မာဇာတ်ကားများ ထပ် မထွက်လာစေရန်အတွက် ဆင်ဆာပြန်လည်တင်းကျပ်သည့်စနစ်ကိုတော့ ရုပ်ရှင်လောကသားအားလုံးက ခါးခါးသီးသီး ကန့်ကွက်နေကြသည်။ ထို့ပြင် နိုင်ငံတကာရုပ်ရှင်ဈေးကွက်များကဲ့သို့ အသက်၁၈ နှစ်အောက် ကလေးများ မကြည့်ရဆိုသည့် အဆင့်သတ်မှတ်သည့်စနစ် (Rating) မှာလည်း မြန်မာ့လူမှုဝန်းကျင်နှင့် လတ်တလောပြုလုပ်ရန် လုံးဝလွယ်ကူဦးမည်မဟုတ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အပါအ၀င် လောကသားအများစုက ဆိုပြန်သည်။
 
ထိုသို့ဆိုလျှင် နောက်ထပ်ညစ်ညမ်းပါသည်ဆိုသည့် လင်မယားအတူနေဇာတ်ဝင်ခန်းများ၊ သမီးရည်းစား အကြင်နာပေးသည့် ဇာတ်ဝင်ခန်းများမပါအောင်၊ အနုပညာဖန်တီးသူများကိုလည်း မပွန်းပဲ့အောင် မည်သို့ ဖန်တီးကြမည်နည်း။ အဖြေကို ရုပ်ရှင်အစည်းအရုံး၏ ဥက္ကဋ္ဌရာထူးကို မကြာမီက ရရှိခဲ့သည့် သရုပ်ဆောင် ဒါရိုက်တာ ဦးလူမင်းက ပေးပါသည်။ “မြန်မာ့ယဉ်ကျေးမှုဆိုတဲ့ နေရာမှာ မြန်မာတွေလည်း ချစ်တတ်တာ ပါပဲ။ ဒါကြောင့် ချစ်ခန်းကြိုက်ခန်းတွေကို သဘာဝကျပြီး အမြင်မရိုင်းအောင်တော့ ဖန်တီးမယ့်သူတွေက ကြိုးစားပေးသင့်ပါတယ်။ “မျက်လုံးလေးကလယ်ကလယ်” ဇာတ်ကားမှာကတည်းက Rating စနစ် လိုနေ ပြီလို့ ကျွန်တော်ပြောခဲ့ပေမယ့် လတ်တလောလုပ်ဖို့ လုံးဝအဆင်မပြေပါဘူး” ဟု လူမင်းက ပြော သည်။ 
အသက် ၁၈ နှစ်အောက် ကလေးများမကြည့်ရဟု တံဆိပ်ကပ်နှိပ်လိုက်ပါက အသက် ၁၈ နှစ် မပြည့်သေး သည့် ထိုကလေးအများစုကပင် ယင်းဇာတ်ကားများကို ရွေးချယ်ကြည့်ရှုသွားလိမ့် မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။ 

မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ မြို့စွန်နှင့် ကျေးလက် နေလူတန်းစား များ ဖြစ်နေပြီး ၎င်းတို့မှာ အခကြေးငွေယူ၍ ပြသကြသည့် ဗီဒီယိုရုံများ၊ လက်ဖက်ရည်ဆိုင်ကြီးများတွင် ပြသသည့် မြန်မာဇာတ်ကား များကို အားထားကြည့်နေကြရသည်။ ဆေးလိပ်၊ အရက်တို့ကိုပင် ကလေးငယ်များကို ဖောဖော သီ သီရောင်းနေသည့် မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်အောက် ကလေး ငယ်များ မကြည့်ရဟု ဇာတ်ကားများ သတ်မှတ်လိုက်ပါက အတိအကျလိုက်နာကျင့်သုံးရေး စိစစ်ကြပ်မတ် ရန်မှာ အတော်ပင်မလွယ်ကူသေး သည့် အလုပ်ဖြစ်ကြောင်း ဒါရိုက်တာကြည်ဖြူသျှင်က ဆိုသည်။ “ကျော်ဆွေသေနတ်ပြောင်းပြန်ထမ်း တာတွေ့ပြီး အားကျပြီး ကျွန်တော်လည်း သေနတ်ပြောင်းပြန်ထမ်း လိုက်တာ တပ်ထဲမှာအဆူအကြိမ်းခံ လိုက်ရတာပဲ။ ဒါဘာကိုပြလဲဆိုတော့ ခင်ဗျားတို့မှာ ပရိသတ်အများကြီး ရှိတာပဲ” ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးသို့ ယမန်နှစ်က လာရောက်ခဲ့သည့် သမ္မတရုံးပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၏ စကားမှာ သမားရိုးကျချစ်ကြိုက်ကွဲညားကို ဆန်းသစ်အောင် လိင်အသားပေး ဇာတ်ဝင်ခန်းများ ထည့်သွင်းရိုက်ကူး သူတို့ စဉ်းစားသင့်သည့်အချက်ဖြစ်နေသည်။ 

 “မင်္ဂလာဦးညကို ရင်ခုန်အောင် ရိုက်ပြရမယ်ဆိုရင်တော့ အထိတွေ့လေးတွေ၊ အနမ်းလေးတွေပါသင့် တာပေါ့။ ကြည့်တဲ့ သူတွေမှာလည်း အကြည်ဓာတ်လေး လိုတယ်လေ။ ခက်တာက လိုတာထက် ပိုပြနေတာပဲ။ စွတ်လုပ်နေရင် ရထားတဲ့ လွတ်လပ်ခွင့်လေး ပြန်ဆုံးရှုံးမှာစိုးတယ်” ဟုဒါရိုက်တာဝိုင်းက ဆိုသည်။ သို့သော် သူက ဇာတ်ကားများအဆင့် သတ်မှတ်သည့် စနစ်ကို ထောက်ခံသူလည်းဖြစ်သည်။ “ရေရှည်ကိုကြည့်ပါ။ လတ်တလောအဆင်ပြေအောင် အဲဒီအခန်းဖြတ်ဆိုတာ မလုပ်နဲ့တော့။ နိုင်ငံတကာကို သွားမယ်ဆိုရင် Rating က အကောင်းဆုံးပဲ။ စစချင်းခက်မှာပဲ။ ဘယ်အလုပ်မဆို ခက်မှာပဲ” ဟု ၀ိုင်းက ဆိုသည်။ လောကသားအများစုမှ စိုးရိမ်သလို ဆင်ဆာပြန်လည်တင်းကျပ်သည့်စနစ်ကိုတော့ မပြုလုပ် လိုကြောင်း ဆင်ဆာအဖွဲ့ဝင် ဦးခင်မောင်ချင်းက ကတိပြုသော်လည်း မူဝါဒခြောက်ချက်နှင့် ငြိစွန်းလာ လျှင်တော့ နောက်နောင်ညှာတာတော့မည်မဟုတ်ဟု ဆိုသည်။

7daynews

ဝန်ကြီးတွေကို ကြံ့ခိုင်ရေး ထိပ်ပိုင်းရာထူးတွေကနေ ရပ်ဆိုင်း

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် တာဝန်ယူထား တဲ့ ပြည်ထောင်စုဝန်ကြီးအားလုံးကို အစိုးရအဖွဲ့ဝန်ကြီး တာဝန်ထမ်းဆောင်ချိန်အတွင်း ပါတီရဲ့ဗဟိုအလုပ် အမှုဆောင် ကော်မတီအဖြစ်ကနေ ခေတ္တရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပုံမှန်ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးကို နေပြည်တော် မှာရှိတဲ့ ပါတီဗဟိုဌာနချုပ်မှာ ဒီနေ့ဇွန်လ ၂၂ ရက်နေ့စပြီး လာမယ့် ဇွန်လ ၂၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှာပါတဲ့ ဝန်ကြီးတာဝန်ယူထား သူတွေကို ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေအဖြစ်ကနေ ခေတ္တရပ်ဆိုင်းလိုက်ကြောင်း ဒီနေ့ အစည်းအဝေးမှာ ချပြခဲ့တယ်လို့ အာအက်အေက စုံစမ်းသိရပါတယ်။

