ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

28.11.13

မန္တလေးနန်းတော်ထိန်းသိမ်းရန် မင်းတုန်းနှင့် သီပေါဘုရင်အနွယ်တော်များ အစိုးရထံ ခွင့်ပြုချက်တောင်းမည်

မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက်နန်းစိုက်ခဲ့ရာ မန္တလေးနန်းတော်ကြီး ကို ပြန်လည်ပြုပြင်ရန် မင်းတုန်းမင်းနှင့် သီပေါမင်းအနွယ်တော်များက အစိုးရထံ ခွင့်ပြုမိန့်တောင်းခံသွားမည်ဟု သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်ဖြစ်သည့် မန္တလေးနန်းတော်မှာ
ပြုပြင်ထိန်းသိမ်းမှုမရှိဘဲ ပျက်စီးယိုယွင်းနေသည့်အတွက် မင်းတုန်းမင်းနှင့် သီပေါမင်းတို့၏ အနွယ်တော်များက လာမည့်နှစ်တွင် ခွင့်ပြုမိန့်တောင်းခံ၍ ပြုပြင်သွားမည်ဟု သီပေါမင်း၏ တီတော်ဖြစ်သူ ဦးကျော်သီဟက ပြောသည်။

နှလုံးသွေးကြောကျဉ်းသူများအတွက် သံပုရာသီး

နှလုံးသွေးကြောကျဉ်းသူများအတွက် သံပုရာသီးတစ်လုံးအရည်ညှစ် အခွံပါ ရောပြီး ရေနွေးနဲ့စိမ်ထမင်းစားပြီးတိုင်း ရေအစားအဲ့ဒီသံပုရာရည်ကို သောက်ပေးပါ ...

အဆီချလိုသူတွေ သွေးတွင်း ကိုလက်စထရောများနေသူတွေ အတွက်လဲ သင့်လျှော်ပါတယ်...

ညမအိပ်စက်မီ လက်ကိုင်ဖုန်းနှင့် tablet သုံးသူများ သတိထား

ညဘက်များတွင် လက်ကိုက်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာ သုံးသူများ အိပ်စက်ခြင်းနှင့် ပတ်သက်၍ အနှောင့်အယှက် ဖြစ်လာနိုင်ပါသည် ။

သင်သည် ညမအိပ်မီ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များ သုံးလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာ အဝေးတွင် ထားရှိပြီး အသုံးပြု သင့်ကြောင်းကို သုတေသီ များကလည်း အကြံပြု ထားပါသည် ။

ညဖက်တွင် အသုံးပြု နေသော အိုင်တီပစ္စည်းများ၏ မျက်နှာပြင်မှ အလင်းတန်းများကြောင့် ဖြစ်ပါတယ်။ မျက်စိ အမြင်အာရုံကို အယ်လ်အီးဒီမီးရောင် ရိုတ်ခတ်သဖြင့် လူကို အိပ်ပျော်စေသည့် မေလာနင် ဟိုမုန်းဓာတ်ကို ပျက်ပြယ် သွားစေပြီး အိပ်ချင်စိတ် ပျောက်သွား တက်ပါသည် ။

ရင်သားကင်ဆာကို ကာကွယ်နိုင်မည့် နည်းလမ်းကောင်း တစ်ချို့

အမျိုးသမီးများ အတွက် ရင်သား ကင်ဆာကို ကာကွယ်နိုင်မည့် နည်းလမ်းကောင်း တစ်ချို့ကို ရေးသား ဖော်ပြလိုက်ရပါတယ်။

(၁) အိမ်အလုပ်များကို လုပ်ပါ။

(၂) ကလေးရှိလျှင် ကလေးကို နို့ချိုတိုက်ကျွေးပါ။

(၃) အရက်မသောက်ပါနှင့်။

(၄) ညဘက်အိမ်နေစဉ် တစ်ဘက်တည်း စောင်းပြီး မအိပ်ပါနှင့်။ ခန္ဓာကိုယ်ကို လှည့်ပေးပါ။

(၅) ကိုလက်စရောဓာတ်ကို လျှော့ပစ်ပါ။

(၆) ဓာတုပစ္စည်း အများအပြား ပါဝင်သော အစားအစာများကို တတ်နိုင်သလောက် ရှောင်ပါ။

(၇) လမ်းများများ လျောက်ပါ။

အမြန်ရေယာဉ်ပန်ကာခုတ်မိ၍ ဈေးသည်မိန်းကလေးတစ်ဦး သေဆုံး

ကလေးဝမြို့ဆိပ်ကမ်းတွင် အမြန်ရေယာဉ်ပန်ကာခုတ်မိသဖြင့် ၁၆-နှစ်အရွယ်ဈေးသည် အမျိုးသမီးတစ်ဦး ကလေးမြို့ ပြည့်သူ့ဆေးရုံကြီးတွင် ယမန်နေ့က သေဆုံးခဲ့သည်။

“အမြန်ယာဉ်နားကပ်ပြီး လှေပေါ်ကနေဈေးရောင်းတာပါ။ 
အမြန်ယာဉ် ထွက်ချိန်မှာ လှိုင်းကြောင့် လှေက မှောက်သွားတယ်။ 
လှေမှောက်သွားပြီး အမြန်ယာဉ်က ပြန်ဆုတ်လိုက်တဲ့အခါ ပန်ကာက လူအုပ်ထဲကို မွှေ့သွားတယ်။ လူအုပ်ထဲမှာမှ အဲဒီကောင်မလေးကို ထိသွားတယ်။ လှေကိုလည်း ပန်ကာခုတ်စားသွားတယ်”ဟု
လူနာအားဆေးရုံလာပို့သူများထဲမှ မြင်တွေ့သူတစ်ဦးက ပြောသည်။

ကက်သလစ်ကျောင်းတော် အာဏာခွဲဝေပေးရန် ပုပ်ရဟန်း မင်းကြီး တောင်းဆို

ကက်သလစ် ဘုရားကျောင်းတော်၏ အာဏာကို ဗာတီကန်မှ ခွဲဝေပေးရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တောင်းဆိုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ပုပ်ရဟန်းမင်းကြီး၏ အာဏာအပြောင်းအလဲ ပြုရေးနှင့် ဆိုင်သည့် အကြံပြုချက်များကို လက်ခံသွားမည် ဖြစ်ကြောင်း ပုပ်ဖရန်စစ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ကမ္ဘာလုံး အတိုင်းအတာ စီးပွားရေး မညီမျှမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ပဋိပက္ခများအဖြစ် ပေါက်ကွဲ ပေါ်ပေါက် လာနိုင်ကြောင်း ၎င်းက သတိပေးလိုက်သည်။

ခင်ဝင့်ဝါ ပါဝင်သရုပ်ဆောင်သော နတ်သမီးနှင့် ကျွန်တော် ဇာတ်ကား ၂၀၁၄ တွင် ဖြန့်ချိမည်

ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးထားပြီး ခင်ဝင့်ဝါ ပါဝင် သရုပ်ဆောင်ထားသည့် နတ်သမီးနှင့် ကျွန်တော် ဗီဒီယိုဇာတ်ကားကို ၂၀၁၄ မှာ ဖြန့်ချိရန်စီစဉ်ထားကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က မဇ္ဈိမကို ပြောသည်။ 

