ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

30.1.14

ကချင်စကားမပြောတတ်သော ဒေသခံရွာသားများအား KIA အဖွဲ့မှ ညှဉ်းပန်းနှိပ်စက်ပြီး ငွေကြေးတောင်းယူ

ကချင်ပြည်နယ် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာနှင့် ခါ့ပရာကျေးရွာအကြား ခါ့ပရာကျေးရွာရှိ သစ်အ၀ယ်စခန်း များ၌ သစ်တင်ရောင်ချနေသော မံသာကျေးရွာနေ ရွာသား(၆)ဦးကို

ဒုချီးရားတန်းကျေးရွာ မီးလောင်မှုဖြစ်ရပ်မှန် ပြန်ကြားရေးက ထုတ်ပြန်

ရခိုင်ပြည်နယ် မောင်းတောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုနဲ့ ပတ်သက်ပြီးပြန်ကြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၉ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် အခုလို သတင်းထုတ်ပြန်ပါတယ်။

မြန်မာဒုက္ခသည်များကိုခေါ်ယူမှု အမေရိကန် ရပ်ဆိုင်း

ထိုင်းမြန်မာနယ်စပ် စခန်းတွေဆီက ဒုက္ခသည်များကို ခိုလှုံခွင့်ပေးတဲ့ အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက ရပ်ဆိုင်း လိုက်ပြီဖြစ်ကြောင်း ဒီကနေ့ ကုလသ မဂ္ဂက ပြောလိုက်ပါတယ်။ဒီအစီအစဉ် ကို အကောင်အထည်ဖော်နေတာ ၉ နှစ် ရှိပြီ၊ အမေရိကန်ကို ရွှေ့ပြောင်းနေ ထိုင်ရေး အတွက် နောက်ဆုံး လုပ်ဆောင်ပေးခဲ့တာကတော့ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်တယ်လို့ ဆိုတယ်။

ပိုမို လှပ ကျန်းမာစေမည့် ရိုးရှင်းသော နည်းလမ်း ၁၂ သွယ်

လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် အသက်ရှည်ခြင်း၊ ပျော်ရွှင်စေခြင်း၊ အိပ်ပျော်စေခြင်း၊ ဖိစီးမှု လျော့စေခြင်း၊
နှလုံးရောဂါနဲ့ ကင်ဆာရောဂါ ဖြစ်နှုန်း ကို လျှော့ချ ပေးနိုင်ခြင်း၊ အရေပြား ကျန်းမာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်သလိုပဲ အောက်ပါ နည်းလမ်း လေးတွေကို နေ့စဉ် ဘဝထဲ ထည့်ပေါင်း ပေးတာက သင့်ကို ပိုမိုကျန်းမာ လှပနေစေမှာပါ။

လာမည့် သြဂတ်လတွင် GSM Simcard များအား အရေအတွက်အကန့်အသတ်မရှိ အခမဲ့ ဖြန်ဝေပေးမည်

မြန်မာဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသည့် ကုမ္ပဏီ ၃ ခုအနက် ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ အနေဖြင့် လာမည့် သြဂတ်လတွင် GSM Simcard များအား အရေအတွက် အကန့်အသတ်မရှိ အခမဲ့ ဖြန်ဝေပေးသွား မည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီမှ ဇန်နဝါရီ ၂၉ ရက်နေ့ကသိရသည်။

အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးတွေအပေါ် အပြစ်ပုံချတဲ့ အမတ်ကို ဝေဖန်ကြ

အိန္ဒိယနိုင်ငံက အမျိုးသမီးနိုင်ငံရေးသမား တစ်ဦးက အမျိုးသမီးတွေ အတင်းအဓမ္မ ပြုကျင့်ခံရတာဟာ အမျိုးသမီးတွေ ဝတ်ဆင်တဲ့ အဝတ်အစား၊ သွားလာတဲ့နေရာနဲ့ အမူအယာတွေကြောင့် ဖြစ်နိုင် တယ်လို့ ပြောဆိုလိုက်တဲ့အပေါ် မကျေမနပ် ဖြစ်နေကြပါတယ်။

မာတုဂါမတို့နှင့် ထေရ၀ါဒသာသနာ

★ “အာနန္ဒာ မာတုဂါမတို့ သာသနာတွင်း
ဝင်လာခြင်းကြောင့် အနှစ်တထောင်တည်မည့် သာသနာသည်အနှစ်ငါးရာသာ တည်လတံ့”-ဆိုပါသည်၊
ဘာကြောင့် လျှော့နည်းသွားရပါသနည်း၊ ဘာကြောင့်
အလျှော့ခံ၍ မာတုဂါမတို့အား ဘိက္ခုနီအဖြစ် ခွင့်ပြုရပါသနည်း၊ ရှင်းလင်းဖြေကြားတော် မူပါရန် လျှောက်ထားအပ်ပါသည်ဘုရား။

အစာအိမ် အချဉ်ပေါက်တယ် ဆိုတာ

အစာအိမ် အချဉ်ပေါက်တာထက် အစာအိပ်က ထုတ်တဲ့ အက်ဆစ် အကြောင်းကို အရင် သိထားဖို့ လိုပါတယ်။

ဝမ်းတွင်း အက်ဆစ် (Stomach Acid Strength) က တော်တော် ပျင်းပါတယ်။ ဘယ်လောက်ထိ ပျင်းလဲဆို ဘရိတ်ဓားပါး ၂ချာင်း ၃ချောင်းလောက်ကို ယင်းအက်ဆစ်နဲ့တင် အသာလေး အရည်ပျော်စေ နိုင်ပါတယ်။ အစာအိမ်မှာက ဆဲလ်များက သုံးလေးရက် အတွင်းကို အသစ် အသစ် ဖြစ်ပေါ်နေပြီး နေ့စဉ် စားသုံးတဲ့ အစာများကြောင့်လဲ ယင်းအက်ဆစ်က လူကို ဒုက္ခ မပေးစေပါဘူး။

