ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

22.8.16

ဝန်ဆောင်ခ ကျပ်ခြောက်သောင်းကျော်ဖြင့် ထိုင်းသို့ လုပ်သား ပို့ဆောင်မည်


မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လုပ်သား စေလွှတ်ရာတွင် ဝန်ဆောင်ခငွေကို ကျပ် တစ်သိန်းခွဲ ကောက်ခံခဲ့ရာမှ ကျပ် ၆၅၅ဝဝ ဖြင့်သာ အလုပ်သမား ပို့ဆောင်မည်ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (M.W.R.N) မှ ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောကြားသည်။

သြဂုတ်လ ၂ဝ ရက်က မြောက်ဒဂုံမြို့နယ် အလုပ်သမား သင်တန်းကျောင်းတွင် ပြုလုပ်သော “ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမား စေလွှတ်ရေး လုပ်ငန်းစဉ်တွင် အခမဲ့ ဝန်ဆောင်မှု ဖြစ်စေရေး ဦးတည် ဆောင်ရွက်နေမှု အခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲ”တွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ထိုင်းနိုင်ငံကို မြန်မာအလုပ်သမား စေလွှတ်မှုမှာ အလုပ်သမားဘက်က ကျခံရတဲ့ ကုန်ကျစရိတ်ကို လုပ်ငန်းရှင်က မျှခံ ကုန်ကျပေးဖို့ ကျန်ရှိနေသေးတဲ့ လုပ်ငန်း အစုအဖွဲ့တွေနဲ့လည်း ဆွေးနွေးနေတယ်။ အလုပ်သမားတွေက ကုန်ကျစရိတ် နည်းရင် တရားဝင် သွားမယ်။ ဒါဆို ဖြစ်နေတဲ့ ပြဿနာတွေလည်း နည်းသွားမယ်”ဟု ဦးစိန်ဌေးက ဆိုသည်။

ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်မည့် မြန်မာ အလုပ်သမားများ အနေနှင့် နိုင်ငံကူး လက်မှတ်ကြေး၊ စာရွက်စာတမ်းကြေးနှင့် ခရီးစရိတ်များ ပေးရမည်ဖြစ်ပြီး ထိုင်းလုပ်ငန်းရှင်က ဗီဇာကြေး ဆေးစစ်ခနှင့် အလုပ်အကိုင် ပါမစ်ကြေးတို့ကို ကျခံမည်ဖြစ်သည်။

ကုန်ကျစရိတ် မျှခံ ကုန်ကျမှုကို လက်ရှိတွင် ထိုင်းနိုင်ငံမှ ပင်လယ်စာ ထုတ်လုပ် တင်ပို့နေသည့် Thai Union Group နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျန်ရှိနေသေးသော အလုပ်ရှင်များနှင့်လည်း အဆိုပါစနစ် အကောင်အထည် ဖော်နိုင်ရန် ဆက်လက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်ထံမှ သိရသည်။ 

“ပြည်ပကို အလုပ်သမား စေလွှတ်တဲ့အခါမှာ သက်သက်သာသာနဲ့ သွားဖို့ နောက်ဆုံး အခမဲ့ ဝန်ဆောင်မှု ဖြစ်ဖို့အတွက် အေဂျင်စီတွေနဲ့ရော၊ လုပ်ငန်းရှင်တွေကိုရော ဆွေးနွေးခဲ့တာပါ။ အခုက အစိုးရမှာ သတ်မှတ်ချက်က တစ်သိန်းခွဲ ဖြစ်ပေမယ့် လျှော့ယူမယ်ဆိုတော့ အလုပ်သမားတွေအတွက် ပိုကောင်းသွားတယ်”ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ဆိုသည်။

အဆိုပါ Thai Union Group အောက်တွင် စက်ရုံ ကိုးရုံရှိပြီး လက်ရှိတွင် ရွှေပြောင်းလုပ်သား လေးသောင်းကျော်ကို အလုပ် ပေးထားသည်။

လက်ရှိတွင် အဆိုပါ ဝန်ဆောင်ခ နှုန်းဖြင့် လုပ်သား စေလွှတ်ရာတွင် လုပ်သား နှစ်ထောင်ခန့် ရှိပြီဖြစ်ကြောင်း၊ ထိုသို့ အလုပ်ရှင်မှ ကုန်ကျစရိတ် မျှခံမှု စနစ်ကို စောင့်ကြည့်ကာ လိုအပ်သော ပညာပေးမှုများကို ထပ်မံ ပြုလုပ်မည်ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်(M.W.R.N)ထံမှ သိရသည်။
Credit To >>> The Voice Weekly

မြစ်ဆုံကော်မရှင် ၏ပထမဆုံးအစည်းအဝေးယနေ့ ပြုလုပ်မည်

ဧရာဝတီမြစ်ဆုံစီမံကိန်း အဆုံးအဖြတ်ပေးရေးအတွက် ဧ ရာဝတီမြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့ လာဆန်းစစ်သုံးသပ်ရေးကော်မ ရှင်အဖွဲ့၏ ပထမဆုံးအစည်းအ ဝေးကို သြဂုတ် ၂၂ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ ဖန်တံတားဖွင့်လှစ် ခရီးသွားအများအပြားဖြင့် စည်ကား


တရုတ်နိုင်ငံ ဟူနန်ခရိုင်ရှိ အမျိုးသားပန်းဥယျာဉ်တွင် ဖန်ဖြင့်ပြုလုပ်ထားသော မီတာ ၄၃ဝ ရှည်လျားသည့် တံတားအသစ်တစ်စင်းကို သြဂုတ် ၂ဝ ရက်က ဖွင့်လှစ် ခဲ့ရာ ခရီးသွားအများအပြား လာရောက်အပန်းဖြေလျက်ရှိကြောင်း သိရသည်။

အစိုးရကို ယုံကြည်၍ NCA မထိုးသောအဖွဲ့များ ပင်လုံညီလာခံတက်ရန် ကြိုးစားခြင်းဖြစ်ဟု ဗိုလ်ချုပ်ဂွန်မော်ပြော

NCA လက်မှတ်မရေးထိုး  ထားသော အဖွဲ့များအနေဖြင့် အစိုးရကို ယုံကြည်သည့်အတွက် ၂၁ ရာစု ပင်လုံညီလာခံသို့တက် ရောက်ရန် ကြိုးပမ်းနေခြင်းဖြစ် ကြောင်း ကေအိုင်အို ထိပ်ပိုင်း ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်က ပြောကြားသည်။

ရုရှားအရှေ့ဖျားဒေသတွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှု၌ အစ်ကန်ဒါ-အမ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်


ရုရှားတပ်ဖွဲ့များသည် နိုင်ငံအရှေ့ဖျားဒေသ၌ စစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အစ်ကန်ဒါ-အမ် အမျိုးအစား ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၁၉ ရက်တွင် ပြောကြားသည်။