နတ်သမီး နှင့် ကျွန်တော် ဇာတ်ကားသည် စာရေးဆရာ မင်းတစ်ခေတ်၏ ဝတ္တုကို ဇာတ်အိမ် အခြေခံထားပြီး ရိုက်ကူးမည်ဖြစ်သည်။ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးမည်ဖြစ်သော ယင်းဇာတ်ကားတွင် သရုပ်ဆောင် ကောင်းပြည့် ၊ ခင်ဝင့်ဝါနှင့် ပွင့် တို့ ပါဝင် သရုပ်ဆောင်ထားကြမည်ဖြစ်သည်။

ဒါရိုက်တာ ကြည်ဖြူသျှင်က " ဒီကားက အန်နီမေးရှင်း (animation) တွေ တစ်ကားလုံး နီးပါးပါတော့ ကားဆက်တာ နောက်ကျမှာဖြစ်တဲ့အတွက် ၂၀၁၄ ထဲ ဝင်သွားမှာပါ ။ ဒီဇာတ်ကားမှာ ခင်ဝင့်ဝါ ပထမဆုံး သရုပ်ဆောင်တာ ဆိုတော့ ဝါရင့် သရုပ်ဆောင်တွေ လိုတော့ မဟုတ်သေးဘူးပေါ့ ။ ဒါပေမဲ့ သူ့ကို သဘောကျတာက ရိုက်ကွင်းကို အချိန်အတိအကျလာတယ် အလုပ်ကို လေးစားတယ်၊ အရမ်းကြိုးစားတယ် အဲတာကြောင့် သူနဲ့ ဇာတ်ကားတွေ ဆက်ရိုက်သွားမှာပါ" ဟု ပြောသည်။ 

နောက်အိမ်ထောင်ပြုမည်စိုးသဖြင့်ကွာ ရှင်းပြတ်စဲထားသည့်ဇနီးကိုဓားဖြင့်ထိုးသတ်

မော်လမြိုင်မြို့နယ် ဖက်တန်းရပ်ကွက်တွင် ယခုလ ၂၃ ရက်က ကွာရှင်းပြတ်ဆဲထားပြီးသော လင်မယားနှစ်ဦး နောက်အိမ်ထောင်ပြု ခြင်းနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ယခုလ ၂၃ ရက် ညနေ ၄ နာရီတွင် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် မြိုင်ရတနာ လေးထပ်ဈေး အနောက်ဘက်လမ်းရှိ ပလက်ဖောင်းပေါ်တွင် ဈေးရောင်းနေသော မဇင်ဇင်အောင် (၃၂)နှစ် (ဘ)ဦးသိန်းဇံထံသို့ လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲထားပြီးဖြစ်သူ လင်းလင်း(ခ)ငပြူး (၃၁)နှစ်ရောက်ရှိလာပြီး မဇင်ဇင်အောင်၏ နောက်အိမ်ထောင်ပြုရေး မပြုရေးနှင့်ပတ်သက်၍

လက်ရှိ ဘောလုံးလောကရဲ့ တန်ကြေးအရှိဆုံး ကစားသမား (၁၀)ဦး

လက်ရှိ ဘောလုံးလောက၏ တန်ကြေးအရှိဆုံး ကစားသမားများအဖြစ် စစ်တမ်းများ ကောက်ယူခဲ့ရာ လာလီဂါ စတား မက်ဆီနှင့် စီရော်နယ်ဒို့က ဦးဆောင်နေသည်။ သို့သော်လည်း ပြောင်းရွေ့ကြေးအမြင့်ဆုံး ဖြစ်သည့် ရီးရဲလ်မက်ဒရစ် ကစားသမား ဘေးလ်မှာ အဆိုပါ ထိပ်တန်း (၁၀)ဦးစာရင်းတွင် ပါဝင်လာခဲ့ခြင်း မရှိပေ။ စစ်တမ်းများ အရ တန်ကြေးအရှိဆုံး ကစားသမား (၁၀)ဦး စာရင်းမှာ အောက်ပါ အတိုင်း ဖြစ်သည်။ 

၁) လီယွန်နယ် မက်ဆီ (ဘာစီလိုနာ၊ အာဂျင်တီးနား) ဈေးကွက်တွင်း ပေါက်ဈေး ယူရို ၁၃၉.၉ သန်း

၂) စီရော်နယ်ဒို (ရီးရဲလ်မက်ဒရစ်၊ ပေါ်တူဂီ) ဈေးကွက်တွင်း ပေါက်ဈေး ယူရို ၁၀၄.၂ သန်း

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားဦးကျော်သူဘာကြောင့်မပါဝင်သလဲ

နိုဝင်ဘာ ၂၄ ရက်နေ့က မြဝတီမြို့ နာရေးကူညီမှုအသင်း ၉ နှစ်ပြည့်အခမ်း အနားသို့တက်ရောက်လာခဲ့သော ရန်ကုန် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူ အား တွေ့ဆုံမေးမြန်းခဲ့ရာ-

မး - မြဝတီမြို့ကို ရောက်ရှိ လာခဲ့တဲ့ အစီအစဉ်ကို သိပါရစေ။

ဖြေ - မြဝတီမြို့ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးလှထွန်းက သူတို့နာရေး ကူညီမှုအသင်းကြီး ၉ နှစ်ပြည့်ခမ်းအနား ကို တက်ရောက်ပေးဖို့ ဖိတ်ကြားတဲ့ အ တွက် ရောက်ရှိခဲ့တာပါ။

မေး - ၂၀ဝ၇ ခုနှစ်၊ ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာတော်တွေကို ဆွမ်းကပ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကိုကျော်သူ ဘယ်လိုအရေးယူခံခဲ့ရ သလဲ။
ဖြေ - ကျွန်တော် (၇)ရက် အဖမ်း ခံခဲ့ရတယ်။ ပြည်ထဲရေးရုံးရယ်၊ အောင် သပြေစစ်ကြောရေးစခန်းရယ် နှစ်နေရာ ရွှေ့ပြီး ထိန်းသိမ်းခံခဲ့ရတယ်။

ပုဂံဒေသတွင် မီးပုံးပျံခရီးစဉ်ထပ်မံတိုးချဲ့မည်

ကောင်းကင်မှ မီးပုံးပျံဖြင့် ရှေးဟောင်းပုဂံဒေသအား လှည့်လည် ကြည့်ရှုရသည့် လူစီးမီးပုံးပျံများကို ထပ်မံတိုးချဲ့ပြီး ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း FMI ကုမ္ပဏီဥက္ကဋ္ဌ ဦးသိမ်းဝေက ပြော သည်။

Ballon Over Bagan အမည်ဖြင့် ပုဂံတွင် ဝန်ဆောင်မှုပေး လျက်ရှိပြီး မန္တလေးမြို့၌ ပျံသန်းမည့်ခရီးလမ်းကြောင်းရှာဖွေခဲ့ပြီး ယခုနှစ်ရာသီအတွက် ယခုလ ၂၁ ရက်မှစတင်၍ ခရီးသည်များ အတွက် ဝန်ဆောင်မှုပေး
မည်ဖြစ်ကြောင်းသိရသည်။

အခြေခံဥပဒေပြင်မှ ဒီမိုကရေစီနိုင်ငံဖြစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို မပြင်ဆင်ရင် ဒီမိုကရေစီကျတဲ့ လူ့အဖွဲ့အစည်းစစ်စစ် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

သြစတြေးလျနိုင်ငံကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သြစတြေးလျဝန်ကြီးချုပ် Tony Abbott တို့ ဒီကနေ့ ကင်ဘာရာမြို့မှာ တွေ့ဆုံအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာပါ။

ကုလနျူကလီးယား စစ်ဆေးရေးအဖွဲ့ အီရန်ဖိတ်ခေါ်

အီရန်နျူကလီယားစောင့်ကြည့်စစ်ဆေးရေး ကုလသမဂ္ဂအရာရှိတွေကို အီရန်နိုင်ငံက ရှေ့လမှာ လာစစ်ဆေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ IAEA ခေါ် နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ အရာရှိချုပ် Yuyika Amano က အီရန်အစိုးရအနေနဲ့ အေဂျင်စီက စစ်ဆေးရေးအရာရှိတွေကို ဒီဇင်ဘာ ၈ ရက်နေ့မှာ လာစစ်ဆေးဖို့ ဖိတ်ထားတယ်လို့ ဒီနေ့ထုတ်ပြောလိုက်ပါတယ်။

နျူကလီယား ဓာတ်ပေါင်းဖိုအတွက် မရှိမဖြစ် လိုအပ်တဲ့ ရေထုတ်လုပ်မှု စက်ရုံကို ဒီတခေါက် စစ်ဆေးဖို့အတွက် အီရန်ဘက် ကမ်းလှမ်းတာက ၂ နှစ်အတွင်း

Eleven Media Website အား Hacker အဖွဲ့ တစ်ခုမှ တိုက်ခိုက်

ပြည်တွင်း အခြေစိုက် သတင်းဌာန တစ်ခုဖြစ်သည့် eleven media group ၏ website မှာ ယခု မိနစ်ပိုင်းအတွင်းကပင် DCMN Hacker အဖွဲ့၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။

အဆိုပါ တိုက်ခိုက်ခံရမှုအတွက် Eleven Media အား ဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာ Web Team မှ ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်နေပြီး လိုအပ်ပါက သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သုတလင်း
Popular Myanmar News Journal

ကျွန်တော် ဘယ်တော့မှ နိုင်ငံရေးမလုပ်တော့ပါဘူးဆိုတဲ့ ဦးခင်ညွှန့်

၂၀၁၅ ရွေးကောက်ပွဲတွင် ဦးခင်ညွှန့်အနေနှင့် သံလျင်မြို့တွင် တစ်သီးပုဂ္ဂလ ၀င်ရောက်အရွေးကောက်ခံမည်ဟု သတင်းများထွက်ပေါ်လျှက်ရှိနေရာ အောက်တိုဘာ ၂၈ ရက်(ယနေ့) ကရ၀ိက်နန်းတော်တွင်ပြုလုပ်ခဲ့သော ဦးမြတ်ခိုင်၏ `ဦးခင်ညွှန့်နှင့် အင်တာဗျုး´ စာအုပ်မိတ်ဆက်ပွဲ၌ ၎င်းက နိုင်ငံရေး လုပ်တော့မည်မဟုတ်ကြောင်း အတည်အလင်းထုတ်ဖော်ပြောခဲ့သည်။
´နောက်တစ်ခုက အားလုံးကို အသိပေးချင်တာ ကျွန်တော် နိုင်ငံရေးမလုပ်ပါဘူး၊ သတင်းဌာန တစ်ချို့ကရေးနေကြတယ် ကျွန်တော်နိုင်ငံရေးထွက်လုပ်တော့မယ်၊ ကျွန်တော်နိုင်ငံရေး မလုပ်ပါဘူး၊ ကျွန်တော်တို့က အသက်အရွယ်လည်း ရလာပါပြီ၊

Time မဂ္ဂဇင်းရဲ့ “Person of the Year” မှာ Miley Cyrus ဖြစ်နိုင်ဖွယ်ရှိ

လူတွေပြောနေကြတာက လတ်တလောမှာ Miley Cyrus တစ်ယောက် Time ရဲ့ “Person of the Year” အဖြစ် ရေပန်းစားနေပါတယ်တဲ့။

စာဖတ်သူတွေဟာ အသက် ၂၁အရွယ်ရှိတဲ့ အဆိုတော်မလေးကို ချီးကျူးထောပနာပြုဖို့ သောင်းသောင်းဖျဖျနဲ့ မဲပေးနေကြပါတယ်။ ဒုတိယနေရာမှာလိုက်နေတဲ့ ပြိုင်ဖက်ကတော့ CIA ရဲ့ ကွန်ပျူတာ အကျော်အမော်တစ်ယောက်ဖြစ်သူ Edward Snowden ဖြစ်တယ်လို့ သတင်းတွေ ပေါက်ကြားနေပါတယ်။

ဧည့်စာရင်းဖြင့် နေသူများကို ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ် မဲဖောက်မပေးတော့

ရန်ကုန်မြို့တွင် ဧည့်စာရင်းဖြင့် နေထိုင်သူများကို ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များ ရောင်းချခြင်း မပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ နိုင်ငံရေးနှင့် လုံခြံရေး အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ပြီး ယင်းဆုံးဖြတ်ချက်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အားလုံးသို့ ဖြန့်ဝေထားကြောင်း သိရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အကြောင်းကြား လာသောကြောင့် ယခုအကြိမ် တန်ဖိုးနည်းဖုန်း အလုံး ၉၀ မဲဖောက်မှုတွင် ရပ်ကွက်အတွင်း ဧည့်စာရင်းဖြင့် နေထိုင်သူများကို ဖုန်းလျှောက်ခွင့် လုံးဝ မပေးတော့ကြောင်း မြောက်ဒဂုံ (၄၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က

တော်ဝင်မြန်မာ သစ်အချောထည်စက်ရုံ လုပ်သားများကို စီရင်ချက်ချမည်

ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည် ခဲ့သည်ဟုဆိုကာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားသည့် ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်ရှိ တော်ဝင်မြန်မာ သစ်အချောထည် လုပ်သား ခုနစ်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စမ်းချောင်းမြို့နယ် တရားရုံးက စီရင်ချက်ချမည် ဖြစ်ကြောင်း တရားစွဲခံထားရသည့် လုပ်သားတစ်ဦး ဖြစ်သူ ဦးနေလင်းဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံချက်က အချိန်မတန်သေးဘူး

ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ လွှတ်တော်တို့နှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း မေတ္တာရပ်ခံစာ တစောင် ပေးပို့ခဲ့ရာ ယင်းစာအပေါ် သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့၏ တုံ့ပြန်မှုနှင့်ပတ်သက်၍ ဧရာဝတီအယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက်က သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုတိယ၀န်ကြီးဦးရဲထွဋ်နှင့်ဆက်သွယ်မေးမြန်းထား ပါသည်။