ငါးမန်းကိုက်သည့် ဒဏ်ရာကို ကိုယ်တိုင်ပြန်ချုပ်ပြီး ဘီယာသွားသောက်သည့် ဆရာဝန်

ငါးမန်းကိုက်ခံရသဖြင့် ၎င်း၏ ရေငုပ်ဝတ်စုံ ဆိုးရွားစွာ ပြဲသွားသော်လည်း အသားပေါ်တွင် ပြင်းပြင်းထန်ထန် သက်ရောက်မှု မရှိခြင်းမှာ ကံကောင်းခဲ့ကြောင်း ဂရန့်က မှတ်ချက်ပြုသွား နယူးဇီလန်မှ ဆရာဝန် တစ်ဦးသည် ငါးမန်းကိုက်ခံရသည့် ဒဏ်ရာကို ကိုယ်တိုင်ပြန်ချုပ်ကာ ဘီယာသွားသောက် ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဧရာဝတီတိုင်းက ရေတွေမှာ အာဆင်းနစ်ဓာတ် များနေ

ဧရာဝတီတိုင်း ကျောင်းကုန်း မြို့နဲ့ အနီးတဝိုက် ရေတွင်း ရေကန် အတော် များများက ရေထဲမှာ ကျန်းမာရေးကို ထိခိုက် စေတဲ့ အာဆင်းနစ် ဓါတ် ပါဝင်နှုန်း မြင့်မား နေ တယ်လို့ ဒေသခံ တွေက ပြောဆို နေကြပြီး၊ ဒီအတွက် စိုးရိမ် မှုတွေ ရှိနေကြ ပါတယ်။

မွေးမြူရေးခြံနှင့် အစာစက်ရုံများ ပူးပေါင်းလုပ်ကိုင်ရန် တင်ဒါခေါ်ရာ၌ ပြည်တွင်းကုမ္ပဏီများအပြင် တရုတ်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီများလည်း အကျိုးတူလုပ်ကိုင်မည်

မြန်မာနိုင်ငံအတွင်းရှိ မွေးမြူရေးခြံနှင့် အစာစက်ရုံများအား အကျိုးတူပူးပေါင်း လုပ်ကိုင်ရန် တင်ဒါခေါ်ယူရာတွင် ပြည်တွင်းကုမ္ပဏီများအပြင် တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီများလည်း ပါဝင်ကာ တင်ဒါလျှောက်ထား မှုများရှိကာအကျိုးတူပူးပေါင်းလုပ်ကိုင်သွား မည်ဖြစ်ကြောင်း  မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး

ဘီး တစ်ခုတည်းနဲ့ မောင်းလို့ရတဲ့ မော်တော်ဆိုင်ကယ်

တွေ့ခဲ့ဖူးသမျှ မော်တော်ဆိုင်ကယ်တွေ ကတော့ ဘီးကို အထူးသဖြင့် နှစ်ဘီး တပ်ဆင်ထားကြသော်လည်း ယခု Ryno လို့ ခေါ်ဝေါ်ကြတဲ့ မော်တော်ဆိုင်ကယ် ကတော့ တစ်ဘီးတည်းပါ။ တစ်ဘီးတည်းပြုလုပ် ထားလို့ အန္တရာယ် ပိုရှိမယ်လို့ မထင်ပါနဲ့။ နှစ်ဘီးဆိုင်ကယ်တွေနဲ့ အတူတူပါပဲ။

နုပျိုလှပသူတိုင်း လုပ်ဆောင်ကြသည့် အလေ့အကျင့် ခုနစ်ခု

အသက်အရွယ်နဲ့ မလိုက်အောင် နုပျိုလှပနေ သူတွေ သင့်ပတ် ဝန်းကျင်မှာ တွေ့ဖူးမှာပါ။ နေ့စဉ်လိုက်နာ ကျင့်သုံးတဲ့ အလေ့အကျင့် တွေက နုပျိုလှပမှုကို ဖြစ်စေ တာပါ။ သူတို့တစ်တွေ လိုက်နာ ဆောင်ရွက်လေ့ရှိတဲ့ အလေ့အကျင့်တွေထဲက ခုနစ်ခုကို ဖော်ပြ လိုက်ပါတယ်။

Internet Dating အပေါ် အယုံအကြည် မရှိသည့် စကားလက်

စကားလက်က ပတ်ဝန်းကျင်တွင် အင်တာနက်မှတစ်ဆင့် ဆက်သွယ်ချိတ်ဆက်သော စုံတွဲများကို တွေ့မြင်နေရသော်လည်း သူမအတွက်မူ ထူးထူးဆန်းဆန်း ကြောင်ကြောင်ကျားကျား ခံစားမှုမျိုး ဖြစ်နေတတ်ကြောင်း ဝန်ခံခဲ့

သူမအနေဖြင့် အင်တာနက်တွင် ချစ်သူရည်းစား ရှာရသည့် Internet Dating ယဉ်ကျေးမှုကို လုံးဝ အယုံအကြည် မရှိကြောင်း စကားလက်

Samsung Galaxy S5 မှာ 21 Megapixel ကင်မရာ ပါရှိမည်

Samsung Galaxy S5 အတွက်ထွက်ရှိလာတဲ့ နောက်ထပ် သတင်း ဖြစ်ပါ တယ်။ ယင်းသတင်းအရ Samsung Galaxy S5 မှာ 21 Megapixel အရည်အသွေးရှိတဲ့ ကင်မရာ ပါဝင်လာမှာ ဖြစ်ကြောင်း သိရ ပါတယ်။

မြန်မာအမျိုးသားကွန်ယက်၏ ၅၉(စ)ထောက်ခံပွဲနှင့်ပတ်သက်သည့် NLD ပါတီမှ ပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦး၏ ပြောကြားချက်များ အပေါ် ပြည်သူများ မကျေနပ် ဟု ဆို

မြန်မာအမျိုးသားကွန်ယက်က ဦးဆောင်၍ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဗိုလ်စိန်မှန်ကွင်း၌ ဆန္ဒဖော်ထုတ်ရန် စီစဉ်လျက်ရှိရာ NLD ပါတီဝင်များက ထိပ်တိုက်ရင်ဆိုင်ရေးအတွက် NLD ပါတီမှ ပြန်ကြားရေးတာဝန်ခံ ဦးထင်လင်းဦး ဦးစီး၍ လှုပ်ရှားရန် ကြိုတင်စီစဉ်လျက်ရှိရာ ယင်းအစီ အစဉ်အပေါ် ပြည်သူများက အမျက်ထွက်နေကြောင်း သိရှိရသည်။

ဂျာမနီသမ္မတ ပထမဆုံးအကြိမ် မြန်မာနိုင်ငံလာမည်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည့် ဂျာမန်-မြန်မာ စီးပွားရေးဖိုရမ်အတွက် ဂျာမနီနိုင်ငံ သမ္မတ Mr.Joachim Gauck သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် ရောက်ရှိမည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံ အခြေစိုက် DW Akademie မှမြန်မာနိုင်ငံ ဆိုင်ရာ အစီအစဉ် မန်နေဂျာ Mr.Patrick Benning က The Voice သို့ ပြောကြားသည်။

