ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

13.6.13

မာယာများတဲ့အလင်္ကာ ဇာတ်ကားအတွက် ပရိသတ်များကို တောင်းပန်ဟု သဉ္ဇာနွယ်ဝင်းဆို

"စာရွက်မှာတော့ Love Scene တစ်ခန်းပါ ပါတယ်။ ဒါပေမဲ့ ဒီလိုပုံစံမျိုး ရိုက်ရမယ်လို့ မသိခဲ့ပါဘူး။ ဇာတ်ကားစရိုက်တဲ့ ပထမဆုံး နေ့မှာပဲ ဒီအခန်းကို စရိုက်ဖို့ သဉ္ဇာကို ညဝတ်အင်္ကျီ လဲခိုင်းပါတယ်။ ဒီလိုပုံစံ ရိုက်ရမယ်လို့ သိတဲ့အခါမှာ ကိုယ်လက်ခံပြီးသား အလုပ်တစ်ခုကို ရှောင်လွှဲရာကျမှာ ကြောင့်ရော ကိုယ်နဲ့အတူတူ အလုပ်လုပ်နေ တဲ့သူတွေကို Respect ထားတဲ့ အနေနဲ့ရော ရိုက်ဖြစ်ခဲ့တာပါ" ဟုဆို။
Ref: The Voice Weekly

မွတ်စ်လင်မ်များ ညီညွတ်ကြဖို့ အီရန်တော်လှန်ရေး ခေါင်းဆောင် တိုက်တွန်း


  မွတ်စ်လင်မ်နိုင်ငံများ အနေဖြင့် ဗိုလ်ကျစိုးမိုးသော အင်အားကြီးနိုင်ငံများကိုဆန့်ကျင်ရန် ညီညွတ်ချိန်တန်ပြီ ဖစ်ကြောင်းနှင့် မွတ်စ်လင်မ်လူ့အဖွဲ့အစည်းများအကြား ကွာဟချက်ဖြစ်ပေါ်နေပါက ဇီယွန်ဝါဒီတို့အတွက် ပူးပေါင်းကြံစည်လုပ်ပိုင်ခွင့်ကို ဖန်တီးပေးရာရောက်ကြောင်း အီရန်တော် လှန်ရေးခေါင်းဆောင် အာယာသိုလာ အလီခါမေနီကတိုက်တွန်းပြောကြားလိုက်သည်။
  “ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဟာ မွတ်စ်လင်မ်တွေကြားမှာ အပူတပြင်းလိုအပ်နေတဲ့ တာဝန်တစ်ရပ်ပါ” ဟု တီဟီရန်မြို့၌ကျင်းပသော အကြိမ် ၃၀ မြောက်နိုင်ငံတကာ ကုရ်အာန်ကျမ်းမြတ် ရွတ်ဖတ်ပြိုင်ပွဲ၌ အာယာသိုလာ ခါမေနီကပြောကြားသည်။
  မွတ်စ်လင်မ် အွမ္မတ်ထုအတွင်း မညီညွတ်မှုနှင့် ခွဲခြားမှုတွေကြောင့်ဖြစ်ပေါ်လာသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ သွေးထွက်သံယိုမှုများနှင့် မျက်ကန်းအကြမ်းဖက်မှုများသည် ကပ်ဘေးတစ်ခုအဖြစ် ဆိုက်ရောက်ရုံမက ဇီယွန်ဝါဒီတို့၏ သိမ်းပိုက်ခံဘ၀ ကျရောက်နိုင်သည့် အလားအလာကို ပိုမိုဖန်တီးပေး ရာရာက်ကြောင်း ခါမေနီကထောက်ပြပြောဆိုသည်။
   “ဒီနေ့အချိန်အခါဟာ မွတ်စ်လင်မ်နဲ့ အစ္စလာမ်နိုင်ငံတွေကို စမ်းသပ်မယ့်ကာလပဲ၊ မွတ်စ်လင်မ်နိုင်ငံတွေ အနေနဲ့ လုံးဝ နိုးနိုးကြားကြားနဲ့ သတိဝီရိယရှိသင့်ပါတယ်”ဟု ၎င်းက သတိပေးပြောကြားသည်။ “အနောက်တိုင်းက မွတ်စ်လင်မ်ကမ္ဘာနဲ့ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားသူတွေဟာသူတို့ရဲ့ ရန်လိုတဲ့ အမူအယာတွေကို မွတ်စ်လင်မ်တွေအပေါ်မှာ ပွင့်ပွင့်လင်းလင်း ပြကြပါတယ်၊ ဒါကြောင့် မွတ်စ်လင်မ် အွမ္မတ်ထုအနေနဲ့ မိမိတို့ရဲ့ ပင်ကိုယ်အရည်အသွေးနဲ့ အင်အားတွေကို သစ်လွင်အောင်လုပ်ပါ။ အရေးကြီး ဆုံးအင်အားကတော့ ညီညွတ်မှု၊ ဘက်စုံပေါင်းစည်းမှုနဲ့ ဘုံအကျိုးစီးပွားအပေါ် အခြေခံမှုတို့ဖြစ်ပါတယ်” ဟု ခါမေနီက ဆိုသည်။
  အလားတူ ဖေဖော်ဝါရီလက တီဟီရန်၌ ကျင်းပခဲ့သော ၂၆ ကြိမ်မြောက်င်ငံတကာအစ္စလာမ့်ညီညွတ်ရေး ကွန်ဖရင့်နှင့် တမန်တော်မွေးနေ့အခမ်းအနားတို့ တွင်လည်းအာယာသိုလာခါမေနီက မွတ်စ်လင်မ်နိုင်ငံများ အကြား ညီညွတ်ခြင်းသည် တမန်တော်မြတ်ကြီး၏ အဓိကရည်မှန်းချက်ပင်ဖြစ်ကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။
  မွတ်စ်လင်မ်ကမ္ဘာတွင် နိုးကြားလာသော အပြောင်းအလဲလှိုင်းကို ထောက်ပြပြီး ယင်းလှုပ်ရှားမှုများကို ပစ်မှတ်ထားကာ မွတ်စ်လင်မ်များ တစ်ဦးနှင့်တစ်ဦး ရန်လို တိုက်ခိုက်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်သော ကမ္ဘာ့ရန်တိုက်ပေးမှုများကိုလည်း ထပ်လောင်းဖွင့်ဟခဲ့သည်။ “ဒါကြောင့် မွတ်စ်လင်မ်ကမ္ဘာက သြဇာရှိ သူတွေရဲ့ အဓိကတာဝန်ကတော့ ရန်သူရဲ့ လျှို့ဝှက်ကြံစည်မှုတွေကို ဖော်ထုတ်ဖို့နဲ့ အစ္စလာမ့်ညီညွတ် မှုဆောင်ပုဒ်ကို သရုပ်ဖော်ပြသနိုင်ဖို့ အတွက် အရေးတကြီး ကြိုးပမ်းသွားရမှာဖြစ်ပါတယ်” ဟု ခါမေနီက အထူးအလေးပေး ပြောကြားသွားခဲ့သည်။

 စိုင်ဖုလ္လာဟ်(မြန်မာမွတ်စလင်မီဒီယာ)

မန္တလေးတွင် တရုတ်ဘာသာဖြင့် ကြော်ငြာ၊ လုပ်ငန်းသုံး ဆိုင်းဘုတ်များ ရေးသားတပ်ဆင် ချိတ်ဆွဲခွင့် မပြု



မန္တလေးမြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ရုံကို တွေ့ရစဉ်

မန္တလေးတွင် ကြော်ငြာလုပ်ငန်းသုံး ဆိုင်းဘုတ်များတွင် တရုတ်ဘာသာဖြင့် ရေးသားတပ် ဆင်ချိတ်ဆွဲခွင့် ပြုမထားကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

မန္တလေးတွင် နေထိုင်သဖြင့် တရုတ်ဘာသာစကားသင်တန်းများ၊ ကြော်ငြာဆိုင်းဘုတ်များတွင် တရုတ်ဘာသာဖြင့် ကြော်ငြာခြင်းများ များပြားလာသောကြောင့် မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီမှ ပြန်လည်ဖြုတ်စေခဲ့ကြောင်း သိရသည်။ "မန္တလေးမှာ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာကလွဲလို့ ဘယ်ဘာသာနဲ့မှ ကြော်ငြာတာ ခွင့်မပြုထားပါဘူး။ တရုတ် ဘာသာတစ်ခုတည်းနဲ့ ကြော်ငြာတွေကို မေတ္တာရပ်ခံပြီး ပြန်ဖြုတ်စေခဲ့ပါတယ်။ အရေးယူမှု ကတော့ မရှိပါဘူး။ ဒါပေမဲ့ စိစစ်စောင့်ကြည့်မှုတော့ လုပ်ပါတယ်" ဟု မြို့တော်စည်ပင် သာယာရေး ကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူး ဦးမျိုးအောင်က ဆိုသည်။

ယင်းသို့ တရုတ်ဘာသာဖြင့် ကြော်ငြာဆိုင်းဘုတ် တပ်ခြင်းများကို အရေးယူမှုမရှိဘဲ မေတ္တာရပ် ခံခြင်းဖြင့် ပြန်လည်ဖြုတ်စေသောကြောင့် မန္တလေးတွင်တရုတ်ဘာသာဖြင့် ကြော်ငြာ ဆိုင်းဘုတ်များ တပ်ခြင်းမှာ လျော့နည်းခြင်းမရှိကြောင်း မန္တလေးမြို့ခံများက ဆိုသည်။ "တရုတ်လေကြောင်း လိုင်းတစ်ခုကတော့ သံရုံးကတစ်ဆင့် တောင်းဆိုတဲ့အတွက် မြို့တွင်းနှစ်နေရာမှာ တရုတ်ဘာသာနဲ့ ကြော်ငြာဆိုင်းဘုတ် တပ်ခွင့်နှစ်နေရာ ခွင့်ပြုထားပါ တယ်။ တခြားခွင့်ပြုထားတာ မရှိတဲ့အတွက် တွေ့ရင်စည်ပင်ကို အသိပေး အကြောင်း ကြားနိုင်ပြီး ဖြုတ်ခိုင်းမှာပါ" ဟု ဌာနမှူး ဦးမျိုးအောင်က ဆက်လက်ပြောကြား ခဲ့သည်။

မန္တလေးတွင် အထူးကုဆေးရုံများ၊ တရုတ်ဘာသာစကားသင်တန်းများ၊ ကျောက်မျက်ရောင်း ၀ယ်ရေး လုပ်ငန်းများ၊ အချက်အချာကျသည့် နေရာများဖြစ်သည့် လမ်း ၈၀၊ ၇၈ လမ်းပေါ်ရှိ ဟိုတယ်များတွင် တရုတ်ဘာသာဖြင့် အများဆုံး ကြော်ငြာလေ့ရှိကြောင်း သိရသည်။ မန္တလေးတွင် တရားဝင် အိမ်ထောင်စု စာရင်းရှိသော တရုတ်နွယ်ဖွား ငါးသောင်းဝန်းကျင် ရှိသည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ သိရသည်။

Eleven Media Group

မန်ချက်စတာစီးတီးက ပေါင်စတာလင် ၁၅ သန်းဖြင့် ခေါ်ယူလိုက်သော နက်

 


  မန်ချက်စတာစီးတီးက ပေါင်စတာလင် ၁၅ သန်းဖြင့် ၄ နှစ်သက်တမ်း စာချုပ်ချုပ်ဆို ခေါ်ယူလိုက်သည့် ဂျီးဆက် နက်ဗက်စ်။ အသက် ၂၇ နှစ်အရွယ် တောင်ပံကစားသမား နက်ဗက်စ်သည် စပိန်ဘောလုံး ကလပ်အသင်း ဆီဗီလာတွင် ကစားနေသူဖြစ်သည်။၎င်းသည် စပိန်လက်ရွေးစင် အသင်းအတွက် ၂၃ ပွဲကစားခဲ့ပြီး ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားနှင့် ၂၀၁၂ ခုနှစ် ဥရောပဖလားတို့တွင်လည်း ပါဝင်ကစားခဲ့သည်။

Miss World ပြိုင်ပွဲမှာ Bikini ဝတ်ဆင်ယှဉ်ပြိုင်မှုတားမြစ်

  
အားလုံးအံ့အားသင့်စေမယ့် သတင်းတစ်ပုဒ်ကို Miss World အလှမယ် ပြိုင်ပွဲရဲ့ပွဲစီစဉ်သူတွေ က ကြေညာခဲ့ပါတယ်။စက်တင်ဘာလ အတွင်း အင်ဒိုနီးရှား နိုင်ငံ၊ ဘာလီမှာ ကျင်းပမယ့် Miss World ပြိုင်ပွဲဝင် အလှမယ်တွေကို စတိတ်စင်ပေါ်မှာ ရေကူးဝတ်စုံ ဝတ်ပြီးရှိုးလျှောက်ဖို့ လုံးဝတားမြစ်ထား ပါတယ်။
   မူဆလင်လူမျိုး အများစု တွေနေထိုင်တဲ့ အင်ဒိုနီးရှား နိုင်ငံမှာ သူတို့နဲ့ သဘောထားကွဲလွဲမှုတွေ မဖြစ်စေ လိုတဲ့အတွက် အခုလို တားမြစ်ထား တာပါလို့ Miss World အလှမယ်ပွဲ စီစဉ်ရေး ဥက္ကဋ္ဌ ဂျူလီယာမော် လီက ပြောပါတယ်။
  ဒါ့အပြင် သူမက ပြိုင်ပွဲ အေးအေးချမ်းချမ်း ကျင်းပနိုင်ဖို့အတွက် အခုလို ဆုံးဖြတ်ခဲ့ကြောင်းဆိုပါတယ်။ ဘာသာရေး အယူဝါဒ ပြင်းထန်သူများက လေဒီဂါဂါကို မကောင်းဆိုးဝါး သံတမန်ဟုခေါ်ဆို ဆန့်ကျင် ခဲ့သောကြောင့် ဂျကာတာ မြို့မှာ ကျင်းပမယ့် လေဒီဂါဂါရဲ့ ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။

မန်စီးတီးက ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူလိုက်သည့် ဖာနန်ဒင်ဟို


မန်ချက်စတာစီးတီးက ပေါင်စတာလင် သန်း ၃၀ ဖြင့် ၄ နှစ်သက်တမ်း စာချုပ်ချုပ်ဆို ခေါ်ယူလိုက်သည့် ဖာနန်ဒင်ဟို။ အသက် ၂၈ နှစ်အရွယ် ဘရာဇီးလ် ကွင်းလယ်ကစားသမား ဖာဒန်ဒင်ဟိုသည် ယူကရိန်းဘောလုံးကလပ်အသင်း ရှက်တာဒိုးနပ်ခ်တွင် ကစားခဲ့သူဖြစ်သည်။

ဖာနန်ဒင်ဟိုသည် ပရီးမီးယားလိဂ်တွင် ပြောင်းရွှေ့ကစားခြင်းဖြင့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားအတွက် ဘရာဇီးလ်လက်ရွေးစင် အသင်းတွင် ရွေးချယ်ခံရရေး ရည်မှန်းထားကြောင်း သတင်းများကဆိုသည်။

အရည်အသွေးမြင့် ကျောက်စိမ်းများ မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်းမှု များပြားလာ

၂၀၁၃ ခုနှစ်အတွင်း နေပြည်တော်တွင် ပြုလုပ်သည့် ကျောက်မျက်ရတနာ ပြပွဲကို တွေ့ရစဉ်

မြန်မာနိုင်ငံမှထွက်ရှိသော အရည်အသွေးမြင့်ကျောက်စိမ်းများ မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်းမှု များပြားလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

"တရုတ်ပြည်ဘက်မှာ ကျောက်စိမ်းမြို့တော် ဆိုတာရှိတယ်။ အမှန်ကသူတို့ကအမွှမ်းတင်ထား တာ။ သူတို့ဆီမှာ ကျောက်စိမ်း တကယ်မထွက်ပါဘူး။ မြန်မာပြည်က ကျောက်စိမ်းတွေပဲ အကြီးအကျယ် တင်သွင်းတာပါ။ တစ်ရာမှာ ရာခိုင်နှုန်း ၈၀ က မှောင်ခိုလမ်းကြောင်း ကနေပြီး တရုတ်ပြည်ဘက်ကို သွားနေတယ်။ ပြပွဲမှာပြတယ်ဆိုတာတွေက အမှန်အတိုင်းပြော ရင်မှောင်ခို ကသွားတဲ့ ကျောက်စိမ်းတွေလောက် အရည်အသွေး မကောင်းဘူး။ အခုဆိုရင် တရုတ်ပြည်ရဲ့ မှောင်ခိုကျောက်စိမ်း ဈေးကွက်ကြောင့် မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ လောက် အတွင်းမှာ ကျောက်စိမ်းဆိုတာ မြေလှန်သလောက် ဖြစ်သွားပါပြီ" ဟု တရုတ်-မြန်မာ နယ်စပ်ဒေသမှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် မူမြန်မာနိုင်ငံမှ ကျောက်စိမ်းကိုအဓိကထား တင်သွင်းနေပြီး အခြားပတ္တမြားနှင့် နီလာကဲ့သို့ အဖိုးတန် ကျောက်များမှာမူ ယိုးဒယားဘက်သို့ မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် သွားနေကြောင်း သိရသည်။

"အခု နှစ်ပိုင်းတွေမှာ ကျောက်စိမ်းတရားဝင် တင်သွင်းမှုသည် လျော့ကျလာတယ်။ အဓိက ကတော့ တရုတ်ဘက်က အခွန်တိုးကောက် လိုက်တာလည်း ပါတယ်။ ဒီတော့ မှောင်ခိုကို အားပေးသလို ဖြစ်သွားပါတယ်" ဟု လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ တွင် ကျောက်စိမ်းကို ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့်၊ မိုးညင်း ဒေသများတွင် လည်းကောင်း၊ အလားတူ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ခန္တီးမြို့နယ်တို့တွင် လည်းကောင်းထုတ်ယူနိုင်ကြောင်း၊ အခြားကျောက်မျက် ရတနာများကိုမူ ကချင်ပြည်နယ် နန့်ယားဆိတ်၊ မန္တလေးတိုင်း ဒေသကြီး တွင် မိုးကုတ်နှင့် ရှမ်းပြည်နယ် မိုင်းရှူးမြို့များတွင် ထုတ်ယူနိုင်ကြောင်း သိရသည်။ အမျိုးသား စီမံကိန်း ဥပဒေ မူကြမ်းအရမူ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ယခင်ထုတ်လုပ်မှု ပမာဏ ထက် သဘာဝဓာတ်ငွေ့ကို ရာခိုင်နှုန်း ၂၅၊ ကျောက်စိမ်းကို ခုနစ်ရာခိုင်နှုန်း၊ ကျောက်မျက် ရတနာ ရာခိုင်နှုန်း ၁၀ ပိုမိုထုတ်လုပ် နိုင်မည်ဟု ရည်မှန်းထားကြောင်း၊ ထို့အတွက် သတ္တု တွင်းထွက် ပစ္စည်းကဏ္ဍတွင် အသားတင် ထုတ်လုပ်မှု တန်ဖိုးကို ကျပ် ၃၉၈၁၉၆ ဒသမ ၇ သန်း ရရှိအောင် ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း အဓိက သတ္တုနှင့် ကျောက်စိမ်းကို ၇ ဒသမ ၈ ရာခိုင်နှုန်းနှင့် ကျောက်မျက်ရတနာကို ၁၀ ဒသမ ၅ ရာခိုင်နှုန်း တိုးထုတ် မည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ တိုးမြှင့်ထုတ်ယူရန် ရည်မှန်းထားသော်လည်း မှောင်ခို လမ်းကြောင်းမှ ထွက်နေသော ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများအား မတား ဆီးနိုင်ပါက နိုင်ငံတော်မှ ရသင့်ရထိုက်သင့်သည့် ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးမှုများ ရှိနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

Eleven Media Group

ပီအာရ်စနစ် မကျင့်သုံးဖို့၊ မတရားအသင်းပုဒ်မပယ်ဖျက်ဖို့ တိုင်းရင်းသား (၁၅)ပါတီ တောင်းဆို


  ရွေးကောက်ပွဲမှာ PR ခေါ် အချိုးကျရွေးချယ်မှုစနစ် ကျင့်သုံးရေးကိစ္စကို ကန့်ကွက်ကြောင်းနဲ့ မတရား အသင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၇ (၁)(၂) ကို ပယ်ဖျက်ပေးဖို့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီက တောင်းဆိုလိုက်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီရုံးချုပ်မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ၁၅ ကြိမ်မြောက် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲမှ အချက် ၆ ချက်ပါ သဘောထားကြေငြာချက်ကို ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။
  လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်ဆံဖို့ အင်မတန်ခက်ခဲတဲ့အတွက် မတရားအသင်းဆိုင်ရာဥပဒေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုရတာဖြစ်တယ်လို့ "ဝ" အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီမှ ဗဟိုအလုပ် အမှုဆောင် ဦးဆမ်နပ်က RFA ကို အခုလို ပြောပါတယ်။"ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေပုဒ်မ ၁၇ (၁)က ကျနော်တို့ နိုင်ငံရေးပါတီရော၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေနဲ့ရော၊ ဒီလိုမျိုးလက်နက်ကိုင်အဖွဲ့အစည်းနဲ့ ဆက်သွယ်ဖို့ ပြောဆိုတာ အင်မတန်မှခက်ခဲလို့ ကျနော်တို့က ဒီပုဒ်မကို ရှုတ်ချတာပါ"
  အဲဒီသဘောထားကြေငြာချက်မှာ ဖက်ဒရယ်ပြည်ထောင်စုပါတီသစ် ဖွဲ့စည်းတည်ထောင်ရန်၊ အချိုးကျ ကိုယ်စားပြုစနစ်(PR System)ကို ကန့်ကွက်ကြောင်း၊ မတရားအသင်းဆိုင်ရာအက်ဥပဒေပုဒ်မ ၁၇ (၁) (၂) နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ (က) ပုဒ်မခွဲ(၃) တို့ကို ပယ်ဖျက်ပေးရန် စတဲ့အချက်တွေ ပါဝင်ပါတယ်။ရှမ်းပြည်နယ် တောင်ကြီးမြို့က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူ) ရုံးချုပ်မှာ ပြုလုပ်တဲ့ ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (NBF) ရဲ့ ၁၅ ကြိမ်မြောက်ေ ဆွးနွေးပွဲမှာ တောင်းဆိုချက် ၆ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese

လူသေဆုံးမှုများ ထပ်မဖြစ်သော်လည်း ကောလာဟလများနှင့် မမှန်သတင်းများကြောင့် မလေးရှားရောက် မြန်မာများ ထိတ်လန့်နေရ

ဇွန် ၅ ရက်က ဆလာရန်းတွင်မလေးရှားရဲများက အော်ပရာစီဝင်ပြီး မြန်မာအလုပ်သမားများကို ဖမ်းဆီးနေစဉ် (ဓာတ်ပုံ-မျိုးညွန့်)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီး၌ အကြမ်းဖက်တိုက်ခိုက်ခံရမှုများကြောင့် လူသေဆုံး မှုများ ထပ်မဖြစ်သော်လည်း ကောလာဟလများနှင့်မမှန်သတင်း များကြောင့် မလေးရှားရောက်မြန်မာ များ ထိတ်လန့်နေရကြောင်း သိရသည်။ မလေးရှား နိုင်ငံတွင် မေ ၃၀ ရက်မှစတင်ပြီး ဗုဒ္ဓဘာသာဝင် မြန်မာများကို ဘင်္ဂါလီ လူအုပ်စုများမှ အကြမ်းဖက်တိုက်ခိုက်မှု များ ရှိခဲ့ပြီး တရားဝင် စာရင်းများအရ လူငါးဦး သေဆုံးခဲ့ကာ ၁၀ ဦးထက်မနည်း ဓားခုတ် ဒဏ်ရာများ ရရှိခဲ့ကြသည်။

အဆိုပါဖြစ်ရပ်များသည် ကွာလာလမ်ပူမြို့ရှိ ဆလန်းဂေါပြည်နယ် ဆလာရန်းမြို့ ဆလာ ရန်းဈေးသစ်နှင့်ဈေးဟောင်းနေရာများတွင် စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။ ဆလာရန်း မြို့တွင် မလေးရှားနိုင်ငံသားမဟုတ်သော ဘင်္ဂါလီအများစု နေထိုင် လျက်ရှိပြီး မြန်မာ တိုင်းရင်းသား အချို့လည်းနေထိုင်လျက် ရှိပါသည်။ လက်ရှိအချိန်တွင် ဆလာရန်းတွင် ဖြစ်ပေါ် ခဲ့သော အကြမ်းဖက် တိုက်ခိုက်ခံရမှုများကြောင့် ထိုဒေသတွင် နေထိုင်နေသော ဗုဒ္ဓဘာသာ ၀င် မြန်မာ အလုပ်သမားများမှာ နေအိမ်များကို စွန့်ခွာပြီး ကပုန်းမြို့နယ်ရှိ ကပုန်း ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ နီးစပ်ရာ သူငယ်ချင်း မိတ်ဆွေများ၏ နေအိမ်သို့ လည်းကောင်း သွားရောက်ခိုလှုံလျက် ရှိသည်ဟု သိရသည်။

"ဆလာရန်းဈေးမှာ အလုပ်လုပ်တယ်။ အခု ပြန်မသွား ရဲတော့ဘူး။ အိမ်ပဲပြန်တော့မယ်" ဟု ကပုန်းဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသော မစမ်းစမ်းက ဆိုသည်။ "မင်းက ဗမာလား။ ဗမာ ဆိုရင် လိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်။ ကားပါကင် ရောက်တဲ့အချိန် လူအုပ်စုနဲ့ ၀ိုင်းခုတ်တာတွေကို ကျွန်တော်ကိုယ်တိုင်မြင်ပြီး ထွက်ပြေးခဲ့ရတာ။ မြန်မာပြည်ကိုပဲ ပြန်တော့ မယ်" ဟု ကပုန်း ဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေသော ကိုမျိုးအောင်ခင်က ပြောကြားသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ ပတ်ဝန်းကျင်ရှိ ဆလာရန်း၊ ကာချန်း၊ နီလိုင်း၊ ရာဝမ်း၊ ဂျိုဟိုး၊ ပီနန်း၊ ပုချွန်း၊ ကပုန်း၊ ကွမ်တန်းနှင့် ဒမန်ဆာရာတို့တွင် ဗုဒ္ဓဘာသာဝင် မြန်မာ အလုပ်သမားများ အပါအ၀င် ကရင်၊ မွန်၊ ချင်း၊ ရခိုင် အစရှိသော တိုင်းရင်းသားများလည်း အလုပ်လုပ်ကိုင်လျက် ရှိနေသည်။

ထိုသို့ မလေးရှားကို စွန့်ခွာပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်လိုသူ များပြားနေချိန်တွင် မမှန် သတင်းနှင့် ကောလာဟလများကြောင့် ဒေသခံများမှာ ထိန့်လန့်ချောက်ချားမှု များ ဖြစ်ပေါ်နေ ရသည်ဟု သိရသည်။ "ဟိုနေရာမှာ အသတ်ခံရပြီ။ ဒီနေရာမှာတော့ အသတ်ခံရပြီဆိုတဲ့ သတင်းတွေ ထွက်တယ်။ ကျွန်တော်တို့ သွားကြည့်တယ်။ မတွေ့ရဘူး။ မတွေ့ရတဲ့အတွက် အတည်ပြုလို့ မရဘူး။ သတင်းတွေကတော့ ထွက်တယ်။ ရှားလမ်းမှာ မိန်းကလေးနှစ်ယောက် မုဒိမ်းကျင့် သတ်ခံရတယ်ဆိုပြီး သတင်းထွက်တယ်။ သွားကြည့်တော့ မဟုတ်ဘူး ဖြစ်နေတယ်" ဟု ကွာလာလမ်ပူမြို့တွင် လူမှုကူညီရေး လုပ်ငန်းများ လုပ်ကိုင်နေသူ ကိုမျိုးညွန့် (save the age) က ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရှားလမ်းတွင် မြန်မာမိန်းကလေးနှစ်ဦး အသတ်ခံရကြောင်း သတင်းထွက်ခဲ့ပြီး ယမန်နေ့ ညကလည်း ရှားလမ်းရှိ ဆမ်ဆောင်းစက်ရုံတွင် အလုပ်လုပ် ကိုင်နေသော မြန်မာမိန်းကလေး တစ်ဦးကို စက်ရုံထဲအထိ လိုက်လံသတ်ဖြတ်မှု ရှိခဲ့ကြောင်းနှင့် ယနေ့နံနက်ပိုင်းက ကပုန်းဘက်တွင် အမျိုးသားငါးဦး အသတ်ခံရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုသတင်း အားလုံးမှာ မမှန်သတင်းများ ဖြစ်ခဲ့ကြောင်း သိရသည်။

"ဖြစ်နေတာတွေကတော့ လွန်ပါတယ်။ Facebook ပေါ်ကလည်း ကျွန်တော်တို့ ထိတ်လန့်အောင်၊ ကြောက်လန့်အောင် ခြောက်လှန့်နေတယ်။ တစ်ခုခု မဖြစ်ဖြစ်အောင် လှုံ့ဆော်နေတယ်လို့ ထင်ရတယ်။ မလေးရှားမှာ ဗမာတွေအသတ်ခံ နေရပြီဆိုပြီး ပုံတွေတင် တယ်။ တချို့ကတော့ အမှန်တွေတင်တယ်။ တချို့ကျတော့ ပုံအမှားတွေ၊ တိုက်ပေါ်ကခုန်ချ ပြီး သေပြီးသားပုံတွေ အဲတာတွေက ကြာလှနေပြီ။ နောက်ပြီး ဒီနေ့တင်ထားတဲ့ပုံ။ ရာဘာတော ထဲမှာ အသတ်ခံရတဲ့ အလောင်းသုံးလောင်းပုံ။ အိတ်အမည်းတွေနဲ့ ထုပ်ထားတာ။ အဲတာက ၂၀၁၂ ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ လူသတ်မှုပုံတွေ။ သူတို့က သတင်းစာကပုံကိုတင်တာ။ သတင်းစာ မှာ ရက်စွဲမပါဘူး။ ဖြစ်တာက ၂၀၁၂ ခုနှစ်မှာ ဖြစ်ခဲ့တာပါ။ အဲလိုတွေလုပ်ပြီး ဒီမှာ မဖြစ်ဖြစ်အောင် လှုံ့ဆော်နေကြတယ်" ဟု ကိုမျိုးညွန့် (save the age) ကဆက်လက်ပြော ကြားသည်။

Eleven Media Group

RCSS/SSA နဲ့ SNLD ရန်ကုန်မှာတွေ့




    ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရောက်ရှိ နေတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တို့ ရန်ကုန်မှာ ဗုဒ္ဓဟူးနေ့ က တွေ့ဆုံကြပါတယ်။ SNLD ဥက္ကဌ ခွန်ထွန်းဦး၊ ဒု-ဥက္ကဌ စိုင်းစောအောင်၊ အတွင်းရေးမှူး စိုင်းညွန့်လွင် တို့နဲ့ RCSS/SSA က ဒုဗိုလ်ချုပ်ကြီးယွက်စစ်တို့အဖွဲ့ မရမ်းကုန်းမြို့နယ်က ခွန်ထွန်းဦးနေအိမ် မှာ တွေ့ဆုံ ခဲ့ပါတယ်။
    နှစ်ပေါင်း ၅ဝ ကျော်ကြာလက်နက်ကိုင် တော်လှန်တဲ့ ရှမ်းလက်နက်ကိုင် အဖွဲ့နဲ့ ပြည်တွင်းနိုင်ငံရေး အဖွဲ့အစည်းတခု ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။ ပထမဆုံးအကြိမ်တွ့ဆုံမှု ဖြစ်ပေမယ့် ရှမ်းလူထုအတွက် လုပ်လိုတဲ့ ရည်မှန်းချက် တူညီနေတာကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးမှာအတူ လက်တွဲ လုပ်ဆာင်လိုတဲ့ ဆန္ဒရှိကြပါတယ်။
   နိုင်ငံရေးဆွးနွေးပွဲ အမြန်စဖို့၊ ရှမ်းတပ်မတော် နှစ်ဖွဲ့ကတပ်သားတွေ အပါအဝင် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အမြန်လွတ်ဖို့၊ သန်းခေါင်စာရင်းကောက်ချိန်မှာ ပြည်ပရောက် ရှမ်းလူမျိုးတွကို မှန်မှန် ကန်ကန်ထည့်သွင်း ကောက်ခံဖို့ အရေးကြီးကြောင်း ဆွေးနွေးကြပါတယ်။ တွေဆုံပွဲမှာ အဲဒီကိစ္စ ရပ်တွေပူးပေါင်း လုပ်ဆောင်သွားဖို့ ဆွေးနွေးခဲ့ကြတယ်လို့ SNLD ပြောခွင့်ရ စိုင်းလိတ်က ပြောပါတယ်။
  ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူထားကြပေမယ့် အသေးစိတ်လုပ်ငန်းစဉ်ကိုတော့ မရေးဆွဲရသေးဘူး လို့လဲ စိုင်းလိတ်ကဆိုပါတယ်။ RCSS/SSA နဲ့ အစိုးရဆွးနွေးပွဲမှာ တိကျတဲ့ကတိကဝတ်ရဖို့၊ နှစ်ဘက် ယုံကြည်မှုရှိကြဖို့ အရေးကြီးပြီး နိုင်ငံရေးဆွးနွေမှုမရှိဘဲ ကြိုတင်လက်မှတ်ထိုးတာတွေ မလုပ်ဖို့အရေး ကြီးကြောင်းစိုင်းလိတ်က ပြောပြပါတယ်။ နောက်နေ့တွေမှာ RCSS/SSA နဲ့ တခြားတိုင်းရင်းသား အဖွဲ့အစည်းတွေတွေ့ဖို့ ရှိတယ်လို့လဲ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

တပ်မတော်ပါဝင်မှ စစ်မှန်သော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မည်

မြန်မာအစိုးရ တပ်မတော်ပါဝင်မှ စစ်မှန်သော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြော သည်။ 

“ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့က အဘက်ဘက်က ပါဝင်ဖို့ လိုပါတယ်။ ဒါပေမယ့် တပ်(တပ်မတော်)ကတော့ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်” ဟု ၄င်းက ပြောသည်။ ၄င်း၏ သုံးရက်ကြာ နေပြည်တော် ခရီးစဉ်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ခြင်း မရှိခဲ့သော်လည်း ၄င်းအနေဖြင့်လည်း တွေ့ဆုံရန် ဆန္ဒရှိ ခဲ့ကြောင်း ဆိုသည်။ တပ်ပိုင်းကိစ္စရပ်များ အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်မှသာ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးပြီးနောက်ပိုင်း ပြန်လည်ဖြစ်ပွားလျက် ရှိသော နှစ်ဖက်တိုက်ပွဲများ  လျော့ကျသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးနိုင်ရန် နိုင်ငံတော်အစိုးရဘက်မှ တပ်မတော်ပိုင်းဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူတစ်ဦးအား ကေအိုင်အိုနှင့် ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးမှုအပြီး မေလ ၃၀ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

 သို့သော် အခြေခံဥပဒေ၌ ပေးထားချက်များနှင့် တပ်မတော်ပိုင်း ဆိုင်ရာ ကဏ္ဍတွင် အဓိကဖြစ်သော ကာကွယ်ရေးဦးစီးချုပ်သာ အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမည်ဆိုပါက ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း နိုင်ငံရေးရာ ကျွမ်းကျင်သူအချို့က ဆိုသည်။ “အပြန် အလှန် ယုံကြည်မှု တည်ဆောက်နိုင်ဖို့နဲ့ နယ်မြေ ဆက်စပ်နေတဲ့ တပ်တွေ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ ဆက်ဆံရေးရုံးခွဲတွေကို ကျွန်တော်တို့ ထပ်မံဖွင့်လှစ် ပေးသွားမှာပါ” ဟု နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောသည်။ 

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ဒေသတွင်း ဖွံ့ဖြိုးရေးဆောင်ရွက်ရန် ကိစ္စများဆောင် ရွက်နိုင်သော်လည်း တပ်ပိုင်းဆိုင်ရာ နေရာချ ထားရေးနှင့် တပ်ပိုင်းဆိုင်ရာ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အခက်အခဲများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

မလေးမှ ပြန်မည့် မြန်မာလုပ်သားများအား Golden Myanmar လေကြောင်းလိုင်းမှ အခမဲ့ စီးနင်းခွင့် ပြုမည်




မလေးရှားနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နေသော မြန်မာ မိသားစုများ ဘန်ကောက် နှင့် စင်ကာပူမှ ပြန်မည် ဆိုပါက Golden Myanmar လေကြောင်းလိုင်းမှ အခမဲ့ စီးနင်းခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။

Golden Myanmar လေကြောင်းလိုင်းသည် ဘန်ကောက် ၊ စင်ကာပူ ၊ ရန်ကုန် - မန္တလေး ခရီးစဉ် ပြေးဆွဲနေခြင်းကြောင့် ရန်ကုန် နှင့် မန္တလေး ခရီးစဉ် နှစ်ခုလုံး အား အခမဲ့ စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။


စီးနင်းလိုသူများ သည် မလေးရှား နိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နေသူများဖြစ်ကြောင်း မြန်မာ သံရုံးထောက်ခံချက် ပါရှိရမည် ဖြစ်ပြီး လေယာဉ်လက်မှတ် အခမဲ့ ပေးမည် ဖြစ်သော်လည်း လေဆိပ် ၀န်ဆောင်ခ များကို စီးနင်းသူမှ ပေးဆောင်ရမည် ဟု Golden Myanmar လေကြောင်းလိုင်းမှ တာဝန်ရှိသူက ပြောသည်။

Golden Myanmar လေကြောင်းလိုင်းကို ဆက်သွယ်လိုပါက စင်ကာပူ ဖုန်း နံပါတ် ၀၀၆၅ - ၉၁၈၂၉၃၉၀ ၊ ဘန်ကောက် ဖုန်းနံပါတ် ၀၀၆၆ -၂၁၃၄၇၉၃၈ / ၂၁၃၄၇၉၃၉ / ၈၄၉၉၀၆၀၉၀ သို့ ဆက်သွယ်နိုင်ပြီး Email ဖြင့် ဆက်သွယ် မည် ဆိုပါက www.gmairlines.com သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

From : ..popular

၉၆၉-လှုပ်ရှားမှုသာ အမျိုးဘာသာ သာသနာကို ကာကွယ်နိုင်မည်

မြန်မာနိုင်ငံရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ အဓွန့်ရှည်ဖို့ ၉၆၉-ဆိုတာ ဖြစ်လာတာပါ။
မိမိအိမ်မှာ၊ မိမိဆိုင်မှာ၊ မိမိကားမှာ၊ မိမိရုံးမှာ၉၆၉ တံဆိပ်ကို ရဲရဲကပ်ပြီး
မိမိတို့ဟာ အမျိုး-ဘာသာ-သာသနာကိုစောင့်ရှောက်သူတွေဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ခံယူကြပါ။
မြန်မာနိုင်ငံမှာ ၉၆၉ လှုပ်ရှားမှု ပေါ်ပေါက်ခဲ့တယ်။ ဒါကို မာဂျေ လုံးဝထောက်ခံတယ်။ ဘာလို့လဲဆိုတော့ ၉၆၉ ဆိုတာ ဘုရားဂုဏ်တော်ကိုးပါး၊ တရားဂုဏ်တော်ခြောက်ပါး၊ သံဃာ့ဂုဏ်တော်ကိုးပါး ရည်ညွှန်းတာဖြစ်တယ်။ သားဖြစ်သူက “အဖေ ၉၆၉ ဆိုတာဘာလဲ”လို့ မေးကတည်းက ၉၆၉ လှုပ်ရှားမှု အောင်မြင်သွားပြီဆိုတာ မာဂျေ သိလိုက်တယ်။
၉၆၉ လှုပ်ရှားမှုဟာ သူများဘာသာကို တိုက်ခိုက်ဖို့မဟုတ်ဘဲ မိမိဘာသာ၊ သာသနာနဲ့ မိမိအမျိုးကို ကာကွယ်ဖို့သာ ဖြစ်တယ်။ ၉၆၉ လှုပ်ရှားမှုဟာ သူများဘာသာကို တိုက်ခိုက်တာမဟုတ်ဘူး။ မိမိအမျိုးကို ချစ်ဖို့၊ မိမိဘာသာကို စောင့်ရှောက်ဖို့ မိမိအမျိုးသား စီးပွားရေးကို အားပေးဖို့ဆိုတဲ့ ဝံသာနုရက္ခိတတရားပဲ ဖြစ်တယ်။
ဒါပေမဲ့ ၉၆၉ လှုပ်ရှားမှု ကြီးထွားလာမှာစိုးလို့ ပြည်ပက ဒေါ်လာစား မီဒီယာတွေကလည်း ၉၆၉ဟာ နာဇီလက်သစ်ဝါဒဖြစ်တယ်လို့ စွပ်စွဲလာကြတယ်။ အဲဒီစွပ်စွဲချက်ကို မာဂျေ လုံးဝရှုတ်ချတယ်။ ပြည်တွင်းမီဒီယာတွေကလည်း ကောလာဟာလတွေ ထုတ်လွှင့်လာကြတယ်။ အိမ်မှာ သားဖြစ်သူက သူ့ရဲ့ကားမှာ ၉၆၉ စတစ်ကာကပ်တာကို အမေလုပ်သူက ခွာပစ်တယ်။ အကြောင်းပြတာကတော့ “နင် အဖမ်း ခံရလိမ့်မယ်”တဲ့။
တစ်ချိန်တည်းမှာ ၉၆၉ စတစ်ကာဝေတဲ့ လူငယ်တစ်ယောက်ကို လူမျိုးခြားတွေက ဓားနဲ့ထိုးတယ် ဆိုတဲ့သတင်းတွေ ထွက်လာတယ်။ ၉၆၉ စတစ်ကာ ရိုက်ပေးတဲ့စက်ကို ဘာသာခြားတွေက ခြိမ်းခြောက်လို့ နောက်ထပ်မရိုက်ရဲပါဘူး ဆိုတဲ့သတင်းတွေ ထွက်လာတယ်။ ဒါဟာ ၉၆၉ လှုပ်ရှားမှုကို ဘာသာခြားတွေ ဘယ်လောက်ကြောက်တယ်ဆိုတာ ပြတာပဲ။ သူတို့ဆိုင်တွေ အားလုံးမှာ သူတို့ဘာသာ အမှတ်တံဆိပ် ကပ်ရဲချိန်မှာ မာဂျေတို့က ဘာလို့ ၉၆၉ စတစ်ကာ မကပ်ရဲရမှာလဲ။
သီတဂူဆရာတော်ကြီးကိုယ်တိုင် အတိအလင်း မြွတ်ကြားထားတာရှိတယ်။ အိမ်ရှင်ရဲ့ဘာသာကို ဧည့်သည်က မစော်ကားရဘူး။ လေးစားရမယ်ဆိုတာ။ ၉၆၉ စတစ်ကာဝေလို့ ဖုန်းဆက်ခြိမ်းခြောက်ရင် ဆက်သွယ်ရေးကို တိုင်လို့ရပါတယ်။ ဆက်သွယ်ရေးမှာ ဘယ်ဖုန်းကနေ ဘယ်ဖုန်းကို ဘယ်အချိန်မှာ ဘာပြောတယ်ဆိုတဲ့ အထောက်ထားနဲ့ အသံခွေတွေ ရှိပါတယ်။ အရေးယူလို့ ရပါတယ်။
အခုတော့ ကိုယ့်တိုင်ပြည်မှာနေပြီး ကိုယ့်ဘာသာရဲ့ အမှတ်တံဆိပ် ၉၆၉ တောင် မကပ်ရဲကြရအောင် သတ္တိတွေ နည်းနေကြပြီလား။ သင်္ကြန်းအတွင်း မာဂျေ ခရီးထွက်စဉ်က မြေလတ်မြို့ တစ်မြို့မှာ ၉၆၉ ရေးကစားမဏ္ဍပ်တောင် တွေ့ခဲ့တယ်။ အလွန်ပီတိ ဖြစ်စရာ ကောင်းပါတယ်။
ကိုယ်တွေ့တစ်ခု ပြောပြချင်တယ်။ အတန်တန်တားနေတဲ့ကြားက တပည့်မတစ်ဦး ဘာသာခြားနဲ့ကြိုက်တယ်။ တစ်ရုံးလုံး ပုဂံကို ဘုရားဖူးသွားချိန်မှာ ဘုရားဖူးသွားရမလားဆိုပြီး တစ်ချိန်လုံး ဘာသာခြားက ဖုန်းဆက်နှောက်ယှက်တယ်။ ဘာလို့နှောက်ယှက်သလဲဆိုတော့ သူနဲ့ကြိုက်နေလျက်နဲ့ ဘုရားဖူးလို့တဲ့။ တပည့်မမှာ ဘုရားသာဖူးနေရတယ်။ ဟိုက တစ်ချိန်လုံး နှောက်ယှက်နေလို့ မျက်ရည်နဲ့မျက်ခွက်။ ဘယ်လိုလုပ် ကုသိုလ်ရတော့မှာလဲ။ ကဲ... ဘယ်လောက်တောင် စော်ကားထားသလဲ။
ဒီလိုဖြစ်မှ တပည့်မ အမြင်မှန် ရသွားတယ်။ လူမျိုးခြား အသိုက်အဝန်းထဲ မဝင်ရသေးတာတောင် ဒီလောက်အနိုင်ကျင့်၊ ဗိုလ်ကျနေရင် တကယ်သာ အိမ်ထောင်ရက်သား ပြုခဲ့မိရင် ဒုက္ခဆိုပြီး နောက်ဆုတ်လိုက်တယ်။ မာဂျေ ရေးခဲ့ဖူးပါတယ်။ မြန်မာမလေးတွေရဲ့ ခန္ဓာကိုယ်ဟာ ဘာသာခြားတွေအတွက် လူကပြား သားဖောက်စက်တွေလို အသုံးတော် ခံနေရတာ ကြာနေပါပြီ။ တချို့ သားသမီးတွေ (အထူးသဖြင့် သမီးတွေ) ကို မိဘတွေက မနိုင်ကြဘူး။
တချို့ကတော့ သားသမီးလုပ်စာကို မှီခိုစားသောက်နေရလို့ မပြောရဲကြတာတွေ ကိုယ်တွေ့ကြုံဖူးပါတယ်။ အဲဒီလို ပါးစပ်ပိတ်ပြီး ကိုယ့်သားသမီးကို မဆုံးမရဲရင်ဖြင့် နောင်တစ်ချိန် အမျိုး-ဘာသာ-သာသနာကွယ်ရင် အဲဒီမိဘတွေမှာပါ တာဝန်ရှိပါတယ်။ လူမျိုးခြားနဲ့ ယူလိုက်တဲ့ သမီးတွေကော ဒီဘဝမှာ စိတ်ချမ်းချမ်းသာသာနေရတာကို ဘယ်မိဘများ မြင်ဖူးပါသလဲ။ မာဂျေရယ်... မင်းပြောသလို မဟုတ်ပါဘူး။ ငါတို့သမီးတွေ လူမျိုးခြား-ဘာသာခြားနဲ့ယူပြီး အေးအေးချမ်းချမ်း၊ စိတ် ချမ်းချမ်းသာသာ နေရပါတယ်ဆိုတဲ့ မိဘများရှိရင် မာဂျေ့ကို ဆက်သွယ်ဗျာ။ ပြန်ပြီး ရေးပေးမယ်။
နှစ်ဆန်းတစ်ရက်နေ့က ရွှေဒဂုံတောင်ဘက်မုဒ်ဝမှာ တောင်းရမ်းနေတဲ့ မြန်မာမိန်းမငယ်လေးတစ်ဦးကို တွေ့လိုက်ရတယ်။ ဘေးနားမှာလည်း ကလေးနှစ်ယောက်နဲ့။ ကလေးတွေက ဘာသာခြားရုပ်တွေ။ ဒါနဲ့ စိတ်ဝင်စားပြီး ကားရပ်၊ အလှူငွေနှစ်ရာပေးပြီး “ဒါ နင့်ကလေးတွေလား” မေးကြည့်တော့ “ဟုတ်တယ်”တဲ့။ “နင်က မြန်မာ။ နင်မွေးထားတာလေးတွေက လူမျိုးခြားရုပ်တွေပါလား။ နင့်ယောက်ျားက နင် ဒီလိုတောင်းတာ ခွင့်ပြုသလား”မေးတော့ ကလေးနှစ်ယောက်ရအပြီး သူ့ကို ကလေးတွေနဲ့ ထားခဲ့ပြီး ပစ်သွားလို့တဲ့။
နောက်ဆုံးတော့ ဘာသာခြားယူမိတဲ့ မိန်းကလေးဟာ သူတောင်းစားဘဝ ရောက်ရတော့တာပဲ။ အဲဒီမိန်းကလေးရဲ့ မိဘသာရှိခဲ့ရင် ဒီလိုတောင်းရမ်း စားသောက်ရတာကိုသာ မြင်ခဲ့ရင် ဘယ်လိုခံစားရမလဲ။ မိဘတွေ သတိကြပ်ကြပ်ပြုကြပါ။ မီးဆိုတာ မလောင်ခင် တားရသတဲ့။ ဖြစ်ပြီးမှ သမီးလည်း ဒုက္ခရောက်၊ မိဘတွေလည်း စိတ်ဆင်းရဲရရင် အားလုံး ရှုံးတာပါပဲ။
မြန်မာလူမျိုးတွေကိုလည်း သတိပေးချင်ပါတယ်။ ကိုယ့်အမျိုး- ဘာသာ- သာသနာအရေးကို ကာကွယ်ဖို့ အရေးမှာ မကြောက်ကြပါနဲ့။ ကိုယ့်ဘာသာက သူများဘာသာကို စော်ကားတဲ့ဘာသာမှ မဟုတ်တာ။ ကိုယ့်အထဲက ပဲ့ပါမသွားအောင်သာ ကာကွယ်တဲ့ဘာသာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် မြန်မာနိုင်ငံရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာအဓွန့်ရှည်ဖို့ ၉၆၉ ဆိုတာ ဖြစ်လာတာပါ။ မိမိအိမ်မှာ၊ မိမိဆိုင်မှာ၊ မိမိကားမှာ၊ မိမိရုံးမှာ ၉၆၉ တံဆိပ်ကို ရဲရဲကပ်ပြီး မိမိတို့ဟာ အမျိုး-ဘာသာ-သာသာနာကို စောင့်ရှောက်သူတွေ ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ ခံယူကြပါ။ ၉၆၉ လှုပ်ရှားမှုဟာ ကောက်ရိုးမီးလို ဟုန်းခနဲထပြီး ဟုန်းခနဲပျောက်သွားတာ မဖြစ်စေလိုပါဘူး။
တကယ်တော့ အမျိုး-ဘာသာ-သာသနာ ရေရှည်တည်တံ့ဖို့ နိုင်ငံရေးပါတီတွေလည်း မစွမ်းနိုင်ပါဘူး။ တပ်မတော်လည်း မလုပ်နိုင်ပါဘူး။ ပြည်သူတစ်ရပ်လုံးရဲ့ ဝံသာနုရက္ခိတ စိတ်ကသာ လုပ်နိုင်၊ ကာကွယ်နိုင်မှာမို့လို့ ၉၆၉ လှုပ်ရှားမှုမှာ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်သင့်ကြောင်း ဒီနေရာကနေ နှိုးဆော် လိုက်ရပါတယ်ခင်ဗျာ။ ။
မာဂျေ
(ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည့် မာဂျေက ဒါတွေပြောချင်တယ်ကဏ္ဍမှ ကောက်နုတ်တင်ပြသည်။)

အရှေ့အာရှ စီးပွားရေးဖိုရမ်သို့ တက်ရောက်လာသည့် ကမ္ဘာ့လူငယ် ခေါင်းဆောင်များအား မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး၌ မဟာဗျူဟာမြောက် နေရာတွင် တည်ရှိနေမှုများနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန် ရှင်းလင်းပြောကြား

သမ္မတ ဦးသိန်းစိန် ကမ္ဘာ့လူငယ် ခေါင်းဆောင်များ ကွန်ရက်မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံနှုတ်ဆက်နေစဉ်  (ဓာတ်ပုံ-ဦးရဲထွဋ်)
(၂၂) ကြိမ်မြောက် အရှေ့အာရှ စီးပွားရေး ဖိုရမ်သို့ တက်ရောက်လာသည့် ကမ္ဘာ့လူငယ် ခေါင်းဆောင်များ (Young Global Leaders) အား မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး၌ မဟာဗျူဟာမြောက် နေရာတွင် တည်ရှိနေမှုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရှင်းလင်းပြောကြားခဲ့သည်။
ဇွန် ၅ ရက် နံနက်က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်၊ သဘင်ဆောင်၌ ကမ္ဘာစီးပွားရေး ဖိုရမ်သို့ တက်ရောက်လာကြသည့် ကမ္ဘာ့လူငယ် ခေါင်းဆောင်များ (Young Global Leaders) ကွန်ရက်မှ အဖွဲ့ဝင် ၂၀၀ ကို တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
"နိုင်ငံ တည်ဆောက်ရေးမှာ နှစ်ပေါင်း ၆၀ လုံးလုံး ကျွန်တော်တို့ကို နောက်ကျကျန်စေခဲ့တဲ့ မတူညီတဲ့ အင်အားစုတွေအကြား ထိပ်တိုက်ရင်ဆိုင်ပြီး အနိုင်နဲ့ အရှုံးဆိုတဲ့ သတ်မှတ်ချက် နှစ်ခုသာ ရှိတဲ့အလေ့အကျင့် ဆိုးတွေကို အတိတ်မှာ ချန်ထားခဲ့ပြီး မတူညီတဲ့ အားတွေကို စုစည်းပြီး အချင်းချင်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်တဲ့ နိုင်ငံရေး အခြေအနေ တစ်ရပ်ကို ကြိုးပမ်းဖော်ဆောင် နေပါတယ်" ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များနှင့် ပတ်သက်လျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေများ၊ ရွေးကောက်ပွဲများ၊ နိုင်ငံရေး ပါတီများ၏ အခန်းကဏ္ဍ များကိုသာ အာရုံစိုက်ပြီး အသားပေး ပြောဆိုနေသည်များကို တွေ့ရပြီး မိမိအနေဖြင့် ၎င်းကိစ္စများထက် သာမန်ပြည်သူတစ်ဦး အခက်အခဲ အကျပ်အတည်းများက လွတ်မြောက်ပြီး ပိုမိုကောင်းမွန် သာယာသော ဘ၀များ တည်ဆောက်နိုင်ရေး . . . . .
ထို့ပြင် "အပြန်အလှန် ထိန်းကျောင်းမှုတွေ ပါဝင်သည့် အုပ်ချုပ်မှု၊ လွှတ်တော်များ၊ တရားရေးမဏ္ဍိုင်၊ နိုင်ငံရေး ပါတီများ၊ လွတ်လပ်တဲ့ သတင်းမီဒီယာ အစရှိတဲ့ အင်စတီကျူးရှင်း အသစ်များကို အသက်ဝင်စေဖို့ ကြိုးပမ်းဆောင်ရွက် နေရချိန်လည်း ဖြစ်ပါတယ်" ဟုလည်း နိုင်ငံတော်သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပြည်သူ့ရေးရာ ၀န်ဆောင်မှုများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ တစ်ပြည်လုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်တော့မည် ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များနှင့် ပတ်သက်လျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေများ၊ ရွေးကောက်ပွဲများ၊ နိုင်ငံရေး ပါတီများ၏ အခန်းကဏ္ဍ များကိုသာ အာရုံစိုက်ပြီး အသားပေး ပြောဆိုနေသည်များကို တွေ့ရပြီး မိမိအနေဖြင့် ၎င်းကိစ္စများထက် သာမန်ပြည်သူတစ်ဦး အခက်အခဲ အကျပ်အတည်းများက လွတ်မြောက်ပြီး ပိုမိုကောင်းမွန် သာယာသော ဘ၀များ တည်ဆောက်နိုင်ရေးနှင့် လူတန်းစေ့ ဘ၀ရပ်တည်နိုင်ရေးကို အာရုံစိုက် ဆောင်ရွက်လျက် ရှိသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ပထ၀ီ အနေအထားအရ အာရှဒေသ၏ လမ်းဆုံလမ်းခွမှာရှိပြီး လူဦးရေ သန်းနှစ်ထောင်ကျော် နေထိုင်သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံး ဖြစ်နေသော ဈေးကွက်များကို ချိတ်ဆက်ပေးရမည့် မဟာဗျူဟာမြောက် နေရာတစ်နေရာလည်း ဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် World Bank, IMF, ADB တို့ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီများ ရယူဆောင်ရွက်နေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ကမ္ဘာ့လူငယ် ခေါင်းဆောင်များ (Young Global Leaders) ကွန်ရက်ကို နိုင်ငံပေါင်း ၇၈ နိုင်ငံကျော်မှ နယ်ပယ်ဒေသ အသီးသီးတွင် ထူးချွန်သည့် လူငယ်ခေါင်းဆောင်များနှင့် ဖွဲ့စည်းထားကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ကမ္ဘာ့လူငယ် ခေါင်းဆောင်များကိုယ်စား မြန်မာနိုင်ငံမှ ဦးသူရကိုကိုက မေးခွန်းများ မေးမြန်းခဲ့ပြီး နိုင်ငံတော်သမ္မတက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "ကမ္ဘာကြီးဟာ သဘာဝ ဘေးအန္တရာယ်တွေ၊ ကူးစက်မြန်ပြင်းထန် ရောဂါတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုတွေ၊ အကြမ်းဖက်ဝါဒ ပျံ့နှံ့လာမှုတွေ စတဲ့စိန်ခေါ်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို ကြုံတွေ့နေရပြီး ဒီစိန်ခေါ်မှုနဲ့ ခြိမ်းခြောက်မှုတွေကို ကမ္ဘာ့မိသားစုဝင် နိုင်ငံများ အားလုံးက ၀ိုင်းဝန်းပူးပေါင်းပြီး ရင်ဆိုင်ကျော်လွှား ကြရမှာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် နှစ်ပေါင်းများစွာ အထီးကျန် ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံ အနေနဲ့ အထွေထွေ ပြုပြင်ပြောင်းလဲရေးများနဲ့ အတူ နိုင်ငံတကာ အသိုက်အ၀န်းကို ပြန်လည်ချင်းနင်း ၀င်ရောက်ဖို့ ကြိုးပမ်းနေတဲ့ အခုလို အချိန်ကာလမျိုးမှာ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပေးနိုင်ခြင်းဟာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေမှာ မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်တာနဲ့အညီ ကမ္ဘာ့အရေး အရာတွေမှာ တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်မှုကို အလေးအနက် ထင်ဟပ်စေမှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။
ကမ္ဘာ့လူငယ် ခေါင်းဆောင်များ အနေနှင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ လိုပါက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်းနှင့် မြန်မာနိုင်ငံ၏ လက်တွေ့ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များမှ သင်ယူစရာ လေ့လာစရာများ ရရှိလိမ့်မည်ဟု မျှော်လင့်ယုံကြည်သည်ဟု နိုင်ငံတော်သမ္မတက နိဂုံးချုပ်တွင် ပြောကြားခဲ့သည်။      

ref : eleven

လားရှိုးမြို့ရှိ အားကစားရုံနှင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံသူများ မူလနေထိုင်ရာသို့ ပြန်လည်နေထိုင် ကြပြီဖြစ်ပြီး ပုဒ်မ ၁၄၄ အချိန် ထပ်မံလျှော့ချ

ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိ လာပြီဖြစ်သည့် လားရှိုးမြို့ပေါ် တစ်နေရာအား ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
 
လားရှိုးမြို့တွင် မေ ၂၈ ရက်မှ ၂၉ ရက် ည ၈ နာရီထိ ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်ကြောင့် အရေးပေါ် ထုတ်ပြန်ခဲ့သော ပုဒ်မ ၁၄၄ အချိန်အား ဒုတိယအကြိမ် ထပ်မံလျှော့ခဲ့ကြောင်း ဇွန် ၁၁ ရက် နံနက်ပိုင်းတွင် လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးဇော်လင်းက ပြောကြားခဲ့သည်။

ပုဒ်မ ၁၄၄ စတင် အမိန့်ထုတ်ပြန်ခဲ့သည့် မေ ၂၈ ရက်တွင် ည ၇ နာရီမှ နံနက် ၅ နာရီထိ သွားလာခွင့် ပိတ်ပင်ခဲ့သော်လည်း ယခုအခါတွင် နယ်မြေအေးချမ်း သွားသဖြင့် ယခင် ထုတ်ပြန်ထားသည့် အချိန်အား ထပ်မံလျှော့ချခဲ့ကြောင်း သိရသည်။ ပထမအကြိမ် လျှော့မှုမှာ ည ၈ နာရီမှ နံနက် ၄ နာရီထိဖြစ်ပြီး၊ ယခုဒုတိယအကြိမ် လျှော့ချမှုမှာ ည ၁၀ နာရီမှ နံနက် ၃ နာရီအထိဖြစ်ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။ အဆိုပါ အချိန်လျှော့ချမှုနှင့် ပတ်သက်၍ လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးမိုးဇော်လင်းက "အခု ပုဒ်မ ၁၄၄ ရဲ့ သက်ရောက်တဲ့ အချိန်ကို ဒုတိယအကြိမ် လျှော့ချခဲ့ပါတယ်။ နောက်ပိုင်းတွေမှာလည်း နယ်မြေအေးချမ်း သွားတဲ့အတွက် ထပ်မံပြီးတော့ အချိန်တွေကို လျှော့ချသွားဖို့ ရှိတယ်။ အခု လားရှိုးမြို့ပေါ်မှာလည်း ဆိုင်ခန်းတွေအားလုံး ပြန်ဖွင့်နေပါပြီ" ဟု ဇွန် ၁၁ ရက်၊ နံနက်ပိုင်း က ပြောကြားခဲ့သည်။

ယင်းပဋိပက္ခ ဖြစ်စဉ်ကြောင့် လားရှိုးမြို့ ၁၂ ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားရုံနှင့် မန်ဆူး ရှမ်းဘုန်းကြီးကျောင်းတို့တွင် လာရောက်ခိုလှုံသူ ၁၅၀၀ ၀န်းကျင်ခန့် ရှိခဲ့ပြီး၊ ယခုအချိန်တွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသဖြင့် ယခင်နေထိုင်ရာ နေရာများသို့ ပြန်လည်နေ ထိုင် နေကြကြောင်း သိရသည်။

Eleven Media Group

MAI၊ Air KBZ၊ ကမ္ဘောဇဘဏ်၊ IKBZ အာမခံလုပ်ငန်း စသည့် ကမ္ဘောဇ လုပ်ငန်းစုများအား အများပိုင်အဖြစ် ပြောင်းလဲမည်


 IKBZ ကုမ္ပဏီဖွင့်ပွဲ အခမ်းအနား ပြုလုပ်စဉ်
 
ကမ္ဘောဇ ဘဏ်လုပ်ငန်း၊ MAI လေကြောင်းလိုင်း၊ အဲကမ္ဘောဇ လေကြောင်းလိုင်း IKBZ အာမခံလုပ်ငန်း စသည့်လုပ်ငန်းများအား လုပ်ကိုင်နေသည့် ကမ္ဘောဇ လုပ်ငန်းစုများအား အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကမ္ဘောဇလုပ်ငန်းများပိုင်ဆိုင်ထားသူမှာ နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်ဦးအောင်ကိုဝင်းဖြစ် ပြီး အများပိုင်အဖြစ် ပြောင်းလဲမှုအား လက်ရှိအချိန်မှ စတင်လုပ်ဆောင် မည်ဖြစ်ကာ ပထမဆုံး အဖြစ် IKBZ အာမခံလုပ်ငန်းအား အများပိုင် ကုမ္ပဏီအဖြစ် စတင်ပြောင်းလဲမည် ဖြစ်ကြောင်း သိရှိရသည်။ "နောက်သုံးလလောက် ဆိုရင်ကို IKBZ အာမခံ လုပ်ငန်းကို အများပိုင် ကုမ္ပဏီ အဖြစ် စတင်ပြောင်းလဲပါမယ်။ ဒီအာမခံ လုပ်ငန်းကို စတင်တည်ထောင်ဖို့ စဉ်းစားကတည်းက အများပိုင်ဖွဲ့ဖို့ပါပဲ။ လုပ်ထုံးလုပ်နည်း အခက်အခဲတွေနဲ့ အချိန်ယူလုပ်ရမယ့် အခက် အခဲတွေကြောင့်သာ ကုမ္ပဏီအဖြစ်စတင်တာပါ။ ဒီအာမခံ လုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ အဆင့်ထိ လုပ်နိုင်အောင် ဆောင်ရွက်မှာပါ" ဟု ဦးညိုမြင့်က ပြောကြားသည်။

MAI လေကြောင်းလိုင်းအား ယခင်က ရာခိုင်နှုန်း ၈၀ သာ ကမ္ဘောဇလုပ်ငန်း အုပ်စုများမှ ပိုင်ဆိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ တရားဝင် ခွင့်ပြုချက်များအရ ရာနှုန်းပြည့် ပိုင်ဆိုင်ပြီးဖြစ်ကြောင်း ကမ္ဘောဇ လုပ်ငန်းများအုပ်စု၊ IKBZ အာမခံလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးညိုမြင့်က ပြောကြားခဲ့သည်။ ကမ္ဘောဇလုပ်ငန်းအုပ်စု များအား အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲမှုအား ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် စတော့ဈေးကွက်တွင် ဈေးကွက်ဝင် ကုမ္ပဏီများအဖြစ် တည်ထောင်သွားမည် ဖြစ်ကြောင်း လည်း ဦးညိုမြင့်က ဆက်လက်ပြောကြားသည်။

"ပြည်သူတွေ အနေနဲ့ ငွေကြေးအရင်းအနှီး နည်းနည်းများများ အစုရှယ်ယာတွေ ၀ယ်ယူ စုဆောင်းပြီး စတော့ဈေးကွက် အောင်မြင်ဖို့အတွက် ကမ္ဘောဇ လုပ်ငန်းစုတွေကို အများပိုင် အဖြစ် ပြောင်းတာပါ" ဟု ဦးညိုမြင့်က ဆက်လက်ပြောကြားခဲ့သည်။

Eleven Media Group

ကျောင်းပြင်ပ မူလတန်း ပညာရေး ကျောင်းအပ်လက်ခံမှုများကို ဇူလိုင်ပထမပတ်တွင် စတင်ဆောင်ရွက်သွားမည်

ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်သို့ တက်ရောက်သည့် ကျောင်းသားများအား ၂၀၁၂ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ-အေးပပ) 
၂၀၁၃-၁၄ ပညာသင်နှစ်အတွက် ကျောင်းပြင်ပ မူလတန်းပညာရေး ကျောင်းအပ်လက်ခံမှုများ ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ပထမပတ်၌ စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်က ကျောင်းပြင်ပမူလတန်း ပညာရေး အစီအစဉ်၏ ကျောင်းအပ်လက်ခံမှုကို ဇွန် ၂၀ ရက်တွင် စတင်လက်ခံခဲ့ခြင်း ဖြစ်သည်။ ယခု ပညာသင်နှစ်အတွက် ကျောင်းအပ် လက်ခံခြင်း ကို ဇူလိုင် ပထမပတ် အတွင်းတွင် စတင်သွားမည်ဖြစ်ပြီး တက်ရောက်မည့် သင်တန်းသားများ စာရင်းနှင့် ကျောင်းပြင်ပ မူလတန်း ပညာရေး ကျောင်းအခြေစိုက် စခန်းများကိုလည်း စီစဉ် ထားရှိပြီးဖြစ်ကြောင်း သိရသည်။

"လောလောဆယ်တော့ ဆရာတို့ကျောင်းအပ်လက်ခံဖို့အတွက် အရေအတွက် စာရင်းတွေကောက် ယူထားတယ်။ သင်တန်းသားတွေတက်ရောက်ဖို့အဆင်ပြေမယ့် နေရာတွေ မှာ စခန်းတွေကို ထားရှိဖို့ တွေကိုလည်း စီစဉ်ထားပြီး ဖြစ်ပါတယ်။ ကျောင်းပြင်ပ ပညာရေးမှာ ပါဝင်သင်ကြားပေးမယ့် သင်တန်းဆရာတွေကို TOT လို့ခေါ်တဲ့ သင်ကြားရေး ဆရာဖြစ် သင်တန်းတွေကိုလည်း ထပ်ပြီးသင်ကြား ပေးဖို့လည်း စီစဉ်ထားပါသေးတယ်။ ဒါတွေပြီး ရင်တော့ ထပ်ပြီးတော့ သင်ကြားရေးသင်တန်းသားတွေအတွက် သင်ကြားမှုတွေကို စလို့ရပါပြီ။ တက်မယ့် သင်တန်းသားလေးတွေရဲ့ သင်တန်းတက်နိုင်မှု အခြေအနေ တွေကိုလည်း ချိန်နေရလို့ပါ" ဟု ကျောင်းပညာ မူလတန်း ပညာရေး၏ စီမံချက် ဒါရိုက်တာ ဦးတင်ညိုက ဆိုသည်။

"ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်က အခက်အခဲအမျိုးမျိုးရှိလို့ ကျောင်းမတက်နိုင် တဲ့ ကလေးတွေကို အနည်းဆုံး မူလတန်းပညာပြီးမြောက်အောင် ဆောင်ရွက်ပေးတဲ့ ကောက် သင်းကောက် ပညာရေး အစီအစဉ် ဖြစ်ပါတယ်။ ကျောင်းပြင်ပမူလတန်းပညာရေး ကလေးများ ရဲ့ အသက်သတ်မှတ်ချက်ဟာ ၁၀ နှစ်မှ ၁၄ နှစ်ဖြစ်ပြီး သူတို့နဲ့ ကိုက်ညီဆီလျော်မယ့် သင်ရိုး စာအုပ်တွေကို ပြုစုထားတာ ဖြစ်တဲ့အတွက် နှစ်နှစ်အတော အတွင်းမှာ အခြေခံပညာ မူလတန်းနဲ့ ကျွမ်းကျင်မှု အဆင့်ချင်း တူညီတဲ့ သင်ရိုးကို ပြီးမြောက်အောင်မြင်မှာ ဖြစ်ပါတယ်" ဟု ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ပတ်သက်၍ ပညာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးအေးကြူက ပြောကြားခဲ့သည်။

ကျောင်းပြင်ပ မူလတန်း ပညာရေး ဆောင်ရွက်မှုများကို ၂၀၀၈-၀၉ ပညာသင်နှစ်မှ စတင်ကာ စမ်းသပ်ဆောင်ရွက်ခဲ့ရာမှာ ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာအရ ဆောင်ရွက်နေ ပြီဖြစ်ကြောင်း သိရသည်။