လက်ဗီးယားမှ အရောင်းစင်တာ အမိုးပြိုကျမှုအတွက် ၀န်ကြီးချုပ် ရာထူးမှ နှုတ်ထွက်

နိုဝင်ဘာ ၂၆ရက်က လက်ဗီယားဝန်ကြီးချုပ်သည် မြို့တော်မှ အရောင်းစင်တာကြီးတစ်ခု၏ အမိုးပြိုကျခဲ့သည့် ဖြစ်ရပ် အတွက် တာဝန်ယူသည့်နေဖြင့် ရာထူုးမှ နှုတ်ထွက်သွားကြောင်းသိရသည်။

အမိုးပြိုကျမှုကြောင့် ၅၄ဦးသေဆုံးပြီး လူပေါင်း ၄၀ကျော်
ဒဏ်ရာရရှိခဲ့သည်။ ၀န်ကြီးချုပ် ဗယ်ဒစ်ဒွန်ဘရောစကီးသည် လက်ဗီးယားသမိုင်းတွင် သက်တမ်းရှည် တာဝန်ထမ်းဆောင်ခဲ့သော
သူဖြစ် သည်။ သူ၏ ဆုံးဖြတ်ချက်သည် လက်ယာသမား အများစုနှင့် ဖွဲ့စည်းထားသော အစိုးရမှာအဖွဲ့ကို အားနည်းသွား စေခဲ့သည်။ 

27.11.13

လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်

ဆယ်ကျော်သက် အရွယ်တွင် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း ပြုလုပ်သူများသည် မိမိကိုယ်ကိုယ် အားရကျေနပ်မှု လျော့နည်းခြင်း၊ စိတ်ဖိစီးခြင်းနှင့် သောကစိတ်များခြင်းစသော အခြေအနေများ ကြုံလာတတ်ကြောင်း သိရှိရ

လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်
လူငယ်များ အလွန်အကျွံ လေ့ကျင့်ခန်း လုပ်ခြင်းသည် လုံးဝလေ့ကျင့်ခန်း မလုပ်ခြင်းကဲ့သို့ပင် ကျန်းမာရေးကို သက်ရောက် ထိခိုက်စေနိုင်ကြောင်း ပညာရှင်များက သတိပေး ပြောကြားခဲ့သည်။ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် သင့်တင့်မျှတသော ပမာဏထက် မကျော်လွန်သင့်ကြောင်း သုတေသီများက ပြောဆိုခဲ့သလို လေ့လာတွေ့ရှိချက်များအရ ဆယ်ကျော်သက် အရွယ်တွင် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း ပြုလုပ်သူများသည် မိမိကိုယ်ကိုယ် အားရကျေနပ်မှု လျော့နည်းခြင်း၊ စိတ်ဖိစီးခြင်းနှင့် သောကစိတ်များ ခြင်းစသော အခြေအနေများ ကြုံလာတတ်ကြောင်း သိရှိရသည်။ ဗြိတိန်နိုင်ငံမှ သုတေသီများသည် ဆယ်ကျော်သက်အရွယ် လူငယ်များ၏ နေ့စဉ် ပုံမှန် လူနေမှုဘဝကို အုပ်စု(၃)ခု ခွဲခြား၍ လေ့လာခဲ့သည်။

မဖွယ်မရာဗီဒီယို မူပိုင်ခွင့်ကိစ္စအတွက် တရားရင်ဆိုင်မည့် ပဲရစ်ဟီလ်တန်

အမေရိကန် သန်းကြွယ်သူဌေးမလေးအဖြစ် စတင်လူသိများလာသော Reality TVစတားသည် (၂၀၀၁)ခုနှစ်က အဆိုပါ ဗီဒီယိုကို ချစ်သူဟောင်း ရစ်ခ်ဆာလမွန်နှင့် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်

မဖွယ်မရာဗီဒီယို မူပိုင်ခွင့်ကိစ္စအတွက် တရားရင်ဆိုင်မည့် ပဲရစ်ဟီလ်တန်
သူမ၏ မဖွယ်မရာ ဗီဒီယိုကို အင်တာနက်တွင် တရားမဝင် ရောင်းချနေသည့် ဆလိုဗေးနီးယား ဝက်ဘ်ဆိုက်တစ်ခုကို ပဲရစ်ဟီလ်တန်က တရားစွဲဆို လိုက်ကြောင်း သိရှိရသည်။ အသက်(၃၂)နှစ်ရှိ ပဲရစ်သည် သူမ၏ နာမည်ကျော် 1 Night in Paris လိင်မှုဗီဒီယိုကို ရိုက်ကူးခဲ့ပြီးနောက် မူပိုင်ခွင့် ပြဿနာများနှင့် မကြာခဏ ကြုံခဲ့ရပြီး ဖြစ်သည်။ ParisHiltonPornVideos.comဟု အမည်ပေးထားသည့် ဝက်ဘ်ဆိုက်တစ်ခုက ယင်းဗီဒီယိုကို ရောင်းချနေခြင်းနှင့် ပတ်သက်ပြီး ပဲရစ်၏ ဥပဒေရေးရာ အဖွဲ့က တရားဝင် ကန့်ကွက်မှု ပြုလုပ်ထားပြီး ဖြစ်သည်။

ဖွဲ့ စည်းပုံအခြေခံဥပဒေအရေး ရန်ကုန်တွင်စစ်တမ်းကောက်ရာ တွင် ၂၆ရာခိုင်နူန်းကမသိဟု ငြင်းဆို

၂၀၀၈ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သို့ မဟုတ် အသစ်ပြန်လည်ရေးဆွဲရေးနှင့် ပတ်သတ်၍ ရန်ကုန်မြိုရှိ မြိုနယ်၁၂ခုတွင် စစ်တမ်းကောက်ယူရာတွင် ၂၆ရာခိုင်နူန်းက မသိရှိဟု ပြန်လည်ငြင်းဆိုလိုက်ကြောင်း Myanmar Affairs
ကစစ်တမ်းကောက်ယူသူများက နိုဝင်ဘာ၂၆ရက်နေ့ တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။

ဖွဲ့ စည်းပုံအခြေခံဥပဒေအရေးနှင့် ပတ်သတ်၍ နိုင်ငံရေးနှင့်ကင်းကွာသည့် လူထုအမြင်သဘောထားများ သိရှိစေရန်
ပညာရေးအခြေခံနှင့် သတင်းအချက်လက်ရရှိမူ မြင့်မားသည့် ရန်ကုန်မြိုတွင်းရှိ ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊
ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊ အလုံ၊ စမ်းချောင်း၊ ကမာရွတ်၊ မင်္ဂလာတောင်ညွန့် ၊ တာမွေ၊ ရန်ကင်း၊ စသည့်မြိုနယ်များရှိ
လူထု၁၁၁၀

ဇာဂနာလေးက ကျေးဇူးရှိတယ်လို့ ဦးခင်ညွှန့် ပြော

တချိန်က စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်က ဇာဂနာကို ကျေးဇူး ရှိကြောင်း ပြောလိုက်တဲ့ ထူးထူး ခြားခြား သတင်းတပုဒ်က စိတ်ဝင်စားစရာပါ။ မော်နီတာ ဂျာနယ်မှာ 
ဖော်ပြထားပါတယ်။

"ဇာဂနာလေးက ကျေးဇူးရှိတယ်။ သူလွတ်လာတော့ ကျနော့်ကို လွှတ်ပေးဖို့ တောင်းဆိုပေးခဲ့ဖူးတယ်။ ဒါကြောင့် ကျေးဇူးရှိပါတယ်" လို့ ဦးခင်ညွှန့် ပြောစကားကို မော်နီတာ ဂျာနယ်က ဖော်ပြထားတာပါ။ 

"အမှတ်တရ ရှိခဲ့တဲ့ ဇာတ်ရုပ်တွေ အကြောင်း ပြောသူ ခိုင်သင်းကြည်"

ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးနေတဲ့ “နိုင်သူ့ မျက်ရည်” ဇာတ်ကားကို ခိုင်သင်းကြည်က ညီထွဋ်ခေါင်၊ ရာဇာနေဝင်း၊ ပြေဇင် တို့နဲ့ အတူ ရိုက်ကူးနေ ပါတယ်။ ဒီ ဇာတ်ကား ထဲမှာ ခိုင်သင်း ကြည်က ပြေဇင်ရဲ့ ညီမအဖြစ် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားလေး က အချစ် အပျော် ဇာတ်ကားလေး ဖြစ်ပါတယ်။ 

ခိုင်သင်းကြည် အနုပညာ အလုပ် စလုပ်ကတည်းက ပရိုဂျူဆာ ၊ဒါရိုက်တာတွေ ပေးတဲ့ ဇာတ်ကိုပဲ လက်ခံ ရိုက်ကူးခဲ့ တာဖြစ်ပြီး ကိုယ်ရိုက်ခဲ့တဲ့ ဇာတ်ကားလေးတွေ ပရိသတ်ဆီ မှာစွဲ ထင်ပြီး ကျန်ခဲ့တာက ပရိုဂျူဆာ၊ ဒါရိုက်တာတွေကြောင့် လို့ဆိုပါတယ်။

ထားထက်ထက်နဲ့ အတူ ဆင်းရဲနွမ်းပါးသူတွေဆီ သွားလှူမယ်ဆိုရင်

Miss Grand International 2013 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရင်း Top 20 စာရင်းဝင်၊ Miss Popular Vote Award ဆုရှင် ထားထက်ထက်က ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဆုရခဲ့တဲ့ငွေကြေးတွေ ထဲက တချို့ကို ဆင်းရဲနွမ်းပါးသူတွေကို သွားလှူဖို့ ရှိပါတယ်။

ထားထက်ထက်က သူ့ဖေ့စ်မှာ အခုလို အသိပေးရေးထားပါတယ်။

မင်္ဂလာပါရှင်....မနက်ဖြန် ၂၇ ရက်နေ့မှာ ထားထက်ထက် Miss Grand International မှရရှိလာခဲ့သော ဆုကြေးငွေများထဲမှ တကယ်ကို ဆင်းရဲနွမ်းပါးသော မိဘမဲ့ကလေးငယ်လေးများဆီကို သွားရောက် လှူဒါန်း ရန်

မြေမြှုပ်မိုင်း ရှင်းလင်းရေးစင်တာ ထူထောင်ရန် အစိုးရစီစဉ်

တိုင်းရင်းသား လက်နက်ကိုင် အားလုံးနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲနိုင်ရေး လုပ်ဆောင်နေသော မြန်မာအစိုးရသည် ပြည်တွင်းစစ် ဖြစ်ပွားနေသော ဒေသများအတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများ စတင်နိုင်ရန် မြေမြှုပ်မိုင်းရှင်းလင်းရေး စင်တာ ထူထောင်သွားမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာ လက်ထောက်အမှုဆောင် ညွှန်ကြားရေးမှူးဟောင်း ဦးနေမျိုးသူက ပြောကြားသည်။

အိန္ဒိယတွင် ကျောင်းသားပေါင်း ၄၀၀ကျော်ခန့် အစာအဆိပ်သင့်

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှ စာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းသား ၄၀၀ကျော်ခန့်သည် နေ့လည် စာအဖြစ် ကိတ်မုန့်တစ်မျိုးကို ကျွေးခဲ့ရာမှ အစာအဆိပ်သင့် ခဲ့ကြသဖြင့် ဆေးရုံသို့ပို့ခဲ့ရကြောင်း ဟိန္ဒူစတန်ဒီတိုင်းမ်း သတင်းစာတွင် နိုဝင်ဘာ ၂၆ရက်က ရေးသားခဲ့သည်။ 
နိုဝင်ဘာ ၂၅ရက်က အန်ဂျူမန်နျူမန်အစ္စလမ်အာဒုကျောင်းရှိ တစ်တန်းမှ ရှစ်တန်းအထိသော ကျောင်းသားများသည် နေ့လည်စာစားပြီးချိန်တွင် မသက်မသာ ခံစားရကြောင်း ဆရာများကို ပြောပြကြသည်။ ကျောင်းသာအချို့မှာ ဗိုက်နာခြင်း၊ အော့အန်ခြင်း၊

အိန္ဒိယတွင် သမီးဖြစ်သူနှင့် အိမ်စေအမျိုးသားကို သတ်မှုဖြင့် မိဘနှစ်ပါး ထောင်ဒဏ်တစ်သက်ကျ


Photo: အိန္ဒိယတွင် သမီးဖြစ်သူနှင့် အိမ်စေအမျိုးသားကို သတ်မှုဖြင့် မိဘနှစ်ပါး ထောင်ဒဏ်တစ်သက်ကျ
Wednesday, November 27, 2013

နိုဝင်ဘာ ၂၅ရက်က အိန္ဒိယတရားရုံးက ၁၄နှစ်အရွယ် 
သမီးဖြစ်သူနှင့် အိမ်စေအမျိုးသားတို့ကို သတ်ဖြတ်မှုနှင့် မိဘ နှစ်ပါးကို ထောင်ဒဏ်တစ်သက်ချမှတ်လိုက်သည်။ ငါးနှစ်တာကြာခဲ့သည်အမှုသည် နိုင်ငံ၏ သတင်းလောကတွင် အလွန်ရေပန်းစားသော အဖြစ်အပျက် ဖြစ်သွားခဲ့သည်။ 

နယူးဒေလီမြို့ နွိုင်ဒါဆင်ခြေဖုံးအရပ်မှ ရာဂျက်ရှ်နှင့်နူပါ တယ်ဝါ ဇနီးမောင်နှံသည် စီရင်ချက်ချသည့်နေက မျက်ရည်ဝိုင်းခဲ့ရပြီး သူတို့၏ စီရင်ချက်အတွက် အယူခံဝင်သွားမည်ဟု ဆိုသည်။ တရားခံရှေ့နေ ရေဘက်ကာဂျွန်က ယခုအမှုတွင် ဖြစ်စဉ် တစ်လျှောက်လုံးသည် မှားယွင်းမှုများနှင့် ပြည့်နှက်နေခဲ့ကြောင်း၊ တရားရုံးသည် ပတ်ဝန်းကျင်မှ အခြေအမြစ် မရှိသော ထွက်ချက်များကို အခြေခံကာ စီရင်ချက် ချခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၂၆၇က်တွင် မီဒီယာများကို ပြောပြခဲ့သည်။

ယခုဇနီးမောင်နှံနှစ်ဦးသည် နေအိမ်မှ ရေချိုးခန်းအတွင်း သမီးဖြစ်သူ အာရုရှီသည် လည်ပင်းပြတ်ရှ ဒဏ်ရာနှင့် သေဆုံးနေသည်ကို တွေ့ရပြီး သံသယနှင့်စောင့်ကြည့်ခံ ခဲ့ရသည်။ ထိုစဉ်က ရဲများက ပျောက်ဆုံးနေသော နီပေါလူမျိုး အစေခံအမျိုးသား၏ လက်ချက်ဖြစ်မည်ဟုသာ ကြေညာခဲ့သည်။ သို့သော် နောက်တစ်ရက်တွင် အာရုရှီ၏ အခန်းထပ်ခိုးလွှာတွင် အိမ်စေ၏အလောင်ကို တွေ့ရှိခဲ့သဖြင့် နှစ်ဦးစလုံးမှာ အသတ်ခံရခြင်း ဖြစ်သည်ဟု ယူဆခဲ့ကြသည်။

ထိုအချိန်မှစကာ နှစ်လောင်းပြိုင်လူသတ်မှုသည် ပြည်တွင်း
မီဒီယာများတွင် ကြေကွဲဖွယ် ချစ်ဇာတ်လမ်းတစ်ပုဒ် အသွင် ဖြစ်လာသည်အထိ ရေပန်းစားလာခဲ့သည်။ ရဲများနှင့် ရှေ့နေများကလည်း ထင်မြင်သုံးသပ်ချက်အမျိုးမျိုးကို အပြိုင်အဆိုင် ဖွင့်ဟခဲ့ကြသဖြင့် တစ်နိုင်ငံလုံးက ထိုအမှုကို စိတ်ဝင်စားခဲ့ကြသည်။ 

ယခုအမှုအတွက် စုံစမ်းစစ်ဆေးရေးဗြူရိုမှ ဆွဲချရှေ့နေများက သေဒဏ်အထိပင် တောင်းဆိုခဲ့ကြသည်။ 
ရှေ့နေ နာရက်ယာဒေ့ဗ်က အမှုသည် အလွန်ရက်စက်သော 
ဖြစ်တောင့်ဖြစ်ခဲ အမှုမျိုးဖြစ်သဖြင့် အမြင့်ဆုံး ပြစ်ဒဏ်နှင့်သာ ထိုက်တန်သည်ဟု ဆိုခဲ့သည်။ 

စုံစမ်းစစ်ဆေးမှုများအရ အသတ်ခံရသူနှစ်ဦးသည် ဂေါက်ရိုက်တံနှင့် အရင်အရိုက်ခံရပြီးမှ လည်အလှီးခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ 
ရဲများက အမှုအတွက် အခြား သံသယရှိသူများစွာကို စစ်ဆေးနေခဲ့ရာမှ အမှုမှာ ကြန့်ကြာသွားပြီး ၂၀၁၁ခုနှစ်တွင် စုံစမ်းစစ်ဆေးမှုများ အသစ် ပြန်လည်စတင်ခဲ့ရသည်။ 

ယခုတရားခံနှစ်ဦးသည် သက်သေဖျောက်ဖျက်မှုနှင့် ထောင်ဒဏ်
ငါးနှစ်လည်း ကျခံရမည်ဟု စီရင်ချက် ချခဲ့သည်။ 

Ref: AP
The Myanma Age
နိုဝင်ဘာ ၂၅ရက်က အိန္ဒိယတရားရုံးက ၁၄နှစ်အရွယ်
သမီးဖြစ်သူနှင့် အိမ်စေအမျိုးသားတို့ကို သတ်ဖြတ်မှုနှင့် မိဘ နှစ်ပါးကို ထောင်ဒဏ်တစ်သက်ချမှတ်လိုက်သည်။ ငါးနှစ်တာကြာခဲ့သည်အမှုသည် နိုင်ငံ၏ သတင်းလောကတွင် အလွန်ရေပန်းစားသော အဖြစ်အပျက် ဖြစ်သွားခဲ့သည်။

နယူးဒေလီမြို့ နွိုင်ဒါဆင်ခြေဖုံးအရပ်မှ ရာဂျက်ရှ်နှင့်နူပါ တယ်ဝါ ဇနီးမောင်နှံသည် စီရင်ချက်ချသည့်နေက မျက်ရည်ဝိုင်းခဲ့ရပြီး သူတို့၏ စီရင်ချက်အတွက် အယူခံဝင်သွားမည်ဟု ဆိုသည်။ တရားခံရှေ့နေ ရေဘက်ကာဂျွန်က ယခုအမှုတွင် ဖြစ်စဉ် တစ်လျှောက်လုံးသည် မှားယွင်းမှုများနှင့် ပြည့်နှက်နေခဲ့ကြောင်း၊ တရားရုံးသည် ပတ်ဝန်းကျင်မှ အခြေအမြစ် မရှိသော ထွက်ချက်များကို အခြေခံကာ စီရင်ချက် ချခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၂၆၇က်တွင် မီဒီယာများကို ပြောပြခဲ့သည်။

ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် တာဝန်ရှိသူများမစွက်ဖက်ရန် ဦးဇော်ဇော်ပြောကြား

ဆီးဂိမ်းဘောလုံးပြိုင်ပွဲများတွင် တာဝန်ရှိသူများအနေဖြင့် ဒိုင်၏အဆုံးအဖြတ်ကိုကျော်လွန်ပြီး ၀င်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကပြောကြားသည်။

ဘောလုံးပွဲများတွင် လုံခြုံရေးအခြေအနေအရ ဆုံးဖြတ်ရန်ရှိလာပါက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်တို့၏ စည်းမျဉ်းများအတိုင်း ပွဲရပ်ခြင်း၊ ပွဲစတင်ခြင်းကို နိုင်ငံတကာအသိအမှတ်ပြု ဒိုင်လူကြီးကသာ ဆုံးဖြတ်ကြောင်း ၎င်းတို့၏ဆုံးဖြတ်ချက်သည် အတည်ဖြစ်ကြောင်း ဦးဇော်ဇော်ကရှင်းပြသည်။

ဆီးဂိမ်းတွင် ပါဝင်မည့် ဒေါ်အောင်ဆန်းစုကြည်၏မြင်း ကျန်းမာရေးချို့ယွင်း

အိပ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက်
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြင်းစီအား
ကစားနည်း တွင်ဝင်ရောက်ယှဉ်ပြိုင်စေမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်မှဒေါ်အောင်ဆန်း

စုကြည်၏မြန်မာအလှအမည်ရှိ မြင်းသည် ကျန်းမာရေးချို့ယွင်းမှုဖြစ်နေကြောင်း မြန်မာနို
င်ငံမြင်းစီးအဖွဲ့ချုပ်မှ သိရသည်။

လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်

ဆယ်ကျော်သက် အရွယ်တွင် ပြင်းပြင်းထန်ထန်
 လေ့ကျင့်ခန်း ပြုလုပ်သူများသည် မိမိကိုယ်ကိုယ် အားရကျေနပ်မှု လျော့နည်းခြင်း၊ စိတ်ဖိစီးခြင်းနှင့် သောကစိတ်
များခြင်းစသော အခြေအနေများ ကြုံလာတတ်ကြောင်း သိရှိရ

ဘေဆယ်အသင်းကို အဝေးကွင်းမှာ နောက်ကျ ဂိုးသွင်းခံရပြီး ရှုံးနိမ့်ခဲ့ပေမည့် ရှုံးထွက်အဆင့်ကို တက်လှမ်းဖို့ သေချာသွားခဲ့တဲ့ ချယ်လ်ဆီး

နိုဝင်ဘာလ (၂၇) ရက်နေ့ မြန်မာစံတော်ချိန် မနက်၂း၁၅ တွင် UEFA ချန်ပီယံလိဂ် အုပ်စု (E) ပွဲစဉ်ဖြစ်သည့် ဘေဆယ် အသင်းနှင့် ချယ်လ်ဆီး အသင်းတို့ အုပ်စု ပွဲစဉ် (၅) ပွဲမြောက်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။

Laptop ဘက်ထရီ ကြာကြာသုံးနိုင်ဖို့

Laptop နဲ့ သုံးနေရတဲ့သူတွေအတွက် တစ်ခါတစ်လေမှာ
ကြိုးတပ်ပြီး အားသွင်းဖို့ အဆင်ပြေချင်မှပြေပါလိမ့်မယ်...
ကိုယ်လုပ်လက်စအလုပ်ကို ဘက်ထရီရဲ့ ကျန်တဲ့အားလေးနဲ့

"အမှတ်တရ ရှိခဲ့တဲ့ ဇာတ်ရုပ်တွေ အကြောင်း ပြောသူ ခိုင်သင်းကြည်"

ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးနေတဲ့ “နိုင်သူ့ မျက်ရည်” ဇာတ်ကားကို ခိုင်သင်းကြည်က ညီထွဋ်ခေါင်၊ ရာဇာနေဝင်း၊ ပြေဇင် တို့နဲ့ အတူ ရိုက်ကူးနေ ပါတယ်။ ဒီ ဇာတ်ကား ထဲမှာ ခိုင်သင်း ကြည်က ပြေဇင်ရဲ့ ညီမအဖြစ် သရုပ်ဆောင် ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ ဝိရှ်ဝါဗာရတီးရတက္ကသိုလ် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မည်

အိန္ဒိယနိုင်ငံ၏ စာပေနိုဘယ်လ် ဆုရှင် ရာဘင်ဒြာနတ်တဂိုး တည်ထောင်ခဲ့သည့် ဝိရှ်ဝါဗာရတီးရ တက္ကသိုလ်က ချီးမြှင့်သည့် အမြင့်မားဆုံး ဂုဏ်ထူးဆောင်ဆုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား

ဆီးဂိမ်းကာလ မန္တလေးမှ နေပြည်တော်သို့ အထူးယာဉ် ၄၈ စီး ပြေးဆွဲမည်


ဆီးဂိမ်းပြိုင်ပွဲကာလအတွင်း မန္တလေးမှ နေပြည်တော်သို့ သွားရောက်အားပေးမည့်သူများအတွက် အထူးယာဉ် ၄၈စီး နေ့စဉ်ပြေးဆွဲပေးသွာဟု ယာဉ်လုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ ဌာနမှူး ဦးတင်မောင်သန်းက မဇ္ဈိမကိုပြောသည်။

အရှေ့တရုတ်ပင်လယ်ပေါ် အမေရိကန်စစ်လေယာဉ်ပျံသန်း

ရေပိုင်နက် အငြင်းပွားနေကြတဲ့ အရှေ့တရုတ်ပင်လယ်ပေါ်ကနေ တရုတ်ကို ကြိုတင်အသိမပေးဘဲ အမေရိကန် စစ်လေယာဉ် ၂ စင်း ဖြတ်ပြီး ပျံသန်းခဲ့တယ်လို့

အိန္ဒိယတွင် ကျောင်းသားပေါင်း ၄၀၀ကျော်ခန့် အစာအဆိပ်သင့်

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှ စာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းသား ၄၀၀ကျော်ခန့်သည် နေ့လည် စာအဖြစ် ကိတ်မုန့်တစ်မျိုးကို ကျွေးခဲ့ရာမှ အစာအဆိပ်သင့်

ကျွန်တော့်ရဲ့ မင်္ဂလာ သတင်းလည်း ကြားရ မှာပါလို့ ဖွင့်ဟလာတဲ့ နေတိုး

ကျွန်တော့်ရဲ့ မင်္ဂလာ သတင်းလည်း ကြားရ မှာပါလို့ ဖွင့်ဟလာတဲ့ နေတိုးလတ်တလောမှာ နေတိုးက ဒါရိုက်တာ အောင်ဇော်လင်း ရိုက်ကူး တဲ့ ‘သစ္စာတရားရဲ့တမန်တော် ’

ဒါရိုက်တာ ညီညီထွန်းလွင်က ဒီလိုမေးတော့ နေတိုးက ဒီလိုဖြေတယ်

မေး - စိတ်ငြိမ်အောင် ဘယ်လိုလေ့ကျင့်ဖြစ်လဲ။ သွေးအေးအောင် ဘယ်လိုလေ့ကျင့် ဖြစ်လဲ။ ရုပ်ရှင်ရိုက်နေရင်း သရုပ်ဆောင်လုပ်နေရင်းနဲ့ပဲ သူက သူများကိုမိတ်ကပ်တွေ လိမ်းပေးလေ့ ရှိတယ်။

26.11.13

မူဝါဒပြောင်းက ၂၀၀၀ မော်ဒယ်လ်အောက် ကားဈေး သုံးပုံတစ်ပုံခန့် ကျဆင်းနိုင်


မော်တော်ယာဉ်များ တင်သွင်းရာတွင် ၂၀၀၀ ပြည့်နှစ် မော်ဒယ်လ်နှင့် အထက်များကိုသာ တင်သွင်းခွင့် ပြုမည်ဆိုသည့် မူဝါဒ ၂၀၁၄ ခုနှစ်တွင် အတည်ပြုပါက ၂၀၀၀ ပြည့်နှစ် မော်ဒယ်လ်အောက် မော်တော်ယာဉ် များ၏ ဈေးနှုန်း သုံးပုံတစ်ပုံခန့်အထိ ကျဆင်းသွားနိုင်ကြောင်း ရန်ကုန်မြို့တော် မော်တော်ယာဉ် ဈေးကွက် အတွင်းထံမှ သိရသည်။

