13.1.17

ပြည်ပသွင်းကုန်အချို့ကို ကာကွယ်မှုအခွန် ကောက်ခံရန်စီစဉ်

သွင်းကုန်ပမာဏ မြင့် တက်လာခြင်းကြောင့် ပြည်တွင်း ထုတ်ကုန်များ၏ ထိခိုက်နစ်နာမှု များ ကာကွယ်မှုပေးရန် ရည်ရွယ် ၍ အစိုးရက ပြည်ပသွင်းကုန် အချို့ကို ကာကွယ်မှု အခွန်ကောက်ခံရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်သော သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးရေး ဥပဒေကြမ်းတွင် အဆိုပါအချက် ထည့်သွင်းဖော်ပြထားသည်။

ဥပဒေကြမ်းတွင် ရည်ရွယ် ချက် သုံးချက်ပါဝင်ပြီး ယင်းတို့မှာ ပြည်ပမှတင်သွင်းသည့် ကုန် ပစ္စည်းတစ်ခုကြောင့် ပြည်တွင်း ထုတ်ကုန်စည်များ ထိခိုက်မှု၊ ခြိမ်းခြောက်မှုများ ရှိလာပါက ကာကွယ်မှုနှင့် ကုစားမှုပေးရန် အစီအမံများ ကျင့်သုံးနိုင်ရန် အချိန်ကာလတစ်ခုအတွက် ပြည်တွင်းထုတ်လုပ်သူများ၏ ယှဉ်ပြိုင်မှု မြင့်တက်နိုင်စေရန်နှင့် ထိခိုက်နစ်နာမှုများ ရှိလာပါက အဆိုပါ သွင်းကုန်အပေါ် လုံလောက်သော ကာကွယ်မှုအခွန်စည်းကြပ်ရန်ဖြစ်သည်ဟု ပါရှိသည်။

အထက်ပါ ရည်ရွယ်ချက် များ အကောင်အထည်ဖော်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ခေါင်း ဆောင်သော သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ကော်မတီကို ဖွဲ့စည်းရမည်ဟု ဥပဒေကြမ်းတွင် ဖော်ပြထား သည်။ ယင်းကော်မတီတွင် စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌ နှင့် ကျန်အဖွဲ့ဝင်များကိုညွှန် ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန် ကြားရေးမှူးချုပ်တို့ ခန့်အပ်ရ မည်ဟု သတ်မှတ်ထားသည်။

အထက်ပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ ကုန်သည်စက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက် တာမောင်မောင်လေးက နိုင်ငံ တကာ စည်းမျဉ်းများ မချိုးဖောက် ဘဲ ပြည်တွင်းလုပ်ငန်းရှင်များအား ကာကွယ်ပေးမည့် ဥပဒေဖြစ်နိုင် သောကြောင့် ကြိုဆိုရမည်ဟု မှတ်ချက်ပြုသည်။

‘‘အရင်တုန်းက တံခါးဖွင့် စီးပွားရေးလို့ ဆိုပေမယ့် ဆင်နား ရွက်လို လိုချင်တဲ့ဟာဖွင့်တယ်။ မလိုချင်တဲ့ဟာ ပိတ်တယ်။ ဖွင့် လိုက်ပိတ်လိုက်နဲ့ အစိုးရက အသုံးချသွားတာ။ အခု အစိုးရလက်ထက်မှာ တကယ် ပွင့်ပွင့်လင်းလင်း ဈေးကွက်စီးပွားရေး စနစ် ဖြစ်လာတာ။ ဒီကလုပ်ငန်းတွေက နိုင်ငံတကာကို ယှဉ်ဖို့နေနေသာသာ ဒေသတွင်းတောင် မယှဉ်နိုင်ဘူး။ ဒါကြောင့် အချိန်အတိုင်း အတာတစ်ခုထိတော့ အကာအကွယ်ပေးသင့်တယ်လို့ ထင်ပါတယ်’’ဟု ဒေါက်တောမောင်မောင်လေးက ပြောသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စည်းမျဉ်းများအရ ကန့်သတ်မှု များ မလုပ်ဟုဆိုသော်လည်း ယခုပြည်တွင်းလုပ်ငန်းရှင်များ အပေါ်အကာအကွယ်ပေးမည့် အစီအစဉ်ပေါ် နိုင်ငံတကာက နားလည်ပေးနိုင်မည်ဖြစ်ကြောင်း ဒေါက်တာမောင်မောင်လေးက ပြောသည်။

ပြည်တွင်းကုမ္ပဏီများကို မြေတောင်မြှောက်ပေးရန် ရည် ရွယ်၍ ပြုလုပ်သည်ဟု ထင်မြင် သော်လည်း ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့နှင့် အာဆီယံစည်းမျဉ်းများ နှင့် ကိုက်ညီရန် လိုအပ်ကြောင်း သမ္မတဟောင်း ဦးသိန်းစိန်၏ စီး ပွားရေးအကြံပေး ဦးတင်ထွဋ်ဦး က ပြောသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment