23.6.13

ဖိလစ်ပိုင်နှင့်အမေရိကန် နှစ်နိုင်ငံပူးပေါင်း၍Panatag သောင်စွယ်အနီး ရေ တပ်ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်မည်

ဖိလစ်ပိုင်နှင့် အမေရိကန် နှစ်နိုင်ငံ ပူးပေါင်း၍ တောင်တရုတ် ပင်လယ်အတွင်း တရုတ်နှင့် ဖိလစ်ပိုင် နိုင်ငံ တို့ အကြား ပိုင်နက်နယ်မြေ ဆိုင်ရာ အငြင်းပွားနေသည့် Panatag သောင်စွယ်၏ အရှေ့ဘက် ၁ဝ၈ ကီလိုမီတာ (၆၇ မိုင်) အကွာ တွင် ရေတပ်ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကို ဇွန် ၂၇ ရက်မှ ဇူလိုင် ၂ ရက်အထိ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဖိလစ်ပိုင် ရေတပ်မှ ပြောရေးဆိုခွင့် ရှိသူ ရေတပ်ဗိုလ်မှူး ဂရီဂိုရီဖာဘစ်က ဇွန် ၂ဝ ရက် တွင် ပြောကြားခဲ့သည်။

ထိုသို့စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် အငြင်းပွားလျက် ရှိသော အဆိုပါ သောင်စွယ်နှင့် ပတ်သက်၍ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုသည် ဖိလစ်ပိုင်နိုင်ငံ လက်အတွင်း၌ ရှိသည်ကို အခိုင်အမာ ပြသမှု တစ် ရပ် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ အဆိုပါ စစ်ရေး လေ့ကျင့်ခန်း၏ လေ့ကျင့်ရေး နယ်နိမိတ် အဖြစ် ရေပြင်ဧရိယာ ၁၂၃၄၇ စတုရန်း ကီလိုမီတာအား အသုံးပြုသွားမည် ဖြစ်ပြီး လေ့ကျင့်ခန်း တွင် ဖိလစ်ပိုင် ရေတပ်နှင့် ကမ်းရိုးတန်း ကာကွယ်ရေး တပ်ဖွဲ့မှ ရေယာဉ်နှင့် လေယာဉ်များ၊ ကမ်းတက် တပ်ဖွဲ့ဝင်များ၊ အထူး စစ်ဆင်ရေး တပ်ဖွဲ့ဝင်များနှင့် အတူ အမေရိကန် နိုင်ငံမှ ရေတပ် စစ်သင်္ဘောများ၊ ကမ်းတက် ရေယာဉ်နှင့် လေယာဉ်များ ပါဝင်လေ့ကျင့် သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment