13.6.13

ကျောင်းပြင်ပ မူလတန်း ပညာရေး ကျောင်းအပ်လက်ခံမှုများကို ဇူလိုင်ပထမပတ်တွင် စတင်ဆောင်ရွက်သွားမည်

ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်သို့ တက်ရောက်သည့် ကျောင်းသားများအား ၂၀၁၂ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ-အေးပပ) 
၂၀၁၃-၁၄ ပညာသင်နှစ်အတွက် ကျောင်းပြင်ပ မူလတန်းပညာရေး ကျောင်းအပ်လက်ခံမှုများ ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ပထမပတ်၌ စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်က ကျောင်းပြင်ပမူလတန်း ပညာရေး အစီအစဉ်၏ ကျောင်းအပ်လက်ခံမှုကို ဇွန် ၂၀ ရက်တွင် စတင်လက်ခံခဲ့ခြင်း ဖြစ်သည်။ ယခု ပညာသင်နှစ်အတွက် ကျောင်းအပ် လက်ခံခြင်း ကို ဇူလိုင် ပထမပတ် အတွင်းတွင် စတင်သွားမည်ဖြစ်ပြီး တက်ရောက်မည့် သင်တန်းသားများ စာရင်းနှင့် ကျောင်းပြင်ပ မူလတန်း ပညာရေး ကျောင်းအခြေစိုက် စခန်းများကိုလည်း စီစဉ် ထားရှိပြီးဖြစ်ကြောင်း သိရသည်။

"လောလောဆယ်တော့ ဆရာတို့ကျောင်းအပ်လက်ခံဖို့အတွက် အရေအတွက် စာရင်းတွေကောက် ယူထားတယ်။ သင်တန်းသားတွေတက်ရောက်ဖို့အဆင်ပြေမယ့် နေရာတွေ မှာ စခန်းတွေကို ထားရှိဖို့ တွေကိုလည်း စီစဉ်ထားပြီး ဖြစ်ပါတယ်။ ကျောင်းပြင်ပ ပညာရေးမှာ ပါဝင်သင်ကြားပေးမယ့် သင်တန်းဆရာတွေကို TOT လို့ခေါ်တဲ့ သင်ကြားရေး ဆရာဖြစ် သင်တန်းတွေကိုလည်း ထပ်ပြီးသင်ကြား ပေးဖို့လည်း စီစဉ်ထားပါသေးတယ်။ ဒါတွေပြီး ရင်တော့ ထပ်ပြီးတော့ သင်ကြားရေးသင်တန်းသားတွေအတွက် သင်ကြားမှုတွေကို စလို့ရပါပြီ။ တက်မယ့် သင်တန်းသားလေးတွေရဲ့ သင်တန်းတက်နိုင်မှု အခြေအနေ တွေကိုလည်း ချိန်နေရလို့ပါ" ဟု ကျောင်းပညာ မူလတန်း ပညာရေး၏ စီမံချက် ဒါရိုက်တာ ဦးတင်ညိုက ဆိုသည်။

"ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်က အခက်အခဲအမျိုးမျိုးရှိလို့ ကျောင်းမတက်နိုင် တဲ့ ကလေးတွေကို အနည်းဆုံး မူလတန်းပညာပြီးမြောက်အောင် ဆောင်ရွက်ပေးတဲ့ ကောက် သင်းကောက် ပညာရေး အစီအစဉ် ဖြစ်ပါတယ်။ ကျောင်းပြင်ပမူလတန်းပညာရေး ကလေးများ ရဲ့ အသက်သတ်မှတ်ချက်ဟာ ၁၀ နှစ်မှ ၁၄ နှစ်ဖြစ်ပြီး သူတို့နဲ့ ကိုက်ညီဆီလျော်မယ့် သင်ရိုး စာအုပ်တွေကို ပြုစုထားတာ ဖြစ်တဲ့အတွက် နှစ်နှစ်အတော အတွင်းမှာ အခြေခံပညာ မူလတန်းနဲ့ ကျွမ်းကျင်မှု အဆင့်ချင်း တူညီတဲ့ သင်ရိုးကို ပြီးမြောက်အောင်မြင်မှာ ဖြစ်ပါတယ်" ဟု ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ပတ်သက်၍ ပညာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးအေးကြူက ပြောကြားခဲ့သည်။

ကျောင်းပြင်ပ မူလတန်း ပညာရေး ဆောင်ရွက်မှုများကို ၂၀၀၈-၀၉ ပညာသင်နှစ်မှ စတင်ကာ စမ်းသပ်ဆောင်ရွက်ခဲ့ရာမှာ ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာအရ ဆောင်ရွက်နေ ပြီဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment