ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

1.7.13

သင်္ကန်းကျွန်းမြို့နယ်တွင် သစ်လုံးတင်ယာဉ်မှ ဘရိတ်ပေါက်ကာယာဉ်(၈)စီးအားတိုက်မိ

 
၃၀.၆.၂၀၁၃ရက်နေ့(၁၆၄၅) အချိန်သင်္ဃန်းကျွန်းမြို့ နယ်၊စံပြရပ်ကွက်၊ လေးထောင့် ကန်လမ်းမရှိ ပြည်ထောင်စုဂုံးကျော်တံတားအဆင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ဘက်မှ သင်္ဃန်းကျွန်း မြို့နယ်ဘက်သို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်၊(၂၂)ရပ်ကွက်နေ ယာဉ်မောင်း အေးမင်းဦး(ဘ)ဦးစိုးလှိုင်၊မောင်းနှင်လာသော ၅ခ/---- နီဆန်းအမျိုးအစား သစ်လုံးတင်ယာဉ်မှဘရိတ်ပေါက်ကာ၅င/----Swiftအနက်ရောင်၊ ကက/---- Toyota အဌားယာဉ်အဖြူရောင်၊BB/---- Toyota ငွေရောင်၊ ၈ဃ/---- လိုက်ထရက်အပြာရောင်၊BB/---- Probox အဖြူရောင်၊ ၃ဃ/---- SURF ခဲရောင်၊၄ဂ/---- Toyota ခဲရောင်၊ ၉င/---- SURF မီးခိုးရောင်စုစုပေါင်းယာဉ် (၈)စီးအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ကက/---- Toyota အဌားယာဉ်ပေါ်ပါဒေါ်အေးအေး၊ (ဘ)ဦးထွန်းရီ၊ လှိုင်သာယာမြို့နယ်နေသူတွင်ဝဲမျက်စေ့၊ နဖူးနာကျင်၊ နှာခေါင်းသွေးထွက်ဒဏ်ရာ ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ်ဆေးကုသလျက်ရှိပြီး ၄ဂ/---- Toyota ခဲရောင် တွင်လိုက်ပါလာသူ မောင်ဆန်းသစ်မင်းစန်း (၆)နှစ်၊

ဗဟန်းမြို့နယ်နေသူတွင် ဦးခေါင်းနောက်စေ့ပေါက် ပြဲဒဏ်ရာ ရရှိခဲ့သဖြင့်ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်တက်ရောက်ကုသ လျက်ရှိပါသည်။ယာဉ်တိုက်မှုဖြစ်ပွါးခဲ့သည့် သစ်လုံးတင်ယာဉ်မောင်းဖြစ်သူအေးမင်းဦး အားသင်္ကန်းကျွန်းမြို့မရဲစခန်း ယာဉ်(ပ) ၁၉/၂၀၁၃၊ပုဒ်မ ၂၇၉/၃၃၈ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Ref: ရဲဇာနည်

ဝါတော် ၃၈ ၀ါရှိ ကန်ချနာဘူရီ က ထင်ရှား တဲ့ ထိုင်း ဘုန်း ကြီး မင်္ဂလာ ဆောင် ပြီ




ဘ၀ တစ်သက် တာ လက် တွဲ ဖော် ကို တွေ့  ပြီး တဲ့ နောက် ၀ါတော် ၃၈ ၀ါရှိ ပြီး လူ ပုဂ္ဂိုလ် ၈၀၀ ကျော် လောက် ကို သာသနာ့ ဘောင်ကို သွတ် သွင်း ပေးခဲ့ တဲ့ ကန်ချာ နာ ဘူရီ က ကျောင်းထိုင် ဆရာ တော် ကြီး Mitsuo Shibahashi ဟာ အသက် ၅၂ နှစ် အရွယ် ဂျပန်မှာ နေ တဲ့ ထိုင်း စီးပွားရေး လုပ်ငန်းရှင် Suttirat Muttamara နဲ့  လက် ထပ် ထိမ်းမြား လိုက် ပြီ ဖြစ်ပါတယ်။

ဇွန် လ ၈ ရက်နေ့ မှာ ရဟန်း ဘောင် ကို စွန့်  ပြီး နောက် သူ့  ရဲ့  ချစ်သူနဲ့ ဇွန် လ ၂၈ ရက် နေ့  မှာ လက် ထပ် လိုက် တာ ဖြစ် ပါတယ်။ဆရာတော် ကြီး မင်္ဂလာ ဆောင် တဲ့ သတင်း ကြောင့် ဒါယိကာ တွေနဲ့  စာသင် သား တွေ ဟာ အလွန် ကို ပဲ ထိတ် လန့်  တုန် လှုပ် မိ တယ်လို့  Bangkok Post သတင်းစာ မှာ ရေးသား ထား ပါတယ်။

သက်တော် ကျောင်း ၆၁ နှစ် ရှိ ဆရာတော် မစ်ဆူအို ဟာ ဂျပန် နိုင် ငံ မှာမွေးဖွား ခဲ့ ပြီး ထေရ၀ါဒ ရဟန်း အဖြစ် ခံ ယူ ကာ ထိုင်း နိုင်ငံ မှာ သာသနာပြု ခဲ့ တဲ့ ဆယ်စု နှစ် လေးစု နီးပါး ရှိ ပြီ ဖြစ် ပါတယ်။ဘုန်းတော် ကြီး ဟောင်း နဲ့  သူ့  အချစ် သစ် တို့ ဟာ ဖိလစ် ပိုင် နိုင်ငံ မှာပျားရည် ဆမ်း ခရီး ထွက် နေ ကြ ပါတယ်။ 

Ref: FNG

သရဲနဲ့လေကြေးထပ်တဲ့ည

  သရဲနဲ့ လောင်းကြေးထပ်တဲ့ည  "သရဲဆိုတာ တစ်ကယ်မရှိပါဘူးကွာ.." "မင်းက မကြုံဖူးသေးတော့ဘယ် ယုံပါ့မလဲ လက်တွေ့ဆိုရင် မင်းယုံသွားလိမ့်မယ်" "အေး.. ငါကလည်း မင်းတို့ပြောတဲ့ အဲ့ဒီ လက်တွေ့ သရဲ ကို စောင့်နေတာပဲ..၊ တွေ့မှ မတွေ့တာ.."  ကျွန်တော်တို့ သူငယ်ချင်းတွေ သရဲအကြောင်းနဲ့ ပတ်သက် ပြီး အငြင်းအခုန် လုပ်နေကြခြင်းဖြစ်သည်။ ကျွန်တော်တို့အဖွဲ့ထဲတွင် သတ္တိအရှိဆုံးလို့ပြောလို့ရသလို သရဲ နဲ့ တစ်ခါမှ မတွေ့ကြုံဖူးသေးသည့် သက်အောင်နဲ့ ငြင်းခုန်နေခြင်းဖြစ်သည်။  "ဒါဆို ဒီလိုလုပ်…၊ ငါတို့ရပ် ကွက်ထဲမှာ နာမည်ကြီးတဲ့ ညီမသုံးဖော် ဆွဲကြိုးချသေထားတဲ့ အိမ်ပျက်ကြီး သိတယ်မှတ်လား.."  "အေး…. သိတယ်လေ…"  "မင်း ည (၁၂း၀၀) နာရီတိတိ အဲ့ဒီခြံထဲကိုဝင်ပြီး အိမ်ရှေ့မှာမင်းနာမည်ကို မြေဖြူ နဲ့ရေး ရဲလား…"  "ငါလုပ်ရဲရင် မင်းက ငါ့ကို ဘာပေးမှာလဲ…"  "တစ်လစာ စားသောက်စရိတ်အားလုံး ငါတာဝန်ယူ တယ်ကွာ."  "အေး..ကြိုက်တယ် ငါတစ်ကယ် ရေးမရေး မင်းက ဘယ်လို သိမှာလဲ…"  "မင်း (၁၂း၀၀) နာရီ ထိုးလို့ အဲ့ဒီအိမ်အောက်မှာ နာမည်ရေးပြီးတာနဲ့ ငါ့အိမ်ကို တန်းလာပြီး ငါ့ကိုနှိုး၊ ပြီးရင် ငါတို့နှစ်ယောက် အတူပြန်သွားကြည့်မယ်.. တစ်ကယ်ဟုတ်မဟုတ်ဆိုတာကို… မင်းလာမနှိုးရင်.. ငါ့ကို တစ်ဝိုင်းပဲကျွေး. "စိန် တယ်ကွာ…၊ ငါကလည်း ဒီလိုစိန်ခေါ်မယ့်သူနဲ့တွေ့ချင်နေတာ…"  "အိုကေလေ.. ဒါဆိုရင် ဒီလ လပြည့်ည မှာငါတို့အစီအစဉ်စကြတာပေါ့…"
          ×××××××××××××××××××××××××××××××××
   ဒီည လပြည့်ည….. ကျွန်တော် သက်အောင်နဲ့ လောင်းကြေးထပ်ထားတဲ့ည၊ အမှန်တော့ ကျွန်တော် သူ့ ဆီက တစ်ဝိုင်းစားချင်တာထက် ဒီကောင်သရဲတစ်ကယ်ရှိတယ်ဆိုတာကို ယုံစေချင်လို့ဖြစ်သည်။ ဒီကောင် က သတ္တိရှိတဲ့ကောင်ဆိုတော့ တစ်ကယ်တွေ့တယ်ပဲထားအုံး.. ဘာမှ စိုးရိမ်စရာမရှိ။ညနေကတည်းက ခြံ ၀င်းအပြင်ဘက်ကနေ လှမ်းကြည့်ပြီးပြီ..။ ဘာနာမည်မှ ရေးထားတာ မမြင်ရသေး..၊ ဒီအတိုင်းဆို ဒီကောင် ကျွန်တော့်ကို ကွက်ကျော်နင်းဖို့တော့ အစီအစဉ်ရှိပုံမရ..။ အေးလေ..။ ဒီကောင်ကလည်း သရဲဆိုတာနဲ့ကို တိုးချင်နေသည့် အကောင်မဟုတ်လား…။  ဒီလိုနဲ့ ကျွန်တော် မအိပ်ပဲ ဂိမ်းစောင့်ရင်း ဒီကောင် လာအခေါ် ကို စောင့်နေလိုက်တယ်..။ သေချာပါတယ်။ ဒီကောင်ကျွန်တော့်ကိုလာကိုခေါ်မှာ။ ခဏအကြာတော့ ခြံရှေ့ က အသံတစ်ခုကို ကြားလိုက်ရတယ်။ ပြတင်းပေါက်ကနေ ကျော်ကြည့်လိုက်တော့ လူရိပ်တခုသက်အောင် ပဲဖြစ်မည်..။ ကျွန်တော် အိမ်ပြင်ကို ထွက်လိုက်သည်။ ကျွန်တော့်မြင်တော့ လိုက်ခဲ့ဖို့ လက်ဟန်ပြပြီး ရှေ့ ကနေ ဦးဆောင်ထွက်ခွာသွားသည်။ ဒီအချိန်ထိ ကျွန်တော့်မှာ သူ့ကိုလူလုံးဖမ်းလို့် မရသေး..။ ဒါပေမယ့် ဒါ သက်အောင်ပဲဖြစ်မှာပါ..။ ဒီအချိန်ကြီး ကျွန်တော့်ကိုလာခေါ်ဖို့ပြောထားတာ ဒီကောင်တစ်ယောက်တ ည်း ရှိတာကိုး..။ ကျွန်တော်လည်း ခပ်သွက်သွက်ပဲ သူ့နောက်က လိုက်ခဲ့သည်။  ရှေ့က ခပ်သွက်သွက်သွားနေ တဲ့ သက်အောင်ကို မီအောင်လိုက်နေပေမယ့် မမီ…၊ မီဖို့ နီးကပ်လာတိုင်း ပြန်ပြန်ဝေးသွားသလိုပင်..။ ကျွန်တော်က သူ့နာမည်အော်ပြီး လှမ်းအော်ပြောလည်း စကားပြန်မပြောပဲ ခဏကြာတော့ အဆိုပါ အိမ် ပျက်ကြီးထဲ အုတ်တံတိုင်းကျော်ကာ ၀င်ချသွားတော့သည်။  ကျွန်တော် နာရီကြည့်လိုက်သည်။ (၁၂း၂၀) ထိုးပြီ..။ ဒီကောင် တစ်ခုခုတော့ ထူးနေပြီ။ ကျွန်တော့်ကိုကြောက်အောင် တမင်သက်သက် လုပ်နေတာ လား မသိ…။ ကျွန်တော်လည်း သူရေးထားတဲ့ စာလုံးကို ရေးပြီးတာနဲ့ လိုက်ကြည့်မယ်လို့ ကတိခံထား တာကြောင့် ဘာမှ သိပ်စဉ်းစားမနေတော့ပဲ ခြံထဲကို အုတ်တံတိုင်း ကျော်ပြီးခုန်ဝင်လိုက်သည်။ အိမ်ရဲ့ စင် ၀င်အောက်မှာ ကျွန်တော့်ကိုကျောပေးပြီး ရပ်နေသောသက်အောင်ကို တွေ့လိုက်ရတယ်။ ပြီးတော့သူ့ဘေး မှာ မြေဖြူနဲ့ရေးချစ်ထားတဲ့ နာမည် တစ်ခု။ ကျွန်တော်နဲ့ နည်းနည်းဝေးနေသေးတာကြောင့် ဘာရေးထား သလဲဆိုတာကိုတော့ သဲသဲကွဲကွဲ မမြင်ရ..။  "အောင်မယ်.. မင်းက ဟုတ်လှချေလား...၊ နာမည်တောင်ရေး ပြီးပြီပေါ့....." ကျွန်တော်စကားပြောရင်း သက်အောင်ဆီ လမ်းလျှောက်သွားလိုက်သည်။ ဒီကောင်ဘာမှပြန် မပြောတဲ့အပြင် ကျွန်တော့်ဘက်တောင် လှည့်မကြည့်…။  "အေးပါ..အေးပါ… ငါရှုံးပါပြီ… အရှုံးပေးပါတယ် မင်းတစ်ကယ် သတ္တိရှိတယ်ဆိုတာကိုငါလက်ခံပါပြီ."  သက်အောင်ဆီက ဘာသံမှမကြား.။ကျွန်တော်မြေဖြူ နဲ့ ရေးထားတဲ့နာမည်ကို ငုံ့ကြည့်လိုက်သည်။  "ဟာ… ဟရောင်… မင်းရေးထားတာ…၊ မင်းနာမည်လည်း မဟုတ်ပါလား…၊ ယုဝါမိုးတဲ့…… အာ….. ဒါ ဒီအိမ်က ဆွဲကြိုးချသေတဲ့ ကောင်မလေး အငယ်ဆုံးရဲ့ နာမည် ကြီးလေ…အာ…… သက်အောင်…မင်း…..မင်း..…"  ကျွန်တော် စကားမဆုံးခင်မှာပင် ကျွန်တော့်ဘက် သို့ ဖြည်းဖြည်းချင်းလှည့်လာနေသော ခုနကရပ်နေတဲ့သက်အောင်လို့ထင်ရတဲ့အရာ သက်အောင်မဟုတ်။ သူ့မျက်နှာက ကျွန်တော့်ကို ပြုံးပြနေသည်လား..၊ စိတ်ဆိုးနေသည်လား.. ကျွန်တော် မသိ..။ မျက်လုံးတစ် ၀ိုက် ညိုပုတ်နေကာ မျက်နှာတစ်ခုလုံး ယောင်ကိုင်းပုတ်ပွနေပြီး ပါးစပ်ထဲက လျှာတန်းလန်းကျနေသည်။ သူ့ဆံပင်တွေက မျက်နှာပေါ်မှာ အနည်းငယ်ဖုံးအုပ်နေပြီး ရင်ညွှန့်လောက်ထိ ရှည်လျားသည်။ သူ့ဆီမှ အပုတ်နဲ့လှိုင်လှိုင်ထွက်နေပြီး ကျွန်တော်နောက်ဆုံးမြင်လိုက်ရသည်က သူမခေါင်းထက်မှာပန်ထားသည့်.. .ခေါင်ရမ်းပန်းတစ်ပွင့် ကျွန်တော်သတိရလာတော့ ဆေးရုံပေါ်မှာ။ ဘေးနားမှာ မိသားစုတွေနှင့်အတူသက် .အောင်ကိုပါ တွေ့လိုက်ရသည်။  "သက်အောင်…ငါ…ငါ.. ဘာဖြစ်ခဲ့တာလဲ… မင်းရော.."  မင်းနဲ့ငါလောင်း ထားတာကို စိတ်စွဲပြီး မင်းဟာမင်း အိပ်မက်ယောင်ပြီး အဲ့ဒီအိမ်ကြီးထဲသွားခဲ့တာလေ..၊ sleepwalking လို့ခေါ်ရမှာပေါ့… မနက်ကျ မင်းကို မတွေ့လို့ လိုက်ရှာတော့မှ..  ဒီထဲမှာတွေ့တာ…."  "ဟင်…ဒါဆို… မင်း.မင်းကငါ့ဆီမလာဘူးလား…" "ငါမနေ့ကအလုပ်ကိစ္စနဲ့ ခရီးတစ်ခုထွက်သွားတာ ဒီမနက်မှပြေန်ရောက် တာလေ…"  "ဟာ….. ဒါဆို…. ဒါဆို….. ငါ……."  "ဒါနဲ့နေပါအုံး…မင်းက sleepwalking ဖြစ်ရင် ပန်းတွေ ဘာတွေ ခူးတတ်သလား… ငါတို့မင်းကိုတွေ့တော့ မင်းလက်ထဲမှာ ခေါင်ရမ်းပန်းကြီး တစ်ပွင်နဲ့…"  (ကဲ… သယ်ငယ်ချင်း တို့ရေ… အခုပဲ သင်ဘေးနားမှာရှိတဲ့.. ပြတင်းပေါက်တစ်ခုကို ဖွင့်ကြည့်လိုက်ပါ..။ သင့်ကို လက်ယပ်ခေါ်နေတဲ့ ပုံသဏ္ဍာန်တစ်ခုကို သင်တွေ့ရပါလိမ့်မယ်…)
Ref...

aunghtunoo.blogspot.com

အိမ်ထောင်ဖက်နဲ့ ပေါင်းဖက်ရ ဗေဒင်

  1. က
  2. စ်
  3. အ/ဥ 
 ကကြီး ကနေ အ/ဥ အထိ နံပါတ်အလိုက်ရေးထားပေးပါတယ်။
အဆင့် 1 - မိမိနာမည်ကိုပေါင်းပါ။(နာမည္အေ
ရှ့က မ၊မောင်၊နန်း၊ခွန်၊စိုင်း၊ စတာတွေထည့်တွက်စရာမလိုပါ။)
(ဥပမာ - မဖြူဖြူသော် ဆိုပါက မ ကိုထည့်တွက်စရာမလိုဘဲ ဖ + ဖ + သ = ရလဒ် ကိုသာ ယူရမှာဖြစ်ပါတယ်။)
အဆင့် 2 - မိမိချစ်သူ နာမည်ကိုပေါင်းပါ။
အဆင့် 3 - မိမိနာမည်ပေါင်းရလဒ်နှင့် မိမိချစ်သူနာမည်ပေါင်းရလဒ် နှစ်ခုကိုပေါင်းပါ။
အဆင့် 4 - နှစ်ခုပေါင်းရလဒ်ကို (၉) ဖြင့် စားပါ။ နောက်ဆုံးအကြွင်းကိုကြည့်ပါ။

အကြွင်း 1 ကြွင်းလျှင် ။ အသက်မကချစ်ကြမည်။
။ 2 ။ ။ ရင်နာစရာကြုံရမည်။
။ 3 ။ ။ ဘ၀ဖူးစာဖက်များဖြစ်သည်။
။ 4 ။ ။ နှစ်ဦးနှစ်ဖက် ပြေလည်မည်။
။ 5 ။ ။ အစကချစ်လည်း .. နောင်မုန်းမည်။
။ 6 ။ ။ တစ်ဦးက တစ်ဖတ်သက်သာချစ်ရရှာသည်။
။ 7 ။ ။ ချစ်သော်လည်း မညားကြချေ။
။ 8 ။ ။ မိဘများက သဘောမတူကြချေ။
။ 0 ။ ။ ဘယ်လိုမှ အပ်စပ်လို့မရနိုင်ပါဘူး တဲ့ ။
 
ဒီဟောချက်အတိုင်းတော့ (လုံးဝ) လက်ခံထားလို့မရဘူးပေါ့ အတိတ်ဘဝက ကုသိုလ်ကံရေစက်တွေနဲ့လဲ ဆိုင်မယ်တော့ထင်ပါတယ် ။
Ref: shwemantarlaywaiyan

ဒေါက်တာဆိတ်ဖွားကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ကြေညာမည်

အင်တာနက် စာမျက်နှာတွင် ဥပဒေထက်တွင် လွှတ်တော် ရှိနေသလား (Above the Law) ဟူသော ဆောင်းပါးဖြင့် ဝေဖန်ခဲ့သူ ဒေါက်တာဆိတ်ဖွား မည်သူ ဖြစ်သည်ကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ (ဇူလိုင် ၁ ရက်နေ့) ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် အစည်း အဝေး အစီအစဉ်ကို ကိုးကား၍ လွှတ်တော် ကိုယ်စားလှယ်များက ပြောကြား သည်။

ဒေါက်တာဆိတ်ဖွားကို စုံစမ်းဖော်ထုတ်ရန် ဖွဲ့စည်းထားသည့် လွှတ်တော်ကော်မရှင်က ဒေါက်တာ ဆိတ်ဖွား မည်သူဖြစ်သည်ကို ဖော်ထုတ်နိုင်ပြီ ဖြစ်ကြောင်းနှင့် ပထမအကြိမ် လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးများတွင် ကြေညာမည် ဖြစ်ကြောင်း ယင်းကော်မရှင်က ဇွန်လအတွင်းက ပြောကြားထားသည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အစီစဉ်များအရ ဒေါက်တာဆိတ်ဖွား ၏ အမည်ကို ပြည်ထောင်စုလွှတ်တော် နာယကက ထုတ်ဖော် ကြေညာမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

“ဒေါက်တာဆိတ်ဖွားက လာဝန်ခံထားတယ်လို့ ပြောတယ်လေ။ အဲတော့ နာမည် ကြေညာရုံပဲ ။ နာမည်ကြေညာမယ် အရေးယူမယူ ဆုံးဖြတ်မှာ ဖြစ်လိမ့်မယ်” ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း က ပြောကြားသည်။

ဒေါက်တာဆိတ်ဖွား ဆိုသူက ဇန်နဝါရီလအတွင်း အင်တာနက် စာမျက်နှာ တွင် Above the Law ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ် ရေးသားထားရာ ယင်းဆောင်းပါးတွင် လွှတ်တော်၏ လုပ်ဆောင် ချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ရုံမျှမက အခြေခံဥပဒေတွင် မည်သို့ ဆိုထား စေကာမူ လွှတ်တော် ဥက္ကဋ္ဌနှင့် အပေါင်းအပါများ မဲခွဲဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်ဟု စွပ်စွဲ ရေးသားထားခြင်း ဖြစ်သည်။

အဆိုပါ စွပ်စွဲရေးသားချက်နှင့် ပတ်သက်၍ ဆောင်းပါး ရေးသား သူကို ပြည်ထောင်စုလွှတ်တော်က ကော်မရှင် ဖွဲ့စည်းပြီး အရေးယူရန် ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ဖေဖော်ဝါရီလ အတွင်း ကျင်းပသည့် လွှတ်တော် အစည်း အဝေးတွင် အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့သည်။

ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ်နိုင်ရန် အစိုးရ ဝန်ကြီးဌာနများမှ အကြီးတန်း အရာရှိ ခြောက်ဦးနှင့် ပုဂ္ဂလိက သတင်းဂျာနယ်များမှ အယ်ဒီတာချုပ် ခုနစ်ဦးကို ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ကော်မရှင်ထံမှ သိရသည်။

Ref: The Voice Weekly

မေမေ..သားကို မချစ်တာမဟုတ်ပါဘူးနော်...


   တစ်လောကလုံး မှောင်မဲနေသည်။ ဘာဆို ဘာမျှ မမြင်ရ မကြားရ...။ တစ်ခုတော့ သိသည်။ ဒါကတော့ ကျွန်တော့်တစ်ကိုယ်လုံး ကျပ်ကျပ်တည်းတည်းနဲ့ အိတ်လေးတစ်လုံးထဲမှာ နေနေရခြင်း...။ ကျွန်တော် ဒီ အိတ်လေးထဲမှာ နေနေရတာ ၈လကျော် ၉လ ထဲရောက်နေပြီ....၊ တစ်ကယ်တော့ ဒီထဲမှာ နေရသည် လွယ်လှသည်တော့ မဟုတ်..၊ ဒုတ်ခအမျိုးမျိုးခံခဲ့ပြီး နေခဲ့ရတာ ဖြစ်သည်..၊ သို့သော်ငြား ကိစ္စမရှိ...၊ သိပ်မ ကြာခင် ကျွန်တော် ဒီကနေ ထွက်ရတော့မှာ ဖြစ်သည်...၊ ဒီ့အပြင်မှာ ဘာတွေရှိမလဲ..သိချင်စိတ်ကို မနည်း မျိုသိပ် ကြိတ်မှိတ်နေခဲ့ ရတာကြာပြီ... မကြာခင် အပြင်မှာဘာတွေ ရှိလဲ... ဘယ်လိုတွေ ဖြစ်နေလဲဆိုတာ ကျွန်တော် သိခွင့်ရတော့မည်....။  ဒီနေ့တော့ ကျွန်တော်နေရတာတကယ် မသက်သာတော့.. ဒီအိတ် ကနေ ထွက်ချင်နေသောကြောင့် ရုန်းကန်နေမိခဲ့သည်...။ ကဲ..ဒီနေ့တော့ဒီအိတ်ထဲကနေ ထွက်ဖြစ်အောင် ထွက်တော့မည်...။ ကျွန်တော် ရုန်းထွက်သည်။ ကန်ထွက်သည်..။ပထမဆုံးအကြိမ် အပြင်လောကကိုမြင် ရမှာဖြစ်သည့်အတွက် စိတ်လှုပ်ရှားနေမိသည်။ ကြောက်လည်းကြောက်နေမိသည်။ ကျွန်တော် အပြင်လော ကကို စတင်တွေ့ရှိလေပြီ...၊ သို့သော် ကျွန်တော်မကြည့်အားသေး...၊ ကျွန်တော် မွန်းကျပ်နေသည်..၊ အ သက်ရှုလို့မရ ခဏကြာတော့ ကျွန်တော်၏တင်ပါးကို ခတ်ဆတ်ဆတ်လေး ၂ ချက်လောက်ရိုက်တာခံလိုက် ရသည်။ နာလွန်းလှသဖြင့် ကျွန်တော် အော်ငိုလိုက်သည်။  ကျွန်တော် အပြင်လောက၏ အနံ့ကို စတင်ရရှိ လိုက်ပြီး လေကို အဆုတ်ထဲသို့ အားပါးတရ ရှုသွင်းလိုက်ပါသည်...။ ကျွန်တော် အပြင်လောကကိုရောက် .တော့အလွန်ကြောက်ပြီး အားငယ်မိသည်။ အပြင်ကိုထွက်လာရတာတောင်..... နောင်တရချင်သလိုလိုဖြစ် လာသည်။ အထဲမှာ အရင်အတိုင်းနေရရင် အကောင်းသားဟု ပြန်တွေးနေမိသည်။ မကြာပါ.နွေးထွေးသော လက်တစ်စုံသည် ကျွန်တော်ကို လာထွေးပွေ့သည်…၊ ကျွန်တော် အားယူပြီး မျက်စိဖွင့်ကြည့်လိုက်သည် ။ နွေထွေး မျက်ဝန်းတစ်စုံနဲ့ ကျွန်တော့်ကို ငုံကြည့်နေတဲ့ သက်ရှိလူသားတစ်ယောက်ကိုတွေ့လိုက်ရသည်။ ကျွန်တော့် ကို အိတ်ထဲမှာ ၈လကျော် ၉လကြာအောင် ဒုက္ခခံလွယ်ထားပေးတဲ့သူကို တွေ့တော့ပြောမပြ တတ်အောင် ကျေးဇူးမိတင်သည်..။
    စိတ်ထဲတွင် ဘယ်ကဘယ်လိုပေါ်ပေါက်လာ မှန်း မသိသော စကားလုံးနှစ်လုံးရောက်ရှိလာသည် “အမေ” ….၊  ဟုတ်ပါတယ်..၊ ဒါကျွန်တော့်ရဲ့ အမေပါ…၊ အားငယ်နေသော ကျွန်တော်အရမ်းအားတက် သွားသည်..၊ ကြောက်ရွံ့စိတ်တွေမရှိတော့..၊ သြော်.. လောကကြီးက ပျော်စရာကြီးပါလားနော်….၊ စိတ်ချပါ အမေ.. အမေသားကို မွေးမိတဲ့အတွက် ဒုက္ခမရောက်စေရပါဘူး… သားကြီးလာရင်လေ…အမေ့ကို သက် ဆုံးတိုင်ထိ လုပ်ကျွေးရင်း သားအမေ့ကျေးဇူးတွေ ပြန်ဆပ်ပါ့မယ်အမေ… နွေးထွေးမှုအပြည့်နဲ့အမေ့မျက်နှာ ကို တစ်ချက်မော့ကြည့်လိုက်သည်….၊ ဟင် …. အမေ့မျက်ဝန်းမှာ မျက်ရည်တွေနဲ့ပါလား.. အမေငိုနေတာ လား….၊ ဘာလို့ငိုနေရတာလဲ အမေရယ်…သားရောက်လာတာ မပျော်လို့လား..၊ သားဒီလောကကြီးမှာ လိမ်လိမ်မာမာနဲ့ နေပါ့မယ် အမေရယ်… မငိုပါနဲ့နော်အမေ...။ အမေ မျက်ရည်သုတ်တာတွေ့လိုက်ရသည်။ ကျွန်တော်အတော်ပျော်သွားသည်။ ကျွန်တော် စိတ်ထဲမှပြောတာကို အမေကြားသွားတာလား ? ကျွန်တော့် ကို အမေက အ၀တ်စတစ်ခုဖြင့် ထုတ်ပြီးချည်နှောင် ပေးလိုက်သည်..၊ ပြီးတော့ ကျွန်တော်ကို ချီပြီး တစ်နေ ရာကို ခေါ်သွားသည်။  အမေ ကျွန်တော်ကိုအောက်သို့ အသာလေးချလိုက်သည်။ ကျွန်တော်ဘေးပတ်ဝန်း ကျင်ကို ကြည့်လိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ညစ်ပတ်ပြီးနံဇော်နေသည်။ ယင်ကောင်တွေတလောင်း လာင်း ပျံဝဲနေပြီး ပုရွက်ဆိတ်များ၊ ပိုးဟတ်များနှင့် အခြားအကောင်ပေါင်းများစွာ ပျော်မွေ့နေသော အမှိုက် ပုံကြီးမှာ အမေဘာလုပ်မလို့ပါလိမ့် ??? အမေ ကျွန်တော့်ကို တစ်ချက်ကြည့်သည်..၊ ဒီအကြည့်ကစောနလို အကြည့်မျိုးမဟုတ်…ဒါမျိုးမကြည့်ပါနဲ့အမေရယ်. အမေ မျက်ရည်များကျလာပြန်သည်။ ပြီးတော့ ကျွန်တော့် ပါးကို တစ်ချက် နမ်းပြီး ချာကနဲ ပြေးထွက်သွားသည်…၊  “အမေ…” ကျွန်တော်အော်ခေါ်သည်၊အော်ငိုသည် ။ အမေ လှည့်မကြည့်..။ သားကို ဒီမှာ တစ်ယောက်တည်း မထားခဲ့ပါနဲ့ အမေရယ်…သားကြောက်လို့ပါ၊ “၀ုတ်..၀ုတ်..၀ုတ်..”….၊ ဘာသံပါလိမ့် ဘာကောင်ကြီးအော်နေတာပါလိမ့် ကြောက်စိတ်များကတဖြေဖြေး ချင်းရောက်လာသည်၊ ဘာကောင်တွေမှန်းမသိမျက်နှာနဲ့ကိုယ်ပေါ် တက်လာကြ သည်။ “အမေ.. အမေ…” ကျွန်တော် အားကိုးတကြီးအော်ခေါ်မိသည်။  ကျွန်တော် တစ်ကိုယ်လုံးလည်း တော်တော်အေးလာနေပြီ… မျက်စိများေ၀၀ါးလာသည်…၊ ခုနက အကောင်ကြီးအော်သံကိုလည်း မကြားရတော့ အသက်ရှုရလည်းကြပ် လာပြီ…တစ်လောက လုံး အမှောင်ကျနေပြီး … အရင်ကနေခဲ့ရသောဘ၀မျိုး ပြန်ရောက်သလိုခံစားရသည်။ သားမှာ ဘာအပြစ်ရှိလို့လဲ အမေရယ်... သားကိုဘာလို့ ခုလို တစ်ယောက်တည်းထားခဲ့ရလဲ.သားမှာ လူ သားဆိုလို့ အမေတစ်ယောက်တည်းပဲ မြင်ဖူးတာပါ.သားဒီလောကကြီးမှာ လိမ်လိမ်မာမာနေမှာပါ အမေ ရယ်…သားကို ပြန်လာခေါ်ပါနော်..သားကြောက်လို့ပါ..သားကိုတစ်ယောက်တည်း မထားခဲ့ပါနဲ့နော်..ခဏ တာမြင်ခဲ့ရသော.. အမေ့မျက်နှာကို ပြန်မြင်ယောင်မိသည်..၊ တစ်ဖြည်းဖြည်း အမှောင်လောကထုကြီးက ပို မိုဖုံးလွှမ်းလာသည်။ အသက်ပင်ရှုလို့မရတော့..၊ တစ်ကိုယ်လုံးလည်း…နာကျင်လှပြီ….ရင်ဘတ်မှာလည်း နိမ့်လိုက်မြင့်လိုက်နဲ့ မောဟိုက်နေသည်…၊ သားသွားတော့မယ် အမေ… သားကိုမွေးပေးခဲ့တဲ့ အမေ့ကို သားသိပ်ကျေးဇူးတင်ပါတယ်….ဒါပေမယ့် သားနောက်ဆုံးအနေနဲ့ ဆုတစ်ခုတော့ တောင်းချင်တယ် အမေ ရယ်…..သားလေနောက်နောင် ဖြစ်လေရာ ဘ၀တိုင်းမှာ… ဒါမျိုးအဖြစ်ဆိုးမျိုးနဲ့. မကြုံပါရစေနဲ့ မကြုံပါရစေ နဲ့…..  မကြုံပါရစေနဲ့….လို့………………….
အောင်ထွန်းဦး
Ref..aunghtunoo.blogspot.

မျောက်များကို နို့်တိုက်ပြီး မွေးမြူနေတဲ့ မျိုးနွယ်စု

  
 ရာဇီးနိုင်ငံမြောက်ဘက်ပိုင်းဒေသတွင် နေထိုင်သော Iwa အမည်ရလူမျိုးနွယ်စုသည် တောတွင်းနေထိုင် ကျက် စားကြသော လူရိုင်းများ ဖြစ်သည်။  အမဲလိုက်ခြင်းသည် အဓိက သူတို့ရဲ့အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်သော်လည်း မျောက်များကို အင်မတန်ချစ်မြတ်နိုးသူများဖြစ်သည်။ ၎င်းတို့မျိုးနွယ်စုမှအမျိုးသမီး အချို့က မျောက်များကိုနို့တိုက်ပြီး ကြီးပြင်းလာသည် အထိပြုစုစောင့်ရှောက်လေ့ရှိကြောင်း သိရသည်။ ရာ ဇီးနိုင်ငံမြောက်ဘက်ပိုင်းဒေသတွင် နေထိုင်သော Iwa အမည်ရလူမျိုးစုသည် တောတွင်း နေထိုင်ကျက်စား ကြသောလူရိုင်းများဖြစ်သည်။ အမဲလိုက်ခြင်းက အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်သော်လည်း .မျောက်များကို အင်မတန်ချစ်မြတ်နိုးသူများဖြစ်သည်။ ၎င်းတို့မျိုးနွယ်စုမှ အမျိုးသမီးအချို့သည် မျောက်များ ကို နို့တိုက်ပြီး ကြီးပြင်းလာသည် အထိ ပြုစုစောင့်ရှောက်လ့ရှိကြောင်း သိရ သည်။
 
Ref.. aunghtunoo.blogspot

ဒေသသုံးပါ၊ မရိုင်းပါ၊ မိမဆုံမ ဖမဆုံးမသားလဲမဟုတ်ပါ

"စိတ်ဝင်စားစရာကောင်းတာက တရုတ်လူမျိုးတွေကို ခေါ်ရာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူကြဘူး"
ကုလားလို့ခေါ်တာ ရိုင်းတယ်၊ မရိုင်းဘူး စတဲ့အညင်းအခုံ အီးမေးတွေ၊ စာတွေ တော်တော်များများ ဖတ်နေရတယ်။
ဒါပေမဲ့ မြန်မာလို တရုပ်လို့ အခေါ်ခံရတဲ့ တရုပ်မျိုးဆက်တွေဆီက ဘယ်လို အသံမှ မကြားရဘူး။ မကြာရရုံတင်မကဘဲ ဒီလို ဒေသသုံးဝေါဟာရတွေကို တရားဝင်တောင် အသိအမှတ်ပြုထားသလိုပါပဲ။
ကိုလိုနီခေတ်နဲ့ ကိုလိုနီမတိုင်မီခတ်အထိ နိုင်ငံခြားသားတွေကို မြန်မာလိုခေါ်ရာမှာ ဒီ နာ မည်သုံးမျိုးက ပေါ်ပြူလာအဖြစ်ဆုံး ဖြစ်ပုံရပါတယ်။
ကုလား (မည်း)
ကုလားဖြူ
တရုတ် ဒါတွေပါ။
ဒီနေ့ သတင်းစာမှာ "Tracing the history of Chinese immigrants" ဆိုတဲ့ ဆောင်းပါး ပါလာတယ်။ ဒီ ဆောင်းပါးက စင်္ကာပူ ပြည်ထဲရေး ဝန်ကြီးဟောင်း Lee Khoon Choy ပြုစုတဲ့ Gpldren Dragon Purple Phoenix သမိုင်းစာအုပ်ကို ဖတ်ညွှန်းသဘော ရေးထားတာပါ။
စိတ်ဝင်စားစရာကောင်းတာက တရုတ်လူမျိုးတွေကို ခေါ်ရာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူကြဘူး။

သူတို့ကို
အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်္ကာပူမှာ Peranakans
ဖိလစ်ပိုင်မှာ Mestizos
ထိုင်းမှာ lokjins
မြန်မာမှာ တရုတ် ကပြား (Tayoke kabya)
ကမ္ဘောဒီးယားမှာ Konkat Cen
ဗီယက်နမ်မှာ Min Huong
လာလိုမှာ Sino-Lao လို့ခေါ်ပြီး
ဘရူးနိုင်းမှာတော့ သတ်သတ်မှတ်မှတ် မရှိဘူးလို့ ဆိုပါတယ်။

သူ့ဘာသာစကားနဲ့ သူ ဒီလို ခေါ်ဝေါ်ကြတာကို ရိုင်းတယ်လို့ မဆိုနိုင်တော့ ဘူးထင်ပါတယ်။
မြန်မာလို ကုလား ဆိုတဲ့ ဝေါဟာရဟာလည်း ဒီလိုပါပဲ။ ကုလား ဆိုတဲ့ ဝေါဟာရမှာ အင်ဒီးယန်း၊ ဘင်္ဂါလီ၊ အရှေ့အလယ်ပိုင်းသားတွေနဲ့ အာဖရိကန်တွေတောင် ပါဝင်ပါတယ်။
တရုတ်တွေကတော့ (Tayoke kabya) လို့ ခေါ်တာကို နာကြပုံမရပါဘူး။ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်္ကာပူမှာဆိုရင် သူတို့ကိုသူတို့ ပရာနကန်းတွေလို့ ဂုဏ်ယူစွာနဲ့တောင် ပြောတတ်ကြသေးတယ်။

ဇင်ဝေသော်(ကမ်းလက်)

လူသေရဲ့ ခေါင်းတွေနဲ့ပြုလုပ်တဲ့ပွဲတော်



   သင်တို့လူသေတွေရဲ့အစိတ်အပိုင်းတွေနဲ့ ပျော်ရွှင်စွာ ကခုန်နေကြတဲ့လူတွေကို မြင်ဖူးပါသလား..၊ မမြင် ဖူးရင် Kurmun, Parui, Palashie, Kabajupur, Arachi စတဲ့နေရာတွေအပြင် အချို့နေရာတွေကို သွား လည်ကြည့်ပါ..။ အဲ့ဒီမှာ Chaitra Sankaranti ဆိုတဲ့ပွဲတော်မှာ Gajon Sanyasis လူမျိုးတွေဟာဆို လူသေ .တွေရဲ့အစိတ်အပိုင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွဲနေကြတာပါ..။ အထူးသဖြင့် လူသေတွေရဲ့ ခေါင်းတွေ နဲ့ပေါ့..။ ဗဟုသုတရသွားအောင် ပုံလေးတွေ ကြည့်လိုက်ကြပါအုံး။
Ref..aunghtunoo.blogspo
သင်တို့ လူသေတွေရဲ့ အစိတ်အပိုင်းတွေနဲ့ ပျော်ရွှင်စွာ ကခုန်နေကြတဲ့လူတွေကို မြင်ဖူးပါသလား..၊ မမြင်ဖူးရင် Kurmun, Parui, Palashie, Kabajupur, Arachi စတဲ့နေရာတွေအပြင် အချို့နေရာတွေကို သွားလည်ကြည့်ပါ..။ အဲ့ဒီမှာ Chaitra Sankaranti ဆိုတဲ့ပွဲတော်မှာ Gajon Sanyasis လူမျိုးတွေဟာ လူသေတွေရဲ့ အစိတ်အပိုင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွဲနေကြတာပါ..။ အထူးသဖြင့် လူသေတွေရဲ့ ခေါင်းတွေနဲ့ပေါ့..။ ဗဟုသုတရသွားအောင် ပုံလေးတွေ ကြည့်လိုက်ကြပါအုံး...။ - See more at: http://aunghtunoo.blogspot.com/#sthash.8TK8beHU.dpuf
သင်တို့ လူသေတွေရဲ့ အစိတ်အပိုင်းတွေနဲ့ ပျော်ရွှင်စွာ ကခုန်နေကြတဲ့လူတွေကို မြင်ဖူးပါသလား..၊ မမြင်ဖူးရင် Kurmun, Parui, Palashie, Kabajupur, Arachi စတဲ့နေရာတွေအပြင် အချို့နေရာတွေကို သွားလည်ကြည့်ပါ..။ အဲ့ဒီမှာ Chaitra Sankaranti ဆိုတဲ့ပွဲတော်မှာ Gajon Sanyasis လူမျိုးတွေဟာ လူသေတွေရဲ့ အစိတ်အပိုင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွဲနေကြတာပါ..။ အထူးသဖြင့် လူသေတွေရဲ့ ခေါင်းတွေနဲ့ပေါ့..။ ဗဟုသုတရသွားအောင် ပုံလေးတွေ ကြည့်လိုက်ကြပါအုံး...။ - See more at: http://aunghtunoo.blogspot.com/#sthash.8TK8beHU.dpuf
သင်တို့ လူသေတွေရဲ့ အစိတ်အပိုင်းတွေနဲ့ ပျော်ရွှင်စွာ ကခုန်နေကြတဲ့လူတွေကို မြင်ဖူးပါသလား..၊ မမြင်ဖူးရင် Kurmun, Parui, Palashie, Kabajupur, Arachi စတဲ့နေရာတွေအပြင် အချို့နေရာတွေကို သွားလည်ကြည့်ပါ..။ အဲ့ဒီမှာ Chaitra Sankaranti ဆိုတဲ့ပွဲတော်မှာ Gajon Sanyasis လူမျိုးတွေဟာ လူသေတွေရဲ့ အစိတ်အပိုင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွဲနေကြတာပါ..။ အထူးသဖြင့် လူသေတွေရဲ့ ခေါင်းတွေနဲ့ပေါ့..။ ဗဟုသုတရသွားအောင် ပုံလေးတွေ ကြည့်လိုက်ကြပါအုံး...။ - See more at: http://aunghtunoo.blogspot.com/#sthash.8TK8beHU.dpuf
သင်တို့ လူသေတွေရဲ့ အစိတ်အပိုင်းတွေနဲ့ ပျော်ရွှင်စွာ ကခုန်နေကြတဲ့လူတွေကို မြင်ဖူးပါသလား..၊ မမြင်ဖူးရင် Kurmun, Parui, Palashie, Kabajupur, Arachi စတဲ့နေရာတွေအပြင် အချို့နေရာတွေကို သွားလည်ကြည့်ပါ..။ အဲ့ဒီမှာ Chaitra Sankaranti ဆိုတဲ့ပွဲတော်မှာ Gajon Sanyasis လူမျိုးတွေဟာ လူသေတွေရဲ့ အစိတ်အပိုင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွဲနေကြတာပါ..။ အထူးသဖြင့် လူသေတွေရဲ့ ခေါင်းတွေနဲ့ပေါ့..။ ဗဟုသုတရသွားအောင် ပုံလေးတွေ ကြည့်လိုက်ကြပါအုံး...။ - See more at: http://aunghtunoo.blogspot.com/#sthash.8TK8beHU.dpuf

ဘယ်လောက် အတိုင်းအတာ လိုချင်လဲသိပါ

ကျွန်တော်တို့ လိုချင်တာတွေကတော့ အများကြီးပေါ့ဗျာ၊ ကောင်းပြီ … ကျွန်တော် လိုချင်တာ ကိုတော့ ကျွန်တော်သိတယ်၊ ခင်ဗျားလည်း ခင်ဗျားလိုချင်တာကို သိမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါဆိုရင် ခင်ဗျား ဘာာကို တကယ့် တကယ် လိုချင်လဲ ဆိုတာ သိဖို့က အရေးကြီးတယ်၊ တစ်ခါတစ်လေမှာ ကိုယ်လိုချင်တဲ့ အရာတွေကို တစ်ခုနဲ့ တစ်ခု ထိပ်တိုက်ယှဉ်ကာ စဉ်းစားဖို့ လိုပါတယ်။ ခင်ဗျားရဲ့ ဦးစားပေး လိုချင်တာက ဘာလဲဆိုတာ မသိဘဲ လုပ်ဖို့ဖို့ နည်းနည်းတော့ခက်ပါလိမ့်မယ်။

လူတွေဟာ သူတို့လိုချင်တယ်လို့ ထင်ရတဲ့ အရာတွေဟာ တကယ်မလိုချင်တာလည်း ဖြစ်တတ်တယ်။ မကြာခဏဆိုသလို တကယ် ကြီးကြီးမားမား လိုချင်တာတွေ အတွက် သေးသေးမွှားမွှား ကိစ္စလေး တွေကို စွန့်လွှတ် လိုက်ရတယ်။ မိသားစုအတွက် အချိန်ပေးချင်တာ နဲ့ ရာထူးတိုးဖို့ ကိစ္စ အဲဒီလိုမျိုးယှဉ်လာရင် မိသားစုအတွက် အချိန်ပေးချင်တာကို တကယ် လိုချင်တဲ့သူတွေအတွက် ရာထူးတိုးဖို့ ကိစ္စကို ဦးစားပေးလိုက်ရင် မိသားစုအတွက် အချိန်တွေထဲက နာရီပေါင်းများစွာ ပေးလိုက် ရမှာကြောင့် အဲဒီရာထူးတိုးဖို့ ဆိုတာကို လက်လွှတ်လိုက်ရတာမျိုးလည်းရှိတယ်။ လူတွေ ဘယ်နေရာမှာ ကြော့ကြော့မော့မော့လေး အဆင်ပြေနေကြတယ်ဆိုတာ သူတို့ သတ်မှတ်ထားတဲ့ တကယ်လိုချင်တာ၊ တကယ် ဦးစားပေးတာ က ဘာလဲဆိုတဲ့ အပေါ်မူတည် ပါတယ်။

ဥပမာပေါ့ ခင်ဗျား မိသားစု ဘဝတစ်ခုကို ဘယ်လောက် အတိုင်းအတာက စချင်လဲ … ? ခုနေတဲ့ နေရာထက် အတွေ့အကြုံ ပိုရမယ့် နေရာတစ်ခုကို ပြောင်းရွှေ့ဖို့ အတိုင်းအတာ လုံလောက်ပြီလား … ? မျှော်လင့်ထားတဲ့ အနာဂတ်မှာ နိုင်ငံရပ်ခြားကို အားလပ်ရက် လျှောက်သွားတာတွေကို စွန့်လွှတ် လိုက်ဖို့ လုံလောက်ပြီလား … ? ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းကို နှစ်အနည်းငယ် အတွင်းမှာ ဆက်တည်နေဖို့ လုံလောက်ပြီလား … ? အရာအားလုံး ပိုင်ဆိုင်ခွင့်ရတဲ့သူ ဆိုတာ မရှိပါဘူး။ ဒါကြောင့်မို့ ခင်ဗျား ရည်ရွယ်ထားတဲ့ အထူးသဖြင့် ခင်ဗျား မိသားစုအတွက်ပဲ ဖြစ်ဖြစ်၊ အခြားကိစ္စတွေအတွက် ပဲဖြစ်ဖြစ် ခင်ဗျားလိုချင်ကောင်း လိုချင်နိုင်မဲ့ အရာတွေ၊ တိကျသေချာတဲ့အရာတွေကို ဘယ်လောက်လိုချင်လဲ …? ဆိုတာ ခင်ဗျား အဖြေထုတ်လိုက်ပါ။

Ref: အောင်ကိုဦး (UMK)

ပြင်ဦးလွင်မြို့တွင် ရပ်ထားသည့် ဆိုင်ကယ်မှ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး နှစ်ဦးဒဏ်ရာရ

ပြင်ဦးလွင် အားကစားကွင်း တိုက်တန်းရှေ့တွင် ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့သော ဆိုင်ကယ်ကို တွေ့ရစဉ်

ပြင်ဦးလွင်မြို့တွင် ဇွန် ၃၀ ရက် မွန်းလွဲ ၁ နာရီ ၀န်းကျင်ခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြင်ဦးလွင်-လာရှိုး လမ်းမကြီးပေါ်ရှိ ပြင်ဦးလွင် အားကစားကွင်း တိုက်တန်းရှေ့တွင် ရပ်ထားသည့် မော်တော်ဆိုင်ကယ်မှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ နေရာတွင် ဖြတ်သန်းသွားလာ နေသူနှစ်ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"လားရှိုးလမ်းမပေါ်က နေမင်း ဂျုံ၊ ပြောင်း၊ ပဲ၊ နှမ်းပွဲရုံရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကနေ ပေါက်ကွဲတာ။ အားကစားကွင်း တိုက်တန်းက ဆိုင်ခန်းအချို့မှာ ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတာတွေ ရှိတယ်။ ဗိုလ်လောင်းတစ်ဦးနဲ့ နောက်တစ်ဦးလည်း အနည်းငယ် ထိခိုက်ဒဏ်ရာရတယ်။ တစ်ဦးကိုတော့ ဆေးခန်းကနေ ဆေးရုံတင်လိုက် ရတယ်လို့ သိရတယ်" ဟု ပြင်ဦးလွင်မြို့မှ ကိုဖိုးဇော်က ပြောသည်။

"ပေါက်ကွဲမှု ဖြစ်ပြီးတော့ စစ်တပ်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ရောက်လာပြီး စစ်ဆေးမှုတွေ ချက်ချင်းလုပ်တယ်။ ဆိုင်ကယ်ပိုင်ရှင် မသိရဘူး။ ဘယ်ချိန်က လာရပ်ထားတယ်ဆိုတာ မသိရဘူး။ ပေါက်ကွဲမှုဖြစ်တဲ့ တိုက်ခန်းနားက ဆိုင်ရှင်အမျိုးသမီး တစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရတယ်လို့ သိရတယ်။ ဒဏ်ရာရတဲ့သူ နောက်နှစ်ဦးက ဗိုလ်လောင်းတစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးလို့ သိရတယ်" ဟု ပြင်ဦးလွင် မြို့ခံတစ်ဦးက ပြောသည်။ "ဘာကြောင့်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ စိစစ်ဆဲပါ။ ဆိုင်ကယ်က ပေါက်တယ်လို့ အတိအကျပြောလို့ မရနိုင်သေးပါဘူး။ တရုတ်ဆိုင်ကယ် ဖြစ်တယ်။ အကြောင်းကြောင်းကြောင့် ၀ိုင်ယာရှော့ဖြစ်ပြီး ဓာတ်ဆီနဲ့လောင်လို့ ပေါက်ကွဲတာလည်း ဖြစ်နိုင်ပါတယ်။ အများပြောနေတဲ့ ဗုံးလာကပ်တာလည်း ဖြစ်နိုင်ပါတယ်။ အတိအကျ မသိသေးပါဘူး။ ပေါက်ကွဲသွားတဲ့ ဆိုင်ကယ်နဲ့ ပတ်သက်ပြီး စုံစမ်းနေပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိုးငြိမ်းက ဇွန် ၃၀ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြား သတင်းအစီအစဉ်တွင် ပြောကြားခဲ့သည်။

