ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

13.1.17

ထိုင်းနိုင်ငံရှိ ဂျပန်ရင်းနှီးမြှုပ်နှံမှုများ မြန်မာသို့ ၀င်ရောက်လာရန် ဆွဲဆောင်မှုပြုလုပ်နေဟုဆို

ထိုင်းနိုင်ငံတွင် ပြောင်း လဲလာသော ရာသီဥတုနှင့် လုပ်ခ လစာမြင့်တက်လာခြင်းကြောင့် ယင်းနိုင်ငံ၌ လုပ်ကိုင်နေသော ဂျပန်ရင်းနှီးမြှုပ်နှံမှုများကို မြန်မာ နိုင်ငံအတွင်းသို့ ၀င်ရောက်လာ စေရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေးအစီအစဉ်ဖြင့် ဆွဲဆောင် နေကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မ ရှင်အတွင်းရေးမှူးဦးအောင်နိုင်ဦး ကပြောသည်။

မလေးရှားတွင် အချမ်းသာဆုံးစာရင်းဝင် Samling Strategic အုပ်စုပိုင်ကုမ္ပဏီသည် မြိတ်ဒေသ၌ လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြ

ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၆ သန်းကျော်ဖြင့် တနင်္သာရီတိုင်းဒေသ ကြီးတွင် ဆီအုန်းစိုက်ပျိုးလုပ်ကိုင် နေသော မလေးရှားသန်းကြွယ် သူဌေးများပိုင်ဆိုင်သည့် Samling Strategic အုပ်စုပိုင် ကုမ္ပဏီခွဲတစ် ခုသည် မြိတ်ဒေသတွင် လူ့အခွင့် အရေးချိုးဖောက်မှုများနှင့် ဥပဒေမလိုက်နာမှုများ ပြုလုပ်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းရှစ်ဖွဲ့က ဇန်နဝါရီ ၁၂ ရက်တွင် သတင်း ထုတ်ပြန်သည်။

ပြည်ပသွင်းကုန်အချို့ကို ကာကွယ်မှုအခွန် ကောက်ခံရန်စီစဉ်

သွင်းကုန်ပမာဏ မြင့် တက်လာခြင်းကြောင့် ပြည်တွင်း ထုတ်ကုန်များ၏ ထိခိုက်နစ်နာမှု များ ကာကွယ်မှုပေးရန် ရည်ရွယ် ၍ အစိုးရက ပြည်ပသွင်းကုန် အချို့ကို ကာကွယ်မှု အခွန်ကောက်ခံရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ကေအင်န်ယူက ငါးဖမ်းသင်္ဘော အစီးရေ ၅၀ ဖြင့် ငါးဖမ်းရန် တောင်းဆိုမှုကို ငါးလုပ်ငန်း အဖွဲ့ချုပ် ကန့်ကွက်

မြန်မာ့ပင်လယ်ပြင်တွင် ၀ိုင်းချုပ်စနစ်သုံး ငါးဖမ်းသင်္ဘောအစီး ၅၀ ဖြင့် ငါးဖမ်းခွင့်ပြုရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က ၀န်ကြီး ဌာနသို့တောင်းဆိုမှုကို ကန့်ကွက်ကြောင်း မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြောသည်။

ထရန့်၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားခံရသူက တရုတ်ကို ပြင်းထန်စွာ ဝေဖန်

ထရန့်၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားခံရသူ ရက်စ်တေလာဆင်က အမေရိကန်အနေဖြင့် အာရှအင်အားကြီး တရုတ်နိုင်ငံအား တောင်တရုတ်ပင်လယ်တွင်းရှိ ၎င်း၏ ကျွန်းတုများကို စွန့်လွှတ်ရမည်ဟု ရှင်းရှင်းလင်းလင်း အသိပေးရမည်ဖြစ်ကြောင်း သတိပေးလျက် အထက်လွှတ်တော်၌ အတည်ပြု ကြားနာမှုတစ်ရပ်အတွင်း ဇန်န ၀ါရီ ၁၂ ရက်တွင် တရုတ်နိုင်ငံကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

ငွေကြေးဝန်ဆောင်မှု အသစ်များ ဆောင်ရွက်ရန် ကမ္ဘောဇဘဏ်နှင့် VISA တို့ပူးပေါင်းဆောင်ရွက်မည်

ကမ္ဘောဇဘဏ် ကုမ္ပဏီအုပ်စု၊ ကမ္ဘောဇဘဏ်နှင့် ထိပ်တန်း ငွေပေးချေမှုဆိုင်ရာ နည်းပညာကုမ္ပဏီဖြစ်သည့် VISA လုပ်ငန်းစုတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွက် ဆန်းသစ်သော ငွေကြေးဝန်ဆောင်မှုများ ပေးရန်အတွက် မဟာဗျူဟာမြောက် ပူးပေါင်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်ကုမ္ပဏီမှ သိရသည်။

မြိတ်ခရိုင်ရှိ မြေဧက ၄၂၂၀၀ တွင် ဆီအုန်းစိုက်ပျိုးရန် လာရောက်မြှုပ်နှံသည့် မလေးရှား သန်းကြွယ်သူဌေးပိုင် Samling လုပ်ငန်းစုက အဓိကရှယ်ယာ ၉၅ ရာခိုင်နှုန်းပိုင်ဆိုင်သော MSPP ကုမ္ပဏီ၏ မြေသိမ်းဆည်းမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်း



တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် မလေးရှား သန်းကြွယ်သူဌေးပိုင် Samling Strategics လုပ်ငန်းစုက အဓိကရှယ်ယာ ၉၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် MSPP က မြေယာများ သိမ်းဆည်းခြင်း၊ မြေယာလျော်ကြေးများ ပေးဆောင်မှု မရှိခြင်းနှင့် ဆီအုန်းစိုက်ပျိုးရန် ဧက ၄၂၂၀၀ အထိ ရယူထားသော်လည်းအမှန် တကယ်စိုက်ပျိုးနိုင်မှု မရှိခြင်းနှင့် ပတ်သက်ပြီး မြိတ်ခရိုင်ရှိ ဒေသခံများက ဇန်န၀ါရီ ၁၂ ရက်တွင် ဒေသခံပြည်သူများနှင့် အဖွဲ့အစည်းများက ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ‘အစိမ်းရောင်ကန္တာရ’ အစီရင်ခံစာ အမည်ဖြင့် လာရောက် သတင်းစာရှင်းလင်းသည်။