ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

17.8.13

ချင်းပြည်နယ်တွင် မြို့နယ်ကိုးခုအနက် ရှစ်မြို့နယ်တွင် သယံဇာတများနှင့် သတ္တုများ တွေ့ရှိ

Saturday, August 17, 2013
 
Photo: ချင်းပြည်နယ်တွင် မြို့နယ်ကိုးခုအနက် ရှစ်မြို့နယ်တွင် သယံဇာတများနှင့် သတ္တုများ တွေ့ရှိ
Saturday, August 17, 2013

ချင်းပြည်နယ်တွင် မြို့နယ်ကိုးခု အနက်မှ ရှစ်မြို့နယ်တွင် သံယဇာတများနှင့် သတ္တုများ တွေ့ရှိထားကြောင်း ချင်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်းထံမှ သိရသည်။
သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်းက ''ကျွန်တော်တို့ ပြည်ထောင်စု အစိုးရ အဖွဲ့ဆီကို တောင်းဆိုထားတာ ရှိပါတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ ချင်းပြည်နယ်မှာ ခရိုင်သုံးခုနဲ့ မြိုနယ်ကိုးမြို့ရှိတယ်။ အဲဒီမှာ ထန်တလန်မြို့နယ်က လွဲပြီးတော့ ကျန်တဲ့မြို့နယ်တွေမှာ သံယဇာတတွေနဲ့ သတ္တုတွေကို တွေ့ရှိထားပြီး လုပ်ကိုင်နိုင်ဖို့ အတွက်ပါ'' ဟု ပြောကြားသည်။

ယင်းသတ္တုနှင့် သယံဇာတများ တူးဖော်ရန်အတွက် ကုမ္ပဏီများကို ကမ်းလှမ်းခဲ့မှုများ ရှိခဲ့သော်လည်း ပြည်ထောင်စု အစိုးရအဖွဲ့က လုပ်ကိုင်ခွင့် မပြုခဲ့ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
''သတ္တုကိုတူးရင် သစ်တောတွေလည်း ပျက်စီးဖို့ များတယ်ဆိုလို့လည်း ကျွန်တော်တို့ကို ပြည်ထောင်စု အစိုးရအဖွဲ့က လုပ်ကိုင်ခွင့် မပြုသေးပါဘူး။ ကျွန်တော်တို့ ပြည်နယ်က လူတော်တော် များများဟာ အလုပ်အကိုင် အခွင့်အလမ်းအတွက် မရှိသလောက် ရှားပါးနေပါတယ်'' ဟု ၀န်ကြီးဦးကျော်ငြိမ်းက ဆိုသည်။

ချင်းပြည်နယ်မှာ မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံး ပြည်နယ်တစ် ခု ဖြစ်နေမှုမှာ ကြာမြင့်နေပြီး လက်ရှိတွင် အလုပ်အကိုင် အခွင့်အလမ်းများ မရှိသလောက် ရှားပါးနေသည်။ယင်းကဲ့သို့ ဖြစ်စဉ်များကြောင့် ချင်းပြည် နယ် ဒေသခံများမှာ ပြည်ပသို့ ထွက်ခွာသွားခြင်းနှင့် မြန်မာပြည်တွင်း စီးပွားဖြစ်ထွန်းမည့် နေရာများသို့ သွားရောက် လုပ်ကိုင်ခြင်းများ ရှိသဖြင့် ချင်းပြည်နယ်တွင် နေထိုင်သူ တဖြည်းဖြည်း နည်းပါးလာနေကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

လက်ရှိချင်းပြည်နယ်တွင် အဓိက စီးပွားရေး လုပ်ငန်းမှာ '၀'ဥ စိုက်ပျိုးရေးလုပ်ငန်း၊ ကွမ်းစားဂမုန်း စိုက်ပျိုးရေး လုပ်ငန်းနှင့် အခြားစိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေကြရသည်။

ချင်းပြည်နယ် သတ္တုသယံဇာတများ တွေ့ရှိထားသော မင်းတပ်မြို့နယ်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
Eleven Media Group
 
ချင်းပြည်နယ် သတ္တုသယံဇာတများ တွေ့ရှိထားသော မင်းတပ်မြို့နယ်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
 
ချင်းပြည်နယ်တွင် မြို့နယ်ကိုးခုအနက်မှ ရှစ်မြို့နယ်တွင် သံယဇာတများနှင့် သတ္တုများ တွေ့ရှိ ထားကြောင်း   ချင်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်းထံမှ သိရသည်။
သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်းက ''ကျွန်တော်တို့ ပြည်ထောင်စု အစိုးရ အဖွဲ့ဆီကို   တောင်းဆို ထားတာ ရှိပါတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ ချင်းပြည်နယ်မှာ ခရိုင်သုံးခုနဲ့ မြိုနယ်ကိုးမြို့ရှိတယ်။ အဲဒီမှာ ထန်တလန်မြို့နယ်က လွဲပြီးတော့ ကျန်တဲ့မြို့နယ်တွေမှာ သံယဇာတတွေနဲ့ သတ္တုတွေကို   တွေ့ရှိထားပြီး လုပ်ကိုင်နိုင်ဖို့ အတွက်ပါ'' ဟု ပြောကြားသည်။

ဟောင်းနွမ်းစုတ်ပြဲ ငွေစက္ကူများကို ၂၀၁၄ ခုနှစ် မတ်လကုန်အထိ လဲလှယ်ပေးမည်

Saturday, August 17, 2013
 
Photo: ဟောင်းနွမ်းစုတ်ပြဲ ငွေစက္ကူများကို ၂၀၁၄ ခုနှစ် မတ်လကုန်အထိ လဲလှယ်ပေးမည်
Saturday, August 17, 2013

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဟောင်းနွမ်းစုတ်ပြဲ ချွတ်ယွင်းနေသော ငွေ စက္ကူများကို ၂၀၁၄ ခုနှစ် မတ်လကုန်အထိ စီမံချက်ဖြင့် လဲလှယ်ပေးသွား မည် ဖြစ်ကြောင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဘဏ္ဍာရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့စီးပွားရေးဘဏ်မှ လဲလှယ်ပေးနိုင်ခြင်း မရှိသည့် ဟောင်းနွမ်း/စုတ်ပြဲ/ချွတ်ယွင်း/မီးလောင်/ခြကိုက်/ဆွေးမြေ့ နေသည့် ငွေစက္ကူများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် (နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲ၊ မန္တလေးဘဏ်ခွဲ) တို့တွင် လဲ လှယ်နိုင်ကြောင်း သိရပြီး ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့သော ဟောင်းနွမ်း စုတ်ပြဲ ချွတ်ယွင်း ငွေစက္ကူများကို လဲလှယ်ပေးသည့် စီမံချက် ကာလအား (၃၁.၃.၂၀၁၄) ရက်အထိ တိုးမြှင့် လက်ခံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်အရ မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင် ဟောင်းနွမ်း/ စုတ်ပြဲ/ချွတ်ယွင်း နေသည့် ငွေစက္ကူများကို လက်ခံလဲလှယ်ပေးသည့် ငွေ လဲကောင် တာများကို ဖွင့်လှစ်ပေးထားကြောင်း သိရပြီး ငွေစက္ကူ အင်္ဂါရပ် ပြည့်စုံ၍ သုံးစွဲရန် မသင့်သော ငွေစက္ကူများ၊ အပိုင်းပိုင်း ဆက်စပ်ထားသော်လည်း အင်္ဂလိပ်/မြန်မာ အက္ခရာနှင့် ဂဏန်း အပြည့်အစုံ ပါရှိပြီး မျက်နှာပြင် ဧရိယာ သုံးပုံနှစ်ပုံထက် မနည်း သည့် ငွေစက္ကူများ၊ အက္ခရာနှင့် နံပါတ်စဉ် နှစ်ခုစလုံးတွင် အများဆုံး ဂဏန်းသုံးလုံးထိ စုတ်ပြဲပျက်စီး နေကာမူ ယင်းနံပါတ် နှစ်ခုကြားတွင် ဆက်စပ်ထားမှု လုံးဝမရှိဘဲ မူလပကတိအတိုင်း ရှိနေသည့် ငွေစက္ကူ များနှင့် ငွေစက္ကူ အစစ်အမှန်ဖြစ်ပြီး ဟောင်းနွမ်း/စုတ်ပြဲ/ဆီစွန်း/ဓာတ်ဆီ/ဆိုးဆေးများ စွန်းထားသော်လည်း တစ်ဝက်ထက် ကျော်သော ငွေ စက္ကူများကို လဲလှယ် ပေးလျက်ရှိပြီး စက္ကူ/Cellotape ကပ်ရန် မလိုဘဲ လဲလှယ်ပေးကြောင်း သိရသည်။

ဟောင်းနွမ်း စုတ်ပြတ်နေသည့် ငွေစက္ကူ အဟောင်းများအား တွေ့ရစဉ် (ဓာတ်ပုံ - သန်းထိုက်အောင်)

Eleven Media Group

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဟောင်းနွမ်းစုတ်ပြဲ ချွတ်ယွင်းနေသော ငွေ စက္ကူများကို ၂၀၁၄ ခုနှစ် မတ်လကုန်အထိ စီမံချက်ဖြင့် လဲလှယ်ပေးသွားမည် ဖြစ်ကြောင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ခုနစ်လတာအတွင်း နိုင်ငံတစ်ဝန်း မီးလောင်မှု အကြိမ်တစ်ထောင် ကျော် ခဲ့ပြီးလူ ၅၀ သေဆုံး

Saturday, August 17, 2013
 
Photo: ခုနစ်လတာအတွင်း နိုင်ငံတစ်ဝန်း မီးလောင်မှု အကြိမ်တစ်ထောင် ကျော် ခဲ့ပြီးလူ ၅၀ သေဆုံး
Saturday, August 17, 2013

ယခုနှစ် ခုနစ်လတာ ကာလအတွင်း မြန်မာနိုင်ငံ အတွင်း၌ မီးလောင်မှု ၁၂၀၉ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူ ၅၀ သေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
''ခါတိုင်းနှစ်တွေ နဲ့မတူ ဒီ ၂၀၁၃ ခုနှစ် ခုနစ်လတာ ကာလအတွင်း ပေါ့ဆမီး က အများဆုံးပါ။ နောက်ပိုင်းမှာ ရှို့မီးတွေ နည်းနည်းများလာတယ်။ 

လူတွေရဲ့ မဆင်မခြင်သုံးမှုတွေကြောင့် လောင်တာများပါ တယ်။ နောက်ဘာသာရေး ပေါ့နော်'' လူမျိုးရေး ပဋိပက္ခတွေကြောင့် ရှို့ကြတယ်။ နောက် မူးလည်း ရှို့တယ်။ မိန်းမနဲ့ စကားများလည်း ရှို့တယ်။ ဒါတွေက မရှိသင့်ပါဘူး။ ဒေါသဖြစ်လို့ ရှို့မယ်ဆိုရင် မကျေနပ်တဲ့အိမ်ပဲ မီးလောင်မှာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ပါ လောင်ကုန်မှာပါ'' ဟု မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသင်းဌေးရွှေက ပြောကြားခဲ့သည်။

ယခုနှစ် ခုနစ်လတာ ကာလအတွင်း မီးလောင်မှုများအနက် မီးဖိုမီး အပါအ၀င် ပေါ့ဆ၍ လောင်သောမီးမှာ ၇၀၉ ကြိမ်၊ အလိုအလျောက် လောင်သောမီးမှာ ၃၁ ကြိမ် လျှပ်စစ်ကြောင့် လောင်သောမီးမှာ ၁၉၉ ကြိမ် မသမာသူရှို့မီးမှာ ၁၅၇ ကြိမ်နှင့် တောမီးမှာ ၁၁ ကြိမ် ပါဝင်နေကြာင်း မီးသတ် ဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

၎င်းက ဆက်လက်၍ ''ကားတွေက နဂိုထက် အဆမတန် များပြားလာတယ်။ ကားတွေမှာလည်း မီးလောင်တတ်ပါတယ်။ ကားတွေ အရေအတွက် များပြားလာသည်နှင့်အမျှ ဘယ်နေရာသွားသွား မီးသတ်ဆေးဘူးတွေ ဆောင်ထားသင့်ပါတယ်၊ လူတွေက မီးဆိုတာ လောင်တတ်တာပဲသိတာ လောင်ရင် ဘယ်လိုငြှိမ်းရ မလဲဆိုတာ မသိကြဘူး၊ အဓိကက ပေါ့ဆမှုကို ထိန်းသိမ်းမှုအပိုင်း၊ မီးသုံးစွဲမှုကို ထိန်းသိမ်းမှု အပိုင်းမှာ အားနည်းနေတာ တွေ့ရပါတယ်'' ဟု ဆိုသည်။

ခုနစ်လအတွင်း မီးလောင်မှုများကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ အိမ်ခြေ အဆောက်အအုံ ၄၁၅၁ လုံး၊ စက်ရုံအလုပ်ရုံ ၁၀ ရုံနှင့် ဂိုဒေါင် ၄၀ မီးသင့်ခဲ့ပြီး၊ ၁၃၃ရ၄ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ကြောင်း သိရသည်။
ယခင် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လ အတွင်းတွင်မူ မီးလောင်မှု ၈၀၁ ကြိမ်သာ ဖြစ်ပွားခဲ့ပြီး ကျပ်သန်းပေါင်း ၆၈၁၇ ဒသမ ၆၅ သန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

သြဂုတ်လအတွင်းက လှိုင်သာယာ ရွှေလင်ဗန်း စက်မှုဇုန်ရှိ စီပီ ကြက်အူချောင်းစက်ရုံ မီးလောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
Eleven Media Group

ယခုနှစ် ခုနစ်လတာ ကာလအတွင်း မြန်မာနိုင်ငံ အတွင်း၌ မီးလောင်မှု ၁၂၀၉ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူ ၅၀ သေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
''ခါတိုင်းနှစ်တွေနဲ့မတူ ဒီ ၂၀၁၃ ခုနှစ် ခုနစ်လတာ ကာလအတွင်း ပေါ့ဆမီး က အများဆုံးပါ။   နောက်ပိုင်း မှာ ရှို့မီးတွေ နည်းနည်းများလာတယ်။

ရန်ကုန်ယာဉ်ကြော ကျပ်တည်းမှုအား ယာဉ်ထိန်း ရဲတပ်ဖွဲ့ တစ်ခုတည်းဖြင့် ရှင်းလင်း၍ မရနိုင်ဟုဆို

Saturday, August 17, 2013
 
Photo: ရန်ကုန်ယာဉ်ကြော ကျပ်တည်းမှုအား ယာဉ်ထိန်း ရဲတပ်ဖွဲ့ တစ်ခုတည်းဖြင့် ရှင်းလင်း၍ မရနိုင်ဟုဆို
Saturday, August 17, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြော ပိုမိုကျပ်တည်း ရှုပ်ထွေးလာမှုကို ယာဉ်ထိန်း ရဲတပ်ဖွဲ့ တစ်ခုတည်းဖြင့် ရှင်းလင်း၍ မရနိုင်ကြောင်း သြဂုတ် ၁၆ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြောပိုမို ရှုပ်ထွေးရခြင်း၏ အဓိက အကြောင်းရင်း အချို့မှာ ၀န်ကြီးဌာနမှ ကားတင်ခွင့် အခွန်အား လျှော့ပေါ့ခဲ့ခြင်း၊ ကားပါကင် လုံလောက်မှု မရှိခြင်း၊ ယာဉ်သွားလမ်း အပြည့်အ၀ အသုံးမပြုနိုင်ခြင်း စသည့် အချက် များ ဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။

''ယာဉ်ထိန်း ရဲတပ်ဖွဲ့တွေ အနေနဲ့ယာဉ် ကြောပိုမို ရှုပ်ထွေးလာလို့ အင်အားတိုးချဲ့ ချထားပြီး လမ်းရှင်းပေမယ့် မနိုင်ပါဘူး။ စည်ပင်ဌာန အနေနဲ့ လမ်းမပေါ်မှာ ဈေးသည်တွေ လုံးဝမရှိဖို့ ဆောင်ရွက်ရမှာ ဖြစ်သလို ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ အနေနဲ့ကလည်း လမ်းအပြည့် အ၀ အသုံးချဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ အခြေအနေ ကတော့ တိုက်ခန်းမှာ နေတဲ့သူတွေ အနေနဲ့ ကားပါကင်မရှိလို့ လမ်းပေါ်မှာ ထွက်ရပ်နေရတာ အများအပြားပါပဲ။ 

အခုရန်ကုန်မြို့ရဲ့ ယာဉ်ကြောရှုပ်ထွေး မှုပြဿနာကို ဖြေရှင်းဖို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ တင်မကဘူး။ နိုင်ငံတော် အဆင့်ကပါ စိတ်ဝင်တစား ဖြေရှင်းဖို့ စီစဉ်နေကြပါတယ်'' ဟု သြဂုတ် ၁၆ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ထွေးက ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်စဉ် အများဆုံးမှာ ရန်ကုန်တိုင်းဖြစ်ပြီး မန္တလေးတိုင်းမှာ ဒုတိယ ယာဉ်တိုက်မှု အများဆုံးဖြစ်ကာ ပဲခူးတိုင်း ဒေသကြီးများ တတိယ အများဆုံး ဖြစ်ပွားနေကြောင်း သိရသည်။ဆက်လက်၍ ရဲမှူး ကြီးကျော်ထွေးက ''ဒီကားကျပ်တဲ့ ပြဿနာကို သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေပဲ ပူးပေါင်းဖြေရှင်းတာထက် ပြည်သူလူထုကပါ ပူးပေါင်းပါဝင်မယ်ဆိုရင် ထိုက်သင့်သလောက် လျော့ကျသွား လိမ့်မယ်လို့ ထင်ပါတယ်'' ဟု သုံးသပ်ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့တွင် ဖွဲ့စည်းပုံအရ ၁၄၄၂ ဦးထိ တိုးချဲ့သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ၀န်ထမ်းအင်အား ၉၀၀ ကျော် ရှိနေကြောင်း သိရသည်။

သြဂုတ်လအတွင်း တာမွေမြို့နယ်၊ ဗညားဒလလမ်းပေါ်တွင် ယာဉ်ကြောရှုပ်ထွေး နေသည်ကို တွေ့ရစဉ် 
(ဓာတ်ပုံ-အောင်မျိုးသန့်)
Eleven Media Group

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြော ပိုမိုကျပ်တည်း ရှုပ်ထွေးလာမှုကို ယာဉ်ထိန်း ရဲတပ်ဖွဲ့ တစ်ခုတည်းဖြင့် ရှင်းလင်း၍ မရနိုင်ကြောင်း သြဂုတ် ၁၆ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားခဲ့သည်။

UMFCCI ၏ အသင်းပိုင်ငွေ ကျပ်သိန်းပေါင်း ၄၈၀၀၀ ကျော်နှင့် ပတ်သက်၍ ရှင်းလင်း၊ အဆိုပါ သုံးစွဲမှုများနှင့် ပတ်သက်၍ တာဝန်ခံနိုင်ကြောင်း ဥက္ကဋ္ဌအပါအ၀င် တာဝန်ရှိသူများ ပြောကြား

Saturday, August 17, 2013
 
Photo: UMFCCI ၏ အသင်းပိုင်ငွေ ကျပ်သိန်းပေါင်း ၄၈၀၀၀ ကျော်နှင့် ပတ်သက်၍ ရှင်းလင်း၊ အဆိုပါ သုံးစွဲမှုများနှင့် ပတ်သက်၍ တာဝန်ခံနိုင်ကြောင်း ဥက္ကဋ္ဌအပါအ၀င် တာဝန်ရှိသူများ ပြောကြား
Saturday, August 17, 2013

ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်နိုင်မှု မရှိသည့် ပြဿနာများတွင် ရန်ကုန်မြို့ရှိ အသင်းချုပ်ရုံးနှင့် မြေအား ကမ္ဘောဇဘဏ်တွင် ကျပ်သိန်း ၂၀၀၀၀ ဖြင့် ပေါင်၍ အာမခံချက် မရှိဘဲ အပြင်သို့ ငွေထုတ်ချေးခြင်းနှင့် ရန်ကုန်နှင့် နေပြည်တော်ရှိ ကုန်သည်စက်မှု အသင်းချုပ် တည်ဆောက်မှုအတွက် ကုန်ကျငွေ ကျပ် ၂၈၄၁၂ သိန်းအတွက် ရှင်းလင်းနိုင်မှု မရှိခြင်းများနှင့် ပတ်သက်သည့် အငြင်းပွားမှုများအား တာဝန်ယူ ဖြေရှင်းနိုင်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ ဥက္ကဋ္ဌ အပါအ၀င် တာဝန်ရှိသူများက သြဂုတ် ၁၆ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။

ရန်ကုန်မြို့ရှိ အသင်းချုပ်ရုံးအား ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘောဇဘဏ် တွင် ပေါင်နှံခဲ့ကာ GLAD Co.ltd အား ထုတ်ချေးခဲ့ပြီး ပြန်ဆပ်ငွေ အား ဖော်ကျွန်း အင်တာနေရှင်နယ်မှ ဦးမြဟန်အား ကျပ်သိန်း ၁၅၀၀၀၊ သစ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးစိန်လွင်အား ကျပ်သိန်း ၃၀၀၀၊ Global Star ကုမ္ပဏီအား ကျန်ငွေ သိန်း ၂၀၀၀ နှင့် အသင်းပိုင်ငွေ ကျပ်သိန်း ၄၅၀၀ အား ၂၀၁၂ ခုနှစ် ဖော်ဖော်ဝါရီ ၂၄ ရက်နှင့် ၂၈ ရက်များတွင် ထုတ်ချေးခဲ့သည်ဟု အသင်းဝင် လုပ်ငန်းရှင် အချို့က ပြောပါသည်။

''အသင်းချုပ်ကို ရုံးနဲ့ မြေကို ပေါင်နှံခဲ့တာက အသင်းအတွက် ၀င်ငွေတိုးပွားဖို့နဲ့ အသင်းရပ်တည်မှု အတွက်ပါ။ အခုလက်ရှိမှာ ပေါင်နှံထားတဲ့ ရုံးချုပ်နဲ့ မြေကိုလည်း ပြန်လည်ရွေးယူ ထားပြီးပါပြီ'' ဟု အသင်းချုပ် ဒုဥက္ကဋ္ဌနှင့် သတင်းပြန်ကြားရေး ဥက္ကဋ္ဌ ဦးလှမောင်ရွှေက ဆိုသည်။

၂၀၀၄ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်အတွက် လက်ရှိဥက္ကဋ္ဌဖြစ်သူ ဦးဝင်းအောင်မှ ဆောက် လုပ်ရေး ကော်မတီအဖြစ် ငွေကျပ်သိန်း ၁၁၆၃၂ အား ထုတ်ယူထားပြီး ၁၀ နှစ်ခန့် ကြာသည့်အထိ ရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အလားတူပင် နေပြည်တော်ရှိ အစိုးရပေးသည့် မြေကွက်ပေါ်တွင် နှစ်ထပ် တိုက်အဖြစ် တည်ဆောက်မည့် ကုန်သည်စက်မှု အသင်းချုပ်အတွက် ကျပ်သိန်း ၁၆၇၇၉ သိန်းအား ၂၀၁၁ ခုနှစ်တွင် တည်ဆောက်ရန် ထုတ်ယူခဲ့ပြီး လက်ရှိကာလအထိ ကုန်ငွေ သုံးငွေအား စာရင်းရှင်း လင်း ပြသနိုင်မှု မရှိကြောင်း သိရသည်။

''ဒီငွေတွေအတွက် စာရင်းမရှင်းရသေးဘူး ဆိုတာက ဆောက်နေတဲ့ အဆောက်အအုံတွေ မပြီးသေးလို့ပါ။ ရန်ကုန်ရုံးချုပ်ကို ပေါင်ခဲ့တယ် ဆိုတာကလည်း နေပြည်တော် ရုံးအတွက် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဖို့ပါ။ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့် ဥက္ကဋ္ဌ တာဝန်ယူတုန်းက ဆွေးနွေးခဲ့တဲ့ လုပ်ငန်းတစ်ခုပါ။ ကျွန်တော်တို့မှာ အဆောက်အအုံ တစ်ခုကို ကန်ထရိုက်ပေးပြီး ဆောက်ခိုင်းရအောင် ငွေမရှိတဲ့အတွက် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရပါတယ်။ 

ဒီနေ့အထိ ရန်ကုန်ရုံးချုပ်ကို အပြီးမသတ် နိုင်သေးပါဘူး။ ငွေ ထုတ်ချေးတယ် ဆိုတာကလည်း အသင်းရဲ့ အကျိုးအတွက် ခင်ဗျားတို့ အနေနဲ့ ဒီငွေတွေကိုယူပြီး လုပ်ငန်းမှာသုံးပေးပါ။ အတိုးကိုလည်း အသင်းအတွက် လှူတဲ့အနေနဲ့ ယူသုံးပါဆိုပြီး ပေးခဲ့တာပါ'' ဟု အသင်းချုပ် သတင်းပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဦးမြင့်စိုးက ဆိုသည်။

အဆိုပါ အဆောက်အအုံနှစ်ခုနှင့် သက်ဆိုင်သည့် အသုံးစရိတ်များ၊ ဘဏ်တွင် ပေါင်နှံခဲ့သည့် ရန်ကုန်ရုံးချုပ် ၀င်ငွေများနှင့် ပတ်သက်၍ အလုပ်အမှုဆောင် အစည်းအဝေးများတွင် အမြဲတင်ပြ ခဲ့ပြီး ငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် EC, CEC များ၏ သဘောတူညီ ချက်ဖြင့်သာ အသင်းကောင်းကျိုးအတွက် လုပ်ဆောင်ခဲ့သည့် အတွက် လုပ်ခဲ့သမျှ ဖြစ်ရပ်များအား တာဝန်ခံ ဖြေရှင်းနိုင်ကြောင်း ဦးဝင်းအောင်၊ ဦးလှမောင်ရွှေတို့က ဆိုသည်။

ယင်းအပြင် အသင်းဝင်များ ထင်မြင်နေသကဲ့သို့ အသင်း၏ ၀င်ငွေရငွေ ဆိုင်ရာများအား EC, CEC များသာ သိခွင့်ရှိသည့် အနေအထား မဟုတ်ဘဲ အသင်းဝင်များ အနေဖြင့် အချိန်မရွေး မေးမြန်းဆွေးနွေး နိုင်ကြောင်း ဦးမြင့်စိုးက ဆက်လက်ပြောပါသည်။

နေပြည်တော် ရုံးချုပ်အား ဦးဝင်းအောင်နှင့်သား ပိုင်ဆိုင်သည့် ဒဂုန်အင်တာနေရှင်နယ်မှာ ကန်ထရိုက်ရယူ တည်ဆောက်နေသည် ဆိုသည်မှာလည်း သတင်းမှား ဖြစ်နေသည့်အပြင် အဆိုပါ အဆောက်အအုံ နှစ်ခုအား တစ်နှစ်အတွင်း အပြီးသတ် တည်ဆောက်နိုင်ဖွယ်ရှိကာ ပြီးပြတ်သည်နှင့် အဆောက်အအုံ နှစ်ခုနှင့် သက်ဆိုင်သည့် ဘဏ္ဍာရေး ရှင်းတမ်းအား ထုတ်ပြန်ပေးနိုင်ကြောင်း ဦးလှမောင်ရွှေနှင့် ဘဏ္ဍာရေးမှူးက ဆိုသည်။

ယခင် ပေါင်နှံထားသည့် ရန်ကုန်အသင်းချုပ်ရုံး၏ မြေဂရံ အား ပြသနေ သည့် ဦးလှမောင်ရွှေနှင့် ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင် အား သြဂုတ် ၁၆ ရက် သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ်

Eleven Media Group

ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်နိုင်မှု မရှိသည့် ပြဿနာများတွင် ရန်ကုန်မြို့ရှိ အသင်းချုပ်ရုံးနှင့် မြေအား ကမ္ဘောဇဘဏ်တွင် ကျပ်သိန်း ၂၀၀၀၀ ဖြင့် ပေါင်၍ အာမခံချက် မရှိဘဲ အပြင်သို့ ငွေထုတ်ချေးခြင်းနှင့် ရန်ကုန်နှင့် နေပြည်တော်ရှိ ကုန်သည်စက်မှု အသင်းချုပ် တည်ဆောက်မှုအတွက် ကုန်ကျငွေ ကျပ် ၂၈၄၁၂ သိန်းအတွက် ရှင်းလင်းနိုင်မှု မရှိခြင်းများနှင့် ပတ်သက်သည့် အငြင်းပွားမှုများအား တာဝန်ယူ ဖြေရှင်းနိုင်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ ဥက္ကဋ္ဌ အပါအ၀င် တာဝန်ရှိသူများက သြဂုတ် ၁၆ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။

ကင်တားနား ချင်းပြည်နယ် သွား

Saturday, August 17, 2013
 
Photo: ကင်တားနား ချင်းပြည်နယ် သွား
Saturday, August 17, 2013

မြန်မာနိုင်ငံမှာ ၁၀ ရက်ကြာခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားဟာ ဒီကနေ့မှာတော့ သူ့ရဲ့ တတိယခရီးစဉ်ဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ဆီ သွားရောက်ပါတယ်။ ချင်းပြည်နယ်ခရီးစဉ်အတွင်းမှာတော့ ဘာသာရေးအရ ခွဲခြားခံရမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖွယ် ရှိနေပြီး ဒေသခံ ချင်းလူမှုအဖွဲ့အစည်းတချို့နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

မြန်မာပြည်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရောက်ရှိလာတဲ့ မစ္စတာ ကင်တားနားဟာ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ခရီးစဉ်တွေအပြီးမှာတော့ သူ့ရဲ့ တတိယနေ့ ခရီးစဉ်အဖြစ် ချင်းပြည်နယ်ကို ဒီကနေ့ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ ချင်းပြည်နယ်ခရီးစဉ်မှာတော့ အဓိက မင်းတပ်မြို့ကို သွားရောက်တာ ဖြစ်တယ်လို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂရုံးက ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။

“မင်းတပ်ကို သွားနေပါတယ်။ ကျနော်တို့ကတော့ မင်းတပ်ကို မရောက်သေးပါဘူး။ လမ်းခုလတ်မှာပဲ ရှိပါသေးတယ်။”

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဘာတွေ ဆောင်ရွက်ဖို့ရှိတယ်ဆိုတာကိုတော့ ဦးအေးဝင်းက ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ချင်းပြည်နယ်ခရီး စဉ် မှာတော့ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ကို သွားရောက်မှာဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်တဦးက ပြောပါတယ်။ မင်းတပ်မြို့မှာတော့ ချင်းပြည်နယ်အစိုးရအဖွဲ့က စည်ပင်ဝန်ကြီး ဦးနေနိုင်းနဲ့ လူမှုရေးဝန် ကြီး ဒေါက် တာဘမောင်တို့အဖွဲ့က လက်ခံတွေ့ဆုံမှာဖြစ်ပါတယ်။ 
ဒီခရီးစဉ်မှာတော့ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ ရှိနေတယ်လို့ ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးနေနိုင်းက ပြောပါတယ်။

“ည ၇ နာရီ၊ ၈ နာရီလောက်ကျရင်တော့ မင်းတပ်က ဘာသာရေးအဖွဲ့တွေ ဘာတွေ ဆက်ရင် ဆက်ကြည့်လိုက်ပေါ့။ သူတို့နဲ့ အဓိက တွေ့စရာရှိ တယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ သူတွေ့မယ့်လူတွေက ဘယ်အဖွဲ့တွေလဲဆိုတာတော့ ကျနော်လည်း မသိဘူး။ သူနဲ့တွေ့ ချင်တယ်ဆိုတာ သူ့ဟာနဲ့သူပဲ အဖော်နဲ့ လာမယ်ထင်တယ်။ အဲလောက်အထိတော့ ကျနော်လည်းမသိဘူး။ ကျနော်တို့ကျတော့ အစိုးရအဖွဲ့တွေနဲ့တွေ့မယ်။ ဘာပြောမလဲဆိုတာတော့ သူပဲသိမယ်။ ကျနော်တို့ကတော့ ဘာမှ မသိဘူး။ သူမေးတာတွေပဲ ကျနော်တို့ ဖြေရမှာပဲ။”

လွန်ခဲ့တဲ့နှစ်အတွင်းကတော့ ချင်းပြည်နယ်အတွင်းမှာ ဒေသခံပြည် သူတွေအများစုကိုးကွယ်ရာ ဘာသာဖြစ်တဲ့ ခရစ်ယာန်ဘာသာအပေါ်မှာ ခွဲခြားဖိနှိပ်တာတွေ ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က “ဖြစ်တည်မှုကို ခြိမ်းခြောက်ခြင်း” ဆိုတဲ့အမည်နဲ့ အစီရင်ခံစာတစောင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာမှာ ခရစ်ယာန် ဘာသာဝင်တွေ အထွဋ်အမြတ်ထား တည်ဆောက်ထားတဲ့ ခရစ်ယာန်လက်ဝါးကပ်တိုင်တွေကို ဖြိုချတာနဲ့ အစိုးရက ခရစ်ယာန်ဘာသာဝင်တွေကို ဗုဒ္ဓဘာသာထဲကို အတင်းသွတ်သွင်းတာတွေ ပါဝင်တယ်လို့ ဖော်ပြပါတယ်။

မင်းတပ်မြို့က ချိုချင်းအမျိုးသား လူငယ်အဖွဲ့က ဒီကနေ့ ညနေပိုင်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ သူတို့အဖွဲ့ကတော့ ဗုဒ္ဓဘာသာဝင်တွေ ဖိနှိပ်ခံရတဲ့အကြောင်းနဲ့ တခြား လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို တင်ပြဖို့ ရှိတယ်လို့ အဖွဲ့ရဲ့ဥက္ကဋ္ဌ ကိုရှယ်အောင်က ပြောပါတယ်။

“ကျနော်တို့ စဉ်းစားထားတာကတော့ ကျနော်တို့ ဗုဒ္ဓဘာသာက လူနည်းစုကလေးဖြစ်တယ်။ တကယ့် ဗုဒ္ဓဘာသာ လူနည်းစုတွေရဲ့ ချိုးဖောက်ခံရမှုကိုကျတော့ ဘယ်သူမှ မပြောဖူးတော့ ဘယ်သူမှလည်း မသိဘူး။ အဲဒါလေးကိုလည်း ကျနော် သေချာပြောမယ်လို့တော့ စဉ်းစားထားတယ်။ ပြီးတော့ ကျနော်တို့ အသင်းအဖွဲ့နဲ့ ပတ်သက်တဲ့ကိစ္စပေါ့လေ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သူတို့ ပေးထားတဲ့အတိုင်း လိုက်နာပြီးတော့ ကျနော်တို့ကတင်တယ်။

အခုအချိန်အထိ မကျလာဘူးပေါ့နော်။ ပြီးတော့ ကျနော်တို့ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ဆိုတဲ့ ဥပဒေလည်း ထွက်ရဲ့သားနဲ့ ၂၀၁၃ ပဲပေါ့လေ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကြေးမုံသတင်းစာမှာ ချင်းတမျိုးသားလုံးကို ချိုးနှိမ်စော်ကားထားတဲ့ကိစ္စ၊ ဆန္ဒဖော်ထုတ်ဖို့ တင်ပြတဲ့ဟာလိုမျိုးကိုလည်း ၂ ကြိမ်တိတိ အပယ်ခံရတဲ့ကိစ္စ- အဲလိုမျိုးပေါ့လေ။ အာဏာပိုင် အဖွဲ့အစည်းကနေ ခွင့်မပြုဘဲ လျစ်လျှူရှုတဲ့အပိုင်းတွေ တင်ပြမယ်ပေါ့လေ။ အဲလို စဉ်းစားထားပါတယ်။”

ဒါ့အပြင် ချင်းတောင်ဒေသသယံဇာတ စောင့်ကြည့်ရေးအဖွဲ့ က ပြုစုထားတဲ့ မြွေတောင်၊ ဖားတောင် သတ္တုတူးဖော်ရေး စီမံကိန်းကိစ္စ စာတမ်း ၃ စောင်တို့ကိုလည်း တင်ပြသွားဖို့ ရှိနေတယ်လို့ ပြောပါတယ်။

မစ္စတာကင်တားနားဟာ လာမယ့်အပတ် ဗုဒ္ဓဟူးနေ့မှာ ပြန်လည်ထွက်ခွာဖို့ရှိနေပြီး သူ့ရဲ့မြန်မာပြည် ၁၀ ရက်ခရီးစဉ်အတွင်းက လူ့အခွင့်အရေးဆိုင်ရာ လေ့လာတွေ့ရှိချက်တွေကို အဲဒီနေ့မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ထုတ်ပြန်ဖို့ ရှိနေပါတယ်။

ကုလလူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန် မာနိုင်ငံသို့ ရောက်ရှိစဉ် မြန်မာ့လူ့အခွင့်အရေးကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံစဉ်။ (၀၈၊ ၁၃၊ ၂၀၁၃)
VOA

မြန်မာနိုင်ငံမှာ ၁၀ ရက်ကြာခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားဟာ ဒီကနေ့မှာတော့ သူ့ရဲ့ တတိယခရီးစဉ်ဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ဆီ သွားရောက်ပါတယ်။ ချင်းပြည်နယ်ခရီးစဉ်အတွင်းမှာတော့ ဘာသာရေးအရ ခွဲခြားခံရမှုတွေ နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖွယ် ရှိနေပြီး ဒေသခံ ချင်းလူမှုအဖွဲ့အစည်းတချို့နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ကမ္ဘောဒီးယားအတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲရလဒ်ကို စိန်ခေါ်

Saturday, August 17, 2013
Photo: ကမ္ဘောဒီးယားအတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲရလဒ်ကို စိန်ခေါ်
Saturday, August 17, 2013

ပြည်ပခရီးထွက်ခွာပြီးနောက် ကမ္ဘောဒီးယားနိုင်ငံကို ပြန်လာခဲ့တဲ့ အတိုက်အခံခေါင်းဆောင် Sam Rainsy ကို ထောင်ပေါင်းများ စွာသော ထောက်ခံသူတွေက လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတခု လုပ်ဆောင်မယ့် အကြောင်း သူ့အပေါ် ထောက်ခံသူတွေကို ကတိပေးခဲ့ပါတယ်။

ကမ္ဘောဒီယား အမျိုးသားကယ်တင်ရေးပါတီ CNRP ခေါင်းဆောင် Sam Rainsy က ဖနွမ်းပင်လေဆိပ်မှာ သူ့ကို ကြိုဆိုနေတဲ့ လူအုပ်ကြီးကို အခုလို ပြောဆိုခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့လည်း သူ အသိအမှတ်မပြုဘူးလို့ ပြောဆိုခဲ့ပါတယ်။

Mr.Raninsy ဟာ သူ့သမီး မင်္ဂလာဆောင်အတွက် အမေရိ ကန်ပြည်ထောင်စုမှာ သီတင်းတပတ်ကြာ ရောက်ရှိနေခဲ့တာပါ။ ဒီခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စုနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့လည်း သူ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံမှာ အချိန်အတော်ကြာ အုပ်ချုပ်လာခဲ့တဲ့ ၀န်ကြီးချုပ်ဟွန်ဆန်ကသာ ဒီရွေးကောက်ပွဲတွေမှာ ပြန်အနိုင် ရခဲ့တာကြောင့် ဒီရွေးကောက်ပွဲတွေမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ပါဝင်တဲ့ သီးခြား စုံစမ်းစစ်ရေးအဖွဲ့ အစိုးရက လက်ခံဖို့ အတိုက်အခံ CNRP က တောင်းဆိုခဲ့တာပါ။

CPP ပါတီက လွှတ်တော်အမတ်နေရာ ၆၈ နေရာနဲ့ CNRP က ၅၅ နေရာ အသီးသီး အနိုင်ရခဲ့တယ်လို့ အစောပိုင်းမှာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရင်းအရ လက်ရှိ အာဏာရပါတီအနေနဲ့ အရင်ရထားတဲ့ အမတ်နေရာတွေထဲက ၂၂ နေရာ လက်လွတ် ဆုံးရှုံးသွားတာလည်း ဖြစ်ပါတယ်။

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် မစ္စတာ Sam Rainsy အား ထောက်ခံသူ များက ဖနွမ်းပင်လေဆိပ်မှာ ကြိုဆိုနေစဉ်။ (သြဂုတ် ၁၆၊ ၂၀၁၃)
VOA

ပြည်ပခရီးထွက်ခွာပြီးနောက် ကမ္ဘောဒီးယားနိုင်ငံကို ပြန်လာခဲ့တဲ့ အတိုက်အခံခေါင်းဆောင် Sam Rainsy ကို ထောင်ပေါင်းများ စွာသော ထောက်ခံသူတွေက လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတခု လုပ်ဆောင်မယ့် အကြောင်း သူ့အပေါ် ထောက်ခံသူတွေကို ကတိပေးခဲ့ပါတယ်။

အိန္ဒိယ၏ နျူကလီးယား ပဲ့ထိန်းဒုံးတင် ရေငုပ်သင်္ဘော တရုတ်ကို တိုက်ခိုက်နိုင်စွမ်းရှိ

Saturday, August 17, 2013
Photo: အိန္ဒိယ၏ နျူကလီးယား ပဲ့ထိန်းဒုံးတင် ရေငုပ်သင်္ဘော တရုတ်ကို တိုက်ခိုက်နိုင်စွမ်းရှိ
Saturday, August 17, 2013

အိန္ဒိယနိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် နျူကလီးယား ပဲ့ထိန်းဒုံးတင် ရေငုပ်သင်္ဘော INS Arihant သည်
ရှန်ဟိုင်းနှင့် ပေကျင်းမြို့များ အပါအဝင် တရုတ်နိုင်ငံရှိ မြို့ကြီးများကို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း London Times သတင်းစာက ဖော်ပြခဲ့သည်ဟု သြဂုတ် ၁၅ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

သြဂုတ် ၁ဝ ရက်တွင် နျူကလီးယား ဓာတ်ပေါင်းဖိုကို INS Arihant ရေငုပ်သင်္ဘော၌ တပ်ဆင်ပြီးနောက် အဆိုပါ ရေငုပ်သင်္ဘောတွင် တပ်ဆင်ထားသော K-15 Sagarika ပဲ့ထိန်းဒုံး ၁၂ စင်းအနက် တစ်စင်းကို စမ်းသပ် ပစ်လွှတ်ရန် စီစဉ်ထားကြောင်း သိရသည်။ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သော အဆိုပါ Sagarika ပဲ့ထိန်းဒုံးသည် ထိရောက်မှု အကွာအဝေး ၇ဝဝ ကီလိုမီတာ ရှိသောကြောင့် တရုတ်နှင့် ပါကစ္စတန် နိုင်ငံများရှိ အဓိက ဆိပ်ကမ်းမြို့ များကို တိုက်ခိုက်နိုင်စွမ်း ရှိသည်။

အိန္ဒိယနိုင်ငံသည် နိုင်ငံ့ ကမ်းရိုးတန်းနှင့် အိန္ဒိယ သမုဒ္ဒရာရှိ ၎င်း၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ရန် အတွက် Arihant အတန်းအစား နျူကလီးယား ပဲ့ထိန်းဒုံးတင် ရေငုပ်သင်္ဘော စုစုပေါင်း လေးစင်း တည်ဆောက်သွားရန် စီစဉ်ထားသည်။

ထို့အပြင် အိန္ဒိယနိုင်ငံ အနေဖြင့် တရုတ်နှင့် ပါကစ္စတန် နိုင်ငံတို့ ကဲ့သို့သော ရန်ဘက် နိုင်ငံများကို ရင်ဆိုင် ကျော်လွှားရန် အနည်းဆုံး လေယာဉ်တင် သင်္ဘောအုပ် သုံးခု လိုအပ်မည်ဖြစ်ကြောင်း နယူးဒေလီမြို့ အခြေစိုက် India Times သတင်းစာ က ဖော်ပြခဲ့ကြောင်းလည်း သိရသည်။

မြ၀တီ

အိန္ဒိယနိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် နျူကလီးယား ပဲ့ထိန်းဒုံးတင် ရေငုပ်သင်္ဘော INS Arihant သည်
ရှန်ဟိုင်းနှင့် ပေကျင်းမြို့များ အပါအဝင် တရုတ်နိုင်ငံရှိ မြို့ကြီးများကို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း London Times သတင်းစာက ဖော်ပြခဲ့သည်ဟု သြဂုတ် ၁၅ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

Skyper မှ မိတ်ဆက်ခဲ့သော နောက်ဆုံးထွက် B6 Venator

Saturday, August 17, 2013
 
Photo: Skyper မှ မိတ်ဆက်ခဲ့သော နောက်ဆုံးထွက် B6 Venator
Saturday, August 17, 2013

နယ်သာလန် မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီ ဖြစ်တဲ့ Skyper မှ အသစ်မိတ်ဆက် ပေးလိုက်သော ကား ဖြစ်ပါတယ်။

အရွယ်ငယ်ပြီး ပေါ့ပါးမှုကို အဓိကဦးစားပေးထားတဲ့ ယင်းအမိုးပွင့် ပြိုင်ကား ကို B6 Venator Skyper လို့ အမည် ပေးထားပါတယ်။ မြင်းကောင်ရေအား ၃၇၅ ဝန်းကျင် ထုတ်လုပ်ပေးနိုင်တဲ့ ပစ်စတင် ၆ လုံးပူး အင်ဂျင်ကို အသုံးပြု ထားပြီး အော်တိုဂီယာ ၇ ချက်ထိုး အမျိုးအစား ဖြစ်ပါတယ်။ ၂ ယောက် စီး ပြိုင်ကားတွေထဲမှာ အရမ်းမြန်တဲ့ စာရင်းထဲ မပါရှိပေမယ့် သူ့ရဲ့  top speed ကတော့ တစ်နာရီ မိုင် ၁၈၀ ကျော်ပါတယ်။ လက်ရှီ ပြသ ထားမှုက Concept အနေနဲ့သာ ရှိသေးပြီး ၂၀၁၅ မော်ဒယ်အဖြစ် ထုတ်လုပ်ရောင်းချ မှာ ဖြစ်ပါတယ်။ ဒီတော့ ထွက်ရှိမယ့်ကာလက ၂၀၁၄ ခုနှစ် နှစ်လယ်လောက် ဖြစ်မှာပါ။ 

ရည်ရွယ်တဲ့ ဈေးကွက်ကလည်း အမေရိကန်၊ အရှေ့ အလယ်အပိုင်း၊ အာရှ နဲ့ အိန္ဒိယတို့ ဖြစ်ပြီး ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၁သိန်းခွဲ သတ်မှတ် ထားကြောင်း သိရပါတယ်။

Ref: autoblog
ColayAutomobile

နယ်သာလန် မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီ ဖြစ်တဲ့ Skyper မှ အသစ်မိတ်ဆက် ပေးလိုက်သော ကား ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ သန်းချီတန်ဖိုးရှိသော Ford စူပါပြိုင်ကား GTR 1

Saturday, August 17, 2013
 
Photo: အမေရိကန်ဒေါ်လာ သန်းချီတန်ဖိုးရှိသော Ford စူပါပြိုင်ကား GTR 1
Saturday, August 17, 2013

နာမည်အပြည့်အစုံကတော့ Galphin Ford GTR1 ဖြစ်ပါတယ်။ အမေရိကန် Ford မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီအနေနဲ့ ယခုလို ကမ္ဘာ့ဈေးကြီး စူပါကား ထုတ်လုပ်မယ်လို့ ထင်တောင် ထင်မထား ကြပါဘူး။ 

အင်ဂျင်အရွယ် ၅၄၀၀ စီစီ၊ ဆလင်ဒါ ၈ လုံးပူး V အင်ဂျင်ကို အသုံးပြုပေ မယ့် တာဘိုနှစ်လုံးပူး ပေါင်းစပ် အားဖြည့်မှုကြောင့် မြင်းကောင်ရေအား ထုတ်လုပ်မှုက ၁၁၉၇ အထိ မြင့်တက်သွားပါတယ်။ အော်တိန်း ဆီနဲ့ ပိုသင့်တော်မယ့်ကားဖြစ်ကြောင်း ဆိုပါတယ်။ အမြန်ဆုံးမောင်းနှင်နိုင်မှု Top Speed ကလည်း တစ်နာရီ ၂၂၅ မိုင်နှုန်းအထိ ရှိပါတယ်။ ၆.၈ စက္ကန့်အတွင်း တစ်နာရီ မိုင် ၁၀၀ နှုန်းအထိ တင်ပေးမယ့်ကား ဖြစ်ပါတယ်။ ဒီတော့ စွမ်းဆောင်ရည်မြင့် စူပါပြိုင်ကားစာရင်းထဲ တကယ်ပါဝင်လာမှာ ဖြစ်ပါတယ်။ 

ကာဘွန်ဖိုက်ဘာ ဘော်ဒီကို အသုံးပြုပြီး အပြင်အဆင်ပိုင်းအနေနဲ့ GTR Racing ကားများကိုသာ ပြန်လည် အခြေခံထားခြင်း ဖြစ်ပါတယ်။ ကမ္ဘာ့ဈေးကြီးကား ဖြစ်လာမှာပါ။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁သန်း၂သောင်းခွဲ ရှိပြီး ကမ္ဘာအနှံ့ကို အစီးရေ အကန့်အသတ် နဲ့ ဖြန့် ချိရောင်းချသွားမယ့် ကား ဖြစ်ကြောင်း သိရပါတယ်။

Ref:autoblog
ColayAutomobile
http://www.colay.com.mm/automobile/news/detail/807

နာမည်အပြည့်အစုံကတော့ Galphin Ford GTR1 ဖြစ်ပါတယ်။ အမေရိကန် Ford မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီအနေနဲ့ ယခုလို ကမ္ဘာ့ဈေးကြီး စူပါကား ထုတ်လုပ်မယ်လို့ ထင်တောင် ထင်မထား ကြပါဘူး။

Lexus လည်း ပြိုင်ကွင်းပြိုင်ကား ထုတ်ပြီ

Saturday, August 17, 2013
Photo: Lexus လည်း ပြိုင်ကွင်းပြိုင်ကား ထုတ်ပြီ
Saturday, August 17, 2013

တိုယိုတာရဲ့  Lexus ကို အများစု သိထားတာက ဇိမ်ခံကား ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့် အဲ့ဒီလိုမဟုတ်တော့ပါဘူး။ ပြိုင်ကွင်း မှာ ယှဉ်ပြိုင်မယ့် ပြိုင်ကားတွေလည်း ထုတ်လုပ်တော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။ 

ပုံမှာ မြင်တွေ့ရတဲ့ ဒီဇိုင်းအတိုင်းပါပဲ။ Lexus ရဲ့  ဇိမ်ခံဆလွန်း Concept ဖြစ် တဲ့ LF-CC ကိုအခြေခံလို့ ဖန်တီးထားတဲ့ ပြိုင်ကား ဖြစ်ပြီး မြင်းကောင်ရေ အား ထုတ်လုပ်မှုကို ၅၀၀ အထိသာ ကန့်သတ်ထားပါတယ်။ လာမယ့် ဂျပန် Super GT ပြိုင်ကားမောင်းပြိုင်ပွဲအတွက် ရည်ရွယ်ထားတဲ့ကား ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီလ မှာ စတင်ကျင်းပမယ့် ပွဲဖြစ်ပြီး ပြိုင်ကား အစီးရေ ၁၀ စီးသာ ကန့်သတ်ထားပါတယ်။ ယင်းကန့်သတ်မှုထဲမှာ Lexus က ပါဝင်လာမှာ ဖြစ်ပါတယ်။ 

ဇိမ်ခံပြိုင်ကားမှာတင်မကပဲ၊ ပြိုင်ကွင်းမှာပါ အရည်အသွေးထုတ်ဖော်ပြသ မယ့် Lexus ရဲ့  GT ပြိုင်ကားကို အများက စောင့်မျှော်လျက် ရှိကြောင်း သိရပါတယ်။

Ref: autoblog
ColayAutomobile
http://www.colay.com.mm/automobile/news/detail/805

တိုယိုတာရဲ့  Lexus ကို အများစု သိထားတာက ဇိမ်ခံကား ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့် အဲ့ဒီလိုမဟုတ်တော့ပါဘူး။ ပြိုင်ကွင်းမှာ ယှဉ်ပြိုင်မယ့် ပြိုင်ကားတွေလည်း ထုတ်လုပ်တော့မှာ   ဖြစ်ကြောင်း သိရပါတယ်။

ဖိလစ်ပိုင်တွင် သင်္ဘောနှစ်စီးတိုက် ၂၄ ဦးသေ ၆၀၀ ကျော် ပျောက်ဆုံး

Saturday, August 17, 2013
 
Photo: ဖိလစ်ပိုင်တွင် သင်္ဘောနှစ်စီးတိုက် ၂၄ ဦးသေ ၆၀၀ ကျော် ပျောက်ဆုံး 
Saturday, August 17, 2013

သြဂုတ်လ ၁၆ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Cebu ပြည်နယ်က မြစ်တစ်နေရာမှာ ခရီးသည်တင် သင်္ဘောတစ်စီးနဲ့ ကုန်တင် သင်္ဘောတစ်စီး တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ 

ယင်းတိုက်မှုကြောင့် ခရီးသည်တင် သင်္ဘောမှာ ခရီးသည် ၆၂၉ ဦး ပျောက်ဆုံး လျက် ရှိပါတယ်။ ၂၄ ဦးကတော့ ကွယ်လွန်သွားပါပြီ။ ကုန်တင် သင်္ဘောမှာ သင်္ဘောသား ၃၈ ဦးကိုတော့ အားလုံး အသက်ရှင်လျက် ကယ်ဆယ် နိုင်ခဲ့ပါတယ်။ 

ဒါကြောင့် ပျောက်ဆုံးမှု တစ်ရက်ကြာပြီဖြစ်တဲ့ ၆၂၉ ဦးဟာလည်း အသက်ရှင်ဖို့ မသေချာတော့ပါဘူး။ ခရီးသည်တင် သင်္ဘောမှ ခရီသည် ၁၀ ဦးကျော်သာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကုန်တင် သင်္ဘော M/V Sulpicio Express 7 နဲ့ ခရီးသည် သင်္ဘော M/V St. Thomas Aquinas တို့ တိုက်မှုအတွက် ဖိလစ်ပိုင် ကမ်းခြေ လုံခြုံရေး အဖွဲ့မှ စစ်ဆေးစုံစမ်းလျက်၊ ကယ်ဆယ်လျက် ရှိကြောင်း သိရပါတယ်။

Ref: xinhua
ရိုးရာလေး နိုင်ငံတကာ

သြဂုတ်လ ၁၆ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Cebu ပြည်နယ်က မြစ်တစ်နေရာမှာ ခရီးသည်တင် သင်္ဘောတစ်စီးနဲ့ ကုန်တင် သင်္ဘောတစ်စီး တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

