17.8.13

Sea Game အတွက် WiFi အမြန်နှုန်းသည် ဆက်သွယ်ရေးမှ ချထားပေးမည့် Bandwidth နှင့် သက်ဆိုင်



၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (Sea Game) ၌ အသုံးပြုခွင့်ရရှိမည့် Wi-Fi အမြန်နှုန်းမှာ မြန်မာ့ဆက်သွယ်ရေးမှ ချထားပေးမည့် Brand width အပေါ်မူတည်နေကြောင်း Sea Game WiFi Zone များ တည်ဆောက်ခွင့်ရရှိခဲ့သည့် Red Link ကုမ္ပဏီမှ ဈေးကွက် မန်နေဂျာကပြောဆိုသည်။
Red Link ကုမ္ပဏီသည် ထိုင်းနိုင်ငံအခြေစိုက် Cisco Systems ကုမ္ပဏီနှင့် Wi-Fi ကွန်ရက်များကို နည်းပညာအရ ပူးပေါင်းတည်ဆောက်ရန် သဘောတူညီခဲ့ကြောင်း၊ တည်ဆောက်မည့် Wi-Fi ကွန်ရက်ကို အဆင့်မြင့် Cisco နည်းပညာဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း Red Link ကုမ္ပဏီက ထုတ်ပြန်ထားသည်။

သုဝဏ္ဏလေ့ကျင့်ရေးကွင်းနှင့်အားကစားရုံအပါအဝင် မြောက်ဒဂုံသေနတ်ပစ်ကွင်း၊ သိမ်ဖြူအားကစားကွင်း၊   ငွေဆောင်ကမ်းခြေ၊ MCC ခန်းမ စသည့် နေ ရာများ၌ Wi-Fi ကွန်ရက်ကို Red Link ကုမ္ပဏီမှ တည်ဆောက်သွားမည်ဖြစ်သည်။ အဆိုပါကွန်ရက်ကို အားကစားပွဲတော်အတွက် ကြိုတင်ပြင်ဆင်သည့် အချိန်မှစတင်၍ အားကစားပွဲတော်ပြီးဆုံးသည့်အထိ တည်ဆောက်ပေးသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့သုံးစွဲနိုင်ကြောင်း သိရသည်။

နှစ်ပေါင်း ၅၀ ကျော်အထိအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်မရရှိခဲ့သော Sea Game အားကစားပွဲတော်၌   နိုင်ငံတကာအဆင့်မီသည့်အင်တာနက် ကွန်ရက်ရရှိနေရန် အထူးလိုအပ်ကြောင်း၊ နိုင်ငံအတွင်း ကျင်းပ သည့် အားကစားပွဲတော်အား သတင်းနှင့်မီဒီယာများ၌ လျင်မြန်စွာဖော်ပြနိုင်ရန်အတွက် အင်တာနက် ကွန်ရက်သည် လွန်စွာအရေးပါကြောင်း၊ နိုင် ငံဖွံ့ဖြိုးတိုးတက်မှုနှင့်ဒေသတွင်း အိုင်စီတီဖွံ့ဖြိုးမှုကို   ပြသနိုင်ရန် Wi-Fi ကွန်ရက်များ ကောင်းမွန်ရန်လိုအပ်ကြောင်း သုံးသပ်သူတချို့ က ပြောသည်။

မြင့်ကျော်လှိုင်
Internet Journal

0 comments:

Post a Comment