26.11.13

မြန်မာ့ရေပြင်ကို ဖြတ်သန်းသွားမည့် ဘင်္ဂလားဒေ့ရှ်ရေတပ်၏ BNS Somudro Joy

အမေရိကန် Coast Guard မှ USCGC Jarvis (WHEC-725) တစ်ဖြစ်လဲ စစ်ရေယာဉ် BNS Somudro Joy သည် ရေယာဉ်ပြင်ဆင် ဆောင်ရွက်မူများနှင့် အရာရှိ/စစ်သည် လေ့ကျင့်မူများ ပြီးဆုံးပြီဖြစ်၍ အမေရိကန်နိုင်ငံ California ပြည်နယ် Alameda မှ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းသို့
အောက်တိုဘာ (၂၆)ရက်နေ့တွင် ထွက်ခွာလာပြီဖြစ်ကြောင်းနှင့် မြန်မာ့ရေပြင်သို့ ဒီဇင်ဘာလ(၁၁)ရက်နေ့မှ ဒီဇင်ဘာလ(၁၃)ရက်နေ့အတွင်း ဖြတ်သန်းသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။

အဆိုပါစစ်ရေယာဉ်အား အာရှပစိဖိတ်ဒေသအတွင်း ရေကြောင်းလုံခြုံရေးဆိုင်ရာ တည်ငြိမ်အေးချမ်းရေး နှင့် နှစ်နိုင်ငံရေတပ်အချင်းချင်း ဆက်ဆံဆောင်ရွက်မှု ပိုမိုခိုင်မာဖြစ်ထွန်းစေရေး ရည်ရွယ်၍ Excess Defense Articles (EDA) နှင့် Foreign Military Sales (FMS) Programme များအရ အမေရိကန်ရေတပ်မှ ဘင်္ဂလားဒေ့ရှ်ရေတပ်သို့ ၂၀၁၃ ခုနှစ် မေလ (၂၃)ရက်နေ့တွင် လက်ဆောင်အဖြစ် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး ထပ်မံ၍လည်း ဒေါ်လာ(၁၀)သန်းခန့် အကုန်ကျခံကာ လိုအပ်သောပြင်ဆင်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စစ်ရေယာဉ်အား လွှဲပြောင်းလက်ခံရန်၊ လိုအပ်သော လေ့ကျင့်မှုများ ဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ပထမအသုတ်အဖြစ် Captain Mohammad Nazmul Karim Kislu ဦးဆောင်သော အရာရှိ(၇)ဦး စစ်သည်(၁၃)ဦးသည် ယခုနှစ် မတ်လ(၁၂) ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအသုတ် အနေဖြင့် အရာရှိ၊စစ်သည် အင်အား(၇၀)ဦးခန့်သည် ယခုနှစ် မေလတွင်လည်းကောင်း အမေရိကန်နိုင်ငံသို့ ရောက်ရှိ၍ လေ့ကျင့်သင်ကြားမှုများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

BNS Somudro Joy တွင် မူလတပ်ဆင် အသုံးပြုနေသော Oto Melara 76/62 Main Gun နှင့် ခဲယမ်းများ၊ ယင်းနှင့်တွဲဖက် ပစ်ခတ်ရသော Mk 92 Fire Control System ပါရှိလာသော်လည်း Phalanx Close-in Weapon System (CIWS) နှင့် AN/SPS-40 Air Search Radar ပါရှိခဲ့ခြင်း မရှိကြောင်းသိရပြီး ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိပြီးပါက ယခုနှစ်ကုန်ပိုင်းတွင် တပ်တော်ဝင်အခမ်းအနား ပြုလုပ်မည်ဟု ဆိုပါသည်။ BNS Somudro Joy သည် တပ်တော်ဝင်ပြီးပါက ဘင်္ဂလားဒေ့ရှ်ရေတပ်တွင် အကြီးဆုံးစစ်ရေယာဉ် ဖြစ်လာမည်ဖြစ်သည်။

ရေယာဉ်တွင် Heli-deck ပါရှိခြင်းကြောင့် အီတလီမှဝယ်ယူပိုင်ဆိုင်ထားသော Multirole Light Helicopter Agusta Westland AW-109(ASW/SAR) အား တင်ဆောင်အသုံးပြုမည်ဖြစ်ကြောင်း နှင့် အတည်မပြုနိုင်သေးသော သတင်းများအရ C-802A SSM Missile ၊ 1x8 FM-90N SAM Launcher ၊ 2x Type 730B CIWS ၊ 2x3 Torpedo Launcher ၊ 2x6 ASW Anti-Submarine Rocket ၊ AW-109 Maritime Helicopter ၊ Fire Control System ၊ Datalink နှင့် အခြားလိုအပ်သည့် အဆင့်မြှင့်တင်မှုများအား ဆက်လက်ဆောင်ရွက်မည်ဟု ကြားသိရသည်။

BNS Somudro Joy ၏ ရေယာဉ်ဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

Career

Namesake: Captain David H. Jarvis, US Revenue Cutter Service
Builder: Avondale Shipyards
Laid down: 9 September 1970
Launched: 24 April 1971
Commissioned: 4 August 1972
Recommissioned: December 1992
Decommissioned: 2 October 2012

General characteristics

Displacement: 3,250 tons
Length: 378 ft (115 m)
Beam: 43 ft (13 m)
Draught: 15 ft (4.6 m)
Propulsion: CODOG: 2 × FM diesel engines ၊2 × PW gas turbines
Speed: 29 knots
Range: 16,000 miles
Endurance: 45 days
Complement: 178 personnel (21 officers and 157 enlisted)
Sensors and processing systems: MK 92 FCS
Armament: Otobreda 76 mm

မောင်မာဃ(Myanmar Navy)

0 comments:

Post a Comment