လက်ရှိ ပြည်ထောင်စုဝန်ကြီးတွေထဲမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်း စတဲ့ ဝန်ကြီးတွေလည်း ပါသလို သမဝါယမဝန်ကြီး ဦးကျော်ဆန်းတို့လည်း ခေတ္တပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အဖြစ် ကနေ ရပ်ဆိုင်းခံရတဲ့အထဲ ပါနေတာပါ။ ဒါ့အပြင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကလည်း သူ့ရဲ့ အမေရိကန်ခရီးစဉ်အတွင်း သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားချက်တစ်ချို့နဲ့ ပတ်သက်လို့ လက်ရှိ ကျင်းပနေတဲ့ ပါတီအစည်းအဝေးမှာ ပြန်လည်ရှင်းပြဖို့ရှိတယ်လို့ သိရပါတယ်။

ဒီနေ့ စတင်ကျင်းပတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးမှာ PR စနစ်လို့ ပြောနေကြတဲ့ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ (Proportional Representation) စနစ်ကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေး ကျင်းပနေစဉ်ရက်တွေမှာ ပြည်တွင်း၊ ပြည်ပမီဒီယာတွေ ဝင်ရောက်သတင်း ယူခွင့် ခွင့်မပြုပဲ လာမယ့်တနင်္လာနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ သိရပါတယ်။

RFA Burmese

VLC Player ကိုသုံးပြီး အင်တာနက်ဖြင့် TV Channel များကို ဖမ်းယူကြည့် ရှုနည်း

အင်တာနက်ဖွင့်ထားပြီး VLC Player ဖြင့် TV လိုင်းများကို ဖမ်းယူကြည့်ရှု လို့ရပါတယ်လုပ်နည်းကတော့ 
VLC Player ကိုဖွင့်ပါ
Media ကိုနှိပ်ပြီး Open Network Stream ကိုနှိပ်ပါ
အဲဒီမှာ URL လင့်ထည့်မယ့် Box တစ်ခုကျလာပါမယ်
အဲဒီ box မှာ ကိုယ်ကြည့်မယ့် လိပ်စာကိုထည့်ပြီး
Play လုပ်လိုက်ရုံပါပဲ

ကြည့်လို့ရမယ် TV Channel လိပ်စာများကိုအောက်မှာဖော်ပြလိုက်ပါတယ်


-------------------
-1-SONY TV
rtsp:// 208.77.20.52:193 5/dmm1/ sonytv?by-.r.j
ZEE TV
rtsp:// 208.77.20.52:193 5/dmm1/ zeetv?by-.r.j
STAR PLUS
rtsp:// 208.77.20.52:193 5/dmm1/ starplus?by-.r.j
SET MAX
rtsp:// 208.77.20.52:193 5/dmm1/ setmax?by-.r.j
ZEE SMILE
rtsp:// 208.77.20.52:193 5/dmm1/ zeesmile?by-.r.j
SONY SAB TV
rtsp:// 208.77.20.52:193 5/dmm1/ sab?by-.r.j
--------------- ---------------
--------------
-2- SPORT CHANNELS -|-
--------------- ---------------
--------------
TEN CRICKET
rtsp:// 208.77.20.52:193 5/dmm1/ten?by-r.j
NEO CRICKET
rtsp:// 208.77.20.52:193 5/dmm1/ neo?by-.r.j
B4U MUSIC
rtsp:// 217.146.95.166:5 54/live/ ch12zqcif.3gp?by -.r.j
B4U REAL MUSIC
rtsp:// 115.112.248.159: 554/prf0/ cid_75.sdp?=by-. r.j
ZING
rtsp:// 217.146.95.166:5 54/live/ ch28zqcif.3gp?by -.r.j
9XM
rtsp://ss4c6.idc.mundu .tv:554/prf0/ cid_93.sdp?=by-. r.j
T SERIES TV
rtsp:// 217.146.95.166:5 54/live/ ch49yqcif.3gp?=b y-.r.j

မှတ်ချက်--- မြန်မာနိုင်ငံမှ မြ၀တီ TV Channel ကိုလဲ VLC နဲ့ကြည့်ရှုလို့ရပါတယ်။ http://myawady.net.mm/tech/item/17033-2013-06-19-10-38-28