မြန်မာနှင့် ထိုင်းကြား ဗီဇာကင်းလွတ်ခွင့် ထိုင်းက အင်တင်လုပ်နေ

Saturday, August 17, 2013

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံကြား ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့် သတ်မှတ်ပြဋ္ဌာန်းရန် မြန်မာဘက်မှ တင်ပြခဲ့ သည့်အပေါ် ထိုင်းဘက်မှ အားတက်သရောမရှိပဲ ဖြစ်နေကြောင်း ဘန်ကောက်ပို့စ် သတင်းစာက   ဖော်ပြသည်ဟု သိရသည်။ ထိုင်းနိုင်ငံ၊ ဟွာဟင်းမြို့မှ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ   ဆွေးနွေးပွဲ အတွင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သော ထိုင်း-မြန်မာ သံတမန် ဆက်ဆံရေး(၆၅)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား၌ မြန် မာနိုင်ငံခြားရေး ဝန်ကြီးဦးဝဏ္ဏမောင်လွင် က နှစ်နိုင်ငံကြား ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့်ကို တင်ပြခဲ့ခြင်း ဖြစ်ပါသည်။

Sea Game အတွက် WiFi အမြန်နှုန်းသည် ဆက်သွယ်ရေးမှ ချထားပေးမည့် Bandwidth နှင့် သက်ဆိုင်



၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (Sea Game) ၌ အသုံးပြုခွင့်ရရှိမည့် Wi-Fi အမြန်နှုန်းမှာ မြန်မာ့ဆက်သွယ်ရေးမှ ချထားပေးမည့် Brand width အပေါ်မူတည်နေကြောင်း Sea Game WiFi Zone များ တည်ဆောက်ခွင့်ရရှိခဲ့သည့် Red Link ကုမ္ပဏီမှ ဈေးကွက် မန်နေဂျာကပြောဆိုသည်။

ဗိုလ်ချုပ် လက်ရေးမူ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အခမ်းအနားဖြင့် ပြန်လည် ပေးအပ်

 Saturday, August 17, 2013


အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ယူဆောင်သွားသော ဗိုလ်ချုပ်အောင်ဆန်း၏ ပါဠိဘာသာ လက်ရေးမူ စာအုပ်ကို သြဂုတ်လ ၁၆ ရက် နေ့လယ် ၁ နာရီတွင် အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ အခမ်းအနားဖြင့် ပြန်လည် ပေးအပ်ခဲ့ကြောင်း လက်ရေးမူ ပြန်လည် ရရှိရေး ကော်မတီ ဥက္ကဋ္ဌ ဦးသာချိုက The Voice သို့ ပြောကြားသည်။

ရသစာပေပြန်လည်ထွန်းကားလာရေးအလုပ်ရုံဆွေးနွေး ပွဲ ကျင်းပမည်

Saturday, August 17, 2013


လူတို့ ၏ စိတ်ကို သိမ်မွေ့စေသည့် အပြင် ဆင်ခြင်တုံတရားနှင့် ကိုယ်ချင်း စာစိတ်များကို စိမ့်ဝင်ပေး စွမ်းနိုင်သော ရသစာပေများ ပြန်လည် ထွန်းကားလာ ရေး အတွက် မြန်မာနိုင်ငံ စာပေထုတ်ဝေ သူနှင့်   ဖြန့်ချိသူများ အသင်းမှ ဦးဆောင် ၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသွား မည်ဖြစ်သည်။ မြန်မာစာပေ ဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာ၊ အက်ဆေးနှင့် စာအုပ်ထုတ်ဝေ ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ   ဆွေးနွေးပွဲတစ်ရပ် ကျင်းပသွားမည်ဖြစ် ပြီး ၎င်းဆွေးနွေးပွဲ၌ ရသစာပေများ ပြန်လည်ထွန်းကား လာစေရေးအတွက် ထည့်သွင်းဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းပွဲ စီစဉ်ရေး အတွင်းရေးမှူး ဦးမြင့်ထွန်းက ပြောသည်။

ဌာနဆိုင်ရာနှင့် ကုမ္ပဏီများ ပေါင်း၍ အမည်ခံ မြေသိမ်းမှုများကို အရေးယူရန် စုံစမ်းရေး ကော်မတီ လွှတ်တော်တင်

Saturday, August 17, 2013

အစိုးရ ဌာနဆိုင်ရာများ မြေယာ သိမ်းဆည်းရာတွင် လုပ်ပိုင်ခွင့်ကို အခွင့်ကောင်းယူကာ ကုမ္ပဏီများနှင့် ပူးပေါင်း၍ စီမံကိန်း အကြောင်းပြ အမည်ခံ မြေသိမ်းမှုများကို အရေးယူပေးရန် လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းစစ်ဆေးရေး ကော်မတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြည်ထောင်စုလွှတ်တော်တွင် တင်ပြခဲ့သည်။

အငြင်းပွားကျွန်းအနီး ရေတပ် စစ်ရေး လေ့ကျင့်မှု တောင်ကိုရီးယား လျှို့ဝှက် ပြုလုပ်

Saturday, August 17, 2013

ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံကြား ပိုင်ဆိုင်မှု အငြင်းပွားနေ ကြသော ဒေါ့ဒို (တာကာရှီးမား) ကျွန်း အနီး၌ ပြီးခဲ့သည့် ဇွန်လ အတွင်း တောင်ကိုရီးယားနိုင်ငံက ရေတပ်စစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို လျှို့ဝှက် ပြုလုပ်ခဲ့ကြောင်း အစိုးရ အရာရှိများ ပြောကြားချက်ကို ကိုးကားပြီး Japan Daily သတင်းတွင်   ဖော်ပြထားသည်။

တစ်ရက်သား ရင်ချင်းဆက် အမြွာကလေးနှစ်ဦး ခွဲစိတ်မှုခံယူရန် ရန်ကင်း ကလေးဆေးရုံသို့ ရောက်ရှိ

Saturday, August 17, 2013

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် သီတာတိုက်နယ်ဆေးရုံတွင် သြဂုတ်လ ၁၅ ရက်နေ့၌   မွေးဖွားခဲ့သော ရင်ချင်းဆက် အမြွာညီမနှစ်ဦးသည် ခွဲစိတ်မှုခံယူရန် ရန်ကင်းကလေးဆေးရုံသို့ သြဂုတ်လ ၁၆ ရက်နေ့ နံနက် ၃ နာရီက ရောက်ရှိခဲ့ကြောင်း ရန်ကင်းကလေးဆေးရုံအုပ်ကြီး   ဒေါက်တာအောင်မြင့်လွင်  ထံမှ သိရသည်။

မန္တလေးတွင် ငှက်ကြည့် အခြေခံသင်တန်း ဖွင့်မည်

Saturday, August 17, 2013
 ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်ရာ မန္တလေးမြို့တော်၌ သဘာဝအခြေခံ ခရီးသွား လုပ်ငန်းကို အထောက်အကူပြုရန်နှင့် ငှက်ကြည့် ဧည့်လမ်းညွှန်များ လေ့ကျင့်မွေးထုတ်ပေးရန် ရည်ရွယ်၍   မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းနှင့် မန္တလေးမြို့ ချမ်းမြသုခ အင်္ဂလိပ်စာ သင်တန်းတို့ ပူးပေါင်း စီစဉ်မှုဖြင့် ငှက်ကြည့် အခြေခံသင်တန်းကို သြဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ယာဉ်တိုက်ခိုက်မှု အခြေအနေအား ပြန်လည်ရှင်းလင်းတင်ပြခြင်း

Saturday, August 17, 2013


၂၀၁၃ ခုနှစ်၊ ဇွန်လ(၅)ရက်ထုတ် 7Day News Journal ပါ ဒေါက်တာကျော်လတ်၏ ယာဉ်တိုက်မှုများနှင့် ယာဉ်တင်သွင်း ခွင့်စနစ်များ ပြန်လည်သုံးသပ်ရန် လိုအပ်ချက်ခေါင်းစဉ်ဖြင့် အကြံပြုရေးသားထားချက် များ ကောင်းမွန်ပါသည်။