Eleven Media Group

ရန်ကုန်မြို့တွင် မိလ္လာရေဆိုး သန့်စင်စက်ရုံ တစ်ရုံသာရှိပြီး ခြောက်ရုံထပ်မံ တည်ဆောက်မည်

ရန်ကုန်မြို့တော်တွင် တိုးပွားလာမည့်လူဦးရေကို မျှော်မှန်း၍ လာမည့် ၂၀၄၀ အမီ မိလ္လာရေဆိုး သန့်စင်စက်ရုံ ခြောက်ရုံခန့် ထပ်မံတည်ဆောက်ရန် လျာထားကြောင်း "မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်း" အရ သိရသည်။

ရန်ကုန်မြို့တော်တွင် ရှေးယခင်ကနေ့စဉ်ထွက်ရှိသောမိလ္လာရေဆိုးများအား မြစ်ထဲသို့တိုက်ရိုက် စွန့်ပစ်ခဲ့ကြကြောင်း၊ ၂၀၀၆ ခုနှစ် သန်လျက်စွန်း ရေဆိုးသန့်စင်စက်ရုံ ဖွင့်လှစ်ခဲ့ပြီးနောက် မိလ္လာရေဆိုးများအား စက်ရုံတွင် စုဆောင်းကာ ရေဆိုးသန့်စင်ပြီးမှ မြစ်ထဲကို စွန့်ခဲ့ကြကြောင်း၊ သန်လျက်စွန်း ရေဆိုးသန့်စင် စက်ရုံတစ်ခုတည်းဖြင့် လူဦးရေ ခြောက်သန်း မလုံလောက်တော့ ကြောင်း၊ လာမည့် ၂၀၄၀ တွင် လူဦးရေ ၁၁ သန်းခန့် ရှိလာ မည် ဖြစ်သောကြောင့် ယင်းလူဦးရေများအတွက် မိလ္လာရေဆိုး သန့်စင်စက်ရုံများ ထပ်မံလိုအပ် လာမည်ဖြစ်သဖြင့် ထပ်မံတည်ဆောက်ရန် အဆိုပြု လျာထားခြင်းဖြစ်ကြောင်း သိရသည်။

"တိုးလာမယ့် လူဦးရေ အတွက်ကို မြစ်နဲ့နီးတဲ့ နေရာတွေဖြစ်တဲ့ အလုံ၊ ပိတောက်ချောင်း စတဲ့နေရာတွေမှာ ရေဆိုးသန့်စင်နိုင်တဲ့ အစီအစဉ်တွေ တိုးချဲ့လို့ ရနိုင်ပါတယ်။ အဲဒီနေရာတွေ မှာသာ တိုးချဲ့နိုင်ရင်တော့ ၂၀၄၀ မှာတိုးမယ့် လူဦးရေ အတွက်က အဆင်ပြေစေ နိုင်မှာပါ" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်၏ လက်ရှိ မိလ္လာစုဆောင်ရေး စနစ်မှာလည်း လွန်ခဲ့သည့်နှစ်ပေါင်း ၁၂၀ က တည်းပင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အချို့နေရာများတွင် မိလ္လာပြွန်စနစ်ကို အသုံးပြုနေကြောင်း သိရသည်။ အခြားမြို့နယ် များတွင်မူ ပိုက်လိုင်းစနစ်ဖြင့် အသုံးပြုလျက် ရှိကြောင်း၊ မိလ္လာပြွန် စနစ်ဖြင့် အသုံးပြုနေသော မိလ္လာတွန်း စက်အိုးများမှာ နှစ်ပေါင်း ၁၂၃ နှစ်ရှိနေပြီ ဖြစ်၍ နှစ်စဉ်ပြုပြင် မွမ်းမံ၍ အသုံးပြုနေရကြောင်း သိရသည်။

ယခုအခါ ရန်ကုန်မြို့တော်တွင် မိလ္လာရေဆိုး သန့်စင်စက်ရုံ အသစ်များ တည်ဆောက်ရန်  အတွက် မြေနေရာများ ရှာဖွေနေသည်ဟု သိရပြီး ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့ မြေနေရာ များ တောင်းခံထားကြောင်းလည်း သိရသည်။ လက်ရှိ ရန်ကုန်မြို့တော်၏ ရေဆိုး သန့်စင်ပေးနိုင်မှု ပမာဏ အနည်းငယ်မှ လာမည့် ၂၀၄၀ အနာဂတ်တွင် ရန်ကုန်မြို့၏ ၃၆ ရာခိုင်နှုန်း၊ လူဦးရေ ၄ ဒသမ ၂ သန်းအား ရေဆိုး သန့်စင်နိုင်သော ၀န်ဆောင်မှုစနစ်ပေး ရန်နှင့် တစ်နေ့ရေဆိုး ၁ ဒသမ ၄ သန်း သန့်စင်ပေးနိုင်ရန် ရည်ရွယ်ထားသည်ဟုလည်း သိရသည်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းရှိ တစ်ခုတည်းသော ရေဆိုးသန့်စင်စက်ရုံ (ဓာတ်ပုံ-ကျော်ထင်)

Eleven Media Group

မန္တလေး ကိုင်းတန်းဈေးသည် တွေကို ထောင်ဒဏ်ချ

ဈေးရွှေ့ဖို့ အချိန်ထပ်ပေးဖို့ စည်ပင်ကိုတောင်းဆိုခဲ့ပေမယ့် စည်ပင်ကပယ်ချခဲ့တာ ဖြစ်ပါတယ်။ မန္တလေး ကိုင်းတန်းဈေး ပြောင်းရွှေ့ ရေးနဲ့ ပတ်သက်ပြီး၊ မူလနေရာမှာဆက်လက် ရောင်းချခွင့် ရရေးဈေးသည် တွေက မြို့တော်ဝန်ဆီသွားရောက် တောင်းဆိုခဲ့ရာ ကနေအလုပ်သမားအရေး ကူညီသူ ကိုအေးသိန်း အပါအဝင် ဈေးသည်တချို့ ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ် ၈ လပိုင်းက ကိုင်းတန်း ဈေးသည် တွေကို စည်ပင် သာယာ ကနေ ဈေးရွှေ့ ခိုင်း ခဲ့တာ ဖြစ်ပြီး၊ ဈေးသည် တွေက အချိန် ထပ်ပေးဖို့ စည်ပင်ကို တောင်းဆိုခဲ့ ပေမယ့် စည်ပင်က ပယ်ချ ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုအေးသိန်းက ဈေးသည်တွေအတွက် သွားရောက်ကူညီပေး ခဲ့ တာဖြစ်ပြီး၊ နောက်ပိုင်းမှာ ဈေးသည်တွေနဲ့အတူ မြို့တော်ဝန် ဆီဈေးရောင်းချခွင့် ရရေး သွားရောက် အသနား ခံ တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။

 အဲဒါကို မြို့နယ်ကနေ ဆူပူမှုလုပ်တဲ့ ဆိုပြီးဖမ်းဆီးပြီး အမှု ဖွင့်ခဲ့တာ ဖြစ်တယ်လို့ ကိုအေးသိန်း က ရဲ့ အရင်း နှီးဆုံး မိတ်ဆွေ ကိုသိန်းအောင်မြင့် က ဘီဘီစီ ကို ပြောပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဆက်လက်ပြီး အယူခံ ဝင်သွားမှာ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။


BBC Burmese

ပဋိပက္ခ နောက်ဆက်တွဲ ဒုက္ခသည်များအား ရေရှည်သက်မွေးဝမ်းကျောင်း ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးသင့်ကြောင်း သိရ

မောရ၀တီကျေးရွာမှ နေအိမ်တွင် နေထိုင်ခွင့်ရသည့် မိသားစု တစ်စုအား တွေ့ရစဉ်

မီးရှို့ဖျက်ဆီး ခံထားရသည့် ပဋိပက္ခ နောက်ဆက်တွဲ ဒုက္ခသည်များအား ရေရှည်အတွက် သက်မွေးဝမ်းကျောင်း ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးသင့်ကြောင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လူမှုအဖွဲ့ အစည်းများက ပြောကြားသည်။

"မောင်တောဒေသမှာ ရှိနေတဲ့ ဒုက္ခသည်တွေကို ရေရှည်သက်မွေးဝမ်းကျောင်း ရပ်တည်လို့ ရအောင် ဆောင်ရွက်ပေးသင့်တယ်။ အခုတော့ လောလောဆယ် ရပ်တည်လို့ရအောင် စားနပ် ရိက္ခာကို ထောက်ပံ့နေပါတယ်။ အခု တွေ့ရတာတော့ INGO တွေ လေးငါးဖွဲ့လောက် တွေ့ ရတယ်။ ဒါပေမဲ့လို့ LOCAL အဖွဲ့တွေ နည်းတယ်။ မောင်တောမှာ စခန်း ၁၁ ခုကို ကူညီနေ ပါတယ်။ အိုးပစ်အိမ်ပစ် နေထိုင်ရတဲ့ သူတွေကို စားသောက်ကုန်နဲ့ အ၀တ်အထည်တွေ ကို ထောက်ပံ့နေပါတယ်။ ဖေဖော်ဝါရီလောက် ကတည်းက ကူညီနေတာ ဖြစ်ပါတယ်။

အိမ်ပေါ်တက်တယ်ဆိုတာ ရပ်တည်လို့သာရတာ သက်မွေးဝမ်းကျောင်း မပါရင် ရေရှည် ရပ်တည်ဖို့ ခက်ပါလိမ့်မယ်" ဟု စိုပြည်မြန်မာ လူမှုကူညီရေး အဖွဲ့မှ ဦးထွန်းထွန်းက ဆိုသည်။ လက်ရှိ အနေအထားတွင် ဒုက္ခသည်များအတွက် နေအိမ်များ ဆောက်လုပ်ဆဲဖြစ်ပြီး ဒုက္ခသည် အားလုံး နေအိမ်ပေါ်သို့ မရောက်ရှိ သေးကြောင်းလည်း သိရသည်။

မောင်တောမြို့နယ် အတွင်းရှိ ဒုက္ခသည်များအတွက် WFP မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေး လျက် ရှိနေကြောင်းနှင့် အခြားပြည်တွင်း ကူညီမှု အဖွဲ့အစည်းများမှ လာရောက်ကူညီမှုများ မရှိသလောက် နည်းပါးသွားပြီ ဖြစ်ကြောင်းလည်း သိရသည်။

Eleven Media Group

အခွန်ရှောင်ခဲ့ပါက မက်ဆီ ထောင် ၆နှစ် ကျဖွယ်ရှိ

၂၀၀၆မှ ၂၀၀၉ ခုနှစ်ထိ အခွန်ရှောင်လွဲမှုကြောင့် မက်ဆီအနေဖြင့် ထောင်ဒဏ် ၆နှစ်အထိ ကျခံရဖွယ်ရှိနေကြောင်း သိရသည်။ မက်ဆီမှာစပိန်နိုင်ငံ ပြင်ပပုံရိပ်အသုံးပြုခများအတွက် ယူရို ၄သန်းအခွန်မဆောင်ခဲ့ကြောင်း သံသယဖြစ်ခံနေရပြီး ယင်းအတွက် စပိန်အခွန်အာဏာပိုင်များ က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

မက်ဆီနှင့် ၎င်း၏ဖခင်ဖြစ်သူတို့ကို အမှုဖွင့်ရန် အခွန်အာဏာပိုင်များက မြေထဲပင်လယ် ကမ်းခြေအနီးရှိ ဂါဗာတရားရုံးတွင် လျှောက်ထားခဲ့သော်လည်း မက်ဆီကို အမှုဖွင့်ရန် တရားရုံး မှ ဆုံးဖြတ်ရခြင်းမရှိသေးပေ။ အရွယ်ရောက်ပြီးနောက် အခွန်ရှောင်လွဲသည်ဟု မက်ဆီကို စွပ်စွဲ ထားကာ ၎င်းအရွယ်မရောက်မီ အချိန်ကာလအတွင်း အခွန်မဆောင်မှုအတွက် ၎င်း၏ဖခင်ဖြစ် သူကို စွပ်စွဲထားသည်။ မက်ဆီမှာ ဘာစီလိုနာတွင် တစ်နှစ်လုပ်ခ ပေါင် ၈.၅သန်း အသားတင် ရရှိနေသူဖြစ်ပြီး စပွန်ဆာ ၀င်ငွေ ဒေါ်လာ ၂၁သန်း နီးပါးထပ်မံ ရရှိနေသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မက်ဆီက ၎င်း၏တွစ်တာစာမျက်နှာတွင် “ဒီသတင်း ကြားရတဲ့ အတွက်တော်တော်အံသြမိပါတယ်။ အခွန်နဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့အကြံပေးအဖွဲ့က အမြဲဆောင်ခဲ့သလို ဒီကိစ္စကိုလည်း ရှင်းရှင်းလင်းလင်းဖြစ်အောင်သူတို့လုပ်ရပါလိမ့်မယ်”
ဟု ဖော်ပြထားသည်။ သို့သော် အခွန်ရှောင်လွဲခဲ့သည်ဟု စစ်ဆေးတွေ့ရှိပါက မက်ဆီ အနေဖြင့် ဆောင်ရန်ကျန်ရှိနေသည့်အခွန်ငွေ၏ လေးဆပေးရမည်ဖြစ်ကာ ထောင်ဒဏ် ၂နှစ်မှ ၆နှစ်အထိ ကျခံရဖွယ်ရှိနေသည်။

YoYarLay

အမေရိကန် ခရီးစဉ်အပြန် ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးတို့ကို လူ ၃ဝဝ ကျော် ကြိုဆို

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ကိုကိုကြီးတို့ဟာ တောင်ကိုရီးယားနိုင်ငံ နဲ့ အမေရိကန်နိုင်ငံတွေကို တစ်လကြာ လှည့်လည်သွားရောက်ခဲ့ပြီး ဒီကနေ့မနက်ပိုင်း က မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိလာပါတယ်။

အမေရိကန်ခရီးစဉ်မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအနေနဲ့ အမေရိကန်အစိုးရ စစ်ဘက်၊ အရပ်ဘက်ခေါင်းဆောင်တွေအပါအဝင် မြန်မာမိသားစုဝင်တွေနဲ့ပါ တွေ့ဆုံဆွေနွေး ခွင့်ရခဲ့ကြောင်းနဲ့ အသေးစိတ်ကိုတော့ မကြာမီ သတင်းထုတ်ပြန်သွားဖို့ ရှိတယ်လို့ ဦးကိုကိုကြီး က RFA ကို အခုလို ပြောပါတယ်။ "စစ်ဘက်ဆိုင်ရာ အရှေ့တောင်အာရှ ညွှန်ကြားရေးမှူးပေါ့၊ ဗိုလ်ချုပ်နဲ့တွေ့တယ်၊ နောက် ဂျွန်မက်ကိန်း တို့နဲ့ နန်စီဂလိုစီ တို့ ဆီနိတ်တာတွေ ကွန်ဂရက် မန်းတွေနောက် ဂျိုးဆက်ကရောင်နီ တို့နဲ့တွေ့တယ်"

မေလ ၁၈ ရက်နေ့က ကိုမင်းကိုနိုင်ဟာ တောင်ကိုရီးယားနိုင်ငံကချီးမြှင့်တဲ့ ဂွမ်ဂျူးလူ့အခွင့် အရေးဆု လက်ခံရယူခဲ့တာဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်အခြေစိုက် NED ခေါ် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ချီးမြှင့်တဲ့ ၂ဝဝ၂ ခုနှစ် ဒီမိုကရေစီဆုကိုလည်း လက်ခံ ရယူခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ကို ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ကျောင်းသားတွေ၊ အလုပ်သမား၊ လယ်သမား သမဂ္ဂအဖွဲ့ဝင်တွေ အပါအဝင် လူဦးရေ ၃ဝဝ ကျော်က ကြိုဆိုခဲ့ကြပါတယ်။

RFA Burmese

မလေးရှားသို့ အင်တာနက်ဖုန်းခေါ်ဆိုမှု များပြားလာ


မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာလူမျိုးများ အသတ်ခံရမှု များကြောင့် ရန်ကုန်မြို့နှင့် အခြားမြို့ကြီးအချို့ရှိ အင်တာနက် ၀န်ဆောင်မှုဆိုင်များတွင် မလေးရှားသို့ ဖုန်းခေါ်ဆိုမှုများ များပြားလျက်ရှိသည်ဟု သိရသည်။

ရန်ကုန်မြို့ ဒဂုံမြောက်ပိုင်းရှိ အင်တာနက်ဆိုင်များတွင် နေ့စဉ် နံနက် ၇နာရီမှ ၈နာရီခွဲအတွင်း ည ၇နာရီမှ ၁၁နာရီအထိ မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော မိသားစုဝင်များရှိရာသို့ Skype ၊P-fingo များဖြင့် ဖုန်းခေါ်ဆိုမှုမှာ ယခင်လက တစ်နေ့လျှင် အကြိမ် ၂၀ခန့်သာရှိသော်လည်း ယခုအခါ အကြိမ် ၂၀၀နီးပါးအထိ များပြားလာနေကြောင်း ဆိုင်ပိုင် ရှင်များထံမှ သိရသည်။

“အရင်ကဆို ကျနော်တို့ဆိုင်မှာ မလေးနဲ့ ထိုင်းကို ဖုန်းခေါ်ဆိုကြိမ်နှုန်းက အတူတူလောက် ရှိတယ်။ ပြီးတော့ စင်္ကာပူ၊ ဒူဘိုင်း ပေါ့။ အခုတော့ မိသားစုဝင်တွေက မလေးမှာရှိနေတဲ့သူတွေ ကို စိတ်ပူကြပြီး ဖုန်းနဲ့ဆက်သွယ်စကားပြောကြတာပေါ့။ အထူးသဖြင့် မြန်မာတွေ အသတ်ခံရ တဲ့နေရာမှာ အလုပ်လုပ်နေကြတဲ့သူတွေ ရှိတဲ့ဆီကို ပိုဆက်ကြတယ်။ နေ့ကောညပါ ဆက်နေ ကြ တာပါ။”ဟု တောင်ဥက္ကလာပရှိ အင်တာနက်ဆိုင်ရှင်က ရှင်းပြသည်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အင်တာနက်ဆိုင်များမှာလည်း နေ့လည်ပိုင်းနှင့် ညဦးပိုင်း များတွင် မလေးသို့ ဖုန်းခေါ်ဆိုမှုများနေပြီး မြို့တွင်းသာမက အနီးနားရှိရွာများမှလာရောက်ခေါ် ဆိုနေကြသလို ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ အင်တာနက်ဆိုင် များ၌လည်း တစ်မိနစ် ဖုန်းခေါ် ဆိုခ ၇၅ကျပ်ရှိပြီး ယခင်လများက တစ်လလျှင် ၁၀ကြိမ်ခန့်သာ ခေါ်ဆိုပေးရပြီး ယခုအခါ တစ်နေ့လျှင် ၁၀ကြိမ်ကျော် ခေါ်ဆိုပေးနေရသည်။

မလေးရှားနိုင်ငံတွင် မေလ ၃၀ရက်နှင့် ၃၁ရက်နေ့မှစ၍ မြန်မာအလုပ်သမားများ အသတ်ခံရမှု များကြောင့် ပြည်တွင်းရှိမိသားစုဝင်များမှ စိတ်ပူပန်သဖြင့် ယခုကဲ့သို့ ဖုန်းခေါ်ဆိုမှုများမြင့်တက် လာရခြင်း ဖြစ်သည်။

KIC (Karen Information Center)

အစ္စလာမ် ဘာသာအပေါ် အမြင်လွဲမှားနေမှုတွေ ရှင်းလင်း



 အစ္စလာမ်ဘာသာနဲ့ မွတ်စလင်များအပေါ် အထင်အမြင်နားလည်မှု လွဲမှားမှုတွေရှိတယ်ဆိုပြီး မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် ကွန် ရက်ပေါင်းစု (Unity For Peace Network)က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ YMCA ခန်းမမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ အချက် ၉ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ ၉ ချက်ထဲက ၇၈၆ ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပတ်သတ်ပြီး Unity For Peace Network ကအဖွဲ့ဝင် ဦးရဲလှက အဲဒီအခမ်းအနားမှာ အခုလိုရှင်းလင်းပြောကြားခဲ့ပါတယ်။

"မြန်မာပြည်တွင်း၌ နှစ် ၂ ထောင်ကျော်ကာလကပင် အတည်တကျအခြေကျပြီး တခြား ဘာသာအသီးသီးမှ ညီနောင်များနှင့် အေးအတူပူအမျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာ ကြသည့် အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်များနှင့် စပ်လျဉ်း၍ နားလည်မှုလွဲမှားနေသော အချက်တို့အား ရှင်းလင်းဖော်ပြပါသည်၊ အနှိုင်းမဲ့ကိုးကွယ်ရာအရှင်ထံမှ ကောင်းချီးမင်္ဂလာ တို့ရယူရန်၊ တခြားလူများကို ကရုဏာထားဆက်ဆံရန်၊ အစားအသောက်များအား အစ္စလာမ့် စည်းကမ်းနဲ့အညီ စီရင်ထားခြင်းဖြစ်ကြောင်းကို ရည်ညွှန်းခြင်းသာဖြစ်ပါသည်၊ ဘာသာခြား တို့အား ခွဲခြားဆက်ဆံရန်အတွက် လုံးဝမဟုတ်ပါ"

၇၈၆ ကို ပေါင်းလိုက်ရင် ၂၁ ဖြစ်တဲ့အတွက် ၂၁ ရာစုမှာ အစ္စလမ်ဘာသာက ကမ္ဘာကိုလွှမ်းမိုး မည်ဟု ဖွင့်ဆိုချက် စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိကြောင်း၊ ဘာသာမတူ အမျိုးသမီးတွေ ကို လက်ထပ်နိုင်သူ အစ္စလာမ်ဘာသာဝင်တွေကို အဆင့်လိုက် ငွေကြေးထောက်ပံ့နေသည်ဟု စွပ်စွဲချက်မှာလည်း လုံးဝ အခြေအမြစ်မရှိကြောင်း၊ လိမ်ညာမှုသာဖြစ်ကြောင်းစတဲ့အချက်တွေ အပါအဝင် ၉ ချက်ကို ရှင်းလင်းခဲ့ပါတယ်။ အဓိကကျတဲ့ အထင်အမြင်လွဲမှားမှုတွေနဲ့ ပတ်သက် ပြီး တစ်ဦးတစ်ယောက်ချင်း ဖြေရှင်းနေတာ ထက်စာရင် မြန်မာနိုင်ငံအစ္စလာမ်ဘာသာ ဝင် ခေါင်းဆောင်တွေက တညီတညွတ်တည်း ရှင်းလင်းထုတ်ပြန်တာကို ပြည်သူတွေဆီ တင်ပြပေးနိုင်ရင် အကြမ်းဖက်မှုပပျောက်ပြီး နိုင်ငံ တိုးတက်ရေးအတွက် အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် ဒီသတင်းစာရှင်းလင်းပွဲကို ကျင်းပ ရတာဖြစ်တယ်လို့ Unity For Peace Networkက ဦးကျော်ဝင်းက ပြောကြားသွားခဲ့ပါတယ်။

ဒီရှင်းလင်းဟာ တစ်ဦးတစ်ယောက် ဒါမှမဟုတ် အသင်းအဖွဲ့တစ်ခုခုက ဦးဆောင်ကျင်းပတာ မျိုးမဟုတ်ဘဲ မြန်မာနိုင်ငံမှရှိတဲ့ အစ္စလာမ်ဘာသာဝင် လူမှုရေးကွန်ရက်တွေရဲ့ သဘောဆန္ဒ အရ စုပေါင်းကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese

ရိုဟင်ဂျာ အမျိုးသမီးသုံးဦး သေဆုံးမှု ဖော်ထုတ်ပေးဖို့ မစ္စတာ ကင်တားနား တောင်းဆို


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ဒေသခံတွေနဲ့ အာဏာပိုင်တွေအကြား ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ဒေသခံရိုဟင်ဂျာ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ စုံစမ်းစစ်ဆေးအရေးယူဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် ကင်တားနား(Tomas Quintana) က တောင်းဆို လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ စနစ်တကျနဲ့ ကျယ် ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပေါ်နေတာတွေကို တာဝန်ယူဖြေရှင်းပေးမှုမရှိဘူးလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ဇွန်လ အကြမ်းဖက်မှုတွေ စတင်ဖြစ် ပွားခဲ့စဉ်ထဲက လူနည်းစု ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်လို့လည်း ဖြေရှင်းဆောင်ရွက်တာ လုံးဝမတွေ့ရဘူးလို့လဲ ဆိုပါတယ်။

မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာမှာ ပြည်နယ်အစိုးရက ဒေသခံတွေကို နေအိမ် ၁ဝ ခန်းတွဲ ပါတဲ့ တန်းလျား ၁၆ လုံးနဲ့ နေရာချထားရေးအစီအစဉ်ကို ဒေသခံတွေကကန့်ကွက်ပြီး လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပေးဖို့ တောင်းဆိုတာတွေကြောင့် ဒေသခံတွေနဲ့ အာဏာပိုင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။

တန်းလျားတွေ ဆောက်လုပ်ဖို့အတွက် မြစ်အတွင်းက သစ်ဝါးတွေကို အလုပ်သမား ၃၂ ဦးနဲ့ ကမ်းပေါ်ကိုတင်နေစဉ် ပုရိန်ကျေးရွာကဒေသခံ ၄ဝဝ လောက်က တုတ်၊ ဓား၊ လေးခွ၊ ဂျင်ကလိတွေ ကိုင်ဆောင်ပြီး အနီးမှာလုံခြုံရေးယူနေတဲ့ စစ်တပ်နဲ့ ရဲဝန်ထမ်းတွေကို ဝိုင်းဝန်း အန္တရာယ်ပြုဖို့ ကြံစည်ခဲ့တာကြောင့် စစ်တပ်နဲ့ ရဲဝန်ထမ်းတွေက သေနတ်ပစ်ဖောက် နှိမ်နင်း ခဲ့ရတာ ဖြစ်တယ်လို့ ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးလှသိန်းက ထုတ်ပြန်ပြောဆိုထားပါတယ်။

RFA Burmese

စိတ်ပိုင်းဆိုင်ရာ နှာစေး၊ ချောင်းဆိုးမှု


တနေ့က…ကျွန်မ ကလေးသူငယ်စိတ်ရောဂါဆရာဝန်ကြီး ဒေါက်တာထွန်းအောင်လှိုင်နှင့်တွေ့ ဆုံခွင့် ရခဲ့ပါသည်။ ဆရာဝန်ကြီး ဟုသာ ပညာကို လေးစားပြီး ခေါ်လိုက်သော်လည်း ဆရာက လူလတ်ပိုင်းတစ်ဦးပင်။ လန်ဒန်မှ ကလေးသူငယ် စိတ်ရောဂါကုထုံးကို အထူးပြု သင်ကြားပြီး ပြန်ရောက်သည်မှာ လပိုင်းမျှသာ ရှိပါသည်။ ကျွန်မတို့ မြန်မာနိုင်ငံတွင် ကလေး စိတ်ရောဂါအထူးကုရယ်ဟု ရှိနှင့် ပြီးသားလားပင် ကျွန်မ မသိပါ။

လွန်ခဲ့သော ငါးနှစ်ကျော်ခြောက်နှစ်ခန့်က ကျွန်မကျောင်းတွင် ထူးခြားသော အပြု အမူများ ပြု လုပ်တတ်သော မူလတန်း ကလေးငယ် လေးတစ်ဦးကို လေ့လာမိရာမှ စိတ်ရောဂါဆရာဝန် တစ်ဦးဦးနှင့် ပြသင့်သည်ဟု အထင်ရောက်မိခဲ့ပါသည်။ ကျွန်မ၏ တိုထွာလှသော ဗဟုသုတလေးဖြင့် မိဘကို ခေါ်ယူ ဆွေးနွေးသောအခါ မိဘများက ကျွန်မကိုပင် အနည်းငယ် စိတ်အခန့်မသင့် ဖြစ်ခဲ့ကြသည်ကို ကျွန်မ မှတ်မိပါ သေးသည်။ မိဘများဆိုတော့လည်း ချစ်သည်ကို သားဖြစ်သူကို စိတ်ရောဂါရှိကြောင်း ကျွန်မက ပြောလိုက်သည်ဟု အထင်ရောက် ပါသည်။ သူတို့ အထင် ရောက်သည့် စိတ်ရောဂါဆိုသည်မှာ အရပ်အခေါ် ရူးသွပ်ခြင်းကို ဆိုလိုပါသည်။ ကျွန်မမှာလည်း သိသမျှ ဗဟုသုတလေးဖြင့် သားငယ်ကို ရူးနေခြင်းဟု ပြောခြင်း မဟုတ်ကြောင်း အထပ်ထပ် အခါခါ ပြောဆို ရှင်းပြပါသည်၊ စိတ်ဖိစီးမှုမျိုး၊ စိတ်ဓါတ်ကျခြင်းမျိုး စသဖြင့် စိတ်မကျန်းမာခြင်းမျိုးကိုသာ ဆိုလိုကြောင်း ပြောသော်လည်း မိဘများက လိုလို လားလား မရှိကြောင်း သဘောပေါက်လိုက်ပါသည်။

သို့သော် နောက် နှစ်ရက် လောက်အကြာတွင် ထိုသားငယ်၏ အဖိုးဖြစ်သူ ကျွန်မရုံးခန်း သို့ရောက်လာပါသည်။ အဖိုးဖြစ်သူကို သားနှင့် ချွေးမက ကျွန်မ ပြောသမျှကို ပြန်ပြောပြ ထားဟန် တူပါသည်။ ကျွန်မ ထိုသားငယ်လေးအပေါ်ထားသော အမြင်ကို သူကမေးပါသည်။ ထိုစဉ်က ကျွန်မကျောင်းတွင် မူလတန်းကျောင်းသားကျောင်းသူချည်း သုံးရာခန့် ရှိပါသည်။ ကလေးများနှင့် အမြဲတစေ စိတ်ဝင်တစားထိတွေ့သော ကျွန်မအဖို့ ပုံမှန်မဟုတ်သော ကလေး ကို လပိုင်းအတွင်းမှာပင် သတိပြုမိစေပါသည်။ သားငယ်၏ အပြူအမူ၊ အပြောအဆို အားလုံး သည် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို တော့ ကျွန်မသိကြောင်း ရိုးသားစွာ ဖြေခဲ့ပါသည်။

ကျွန်မကိုယ်တိုင် ချီးမွမ်းစကားများဖြင့် ထိုသားငယ်လေးကို ဆက်ဆံသော်လည်း သူ့  မျက်ဝန်း များတွင် တွေ့ရသော ချီတုံချတုံဖြစ်မှုကို တွေ့ရသည်။ ကိုယ်လက်အင်္ဂါ သက်သောင့်သက်သာ မရှိမှု၊ စာသင်ရင်း တန်းလန်း စားပွဲခုံအောက် ၀င်ပုန်းတတ်မှု၊ စာသင်စဉ် စူးစူးဝါးဝါးထအော် တတ်မှု စသည်တို့ကိုလည်း တခါတရံ တွေ့ရသည်။ ဤသို့ ဤနှယ် ပြုမူမိသောကြောင့် ထိုကလေးလေး ဘယ်နှကြိမ်မျှ အတန်းထဲတွင် ရိုက်ခံပြီးပြီလဲ ကျွန်မ မသိပါ။ ထိုကလေးတွင် စိတ်လုံခြုံမှုအားနည်းနေုခြင်းနှင့် မိမိကိုယ်ကို အမြဲ သတိထားနေခြင်းမျိုး ရှိနေသည်ကိုတော့ ကျွန်မ ရိပ်မိပါသည်။

သားငယ်၏ အဖိုးဖြစ်သူကနားထောင်ပြီး ကျွန်မကိုကျေးဇူးတင်စကားဆိုသည်။ ကျွန်မသိသော စိတ်ရောဂါဆရာဝန်ကြီး ဆရာစပ်စိုင်းလုံထံ ပင်သွားရောက်၍ ဆေးကုသမှုခံယူခဲ့ပြီးနောက် ထိုသားငယ်လေးမှာ သိသိသာသာ ပြောင်းလဲတိုးတက်လာ သဖြင့် အဖိုးဖြစ်သူရော မိဘနှစ်ပါး ပါ ကျွန်မကို ကျေးဇူးတင်မဆုံးပါ။

ထိုနောက်ပိုင်းလည်း ရှစ်တန်းကျောင်းသားအရွယ်သားတစ်ဦးကျောင်းသို့ ရွှေ့ပြောင်းလာပါ သည်။ သူ့ကိုမူယနေ့တိုင် အမှတ်ရဆဲပါ။ ထိုကျောင်းသားလေးသည် သူငယ်ချင်းခင်ရမည့် အရွယ်တွင် သူငယ်ချင်းမရှိ၊ သို့သော် ရန်ဖြစ်ဖော်တော့ အတော်များခဲ့ပါသည်။ ကျွန်မရုံးခန်း သို့ တစ်လလျှင် နှစ်ကြိမ်မျှ ပြသနာတစ်ခု မဟုတ်တစ်ခုနှင့် ရောက်လာတတ်သဖြင့် သူနှင့် အေးအေးဆေးဆေး ထိုင်စကားပြောသောအခါ သူ့ဘ၀လေး ကို အကြောင်းကို သိလာပါသည်။ သူ့ခံစားချက်များကို ကျွန်မက အလေးတယူနားထောင်သောအခါ သူ့လေ သံက ပျော့ပျောင်းလာပါသည်။ သူ့ကတော့ မိစုံဖစုံရှိပါလျက်နှင့် နေခွင့်မရပဲ ဖခင်ဖြစ်သူနှင့် အတူနေထိုင်ရသူလေး ဖြစ်ပါသည်။ ဖခင်ဖြစ်သူက ခရီး ခဏခဏထွက်တော့ သူတစ်ဦးတည်း ကျန်ရစ်ခဲ့တတ်သည်။ မိခင်ဖြစ် သူနှင့် ငါ့သားက နေချင်လို့လားဟု မေးသောအခါ သူက မျက်နှာကို ခတ်ကွယ်ကွယ်ပြုလျက် အမေက မပြေ လည်ဘူး။ အမေ့ဆီမှာနေရင် အဖေက သူကျောင်းမထားနိုင်ဘူး ဟုဆိုရှာပါသည်။ ငါ့သား ရန်ဖြစ်ရင် ဆရာမ ကြီး စိတ်ညစ်တယ် သားရယ် ဟုပြောသောအခါ သူ့မျက်ဝန်းမှ မျက်ရည်များ အံ့သြစရာကောင်းလောက်အောင် စီးကျလာပါသည်။ အမြဲရန်လိုနေသော ကျောင်းသားလေး မျက်ဝန်းမှ မျက်ရည်ကိုမြင့်တော့ သူ့ အတန်းပိုင်ဆရာက အံ့သြတကြီးဖြစ်သွားပါသည်။

ကျွန်မ သိလိုက်ပါသည်။ ကလေး စိတ်တွင် ဒဏ်ရာများ ဗလပွနှင့် ဆိုသည်ကို။ ကျွန်မမှာ သူ့ဖခင်နှင့် တွေ့ဆုံဖို့ ရာခေါ်သော်လည်း လာမတွေ့ပါ။ နောက်ဆုံး ထိုကျောင်းသားကပင် ကျွန်မအား အဖေက ကျောင်း ကိုလာပြီး ဆရာမကြီးနဲ့မတွေ့နိုင်ပါဘူးတဲ့၊ ကျွန်တော့် ကို ကျောင်းထုတ်ချင်လည်း ထုတ်လိုက်ပါလို့ ပြောပါ တယ် ဟူုသော သတင်းစကားကိုသာ သယ်လာခဲ့ပါသည်။ ကျွန်မ ဘာမှမတတ်နိုင်ပါ။ ကျွန်မသည်လည်း ထို ကျောင်းသား အား နှစ်သိမ့်ဆွေးနွေးနိုင်လောက်သော ပညာမရှိပါ။ မိခင် မေတ္တာမျိုးကိုသာ ပြရင်း ကိုးတန်း အရောက်တွင် ကျောင်းမတက်တော့ပါ။ သို့သော် ကျွန်မအိမ်သို့ သူနှစ်ခါမျှလာသောအခါ အရက်နံ့ ရပါသည်။ မောလာသော ရင်အတွက် ဖြေစရာပင် မရှိပါ။

ယနေ့တော့ ဆရာဝန်ကြီး ဦးထွန်းအောင်လှိုင်နှင့် ကလေးငယ်တစ်ဦးကို ပြရန် ကိုယ်တိုင်ခေါ် သွားရမည့် အလှည့်နှင့် ကြုံလာပါသည်။ ဆရာဝန်ကြီး ကလေးကိုစာသင်သော ဆရာမနှင့် တွေ့ချင်သည် ဟု ဆိုလာသော ကြောင့် ကျွန်မကိုယ်တိုင်လိုက်သွားပါသည်။ ဆရာက ကျွန်မတို့ထံမှ ကလေးလေးအကြောင်းကိုမေးပါသည်။ ကလေးက မည်မျှ ကြာကြာ ကျောင်းစာကို လုပ်နိုင်သလဲ။ သူငယ်ချင်းများနှင့် ဆက်ဆံရေးအခြေအနေ၊ ရန်လိုတတ်သောသဘာဝရှိမရှိ စသဖြင့် ကျွန်မကျောင်းတွင် ထိုကလေးငယ်နှင့် ပတ်သက်သော ပြဿနာတစ်စုံတစ်ရာ ရှိမရှိ ဟုမေးပါသည်။ နောက် ကလေး၏မိခင် အား မေးသင့်သမျှကို မေးပါသည်။ ကလေးလေးနှင့် လည်း ဆရာက စကားပြောသောအခါ ကလေးငယ်၏ အဖြေစကားတစ်ခွန်းက ကျွန်မ ရင်ကို လာရောက် ရိုက်ခတ်ပါသည်။ ဆရာက ကလေးငယ်အား ကျောင်းမှာရိုက်ခံရသေးလား ဟုမေးသောအခါ ကလေးက ခေါင်းညိတ်ပြ ပါသည်။ (ကလေးက ကျွန်မထံတွင် နွေရာသီသင်တန်းသာ တက်ရောက်သည့်ကျောင်း သားလေး ပါ။ ပုံမှန်ကျောင်းအဖြစ် အစိုးရကျောင်းတစ်ကျောင်းတွင်ကျောင်းတက်ပါသည်။ ) ဆရာက အနည်းငယ် ရယ်ကာ ကျောင်းဖွင့်တာ တစ်ပါတ်တည်းရှိသေးတယ် သားက ရိုက်တောင်ခံပြီးပြီလား ဟုဆိုသော် ကလေးက မျက်နှာကို ခတ်လွှဲလွှဲ ပြုထားပါသည်။ ဆရာက သားက ရိုက်ခံရတော့ ငိုသေးလားဆိုတော့ ကလေးငယ်က လက်ကလေးခါကာ မနာဘူး ဟုဆိုပါသည်။ ထိုစဉ် ကျွန်မ မျက်ရည်ဝဲခဲ့ရပါသည်။ သည်ကလေးငယ်ကို ကျွန်မ စိတ်ရောဂါ ဆရာဝန်ကြီးနှင့် တွေ့ရန် မိခင်ဖြစ်သူအား တိုက်တွန်းစဉ် ကလေးကို မရိုက်ရန်၊ အပြစ် တင်သော စကားထက် ချီးကျူးသောစကားကို ပိုပြောပါ စသဖြင့် တတ်သမျှ မှတ်သမျှလေးပြောပြခဲ့ပါသည်။

အမေဖြစ်သူက စာရင်းဇယားများဖြင့် အလုပ်လုပ်သူမို့ ကလေးငယ် များ၏ သဘာဝကို နားမလည်သည်ကို အပြစ်မပြောလိုပါ။ သို့သော် နေ့စဉ်နှင့် အမျှ ကလေးငယ်လေးများနှင့် ထိတွေ့သော ဆရာဆရာမများအဖို့အခြေခံ ကလေးသူငယ်စိတ်ပညာကို ဦးနှောက်ထဲတည့်ပြီး ကိုင်တွယ်သင့်သည်ဟု အောက်မေ့မိပါသည်။ ဤသို့ဆိုရလျှင် ပြည်သူ့ဝန်ထမ်းလောက အရည်အချင်းက နိုင်ငံတော်နှင့် သက်ဆိုင်လာပါပြီ။ ကျွန်မတို့နှင့် လက်လှမ်းကွာလှပါသည်။ ဒီတော့ ဆရာဦးထွန်းအောင် လှိုင်ကိုသာ မိဘများကို မိသားစုစိတ်ကျန်းမာရေးနှင့်ပတ်သက်ပြီး ပညာပေးဖို့ တွင်တွင်သာဆိုခဲ့ရပါသည်။ ကလေးသူငယ်စိတ်ရောဂါနှင့် စပ်လျဉ်းပြီး ဆောင်းပါး များရေးဖို့ တိုက်တွန်းခဲ့ ပါသည်။ ဆရာပြောသော စကားတစ်ခွန်းနှင့်သာ နိဂုံးချုပ်ချင်ပါသည်။

စိတ်ရောဂါလို့ပြောရင် လူတွေက ရူးတယ်လို့သာထင်ကြတာ။ တကယ်တော့ စိတ်မှာ လည်းနှာစေး၊ ချောင်းဆိုးလောက် ဖြစ်တတ်တာပဲ၊ နှာစေး၊ ချောင်းဆိုးဖြစ်တော့ ဆေးလေး တစ်ခွက်၊ နှစ်ခွက်သောက် လိုက်ကြတာပဲ၊ ပျောက်သွားကြတာပဲ၊ ဒီလိုပဲပေါ့ စိတ်မှာလည်း နှာစေး၊ ချောင်းဆိုးလောက်ဖြစ်တတ်တာတွေ ရှိတာပဲ။ ကုလိုက်တော့ မိသားစုဘ၀ က ပျော်စရာကောင်းတာပေါ့ ဟု ဆရာက ဆိုသည်။

ထိုအခါ ကျွန်မက ဆရာမပီပီ ဆရာ ..ကျွန်မတို့လူထုက စိတ်ကလေးနှာစေး၊ ချောင်းဆိုးဖြစ် မှန်းကို မသိကြဘူးဆရာ။ အဲဒါကို သိအောင် ဆရာလုပ်ပေးပါ ဟု ဆိုခဲ့ပါသေးသည်။

ဘာရာဒွါဂျာ (မြန်မာပြည်)
irrawaddyBlog