အဓိက ကစားသမားများ ပြန်လည်စုံလင်လာ၍ မိုယက်စ်ဝမ်းသာနေ

မန်ချက်စတာ ယူနိုက်တက်တွင် ကစားသမားကောင်းများ ဒဏ်ရာမှ အသီးသီး သက်သာလာပြီး လူစုံတက်စုံ ဖြစ်လာသည့်အတွက် မန်နေဂျာ ဒေးဗစ်မိုယက်စ် တစ်ယောက် ပျော်ရွှင်လျှက် ရှိသည်။
ချယ်လ်ဆီးမှ ကွင်းလယ်ဖန်တီးရှင် ဟွမ်မာတာ အသင်းသို့ စတင်ရောက်ရှိလာသလို ဝိန်းရွန်နီ၊ ရော်ဘင်ဗန်ပါစီတို့သည်လည်း ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာပြီဖြစ်ရာ အသင်း၏

Google ကို ယှဉ်ပြိုင်ရန် Samsung က စမတ်မျက်မှန် ထုတ်လုပ်လာဖွယ်ရှိ

တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီးက Google၏ Google Glassနှင့်အပြိုင် ၎င်းတို့၏ Galaxy Glassကို ဈေးကွက်ထဲ တင်ပို့ရောင်းချလာဖွယ် ရှိနေကြောင်း သိရသည်။

Samsung အနေဖြင့် Googleကို ယှဉ်ပြိုင်ရန်အတွက် စမတ်မျက်မှန်တစ်မျိုး ထုတ်လုပ်ရောင်းချရန် စတင် စီစဉ်နေပြီဟု သတင်းများ

နိုင်ငံရေးဆွေးနွေးမှ ငြိမ်းချမ်းရေးရမည်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က တိုင်းရင်းသားတွေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲပြီးနောက် ပြည် တွင်းငြိမ်းချမ်းရေး အတွက် နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေး ပွဲတွေ စတင်ရန် များစွာအရေးကြီး တယ် လို့ ပြောဆို လိုက်ပါတယ်။ နိုင်ငံရေးဆိုင်ရာ သဘော တူညီ ချက်တွေ မရရှိဘူးဆိုရင် အပစ်အခတ်ရပ်စဲရေးဟာ တခဏနဲ့ ပျက်ပြားသွားနိုင်တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရခိုင်အရေး သတင်းထုတ်ပြန်ရန် နယ်စပ်ရေးရာဝန်ကြီးဌာန ဦးဆောင်အဖွဲ့ ဖွဲ့မည်

သတင်းမှားများ လျင်မြန်ပျံ့နှံ့မှုကို ဖြေရှင်းရန် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ပဋိပက္ခ ကိစ္စများကို သတင်းထုတ်ပြန်ရန် နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ကို အမြန်ဆုံး ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

29.1.14

ဇန်န၀ါရီ ၂၈ ရက်ညပိုင်းက ရွှေဂုံတိုင် Excel Treasure Tower ခြောက်လွှာရှိ အလှပြင်ဆိုင်နှင့် သီရိမင်္ဂလာဈေးဟောင်း အပေါ်ဆုံးထပ်တို့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

ဇန်န၀ါရီ ၂၈ ရက် ည ၉ နာရီခန့်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ကိုယ့်မင်းကိုယ်ချင်းရပ်ကွက်၊ ရွှေဂုံတိုင် Excel Treasure Tower ခြောက်လွှာရှိ Royal Treasure အလှပြင်ဆိုင်နှင့် ကြည့်မြင်တိုင်မြို့နယ် သီရိမင်္ဂလာဈေးဟောင်း အပေါ်ဆုံးထပ်တို့တွင် ည ၁၁ နာရီခွဲက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရွှေဂုံတိုင် Excel Treasure Tower ခြောက်လွှာရှိ Royal Treasure အလှပြင်ဆိုင်ရှိ အင်ဗာတာမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ည ၉ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ဗဟန်းမြို့နယ်မှူးက “မီးလောင်မှုမှာ သေဆုံးသူ၊ ဒဏ်ရာရသူတော့ မရှိပါဘူး။ ဆိုင်ပိုင်ရှင်ကိုတော့ မီးပေါ့ဆမှုနဲ့

သားသမီး လိုချင်သူများ မဖြစ်မနေ သိထားသင့်သော အချက်များ

သားသမီး လိုချင်သူတွေ အနေနဲ့ မဖြစ်မနေ သိရှိထား သင့်တဲ့ အချက်တွေ ရှိနေပါတယ်။

(၁) အသုံးပြု နေသော သားဆက်ခြား နည်းများ ကိုရပ်ပါ

သားသမီး မလိုချင် သေးလို့ ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေ အသုံးပြုတာ၊ ကွန်ဒုံးသုံးတာ၊ အမျိုးသမီး သန္ဓေတား ပစ္စည်းထည့်တာ စတဲ့နည်း တွေနဲ့ သန္ဓေတားခဲ့တယ် ဆိုရင် သားသမီး လိုချင်ပြီဆို ရင်တော့ ဒီနည်းတွေ ရပ်ဖို့ လိုပါတယ်။ ပဋိသန္ဓေတား နည်းတွေကို ရပ်လိုက်ပေမယ့် ချက်ချင်း သားသမီး မရနိုင်တာမျိုး ဖြစ် တတ်ပါတယ်။ အထူးသဖြင့် ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေက သုံးတာကို ရပ် လိုက်ပေမယ့် ကလေး ချက်ချင်း မရနိုင်ပါ။

ဒူဘိုင်းမှ ကမ္ဘာ့အမြင့်ဆုံး တင်းနစ်ကစားကွင်းဖြစ်ပါတယ်

 မြေပြင်ပေါ်မှ မီတာပေါင်း ၂၀၀ခန့်အမြင့်ပေါ်မှာ တည်ဆောက်ထားပါတယ်။

World's highest tennis court in Dubai - about 200 meters above the ground!

ကမ္ဘာ့အံ့ဖွယ်နေရာများ

ကန်စွန်းဥ၏ ကောင်းကျိုးနှင့် စားသောက်ရန် ပြင်ဆင်နည်း

ကန်စွန်းဥတွင် ပရိုတင်းများ၊ အမျှင်ဓါတ်များ၊ သွေးကြော ထောက်ပံ့ အာနိသင် ရှိသော ဘီတာကယ်ရိုတင်း၊ သွေးပေါင် ထိန်းပေးသော ပိုတက်ဆီယမ်၊ ဓါတ်တိုး ဆန့်ကျင် အာနိသင်ရှိသော ဗိုက်တာမင်စီနှင့် ဗိုက်တာမင်အီးတို့ ပါဝင်သည်။

ကန်စွန်းဥသည် အာလူးနှင့် မျိုးနွယ်တူ ဖြစ်သော်လည်း အာလူးနှင့် မတူသည့် အချက်မှာ ကန်းစွန်းဥကြောင့် သွေးတွင်း အချိုဓါတ် မြင့်တက်ခြင်း မရှိပေ။ ကန်စွန်းဥ ခပ်ကြီးကြီး တစ်လုံးတွင် (၁၁၇) ကယ်လိုရီသာ ပါသည်။

ကန်စွန်းဥကို ရေစင်အောင် ဆေး၍ မိုက်ကရိုဝေ့ဗ် မီးဖိုထဲတွင် (၈)မိနစ်ခန့် အပူပေးထားပါ။ ထို့နောက် သံလွင်ဆီ အနည်းငယ်နှင့် နယ်ပါ။ ကန်စွန်းဥကို အစိတ်များ စိတ်ပြီး အစိတ်တိုင်းကို သံလွင်ဆီနယ်၍ အပူချိန် ၄၅၀ ဒီဂရီတွင် ထားပါ။ ထို့နောက် သံလွင်ဆီရော ထားသော ကန်စွန်းဥ အစိတ်များကို အရသာ ပြည့်ဝစွာ စားသုံးနိုင်မည် ဖြစ်ပါသည်။

ရေချိုး ချိန်မှာ အသား အရေကို အစိုဓာတ် ထိန်းသိမ်း နည်း

အသက် ကြီးလာတဲ့ အခါမှာ အရေ ပြားကို ဆေး ကြောတာ၊ သန့်စင် အောင် လုပ်တာနဲ့ အစိုဓာတ် ထိန်းတာ စတဲ့ နည်းလမ်း တွေကို လုပ်ဆောင်တဲ့ အခါမှာ သတိထား သင့်တဲ့ အချက်တွေ ရှိပါတယ်။ အကြောင်း ကတော့ အသက်ကြီး လာ လေလေ အသား အရေက ခြောက်သွေ့ လာလေလေ ဖြစ်တတ် တာကြောင့် အရေပြား စိုပြေ နေအောင် ရေချိုး ချိန်မှာ လိုက်နာ သင့်တဲ့ နည်းလမ်း တွေကို ဖော်ပြ လိုက်ရ ပါတယ်။

(၁) အရေပြား ကိုခြစ်ပြီး စမ်းသပ်မှု ပြုလုပ်ပါ
သင့်အ နေနဲ့ ရေမ ချိုးခင်မှာ လက်မောင်း ဒါမှမဟုတ် ခြေထောက် ပေါ်က အရေပြား နေရာငယ်ကို လက်သည်းနဲ့ ခြစ်ကြည့် လိုက်ပါ။ အဖြူရောင် အမှတ် ရာကြီး ကျန်နေ ခဲ့ရင် အရေပြားက ခြောက်သွေ့ နေတာကြောင့် အစိုဓာတ် ထိန်းဖို့

ကားပါကင်ခ ကြွေးကျန်များကြောင့် လိုင်စင် ဆိုင်းငံ့ခံရသည့် အမ်မာစတုန်း

Amazing Spiderman စတား ဇာတ်ဆောင်မင်းသမီးသည် ကားပါကင်ကြေးများအတွက် (၄၃၇)ဒေါ်လာ ပေးချေရန် ကြွေးကျန်ရှိနေကြောင်း ဖော်ထုတ်နိုင်ခဲ့သည့်နောက် ကယ်လီဖိုးနီးယား ပြည်နယ်တွင် လိုင်စင်ပိတ်ခံလိုက်ရခြင်း ဖြစ်သည်။

အမ်မာစတုန်း အနေဖြင့် သူမ၏ ကားပါကင်ကြေးများကို ပေးချေရန် ပျက်ကွက်မှုများကြောင့် ယခုအခါ ယာဉ်မောင်းလိုင်စင် ဆိုင်းငံ့ခြင်း ခံထားရကြောင်း သိရှိရသည်။ ဟောလီးဝုဒ်၏ ကြယ်ပွင့်သစ်သည် ဇာတ်ကား အများအပြား လက်ခံ ရိုက်ကူးပေးနေသလို ကိုယ်တိုင်လည်း ဒေါ်လာ သန်းပေါင်း အတော်များများ ကြွယ်ဝသည့် သူဌေးမလေး

အမျိုးသားများတွင် လိင်စိတ် လျော့နည်းရခြင်း

အမျိုးသား တွေမှာ ရောဂါ ဝေဒနာ ခံစား ရတာနဲ့ ဆေးကုသမှု ခံယူရတာ တွေကြောင့် လိင်စိတ်လျော့ နည်းမှု ဖြစ်တတ် ပါတယ်။

အမျိုးသား တွေမှာ လိင်စိတ် ဆန္ဒလျော့ နည်းမှု ဖြစ်စေတဲ့ အကြောင်းရင်း တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

- ပန်းသေ ပန်းညှိုးရောဂါ

ပန်းသေတာ ဒါမှမဟုတ် ပန်းသေ ပန်းညှိုး ရောဂါဟာ လိင်စိတ် လျော့နည်း တာနဲ့ မတူပါဘူး။

Angry Birds ဂိမ်းသည် NSA ၏ အသုံးချခံ ဖြစ်လာဟုဆို

အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA)၏ မှတ်တမ်းမှတ်ရာ တစ်ခုက Angry Birdsဂိမ်းကို တည်ကြက်အဖြစ် အသုံးပြုကာ လူပေါင်းများစွာ၏ အချက်အလက်များကို သိမ်းသွင်းစုဆောင်းနေခဲ့ကြောင်း ဖော်ပြထားသည်။

အမေရိကန်နှင့် ဗြိတိသျှ ထောက်လှမ်းရေးများ အနေဖြင့် ၎င်းတို့၏ သူလျှို လုပ်ငန်းများတွင် ကမ္ဘာပေါ်၌ လူကြိုက်အများဆုံး မိုဘိုင်းလ်ဖုန်း ဂိမ်းတစ်ခုကို ခုတုံးလုပ် အသုံးချလာကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

လုံခြုံရေးကြောင့် မာလာလာ စာအုပ်ရောင်းပွဲ ဖျက်သိမ်းလိုက်ရ

ကလေးငယ်တွေ ပညာသင်ကြားခွင့် ရရှိဖို့ တိုက်ပွဲဝင်ခဲ့တဲ့ ပါကစ္စတန်နိုင်ငံက ဆက်ကျော်သက်အရွယ် Malala Yousafzai ရဲ့ အတ္တုပတ္တိ စာအုပ်ရောင်း
ချပွဲမှာ လုံခြုံရေးမပေးတဲ့အတွက် စာအုပ်ရောင်းချပွဲ ဖျက်သိမ်းလိုက်ရ
ပါတယ်။

အသက် ၁၄ နှစ်အရွယ် မာလာလာဟာ ကလေးငယ်တွေ ကျောင်းတက်တဲ့ အခွင့်အရေးရရှိဖို့ တိုက်ပွဲဝင်ခဲ့တဲ့အတွက် ၂၀၁၂ ခုနှစ်တုန်းက တာလီဘန်အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံမှုကို ခံခဲ့ရပါတယ်။

ဂိမ်းဆော့ဖို့အတွက် တရုတ်ပြည်မှ ဇနီးမောင်နှံက သားသမီး ၃ဦးကိုရောင်း

တရုတ်ပြည် ဟာ ကမ္ဘာပေါ်မှာ အွန်လိုင်းဂိမ်း ဆော့ကစားသူ အများဆုံး နိုင်ငံ အဖြစ် စံချိန်တင်ထားပါတယ်။ ဒါကြောင့်မို့လည်း ဂိမ်းနဲ့ ပက်သက်ပြီး ပေါက်ပေါက် ရှာရှာ ဖြစ်ရပ်များလည်း အမြဲလိုလို ဖြစ်နေ ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Sanxiang City မှာ သားသမီး ၃ ဦး စလုံးကို ရောင်းချပြီး ဂိမ်း ဆော့ခဲ့တဲ့ ဇနီးမောင်နှံ ၂ ဦးကို ဖမ်းဆီးထောင်ကျကြောင်း သိရပါတယ်။

“ ချုံကြားမှ ဘုံဖျားသို့ ”

ဘ၀ကို မည်မျှနိမ့်ပါးနုံချာသော အခြေအနေမျိုးမှ စတင်ခဲ့ရသည် ဖြစ်ပါစေ၊ ရည်မှန်းချက် ရှိမည်၊ ဥာဏ်အမြော်အမြင် ရှိမည်၊ မလျှော့သော ဇွဲလုံ့လ ရှိမည်ဆိုက သည်တစ်သက်တာ ဘ၀အပြီးသတ်ချိန်၌ အမြင့်မားဆုံး ထိပ်ဆုံးနေရာကို ရရှိနိုင်ပါသည်။

သည်လို ရရှိသွားခဲ့သူတွေလည်း သမိုင်းတစ်လျှောက် အမြောက်အမြား ရှိသည်။ အထွတ်အထိပ်သို့ ရောက်ရှိကြသူတွေ၏ အတ္ထုပ္ပတိများကို လှန်လှောကြည့်လျှင် “ ချူံကြားမှ ဘုံဖျားသို့ ” တက်လာနိုင်ခဲ့သူတွေ များပြားလှကြောင်း တွေ့ရှိရလိမ့်မည်။

အဝလွန်နေသူများအတွက်(၇)ရက်အမြန်အဆီချနည်း

အဟာရဓါတ်ချို့တဲ့မှု့မဖြစ်ေ စတဲ့နည်းလမ်းလေးပါ... စားရမယ့်အစီအစဉ်တွေက..

(အဆီကျဟင်းရည်)

ကြက်သွန်နီဥကြီး ခြောက်လုံး
ငရုတ်ပွအစိမ်းနှစ်တောင့်
ခ၇မ်းချဉ်သီး ခြောက်လုံး
တရုတ်နံနံတစ်စည်း
ဂေါ်ဖီတစ်ထုတ်

"စိတ်သစ်ကိုင်း"

အားနွဲ့နေတဲ့ သစ်ကိုင်းလေးတစ်ကိုင်းဟာ
ငှက်ကလေးတွေ လာခိုနားခိုက်မှာလည်း
တုန်လှုပ်ယိမ်းယိုင်သွားရတယ်။

အဲဒီလာနားတဲ့ ငှက်ကလေးက တနေရာရာကို
ပျံသန်းစွန့်ခွါသွားချိန်မှာလည်း
တုန်လှုပ်ပြီး ကျန်ရစ်ခဲ့ရတယ်။

တစ်ချို့လူတွေရဲ့ စိတ်ကလည်း
အားနွဲ့တဲ့ သစ်ကိုင်းတစ်ကိုင်းလိုပဲ-

ရာထူး အာဏာဂုဏ် ၊ပညာဂုဏ်၊ ဓနဂုဏ်
အလှဂုဏ်စတဲ့ ဂုဏ်တွေနဲ့ တူတဲ့ ငှက်ကလေးတွေ -
လိုချင်တဲ့လောကဓမ်၊ မလိုချင်တဲ့ လောကဓမ်ဆိုတဲ့
လောကဓမ်ရှစ်ပါးနဲ့ တူတဲ့ ငှက်ကလေးတွေ-
အကြောင်းသင့်လို့ ဝင်နားတဲ့အခိုက်မှာလည်း
တုန်လှုပ် ယိမ်းယိုင်သွားတတ်ကြတယ်။