Ref: EMG

HIV ဖြစ်ဖြစ်ချင်း ဆေးသောက်ရေး WHO ပြောကြား


    WHOရဲ့ လမ်းညွှန်ချက်ထဲမှာတော့ HIVပိုးရှိသူတွေ အနေနဲ့ရောဂါနုတုန်း ဆေးစသောက်တာက ပိုပြီး ထိရောက်နိုင်ပြီး လာမယ့် ၂၀၂၅ခုမှာ အေအိုင်ဒီအက်စ်ရောဂါသည် ပေါင်းသုံးသန်းအသက်ကယ်နိုင်မယ် လို့ပြောထားပါတယ်။ ဆေးသုံးမျိုးစပ် တလုံးထဲကို HIV ပိုးရှိသူတွေကို သူတို့ခုခံမှု အားကောင်းနေတဲ့အချိန် မှာ တိုက်ကျွေးမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အယ်ဂျီးယား၊ အင်ဂျင်တီးနားနဲ့ ဘရာဇီးတို့မှာ စဲပြီးသုံးနေပါ တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ HIV ကူးစက်သူပေါင်း ၁၆သန်းကနေ ၂၆သန်းအထိ တိုးလာနေတဲ့အတွက် ဒီ လိုဆေးစောတိုက်တဲ့စနစ်ဟာ အဲဒီရောဂါသည်တွေအတွက် အကျိုးရှိနိုင်တဲ့ ပေါ်လစီသစ်လို့လည်း WHO ကပြောပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အေအိုင်ဒီအက်စ်ရောဂါကုဖို့ အမေရိကန်ဒေါ်လာသန်း၂၃၀၀လောက် ကုန်ကျနိုင်ပြီး အခုကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့အစီအစဉ်အရ ၁၀ရာနှုန်းကုန်ကျစရိတ် ပိုမြင့်လာဖို့ပဲရှိပါတယ်။ .နေစဉ်သောက်ရမယ့်တလုံးထဲ ပေါင်းဆေးသုံးမျိုးထုတ်တဲ့ ကုမ္ပဏီကြီး၅ခုက တနှစ်တွင်တယောက်ကို ဒေါ် လာ ၁၂၇ ကျမယ့်အစီအစဉ်အတွက်ဈေးလျှော့ပေးဖို့လည်း ညှိနှိုင်းနေတုန်းဖြစ်ပါတယ်။ ဒီအစီအစဉ်အသစ် အရရောဂါပိုးရှိသူ အသက်၅နှစ်ကလေးများ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို လည်းဆေးတိုက်ကျွေးမ မှာဖြစ်ပါတယ်။
Ref....ဘီဘီစီ (မြန်မာပိုင်း)

မြန်မာ့ငွေဈေး(1.7.2013 10:00AM)

ဝယ်ဈေး ရောင်းဈေး
1 အမေရိကန် USD = Ks 970(~) Ks 977(~)
1 စင်္ကာပူ SGD = Ks 759(~) Ks 771 (~)
1 ဥရောပငွေ EUR = Ks 1253(~) Ks 1273 (~)

ကမ္ဘာ့ငွေဈေး(1.7.2013 10:00AM)
USD 1 ဒေါ်လာနှင့်ညီမျှငွေ
စင်ကာပူ SGD 1.2672 (-0.0014)
ထိုင်း Baht 31.0500(-0.0450)
မလေးရှား Ringgit 3.1725 (-0.0047)
တရုတ် Yuan 6.1376(~)
အိန္ဒိယ Rupee 59.5335(-0.1265)
ဘင်္ဂလားဒေ့ရှ် Taka 77.7600 (-0.0650)
တောင်ကိုရီးယား Won 1138.1650(-3.9850)
ထိုင်ဝမ် TWD 29.9685 (-0.0015)
ဂျပန် Yen 99.2700(+0.0550)
ဥရောပငွေ EUR 0.7678(+0.0009)
ၾသစေၾတးလ် AUD 1.0902(+0.0133)
အင်္ဂလန် GBP 0.6573(+0.0020)

ကမ္ဘာ့ရွှေဈေး(1.7.2013 10:00AM)
1 အောင်စ USD 1241.6000(+7.4000)
မြန်မာ့ရွှေဈေး(1.7.2013 10:00AM)
ယမန်နေ့ပိတ်ဈေး
Ks 678,000
(ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ကူညီပေးပို့ပါသည်)

ရန်ကုန်စက်သုံးဆီဈေး(1.7.2013)
Premium Diesel (1L) Ks 900
Diesel (1L) Ks 870

Octane (95) (1L) Ks 1070

Octane (92) (1L) Ks 870

ဓာတ်ဆီ (1L) Ks 814
Ref: Skynet TV Browser

ဂျက်အင်ဂျင်တောင်ပံဖြင့် မိုးပေါ်ပျံသူ

 
သူက သာမန်လူတစ်ဦးပါပဲ။ သို့ပေမယ့် ဂျက်အင်ဂျင်တပ် တိုက်လေယာဉ်တောင်ပံ နဲ့ မိုးပေါ်ပျံသန်းမှုကြောင့် ကမ္ဘာ့ပထမဆုံး ဂျက်လူသား အဖြစ် အမည် တွင် စေပါတယ်။ဆွစ်ဇာလန်နိုင်ငံက Yves Roosy အမည်ရ တိုက်လေယာဉ်မှူးဟောင်း တစ်ဦးရဲ့  စွန့်စားမှုပါ။ ဒီအတွက် သူ ၁၀ နှစ်အချိန်ပေး ရပါတယ်။ တိုက်လေယာဉ်ပုံစံ တောင်ပံကို လူခန္ဓာကိုယ်မှာ တပ်ဆင်လို့ ရအောင် အစွမ်းကုန် ကြိုးပမ်းခဲ့ပြီး ဆွစ်ဇာလန်က ရေခဲတောင်များ၊ အင်္ဂလန် ချယ်နယ်၊ Grand Canyon အစရှိတဲ့ ကမ္ဘာ့နာမည်ကြီး တောင်နဲ့ ချောက် ကမ်း ပါးများကို ဖြတ်သန်း မောင်းနှင် ပါတယ်။ဂျက်အင်ဂျင် လေးလုံးတောင် တပ်ထားတာပါ။ ဒါကြောင့် တစ်နာရီ မိုင် ၁၉၀ ဝန်းကျင် မောင်းနှင်နိုင်ပါတယ်။

Ref: autoblog

ရှမ်းလူမျိုး၂ဦးအား KIA အဖွဲမှ ရက်ရက်စက်စက်သတ်ဖြတ်

KIA တပ်ဖွဲ့ဝင်မှတစ်ဦးပေးပို့သော ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်ဖြစ် ပါတယ် မြန်မာပြည်မြောက်ပိုင်းမှာ ၂၀၁၁ခုနှစ်၊ ဇွန်လလောက်ကစပြီးတပ်မတော်နဲ့KIA အဖွဲ့တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတယ်။ ဒေသခံတွေအနေနဲ့လည်း တပ်မတော်စစ်ကြောင်းတွေဝင်လာရင်နယ်မြေအခြေအနေတွေမေးလို့ပြောရဆိုရတာရှိတယ်၊ တစ်ဖက် မှာလဲKIAကရွာသားအချို့ကိုစစ်တပ်ရဲ့သတင်း...ပေးလို့စွပ်စွဲပြီး သတ်ဖြတ်တာတွေ ရှိတယ် ။ဒီပုံ ကတော့ ကချင်ပြည်နယ်ဖားကန့်မြို့နယ်တွင်းက KIA တပ်ရင်း(၆)ရှိတဲ့ ကံဆီးကျေးရွာဘက်မှာ အပြစ်မဲ့ ရှမ်းလူမျိုး ရွာသား ၂ ဦးကိုစစ်တပ်ရဲ့သတင်းပေးလို့စွပ်စွဲပြီး လူသားချင်းကိုယ်ချင်းစာနာစိတ်ကင်းမဲ့စွာနဲ့ တိရစ္ဆာန်များလို ရက်ရက် စက်စက် သတ်ဖြတ်နေတဲ့ပုံပဲဖြစ်ပါတယ်။




Ref: Branmon

ပြည်တွင်းဖုန်းခေါ်ဆိုမှုများ ဈေးနှုန်းကျဆင်း

ယခုမနက်အတွင်း ပြည်တွင်းဖုန်းခေါ်ဆိုမှုများ ၈ကျပ်ဖြစ်သွားပါတယ်။ ၈ကျပ်ဆိုသော်လည်း ဖုန်းတစ်ခါနှင့် တစ်ခါတွင် ငြိမ်သက်မှုမရှိသေးဘဲ တစ်ခါတစ်ရံ နှစ်မိနစ် နှစ်ဆယ်ခန့်ကျသည်ကို တွေ့ရပါတယ်။ Message ပို့ခြင်းကိုတော့ ယခင်ဈေးနှုန်းအတိုင်း တစ်စောင် ၂၅ဖြင့်သာ ဆက်လက်ကောက်ခံနေပါတယ်။ ဖုန်းခေါ်ဆိုမှုဈေးများ ငြိမ်သက်မှုမရှိသေးဘဲ မိနစ်များများ ပြောလျင် လျော့နည်း၍ ကျသင့်သော ပုံစံလေး ဖြစ်နေပါတယ် ။

Ref: ITgroup

လူငယ်အများစုပါဝင်သော ဘရာဇီးအသင်းရဲ့အောင်မြင်မှုလမ်းစ

FIFA Confederations Cup ချန်ပီယံ (၃)ကြိမ်ဆက်ရသွားတဲ့ ဘရာဇီး
........................................................................................
2013 FIFA Confederations Cup ဗိုလ်လုပွဲမှာ ဘရာဇီးအသင်းက စပိန်အသင်းကို
၃ ဂိုး ဂိုးမရှိနဲ့ နိုင်သွားပါတယ်။။။
BRAZIL 3 - SPAIN 0

Goals: Fred 2, 47, Neymar 44

Man of the match == NEYMAR (Brazil)
============================
FIFA Fair Play Award =SPAIN
=============================
Golden Boot ==Fernando TORRES (Spain)
Silver = Fred (Brazil)
Bronze = NEYMAR (Brazil)
=========================
Golden Glove

Cesar (Brazil)
========================
Golden Ball

Golden Ball==NEYMAR (Brazil)
Silver = Aniesta (Spain)
Bronze = Paulihno (Brazil)
=========================

နိုင်ငံခြားဖုန်းခေါ်ဆိုမှု

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ယနေ့ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ GSM နှင့် WCDMA(3G)စနစ်သုံး မိုဘိုင်းဖုန်းများ၏ နိုင်ငံခြားခေါ်ဆိုခနှုန်းထားများအား မြန်မာကျပ်ငွေတမျိုးတည်းဖြင့် ကောက်ခံတော့မည် ဖြစ်ပါသည်။ ယခင် နိုင်ငံခြားခေါ်ဆိုရန်အတွက် အဖ်အီးစီ ငွေဖြည့်သွင်းထားသည်များအားလည်း ယခင်နှုန်းထားတိုင်း အသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး ၎င်းငွေလက်ကျန် ကုန်ဆုံးမှသာ နိုင်ငံခြားခေါ်ဆိုခများအား မြန်မာကျပ်ငွေဖြင့်ကောက်ခံသွားမည်ဖြစ်ပါသည်။ CDMA 800 နှင့် CDMA 450 မိုဘိုင်းဖုန်းများ၊ အော်တိုတယ်လီဖုန်းများ၏ နိုင်ငံခြားခေါ်ဆိုခမှာ မူလအတိုင်း ပြောင်းလဲမှု မရှိသေးပဲ မကြာခင် ယခုကဲ့သို့ ပြောင်းလဲသွားမည်ပာု သိရှိရပါသည်။

စိတ်ကြွ ရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

 
တာချီလိတ် မြို့နယ်၌ ယမန်နေ့က မူးယစ်(အထူး)အဖွဲ့မှ ရဲအုပ် ဇော်ဝင်းထွန်း ဦးစီး အဖွဲ့သည် ဝမ်ကောင်း ရပ်ကွက်ရှိ ပွင့်ဦး ဗီဒီယိုခွေ ငှားဆိုင်အနီးတွင် ခြေကျင် လျှောက်လာသူ အဂျူး(ဘ) ဦးစံလော့ပ် ဖားဟိရွာ လွယ်တော်ခမ်း ကျေးရွာ နေသူအား မသင်္ကာ၍ စစ်ဆေးရာ ၎င်း၏ ဘောင်းဘီအိတ်ကပ် အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် အပြာရောင်အတွင်း ထည့်လျက် WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ် ဆေးပြား ၁၉ဝ အလေးချိန် ၁၉ ဂရမ် ကာလ တန်ဖိုးငွေကျပ် ၃၈ဝဝဝဝ ကိုတွေ့ရှိ၍ ဒုတိယ ရဲအုပ် မြင့်ထွေးက ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး တာချီလိတ် ရဲစခန်း၌ အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Ref: မြဝတီ

စိုက်ပျိုးချိန်ရောက်ပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံ အထက်ပိုင်းတွင် မိုးရေချိန် အလုံအလောက် မရရှိခြင်းကြောင့် တောင်သူများ အခက်ကြုံ

နှမ်းစိုက်လုပ်ငန်းခွင် တစ်ခုကို ဇွန်လအတွင်းက တွေ့ရစဉ်

ယခုနှစ်မိုးရာသီ၏ စိုက်ပျိုးချိန်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် လုံလောက်သော မိုးရေချိန်ကို မရရှိသေးသဖြင့် တောင်သူများ အခက်ကြုံလျက်ရှိကြောင်း သတင်းရရှိသည်။အနောက်တောင် မုတ်သုံလေသည် မေလစတုတ္ထပတ် အတွင်းက မြန်မာတစ်နိုင်ငံလုံးသို့ ၀င်ရောက်ခဲ့ ပြီဖြစ်သော်လည်း မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် ဇွန် ၃၀ ရက်အထိ မိုးရွာသွန်းရက် ခုနစ်ရက် အောက်သာရှိခဲ့ပြီး ဒေသအချို့တွင် နေရာကွက်ပြီး မိုးခေါင်လျက် ရှိနေကြောင်း သိရသည်။
 
ပုံမှန်အားဖြင့် အထက်မြန်မာပြည် တစ်ကြောတွင် ဇူလိုင်လ၏ ဒုတိယရက် သတ္တပတ် နောက်ဆုံးထားကာ စိုက်ပျိုးလေ့ရှိပြီး စပါးစိုက်ပျိုးမှုမှာ လက်ရှိမိုးရေချိန်များကြောင့် စိုက်ပျိုးမြေ ထွန်ယက်ရန်ပင် ခက်ခဲလျက်ရှိကြောင်း သိရသည်။ မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် အဓိက အခက်ကြုံရသူများမှာ မိုးကောင်းလယ် စိုက်ပျိုးသူများ ဖြစ်ပြီး အထက်မြန်မာပြည်တွင် မိုးကောင်းလယ်မြေဧက သိန်းပေါင်းများစွာ ရှိနေသည်။


မိုးဦးနောက်ကျမှုနှင့် မိုးရေချိန် မလုံလောက်မှုတို့ကြောင့် သီးနှံမျာပျက်စီးခဲ့ကာ ပြန်လည်စိုက်ပျိုးရမှုကြောင့် စိုက်ပျိုးစားရိတ် ကုန်ကျမှုများပိုမိုလာခဲ့ရသည်။နောက်မိုးအလိုက်နည်းပါး မှုကြောင့်  ရေနံချောင်း၊ချောက်၊ ဆိပ် ဖြူမြို့နယ် များတွင် သက်ရင့်မြေပဲကို စိုက်ပျိုးနိုင်ခြင်း မရှိတော့ဘဲ ၀ါဆိုပဲ ခေါ် ပင်တောင်သက်နုမြေ စိုက်ပျိုးရန်ကိုပင် စောင့်ဆိုင်းနေရသည့်အခြေ အနေ ဖြစ်လျက်ရှိသည်။



''အခုမိုးက မေလပိုင်းမှာ ရွာတယ်ဆိုရုံလေး ရွာလိုက်တယ်။ စိုက်ဖို့မပြောနဲ့ လယ်မြေထွန်ဖို့တောင် မိုးရေက မရဘူး။ မနှစ်ကလည်း မိုးခေါင်လို့ အခက်တွေ့တယ်။ ဒီနှစ်သာ ဆက်ခေါင်မယ်ဆိုရင် မတွေးရဲလောက်အောင် တောင်သူတွေ အခက်တွေ့ကြ ရတော့မယ်'' ဟု ရွှေဘိုမြို့နယ် ညောင်ရင်းကုန်း ကျေးရွာမှ တောင်သူတစ်ဦးက ဆိုသည်။အထက်မြန်မာပြည်တွင် စပါးအဓိကစိုက်ပျိုးရာ ရွှေဘိုနယ်၌ အဓိက စိုက်ပျိုးရေရရှိသော သဖန်းဆိပ်ဆည်မှာ ရေနည်းပါးလျက်ရှိနေပြီး လက်ရှိရေ ပမာဏမှာ ဧက ပေ ၇ သိန်း ၁ သောင်းခန့်သာ ရှိနေကြောင်းနှင့် မိုးခေါင်ခဲ့သော ယမန်နှစ်ထက်ပင် ရေပမာဏ နည်းပါးနေကြောင်းလည်း သိရသည်။
 
''မနှစ်က ဒီလိုအချိန် သဖန်းဆိပ်ဆည်မှာ ရေပမာဏ ဧကပေ ၁၁ သိန်း ၇ သောင်းခွဲ ရှိတယ်။ ဒီနှစ်တော့ ၇ သိန်း ၁ သောင်းပဲ ရှိတယ်။ မိုးရွာဖို့ပဲ မျှော်ရမှာပေါ့'' ဟု ရွှေဘို ဆည်မြောင်းဌာန အရာရှိ တစ်ဦးက ပြောကြားသည်။ရွှေဘိုခရိုင်တွင်းရှိ ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ ကန့်ဘလူ မြို့နယ်များတွင်လည်း လက်ရှိမိုးရွာသွန်းမှု မရှိသေးခြင်းကြောင့် စိုက်ပျိုးချိန် အခက်အခဲများ ကြုံတွေ့နေကြရသည်။

''ဆည်ရေသောက် လယ်မြေဆိုပေမယ့် မိုးခေါင်တော့ မနှစ်က ဆိုးဆိုးဝါးဝါး ထွက်နှုန်းလျော့ခဲ့တယ်။ ဒီနှစ်လည်း ရာသီဥတုက ဒီပုံအတိုင်း ဆက်သွားမယ်ဆိုရင် တောင်သူတွေ အကြွေးသံသရာ ဆုံးမှာ မဟုတ်တော့ဘူး'' ဟု ရွှေဘိုနယ် လိပ်ချင်းကျေးရွာမှ တောင်သူတစ်ဦးက ဆိုသည်။မကွေးတိုင်း ဒေသကြီးရှိ မြို့နယ်များတွင်လည်း မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် စပါး၊ နှမ်း၊ မြေပဲ စသော သီးနှံစုံစိုက်ပျိုးချိန် အခက်အခဲများ တွေ့ကြုံနေကြကြောင်း သိရသည်။ မိုးဦးနောက်ကျမှုနှင့် မိုးရေချိန် မလုံလောက်မှုတို့ကြောင့် သီးနှံများ ပျက်စီးခဲ့ကာ ပြန်လည်စိုက်ပျိုးရမှုကြောင့် စိုက်ပျိုးစားရိတ် ကုန်ကျမှုများ ပိုမိုလာခဲ့ရသည်။ ထို့ပြင် နောက်မိုး အလိုက်နည်းပါးမှုကြောင့် ရေနံချောင်း၊ ချောက်၊ ဆိပ် ဖြူမြို့နယ်များတွင် သက်ရင့်မြေပဲကို စိုက်ပျိုးနိုင်ခြင်း မရှိတော့ဘဲ ၀ါဆိုပဲ ခေါ် ပင်တောင်သက်နုမြေပဲ စိုက်ပျိုးရန်ကိုပင် စောင့်ဆိုင်းနေရသည့် အခြေအနေ ဖြစ်လျက်ရှိသည်။
 
''မြေပဲက တစ်ဧကကို မျိုးစေ့ဖိုး၊ ထွန်ရှဉ်းခ၊ ဓာတ်မြေသြဇာဖိုး အပါအ၀င် ကုန်ကျစရိတ် နှစ်သိန်းကျော်လောက် ရှိတယ်။ နှမ်းကတစ် သိန်းခွဲလောက် ကုန်တယ်။ မိုးကြိုကျဲခဲ့တဲ့ နှမ်းက သုံးခါလောက် ပြန်စိုက်ရတော့ ရာသီဥတု ထပ်မဖောက်ဘဲ ထွက်နှုန်းကောင်းလွန်းမှပဲ တွက်ခြေကိုက်တော့မယ်'' ဟု မကွေးမြို့နယ် ဒဟတ်ကန်ကျေးရွာ တောင်သူတစ်ဦးက ဆိုသည်။မကွေးတိုင်း ဒေသကြီးတွင် မိုးခေါင်ခြင်းနှင့် ရာသီဥတု ဖောက်ပြန်ခြင်းများကြောင့် တောင်သူများ သုံးနှစ်ဆက်တိုက် အရှုံးပေါ်ခဲ့ရပြီး ယခုနှစ်တွင်လည်း မကွေးတိုင်းတွင်းရှိ တောင်တွင်းကြီး မြို့နယ်တွင်သာ ရာသီအမီ စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် မကွေး၊ ချောက်၊ နတ်မောက်၊ ဆိတ်ဖြူနှင့်မြို့ သစ်မြို့နယ်များတွင် စိုက်ပျိုးချိန် နောက်ကျကာ အခက်ကြုံနေရခြင်း ဖြစ်ကြောင်း သိရသည်။
 
အလားတူ ပခုက္ကူမြို့နယ်တွင်လည်း တောင်သူများ လေးနှစ် ဆက်တိုက် လုပ်ငန်းမပြေလည်မှုများ ရှိနေပြီး မိုးခေါင်ခြင်း၊ သီးနှံဈေးနှုန်း ကျဆင်းခြင်းနှင့် စိုက်ဘဏ်ချေးငွေ အပြည့်အ၀ မရရှိခြင်းများ ရှိနေသည်။ယခုနှစ်ပိုင်းတွင် စိုက်ပျိုးရေး ဘဏ်ချေးငွေများ ပိုမိုတိုးမြှင့် ပေးခဲ့သော်လည်း မိုးရွာသွန်းမှု မရှိသောကြောင့် ဘဏ်ချေးငွေကို စားဝတ်နေရေး ပြေလည်ရန် သုံးစွဲရမှုများ ရှိနေကြောင်းလည်း သိရသည်။

''မနှစ်က လယ်တစ်ဧကကို ငါးသောင်း၊ ယာတစ်ဧကကို တစ်သောင်း ထုတ်ချေးခဲ့တယ်။ ဒီနှစ်လယ်က ငါးသောင်းနဲ့ ယာက နှစ်သောင်း ချေးငွေထုတ်ပေးနေတယ်'' ဟု ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဘဏ် မန်နေဂျာက ဆိုသည်။''မနှစ်ကတော့ ဘဏ်ချေးငွေကို စားဝတ်နေရေးအတွက် သုံးလိုက်ရတယ်။ ဒီနှစ်လည်း ဘဏ်ချေးငွေတွေ စထုတ်ပေးနေပြီ။ မနှစ်ကလို မိုးဆက်ခေါင်မယ် ဆိုရင်တော့ ဒီနှစ်လည်း စိုက်ဘဏ်ချေးငွေက စားစရိတ်ပဲ ဖြစ်ဦးမယ်'' ဟု ရွှေဘိုမြို့နယ် ဆင်အင်းကျေးရွာ တောင်သူတစ်ဦးက ဆိုသည်။
 
ယခုနှစ်ပိုင်းတွင် ဆည်ရေပေးဝေရေး မြောင်းများ ပြန်လည်ပြုပြင်ခြင်းနှင့် စိုက်ဘဏ်ချေးငွေများ တိုးမြှင့်ပေးခဲ့သော်လည်း တာဝန်ရှိသူများ အနေဖြင့် စိုက်ပျိုးရာတွင် အဓိက အကျဆုံးသော ရေအလုံအလောက် ရရှိရန်ကို အဓိကထားပြီး လုပ်ဆောင်ပေးနိုင်ရန် တောင်သူများက မျှော်လင့်လျက်ရှိနေသည်။''ကျွန်တော်တို့ တောင်သူတွေရဲ့ အဓိကအသက်က စိုက်ဘဏ် ချေးငွေထက် စိုက်ပျိုးရေကို လိုအပ်တာပါ။ မြစ်ရေတင် စီမံကိန်းအကြောင်း ကောင်းကောင်း မသိပါဘူး။ အခုတော့ မြစ်ဘေးမှာနေပြီး မိုးခေါင်လို့ တောင်သူတွေ အခက်တွေ့နေရတယ်'' ဟု ရွှေဘိုနယ်မှ တောင်သူဦးအောင်မြင့်က ဆိုသည်။
 
အထက်မြန်မာပြည် တစ်ဝိုက်ရှိ တောင်သူများမှာ မိုးခေါင်ခြင်းနှင့် ရာသီမှုန်မှိုင်းခြင်းများကြောင့် ကြုံတွေ့ရသော စိုက်ပျိုးချိန် အခက်အခဲများအပြင် စပါးနှင့် အခြားသီးနှံများ ဈေးနှုန်းမှာ တောင်သူများ၏ လက်ဝယ်တွင် ဈေးကောင်း မရရှိခြင်း၊ စိုက်ဘဏ်ချေးငွေမှာ တောင်သူအားလုံး ရရှိမှု မရှိခြင်းများ ကြုံတွေ့နေရသည်။ တောင်သူများ အဆင်မပြေမှုများကြောင့် တောင်သူကို အားပြုကာ ဈေးရောင်းချကြရသော အခြား လုပ်ငန်းများပါ လုပ်ငန်း အဆင်မပြေမှု၊ ၀င်ငွေနည်းပါးမှုများ ကြုံတွေ့ရလျက် ရှိနေသည်။ယမန်နှစ်ပိုင်း မိုးခေါင်မှုကြောင့် စပါးထွက်နှုန်း ကျဆင်းကာ ဆန်ဈေးကွက် မတည်ငြိမ်မှုများ ရှိခဲ့ကြောင်း၊ တောင်သူများမှာ စိုက်ဘဏ်ချေးငွေ ပြန်ဆပ်နိုင်ရန် လယ်ယာမြေ၊ နွားများ ရောင်းချခဲ့ရကြောင်းလည်း သိရသည်။

Ref: EMG

EU ရုံးတွေသူလျှိုလုပ်မှု ဖြေရှင်းချက်ပေးဖို့ အမေရိကန်ကိုတောင်းဆို

ထောက်လှမ်းရေးလုပ်ငန်း တစိတ်တပိုင်းအဖြစ် ဥရောပသမဂ္ဂ (EU) ရုံးတွေကို အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီက ကြားဖြတ်ထောက်လှမ်းမှုတွေ ရှိခဲ့တဲ့အကြောင်း ဂျာမန် သတင်းစာ တစောင်က ဖော်ပြလိုက်တဲ့ အတွက် ဒေါသထွက်ခဲ့ကြတဲ့ ဥရောပအဆင့်မြင့် အရာရှိတွေက အမေရိကန်ကို ဖြေရှင်းချက်တောင်းနေကြပါတယ်။

သတင်းအတိုင်းသာ မှန်ခဲ့တယ်ဆိုရင် အမေရိကန်နဲ့ EU ကြား ဆက်ဆံရေးမှာ ထိခိုက်မှာ ဖြစ် တဲ့အကြောင်းလည်း ဥရောပပါလီမန်ဥက္ကဋ္ဌ Martin Sculz က တနင်္ဂနွေနေ့က ပြောခဲ့တာပါ။ အမေရိကန် တာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းချက် အပြည့်အ၀ပေးဖို့လည်း တောင်းဆိုလိုက်ပါ တယ်။ ဂျာမန်တရားရေးဝန်ကြီး ကလည်း အမေရိကန်ဟာ မဟာမိတ်တွေအပေါ် စစ်အေးခေတ် ကာလကနည်းတွေ ကျင့်သုံးနေပြီး၊ ဥရောပကို ရန်သူလို မြင်နေတယ်လို့ စွပ်စွဲခဲ့တာပါ။ ဥရောပ အရာရှိတချို့ကဆိုရင်လည်း အတ္တလန္တိတ်ဒေသ လွတ်လပ်စွာကုန်သွယ်ခွင့် ဆွေးနွေးမယ့် အစီ အစဉ်တွေကို ဆိုင်းငံ့ထားဖို့အထိ တောင်းဆိုနေကြပါတယ်။

ဝါရှင်တန်၊ ဘရပ်ဆဲလ်နဲ့ နယူးယောက်ကုလသမဂ္ဂရုံးချုပ်တွေမှာရှိတဲ့ EU ရုံးတွေမှာအမေရိကန် က ထောက်လှမ်းရေး ကိရိယာတွေ တပ်ဆင်ထားပြီး တယ်လီဖုန်းနဲ့ အီးမေးလ် ဆက်သွယ် ယမှုတွေ တခြားသတင်းအချက်အလက်တွေကို စောင့်ကြည့် ထောက်လှမ်းနေတဲ့ အကြောင်း စနေနေ့မှာပဲ ဂျာမဏီနိုင်ငံက Der Spiegel အပတ်စဉ်စာစောင်က ဖော်ပြခဲ့တာပါ။ ထောက် လှမ်းရေးအစီအစဉ်တခုကို လူသိရှင်ကြားဖော်ထုတ်ခဲ့တဲ့ အမေရိကန် အမျိုးသားလုံခြုံရေး အေ ဂျင်စီ ၀န်ထမ်းဟောင်း Edward Snowden ထံက ရရှိတဲ့ အချက်အလက်တွေအရ သိရတာလို့ လည်း သတင်းက ဖော်ပြပါတယ်။

VOA

ရင်လတ်ရှင်နာဝ ပထမဆုံး အမျိုးသမီးကာကွယ်ရေး ဝန်ကြီးဖြစ်လာ

ထိုင်းနိုင်ငံက ကဲဘိနက်ဝန်ကြီးအဖွဲ့ အပြောင်း အလဲမှာ ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝ Yingluck Shinawatra က ထိုင်းနိုင်ငံက ရာဇဝင်မှာ ပထမဦးဆုံးသော အမျိုးသမီး ကာကွယ်ရေး ဝန်ကြီး အဖြစ် တာဝန် ခန့်အပ်ခြင်း ခံရပါတယ်။ Thailand pm Yingluck Shinawatra reuters 20130503 ရင်လတ်ရှင်နာဝဟာ ထိုင်းနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သလို၊ ပထမဆုံးသော အမျိုးသမီး ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်ပါတယ်။ (Credit: Reuters) 
 
ကာကွယ်ရေးဝန်ကြီးအဖြစ် ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနတွင်း အမြင့်ဆုံးရာထူးတွေကို ခန့်အပ်ခွင့် အာဏာအပြည့်ကိုလဲ ရရှိတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံကကာကွယ်ရေးတပ်ဟာ နိုင်ငံ ရဲ့ အုပ်ချုပ်ရေးအာဏာ သိမ်းပိုက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့တဲ့ နေရာမှာ အဓိက ပါဝင်ခဲ့တဲ့ အပြင်၊ လက်ရှိ ဝန်ကြီးချုပ်နဲ့ အကိုတော်သူ ဝန်ကြီး ချုပ်ဟောင်း တပ်ဆင်ရှင်နဝကို ဖြုတ်ချ ရာ မှာလဲ စစ်တပ် ကဘဲ ဦးစီး ဦးဆောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Yingluck Shinawatra က သူ့ အနေနဲ့ ထိုင်းစစ်တပ်နဲ့ ခိုင်မာတောင့်တင်းတဲ့ ဆက်ဆံရေးရှိတဲ့ တွက် ကာကွယ်ရေး ထိပ်တန်း အရာရှိတွေ နဲ့ ပြဿနာ တက်စရာမရှိ ဘူးလို့ ဆိုပါတယ်။ သြဇာအာဏာ ကြီးမားတဲ့ ထိုင်းကာကွယ်ရေး စစ်တပ်မတော်ဟာ တော်ဝင်ဘုရင် ကြီးကို တရားဝင်အကာအကွယ်ပေးတဲ့ တာဝန်နဲ့ တော်ဝင်နန်းဆက်ကိုလဲ ကာကွယ်ထောက်ခံ မှုပေးရတဲ့ တာဝန် ရှိပါတယ်။

radioaustralia.net

အင်ဂျင်နီယာပုံပြင်

တရံရောအခါတွင် နတ်ပြည် ၆ ထပ်တွင် အကြီးဆုံးဖြစ်သော ဗြမ္မာမင်းကြီးသည် အကြံတစ်ခု ရလေသည်… ။
ထိုအကြံကား သူ နတ်ပြည်နှင့် ငရဲပြည် သို့သွားလာရာတွင် အခက်အခဲဖြစ်သောကြောင့်

နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး ကိုဖောက်လုပ်လိုသော အကြံဖြစ်လေသည်…။

ထို့ကြောင့် ဗြမ္မာမင်းကြီးလည်း နတ်မင်းကြီးနှင့် ငရဲမင်းကြီးတို့ကို နတ်သဘင်အစည်း အဝေးခေါ် လိုက်လေသည်… ။

အစည်းအဝေးပြီးသောအခါ အစည်းအဝေးဆုံးဖြတ်ချက်အရ နတ်မင်းကြီးနှင့် ငရဲမင်းကြီးတို့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးကို တဝက်စီ (၅၀%) ဖောက်လုပ်ရန် သဘောတူလိုက်လေ သည်…။

တစ်နှစ်အတွင်း အပြီးအပ်ရမည့် လမ်းမကြီး ဖြစ်သည့် အချက်လည်း ပါဝင်ပေသည်…။

သို့နှင့် နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး အထူးစီမံကိန်းကြီးစတင်လေတော့သည်…။

သို့နှင့် လမ်းမကြီးဖောက်လုပ်လာခဲ့ရာ ငရဲမင်းကြီးဖောက်လုပ်သော အပိုင်းမှာ တစ်ဝက်ခန့် ပင်ရောက်ခဲ့လေသည်… ။

အမှန်ဆိုလျှင် လမ်းပိုင်း ၂ ပိုင်းမှာ ဆုံရမည့် အချိန်ဖြစ်လေသည်… ။

သို့သော် နတ်မင်းကြီး ဖောက်လုပ်သော ဘက်မှ အရိပ်အရောင်မျှမတွေ့ရပေ… ။

သို့သော် သဘောကောင်းသော ငရဲမင်းကြီးမှာ အလုပ်ကိုမတွက်ကပ်ပဲ လမ်းကို ဆက်ပြီး ဖောက် လာခဲ့လေသည်…။

.အချိန်မှာလည်း တစ်နှစ်ပြည့်တော့မည် ငရဲမင်းကြီး ဖောက်လုပ်ခဲ့သည်မှာလည်း ၉၀% လောက်တောင်ပြီးဆီးနေလေပြီ… ။

သို့သော် ထိုအချိန်ထိ နတ်မင်းကြီးဘက်မှ အရိပ်အရောင်မျှမတွေ့ရ…ငရဲမင်းကြီးလည်း ဒေါသ အတော်ကို့ထွက်နေလေပြီ… ။

နတ်မင်းကြီး လူလည်ကျလေခြင်းဟုဆိုကာ တင်းနေလေသည်… ။

ဒါပေမဲ့ သတ်မှတ်ချိန်အပြီးအပ်ရမည် ဖြစ်သည့်အတွက် ငရဲမင်းကြီးမှာ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးကို ဆက်လက်ပြီး ဖောက်လုပ်ခဲ့သည်….။

အချိန်ကလည်း တစ်နှစ်ပြည့်လေပြီ… နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးလည်း ပြီး ဆုံးပြီ ဖြစ်လေ သည်… ။

သို့သော် ငရဲမင်းကြီး တစ်ဖက်တည်းကသာ လုပ်ငန်း ၁၀၀% လုံးဆောင်ရွက်ခဲ့ရလေသည်…။

ငရဲမင်းကြီး ဒေါသဟာလည်း အထွတ်အထိပ်သို့ရောက်နေလပြီ… ။

ငရဲမင်းအတွေးတွင် နတ်သဘင် အစည်းအဝေးရောက်ရင်တော့ နတ်မင်းကြီးကို တိုင်ပြောမယ် ဟု တွေးထားလိုက်သည်…။

သို့နှင့် နတ်သဘင် အစည်းအဝေး ပွဲကျင်းပချိန်ရောက်လာလေသည်…။

ငရဲမင်းလည်း ဘယ်လိုမှ သည်းခံနိုင်စွင်းမရှိသောကြောင့် ဗြမ္မာမင်းကြီးအားထိုသို့ တိုင်ကြား လိုက်သည်…။
“ဗြမ္မာမင်းကြီး ခင်ဗျား ခုဖောက်လုပ်ပြီးစီးတဲ့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး ဟာ တစ်လမ်းလုံး သာပြီးသွားတယ် ကျွန်တော်မျိုးတစ်ယောက်တည်းသာ ဖောက်ခဲ့ရကြောင်း အချောင်ခိုပြီး ဘာအလုပ်မှ မလုပ်တဲ့ နတ်မင်းကြီးကို မေးမြန်းအရေးယူပေးပါ”

ဟု တိုင်ကြားလိုက်လေသည်…..…။

ဗြမ္မာမင်းကြီး လည်း အမြက်တော်ရှပြီး နတ်မင်းကြီးအားဖြေရှင်းချက်တောင်းလေတော့သည်….။

သို့သော် နတ်မင်းကြီးအဖြေကြောင့် နတ်သဘင် အစည်းအဝေးအဖွဲ့ဝင်အားလုံး ကပါ နတ်မင်းကြီး ကို အပစ်မပေးသင့်ကြောင်း ဝိုင်းဝန်းထောက်ခံ ပေးကြလေတော့သည်…..။

နတ်မင်းကြီးရဲ့ အဖြေစကားကတော့…. “အရှင် … ဗြမ္မာမင်းကြီး ခင်ဗျား…. ကျွန်တော် ခုဆောက်လုပ်ပြီးစီးတဲ့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး စမယ်ဆိုတဲ့ အချိန်တည်းက နတ်ပြည်မှာ အင်ဂျင်နီယာတွေကို စုစောင်းဖို့ကြိုးစားခဲ့ပါတယ်…

ဒါပေမဲ့ နတ်ပြည်မှာ အင်ဂျင်နီယာ က လက်ဆယ်ချောင်းမပြည့်ပါဘူး…. ငရဲမင်းကြီး ဆီမှာတော့ အင်ဂျင်နီယာတွေဟာ မေဂျာအစုံ ကျောင်းအစုံက အင်ဂျင်နီယာတွေ Ph.d, M.E, M.Arch B.E, B.Arch, B.Tech, AGTI စုံလင်စွာရှိပါတယ်…

ဒါကြောင့်မို့ ငရဲမင်းကြီး ရဲ့လုပ်ငန်းတိုးတက်မှုဟာ အရမ်းမြန်ပြီးတော့ တစ်လမ်းလုံးကို သူတစ်ယောက်တည်း ဖောက်လုပ်ပြီးစီးသွားခြင်းဖြစ်ပါတယ်…

ဒါကြောင့်မို့ ကျွန်တော်ကိုယ်တိုင် လူ့ပြည်ဆင်းပြီး နတ်ပြည် Promotion အတွက် အင်ဂျင်နီ ယာ ကျောင်းသားတွေကို ဆေးလိပ်မသောက်ဖို့.အရက်မသောက်ဖို့.ဖဲမရိုက်ဖို့… မကောင်းတာတွေ မလုပ်ဖို့…. တွေ ပြောဆို စည်းရုံးပြီးတော့ နတ်ပြည်မှာ အင်ဂျင်နီယာ အရေအတွက်တိုးအောင် ကြိုးစားပါ့မယ်…. ကျွန်တော့်ကိုခွင့်လွှတ်ပါ” ဟု ပြောကာ မျက်နှာ ငယ်လေးဖြင့် ထွက်သွားလေသည်…..။

ငရဲမင်းကြီးဘက်သို့ လှည့်ကာ “ သူငယ်ချင်း ငရဲမင်းကြီး ငါမင်းကို မညာပါဘူးကွာ” ဟု နတ်မင်းကြီး က ပြောခဲ့သေးသည်….။

ငရဲမင်းကြီးက တော့ လမ်းမကြီးအတွက် နတ်သဘင် အစည်းအဝေးတွင် အင်ဂျင်နီယာ များကြောင့် မျက်နှာရခဲ့လေသည်……။


ဖိုးဇော်(၂၂-၂-၂၀၁၃)
Lon ELY......

Telenor မိုဘိုင်းဖုန်းကုမ္ပဏီက ဘာသတင်းထုတ်ပြန်လိုက်လဲ

နော်ဝေအစိုးရ၏ ရှယ်ယာ ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ Telenor ကုမ္ပဏီက လူတိုင်း မိုလ်ဘိုင်း ဖုန်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို လွယ်ကူအဆင်ပြေသက်သာစွာ ကိုင်ဆောင် သုံးစွဲခွင့် ရရှိစေရမည်ဟု ကတိပေးထားတယ်လို့ ကုမ္ပဏီရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ လွန်ခဲ့တဲ့ မိနစ်ပိုင်း ကပဲ အသိပေး ရေးသားထားပါတယ်။

Telenor ကုမ္ပဏီဟာ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ရှိ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား အစရှိတဲ့ နိုင်ငံတွေမှာ ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်နေပြီး ထိုင်းနိုင်ငံ တွင် မြန်မာဘာသာ၊ မွန်ဘာသာတို့ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးခြင်းနဲ့ Call Center များဖြင့် ဝန်ဆောင်မှု ပေးနေတယ် လို့ ဆိုပါတယ်။ “လက်ရှိ ပြဿနာတွေကို ဖြေရှင်းပြီး ဘယ်လို လုပ်ရကိုင်ရမယ်ဆိုတာကို သိပြီးသားဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက်လည်း ဒီလို လုပ်ဆောင်ပေးနိုင်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မိုဘိုင်းလ်လ် ဆက်သွယ်ရေးကြာင့် လူတွေ အကျိုးအမြတ်ရအောင် ကူညီချင်ပါတယ်” ဟု Telenor OuuX Jon Fredrik Basksaas နေပြည်တော်တွင် ပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ ပြောထားပါတယ်။ ကုမ္ပဏီက တစ်နိုင်ငံလုံး တာဝါတိုင် တစ်သောင်း စိုက်မယ်လို့လည်း ဆိုထားပါတယ်။

မြန်မာ့ဆက်သွယ်ရေး ကဏ္ဍကို ကမ္ဘာ့အဆင့်မီစေဖို့ မြန်နှုန်းမြင့် မိုဘိုင်းလ်ဖုန်း အင်တာနက် စနစ် HSPA နဲ့ LTE (4G) နည်းပညာများကို အသုံးပြုသွားမည်လို့ တင်ဒါ အောင်မြင်ပြီးနောက် Telenor က ကြေညာခဲ့ပါတယ်။ မိုဘိုင်းလ်ကွန်ရက်ကို ငါးနှစ်အတွင်း တစ်နိုင်ငံလုံးဖြန့်ကျက်နိုင် ရန် စီစဉ်ထားပြီး ဆက်သွယ်ရေးဝန်ဆောင် မှုတွေကို ၂၀၁၄ ခုနှစ် ဒုတိယသုံးလပတ် (ဧပြီမှ ဇွန်လ) အတွင်း စတင်ဖြန့်ဖြူး ရောင်းချနိုင်သွား မည်ဟု ဆိုပါတယ်။

ဝန်ထမ်း ခန့်ထားရန်နဲ့ ရေရှည် မွေးထုတ်ရန် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ တယ်လီနော်ပိုင် dtac ကုမ္ပဏီ သင်တန်းကျောင်းမှာ မြန်မာသင်တန်းသားတွေ လက်ခံသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ သားအများစုကို အလုပ်အကိုင် ဖန်တီးပေးမှာ ဖြစ်ပြီး မြန်မာနှင့် လိုက်ဖက်သော ကုမ္ပဏီအမည် တစ်ခု ထပ်ပေးမမယ်လို့ Telenor က ဆိုထားပါတယ်။ ထိုင်းနိုင်ငံမှာတော့ dtac ဟု အမည်တပ် ထားပါတယ်။ ထိုင်းရောက် မြန်မာတွေတော်တော်များများဟာ ခေါ်ဆိုခနှုန်းထား သက်သာပြီး အလွယ်တကူ ဈေးချိုချိုနဲ့ ဆင်းမ်ကတ်ဖြစ်တဲ့ dtac ကို သုံးစွဲကြပါတယ်။

မိုးရာသီအ၀င်တွင် ဒေါနတောင် ပြိုဆင်းမှုကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့

မြ၀တီနယ်စပ် ကုန်သွယ်မှု လမ်းကြောင်း၏ အဓိက အချက်အချာကျပြီး တစ်ခုတည်းသော ကုန်သွယ်လမ်းကြောင်း ဖြစ်သော ဒေါနတောင်ကျော်လမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှု များကြောင့် တောင်ပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဒေါနတောင် မြေသား ပြိုဆင်းမှု များကြောင့် ဇွန် ၂၅ ရက်က မြ၀တီသို့ သွားရောက်သည့် အတက် ယာဉ်တန်း ပိတ်မိနေခဲ့ကြောင်းလည်း သတင်းရရှိသည်။ အဆိုပါ လမ်းပိတ်ဆို့မှုကြောင့် သက်ဆိုင်ရာ လမ်းရှင်းလင်းရေးအဖွဲ့မှ သွားရောက် ရှင်းလင်းခဲ့ပြီး ဇွန် ၂၅ မွန်းလွဲပိုင်းတွင် ဆိုင်ကယ်နှင့် ကားအချို့ စတင်ဖြတ်သန်း နိုင်ခဲ့ကြောင်း သိရသည်။

''မနက်ကတည်းကလာပြီး လမ်းရှင်းကြတာပါ။ ဖြစ်တာတော့ မနက် ၃ နာရီ ခန့်မှာလို့ မှန်းပါ တယ်။ ခုနေ့လယ် ၂ နာရီကျော်မှာ ဆိုင်ကယ်နဲ့ ကား တစ်စီးစ နှစ်စီးစ လွှတ်ပါတယ်။ နောက် ထပ် ခဲလုံးကြီးတွေ ပြိုဆင်းလာတဲ့အတွက် ကားသွားလာမှုကို ရပ်ထားပါတယ်'' ဟု လမ်းလုပ် သားအဖွဲ့မှ ခေါင်းဆောင် ဖြစ်သူက ဆိုသည်။ ဒေါနတောင်ကျော် ကုန်သွယ်လမ်းကြောင်းပေါ်ရှိ မိုင်တိုင်အမှတ် (၈၇/၀) ဖြတ်လမ်းကြီးကွေ့လမ်း အပေါ်ဘက် တောင်စောင်းရှိ မြေသားနှင့် ခဲလုံးကြီးများ ပြိုဆင်းကာ ကားလမ်းတွင် ပိတ်ဆို့နေခြင်းဖြစ်သည်။လမ်းရှင်းမှုအနေအထားအရ ကားလေးတစ်စီးစာသွားလာ၍ရပြီဖြစ်သော်လည်း ပေတစ်ရာကျော်ခန့်အမြင့်ရှိသော ချောက် ကမ်းပါးခဲလုံးများပြိုဆင်းမှု အခြေအနေကိုကြည့်ပြီး လမ်းရှင်းခြင်းကို လုပ်ဆောင်နေကြကြောင်း သိရသည်။

''မိုးများရင် တောင်ပြိုတာတွေ မကြာခဏ ဖြစ်တတ်ပါတယ်။ မိုးအရမ်းကြီးရင် အခုလိုလမ်းပိတ် တဲ့အထိ ဖြစ်ပါတယ်။ ဒီမိုးတွင်းအစမှာတော့ လမ်းပိတ်တာ ဒီတစ်ခါပဲ ရှိပါသေးတယ်။ ဒါပေမဲ့ သတိပြုဖို့တော့ လိုပါတယ်။ ဒီလမ်းကအဓိကလမ်းတစ်ခု ဖြစ်နေတော့ တောင်ပြိုလို့လမ်းပိတ်ပြီ ဆိုရင် ကားတွေ၊ ခရီးသည်တွေ အများကြီး တောင်ပေါ်မှာ ညအိပ်စောင့်ရလိမ့်မယ်'' ဟုဒေသခံ တစ်ဦးက ပြောကြားပါသည်။ ယခုနှစ်တွင်မိုးရွာသွန်းမှု နည်းသော်လည်း အဆိုပါ ဖြတ်လမ်း ကြီးကွေ့တွင် တောင်ချောက်ကမ်းပါး ပြိုဆင်းခဲ့သည်မှာ သုံးကြိမ်ရှိခဲ့ပြီဖြစ်ကာ ယခုအကြိမ် သည် အများဆုံးဖြစ်၍ ယာဉ်သွားလာခြင်းများ ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

Eleven Media Group

ဂိုဂဲလ် ဓါတ်ပုံပညာရှင်တွေ အသက်ရှူကြပ်ကုန်ပြီ

ကမ္ဘာတ၀ှမ်းမှ နိုင်ငံများအတွက် မြေပုံ လမ်းညွန်လိပ်စာ နှင့် သက်ဆိုင်ရာ အဆောက်ဦး များ အား အတိကျလမ်းမမှားပဲ တိုက်ရိုက်သွားရောက် လည်ပတ်နိုင်သော ဧည့်လမ်းညွန်နှင့် ဆက် သွယ်ရေးဆိုင်ရာ ၀န်ဆောင်မှုများအား ဆောင်ရွက်ပေးသော ဂိုဂဲလ် GOOGLE ကုမ္မဏီ၏ ဓါတ်ပုံနှင့် ဆက်သွယ်ရေး ဆိုင်ရာ အယ်ဒီတာများက လွန်ခဲ့သော ဖေဖေါ်ဝါရီလ၏ ပထမ အပတ်တွင်းကပင် ကမ္ဘာ့နိုင်ငံအသီးသီး အတွက် ကောင်းကင်မှသော်၎င်း မြေပြင်မှသော် ၄င်း ခရီးလမ်းညွန် ဓါတ်ပုံများစတင်ရိုက်ကူးခဲ့ ကြသည်။

ယခု မတ်လ၏ ဒုတိယအပတ်တွင်း ကောင်းကင်မှ ရိုက်ကူးရရှိသော သန်းနှင့်ချီသည့် ဗွီဒီယို နှင့် ဓါတ်ပုံများအား ပြန်လည်တီးဖြတ်ကြရာ ဝေဟင်မှ ရိုက်ကူးရရှိသော မြန်မာပြည်၏ ဖေါ်ပြပါ အနေထားဓါတ်ပုံများသည် ၄င်းတို့ ဌာနအတွက် အထူးဆန်းဖြစ်သွားကြခဲ့သည်ဟု ဂိုဂဲလ်ပိုတို တိုက် ဌာနမှပြောဆိုပါသည်။ အကြောင်းမှာ ၄င်းတို့ နောက်ဆုံး ရိုက်ကူးရရှိခဲ့ဘူးသော ၂၀၁၁ ခုနှစ်အတွင်းမှဓါတ်ပုံများနှင့် ယှဉ်ထိုးကြည့်ကြရာ မြန်မာပြည်သည် အလွန်တရာကြောက်ခမန်း လိလိကိုပင် ပြောင်းလဲထူးခြားနေသောဓါတ်ပုံများ ဖြစ်နေသည်ကိုတွေ့ရသည်ဟု ထုတ်ဖေါ်ပြော ဆိုခဲ့သည်။ တရုတ်ပြည်၏ မဟာတံတိုင်းကြီးနှင့်တူသော တံတိုင်းကြီးတခု ၇ှည်လျာဆက်စပ်စွာ အကေ့ကောက်ပေါင်းများစွာဖြင့် ဘင်္ဂလားနယ်စပ်သို့တိုင် တရုတ်ပြည်မှ ထပ်မံဆောက်လုပ် ထားသောတံတိုင်းတခုအဖြင့်ယူဆရသော ငွေရောင်တံတိုင်းကြီးတခုအားတွေရကြောင်း၊ နောက် ပိုင်းတွင် ပိုတိုအယ်ဒီတာများက အသေခြာလေ့လာသော အခါ မဟာတံတိုင်းမဟုတ်လေပဲ ကြီးမားရှည်လျားသော ရေနံပိုက်၊ ဂစ်ပိုက်လိုင်းကြီးဖြစ်နေကြောင်းရှင်းပြသည်။ ယခင်က စိမ်း စိုအုပ်မှိုင်းနေသော တောင်တန်းဒေသများသည် လွန်ခဲ့သော ၂နှစ်လောက်မှာပင် ကွက်တိ ကွက်ကြား ညီညာမှုမရှိစွာ ထိုးခြစ်ရိပ်ထားသော ဦးခေါင်းတလုံးအသွင်ဖြင့် တောင်တန်းဒေသ များအတော်တော်များများတွင် သစ်တောများပြုံန်းတီးမှုများအား အံသြစွာတွေ့ရကြောင်း၊ မညီ ညာသောမြေပြင်အထက်များတွင် စက်ယန္တာယားကြီးများဖြင့် တိုင်းပြည်အနှံ တူးဖေါ်ထိုးဆွ ထားသောဓါတ်ပုံများအလွန်များပြားစွာရရှိပြီး အချို့သောဒေများတွင် စိမ်းစိုသောနေရာများ ထက် လွင်ထီးခေါင်ကဲ့သို့ဖြစ်တော်သော တောင်တန်းကွက်ကြားကြီးများရရှိကြောင်း ထုတ်ဖေါ်ပြော ဆိုပါသည်။

၂၀၁၀ ခုနှစ်မှစပြီး မြန်မာပြည်မှရရှိသော ဓါတ်ပုံများသည် ၄င်းတို့အတွက် အလွန်ပင် ဆင့်ကဲ ဆင်ကဲ့ ပထ၀ီဒေသအပြောင်းလဲနှင့် သစ်တောပြုံန်းတီးမှုအား အံ့သြမှုများသားဆက်တိုက်တွေ့ ရှိရကြောင်း ဆိုပါသည်။

ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး
မှတ်ချက်။           ။ ဂိုလ်ဂဲဂလိုဘယ် အင်မိတ်ချိ နယူးမှ ကောက်နုတ်ဖေါ်ပြပါသည်။

The Face Of Buddhist Terror ဆောင်းပါး ဖော်ပြခဲ့သည့် TIME မဂ္ဂဇင်းကို မြန်မာနိုင်ငံနည်းတူ သီရိလင်္ကာနိုင်ငံ၌ ဖြန့်ချိခွင့် ပိတ်ပင်

သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓဘာသာဆိုင်ရာ အဖွဲ့များက ဇူလိုင် ၁ ရက် နေ့စွဲဖြင့် ထုတ်သည့် TIME မဂ္ဂဇင်း၏ The Face Of Buddhist Terror ဆောင်းပါးအား အပြင်းအထန် ကန့်ကွက် ခဲ့ကြပြီးနောက် မြန်မာနိုင်ငံနည်းတူ သီရိလင်္ကာ အစိုးရသည် ယင်းမဂ္ဂဇင်း ဖြန့်ချိခွင့်ကို နိုင်ငံ အတွင်း၌ ပိတ်ပင်သွား လိမ့်မည်ဟုသီရိလင်္ကာနိုင်ငံ၏ Colombo Telegraph သတင်းဌာနက ဇွန် ၂၈ ရက်တွင် ဖော်ပြခဲ့သည်။ ယင်းနောက်  သီရိလင်္ကာနိုင်ငံ၏ Srilanka Mirror သတင်း ဌာနက အဆိုပါမဂ္ဂဇင်းကို သီရိလင်္ကာနိုင်ငံတွင် ပိတ်ပင်လိုက်ကြောင်း ဇွန် ၂၉ ရက်တွင် ဖော်ပြ သည်။ သီရိလင်္ကာနိုင်ငံ၏ Bodu Bala Sena (BBS) အဖွဲ့အစည်းသည် သီရိလင်္ကာနိုင်ငံ၏ မီဒီယာနှင့် ကာကွယ်ရေး ၀န်ကြီးဌာနတို့ကို ဘာသာရေး ထိခိုက်စေသည့် ဆောင်းပါးပါဝင်သည့် အဆိုပါ မဂ္ဂဇင်းအား ဖြန့်ချိခွင့်မပြုရန် တောင်းဆိုခဲ့သည်။

ဇူလိုင် ၁ ရက် နေ့စွဲတပ်ကာ ထုတ်ဝေသည့် TIME မဂ္ဂဇင်းကို ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်း သည် သီရိလင်္ကာနိုင်ငံနှင့် တိုက်ရိုက်မပတ်သက်သော အကြောင်းအရာအတွက် နိုင်ငံခြား မဂ္ဂဇင်းတစ်စောင်ကို ပထမဆုံး ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

တရားဝင် သတင်းများ ထွက်ပေါ်လာခြင်း မရှိမီကပင် Facebook စာမျက်နှာများတွင် သီရိ လင်္ကာနိုင်ငံ၌ အဆိုပါ TIME မဂ္ဂဇင်းဖြန့်ချိမှုကို ပိတ်ပင်ခဲ့ကြောင်းနှင့် The Face Of Buddhist Terror ဆောင်းပါးရေး Hannah Beech ကိုလည်း သီရိလင်္ကာသို့ ပြည်ဝင်ခွင့်ပိတ်ပင် ခဲ့ကြောင်း သတင်းများပြန့်နှံ့နေခဲ့သည်။သီရိလင်္ကာနိုင်ငံသည်ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သောနိုင်ငံဖြစ်ပြီး ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ၏ ၇၀ ဒသမ ၂ ရာခိုင်နှုန်း သည် ဗုဒ္ဓဘာသာ ၀င်များ ဖြစ်ကြသည်။ ယင်းဆောင်းပါး ပါဝင်သော TIME မဂ္ဂဇင်းကို မြန် မာနိုင်ငံတွင် ထုတ်ဝေဖြန့်ချိခြင်း မပြုရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ဇွန် ၂၅ ရက်နေ့ စွဲဖြင့်ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် အဆိုပါဆောင်းပါးကိုမူရင်းစာစောင် အတိုင်း ဖြစ်စေ၊ မိတ္ထူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ်ထား ရှိခြင်း မပြုလုပ်ရန် ဟူ၍ ဖြစ်ပါသည်။

ရန်ကုန်နှင့် မန္တလေးမြို့များရှိ ပတ်ဝန်းကျင်လေထု အရည်အသွေး ပမာဏမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားသည့် ပမာဏထက် ကျော်လွန်နေ

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စက်ရုံတစ်ရုံမှ ထွက်ပေါ်လာသည့် မီးခိုးငွေ့များအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ရန်ကုန်နှင့် မန္တလေးမြို့များရှိ ပတ်ဝန်းကျင်လေထု အရည်အသွေး ပမာဏကို တိုင်းတာခဲ့ရာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ သတ်မှတ်ထားသည့် ပမာဏထက် ကျော်လွန်နေကြောင်း 'Air Quality Monitoring in Selected Urban Areas in Myanmar' အရ သိရသည်။ အဆိုပါ သုတေသနကို ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန(အောက်မြန်မာပြည်)၊ဓာတု အဆိပ်သုတေသနဌာနနှင့် ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးရှိ စည်ပင်သာယာရေး ကော်မတီ၊ အမျိုးသား ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မရှင်တို့ ပူးပေါင်းလုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေထုညစ်ညမ်းမှု ပမာဏ တိုင်းတာရာတွင် ရန်ကုန်နှင့်မန္တလေး တိုင်းဒေသကြီး အတွင်းရှိ စီးပွားရေး အချက်အချာကျသည့်ဇုန်များ၊ စက်မှုဇုန်များနှင့် လူနေအိမ်ခြေ ထူထပ်သည့် ဧရိယာများရှိ လေထုကို လေစုပ်စက်ဖြင့် စုပ်ယူစစ်ဆေးခြင်းဖြစ်ပြီး လေထုများရှိ အမှုန် အမွှား များ၊ ဓာတ်ငွေ့စသည်တို့၏ ပါဝင်မှုပမာဏကို တိုင်းတာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ''ပတ်ဝန်းကျင်လေထု အရည်အသွေးကို စစ်တဲ့နေရာမှာ လေထုထဲမှာပါဝင်တဲ့ အမှုန်အမွှားတွေ ကို အပိုင်းနှစ်ပိုင်းခွဲပြီး စစ်ခဲ့တယ်။ စစ်ဆေးမှု ရလဒ်တွေအရ အဲဒီမြို့တွေမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားတဲ့ ပမာဏထက် အနည်းငယ် ကျော်လွန်နေတာကို တွေ့တယ်။ ဒါပေမဲ့ အခြားအိမ်နီးချင်း နိုင်ငံတွေမှာရှိတဲ့ မြို့တွေရဲ့ လေထု ညစ်ညမ်းမှုနဲ့ ယှဉ်ရင်တော့ အခုပမာဏ က နည်းပါတယ်။ နောက် လေထုထဲက ဓာတ်ငွေ့ပါဝင်မှုကိုလည်း ထည့်သွင်း စစ်ဆေးခဲ့ပေမယ့် သူကတော့ သတ်မှတ်ပမာဏ အောက်မှာပဲ ရှိပါသေးတယ်'' ဟု ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)၊ ဓာတုအဆိပ် သုတေသနဌာနမှ ဒေါ်ခိုင်သင်းနိုင်က ပြောကြားခဲ့သည်။

ပတ်ဝန်းကျင်လေထု အရည်အသွေး ပမာဏကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ရာ တွင် လေထုအတွင်း ဖုန်မှုန့်ပါဝင်မှုအတိုင်း အဆ TSPM 100 mg/m3 နှင့် PM10 70 mg/m3 ပမာဏအတွင်းသာ ရှိရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

ဆက်သွယ်ရေး ဥပဒေကြမ်းတွင် ပါဝင်သော ပုဒ်မ ၁၅၊ ၁၆၊ ၃၂၊ ၃၃၊ ၃၈၊ ၄၀၊ ၅၆၊ ၅၇၊ ၅၈၊ ၇၄၊ ၇၆ တို့ဖြင့် ဆက်သွယ်ရေး ၀န်ဆောင်မှုလိုင်စင် ရရှိသော ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို ၀န်ကြီးဌာနမှ လွှမ်းမိုးချုပ်ကိုင် နိုင်ကြောင်း သိရ

စမ်းချောင်းမြို့နယ် အတွင်းရှိ ၁၅၀၀ တန် ဖုန်းကတ်များ ၀ယ်ယူခွင့် ရရှိရန် မဲစာရင်းကြည့်ရှုနေ သူများ

၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက ထုတ်ပြန်ခဲ့ပြီး လွှတ်တော်တွင် ဆွေးနွေးရန်အတွက် တင်ပြထားသည့် ဆက်သွယ်ရေး ဥပဒေကြမ်းတွင် ပါဝင်သော ပုဒ်မ ၁၅၊ ၁၆၊ ၃၂၊ ၃၃၊ ၃၈၊ ၄၀၊ ၅၆၊ ၅၇၊ ၅၈၊ ၇၄၊ ၇၆ တို့ဖြင့် ဆက်သွယ်ရေး ၀န်ဆောင်မှု လိုင်စင်ရရှိသော ပြည် တွင်း၊ ပြည်ပ ကုမ္ပဏီများကို ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန မှ လွှမ်းမိုးချုပ်ကိုင်မှုများ ပြုလုပ်နိုင်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများက ပြောဆိုခဲ့ကြ ပါသည်။

ပြီးခဲ့သည့် ဇွန် ၂၇ ရက်နေ့က မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုများ လုပ်ကိုင် ရန် နော်ဝေနိုင်ငံ Telenor နှင့် ကာတာနိုင်ငံ Qtel (Ooredoo) တို့ကို လုပ်ငန်းလုပ်ကိုင်ခွင့် ပြုခဲ့ ပြီးနောက် ဥပဒေရေးရာ ကျွမ်းကျင်သူများက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။ ထို့ အပြင် မြန်မာနိုင်ငံ၌ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း တည်ထောင်ခွင့် လိုင်စင်ရရှိ သူ အော်ပရေတာ လေးခုအနက် နှစ်ခုကို အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ခရိုနီ လုပ်ငန်းရှင်များ ပိုင်ဆိုင်ထားသည့် ရတနာပုံ တယ်လီပို့ အများပိုင် ကုမ္ပဏီတို့ ရရှိထားသည့် အတွက် ပြည်ပကုမ္ပဏီများ၏ လွတ်လပ်စွာ ဈေးကွက် ယှဉ်ပြိုင်မှုအပေါ် မည်မျှအထိ ခွင့်ပြုနိုင် မည်ဆိုသော မေးခွန်းများ ထွက်ပေါ်နေချိန်၌ ပြောဆိုခဲ့ကြခြင်းလည်း ဖြစ်ပါသည်။

''ဆက်သွယ်ရေး ဥပဒေမူကြမ်းမှာ စီးပွားရေး လုပ်ငန်းတွေအပေါ် ၀န်ကြီးဌာနက လွှမ်းမိုးထား တဲ့ ပြဋ္ဌာန်းချက်တွေ အများကြီး ရှိနေတယ်'' ဟု တရားလွှတ်တော် ရှေ့နေဦးကိုနီက ပြောကြား ပါသည်။ ဆက်သွယ်ရေးဥပဒေကြမ်းပါ ပုဒ်မ ၁၅ နှင့် ၁၆ တွင် လိုင်စင် ရရှိသူများသည် ၀န်ကြီး ဌာနနှင့် ဦးစီးဌာန၏ ညွှန်ကြားချက်များကို အပြည့်အ၀ လိုက်နာရန် ဖော်ပြထားပြီး ပုဒ်မ ၃၂ တွင် လုပ်ငန်းလိုင်စင် ရရှိသူများသည် ခွင့်ပြုပေးထားသော ၀န်ဆောင်ခ နှုန်းထားများဖြင့်သာ ၀န်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး ၀န်ဆောင်ခ နှုန်းထားများကို ပြင် ဆင်ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်လိုသည် ဆိုပါက ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့်သာ လုပ်ဆောင်ရမည်ဟု ဖော်ပြခဲ့ပါသည်။ ပုဒ်မ ၃၈ တွင်မူ လုပ်ငန်းလိုင်စင် ရရှိသူများသည် နှုန်း ထားပြင်ဆင်သတ်မှတ်ရန် ဆောင်ရွက်ခြင်း၊ ဈေးကွက်ခွဲဝေရယူရန် ဆောင်ရွက်ခြင်း၊ ဆက်သွယ်ရေး ပစ္စည်း ထောက်ပံ့သူ၊ ရောင်းချသူ တစ်ဦးဦးထံမှ ၀ယ်ယူခြင်း မပြုရန် ဆောင် ရွက်ခြင်း၊ ပြိုင်ဘက်တစ်ဦး ဦးအား မတရားသော နည်းလမ်းဖြင့် ဆန့်ကျင်မှု ပြုလုပ်ခြင်း ကိစ္စ များကို လုပ်ဆောင်ရာတွင် ပုဂ္ဂိုလ်တစ်ဦးဦး၊ ဌာနသို့မဟုတ် အဖွဲ့အစည်းတို့နှင့် နားလည်မှု ရယူဆောင်ရွက်ခြင်း၊ သဘောတူညီမှု ရယူခြင်း၊ အစီအစဉ်များ ပြုလုပ်ခြင်း သို့မဟုတ် စာချုပ် ချုပ်ဆိုခြင်းများကို မပြုလုပ်ရန် တားမြစ်ထားပါသည်။

ပုဒ်မ ၄၀ တွင် ပုဒ်မ ၃၇၊ ၃၈ နှင့် ၃၉ များတွင် ဟန့်တားထားသောတားမြစ်ချက်များကို ဖောက် ဖျက် ပါက ဦးစီးဌာနအနေဖြင့် ၀န်ကြီးဌာန၏ ခွင့်ပြုချက်ကို ရယူပြီး လုပ်ငန်းလိုင်စင် ရရှိသူ အား လုပ်ဆောင်မှုများကို ရပ်စဲရန် ညွှန်ကြားနိုင်ကြောင်း ဖော်ပြခဲ့ပါသည်။ ပုဒ် ၄၃တွင် ပြဋ္ဌာန်း ချက်အရ အငြင်းပွားမှုများ ဖြစ်ပေါ်ပါက ထိုအငြင်းပွားမှုများကို ဦးစီးဌာနကဖြေရှင်းပေးမည်ဖြစ် ပြီး ကျေနပ်မှုမရှိပါက ၀န်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ကာ ၀န်ကြီးဌာန၏ ဆုံးဖြတ်ချက်မှာ အပြီးအပြတ် ဖြစ်စေရမည်ဟု ဖော်ပြထားသည်။

ပုဒ်မ ၅၆ တွင် ဦးစီးဌာနသည် ၀န်ကြီးဌာန၏လမ်းညွှန်ချက်များဖြင့် စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်း တို့ကို ပြုလုပ်ရမည်ဖြစ်ပြီး လိုင်စင်ရယူထားသော ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းအပါ အ၀င် အခြားသော ကွန်ရက်အထောက်အကူပြု လုပ်ငန်းများ၊ ဆက်သွယ်ရေး ပစ္စည်းများကို စစ်ဆေးခြင်းနှင့် ကြီးကြပ်ကွပ်ကွဲခြင်းတို့ကို ဆောင်ရွက်ခွင့်ရှိရန် ဖော်ပြထားပြီး ပုဒ် ၅၇ တွင် ဦးစီးဌာန အနေဖြင့် လိုအပ်သော ပုဂ္ဂိုလ်များကို ခေါ်ယူမေးမြန်းခြင်း၊ လိုအပ်သော သတင်း အချက်အလက်နှင့် အထောက်အထားများ၊ စာရွက်စာတမ်းများနှင့် စာတမ်းအမှတ်အသား များကို တင်ပြစေခြင်းတို့ကို ပြု လုပ်နိုင်ပြီး ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း ဆောက်ရွက် သည့် အဆောက်အအုံနှင့် နေရာများ၊ စက်ပစ္စည်းများကို ၀င်ရောက်ကြည့်ရှု စစ်ဆေးနိုင်ခြင်း၊ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းနှင့် စပ်လျဉ်း၍ စာရင်းဇယားနှင့် စာရွက်စာတမ်းများ၊ စာတမ်း အမှတ်အသားများကို ကြည့်ရှုစစ်ဆေးခြင်း၊ ကောက်နုတ်ချက် ရယူခြင်းနှင့် မိတ္တူ ကူးခြင်း များကို ပြုလုပ်နိုင်ကြောင်း ဖော်ပြထားပါသည်။

ပုဒ်မ ၅၈ တွင် လိုင်စင်ရရှိသူက စည်းကမ်းဖောက်ဖျက်ခြင်း၊ ဥပဒေအရ ပြစ်ဒဏ်ချမှတ်ခံရခြင်း၊ လိုင်စင်ရရှိသူ၏ တာဝန်တစ်ရပ်ရပ်ကို ပျက်ကွက်ခြင်းများ ဖြစ်ပေါ်ရာ၌ စီမံခန့်ခွဲရေး နည်းလမ်း အရ အရေးယူခြင်းကို ၀န်ကြီးဌာနနှင့် ဦးစီးဌာနမှ အပြည့်အ၀လုပ်ဆောင်နိုင်ရန် လုပ်ပိုင်ခွင့်ပေး ထားပြီး ပုဒ်မ ၅၉ တွင် ဦးစီးဌာနက ပုဒ်မ ၅၈ အရ ချမှတ်ထားသော စီမံခန့်ခွဲရေးဆိုင်ရာ အမိန့် တစ်ရပ်ရပ်ကို မကျေနပ်ပါက ၀န်ကြီးဌာနသို့ အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အယူခံ ၀င်နိုင်မည်ဖြစ်ကာ ၀န်ကြီးဌာနသည် လိုအပ်ပါက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ခြင်း၊ ဦးစီးဌာန၏အမိန့်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများကို ပြုလုပ်နိုင် မည်ဟု ဖော်ပြထားပါသည်။

ပုဒ်မ ၇၃ တွင် ပြည်ထောင်စု အစိုးရအဖွဲ့သည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး သို့မဟုတ် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေနိုင်သော မည်သည့် သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးကိုမဆို ကြားဖြတ်ဖမ်းယူရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ သို့ ညွှန်ကြားနိုင်ရန် ပြဋ္ဌာန်းထားပါသည်။ ပုဒ်မ ၇၄ တွင် ၀န်ကြီးဌာန သို့မဟုတ် ယင်းက တာ ၀န်ပေးအပ်ထားသောဌာန၊ အဖွဲ့ အစည်းသည် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများ အတွက် သော်လည်းကောင်း၊ အများပြည်သူ၏ အကျိုးအတွက် သော်လည်းကောင်း၊ လုပ်ငန်း လိုင်စင် ရရှိသူတစ်ဦးဦးက လုပ်ကိုင်လျက်ရှိသော ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း တစ်ရပ် ရပ်အတွင်း ၀န်ဆောင်မှု ပြုလုပ်နေသူကို လိုအပ်ပါက ၀င်ရောက်ကြည့်ရှု စစ်ဆေးခြင်း၊ ကြီး ကြပ်ခြင်းနှင့် စာတမ်းအမှတ်အသားတို့ကိုတင်ပြစေခြင်းများ ပြုလုပ်နိုင်ရန် ပြဋ္ဌာန်းထားခဲ့သည်။ ပုဒ်မ ၇၅ တွင် ၀န်ကြီးဌာနသည် အများပြည်သူ အကျိုးဆောင်ရွက်ရန် အခြေအနေ ပေါ်ပေါက် လာသည့်အခါ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းအား ယာယီရပ်ဆိုင်ရေး၊ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းအား ယာယီရပ်ဆိုင်းရေး၊ ဆက် သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများနှင့် ဆက်သွယ်ရေး ပစ္စည်းများကို ယာယီထိန်းချုပ် သုံးစွဲရေး တို့အတွက် လုပ်ငန်းလိုင်စင်ရရှိသူအားညွှန်ကြားနိုင်ရန် ပြဋ္ဌာန်းထားသည်။ ပုဒ် ၇၆ တွင်လိုင်စင် ရရှိသူသည် ပုဒ်မ ၇၅ ပါကိစ္စရပ်များ အနက် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းတစ်ရပ်ရပ် အား လုံခြုံရေး ကိစ္စအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်သည့် ဖမ်းယူမှု ပြုလုပ်ပေးနိုင်ရေးကို ကြိုတင်စီမံ ဆောင်ရွက်ထားရှိရမည်ဟု ဖော်ပြထားသည်။

''ဥပဒေကြမ်းမှာ ဖော်ပြထားတဲ့ အရာတွေထဲမှာ အထင်ရှားဆုံး အချက်ကတော့ ဈေးနှုန်း ကိစ္စ ကို ၀န်ကြီးဌာနက သတ်မှတ်ပေးတဲ့ နှုန်းထားအတိုင်း ဖြစ်ရမယ်ဆိုတဲ့ အချက်ပဲ။ လုံခြုံရေး ရှုထောင့်က ထည့်စဉ်းစားတဲ့ ကိစ္စတွေကတော့ သတ်သတ်ပေါ့ဗျာ။ ဈေးနှုန်းကိစ္စမှာ ၀န်ကြီး ဌာန ပါဝင်ပတ်သက်တာက လွတ်လပ်တဲ့ ဈေးကွက်ယှဉ်ပြိုင်မှုမှာ ပြဿနာရှိလာနိုင်တယ်'' ဟု ဦးကိုနီက ပြောကြားသည်။ ဈေးနှုန်းသတ်မှတ်မှုအပိုင်းတွင် လုပ်ငန်းလိုင်စင်အတွက် တင်ဒါခေါ် ယူစဉ်က တင်ပြခဲ့သည့်အတိုင်း လုပ်ဆောင်သည် ဆိုပါက ပြဿနာ မရှိနိုင်သော်လည်း လိုင်စင် ရပြီးချိန်တွင် ပြောင်းလဲသတ်မှတ်မည်ဆိုပါက ပြဿနာရှိလာနိုင်ကြောင်း သုံးသပ်မှုများ ရှိပါ သည်။

''အခုချိန်မှာ နှစ်ဘက်စလုံးကို စိုးရိမ်နေရတယ်။ အစိုးရပိုင်းက သဘာဝမကျတာတွေ လုပ်လာ မှာကို စိုးရိမ်ရသလို၊ ကုမ္ပဏီတွေဘက်က သဘာဝမကျ လုပ်လာမှာတွေကိုလည်း စိုးရိမ်ရတယ်။ အစိုးရဌာန ဆိုင်ရာတွေနဲ့ ၀န်ကြီးဌာနပိုင်းက လူတွေ မှန်မှန်ကန်ကန်နဲ့ ရိုးရိုးဖြောင့်ဖြောင့် လုပ်နိုင်ဖို့ပဲ အရေးကြီးပါတယ်'' ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်က ပြောကြားသည်။ ဥပဒေကြမ်းကို အသုံးပြုပြီး ပြည်တွင်းအော်ပရေတာနှစ်ခု နစ်နာမှု မရှိစေရန် ပြုလုပ်လာနိုင် သည် ဆိုသော အချက်မှာ အစိုးရနှင့် လွှတ်တော်တို့ သီးခြားစီ ရပ်တည်နိုင်မှု အပေါ်တွင်သာ မူတည်မည်ဟု Fairway Web ၏ ပရောဂျက်မန်နေဂျာ ကိုအိမောင်က ပြောကြားသည်။

''လွှတ်တော်နဲ့ အစိုးရက သီးခြားအဖြစ် ရပ်တည်နေမယ် ဆိုရင်တော့ စိတ်ပူစရာ မလိုပါဘူး။ အဲလို သီးခြားအဖွဲ့အဖြစ် အမှန်တကယ် ရပ်တည်နေတယ်၊ မတည်နေတယ် အပေါ်မှာပဲ မူတည်မယ်လို့ ထင်ပါတယ်။ ဆိုလိုတာက ဥပဒေပြုရေးက အမှန်တကယ် အုပ်ချုပ်ရေးအဖွဲ့ကို ဒီလောက်ကြီး လိုက်ကြည့်စရာ မလိုဘဲ ဒီဥပဒေကိစ္စကို အမှန်တကယ် သေချာအောင်လုပ်မယ် ဆိုရင် ပြဿနာ ဖြစ်စရာ မရှိပါဘူး။ အဲလိုမဟုတ်ဘဲနဲ့ အုပ်ချုပ်ရေး အဖွဲ့နဲ့ ဥပဒေပြုရေးအဖွဲ့က အပြန်အလှန်တွေ ဖြစ်နေတယ် ဆိုရင်တော့ ဥပဒေပြုကတည်းကိုက လက်ရှိ ရှိနေတဲ့ အဖွဲ့ အစည်းတွေကို အကာအကွယ် ပေးနေသလို ဖြစ်နေပါလိမ့်မယ်'' ဟု ကိုအိမောင်က ပြော ကြားသည်။

ဆက်သွယ်ရေး ဥပဒေကြမ်း ထွက်ရှိစဉ် အချိန်ကပင် လူတစ်ဦးချင်း၏ လွတ်လပ်ခွင့်ကို ထိ ပါးသော အချက်များစွာ ပါဝင်နေသည့်အတွက် ပြင်ဆင်ပေးရန် တောင်းဆိုမှုများရှိခဲ့ပြီး ယခု အချိန်တွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် ပြည်ပကုမ္ပဏီများကို ခွင့်ပြုပေး လိုက်သဖြင့် ဥပဒေကြမ်းပါ အကြောင်းအရာများနှင့် ပတ်သက်၍ ပြင်ဆင်စရာ အချက်အလက် များစွာ ရှိလာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

''ဆက်သွယ်ရေး ဥပဒေကြမ်းက ဒီလွှတ်တော် သက်တမ်းအတွင်းမှာပဲ ထွက်မယ်ထင်တယ်။ ကုမ္ပဏီတွေရဲ့ တချို့လုပ်ဆောင်မှုတွေကိုလည်း ဥပဒေ မထွက်သေးရင်လည်း ပြန်ပြင်ရဦးမှာပဲ။ သူတို့လည်း ဥပဒေကို စောင့်ဦးမယ်ထင်တယ်။ ဥပဒေကလည်း ပြန်ပြင်ဖို့ လုပ်ထားတာ ပဲ။ ပြည်တွင်းကုမ္ပဏီတွေနဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ ယှဉ်ပြိုင်တဲ့အခါမှာ ပြည်တွင်းကုမ္ပဏီတွေ နစ်နာမှု မရှိအောင်တော့ ဥပဒေထဲမှာ ပါလာမှာပေါ့။ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး ထိပါးခြိမ်းခြောက်နေတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဥပဒေကြမ်း ထွက်လာက တည်းက ပြင်ဖို့ပြောထားတာပဲ။ သုံးစွဲသူတွေနဲ့ပတ်သက်ပြီး ထည့်မဆွဲဖို့ ကိစ္စတွေ၊ နောက်ပြီး ဒီ အချက်တွေက ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီတွေအတွက်ပဲ ဖြစ်သင့်တယ် ဆိုတာပေါ့။ နောက်ထောင် ဒဏ်တွေဘာတွေကို ဖျက်ဖို့ကိစ္စတွေ အဲတာတွေကိုအကုန်လုံးဝိုင်းပြီး ဆွေးနွေးခဲ့ကြ တယ်။ ပြန်ပြင် တဲ့ အထဲမှာလည်း အဲဒါတွေ ပြန်ပါလာမှာလား ဖြုတ်လိုက်မလားဆိုတာသေချာ မသိရသေးဘူး'' ဟု ဘလော့ဂါ နေဘုန်းလတ်က ဆိုသည်။

''အော်ပရေတာတွေ အနေနဲ့က ဘယ်လိုပဲဖြစ်ဖြစ် အဲဒီဥပဒေအတိုင်းပဲ သွားရမှာပဲလေ။ အဲတာ ကို လိုက်နာနိုင်တယ်။ မလိုက်နာနိုင်ဘူး ဆိုတာမှာပဲ အလုပ်ဖြစ်မယ် မဖြစ်ဘူးလို့ပဲ ပြောရ မှာပေါ့နော်။ ပြည်ပအော်ပရေတာတွေအနေနဲ့ လုပ်သာကိုင်သာတော့ ရှိမှာပါ။ အဲလောက်တော့ မဆိုးရွား လောက်ပါဘူး။ ဥပဒေကြမ်းကတော့ အရင်က ပြောထားသလိုပဲ လုံးထွေးနေသေး တယ် ရှင်းရှင်းလင်းလင်း မရှိသေးဘူး'' ဟု Yangon Heartz Media ၏ မန်နေဂျင်း ဒါရိုက်တာ ကိုဇော်ဇော်မျိုးလွင်က ပြောကြားသည်။

''လက်ရှိ ဆက်သွယ်ရေး ဥပဒေတွေနဲ့တော့ ဘယ်အော်ပရေတာမှ လုပ်ပိုင်ခွင့် အပြည့်အ၀ ရကြမှာ မဟုတ်ပါဘူး။ မကြာမီ ပြင်ဆင်မယ်ဆိုတော့ အဲအချိန်မှာလိုအပ်တာတွေ ဖြေလျော့ပေး မယ်လို့ ထင်ပါတယ်။ ဥပမာ ဆင်ဆာကိစ္စနဲ့ Gateway ကိစ္စလိုမျိုးတွေမှာ ပုံစံပြောင်းရ ပါလိမ့် မယ်။ ဥပမာ ဆက်သွယ်ရေး ပင်မ Gateway တစ်ခုတည်းက အကုန်ဖြတ်ပြီးမှဆိုရင် နှောင့်နှေး ကြန့်ကြာမှုတွေ ရှိကုန်မယ်'' ဟု Ubuntu Myanmar LoCo ၏ အဖွဲ့ခေါင်းဆောင် ကိုကိုရဲ က ပြောကြားခဲ့ပါသည်။

EMG

ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါဝင်သူများ အနေဖြင့် အပြောတစ်မျိုး၊ အလုပ်တစ်မျိုး မလုပ်ဆောင်သင့်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြား

ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါဝင်သူများ အနေနှင့် အပြော တစ်မျိုး၊ အလုပ်တစ်မျိုး မလုပ်ဆောင်သင့်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပြောကြားသည်။ ဇွန် ၂၈ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် နိုင် ငံတော် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီးနောက် သူရဦးရွှေမန်းက ထိုသို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အစိုးရအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ အနေနှင့် လည်းကောင်း၊ လွှတ်တော်ပိုင်း အနေဖြင့် လည်းကောင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် ပါဝင်သူများ အနေဖြင့် စေတနာမှန်ကန်မှု ရှိရန်လိုကြောင်း၊ အပြော တစ်မျိုး၊ အလုပ်တစ်မျိုး မလုပ်ဆောင်သင့်ကြောင်းနှင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း လည်း သူရဦးရွှေမန်းက ပြောကြားသည်။

ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် တပ်မတော်သည် အဓိက အခန်း ကဏ္ဍ၌ ပါဝင်နေကြောင်းလည်း ၎င်းက ပြောကြားသည်။ ''ဘာဖြစ်လို့လဲဆိုတော့ သက်ဆိုင်ရာ ၀န်ကြီးဌာနကသာ တရားဝင် မထုတ်ပြန်လို့သာ လက်ရှိအခြေအနေထိ တပ်မတော် သားတွေ ဘယ်လောက်ထိ သေဆုံးနေတယ် ဆိုတာ မသိရသေးပါဘူး။ အလားတူ ပဲ တစ်ဖက်က လက်နက်ကိုင် တပ်သားတွေ ဘယ်လောက်ထိ သေဆုံးနေတယ် ဆိုတာ မသိရ ပါဘူး။ တကယ်တမ်းတော့ အပစ်အခတ်ရပ်စဲထားတဲ့ နေရာတွေမှာ အခုအချိန်ထိ ငြိမ်းချမ်းရေး မရသေးပါဘူး'' ဟု သူရဦးရွှေမန်းက ဝေဖန်ခဲ့သည်။

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကိုအမြန်ဆုံး ခေါ်ယူကျင်းပရန် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံ သ၀ဏ်လွှာတစ်စောင် ပေးပို့တိုက်တွန်းခဲ့သည်။ လက်ရှိတွင် အစိုးရအဖွဲ့နှင့် လွှတ်တော်တို့သည် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း များကို ၎င်းတို့၏ ကဏ္ဍအသီးသီးအလိုက် လုပ်ဆောင်လျက် ရှိသော်လည်း အမှန်တကယ် ထိရောက်မှုအားနည်းနေသေးကြောင်း ပြည်တွင်းနိုင်ငံရေး လေ့လာသူများက ဝေဖန်မှုများလည်း ရှိနေသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတ ရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ရာထူးမှ အနားယူရန် စာတင်ထားသည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိပြီး ယင်းနှင့်ပတ်သက်၍ ဇွန်၂၉ ရက်ကပြုလုပ်သော ပြည်ထောင် စု ၀န်ကြီးများနှင့် သတင်းထောက်များ တွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုများကို သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ငြင်းဆိုခဲ့ခြင်း မရှိပေ။

EMG

သံတွဲမြို့ ဖြစ်ရပ်မှန်သတင်း ထုတ်ပြန်ချက် (ရခိုင်လူငယ်များအဖွဲ့)

ဖြစ်ပွားပုံမှာ ရခိုင်အမျိုးသမီးငယ် မစုစုမွန် သည် ဂွမြို့နယ်၊ ဆတ်သွားကျေးရွာတွင်ရှိသော အဒေါ်ထံမှ ပြန်လာပြီး သံတွဲကားဂိတ်သို့ သွားရောက်စဉ် ကားဂိတ်တွင် တောင်ကုတ်သို့ သွား မည့်ကား စောင့်ဆိုင်းနေစဉ် မိုးချုပ်လူပြတ်ချိန်၌ ဘင်္ဂါလီမွတ်စလင်ကုလား နှစ်ကောင် ဆိုင်ကယ် များဖြင့်ရောက်ရှိလာကာ အတင်းအကြပ် ခြိမ်းခြောက်၍ အဓမ္မခေါ်ဆောင် သွားခဲ့ သည်။ ထို့နောက် သံတွဲမြို့နယ်အတွင်းရှိ နန်တော်တောင် ဘုရားတောင်ခြေရင်းသို့ ခေါ်ဆောင် သွားပြီး မွတ်စလင်ကုလား၂ကောင်မှ အလှည့်ကျ အဓမ္မပြုကျင့်ခဲ့ကြပြီး၊ နောက်တစ်နေ့နံနက် တွင် မြုံပြင်အရပ်၌ထပ်မံ၌ အဓမ္မပြုကျင့်ခဲ့ကြပြန်သည်။

ထို့နောက် မွတ်စလင်ကုလား၂ကောင်မှ မစုစုမွန်အား လမ်းတွင် ပစ်ထားခဲ့ကာ အကူအညီ မဲ့နေစဉ် မျိုးစောင့်ဥပေဒေ ထောက်ခံချက် လက်မှတ်ထိုးပြီး ပြန်လာသော ကိုသိန်းဇံနှင့် ရခိုင်လူငယ်များကတွေ့ရှိ မေးမြန်းရာမှ အဖြစ်မှန်ကို သိရှိပြီး ရဲစခန်းသို့သွားရောက် အမှုဖွင့် ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ရခိုင်အမျိုးသမီးငယ်မစုစုမွန်အား အဓမ္မကျင့်ခဲ့သော ဘဂ်ါလီ မွတ်စလင် ကုလား၂ကောင်အနက် ၁ကောင်အား ဖမ်းဆီးရမိထားပြီး၊ ကျန်၁ကောင်မှာ ထွက်ပြေး လွတ်မြောက်လျက်ရှိနေကြောင်းသိရပါသည်။

သံတွဲမြို့ အံတော်ရပ်ကွက်တွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီမွတ်စလင်အကြမ်းဖက် သမား များ ပဋိပက္ခအသွင်ဆောင်လျက်ရှိနေပြီး ဘင်္ဂါလီ မွတ်စလင် အကြမ်းဖက်သမားများမှ စတင်ကာ ကိုယ့်အိမ်များကို ကိုယ်ပြန်မီးနှင့်ရှို့နေကြောင်း သိရှိရပါသည်။

(ဆက်သွယ်စုံစမ်းရန်

ကိုသိန်းဇံ - ၀၉ ၄၂၁၇ ၅၄၂၉၃
ဒေသခံတစ်ဦး - ၀၉ ၄၂၁၇ ၃၀၈၁၆
ဒေသခံတစ်ဦး - ၀၉ ၄၂၁၇ ၃၅၃၃၁
သံတွဲပြန်ကြားရေးရုံး - ၀၄၃ ၆၅၂၄၆
သံတွဲရဲစခန်း - ၀၄၃ ၆၅၂၃၉)

ရခိုင်လူငယ်များအဖွဲ့