2022 FIFA World Cup ကျင်းပမည့် မြို့ 

ပုံမှာ မြင်တွေ့နေရတဲ့ ဘောလုံးကွင်းနဲ့ ရှုခင်းဟာ Lusail လို့အမည်ရတဲ့မြို့ ဖြစ်ပါတယ်။ အရှေ့ အလယ်ပိုင်း ဒေသက အာရပ်စော်ဘွားပြည်ထောင်စု ဖြစ် တဲ့ ကာတာနိုင်ငံက အသစ်တည်ဆောက်တဲ့မြို့  ဖြစ်ပါတယ်။ 

သက္ကရာဇ် ၂၀၂၂ ခုနှစ် FIFA ကမ္ဘာ့ဖလား ဖွင့်ပွဲနဲ့ ဖိုင်နယ်ပွဲ ကျင်းပဖို့ အတွက် တည်ဆောက် လျက် ရှိတဲ့ မိုးလုံ၊လေလုံ အားစားကွင်း ဖြစ်ပါတယ်။ ပရိတ်သတ်ပေါင်း ၈၆၂၅၀ ဦးရေ ဆံ့တဲ့ ဧရာမ ကစားကွင်းကြီး ဖြစ်ပါတယ်။ FIFA ပြီးတာနဲ့ အခြား အားကစားအတွက် အသုံးပြုမှာပါ။

ဘရတ်ပစ်တ်အတွက် ဂျိုလီ၏ ဒေါ်လာ ၁၂ သန်းတန် မွေးနေ့လက်ဆောင်

အသက်(၃၈)နှစ်ရှိ မင်းသမီးသည် World War Zစတား မင်းသား၏ အသက်(၅၀)ပြည့် မွေးနေ့တွင် အမှတ်တရ လက်ဆောင်အနေဖြင့် ဒေါ်လာ (၁၂)သန်းတန် အသည်းပုံကျွန်းကို ဝယ်ယူ လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ဘရတ်ပစ်တ်အတွက် ဂျိုလီ၏ ဒေါ်လာ ၁၂ သန်းတန် မွေးနေ့လက်ဆောင်
ဘရတ်ပစ်တ်အတွက် မွေးနေ့လက်ဆောင်အဖြစ် အန်ဂျလီနာဂျိုလီက တန်ဖိုးကြီးသည့် အသည်းတစ်ခု ပေးအပ်ခဲ့ကြောင်း သိရသည်။ အသက်(၃၈)နှစ်ရှိ

မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် ၂၀၁၄ ခုနှစ် အာဆီယံထိပ်သီး အစည်းအဝေးများတွင် အသုံးပြုရန် ရဲတပ်ဖွဲ့သုံး မော်တော်ဆိုင်ကယ် အစီး ၁၀၀ လှူဒါန်း

မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် ၂၀၁၄ ခုနှစ် အာဆီယံထိပ်သီး အစည်းအဝေးများတွင် အသုံးပြုရန် ရဲတပ်ဖွဲ့သုံး မော်တော်ဆိုင်ကယ် အစီး ၁၀၀ အား နိုဝင်ဘာ ၂၅ ရက်က MICC အစည်းအဝေး ခန်းမတွင် ဆူဇူကီး ကုမ္ပဏီမှ မြန်မာအစိုးရသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အနမ်း နဲ့ ကျန်းမာရေး

သင့်မှာ ချစ်သူ ရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူး ပါသလား။

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တွေ့ရန် မလိုဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြောကြား


ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန်
 မလိုအပ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

မြန်မာ့ရေပြင်ကို ဖြတ်သန်းသွားမည့် ဘင်္ဂလားဒေ့ရှ်ရေတပ်၏ BNS Somudro Joy

အမေရိကန် Coast Guard မှ USCGC Jarvis (WHEC-725) တစ်ဖြစ်လဲ စစ်ရေယာဉ် BNS Somudro Joy သည် ရေယာဉ်ပြင်ဆင် ဆောင်ရွက်မူများနှင့် အရာရှိ/စစ်သည် လေ့ကျင့်မူများ ပြီးဆုံးပြီဖြစ်၍ အမေရိကန်နိုင်ငံ California ပြည်နယ် Alameda မှ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းသို့

RCSSရှမ်းတပ်က အပစ်ရပ်ရေး အရင်ဆွေးနွေးလို

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အများစု တောင်းဆိုကြတဲ့ အပစ်ရပ်ရေးနဲ့ နိုင်ငံရေး ရောပြီး ဆွေးနွေးတာထက်စာရင် အပစ်ရပ်ရေးကို အရင် ဆွေးနွေးသင့်တယ်လို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းလို့ သိကြတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA က ပြောပါတယ်။

တောင်သမန်အင်း အတွင်းရှိ ပျက်စီးယိုယွင်းနေသောဦးပိန်တံတား ပြုပြင်ထိန်းသိမ်း နိုင်ရန်အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ထပ်မံတင်ပြသွားမည်

အမရပူရ မြို့နယ်အတွင်း တောင်သမန်အင်းရှိ ယိုယွင်းပျက်စီးမှု များပြားလာနေသည့် ဦးပိန်တံတားအား ပြုပြင်ထိန်းသိမ်း နိုင်ရန်အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ထပ်မံတင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပမည့် ရန်ကုန်မြို့တွင်း ၅ နေရာတွင် အင်တာနက်စတင် သုံးစွဲနိုင်ပြီဖြစ်

ဆီးဂိမ်းစ်ပြိုင်ပွဲကာလအတွင်း ရန်ကုန်မြို့ရှိ ပြိုင်ပွဲကျင်းပမည့် နေရာ၅နေရာတွင် နိုဝင်ဘာလဒုတိယအပတ်
မှ စတင်ပြီး အင်တာနက် သုံးစွဲနိုင်နေပြီဖြစ်ကြောင်း Red Link ကုမ္ပဏီမှ မန်နေဂျာတစ်ဦးဖြစ်သူ ဦးမျိုးမြင့်ညွန့်က
Tech Space သို့ပြောကြားသည်။

ပရိသတ် အထင်လွဲစရာဖြစ်မယ့် ကာရိုက်တာမျိုး ရှောင်ရိုက်မှာပါလို့ ဆိုလာတဲ့ စိုးနန္ဒာကျော်

The Sign Of Love ဇာတ်ကားမှ စတင်ကာ ပရိသတ်တွေ သတိထားမိခဲ့ကြသလို သူမရဲ့ ခင်မင်ဖော်ရွေလှတဲ့ စိတ်ထားဖြူဖြူကြောင့် လက်ရှိ ဇာတ်ကားတွေတော်တော်များများမှာလည်း သရုပ်ဆောင်လာရတာကို တွေ့ရပါတယ်။ သူမကတော့

သုံးဘီးဆိုင်ကယ် (ခေါ်) တုတ်တုတ်ယာဉ် နဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်

ဗြိတိသျှနိုင်ငံသား ကျောင်းဆရာနှစ်ဦးဖြစ်တဲ့ ရစ်ချတ်ဒ် နဲ့ နစ်ခ် တို့ ဟာ တုတ်တုတ်ယာဉ်နဲ့  မိုင်ပေါင်း ၂၃,၃၀၀ ကျော် ခရီးထွက်ခဲ့ပြီး အရှည်ကြာဆုံး တုတ်တုတ်ယာဉ်စီးပြီးသွားတဲ့