28.1.14

ဂျပန်ရိုးရာ ဘော်ဒီဆူရှီ

Nyotaimori လို့ ဂျပန်လိုခေါ်တဲ့ စားသောက်နည်းကို အင်္ဂလိပ်လို "Body Sushi" လို့ ခေါ်ပါတယ်။ အများအားဖြင့်က အမျိုးသမီးများရဲ့  ခန္ဓာကိုယ်ပေါ်မှာ ဂျပန်ဆူရှီတင်လို့ စားသောက်ခြင်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ရှေးယခင်ကတည်းက ခေတ်စားပြီး ဆူရှီအတင်ခံရမယ့် အမျိုးသမီး ဘော်ဒီ ကို သေချာ ဖော်စပ်ထားတဲ့ ဆေးတစ်မျိုးနဲ့ ရေအရင်ချိုးပေးရပါတယ်။ ပြီးတော့မှ ဆူရှီတင်တာပါ။ ဆူရှိ အတင်ခံမယ့် အမျိုးသမီးတွေ ကိုလည်း အရင်ဆုံး ကိုယ်လုံးတီး အဝတ်ဗလာနဲ့ မလှုပ်မယက် တစ် နာရီလောက် အိပ် နိုင်အောင် လေ့ကျင့်ပေးရ ပါသေးတယ်။ ဒါ့အပြင် အေး တဲ့ အစားအသောက်များ တင်တဲ့အခါ မယားတတ်အောင် လည်း လေ့ကျင့် ရပါသေးတယ်။ အဲဒါတွေ ပြီးပြီဆို မှ ဘော်ဒီဆူရှီ အတွက် ဧည့်ခံတာ ဖြစ်ပါ တယ်။

အမေရိကန်က သရဲခြောက်တဲ့ အိမ်

အမေရိကန်ပြည်ထောင်စု အင်ဒီးယားနား ပြည်နယ် Gary မြို့ က အိမ်တစ်အိမ် မှာ ဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ်က မိခင်နဲ့ အသက် ၈ နှစ်အရွယ်၊ ၉ နှစ်အရွယ်၊ ၁၂ နှစ်အရွယ် ကလေး သုံးဦး ပြောင်းရွှေ့ လို့ နေထိုင် ပါတယ်။ မြေအောက်ထပ်အခန်း ကနေ အသံတွေကြားကြားရပြီး အမြဲလိုလို သရဲခြောက်ခံနေရတယ်ဆို တာက တော်တော်ကြာမှ သိလာကြ ပါတယ်။ စုန်း တစ္စေပေါင်း အကောင် ၂၀၀ နဲ့ ပြုစားထားတဲ့ အိမ်ဖြစ်ပြီး ယင်း သားအမိ ၄ ဦးကိုပါ ပြုစား ထားကြောင်း ဆိုပါတယ်။ ညတိုင်း အခြောက်လှန့်ခံ ရပြီး ဖျားနာသွားတဲ့ ကလေးကို ပြုစုဖို့အတွက် သူနာပြု တစ်ယောက် လာနေပါတယ်။ သူနာပြုကိုယ်တိုင်ပဲ သူပြုစုတဲ့ ကလေးဟာ နံရံပေါ်ကို နောက်ပြန် လျှောက် တတ် သွားတာကို မြင်ရပြီး ထိတ်လန့်ခြောက်ခြား သွားခဲ့ပါတယ်။ 

သဘင်မင်းသားတွေဖွင့်လှစ်မယ့် သဘင်အနုပညာကျောင်းများ

ဇာတ်သဘင်နဲ့ပတ်သက် ပြီး မျိုးဆက်သစ်လူငယ်တွေ ပေါ်ထွက်လာဖို့အတွက် ပုဂ္ဂလိကသဘင်အနုပညာ ကျောင်းတွေဖွင့်လှစ်ဖို့ သဘင်မင်းသားတွေက စီစဉ် ဆောင် ရွက်နေ ကြပြီဖြစ်ပါ တယ်။ဒီလိုအနုပညာ သင်တန်း ကျောင်းကြီးဖွင့်လှစ်တဲ့ အခါမှာသဘင်အနုပညာရှင် ကြီးတွေနဲ့ထိထိရောက်ရောက် သင်ကြားပေးသွား မှာဖြစ် ကြောင်း လည်းသဘင်နဲ့ ပတ်သက်ပြီးအနုပညာ ကျောင်းကြီးဖွင့်လှစ်ဖို့စီစဉ် နေတဲ့ ဖိုးချစ်က ပြောပါတယ်။ ” ကျွန်တော်တို့ ပုဂ္ဂလိက ကျောင်းတွေအနေနဲ့ ၂နှစ် လောက် ဖိဖိစီးစီး သင်ရင် တတ်ပါတယ်။လောလော ဆယ်တော့ အကသင်တန်းနဲ့ ဆိုင်းသင်တန်းကိုစဖို့ စီစဉ် ထားပါတယ်။

ကမ္ဘာ့သရဲအခြောက်ဆုံးနေရာ စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အိမ်ဖြူတော်

အိမ်ဖြူတော်ဟာ အမေရိကန်သမ္မတနဲ့ သမ္မတကတော်တို့ နေထိုင်တဲ့ စံအိမ်အဖြစ် ၁၈၀၀ ပြည့်ခုနှစ်လောက် ကတည်းက စတင်အသုံးပြုခဲ့ပါတယ်။ ဘယ်သူမှန်းမသိတဲ့ ခြေသံတွေ၊ တံခါးခေါက်သံတွေ၊ တံခါးကို ထုရိုက်သံတွေ၊ ခွေးဟောင်သံတွေ နဲ့ ရုတ်တရက်ချမ်းစိမ့်စိမ့်ဖြစ်လာတဲ့ ခံစားမှု တွေကို အိမ်ဖြူတော်မှာ နေထိုင်တာဝန်ကျဖူးတဲ့ လူတိုင်း ခံစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ တခါတလေမှာ အိမ်ဖြူတော်ထဲမှာ လှည့်လည်သွားလာနေတဲ့ အဖြူရောင်အရိပ်သဏ္ဍာန်တွေ တွေ့ ရတယ်လို့ နာမည်ကြီးပါတယ်။ သူသေမှာကို ကြိုသိမြင်ခဲ့တယ်ဆိုတဲ့ အမေရိကန် သမ္မတ အေဗရာဟင်လင်ကွန်း ရဲ့ ၀ိဥာဉ်ကို ခဏခဏ တွေ့ ရှိရတယ်လို့  ဆိုပါတယ်။ တစ်ချို့ လူတွေအပြောအရ လင်ကွန်းရဲ့ ၀ိဥာဉ်ဟာ

ဆိုတေး သီချင်းပြန်ဆိုပြီ

၂ဝ၁၃ ခုနှစ်ကုန်ပိုင်းမှာ ကား မတော်တဆဖြစ်မှုကြောင့် အနုပညာ အလုပ်တွေနဲ့ဝေးကွာ ခဲ့တဲ့ဆိုတေး ဟာ အခု ၂ဝ၁၄နှစ်ဆန်းပိုင်းမှာတော့ အနုပညာအ လုပ်တွေ ပြန် လည်ပြု လုပ်ဖြစ်နေပါတယ်။ 

ကျန်းမာရေး အတန်ငယ်ကောင်းမွန်လာတဲ့ ဆိုတေး က ဇန်နဝါရီလ ၂၄ရက်နေ့က ဖိုးချစ် နဲ့အတူ သီချင်းသီဆိုခဲ့ပြီး ၂ဝ၁၄ သင်္ကြန်အတွက် ထွက်ရှိမယ့်သင်္ကြန် စီးရီးမှာလည်း ပါဝင်သီဆိုမယ်လို့ သိရပါတယ်။

ဆိုတေးရဲ့ ကျန်းမာရေးအခြေ အနေက အခုအချိန်မှာ ပိုမိုကောင်း မွန်လာပြီဖြစ်တာကြောင့် သူ့ရဲ့ ဒုတိယတစ်ကိုယ်တော်စီးရီးကိုလည်း ၂ဝ၁၄ အတွင်းမှာ အမြန်ဆုံး ထွက် ရှိနိုင်အောင်ပြုလုပ်သွားမယ်လို့ဆို တေး ရဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်း မှ သိရပါတယ်။

P-054

Popular Journal

လင်းလင်း နှင့် ချစ်သုဝေ တို့၏မင်္ဂလာဦးဆွမ်းကျွေးအလှူ

မောင်ထွေးလင်းကို (ခ) အဆိုတော် လင်းလင်း နှင့် သရုပ်ဆောင် အဆိုတော် ဒေါက်တာ ချစ်သုဝေ (ခ) Treza Lilian တို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးကို ဇန်နဝါရီ ၂၈ ရက်၊ မနက် ၁၀ နာရီတွင် ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်တွင် ကျင်းပခဲ့သည်။ လင်းလင်း နှင့် ချစ်သုဝေ တို့က သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြပြီး လှူဖွယ်ဝတ္ထုများကိုလဲ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

ဓာတ်ပုံ - အိသွဲ့(တန့်ယန်း)
Popular Journal

ပညာရေး ပြုပြင်ပြောင်းလဲရန် ကြန့်ကြာနိုင်

ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် အရေးကြီးသော ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန် ပညာရေးဝန်ကြီးဌာနက လက်မခံသေးဘဲ ဆက်လက်ချုပ်ကိုင်ရန် ကြိုးစားနေကြောင်း ပညာရေး ပြုပြင်ပြောင်းလဲလိုသူများက ဧရာဝတီသို့ ပြောကြားသည်။

ပညာရေး ကဏ္ဍအားလုံးကို လွှမ်းခြုံနိုင်မည့် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာ အဆင့်တိုင်းအတွက် အခြေခံမူများ အားလုံးကို ဆွေးနွေးလိုသော်လည်း ယနေ့အချိန်အထိ ဆွေးနွေးခွင့် မရသေးကြောင်း၊ ပညာရေး ဝန်ကြီးဌာနမှ ပညာရေး အရာရှိတချို့သည် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန် တွန့်ဆုတ်လျက်ရှိပြီး အစိုးရ အဖွဲ့အတွင်း၌လည်း

အမေရိကမှာ မွေးဖွားမယ့် နိုင်းနိုင်းနဲ့စန္ဒီချိုတို့ရဲ့ စတုတ္ထမြောက် ရင်သွေးရတနာ

၂ဝ၁၃ နိုဝင်ဘာ ၂၉ ရက်နေ့က အမေရိကကိုထွက် ခွာသွားခဲ့ကြတဲ့နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ကို စတုတ္ထမြောက်ရင်သွေးလေးနဲ့ပတ်သက်ပြီး အင်တာနက်ကနေ တစ်ဆင့် ဆက် သွယ်မေးမြန်း တော့ “နယူးယောက်မြို့ Stony Brook ဆေးရုံမှာဇန်နဝါရီ၂၉ရက် နေ့မွေးဖွားမှာပါ။ယောက်ျား လေးလား၊ မိန်းကလေးလားဆိုတာအခုထိ မသိသေးပါ ဘူး။ မွေးမှပဲသိမှာပါ။ စန္ဒီမွေးဖွားတဲ့အချိန်ကိုနိုင်းကအနားမှာရှိပေးမှာပါ” လို့ပြောပါတယ်။ အကြီးဆုံးသမီးနဲ့ တတိယ မြောက်သမီးတို့ကိုရန်ကုန် မှာမွေးပြီး ဒုတိယမြောက် သားနဲ့အခု စတုတ္ထရင် သွေးကိုလည်း အမေရိကား မှာမွေးဖွားတာ ဖြစ်ပါတယ်။

ခိုင်ဝေလွင်
Popular Journal

ကမ္ဘာအေးဘုရားလမ်း ၁၀၆ မှတ်တိုင်အနီးတွင် ယာဉ်သုံးစီး ဆင့်တိုက်ရာမှ တစ်စီးမီးလောင်

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း (၁၀၆) မှတ်တိုင်အနီးတွင် ဇန်နဝါရီလ ၂၆ ရက် ည ၁၂ နာရီကျော်က ယာဉ်သုံးစီး ဆင့်တိုက်ရာမှ ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကိုရီးယားနိုင်ငံသား နှစ်ဦး အပါအဝင် ငါးဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကင်း မြို့မရဲစခန်းထံမှ သိရှိရသည်။

ကိုရီးယားနိုင်ငံသား နှစ်ဦး စီးနင်းလိုက်ပါလာသော Mark-X အမျိုးအစား အငှားယာဉ်သည် ယင်းညက အင်းလျားလိတ် ဟိုတယ်လမ်းမှ ကမ္ဘာအေးဘုရားလမ်းဘက်သို့ ချိုးကွေ့စဉ် ကမ္ဘာအေးဘုရားလမ်း အတိုင်း မြောက်ဥက္ကလာပမြို့နယ် ဘက်သို့ မောင်းနှင်လာသော Kluger အမျိုးအစား ကိုယ်ပိုင်ယာဉ်ကို ကန်လန့်ဖြတ် ဝင်တိုက်မိကြောင်း၊