Txan Moe
Full Premium Now Free

ဦးသိန်းစိန် နားရမယ့်အချိန်ကို တရုတ် CPI မျှော်လင့်နေ

 သမ္မတဦးသိန်းစိန်က မြစ်ဆုံရေကာတာစီမံကိန်းကို သူ သမ္မတသက်တမ်း ကုန်ချိန်အထိ ရပ်ဖို့ ပြောထား ပါတယ်။ ဒါကြောင့် တရုတ် နိုင်ငံ CPI ကုမ္မဏီကလည်း သမ္မတသက်တမ်း ကုန်အောင် စောင့်နေပါတယ် တဲ့။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဧရာဝတီကို ရောက်လာတဲ့ ပေးစာတစောင်မှာ ဖတ်ပါ -

CPI အရာရှိကြီးများသည် (ဇွန်လ၊ ၁၄ ရက်၊ ၂၀၁၃) ရက်နေ့က မြစ်ဆုံရေကာတာတည်ဆောက်ရာနေရာ သို့ သွားရောက် လေ့လာကြသည်။ အောင်မြင်သာကျေးရွာရှိ နှစ်ခြင်းဘုရားကျောင်း ကော်မတီအဖွဲ့နှင့် အတူ သွားရောက်ကြည့်ရှုခြင်း ဖြစ်သည်။ အသင်းတော်ကော်မတီဝင် ဆရာမရစ်ဘောက်ဆန့်က CPI နှင့် အစိုးရအကြား ချုပ်ဆိုထားသည့် စာချုပ်နှင့်ပတ်သက်ပြီး မေးမြန်းခဲ့သည်။ CPI က ယခုအချိန်တွင် အစိုးရ အနေနဲ့ စာချုပ်အား ပယ်ဖျက်လို့မရနိုင်ကြောင်း၊ အကယ်၍ စာချုပ်သဘောတူညီမှုကို ကတိဖျက်ခဲ့မည် ဆိုလျှင်လည်း နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအားဖြင့် ပြန်လည်လုပ်ဆောင်နိုင်ကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။

သို့သော် သမ္မတကြီးက စာချုပ်အား ဖျက်မည့်အကြောင်းမပြောဘဲ ယာယီရပ်ဆိုင်းမည်ဟု သာ ပြောသောကြောင့် သမ္မတသက်တမ်းကုန်မည့်ရက်ကိုသာ စောင့်နေရကြောင်း ဒေသခံများအား ပြော ခဲ့သည်။ အောင်မြင်သာကျေးရွာအတွက် လုပ်ဆောင်ပေးထားသော အိမ်ယာများကို နောက်ဆက်တွဲ ကူညီမည့် အစီအစဉ် ရှိမရှိ ဒေသခံ ဆရာမ ဒေါ်ရွယ်တောင် မေးမြန်းခဲ့သည်။ ဆက်လက်ကူညီစရာ အကြောင်းမရှိပဲ စေတနာသက်သက်ကြောင့်သာ အခုလိုကူညီထောက်ပံ့ပေးခဲ့သည်၊ ထို့ပြင် အခု ဆောက်လုပ်ပေးထားသည့် အိမ်ယာများသည် နဂိုအိမ်ထက်ကြီးအောင်ဆောက်ထားပေးသည်၊
ထိုအိမ်များ ပျက်စီးချို့ယွင်းလာရခြင်းမှာ အိမ်ယာများ ဆောက်လုပ်ချိန်တွင် လူကြီးများ မြန်မြန်ဆောက် လုပ်ပေးရန် တွန်းအားပေးမှုတွေကြောင့် Asia World က သစ်စိုများ အဖြင့် အချိန်လောက်မှုမရှိ ဘဲ မြန်မြန်ဆောက်လုပ်လိုက်ရခြင်းဖြစ်ကြောင့်ဖြစ်သည်၊ သို့သော် Asia World ကကြိုးစားပြီး ပြန် လည်ပြုပြင်ပေးနေသည်ဟု CPI မှ ပြောသည်။ ရေကာတာစီမံကိန်းကြီးသည် ဒေသခံများ ဖွံ့ဖြိုးရေး အတွက် အရေးပါကြောင်း၊ မိမိတို့ (CPI) အနေဖြင့် မြစ်ဆုံရေကာတာကြီး ဆက်လက် လုပ်ဆောင်နိုင်ရန် ကြိုးစားနေကြောင်းလည်း ပြောကြားခဲ့ သည်။

Irrawaddy Blog