အပျိုကြီးများရဲ့ အားနည်းချက်များ

၁- ရေချိုးပြီးသနပ်ခါးသွေးပေးမယ့်သူမရှိခြင်း
၂-အိပ်မက်ဆိုးများဖြင့်ညတရေးနိုးလန့်နိုးသော်...နှစ်သိမ့်ရာမရှိခြင်း
၃-အတင်းပြောသမျှ ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ပေးမယ့်သူမရှိခြင်း
၎-ဈေးဝယ်ထွက်ရာတွင် အထုပ်ပေါင်းများစွာကို ကိုယ့်အားကိုကိုးဆွဲသယ်ရခြင်း
၅-အိမ်ကစက်ပစ္စည်း ၊လျှပ်စစ်ပစ္စည်းများပျက်လျှင် ဆိုင်သို့ သာပို့ရရ်ျ
ပိုက်ဆံကုန်ခြင်း

၆-နေရာတကာ မီတာဆောင်၊ဖုန်းခွန်ဆောင် မိမိဘာသာသွားလာ ၇ခြင်း
၇-ဆရာလုပ်ခြင်း ပြောချင်တိုင်းပြောခြင်းကိုနာခံမယ့်သူမရှိခြင်း
၈-အများတကာမှ သီတင်းကျွတ်တိုင်းမစားရသေးဘူးလား၊ ဘယ်တော့လဲ၊စသဖြင့်ရိထေ့ငေါ့ခြင်းကို
အောင့်သီးအောင့်သက်ဖြင့် ခံစားနားဆင်ရခြင်း၊

မြန်မာနိုင်ငံသည်တစ်ချိန်ကအာရှတိုက်၏တိုးတက်မှုစွမ်း အားမြင့်မားသည့်နိုင်ငံအဆင့်သို့ပြန်ရောက်နိုင် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက၄င်း၏နှုတ်ခွန်းဆက်စကားတွင်ဖော်ညွှန်းပြောကြား

မြန်မာနိုင်ငံအနေဖြင့် လက်ရှိ တွင် ပဋိပက္ခများ၊ ထိရှလွယ်သော အခြေအနေများနှင့် အထီးကျန်ဖြစ် နေခဲ့ခြင်းမှကြွယ်ဝ၍အေးချမ်းသော အနာဂတ်ဆီသို့ ခိုင်မာစွာဦးတည် ဆောင်ရွက်နေကြောင်း လေ့လာ
တွေ့ရှိရပါသည်။

မြန်မာနိုင်ငံမှာ အဆင့်(၃) ဆင့်ပါဝင်သော အသွင်ကူးပြောင်း ရေး၏ အဓိကအစိတ်အပိုင်းတွင် ရောက်ရှိနေပါသည်။ ¤င်းအဆင့် များမှာ စစ်ဘက်အစိုးရအုပ်ချုပ်ရေး မှဒီမိုကရေစီစနစ်သို့လည်းကောင်း၊ နယ်စပ်ဒေသပဋိပက္ခများမှငြိမ်းချမ်း ရေးဆီသို့လည်းကောင်း၊နိုင်ငံတော် ဗဟိုပြုစနစ်မှ ဈေးကွက်ဗဟိုပြု စီးပွားရေးစနစ်သို့ လည်းကောင်း စသည်ဖြင့်ဖြစ်ပါသည်။

လုံးချင်းအိမ်ယာတွင် အထပ်မြင့်(၈)ထပ်တိုက်ဆောက်လုပ်ခြင်းအား လုံးဝသဘောမတူကြောင်း လမ်းသူလမ်းသားများကပြော

ကမာရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက် အောင်မြေသာစည် လုံးချင်းအိမ်ယာ ရွှေရတနာလမ်းတွင် နေထိုင်ကျသော လမ်းသူလမ်းသားများအားအထပ်မြင့်(သုံးထပ်ခွဲ)အဆောင်အုံအား ဆောက်လုပ်မည်ဆိုကာ လက်မှတ်ထိုးခိုင်း၍ ယခုအခါ (၈)ထပ်တိုက် ဆောက်လုပ်ခြင်းအား လုံးဝသဘောမတူကြောင်း လမ်းသူလမ်းသားများက ဇန်နဝါရီ ၂၈ရက်က MJN ရုံးတွင် ရှင်းလင်း ပြောကြားခဲ့သည်။

ရွှေရတနာလမ်းတွင် နေထိုင်သော ဦးကျော်ဝင်းက “၉မီတာ ပေ၃၀ ရှိတဲ့လမ်းတွေမှာဆိုရင် အထပ်မြင့် ၅ထပ်ပဲ ဆောက်ခွင့်ရှိပါတယ် အခု ကျွန်တော်တို့လမ်းက ၂၁ပေပဲ ကျယ်ပါတယ် ဒီလမ်းမှာ အခုလို ၈ထပ်တိုက်

စမ်းချောင်းကျွန်းလယ်မှ သမ၀ါယမအသင်းသားများ (၃)ကြိမ်မြောက် ဆန္ဒထုတ်ဖော်

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် စမ်းမြောက်ရပ်ကွက် စမ်းချောင်းလမ်းနှင့် ပန်းခြံလမ်းထောင့်ရှိ သမ၀ါယမဦးစီးဌာန အရှေ့၌ ဇန်န၀ါရီ(၂၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီခန့်တွင် သမ၀ါယမအသင်းသားများမှ ဆန္ဒထုတ်ဖော်မှုတစ်ရပ် ပြုလုပ်ခဲ့ ကြသည်။

ပိုက်လိုင်းပေါက်မှု ပြင်ဆင်ပြီး၍ CNG ဂက်စ် ပုံမှန်အတိုင်း ပြန်ရောင်းမည်

ညောင်တုန်းရေနံမြေမှ ရွာမ သဘာဝဓာတ်ငွေ့ စက်ရုံသို့ ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့ သွယ်တန်းသော ပိုက်လိုင်း ပေါက်မှုကို ပြင်ဆင်ပြီးဖြစ်သောကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရီးသည်တင်ယာဉ်လိုင်းများနှင့် အငှားယာဉ်များကို CNG သဘာဝဓာတ်ငွေ့

ရှေးဟောင်းငွေကွမ်းတောင်မီးခြစ် သက်ဆိုင်ရာအပ်နှံမည်

မိတ္ထီလာမြို့ တောမကျေးရွာ အုပ်စု ရေချိုကျေးရွာ လူနေအိမ် ဝိုင်းတစ်ခုတွင် တွင်းတူးရာမှတွေ့ ရှိရသည့် ရှေးဟောင်းငွေကွမ်း တောင်မီးခြစ်ကို သက်ဆိုင်ရာသို့ အပ်နှံမည်ဖြစ်ကြောင်း လက်ဝယ် ပိုင်ဆိုင်ထားသူ ရေချိုကျေးရွာသား တစ်ဦးက ပြောသည်။